အခန်း ၁၇၇၅
Vol. 119 Ch. 1775
အခန်း (၁၇၇၅) တစ်ကိုယ်တည်းရပ်တည်မှု။
ဘာဖြစ်ခဲ့တာလဲ။
ဤမြင်ကွင်းကို ကြည့်ရင်း လူတိုင်း၏ မျက်လုံးများက ပြူးကျယ်သွားကြသည်။
အနက်ရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူသည် ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရား တည်ရှိရာနှင့် နှိုင်းယှဉ်နိုင်သော်လည်း အစိမ်းရောင်ဝတ် အမျိုးသမီး၏ လက်ဖဝါးရိုက်ချက်ကြောင့် လွင့်ပျံသွားခဲ့သည်။
အနက်ရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် ဥက္ကာပျံကဲ့သို့ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်ခဲ့ပြီး ဆယ်ကီလိုမီတာကျော် အကွာအဝေးတွင် လူးလိမ့်နေသည်။
ပတ်ဝန်းကျင်ရှိလူတိုင်း အံ့သြသွားကြသည်။ ထိုလက်ဖဝါးရိုက်ချက်၏ စွမ်းအားက မည်မျှ ကြောက်စရာကောင်းလိုက်မည်နည်း။
ချင်ယွင်လည်း အနည်းငယ် အံ့သြသွားသည်။ ချင်ရီက ရုတ်တရက် တိုက်ခိုက်မည်ဟု သူ မမျှော်လင့်ထားပါဘူး။
မိန်းမလှ ဘိုးဘေးနတ်ဘုရားမသုံးပါးပင်လျှင် အံ့ဩနေခဲ့ကြပြီး၊ သူမတို့၏မျက်လုံးများ သည် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။
ချင်ရီဟုခေါ်သည့် ဤအမျိုးသမီးသည် ဤမျှ အစွမ်းထက်နေမည်ဟု သူမတို့ မမျှော်လင့်ထားပါဘူး။
ဘန်း…။
ထိုအချိန်တွင် ချင်ရီသည် လှုပ်ရှားသွားပြန်သည်။
သူမ၏အဝတ်အစားများက တဖျပ်ဖျပ်ခတ်ကာ လွင့်ပျံနေပြီး အားကောင်းသော စွမ်းအင် အတက်အကျလှိုင်း တစ်ခုက ပါးလွှာသောလေထုထဲမှ ထွက်ပေါ်လာကာ၊ အနက်ရောင် ကြေးခွံ နတ်ဆိုးကျင့်ကြံသူ၏ အထက်မှာ ဧရာမလက်ဖဝါးကြီး သုံးခုအသွင် ချက်ချင်းပင် ဖြစ်ပေါ်လာသည်။
ဧရာမလက်ဖဝါးကြီးသုံးခုသည် တစ်ခုပြီးတစ်ခု ကျဆင်းလာကာ တစ်ခုချင်းစီသည် အလွန်မင်း ကြောက်စရာကောင်းသည်။
တခဏချင်းမှာပင် အနက်ရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူသည် မြေအောက် ပေတစ်ထောင်အထဲသို့ ကျရောက်သွားခဲ့သည်။
ထိုအချိန်တွင် အနက်ရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ အနီးဧရိယာရှိ အဖြူရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူအားလုံး သေဆုံးပြီး ၎င်းတို့၏ အရိုးများပင် လုံးဝ ပျက်သုဉ်းသွားခဲ့သည်။
လူတိုင်း မှင်သက်သွားကြသည်။ ဤအရာက ဘိုးဘေးနတ်ဘုရားတစ်ပါး၏ တန်ခိုးတော် လား။
အလွန် ကြောက်စရာကောင်းလွန်းသည်။
မိုးပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ အားလုံးသည် အံ့အားသင့်နေကြသည်။ အပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူများပင် ထိုစွမ်းအား သက်ရောက်ခံရမည်ကို နက်ရှိုင်းစွာ ကြောက်ရွှံ့ပြီး ကြောက်လန့်တကြား အဝေးသို့ ဆုတ်ခွာသွားခဲ့ကြသည်။
