← Chapters

အခန်း ၁၇၇၆

Vol. 119 Ch. 1776

အခန်း ၁၇၇၆

Vol. 119 Ch. 1776

အခန်း (၁၇၇၆) အနက်ရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူအား သတ်ဖြတ်ခြင်း။

တိုက်ပွဲသည် စိတ်လှုပ်ရှားဖွယ် အခြေအနေသို့ တိုက်ရိုက် ကျရောက်သွားခဲ့ပြီး နှစ်ဘက်စလုံးသည် ပြင်းထန်သောတိုက်ပွဲတွင် ပါဝင်ခဲ့ကြသည်။

ရံဖန်ရံခါတွင်၊ ကောင်းကင်နတ်ဘုရား ကျွမ်းကျင်ပညာရှင်များသည် ပျက်သုဉ်းသွားကြ ကာ၊ ကမ္ဘာခြားနတ်ဆိုးကျင့်ကြံသူ အများအပြားလည်း သတ်ဖြတ်ခံရသည်။

ချင်ယွင် ထိန်းချုပ်ထားသော အပြာရောင်ကြေးခွံ နတ်ဆိုးကျွန်သည် အခြားတဖက်၏ အပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူနှင့် တိုက်ခိုက်နေခဲ့သည်။

ဟုတ်ပါသည်၊၊ အပြင်းထန်ဆုံးတိုက်ပွဲကတော့ ဟွန်ထျန်း နတ်ဆိုးကျောက်ရုပ်ထုကြီးနှင့် အနက်ရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူတို့၏ တိုက်ပွဲဖြစ်ပါသည်။

သို့သော်လည်း နှစ်ဖက်စလုံး တိုက်ခိုက်နေကြသော်လည်း ရလာဒ်က လက်ရည်တူနေ သည်။

"မင်း ငါ့ကို တကယ် မလိုအပ်ဘူးလား?" ချင်ရီက ချင်ယွင်ကို ဂရုမစိုက်ဘဲ ကြည့်ကာ မေးသည်။

ချင်ယွင်က ခဏလောက် မှင်သက်သွားပြီး ပြုံးရင်း ပြောသည်"မင်း လှုပ်ရှားလို့ ရတယ်။ မင်းအနေနဲ့ အနက်ရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ဖို့ပဲ လိုတယ်”။

ချင်ရီသည် သူမမျက်လုံးများကို လှိမ့်ကစားကာ ချင်ယွင်ကို ကြည့်လိုက်ပြီးနောက် သူမ၏ သွယ်လျသော ကျောက်စိမ်းလက်ကို ဆန့်ထုတ်လိုက်ပြီး လေဟာနယ်ထဲ လင်းလက်သွား သည်။

ဘန်း…။

အားပြင်းသော လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် လူတိုင်းသည် လေဟာနယ်ထဲ မှ မိုးပြာရောင် အလင်းတန်းတစ်ခု ပျံထွက်သွားသည်ကို တွေ့လိုက်ရသည်။

ထို့နောက် မိုးပြာရောင်အလင်းသည် မိုးပြာရောင် နဂါးလေးကောင်အဖြစ်သို့ ပြောင်းလဲ သွားပြီး အနက်ရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူဆီသို့ ပျံသန်းသွားကြသည်။

မိုးပြာရောင်နဂါးလေးကောင်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် အနက်ရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူရှေ့သို့ လျင်မြန်စွာ ရောက်ရှိလာသည်။ ၎င်းတို့သည် အနက်ရောင် ကြေးခွံ နတ်ဆိုးကျင့်ကြံသူ၏ ခြေလက်များကို ချက်ခြင်း ပတ်ရစ်ပြီး အနက်ရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ၏ အရိုးအတွင်းချဉ်ဆီးများအထိပါ တင်းတင်းကျပ်ကျပ် ကိုက်လိုက်ပြီး၊ အနက်ရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူသည် လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

"ဒါက ဘယ်လို နတ်ဘုရားစွမ်းရည်မျိုးလဲ၊ အရမ်း အစွမ်းထက်တယ်" ချင်ယွင်သည် မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။

ဤမိုးပြာရောင်နဂါးလေးကောင်၏ အကူအညီဖြင့် ဟွန်ထျန်း နတ်ဆိုးကျောက်ရုပ်ထုကြီး သည် ပိုမိုလွယ်ကူလာမည် ဖြစ်သည်။

အနက်ရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူသည် ဟွန်ထျန်း နတ်ဆိုးကျောက်ရုပ်ထုကြီး၏ တိုက်ရိုက် ထိုးနှက်ချက်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။

