← Chapters

အခန်း ၁၇၇၇

Vol. 119 Ch. 1777

အခန်း ၁၇၇၇

Vol. 119 Ch. 1777

အခန်း (၁၇၇၇) တုကူးသားဖ။

ချင်ယွင်နှင့် ချင်ရီတို့သည် တောင်မြိုနတ်ဘုရားနန်းတော်ဆီသို့ ဦးတည် ပျံသန်းသွားခဲ့ သည်။

သူတို့၏ အမြင့်ဆုံး အမြန်နှုန်းဖြင့်, သူတို့သည် တောင်မြိုနတ်ဘုရားနန်းတော်သို့ လျင်မြန် စွာ ပျံသန်းသွားကြသည်။

သို့သော် ချင်ယွင်နှင့်ချင်ရီတို့ တောင်မြိုနတ်ဘုရားနန်းတော်သို့ ရောက်လာသောအခါ၊ တောင်မြိုနတ်ဘုရားနန်းတော် အောက်တွင် တစ်စုံတစ်ခု လွဲမှားနေကြောင်း တွေ့ရှိလိုက်ရ သည်။

"အောက်မှာ ဘိုးဘေးနတ်ဘုရားတစ်ပါးရဲ့ အငွေ့အသက် ရှိနေတယ်။ ဒါပေမယ့်၊ အဲဒါက သေးငယ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားပဲ။ သူက ဘိုးဘေးနတ်ဘုရားရဲ့ တန်ခိုးတော်ကို ပြောင်းလဲခါစ ဖြစ်မယ်။" ချင်ရီက ပြောသည်။

"သေးငယ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားလား" ချင်ယွင် မျက်မှောင် ကြုတ်လိုက်သည်။

တောင်မြိုနတ်ဘုရားနန်းတော်တွင် ဘိုးဘေးနတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်နိုင်သူ မည်သူမျှ မရှိပေ။ အကယ်၍, သူတို့အနေဖြင့် ပြုလုပ်နိုင်ခဲ့လျှင်ပင် ဘိုးဘေးနတ်ဘုရား၏ တန်ခိုးတော်အဖြစ်သို့ အလျင်မြန် အသွင်ပြောင်းရန်မှာ မဖြစ်နိုင်ပေ။

ထိုအခြေအနေတွင်၊ ဤသေးငယ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားသည် အပြင်လူ ဖြစ်သင့်သည်။

"ဆင်းသွားကြည့်ရအောင်။ ရန်သူမဟုတ်ရင်, ကောင်းမယ်။ တကယ်လို့ ရန်သူဖြစ်ပြီး၊ ငါ့လူတွေကို ထိရဲရင်တော့ သေမင်းဆိုတဲ့ စကားလုံးကို ဘယ်လိုရေးရမယ်ဆိုတာ ငါ ပြောပြရမယ်။" သူသည် တောင်မြိုနတ်ဘုရားနန်းတော်ထဲသို့ ပျံသန်းလာစဉ် ချင်ယွင်၏ မျက်လုံးများက အေးစက်သွားသည်။

တောင်မြိုနတ်ဘုရားနန်းတော်၏ အရှေ့ဘက် ခြံဝင်းသည် လက်ရှိတွင် လူများဖြင့် ပြည့်နေသည်။

၎င်းတို့ထဲမှ တစ်ယောက်မှာ တောင်မြိုနတ်ဘုရားနန်းတော်၏ အကြီးအကဲ ဖြစ်သည်။ သူတို့အထဲမှာ ဝူဒေါင်ဇီ, ယွမ်ရှီရှီနှင့် ပိန်ပိန်ကောင်လေးတို့ ပါဝင်သည်။

တစ်ဖက်တွင် ဘိုးဘေးနတ်ဘုရား၏ တန်ခိုးတော်ကို ထုတ်လွှတ်ထားသော လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ဦး ရှိသည်။ သူ့နောက်တွင် လူငယ်တစ်ယောက် ရှိနေသည်။

ထိုလူငယ်၏အသွင်အပြင်သည် လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် ရုပ်ဆင်သည်။

နှစ်ဘက်စလုံး၏ အပြောအဆိုများအရ ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေပြီး၊ လေထုက တင်းမာနေသည်။

လင်းဘနှင့် ကျန်းဟွာတို့သည် သူတို့ရင်ဘတ်များကို အုပ်ထားကာ သူတို့ပါးစပ်ထောင့်မှ သွေးများ စီးကျနေသည်။

မကြာသေးခင်ကမှ ၎င်းတို့နှစ်ဦးသည် တိုက်ခိုက်ခဲ့ကြသည်မှာ ထင်ရှားသော်လည်း၊ သူတို့သည် လုံး၀ ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပေ။

