← Chapters

အခန်း ၁၇၈၀

Vol. 119 Ch. 1780

အခန်း ၁၇၈၀

Vol. 119 Ch. 1780

အခန်း (၁၇၈၀) သွေးစွန်းခြင်း။

ကောင်းကင်နဂါးတောင်တန်းအတွင်းမှာ ကြီးမားသော နန်းတော်တစ်ခု တည်ရှိသည်။

ထိုအချိန်တွင်, နန်းတော်ထဲမှာ လူများစွာ စုရုံးနေပါသည်။ သူတို့ထဲက တစ်ယောက်က ပင်မထိုင်ခုံမှာ ထိုင်နေပြီး လူတစ်ဒါဇင်လောက်က အောက်မှာ ရပ်နေကြသည်။

"နှုတ်ဆက်ပါ အရှင်ကောင်းကင်နဂါး ဘိုးဘေးနတ်ဘုရား။" အောက်မှ ကောင်းကင် နတ်ဘုရား တစ်ဒါဇင်က လေးစားစွာ နှုတ်ခွန်းဆက်ကြသည်။

၎င်းတို့အထဲတွင် ကောင်းကင်နတ်ဘုရား ရှစ်ပါးရှိနေသည်။ (ဤနေရာ၌ ကောင်းကင် နတ်ဘုရားရှစ်ပါးတွင် ခြောက်ယောက်သေပြီး ဖြစ်သော်လည်း ရှစ်ယောက်ဟု ပြန်ဆိုထား သည့်အတွက် မူရင်းအတိုင်း ပြန်ဆိုလိုက်ပါသည်)။

ကောင်းကင်နတ်ဘုရားရှစ်ပါးသည် နတ်ဘုရားကမ္ဘာအတုတွင် အနည်းငယ် ကျော်ကြား သော်လည်း ယခုအခါ ၎င်းတို့သည် ရှေးခေတ်ဘုရားကမ္ဘာသို့ ရောက်ရှိနေသည်။ ထို့ကြောင့် သူတို့သည် မည်သည့်ကျော်ကြားမူမှ မရှိတော့ပေ။

သို့သော် သူတို့၏ ဆက်ဆံရေးကို အားကိုးကာ ဤကောင်းကင်နဂါး ဘိုးဘေးနတ်ဘုရားထံ တိမ်းရှောင်နေနိုင်ကြဆဲ ဖြစ်သည်။

"အရှင်ဘိုးဘေးနတ်ဘုရား၊ ဒါက အရှင်ဘိုးဘေးနတ်ဘုရားအတွက် ကျွန်တော်တို့ ပြင်ဆင်ထားတဲ့ ရှေးခေတ်နတ်နဂါးရေစင်ပဲ။ သောက်လိုက်တာနဲ့ အရှင်ဘိုးဘေး နတ်ဘုရားကို ဆန်းကြယ်တဲ့ အခြေအနေထဲ ရောက်နိုင်စေတယ်။ အရှင်ဘိုးဘေး နတ်ဘုရားရဲ့ ကျင့်ကြံမှုအတွက် ကြီးကြီးမားမား အထောက်အကူ ဖြစ်လိမ့်မယ်။" ကောင်းကင်နတ်ဘုရားရှစ်ပါးထဲမှ အကြီးဆုံး ဝမ်ဟင်က မနာလိုခြင်းကြီးစွာဖြင့် ပြောလိုက်သည်။

"ဟုတ်ပါပြီ။ မှန်တယ်။ အနာဂတ်မှာ မင်းတို့ တစ်ခုခုလိုအပ်ရင် ငါ့ကို တိုက်ရိုက် လာရှာပါ။ မင်းတို့အနေနဲ့ ဘိုးဘေးနတ်ဘုရားကို မစော်ကားမိသရွေ့ မင်းတို့ကို ငါ ဂရုစိုက်ပေးနိုင်ပါ တယ်။" ကောင်းကင်နဂါး ဘိုးဘေးနတ်ဘုရားက ဝမ်ဟင်၏လက်ထဲမှ ကျောက်စိမ်းပုလင်း ကို ယူကာ အလေးနက်ထားပြီး ဖိတ်မံလိုက်သည်။