ထို့နောက်တွင်၊ လက်သီးချက်များစွာ ကျရောက်လာခဲ့ပြီး၊ တစ်ချက်စီတိုင်းတွင် ပြိုင်ဘက် ကင်း တိုက်ပွဲဆန္ဒများ ပါဝင်နေကာ ထိုလက်သီးချက်များ၏ စွမ်းအားက တုနှိုင်းမရအောင် ကြီးမားလှသည်။

အနက်ရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ၏ လက်ခြေများအားလုံးကို ချည်နှောင်ထားသော ကြောင့် သူသည် အမှန်ပင် ခုခံရန် ခက်ခဲနေသည်။ နောက်ဆုံးတွင်၊ ဟွန်ထျန်း နတ်ဆိုး ကျောက်ရုပ်ထုကြီးက သူ့ကို အရှင်လတ်လတ် သတ်ပစ်လိုက်သည်။

အနက်ရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူသည် သေဆုံးသွားပြီး နတ်ဆိုးကျင့်ကြံသူ စစ်တပ်တစ်ခုလုံး ချက်ခြင်း ပြိုကျသွားသည်။

"မင်းတို့ ဆက်ပြီး တိုက်ခိုက်ချင်သေးလား" ချင်ယွင်က တိုက်ခိုက်နေသော ကမ္ဘာခြား နတ်ဆိုးစစ်တပ်ကို အော်ပြောလိုက်သည်။ ဟွန်ထျန်း နတ်ဆိုးကျောက်ရုပ်ထုကြီး၏ ခန္ဓာကိုယ်သည် ချင်ယွင်၏နောက်သို့ ပြန်ရောက်နေပြီး၊ အနက်ရောင်ကြေးခွံ နတ်ဆိုး ကျင့်ကြံသူ၏အလောင်းကို သူ့လက်ထဲတွင် ကိုင်ဆောင်ထားသည်။

တိုက်ပွဲဝင်နေသော ကမ္ဘာခြားနတ်ဆိုးများ အားလုံး ရပ်တန့်ပြီး ထိတ်လန့်သွားကြသည်။ သူတို့ခေါင်းဆောင်သည် တကယ် အသတ်ခံခဲ့ရသည်။

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။

အပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူများသည်လည်း ထိတ်လန့်သွားကြသည်။

နောက်ဆုံးတွင် အပြာရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူတစ်ဦးက နောက်ပြန်ဆုတ်ဖို့ စကြာဝဠာ ဘာသာစကားဖြင့် အော်လိုက်ပါသည်။

ကမ္ဘာခြားနတ်ဆိုးစစ်တပ်သည် မြူခိုးများထဲသို့ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။

ကောင်းကင်နတ်ဘုရားများသည် သူ့တို့နောက်ကို လိုက်မသွားတော့ဘဲ ထိုတိုက်ပွဲကို အနိုင်ရပြီး လှိုက်လှိုက်လှဲလှဲ အောင်ပွဲခံနေကြသည်။

"ချင်ယွင်, ချင်ယွင်" တစ်စုံတစ်ယောက်က လမ်းလျှောက်လာပြီး ချင်ယွင်၏နာမည်ကို ဟစ်အော်လိုက်သည်။ ချက်ခြင်းပင်၊ မျှော်စင်တစ်ခုလုံးထံမှ အားပေးသံများ ဆက်တိုက် ကြားလိုက်ရသည်။

မိန်းမလှ ဘိုးဘေးနတ်ဘုရားမသုံးပါးပင်လျှင် ချင်ယွင်ကို ပြုံးပြုံးကြီး ကြည့်နေကြသည်။

ချင်ယွင်က ရှက်စိတ်ဖြင့် ခေါင်းခါလိုက်သည်။ ဤတိုက်ပွဲတွင် သူသည် ခွန်အားများစွာ မထုတ်ခဲ့ပေ။ အမှန်တကယ် ပံ့ပိုးပေးသူမှာ ချင်ရီ ဖြစ်သည်။

အကယ်၍ သူမသာ အနက်ရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူကို အနိုင်မယူခဲ့ပါက ဟွန်ထျန်း နတ်ဆိုးကျောက်ရုပ်ထုကြီးသည် အနက်ရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူကို သတ်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်၊ ဤအနက်ရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ၏ အလောင်းနှင့်အတူ၊ သူသည် ယခုအခါ နတ်ဆိုးကျွန်များကို ပြန်လည်သန်စင်နိုင်ပြီ ဖြစ်သည်။ ထိုအချိန်တွင်၊ သူသည် ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရား တိုက်ခိုက်ရေး သမားတစ်ဦး ရှိလာမည် ဖြစ်သည်။