"ခုခံတာကို လက်လျှော့လိုက်ပါ။ မင်းတို့နောက်ကွယ်က အမျိုးသမီးကို လွှဲပေးလိုက်။ မင်းတို့ အသက်ကို ငါ ချမ်းသာပေးနိုင်ပါတယ်။ မဟုတ်ရင်တော့ ဒီမိန်းမကလွဲပြီး၊ မင်းတို့ အားလုံး သေရလိမ့်မယ်။" လူလတ်ပိုင်း ဘိုးဘေးနတ်ဘုရားက မောက်မာစွာ ပြောသည်။

"ဟုတ်တယ်၊ သူမကို လက်လွှဲလိုက်ပါ။ မဟုတ်ရင် အဖေက မင်းတို့အားလုံးကို သတ်ပစ်လိမ့်မယ်" လူငယ်သည် ပြင်းပြသည့် ရမ္မက်ထန်သော အမူအရာဖြင့် ယွမ်ရှီရှီကို ကြည့်ပြီး၊ ပြုံးရင်း ဝင့်ကြွာစွာ ပြောသည်။

မကြာသေးခင်က သူ အပြင်ထွက်လာချိန်, သူသည် တောင်မြိုနတ်ဘုရားနန်းတော်မှ လမ်းလျှောက်ထွက်လာသည့် ယွမ်ရှီရှီနှင့် ကြုံတွေ့ခဲ့ရပြီး၊ ဆိုးဝါးသည့်အကြံစည်တစ်ခု ရှိလာခဲ့သည်။

သို့သော် လင်းဘသည် ယွမ်ရှီရှီကို ကာကွယ်ပေးသည့်အတွက်, သူသည် မအောင်မြင်ခဲ့ဘဲ လင်းဘ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။

သူ ပြန်လာပြီးနောက် သူ့အဖေကို ထိုအကြောင်း ပြောပြသည်။ နောက်ဆုံးတွင် သူနှင့် သူ့ဖခင်သည် ယွမ်ရှီရှီက တောင်မြိုနတ်ဘုရားနန်းတော်တွင် နေထိုင်ကြောင်း သိရှိသွား သည်။

ယွမ်ရှီရှီသည် အမှန်တကယ်ပင် ရှန်တန်စွဲမက်ဖွယ်ဝိညာဉ်ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်ကြောင်း အဖေဖြစ်သူက တွေ့ရှိသွားခဲ့ပြီး၊ သားအဖနှစ်ယောက်သည် ဒေါသကို ဖြေဖျောက်ရန် အတွက် ယွမ်ရှီရှီကို ချက်ချင်း ဖမ်းဆုပ်ရန် စီစဉ်ကြသည်။

သူတို့အမြင်မှာတော့, အကယ်၍ သူတို့ ဖမ်းချင်သည်ဆိုလျှင်, တောင်မြိုနတ်ဘုရား နန်းတော်က ထိုအမျိုးသမီးကို နာခံမှုအပြည့်နှင့် သူတို့ကို လက်ဆောင်ပေးလိမ့်မည်ပေါ့။

သို့သော် တစ်ဖက်၏ သဘောထားက သူတို့ကို အံ့အားသင့်စေမည်ဟု မျှော်လင့်မထားပေ။

သူတို့သည် ပြင်းပြင်းထန်ထန် ခုခံခဲ့ရုံသာမက ဘိုးဘေးနတ်ဘုရားတစ်ပိုင်းနယ်ပယ်နှင့် ယှဉ်နိုင်သည့် အားမနည်းသော လူငယ်နှစ်ယောက်လည်း ရှိနေခဲ့သည်။

"ဘိုးဘေးနတ်ဘုရား တုကူး၊ မင်း သူမကို တကယ် ခေါ်သွားလို့မရဘူး။ သူမက ငါတို့ တောင်မြိုနတ်ဘုရားနန်းတော်ရဲ့ ကျေးဇူးရှင်ရဲ့ ဇနီးပဲ။ မင်း သူမကို ခေါ်သွားခဲ့ရင်, ငါတို့အနေနဲ့ ငါတို့ရဲ့ကျေးဇူးရှင်ကို ရှင်းပြနိုင်မှာ မဟုတ်ဘူး။" တောင်မြိုနတ်ဘုရား နန်းတော်၏ နန်းတော်သခင်က တောင်းပန်သည်။

"ဟမ်၊ အဓိပ္ပာယ်မဲ့စကားတွေ ရပ်လိုက်တော့။ မင်းရဲ့ ဘယ်လိုကျေးဇူးရှင်မျိုးလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ ငါ မင်းကို ပြောလိုက်မယ်။ အခု သူမက မာနကြီးတဲ့ တကိုယ်တော် ကျင့်ကြံသူ အမျိုးသမီးပဲ။ မင်း နောက်တစ်ခါ ထပ်မငြင်းရင် ငါ့အဖေက မင်းတို့အားလုံးကို သတ်ပစ်လိမ့်မယ်" လူငယ်က မောက်မာစွာ ပြောသည်။