ချင်ရီသည် မြို့မျှော်စင်အထက် လေဟာနယ်ရှေ့တွင် ရပ်နေကာ သူမ၏ စိမ်းပြာရောင် ၀တ်စုံသည် လေထဲတွင် တဖျပ်ဖျပ်ခတ်နေပြီး၊ သူမ၏ခမ်းနားထည်ဝါမူက ပြိုင်ဘက်ကင်း လှသည်။
ဘေလျူမြို့တော်၏ ကောင်းကင်နတ်ဘုရားများ အားလုံး စိတ်လှုပ်ရှားနေကြသည်။
မူလက ဘေလျူမြို့တော်ရှိ မိန်းမလှဘိုးဘေးနတ်ဘုရားမသုံးပါး၏ အသွင်အပြင်သည် ၎င်းတို့အား မျက်စိအစာကျွေးခဲ့ပြီး ဖြစ်သော်လည်း ယခုအခါတွင် အခြားတစ်ယောက် ရှိလာခဲ့ပြီ။ ထို့အပြင်၊ သူသည် ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရား ကျွမ်းကျင်သူလည်း ဖြစ်သည်။ ယင်းကြောင့် ကောင်းကင်နတ်ဘုရားအားလုံး၏ နှလုံးသား များ ဆူပွက်လာခဲ့သည်။
ဘယ်လိုလဲ။
မင်း ငါတို့လူသားတွေကို အထင်သေးခဲ့တာ မဟုတ်ဘူးလား။
ငါတို့လူသားမျိုးနွယ်ရဲ့ အမျိုးသမီးတွေက အလွန်သန်မာလွန်းတာကြောင့် မင်းတို့ အနက်ရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူတောင် ခုခံဖို့ အစွမ်းအစ မရှိသေးဘူး။
"သူမက တကယ်ရော မင်းအစ်မ ဟုတ်ရဲ့လား။ မင်း သူမကို မသိဘူး မဟုတ်လား" သူ့ဘေးက ထာဝရကောင်းကင်ဘုံ ဘိုးဘေးနတ်ဘုရားမက ချင်ယွင်ကိုကြည့်ပြီး သူ့ကို ကျီးစယ်သည်။
ချင်ယွင်က ကူကယ်ရာမဲ့ ပြုံးပြီး ပြောလိုက်ရသည် "ကျွန်တော် သူမကို မသိဘူး။ ကျွန်တော် လမ်းမှာ ကောက်တွေ့လာတာ"
"ဘယ်လောက် ကလေးဆန်လိုက်လဲ။" ဘိုးဘေးနတ်ဘုရားမ ယန်ရှီက ချိုမြိန်စွာ ပြုံးပြီး ချင်ယွင်ကို စိုက်ကြည့်နေသည်။
ချင်ယွင်က တဟားဟား ရယ်မောလိုက်သည်။
မိန်းမလှ ဘိုးဘေးနတ်ဘုရားမသုံးပါးသည် ချင်ရီ၏ဇာစ်မြစ်ကို သိချင်နေကြောင်း သူ သိသည်။ နောက်ဆုံးတွင်၊ ရှေးခေတနတ်ဘုရားကမ္ဘာရှိ ဘိုးဘေးနတ်ဘုရားများသည် အခြေခံအားဖြင့် တစ်ဦးနှင့်တစ်ဦး သိထားကြသည်။ ထို့ကြောင့် ဘိုးဘေးနတ်ဘုရား နယ်ပယ်မှ ကျွမ်းကျင်သူအသစ်တစ်ဦး၏ ထွက်ပေါ်လာမူက သူမတို့၏ စူးစမ်းချင်စိတ်ကို သေချာပေါက် ဆွဲဆောင်နိုင်သည်။
သို့သော် ချင်ရီ၏ မူလအစမှာ အနည်းငယ် ထူးခြားသည်။ သေချာသည်မှာ, သူသည် ထိုဘိုးဘေးနတ်ဘုရားမတွေကို သိခွင့်မပြုနိုင်ပါဘူး။
ချင်ယွင်၏နောက်တွင် တိတ်တဆိတ် ရပ်နေသော ပန်လုံသည် ဘိုးဘေးနတ်ဘုရားမနှင့် ချင်ယွင်၏ ပြောဆိုမှုကို ကြားလိုက်ရပြီး သူ့နဖူးက အေးစက်စက် ချွေးများဖြင့် ဖုံးလွှမ်းသွား သည်။
ဘယ်လို သောက်ကျိုးနည်း အကြောင်းပြချက်ကြီးလဲ။
ကောက်တွေ့ခဲ့တာလား။
ငါကရော ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားနှင့် ယှဉ်နိုင်သည့် မိန်းမလှတစ်ယောက် ဘာလို့ ကောက်မတွေ့ရတာလဲ။
သို့သော် အဖြစ်ပျက်များ ပိုများလာလေ, ပင်လုံသည် ချင်ယွင်ကို ပို၍ လေးစားလေ ဖြစ်လာသည်။
"ဘုန်း.."
