← Chapters

အခန်း ၁၇၇၃

Vol. 119 Ch. 1773

အခန်း ၁၇၇၃

Vol. 119 Ch. 1773

အခန်း (၁၇၇၃) အစိမ်းရောင်ဝတ် အမျိုးသမီး

ချင်ယွင်သည် ရေခဲခေါင်းတလားထဲမှ အမျိုးသမီးကို အံ့သြစွာ ကြည့်နေသည်။ သူမသည် နှလုံးခုန်​​နေလိမ့်​မည်​ဟု သူ မ​မျှော်​လင့်ထားပေ​။

ထိုအမျိုးသမီး၏ စိတ်ဝိညာဉ်သည် ကြေးဝါအပိုင်းတစ်ခုသို့ ပေါင်းစည်းသွားပြီး ကြေးဝါ အပိုင်းအစ၏ ပစ္စည်းဝိညာဉ်ဖြစ်လာခဲ့ပြီ မဟုတ်လော။

အခု သူမခန္ဓာကိုယ်က အဘယ့်ကြောင့် တုံ့ပြန်လာရသနည်း။

ဘန်း…။

ထိုအခိုက်တွင်, ရေခဲခေါင်းတလားမှ အမျိုးသမီးသည် ရုတ်တရက် မျက်လုံးဖွင့်ကာ ရေခဲခေါင်းမှ ဖြည်းညှင်းစွာ ထထိုင်လိုက်သည်။ နောက်ဆုံးတွင် သူမသည် ချင်ယွင်ကို ကြည့်လိုက်သည်။

"အယ်.. မင်း နိုးပြီလား" ချင်ယွင်က မသေချာမရေရာ မေးသည်။

အမျိုးသမီးက ခေါင်းညိတ်ပြပြီး သူမရင်ခွင်ထဲက အကောင်ငယ်လေးကို ကြည့်လိုက်သည်။ "သူ့အကူအညီကြောင့်၊ ကြေးဝါအပိုင်းအစနဲ့ ပေါင်းစပ်ထားတဲ့ ငါ့စိတ်ဝိညာဉ် အစိတ်အပိုင်း တစ်ခုကို ခွဲထုတ်နိုင်ခဲ့တယ်။ အဲဒါကြောင့် ငါ ဒီသွေးသားခန္ဓာကို ထိန်းချုပ်နိုင်ခဲ့တယ်။"

"အယ်..၊ အကောင်ငယ်လေးက မင်းကို ကူညီပေးခဲ့တယ် ဆိုချင်တာလား။ မင်း သူ့ကို သိလား" ချင်ယွင်သည် အမျိုးသမီး၏ ရင်ခွင်ထဲမှ အကောင်ငယ်လေးကို ကြည့်ကာ မေးသည်။

"ငါ မမှတ်မိတော့ဘူး။ အရမ်းရင်းနှီးတာလောက်ပဲ သိတယ်။ အရင်က ရင်းနှီးခဲ့တာ ဖြစ်သင့်တယ်။ ဒါပေမယ့် ငါ့အမှတ်ဉာဏ် အများစုက ပျောက်ဆုံးကုန်ပြီ။ မူလအစကို မမှတ်မိတော့ဘူး။" အစိမ်းရောင်ဝတ် အမျိုးသမီးက သူ့မျက်နှာကို စူးစူးစိုက်စိုက် ကြည့်ကာ ပြောလိုက်သည်။

ချင်ယွင်၏ မျက်နှာက တွေးခေါ်စဉ်းစားသည့်အမူအရာ ပေါ်လာသည်။

တကယ်ကို သူမှန်းဆထားသည့် အတိုင်းပင်။ ဤအကောင်ငယ်လေးသည် သူတို့၏ စကြဝဠာထဲက သတ္တဝါတစ်ကောင် မဟုတ်ပါဘူး။

သူမနှင့် ၎င်းသည် အကြီးမြတ်ဆုံးအုပ်စိုးရှင်၏ ဂူသင်္ချိုင်းဟုခေါ်သည့် အရပ်မှ ဆင်းသက် လာဖွယ် ရှိသည်။

"ဒါဆို မင်း အခု ကြေးဝါအပိုင်းအစကို ထားခဲ့လို့ရပြီလို့ ဆိုလိုတာလား။ မင်း လွတ်လွတ် လပ်လပ် နေလို့ရပြီပေါ့" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။