ထိုစကားကို ကြားတော့ ဝမ်ဟင်နှင့် တခြားသူများသည် အံ့အားသင့်သည့် အမူအရာ ကိုယ်စီ ဖြစ်ပေါ်လာသည်။ ကောင်းကင်နဂါး ဘိုးဘေးနတ်ဘုရား၏ နှုတ်ထွက်စကားနှင့် အတူ၊ သူတို့သည် ရှေးခေတ်နတ်ဘုရားကမ္ဘာတွင် ခြေကုပ်ယူနိုင်ပြီး သူ့တို့၏ အဆင့်အတန်းက မနိမ့်ကျတော့ပေ။

"ကောင်းပြီ မင်းတို့ ထွက်သွားတော့" ကောင်းကင်နဂါး ဘိုးဘေးနတ်ဘုရားက ညွှန်ကြား သည်။

"ဟုတ်ကဲ့ပါ" ဝမ်ဟင်နှင့် အခြားလူများသည် ချက်ချင်း ထွက်သွားကြသည်။

"ပိုးမွှားလေး ရှစ်ကောင်, ဒါဆို မင်းတို့က ဒီမှာ လာပုန်းနေတာပေါ့" သို့သော် ထိုအချိန်တွင် ခန်းမအပြင်ဘက်မှ အလေးနက်မထားသည့် အသံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ခန်းမအပြင်ဘက်မှ လူတစ်ချို့ ဝင်လာကြသည်။ ခေါင်းဆောင်သည် သဘာဝ အတိုင်း ချင်ယွင် ဖြစ်သည်။

သူ့ဘေးတွင် ယွမ်ရှီရှီ, ချင်ရီ, လင်းဘနှင့် ကျန်းဟွာတို့ ရှိသည်။

ထိုကဲ့သို့ ထူးဆန်းသော ပေါင်းစပ်မှုသည် လူတိုင်း၏အာရုံကို ချက်ခြင်း ဆွဲဆောင်သွား သည်။

သို့သော် လူတိုင်း၏ အကြည့်များသည် ယွမ်ရှီရှီနှင့် ချင်ရီတို့ဆီသို့ ရောက်သွားကြသည်။ ပလ္လင်ပေါ်တွင် ထိုင်နေသော ကောင်းကင်နဂါး ဘိုးဘေးနတ်ဘုရားပင်လျှင် သူ့မျက်လုံးများ တွင် ရမ္မက်လောဘဇောဖြင့် မတောက်ပဘဲ မနေနိုင်ပေ။

ကောင်းကင်နဂါး ဘိုးဘေးနတ်ဘုရားဟုခေါ်သည့် နဂါးသည် တကယ်တော့ နဂါး တစ်ကောင် မဟုတ်ဘဲ ရှေးဟောင်း မြွေတစ်ကောင် ဖြစ်သည်။

ယွမ်ရှီရှီနှင့် ချင်ရီကိုတွေ့လိုက်ရသည့်အခိုက် ကောင်းကင်နဂါးဘိုးဘေးနတ်ဘုရားသည် တုန်လှုပ်သွားခဲ့သည်။

သို့သော်လည်း, သူသည် လှုပ်ရှားရန် အလျင်စလို မလုပ်ခဲ့ပေ။ ထိုလူတွေက မည်သူတွေလဲ၊ ဤနေရာကို မည်သည့်အတွက် ကြောက်လာကြသနည်း၊ သူ တကယ် သိချင်နေသည်။

အကယ်၍, ခြိမ်းခြောက်နိုင်စွမ်း မရှိရင်, သူ့အနေဖြင့် တစ်စစီဖြိုချက်ပစ်ဖို့ သိပ်နောက်ကျ ဦးမှာ မဟုတ်ပါဘူး။

"မင်းပါလား.." ကောင်းကင်နတ်ဘုရားရှစ်ပါးထဲက ဒုတိယအကြီးအကဲသည် ယွမ်ရှီရှီကို မှတ်မိပြီး အံ့သြစွာ ပြောလိုက်ပါသည်။ သူ့မျက်လုံးတွေက တပ်မက်မှုများဖြင့် ပြည့်နေ၏။

ဤအံ့မခန်းအမျိုးသမီးကို သူသည် တားမြစ်နယ်မြေထဲ ရိုက်သွင်းခံဖူးသည် မဟုတ်ပါလား။ မင်း ဘာလို့ ဒီကို ရောက်နေတာလဲ။

