အခန်း ၁၇၇၉
Vol. 119 Ch. 1779
အခန်း (၁၇၇၉) ကောင်းကင်နတ်ဘုရားရှစ်ပါး။
ကနဦဂစကြာဝဠာအတွင်းရှိ မြက်ခင်းစိမ်းစိမ်း ဂြိုလ်ကမ္ဘာတစ်ခုပေါ်တွင် ။
ချင်ယွင်နှင့် ယွမ်ရှီရှီတို့သည် မြေကြီးကို အိပ်ရာပြု၍, ကောင်းကင်ကို သူတို့၏စောင်အဖြစ် အသုံးပြုသည်။ သူတို့သည် ထူးခြားသော တိုက်ပွဲတစ်ခုကို တွေ့ကြုံခံစားပြီးစ ဖြစ်သည်။
ယခုတော့ တိုက်ပွဲပြီးသွားသောအခါ ယွမ်ရှီရှီသည် ချွေးသီးချွေးပေါက်များ ထွက်ကာ၊ ချင်ယွင်၏ ရင်ခွင်ထဲတွင် သက်သောင့်သက်သာ မှီနေသည်။
"ခင်ပွန်း၊ ဒီကမ္ဘာကြီးက ရှင်ဖန်တီးခဲ့တာလား" ယွမ်ရှီရှီက အံ့သြစွာ မေးလိုက်သည်။
"ဟုတ်တယ်၊ ဒါက ငါဖန်တီးထားတဲ့ စကြာဝဠာပဲ။ အနာဂတ်မှာ ဒီစကြာဝဠာက ငါတို့နေထိုင်တဲ့ အခုစကြာဝဠာနဲ့အတူတူ စကြာဝဠာတစ်ခု ဖြစ်လာလိမ့်မယ်။ ငါလည်း ဒီစကြဝဠာရဲ့ အုပ်စိုးရှင် ဖြစ်လာလိမ့်မယ်။" ချင်ယွင်က ယွမ်ရှီရှီကို ပွေ့ဖက်ပြီး ပြုံးလိုက် သည်။
သူမကို အချိန်အကြာကြီး ဖိထားခဲ့ခြင်းကြောင့် ဖြစ်နိုင်သလို ယွမ်ရှီရှီ၏ ဆွဲဆောင်မှုရှိသော ဝိညာဉ်ခန္ဓာကိုယ်က ဆွဲဆောင်မှုလွန်ကဲခြင်းကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ချင်ယွင်သည် ယွမ်ရှီရှီကို ဆယ်ကြိမ်တိုင်တိုင် မမောမပန်းဘဲ တောင်းဆိုခဲ့ရသည်။
"အုပ်စိုးရှင်လား.." ယွမ်ရှီရှီက အံ့အားသင့်သော အမူအရာကို ဖော်ပြသည်။ သူမခင်ပွန်း သည် စကြာဝဠာကြီး၏ အုပ်စိုးရှင်တစ်ဦး ဖြစ်လာမည်။ ယင်းက သူမ အတိတ်တုန်းက မတွေးဝံ့သည့်အရာ ဖြစ်သည်။
"အနာဂတ်မှာ ငါတို့ ဒီမှာ နေနိုင်ပါ့မလား။ ဒီနေရာကို ငါ အရမ်းကြိုက်တယ်၊ ဒီလိုနည်းနဲ့ ရှင့်ဘေးမှာ ထာဝရနေနိုင်မှာ" ယွမ်ရှီရှီက ချစ်စရာကောင်းစွာ ပြောသည်။
"ကောင်းပြီ, ဒါဆို မင်းအတွက် ဒီမှာ အိမ်တစ်လုံး ဆောက်ပေးမယ်။ မင်း အပြင်ထွက်ချင် ရင် အချိန်မရွေး အပြင်ထွက်လို့ရတယ်။" ချင်ယွင်က ယွမ်ရှီရှီကို ပြောသည်။
ယခုအချိန်တွင် ကောင်းကင်ဘုံတန်ခိုးရှင်သည် သူ့ကိုယ်သူ ဂရုစိုက်ရန် အလွန် အလုပ်များနေသောကြောင့် သူ့အနေဖြင့် ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။
ထို့ကြောင့်၊ ယွမ်ရှီရှီထံကို ကနဦးစကြဝဠာတည်ရှိမှုအကြောင်း သူ ဖုံးကွယ်မထားတော့ ပေ။