အစိမ်းရောင်ဝတ် အမျိုးသမီးက ခေါင်းညိတ်ပြီး ပြောသည် "ငါ ထွက်သွားနိုင်ပေမယ့် ငါ့စိတ်ဝိညာဉ် အများစုက ကြေးဝါအပိုင်းအစအထဲမှာ ရှိနေဆဲပဲ။ ဒါကြောင့် ဒီခန္ဓာကိုယ်ရဲ့ တိုက်ခိုက်ရေး စွမ်းအားက သိပ်မပြင်းထန်ဘူး။ ဒီခန္ဓာကိုယ်က ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားနယ်ပယ်နဲ့ပဲ နှိုင်းယှဉ်နိုင်သင့်တယ်”။

"ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားနဲ့ ယှဉ်နိုင်တာလား" ချင်ယွင် သည် စကားမပြောနိုင် ဖြစ်သွားရသည်။

ဤအစိမ်းရောင်ဝတ် အမျိုးသမီး၏ စွမ်းအားသည် အလွန်လျော့ကျသွားပြီး၊ သူမသည် အမှန်တကယ်ပင် ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရား၏ စွမ်းအား ကို ပိုင်ဆိုင်နေသေးသည်။ သူမ အထွတ်အထိပ် ရောက်ချိန်မှာ သူမသည် မည်မျှ သန်မာခဲ့လဲဆိုသည်ကို တကယ် မသိတော့ပါဘူး။

"ဒါဆို မင်း ဒီစကြဝဠာကို ဘယ်လို ရောက်လာလဲ သိလား" ချင်ယွင်က ချီတုံချတုံ အမူအရာဖြင့် မေးလိုက်သည်။

အစိမ်းရောင်ဝတ် အမျိုးသမီးက ခဏလောက် စဉ်းစားပြီး ခေါင်းယမ်းပြသည်။

"အခြေခံအားဖြင့်၊ ဒီစကြဝဠာကို မရောက်ခင် ငါ့ရဲ့မှတ်ဉာဏ်အားလုံး ငါ မေ့လုနီးပါး ဖြစ်နေပြီ။ ပန်ဂုနဲ့ အုပ်စိုးရှင်လို့ခေါ်တဲ့ အပေါင်းအပါတွေက ငါ့ကို ရှေးဟောင်းမြေကနေ ခေါ်ထုတ်ခဲ့တာကို မှတ်မိတယ်။ အုပ်စိုးရှင်က မင်းငါ့ကို ရှာမတွေ့မချင်း သူ့ရဲ့ ကောင်းကင် နန်းတော်မှာပဲ လျှို့ဝှက်ထားခဲ့တာ" အစိမ်းရောင်ဝတ် အမျိုးသမီးက ပြန်ဖြေသည်။

ချင်ယွင် အံ့သြသွားသည်။

ပန်ဂုနှင့် အုပ်စိုးရှင်တို့သည် အကြီးမြတ်ဆုံးအုပ်စိုးရှင်ပိုင် တိုက်ကြီး၏ နှလုံးသားနယ်မြေ အတွင်းသို့ ဝင်ရောက်ခဲ့ကြသည်လား။

"လျှိုဘို၊ ဘာတွေ ဖြစ်နေတာလဲ၊ မင်း ငါ့ကို တစ်ခုခုကို ဖုံးကွယ်ထားတာလား။" ချင်ယွင်က တစ်ခုခုကို တွေးမိပုံရပြီး၊ လျှိုဘိုကို အသံပို့လွှတ်ကာ ကမန်းကတန်း မေးလိုက်သည်။

လျှိုဘို၏နတ်ဆိုးနတ်ဘုရား ကမ္ဗည်းကျောက်ပြား၊ ကြေးဝါအပိုင်းအစများနှင့် မရဏ ဘုရင်၏ နတ်ဘုရားကျောက်တုံးများသည် ဤစကြာဝဠာနှင့် မပတ်သက်ပေ။

မူလက ၎င်းသည် ထူးဆန်းသည်ဟု သူ မထင်ခဲ့သော်လည်း ယခုအခါ ပြဿနာတစ်ခု ရှိနေပြီဟု သူ တွေးမိလာသည်။

ဤအရာများသည် အကြီးမြတ်ဆုံးအုပ်စိုးရှင်ပုဂ္ဂိုလ်၏ တိုက်ကြီးအတွင်းပိုင်းမှ လာခဲ့သင့် သည်။ မဟုတ်ပါက၊ ထိုကဲ့သို့ ဤစကြာဝဠာ၏ကန့်သတ်ချက်ထက် ကျော်လွန်နေသော အရာများသည် နတ်ဘုရားကမ္ဘာ၏ အစိတ်အပိုင်းအားလုံးတွင် အဘယ်ကြောင့် ပေါ်လာသ နည်း။