မူလက သူသည် အချိန်အတော်ကြာ မကျေမနပ်ဖြစ်နေပြီး ကောင်းကင်ရတနာကို ဖြုန်းတီးမိခဲ့သည်ပေါ့။ သို့သော် ယခုအခါ ထိုအမျိုးသမီးသည် သူ့ထံ အမှန်တကယ် ပေးအပ်ရန် အစပျိုးရောက်လာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"လင်းရှောင်, မင်းက ငါ့ညီမကို ဘာလုပ်လိုက်တာလဲ" ယွမ်ရှီရှီက ဒေါသတကြီး မေးသည်။

"ဟား...၊ ဟား...၊ မင်းဆိုလိုတာက, အဲဒီကောင်မက မင်းညီမလား၊ ငါ အဲကောင်မကို ကစားခဲ့တာ တော်တော်ကြာသွားပြီ။ ဒါပေမယ့် ဒီခွေးမရဲ့ခါးက တော်တော်ပိန်တယ်။ တစ်လလောက် အတူနေပြီးတဲ့နောက်, သူ့ကိုယ်သူ သတ်သေသွားတယ်။ ဘာလဲ မင်းက အဲဒီကောင်မနေရာမှာ အစားထိုးချင်လို့လား" လင်းရှောင်က မောက်မာစွာ ပြောသည်။

အခြား ကောင်းကင်နတ်ဘုရား ခုနစ်ပါးသည်လည်း ရယ်မောကာ ယွမ်ရှီရှီ၏ ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေလေသည်။

ယွမ်ရှီရှီသည် အမျက်ဒေါသ ပေါက်ကွဲထွက်သွားသည်။ လင်းရှောင်သည် သူမ၏ နှလုံးသားထဲတွင် အမုန်းတရားများကို ဖောက်ထုတ်နိုင်ရန်အတွက် အကြိမ်ပေါင်း တစ်သောင်း သေသင့်သည်။

ချင်ယွင်၏ မျက်လုံးများက ချက်ချင်း အေးစက်သွားကာ သူ့မျက်လုံးများတွင် ပြင်းထန် သော သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ပေါ်လာသည်။

"အခုနက ခင်ဗျား ပြောခဲ့တဲ့စကားတွေက ခင်ဗျားကို အကြိမ်ပေါင်း ၁၀၀၀၀ မက သတ်ပစ်ဖို့ လုံလောက်နေပြီဆိုတာ ခင်ဗျားရဲ့သိလား။ ကျုပ် ဒီကို မလာခင်တုန်းကတော့ ကျုပ် ခင်ဗျားတို့ကို အချိန်ကောင်းတစ်ခု ပေးချင်ခဲ့တယ်။ ဒါပေမယ့် အခု ခင်ဗျားကို အချိန်ပေးရင်တောင် သိပ်မထူးတော့ပါဘူး" ချင်ယွင်က အေးစက်စွာ ပြောသည်။

သို့သော်လည်း လင်းရှောင်သည် ချင်ယွင်ကို အထင်အမြင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။

သူ့ရှေ့မှ ဤလူငယ်သည် ကောင်းကင်နတ်ဘုရားနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူ တစ်ဦးသာ ဖြစ်သည်။ ယခုအခါ, ဘိုးဘေးနတ်ဘုရား၏အကူအညီဖြင့် သူတို့ ကောင်းကင် နတ်ဘုရားရှစ်ပါးသည် ကောင်းကင်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေ ကြပြီ။ သူ့ကို လုံးဝ မကြောက်ပါဘူး။

ထို့အပြင်, သူတို့နောက်မှာ, ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦး ရှိခဲ့နေသည်။ သူတို့ရှေ့မှာ ဤကောင်းကင်နတ်ဘုရားလေးက မည်သို့ ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲရသနည်း။

"ကောင်လေး၊ မင်းက ဘယ်သူလဲ။ ငါ မင်းကို ပြောပြမယ်၊ ငါတို့က အခု ကောင်းကင်နဂါး ဘိုးဘေးနတ်ဘုရားရဲ့ လူတွေပဲ။ အခု အဲဒီဘိုးဘေးနတ်ဘုရားက ငါတို့ရဲ့ထိပ်မှာ ထိုင်နေ တယ်။ ဒီနေရာက မင်း ရိုင်းစိုင်းတဲ့ လုပ်ရပ်တွေ လုပ်လို့မရတဲ့နေရာဆိုတာ နားမလည်ဘူး လား၊ ဒီမိန်းမနှစ်ယောက်ကို ထားခဲ့ပြီး၊ မင်း တတ်နိုင်သမျှ ဝေးဝေး ထွက်သွားတော့။" ဝမ်ဟင်က ချင်ယွင်ကို အထင်အမြင်သေးသော အကြည့်ဖြင့် အေးစက်စွာ အော်ပြောလိုက် သည်။