"ကောင်းလိုက်တာ၊ ဒါဆို, ကျွန်မကို မြင်ချင်ရင် အချိန်မရွေး တွေ့နိုင်ပြီပေါ့။" ယွမ်ရှီရှီက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ပြီး၊ သူမ၏အမူအရာက ဖော်မပြနိုင်လောက်အောင် ချစ်စရာကောင်းနေသည်ဟုသာ ဆိုနိုင်ပါသည်။
ချင်ယွင်သည် ထိုအမူအရာကို မြင်လိုက်သောအခါ သူ့ရင်ထဲတွင် ယားယံလာသည်။
လခွမ်း..၊ သူ့ရှေ့က ဒီမိန်းမက နတ်ဆိုးမဖြစ်သည်။ သူ၏ ကြံ့ခိုင်သည့် ခန္ဓာကိုယ်ကြောင့် သာ မဟုတ်ပါက, သူသည် သူမရင်ခွင်ထဲမှာ အနှေးနှင့်အမြန် သေဆုံးသွားရလိမ့်မည်။
ယွမ်ရှီရှီသည် ချင်ယွင်၏ ရှက်ကိုးရှက်ကန်း အမူအရာကို မြင်တွေ့ပြီး ချင်ယွင်ကို စွဲလန်းစွာ ငေးကြည့်ရင်း ချစ်စရာကောင်းစွာ ပြုံးပြနေပုံရသည်။
ချင်ယွင်သည် ချက်ချင်းပင် လက်နက်ချပြီး၊ နောက်တစ်ကြိမ် ဖြည့်ဆည်းပေးလိုက်ရသည်။
သုံးရက်အကြာတွင် ချင်ယွင်နှင့် ယွမ်ရှီရှီတို့သည် ကနဦးစကြဝဠာမှ ထွက်ခွာသွားကြ သည်။
သူ အပြင်ထွက်လာသောအခါ၊ ယွမ်ရှီရှီသည် နွေဦးလေပြေညှင်းကဲ့သို့ ရွှင်ပျနေပြီး၊ ချင်ယွင် ကတော့ စိတ်ဓာတ်ကျနေသည်။
ထိုမြင်ကွင်းက ဝူဒေါင်ဇီနှင့် တခြားသူတွေ စိတ်ထဲမှာ ရယ်မောစေခဲ့သည်။
ဤကာလအတွင်း ချင်ယွင်သည် ချင်ရီ၏ဇစ်မြစ်နှင့် ဤကာလအတွင်း ဖြစ်ပျက်ခဲ့သည့် အရာများအကြောင်း ယွမ်ရှီရှီအား ပြောပြပါသည်။
ချင်ရီသည် သူတို့စကြဝဠာမှ မဟုတ်ကြောင်း သိရှိပြီးနောက် ယွမ်ရှီရှီသည် အံ့အားသင့် သွားသည်။ သူမသည် ချင်ရီကို ထပ်မံ မြင်တွေ့ရသောအခါတွင်, သူမသည် အချိန် အနည်းငယ်ကြာအောင် ကြည့်လိုက်သည်။
ပထမတော့ ချင်ရီသည် ချင်ယွင်၏ အချစ်သစ်ဟု သူမထင်ခဲ့သော်လည်း, ချင်ယွင်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက်, မဟုတ်ကြောင်း သူမ သိလိုက်ရသည်။
ယင်းက ချင်ရီအပေါ် သူမ၏ နှစ်သက်သဘောကျမူလည်း တိုးလာစေပါသည်။ သို့သော်, အကယ်၍, ချင်ရီသည် ချင်ယွင်၏ အမျိုးသမီး အမှန်တကယ် ဖြစ်နေလျှင်ပင်, ယွမ်ရှီရှီက လက်ခံပေးရန် ရွေးချယ်မှာ ဖြစ်ပါသည်။
ယွမ်ရှီရှီ၏ နွေးထွေးသော နှုတ်ဆက်မှုအောက်တွင် ယွမ်ရှီရှီနှင့် ချင်ရီတို့သည် သူငယ်ချင်းကောင်းများ ဖြစ်လာကြသည်။
ယွမ်ရှီရှီကလည်း ချင်ရီကို အများကြီးသင်ပေးသည်။
ထိုကဲ့သို့ပင်၊ ချင်ယွင်နှင့် သူ့အဖွဲ့သည် တောင်မြိုနတ်ဘုရားနန်းတော်တွင် သုံးလနီးပါး နေထိုင်ခဲ့သည်။