အဝေးမှ မြေပြင်သည် ရုတ်တရက် ပေါက်ကွဲသွားပြီး မြေကြီးထဲသို့ ပစ်ဝင်သွားသော အနက်ရောင်ကြေးခွံနတ်ဆိုးကျင့်ကြံသူသည် နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ထိုးထွက်လာ ခဲ့သည်။
ဆက်လက်တိုက်ခိုက်ရန် ပြင်ဆင်နေရင်း ချင်ရီ၏ မျက်လုံးများက အေးစက်သွားသည်။
ချင်ယွင်သည် သူမအနားမှာ ပေါ်လာပြီး သူမကို ခေါင်းယမ်းကာ "ငါ လုပ်ပါရစေ"
ချင်ရီသည် ချင်ယွင်ကို တစ်ချက်ကြည့်လိုက်ပြီး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။ တချက်လှုပ်ရှားပြီး သူမသည် မြို့တော်မျှော်စင်သို့ ပြန်သွားသည်။
လက်စားချေရန် ကြံစည်နေသည့်အလား, အနက်ရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ၏ မျက်လုံးများက အဝေးမှ ချင်ရီကို စိုက်ကြည့်ရင်း ဒေါသများနှင့် ပြည့်နှက်နေသည်။
ထိုမြင်ကွင်းကို ချင်ယွင် မြင်သောအခါ သူက ပြုံးပြီး ပြောသည် "ဟေး အနက်လေး.. ဒီမှာ ကြည့်။ နောက်ပိုင်း ငါ့လက်အောက်ငယ်သားက မင်းနဲ့ တိုက်လိမ့်မယ်"။
ချင်ယွင်၏အသံက လှောင်ပြောင်မှု အပြည့်ရှိသော်လည်း ပရိသတ်တစ်ခုလုံးကို ပဲ့တင် ထပ်သွားသည်။
လူတိုင်းက ချင်ယွင်ကို အံ့ဩသော အမူအရာများဖြင့် ကြည့်နေကြသည်။
ဒီကောင်က ကောင်းကင်နတ်ဘုရားဖြစ်ပုံရတယ် မဟုတ်လား။ သူ့လက်အောက်ငယ်သား က ပိုပြီးတော့ အားနည်းရမှာ မဟုတ်ဘူးလား။
အနက်ရောင်ကြွေးခွံ နတ်ဆိုးကျင့်ကြံသူသည် ၎င်းကိုယ်တိုင် ချင်ယွင်၏မြင်ကွင်းထဲသို့ တိုးဝင်သွားပြီး သူ့မျက်နှာပေါ်တွင် အထင်အမြင်သေးမှု အရိပ်အယောင် ပေါ်လာသည်။
ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည် "ဟွန်ထျန်း ထွက်လာတော့။
ချင်ယွင်၏အသံ ကျဆင်းသွားသည်နှင့် ဧရာမခြေဖဝါးကြီးသည် လေဟာနယ်ထဲမှ ထွက်ပေါ်သွားသည်။ ထို့နောက် ထူထပ်နေသော တိမ်များပေါ်တွင် ဧရာမကျောက်ရုပ်ထု ကြီး ပေါ်လာပါသည်။
ယန်ကျန်းနှင့် ပန်လုံတို့အပါဝင် အခြားမြို့တော်မျှော်စင်ပေါ်ရှိ ကောင်းကင်နတ်ဘုရားများ အားလုံး မျက်လုံးပြူးသွားကြသည်။
လခွမ်း...၊ ဒါက မင်းရဲ့လက်အောက်ငယ်သားလား။
မင်းရဲ့လက်အောက်ငယ်သားက အရမ်းကြီးစိုးနေတယ် မဟုတ်ဘူးလား။
အနက်ရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူသည် သူ့မျက်နှာပေါ်တွင် အံ့အားသင့်စွာဖြင့် ဟွန်ထျန်း နတ်ဆိုးကျောက်ရုပ်ထုကြီးကို ကြည့်လိုက်သည်။
"တိုက်...၊ သူတို့အားလုံးကို သတ်ပစ်လိုက်" ချင်ယွင်က အမိန့်ပေးသည်။
ထို့နောက် ရုပ်ထု၏ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ခုန်ထွက်သွားသည်ကို လူတိုင်း တွေ့လိုက်ရသည်။
သောက်ကျိုးနည်း။...