"ငါ့ကို မမေးနဲ့။ ငါဘာမှမသိဘူး။ ပန်ဂု ငါ့ကိုခေါ်လာတုန်းက ငါ အိပ်ပျော်နေတုန်းပဲ။ နောက်ပိုင်း ငါနိုးလာတော့, ငါ နည်းနည်းလေးပဲ သိတယ်။" လျှိုဘို၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

ချင်ယွင်သည် ပြောစရာစကား မဲ့သွားရသည်။

တစ်နည်းဆိုရသော် ၎င်းသည် ကြေးဝါအပိုင်းအစဖြစ်စေ သို့မဟုတ် နတ်ဆိုးနတ်ဘုရား ကမ္ဗည်းကျောက်ပြား ဖြစ်စေ၊ ၎င်းတို့သည် အကြီးမြတ်ဆုံးအုပ်စိုးရှင် တိုက်ကြီး၏ အတွင်းပိုင်းနှင့် ဆက်စပ်နေသင့်သည်။

အကယ်၍, သူသည် ဤလျှို့ဝှက်ချက်များကို ဖော်ထုတ်လိုပါက၊ သူသည် အကြီးမြတ်ဆုံး အုပ်စိုးရှင်တိုက်ကြီး၏ နှလုံးသားဆီသို့ သွားရုံသာရှိပါတော့သည်။

"ဒါဆို ငါ့မိဘတွေရော အကြီးမြတ်ဆုံးအုပ်စိုးရှင်တိုက်ကြီးရဲ့ အတွင်းပိုင်းကို သွားဖူးလား။" ချင်ယွင်သည် သူ့နှလုံးသားထဲတွင် အတင့်ရဲစွာ တွေးလိုက်ပါသည်။

သူသည် ဤအကြောင်း များများတွေးလေ၊ ဖြစ်နိုင်ချေဖြစ်သည်ဟု ပိုခံစားရလေ ဖြစ်သည်။

"ဒါဆို မင်းက ငါ့စကြာဝဠာထဲမှာ လောလောဆယ် နေချင်လား။ ဒါမှမဟုတ် ငါနဲ့အတူ အပြင်ထွက်ချင်လား" ချင်ယွင်သည် အစိမ်းရောင်၀တ် အမျိုးသမီးကို ကြည့်ကာ ပြောလိုက် သည်။

"အပြင်ထွက်ရအောင်။ ငါ အုပ်စိုးရှင်နတ်ဆိုးနတ်ဘုရားရဲ့ ကောင်းကင်နန်းတော်မှာ နေနေတာ ကြာလှပြီ။ မင်းတို့ရဲ့စကြဝဠာက ဘယ်လိုပုံစံလဲဆိုတာ ငါ တကယ် ထွက်ကြည့် ချင်တယ်" အစိမ်းရောင်ဝတ် အမျိုးသမီးသည် သူမမျက်လုံးများက တောက်ပသွားပြီး ဆိုသည်။

"ဒါဆို သွားရအောင်" ချင်ယွင်က ခေါင်းညိတ်ပြပြီး သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းကာ အစိမ်းရောင်ဝတ် အမျိုးသမီးကို အပြင်လောကသို့ ခေါ်ဆောင်သွားခဲ့သည်။

ကြေးဝါအပိုင်းအစ၏ ခန္ဓာကိုယ်သည် ချင်ယွင်၏ ကနဦးစကြဝဠာတွင် ရှိနေဆဲဖြစ်သော ကြောင့် အစိမ်းရောင်ဝတ် အမျိုးသမီးသည် ချင်ယွင်၏အိမ်နှင့် သိပ်မဝေးလှပေ။

ချင်ယွင်လည်း ဤအရာကို သဘောမကြခြင်းမျိုး မရှိပါဘူး။ ပထမအချက်မှာ အစိမ်းရောင် ဝတ် အမျိုးသမီးသည် အနှိုင်းမဲ့ အလှပိုင်ရှင် ဖြစ်သည်။ ဒုတိယအနေဖြင့် သူ့မှာ နောက်ထပ် ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရား ကိုယ်ရံတော်တစ်ယောက် ရှိလာလိမ့်မည်။

အကယ်၍, တစ်စုံတစ်ယောက်သာ သူ့ကို တိုက်ခိုက်မည်ဆိုလျှင်, ဤအစိမ်းရောင်ဝတ် အမျိုးသမီးသည် သေချာပေါက် သူ့ကို လျစ်လျူရူထားမည် မဟုတ်ပေ။