သို့သော်လည်း ချင်ယွင်၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

"ကောင်းကင်နဂါး ဘိုးဘေးနတ်ဘုရားလား၊ မြွေသေးသေးလေးပါပဲ။ ဒါတောင် သူ့ကိုယ်သူ ကောင်းကင်နဂါးလို့ ခေါ်ဝံ့သလား။ ဘယ်လောက် ရယ်စရာကောင်းလိုက်လဲ။" ချင်ယွင်က အထင်အမြင်သေးစွာဖြင့် အေးစက်စွာ ပြောလိုက်သည်။

လူတိုင်း ဆွံ့အသွားကြသည်။

မင်းက အရူးဖြစ်ရမယ်။

ဒီအရူးကောင်က ဘယ်က ရောက်လာတာလဲ။ သူသည် ကောင်းကင်နဂါး ဘိုးဘေး နတ်ဘုရားရှေ့မှာ သူ့ကို ပိုးမွှားကောင်လေးဟု ပြောဆိုနေသည်။

ကောင်းကင်နဂါး ဘိုးဘေးနတ်ဘုရား အမုန်းဆုံးအရာမှာ သူ့ အစစ်အမှန် ခန္ဓာကိုယ်က မြွေတစ်ကောင်ဖြစ်သည်ဟု ပြောခြင်းဆိုတာ သူ မသိဘူးလား။

ကောင်းကင်နဂါး ဘိုးဘေးနတ်ဘုရားသည် သူ၏မျက်လုံးများကို မှေးကျဉ်းလိုက်ပါသည်။ သူ့ရှေ့မှာပင် ဤကောင်းကင်နတ်ဘုရားငယ်လေးသည် တကယ်ကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုရဲသည်။

ဤလူငယ်သည် ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦး၏ ကျောထောက် နောက်ခံ ရှိနိုင်သော်လည်း၊ သူ့ဘိုးဘေးနတ်ဘုရားအဆင့် ဂုဏ်သိက္ခာသည် သေးငယ်သော ကောင်းကင်နတ်ဘုရားတစ်ပါး အရှက်ခွဲနိုင်သည့် အရာမဟုတ်ပေ။

ထိုအချိန်တွင် ချင်ယွင်သည် ကောင်းကင်နဂါး ဘိုးဘေးနတ်ဘုရားကို မျှော်ကြည့်ကာ “မြွေငယ်လေး၊ ဒီလူရှစ်ယောက်ကို ကျုပ် သတ်ပစ်ချင်တယ်။ ခင်ဗျား ဝင်မစွက်ဖက်ဘူး မဟုတ်လား"

ထိုစကားကို ကြားတော့ လူတိုင်း အံ့သြသွားမိပြန်သည်။

ဒီကောင် လုံးဝ အရူးပဲ။

ကောင်းကင်နဂါး ဘိုးဘေးနတ်ဘုရား၏ မျက်လုံးများသည် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နေသော်လည်း မပေါက်ကွဲခဲ့ပေ။ ယင်းအစား သူက အေးစက်စွာ မေးသည် "ငါ စွက်ဖက်မယ်ဆိုရင် ဘာဖြစ်မှာလဲ"

ချင်ယွင်က ရယ်ပြီး ဖြည်းညှင်းစွာ ပြောသည် "ခင်ဗျား သဘောမတူလည်း, အဆင်ပြေပါ တယ်။ နောက်ဆုံး ခင်ဗျားနဲ့ ခင်ဗျားရဲ့ ကောင်းကင်နဂါးတောင်တန်းကို ဒီလူရှစ်ယောက်နဲ့ အတူ မြုပ်နှံပေးလိုက်ရုံပေါ့"

လူတိုင်းက လုံးဝကို ပြောစရာစကားမဲ့သွားရသည်။ ဤအရူးအမူးကား မည်သည့်ရောက ရောက်လာသနည်း။ သူသည် အမှန်တကယ်ပင် ဘိုးဘေးနတ်ဘုရားအား ဤကဲ့သို့ နှိုးဆော်နေသည်။