"ကောင်စုတ်လေး၊ မြန်မြန်၊ ငါ့ကို အနက်ရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူရဲ့ အလောင်းကို ပေးပါ။" လျှိုဘိုက မစောင့်နိုင်တော့ပေ။

ချင်ယွင်သည် ကူကယ်ရာမဲ့ ပြုံးပြီး ကျော်ရုပ်ထုကြီးကို ကနဦးစကြဝဠာထဲသို့ ထည့်လိုက် သည်။ ထို့နောက် သူသည် အနက်ရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ၏အလောင်းကို လျှိုဘိုထံသို့ ပစ်ချလိုက်သည်။

လျှိုဘိုသည် နတ်ဆိုးကျွန်များကို ပြုပြင်ရန် အလွန်စိတ်အားထက်သန်ရသည့် အကြောင်း ရင်းမှာ သူသည် ဤအစွမ်းထက်သော ခန္ဓာကိုယ်ကျမ်းဂန်များကို လေ့လာနေပြီး နောက်ဆုံးတွင် သူ့အတွက် သင့်လျော်သော ခန္ဓာကိုယ်ကို ဖန်တီးလိုခြင်းကြောင့် ဖြစ်ကြောင်း ချင်ယွင် သိရှိခဲ့သည်။

သို့သော်လည်း ဤလုပ်ငန်းစဉ်သည် ရှည်လျားသော သုတေသနတစ်ခု ပြုလုပ်ရန် လိုအပ်ပြီး အစွမ်းထက်သော ခန္ဓာကိုယ်များကို အဆက်မပြတ် စုဆောင်းထားရန် လိုအပ်သည်။

ဤအရာ ချင်ယွင်နှင့် လျှိုဘိုတို့ နှစ်ယောက်စလုံးအတွက် အကျိုးရှိသည့်အရာ ဖြစ်သည်။

"ချင်ယွင်၊ ဒီတစ်​ခါ​တော့ မင်းကို ​ကျေးဇူးတင်​ပါတယ်​။ မဟုတ်​ရင်​ ဒီအကျပ်​အတည်းက လွယ်​လွယ်နဲ့ ​​ပြေလည်သွား​မှာ မဟုတ်​ဘူး" ထာဝရ ကောင်းကင်ဘုံ ဘိုးဘေးနတ်ဘုရားမ က ပြုံးပြီး ချင်ယွင်ကို ပြောသည်။

"အစ်မချန်ထျန်း...၊ ကျွန်တော် အများကြီး မလုပ်ရဘူး။ ချင်ရီရဲ့ကျေးဇူးပါ" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။

သာမာန် ကောင်းကင်နတ်ဘုရားများအတွက် သူသည် ရှင်းပြရန် မလိုအပ်သော်လည်း မိန်းမလှ ဘိုးဘေးနတ်ဘုရားမသုံးပါးအတွက်မူ မပြော၍ မရပေ။

"အမ်၊ သခင်မလေး ချင်ရီရဲ့ ကျင့်ကြံမူအဆင့်ကို ငါ သိချင်မိတယ်။ မင်းဆီကနေ ဘိုးဘေးနတ်ဘုရားတစ်ပါးရဲ့ စွမ်းအင်အတက်အကျလှိုင်းတွေကို ငါ ဘာလို့ မခံစားနိုင်ရ တာလဲ" ဘိုးဘေးနတ်ဘုရားမ ဘိုင်လင်က ပြုံးပြီး တိုက်ရိုက် မေးလိုက်သည်။

ထာဝရကောင်းကင်ဘုံ ဘိုးဘေးနတ်ဘုရားမနှင့် ဘိုးဘေးနတ်ဘုရားမ ရန်ရှီတို့သည်လည်း စူးစမ်းလိုသော အမူအရာကိုယ်စီကို ဖော်ပြနေကြသည်။

ယခုလေးတင်၊ ချင်ရီ၏စွမ်းအားသည် သာမန် ကြီးမြတ်သော ကောင်းကင်ဘုံ ဘိုးဘေး နတ်ဘုရားများထက် သိသိသာသာ ကျော်လွန်နေသော်လည်း ချင်ရီ၏ ခန္ဓာကိုယ်မှ အစစ်မှန် အဓိပ္ပါယ်ကို သူမတို့ မခံစားရပေ။

ဤအချက်က သူမတို့ကို ပဟေဠိ ဖြစ်စေသည်။

"ငါကျင့်ကြံထားတဲ့အရာက အစစ်မှန် အဓိပ္ပါယ် မဟုတ်ဘူး။ မင်းတို့ခေါ်နေတဲ့ ဘိုးဘေးနတ်ဘုရားနယ်ပယ်ကို ရောက်နိုင်တဲ့နည်းလမ်းက ဒီတစ်ခုတည်းရှိတာ မဟုတ်ဘူး။ ဒီကမ္ဘာမှာ မင်းတို့ မြင်ရတဲ့အရာက ရေခဲတောင်ကြီးရဲ့အစွန်အဖျားလေးပဲ" ချင်ရီက အေးစက်စွာ ပြောသည်။