ဤမျှကြီးမားသော ခန္ဓာကိုယ်ကြီးအတွက် ထိုကဲ့သို့ သွက်လက်သော လှုပ်ရှားမှုများကို ပိုင်ဆိုင်ထားခြင်းက မည်မျှ ကြောက်စရာကောင်းလိုက်မည်နည်း။
ဟွန်ထျန်း နတ်ဆိုးကျောက်ရုပ်ထုကြီးသည် ခြေနှစ်လှမ်း သုံးလှမ်းဖြင့် ကမ္ဘာခြားနတ်ဆိုး များ ရှေ့သို့ ရောက်ရှိလာသည်။ လက်သီးတစ်ချက် ထိုးလိုက်ရုံဖြင့်, ၎င်း၏ တန်ခိုးအစွမ်းက ထိတ်လန့်ဖွယ်ကောင်းသည်။ သာမန်ကမ္ဘာခြားနတ်ဆိုးများသည် တိုက်ရိုက် သတ်ဖြတ်ခံရ ပြီး၊ လူပေါင်းတစ်သောင်းကျော် ဒဏ်ရာရသွားခဲ့သည်။
မျှော်စင်ပေါ်ရှိ လူတိုင်းသည် ပါးစပ်အပြည့် တံတွေးမျိုမိကြသည်။ ကံအားလျော်စွာ၊ ဤကျောက်ရုပ်ထုကြီးကို သူတို့ ပိုင်ဆိုင်ထားသည်။
အကယ်၍, ရန်သူသာဖြစ်ခဲ့မည်ဆိုလျှင်, သူတို့သည် ကြေကွဲခြင်းနှင့် တွေ့ကြုံရလိမ့်မည် မဟုတ်ပါလား။
အနက်ရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူသည် ရုပ်ထုကြီး၏ တိုက်ခိုက်ခြင်းကို မြင်သော အခါ ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူသည် လက်သီးကို ဝှေ့ယမ်းပြီး ရုပ်ထုကြီးဆီသို့ ပြေးသွားခဲ့သည်။
ဟွန်ထျန်း နတ်ဆိုးကျောက်ရုပ်ထုကြီးသည်လည်း အလားတူ လက်သီးတစ်ချက် ထုတ်ဖော်လိုက်သည်။
ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက ချက်ချင်း ပွင့်ထွက်လာပြီး၊ ကွင်းတစ်ခုလုံး ကို လွှမ်းခြုံသွားသော စွမ်းအင်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။
"တက်.." တစ်ချိန်တည်းမှာပင်၊ အနက်ရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူက အမိန့်ပေး လိုက်ပြီး၊ ကမ္ဘာခြားနတ်ဆိုးကျင့်ကြံသူ စစ်တပ်သည် ကျိုင်းကောင်များကဲ့သို့ မြို့တော် မျှော်စင်ဆီ တဟုန်ထိုး ပြေးထွက်သွားကြသည်။
ဤမြင်ကွင်းကို ချင်ယွင် မြင်သောအခါ၊ သူ့ပါးစပ်ထောင့်က အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။
သူသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ပြန်လည်ဝင်စားခြင်း လှိုင်းလုံးများက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
"ချိုးဖျက်စမ်း..."