၎င်းတို့သည် ကောင်းကင်နတ်ဘုရား အစုအဝေးမျှသာ ဖြစ်ပြီး၊ သူအဖေက ၎င်းတို့အား လက်ဖဝါးတစ်ချက် ရိုက်နှက်ရုံဖြင့် သတ်ပစ်နိုင်သည်။

"အမှိုက်၊ အဲဒီတုန်းက ငါ မင်းကို မသတ်မိလို့ နောင်တရနေတယ်။ မင်းလိုအမှိုက်က ငါ့ခယ်မကို တကယ်ထိရဲတာပဲ" လင်းဘသည် အေးစက်စွာ ဟစ်အော်လိုက်သော်လည်း သူ့ရင်ဘတ်မှ ထွက်လာသော ပြင်းထန်သော နာကျင်မှုက သူ့မျက်နှာကို ရှုံ့မဲ့သွားစေသည်။

နောက်ဆုံးတွင်, ဘိုးဘေးနတ်ဘုရားများများသည် ဘိုးဘေးနတ်ဘုရားများသာ ဖြစ်ပါ သည်။ သူတို့သည် ကြီးပြင်းလာခဲ့သော်လည်း ဘိုးဘေးနတ်ဘုရားများနှင့် မယှဉ်နိုင်သေးပါ။

ကျန်းဟွာ၏မျက်လုံးများက ရေခဲပမာအေးစက်နေပြီး၊ သူ့မျက်လုံးများက သတ်ချင်စိတ် များဖြင့် ပြည့်နှက်နေသည်။

သူသည် ချင်ယွင်ကို အရမ်းလေးစားသည်။ သူသည် ချင်ယွင်နှင့် ယွမ်ရှီရှီကို အရှက်ခွဲရဲသည့် မည်သ့်ကိုမဆို သတ်ပစ်မည်ဖြစ်သည်။

သို့ရာတွင်၊ သူ့ရှေ့တွင်ရှိသော ဘိုးဘေးနတ်ဘုရားသည် တန်ခိုးကြီးလွန်းသဖြင့် ၎င်းကို သူ၏ခွန်အားဖြင့် အမှန်တကယ် မကိုင်တွယ်နိုင်ပေ။

သို့သော် သူသည် တိုက်ပွဲတွင် ကျဆုံးသွားလျှင်ပင် ဤလူများအား ယွမ်ရှီရှီကို သိမ်းသွားခွင့် မပြုနိုင်ပေ။

ဝူဒေါင်ဇီနှင့် တခြားလူများလည်း လေးနက်သည့် အမူအရာကိုယ်စီ ရှိနေသည်။ သူတို့သည် ယွမ်ရှီရှီကို အမှန်တကယ် ကာကွယ်ပေးလိုသော်လည်း ၎င်းတို့ရှေ့မှ ပြိုင်ဘက်က အစွမ်းထက်လွန်းလှသည်။

"ဟား…၊ ဟား၊ ငါ့ကို သတ်မယ်။ မင်း ငါ့ကိုသတ်နိုင်မယ်လို့ ထင်နေလား။ ကောင်လေး၊ ငါအမှိုက်ဖြစ်တော့ရော ဘာဖြစ်လဲ။ ဒီနေ့, ငါတစ်ယောက်တည်းကပဲ မင်းအစ်ကိုကြီး ရဲ့မိန်းမအတွက် ဂုဏ်ယူရသူဖြစ်လာမှာပါ" လူငယ်က ရှုံ့ချသော မျက်နှာထားဖြင့် ပြောလိုက်သည်။

"သူမကို လွှဲပေးလိုက်ပါ။ မဟုတ်ရင်, တောင်မြိုနတ်ဘုရားနန်းတော်က ရှေးခေတ် နတ်ဘုရားကမ္ဘာကနေ ပျောက်ကွယ်သွားလိမ့်မယ်" လူလတ်ပိုင်းအရွယ် အမျိုးသားက မောက်မာသော အမူအရာဖြင့် ပြောလိုက်သည်။ ထို့နောက် ဘိုးဘေးနတ်ဘုရား၏ တန်ခိုးတော် လှိုင်းတံပိုးက ပျံ့နှံ့သွားကာ နတ်ဘုရားနန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွား ပြီး၊ လူတိုင်းကို အသက်ရှူမဝအောင် ဖိနှိပ်လိုက်သည်။