ဤသုံးလသည် ချင်ယွင်အတွက် အသက်သာဆုံး အချိန်ဖြစ်သည်။ ဤသုံးလအတွင်း၊ သူ၏ လေဟာနယ်ကြေးမှုန်ပုံရိပ် အစစ်မှန် အနှစ်သာရနှင့် တိုက်ပွဲ အစစ်မှန် အနှစ်သာရသည် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားခဲ့ပြီး၊ သူသည် အထွတ်အထိပ်နှင့် မဝေးလှတော့ပေ။
ပြန်လည်ဝင်စားခြင်း အစစ်မှန် အဓိပ္ပာယ်နှင့်ပတ်သက်ပြီး တိုးတက်မှု သိပ်ကြီးကြီးမားမား မရှိသော်လည်း, သူသည် ပြန်လည်ဝင်စားခြင်း အစစ်မှန် အဓိပ္ပာယ်၏ နှောင်းပိုင်းအဆင့်ကို ဖြတ်ကျော်သွားနိုင်သည့် အလားအလာ ရှိလာခဲ့သည်။
"ခင်ပွန်း၊ အရင်တုန်းက ကျွန်မ ရှင့်ကို ပြောခဲ့တာ မှတ်မိသေးလား။ ကောင်းကင်နတ်ဘုရား ရှစ်ပါးထဲက ဒုတိယမြောက် ကောင်းကင်နတ်ဘုရား လင်းရှောင်က ကျွန်မ ညီမကောင်း တစ်ယောက်ကို ဖမ်းသွားတယ်ဆိုတာလေ။" ယွမ်ရှီရှီက ရုတ်တရက် ပြောလိုက်သည်။
"မှတ်မိပါတယ်၊ မင်းက ကောင်းကင်နတ်ဘုရားရှစ်ပါးကို လက်စားချေဖို့ ရှာချင်တာလား။" ချင်ယွင်က မေးသည်။
"ဟုတ်တယ်၊ တောင်မြိုနတ်ဘုရားနန်းတော်ရဲ့ နန်းတော်သခင်ဆီက သိပ်မကြာခင်ကမှ ကောင်းကင်နတ်ဘုရားရှစ်ယောက်ဟာ ရှေးခေတ်နတ်ဘုရားကမ္ဘာထဲ ဝင်လာခဲ့ပြီး၊ ကောင်းကင်နဂါးတောင်တန်းရဲ့ မြောက်ပိုင်းမှာ ပုန်းအောင်းနေကြတယ်ဆိုတဲ့သတင်းကို ကျွန်မ လက်ခံရရှိထားတယ်။ ကျွန်မညီမလည်း အသတ်ခံလိုက်ရပြီ။" ယွမ်ရှီရှီက လေးနက်စွာ ပြောသည်။
ချင်ယွင်၏ မျက်လုံးများလည်း အေးစက်သွားသည်။
ကောင်းကင်နတ်ဘုရားရှစ်ပါးသည် ယခင်က သူ့နောက်သို့ လိုက်ခဲ့ကြသော်လည်း ယခု အချိန်သည် ၎င်းတို့ထံ ပြန်လိုက်ရမည့် အချိန်ဖြစ်သည်။
"ကောင်းပြီ၊ ငါ ကောင်းကင်နတ်ဘုရားရှစ်ပါးလုံးကို သတ်ဖို့ မင်းနဲ့အတူ လိုက်ခဲ့မယ်။" ချင်ယွင်က ပြောသည်။
"ခင်ပွန်း၊ စိတ်မလောပါနဲ့" ကောင်းကင်ဘုံနဂါးတောင်တန်းမှာ ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ယောက် ရှိနေသေးတယ်။ အဲဒီဘိုးဘေးနတ်ဘုရားက သေးငယ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရား ဖြစ်သော်လည်း၊ သူက ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးဘုရားတစ်ပါးနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်။ ငါတို့ သူတို့တံခါးဆီ သွားခေါက်တဲ့အခါ အဲဒီကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေး နတ်ဘုရားကို နှိုးဆော်မိမှာ စိုးရတယ်။ မူလက ကျွန်မ ရှင့်ကို မပြောပြချင်ပေမယ့် တွေးလေလေ စိတ်မသက်မသာ ဖြစ်လေလေပဲ။ သူမက ကျွန်မစိတ်နှလုံးက ဝမ်းကွဲညီမ ဖြစ်တဲ့အတွက် သူမအတွက် ကလဲ့စားချေပေးရမယ်” ယွမ်ရှီရှီက စိုးရိမ်တကြီး ပြောလိုက် သည်။
"အရူးမလေး...၊ မင်းရဲ့ ဒီ၀န်ကြီးချုပ်က ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေး နတ်ဘုရားကို ကြောက်နေတယ်လို့ ထင်နေတာလား။ ကောင်းပြီ၊ သူ့နောက်မှာ ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားရဲ့ ပံ့ပိုးမှုကို မဆိုထားနဲ့၊ ကြီးမြတ်သော ကောင်းကင်ဘုံ ပြီးပြည့်စုံခြင်းအဆင့်မှာရှိတဲ့ ဘိုးဘေးနတ်ဘုရားရဲ့ အထောက်အပံ့ ရထားရင်တောင် ငါသတ်ချင်နေတဲ့လူကို သတ်ပစ်မယ်" ချင်ယွင်က မောက်မာစွာ ပြောသည်။
ကနဦးစကြဝဠာကြီး ကြီးထွားလာသည်နှင့်အမျှ ချင်ယွင်၏ ခန္ဓာကိုယ်သည် ကောင်းကင်ဘုံတန်ခိုးတော်နှင့် ပို၍ပင် ပေါင်းစပ်လာသည်။
ယွမ်ရှီရှီသည်လည်း ချင်ယွင်၏စကားကို ကြားသောအခါ ပြုံးလိုက်သည်။ သူမမှတ်မိသည့် အရာက ချင်ယွင်သည် အနာဂတ်တွင် ဤစကြာဝဠာ၏ ကောင်းကင်ဘုံတန်ခိုးရှင်နှင့် နှိုင်းယှဉ်နိုင်သော စကြာဝဠာကြီးတစ်ခု၏ အုပ်စိုးရှင်ဖြစ်သည်။
“မင်းတို့ တစ်ယောက်ယောက်ကိုသတ်ဖို့ သွားမလို့လား။ ငါ့ကိုလည်း ခေါ်သွားစမ်းပါ။" လင်းဘသည် ချင်ယွင်နှင့် ယွမ်ရှီရှီတို့ သတ်ဖြတ်ဖို့အကြောင်း ပြောနေသည်ကို ကြားသော အခါ သူက ဝမ်းသာအားရ အော်ပြောလိုက်သည်။
ထိုစကားကိုကြားတော့ ကျန်းဟွာလည်း လိုက်လာပြီး ချင်ယွင်ကို ကြည့်လိုက်သည်။
ချင်ယွင်က ကူကယ်ရာမဲ့ ပြုံးပြီး "ကောင်းပြီလေ, ဒါဆို အတူတူသွားရအောင်"
ထို့ကြောင့် ချင်ယွင်သည် ယွမ်ရှီရှီ၊ လင်းဘ၊ ကျန်းဟွာနှင့် ချင်ရီတို့ကို မြောက်ဘက်ရှိ ကောင်းကင်နဂါးတောင်တန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ချင်ရီသည် ချင်ယွင်နှင့် အဝေးကြီး နေမရသောကြောင့် ချင်ယွင် သွားလေရာရာ သူ့နောက်ကို လိုက်သွားရမည် ဖြစ်သည်။
သူမသည် ချင်ယွင်အတွက် ထိပ်တန်းကိုယ်ရံတော်တစ်ဦးအဖြစ် သွယ်ဝိုက်ပြီး ထည့်သွင်း၍ ရသည်။