ချင်ယွင်သည် သူ့ရှေ့ လေဟာနယ်ကို ရိုက်ချလိုက်ပြီး၊ မိုးပြာရောင်ကြေးခွံ နတ်ဆိုး ကျင့်ကြံသူနှင့် အဖြူရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူများသည် တစ်ယောက်ပြီး တစ်ယောက် ပေါက်ကွဲသွားကြသည်။
ထက်ဝက်ကျော်ကမ သေဆုံး, ဒဏ်ရာရသွားကြပြီ၊ လေထုထဲတွင် သွေးမြူများဖြင့် ပြည့်နှက်သွားသည်။
မြို့တော်မျှော်စင်ပေါ်က ကောင်းကင်နတ်ဘုရားများသည် ချင်ယွင်၏ရုပ်အသွင်ကို အံ့အားသင့်နေသည့် အမူအရာများဖြင့် ကြည့်နေရင်း အံသြနေကြသည်။
ဤအရာက ကောင်းကင်နတ်ဘုရားတစ်ပါးရဲ့ စွမ်းအားဖြစ်ပါသလော။
သောက်ကျိုးနည်း...၊ ငါမြင်တာ အမှန်မဟုတ်လား။
သို့သော် လူတိုင်း ထိတ်လန့်နေကြစဉ်မှာ, အပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူတစ်ဦး သည် ချင်ယွင်ဆီသို့ တဟုန်ထိုး ပြေးလာနေသည်။
ချင်ယွင်က လှောင်ပြောင် ရယ်မောလိုက်ပြီး ထိုအပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူနှင့် တိုက်ရိုက် ရင်ဆိုင်ရန် သူ့ခန္ဓာကိုယ်ထဲမှ အပြာရောင်ပုံရိပ်တစ်ခု ပြေးထွက်သွားသည်။
"အယ်.. အပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ နှစ်ယောက်က အချင်းချင်း သတ်ကြ တော့မှာလား.." မျှော်စင်ပေါ်ရှိလူတိုင်း အံ့ဩသွားကြသည်။
သို့သော်၊ ထိုအပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူများထဲမှ တစ်ဦးသည် သူတို့ရှေ့ရှိ ကောင်းကင်နတ်ဘုရား၏ ကိုယ်ပွားဖြစ်ကြောင်း မကြာမီ သူတို့ နားလည်သွားကြသည်။
ထာဝရကောင်းကင်ဘုံ ဘိုးဘေးနတ်ဘုရားနှင့် အခြားသူများလည်း အံ့အားသင့်သည့် အမူအရာ ဖော်ပြလာကြသည်။ ချင်ယွင်တွင် အပြာရောင်ကြေးခွံ နတ်ဆိုးကိုယ်ပွား ရှိနေမည်ဟု သူမတို့ မျှော်လင့်မထားပေ။
ထိုအချိန်တွင် ကမ္ဘာခြားနတ်ဆိုးများ ဒုတိယအသုတ်ရောက်ရှိနေပြီ ဖြစ်သည်။
ကောင်းကင်နတ်ဘုရားများသည်လည်း မြို့တော်မျှော်စင်အထက်မှ ပြေးထွက်လာကြပြီး၊ ကမ္ဘာခြားနတ်ဆိုး စစ်တပ်ကို စတင်တိုက်ခိုက်ကြသည်။
ထာဝရကောင်းကင်ဘုံ ဘိုးဘေးနတ်ဘုရားမနှင့် အခြားသူများသည် အပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ သုံးဦးကို တစ်ယောက်ပြီးတစ်ယောက် ရင်ဆိုင်ကြသည်။
ကွင်းပြင်တွင် ချင်ယွင်နှင့် ချင်ရီတို့သာ ကမ္ဘာကြီးကို ငုံ့ကြည့်နေကြသည့်အတိုင်း ရပ်နေကြ သည်။