"ဒါက မင်းပြောနေတဲ့ နတ်ဘုရားကမ္ဘာပဲလား။" အစိမ်းရောင်ဝတ် အမျိုးသမီးသည် နတ်ဘုရားကမ္ဘာ၏ မြေဆီလွှာပေါ်တွင် ခြေချပြီး၊ အဝေးမှ တောင်တန်းများနှင့် မြစ်များကို လှမ်းကြည့်သည်။

"အင်း၊ ဒါက ကြီးကျယ်ခမ်းနားတယ် မဟုတ်လား" ချင်ယွင်က ပြုံးပြုံးလေး မေးလိုက် သည်။

အစိမ်းရောင်ဝတ် အမျိုးသမီးက ခေါင်းယမ်းပြီး ပြောသည် "ဟင့်အင်း၊ အရမ်းကို ခေါင်လွန်း တယ်။ ငါထင်ထားတာထက် အများကြီး နိမ့်ကျတယ်။ ဒီစိတ်ဝိညာဉ်စွမ်းအင် အဆင့်က စကြဝဠာရဲ့ မူလစွမ်းအင်ထက် အဆပေါင်းများစွာ နိမ့်ကျနေတယ်။ မင်းတို့ရဲ့ စကြဝဠာ သခင်က မင်းတို့ခွန်အားကို တမင်တကာ အားနည်းသွားအောင် လုပ်နေပုံရတယ်။”

ချင်ယွင်သည် ခဏတာ စကားမပြောနိုင် ဖြစ်သွားရသည်။ အစိမ်းရောင်ဝတ် အမျိုးသမီး ပြောခဲ့သည်မှာ အမှန်ဖြစ်သည်။

စကြဝဠာသခင်သည် တစ်စုံတစ်ခုကို စိုးရိမ်နေပုံရသည်။ သူသည် စကြာဝဠာ၏ မူလ စွမ်းအင်ကို တမင်တကာ အားနည်းအောင်လုပ်ထားပြီး၊ ဤစကြာဝဠာ၏ ကျင့်ကြံခြင်း အခြေခံကို ဖုံးအုပ်ထားကာ၊ လူများကို စကြဝဠာသခင်နယ်ပယ်သို့ မရောက်ရှိအောင် တားဆီးထားသည်။

"ချင်ယွင်၊ မင်း ဒီမှာလား။ မြန်မြန်လာ၊ ဘိုးဘေးနတ်ဘုရားမသုံးပါးက မင်းကို လိုက်ရှာနေ တာ။ ကမ္ဘာခြားနတ်ဆိုးကျင့်ကြံသူတွေ ဒီကို ရောက်နေပြန်ပြီ။ အနက်ရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူတွေအပါဝင် ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်သူတွေတောင် ပါလာတယ်။" ထိုအချိန်တွင် ပင်လုံသည် အဝေးမှ ရုတ်တရက် ပျံတက်လာပြီး သူ့မျက်နှာ က စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

ချင်ယွင်၏အနားမှာ အစိမ်းရောင်ဝတ် အမျိုးသမီးကို မြင်လိုက်ရတော့ သူ အံ့ဩသွားမိ သည်။

အစိမ်းရောင်ဝတ် အမျိုးသမီးသည် အဆင့်မြင့်မားပြီး တန်ခိုးကြီးသည့် ဘိုးဘေးနတ်ဘုရား တစ်ပါးကဲ့သို့ သူမသည် လက်လှမ်းမမှီနိုင်သည့် ဖြစ်တည်မူတစ်ခု သူ့ကို ထင်မြင်စေသည်။

"အနက်ရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူလား" ချင်ယွင်၏ မျက်နှာသည် အံ့အားသင့်မှု အရိပ်အယောင် ပေါ်လာသည်။ အနက်ရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူများ တိုက်ခိုက် လာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"သွားကြည့်ရအောင်" ချင်ယွင်က အစိမ်းရောင်ဝတ် အမျိုးသမီးကို ပြောသည်။

အစိမ်းရောင်ဝတ်အမျိုးသမီးက ခေါင်းညိတ်ပြပြီး ချင်ယွင်နောက်ကနေ လိုက်ပါသွားသည်။

ပန်လုံသည် ထိုအမျိုးသမီး၏ ကိုယ်ရေးအချက်လက်ကို သိချင်သော်လည်း မမေးဝံ့ပေ။

ချင်ယွင်သည် လျင်မြန်စွာပင် ဘေလျူမြို့တော် မျှော်စင်ဆီသို့ ရောက်ရှိလာပြီး၊ နတ်ဆိုး အုပ်စုကြီးသည် သူ့တိုဆီသို့ လျှောက်လှမ်းလာနေသည်ကို တွေ့လိုက်ရသည်။

All Chapters