မိန်းမလှများသည် သဘာဝအတိုင်း အတူယှဉ်တွဲပြီး မနေနိုင်ခြင်းကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သည်။ ချင်ရီ၏ မိန်းမလှဘိုးဘေးနတ်ဘုရားသုံးပါးအပေါ် တုန့်ပြန်သည့် အရာက ထူးထူးခြားခြား အေးစက်နေပေသည်။

ထာဝရကောင်းကင်ဘုံ ဘိုးဘေးနတ်ဘုရားနှင့် အခြားသူများသည် မျက်မှောင်ကြုတ်သွား ပြီး၊ ချင်ရီ မည်သည့်အရာ ဆိုလိုသည်ကို နားမလည်ကြပေ။

အကယ်၍, အစစ်အမှန် အဓိပ္ပါယ်ကို ကျင့်ကြံခြင်း မဟုတ်ပါက၊ ကျင့်ကြံရန် အခြားနည်းလမ်းများ ရှိနိုင်ပါသလား။

"ကောင်းပြီ၊ လှပတဲ့ အစ်မတော်တို့၊ ချင်ရီက အရင်က မှတ်ဥာဏ်တွေ ပျောက်ဆုံးနေတော့ သူမ ဘာကို ကျင့်ကြံခဲ့လဲဆိုတာ သူမ မသိနိုင်တော့ဘူး။ ဒီအတွက် သူမစကားတွေကို ဂရုစိုက်မနေသင့်ပါဘူး။" ချင်ယွင်သည် ပတ်ဝန်းကျင်က အနည်းငယ် အဆင်မပြေဟု ခံစားမိပြီး ပြုံးကာ ပြောလိုက်သည်။

သို့ရာတွင်၊ ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားမ သုံးပါးသည် သူမတို့၏စိတ်နှလုံးထဲရှိ သံသယများကို မဖြေဖျောက်နိုင်ပေ။

အတိတ်မေ့နေတာလား။

ဒီအဆင့် ကျွမ်းကျင်တဲ့သူတစ်ယောက်က သူ့မှတ်ဉာဏ်တွေ အမှန်တကယ် ဆုံးရှုံးသွားမှာ လား။

သေချာသည်မှာ, သူမတို့သည် နောက်ထပ် မေးခွန်းများ မမေးကြတော့ဘဲ၊ သူမ စိတ်နှလုံးမှာ ဝေခွဲမရဖြစ်နေကြသည်။

"ချင်ယွင်၊ မင်း ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ။ ဒီနတ်ဆိုးစစ်တပ်က ဒီတိုက်ပွဲထဲ ဝင်ရောက်ခဲ့ပြီးနောက် တခဏအတွင်း ထပ်မတိုက်ခိုက်ရဲလောက်တော့ဘူး။" ထာဝရ ကောင်းကင်ဘုံ ဘိုးဘေးနတ်ဘုရားက ပြောသည်။

ချင်ယွင်က ခေါင်းညိတ်ပြပြီး ပြောသည် “ကျွန်တော် ရှေးခေတ်နတ်ဘုရားကမ္ဘာရဲ့ အစွန်အဖျားကို သွားဖို့ စီစဉ်ထားတယ်။ အဲဒီမှာ ကျွန်တော့်ကို စောင့်နေတဲ့ လူအနည်းငယ် ရှိနေတယ်"

"ကောင်းပြီလေ, ဒါဆို မင်း သွားလို့ရပြီ။ မင်းဆရာသခင်ရဲ့သတင်းရရင်, မင်းကို ငါ အကြောင်းကြားမယ်။" ထာဝရကောင်းကင်ဘုံ ဘိုးဘေးနတ်ဘုရားမက ခေါင်းညိတ်သည်။

ချင်ယွင်က ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး၊ ချင်ရီနှင့်အတူ လေထဲသို့ ပျံသန်းပြီး၊ အလင်းတန်းများအဖြစ် ပျောက်ကွယ်သွားခဲ့သည်။

ချင်ရီ ပျောက်ကွယ်သွားချိန်မှာ မိန်းမလှ ဘိုးဘေးနတ်ဘုရားမသုံးပါးသည် စောင့်ကြည့်နေ သော်လည်း, သူမတို့မျက်လုံးတွေက စဉ်းစားဆင်ခြင်မူများဖြင့် ပြည့်နှက်နေပါသည်။

All Chapters