"ဟမ့်၊ မင်း ငါတို့ကို သတ်ရင်တောင် ငါ့အစ်ကိုကြီး မင်းပြန်လာတဲ့အခါ, သူက မင်းတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး" လင်းဘ၏မျက်လုံးများက သူ့အသက်စွန့်ရန် ပြင်ဆင်နေရင်း နာကြည်းမှုများနှင့် ပြည့်နှက်နေသည်။

ကျန်းဟွာသည် တိုက်ရိုက် ပြေးထွက်လာပြီး လူလတ်ပိုင်းအရွယ် အမျိုးသားကို တိုက်ခိုက်သည်။

သို့သော်လည်း ကျန်းဟွာ၏ လက်သီးချက်များသည် လူလတ်ပိုင်းအရွယ်သို့ မရောက်မီတွင် မမြင်နိုင်သော အလင်းအကာကွယ် အတားအဆီးတစ်ခုက သူ့ကို ပိတ်ဆို့ထားသည်။

လူလတ်ပိုင်းအရွယ် အမျိုးသားက လှောင်ပြောင်ရယ်မောလိုက်ပြီး၊ သူ့မျက်လုံးများက အေးစက်လာသည်။ ထို့နောက် ကျန်းဟွာ၏ တစ်ကိုယ်လုံး လွင့်ပျံသွားကာ သူ့ပါးစပ်မှ နောက်တစ်ကြိမ် သွေးများ စီးထွက်လာခဲ့သည်။

"ရှောင်ဟွာ… မင်း အဆင်ပြေရဲ့လား" ယွမ်ရှီရှီ၏မျက်နှာသည် အပြစ်ရှိသည့် အရိပ်မြွက် ဖြင့် ထိတ်လန့်သော အမူအရာ ပေါ်လွင်နေသည်။

"အဆင်ပြေပါတယ် ခယ်မ။ အကိုကြီးက မင်းကို ကာကွယ်ဖို့ ငါ့ကို ပြောခဲ့တယ်" ကျန်းဟွာက ပြတ်သားစွာ ပြောပြီး မတ်တပ်ရပ်ရန် ကြိုးစားသည်။

ယွမ်ရှီရှီသည် အပြစ်ရှိသည့် အမူအရာဖြင့် ထိုမြင်ကွင်းကို ကြည့်ပြီး တီးတိုးပြောသည် "ယွင်, ရှင် ဘယ်မှာလဲ။ မြန်မြန် ပြန်လာပါ"

"ဟား...၊ ဟား...၊ မင်း ခုခံတာစွန့်လွှတ်ဖို့ ငါ အကြံပေးလိုက်မယ်။ မင်းရဲ့ အကိုကြီးကို မျှော်မနေနဲ့၊ သူလာရင်တောင်, ငါ သူ့ကို အလွတ်မပေးဘူး။ တကယ်လို့, သူလာခဲ့ရင်, ငါ သူ့ရှေ့မှာ သူ့မိန်းမနဲ့ ကစားပြမယ်။ သူ စောကတက်ရဲမှာလား။" တုကူးအောင်ထျန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"တကယ်လား၊ ငါ ဒီမှာ ရောက်လာပြီ။ မင်း သူမမျက်နှာပေါ်က အမွှေးတစ်ချောင်းကို ကိုင်ရဲလား, ငါ ကြည့်ချင်မိတယ်"

သို့သော် ထိုအချိန်တွင် ကြီးစိုးပြီး ဒေါသပေါက်ကွဲနေသည့် အသံတစ်ခုက ကောင်းကင်မှ ထွက်ပေါ်လာသည်။

ထို့နောက် ခြံဝင်းထဲတွင် ရုတ်တရက် ပုံရိပ်နှစ်ခု ပေါ်လာသည်။

"ချင်ယွင်"

"အကိုကြီး…."

ယွမ်ရှီရှီနှင့် အခြားလူများသည် ထိုပုံရိပ်ကို မြင်သောအခါတွင် သူတို့၏မျက်နှာများသည် စိတ်အားတက်ကြွသည့်မူက ချက်ခြင်း ထင်ရှားလာသည်။

ချင်ယွင်က လူအုပ်ကို အနည်းငယ် ခေါင်းညိတ်ပြပြီးနောက် တုကူးသားအဖကို သတ်ပစ်ချင်စိတ်များ ပြည့်နှက်နေသော သူ့မျက်လုံးများဖြင့် လှည့်ကြည့်လိုက်သည်။

သို့သော် တုကူးသားအဖ၏မျက်လုံးများက ချင်ယွင်ဆီသို့ မရောက်ဘဲ ချင်ယွင်၏ နောက်တွင် ရှိနေသော ချင်ရီကိုသာ ကြည့်နေကြသည်။

All Chapters