"မိုက်မဲလိုက်တာ" ကောင်းကင်နဂါး ဘိုးဘေးနတ်ဘုရားသည် ဒေါသတကြီး မဟိန်းဟောက်ဘဲ မနေနိုင်တော့။ ဘိုးဘေးနတ်ဘုရား၏ တန်ခိုးတော်သည် ချက်ချင်းပင် ထွက်ပေါ်လာသည်။

ထို့နောက် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ချင်ယွင်ဆီသို့ ရိုက်ချလိုက်သည်။

ချင်ယွင်သည် သူ့နောက်မှ ချင်ရီကို လက်ဟန်ပြရင်း သူ့မျက်လုံးထဲမှာ အထင်အမြင်သေးမှု အရိပ်အယောင် ပေါ်လာပါသည်။

ချင်ရီသည် ချင်ယွင်ကို မျက်စောင်းထိုးလိုက်သည်။ ချင်ယွင်သည် သူမကို တိုက်ခိုက်ရေး သမားတစ်ယောက်အနေဖြင့် တကယ်ကို ဆက်ဆံနေခဲ့သည်။

သို့သော်လည်း သူမသည် လှုပ်ရှားရန် ရွေးချယ်လိုက်ပါသေးသည်။

လူတိုင်းက သူမ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး လေလှိုင်းကို ပိတ်ဆို့နေသော အစိမ်းရောင်ဝတ် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ သူမ၏ သွယ်လျသော ကျောက်စိမ်း လက်ကို မြှောက်လိုက်ပြီး အထက်မှ ရိုက်ချလာသော ဘိုးဘေးနတ်ဘုရား၏ လက်ဖဝါး သည် ချက်ခြင်း ကွဲအက်သွားသည်။

တစ်ချိန်တည်းမှာပင် အစိမ်းရောင်ဝတ် အမျိုးသမီးက တူညီသော လှုပ်ရှားမှုဖြင့် ရိုက်ချလိုက်သည်။

အထက်တွင် ထိုင်နေသော ကောင်းကင်နဂါး ဘိုးဘေးနတ်ဘုရားသည် အစိမ်းရောင်ဝတ် အမျိုးသမီးက သူ့ကို ခန်းမထိပ်ပလ္လင်ပေါ်ကနေ ရိုက်မချခင် စကားတစ်ခွန်း ပြောရန်သာ အချိန်ရခဲ့သည်။

ခန်းမခေါင်မိုးသည် အချိန်အတော်ကြာကတည်းက ကြေမွသွားပြီး၊ ခန်းမကြီး၏ အထက် နန်းတော်သည် မိုင်တစ်ရာကျော် ရှည်လျားသော မြေပြန့်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ သည်။

ကြီးမားသော တောင်တန်းကြီးတစ်ခုကို တစ်စုံတစ်ယောက်ကြောင့် ပြားချပ်သွားသလိုပင်။

ကောင်းကင်နဂါး ဘိုးဘေးနတ်ဘုရားကို တစ်ဖန် ပြန်ကြည့်သောအခါ၊ အလွန်ကြီးမား သော လက်ဖဝါးရာကြီးထဲတွင် ယင်ကောင်၏သွေးတစက်ကဲ့သိ့ ဖြစ်နေပြီး၊ ထူးထူး ခြားခြား မျက်လုံးဖမ်းစားနေသည်။

လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။ ထိုအချိန်မှာ သူတို့စိတ်တွေက လုံးဝကို ရပ်တန့်သွားပြီဟု ခံစားရပါသည်။

အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် လူတိုင်း တုံ့ပြန်လာကြပြီး ပါးစပ်အပြည့် တံတွေးတစ်လုတ် မျိုချလိုက်သည်။

ကောင်းကင်နဂါး ဘိုးဘေးနတ်ဘုရားသည် ယင်ကောင်တစ်ကောင်ကဲ့သို့ အသတ်ခံလိုက်ရ သည်လား။

အိုး၊ မဟုတ်ဘူး၊ သူက ယင်ကောင်တစ်ကောင်လို သေသည်အထိ ပြားချပ်အောင် ရိုက်နှက်ခံလိုက်ရသည်။

ဒါဆို ထိုအစိမ်းရောင်ဝတ် အမျိုးသမီးသည် မည်မျှ တန်ခိုးကြီးလိုက်သနည်း။

ထိုကဲ့သို့ ဖြစ်တည်မှုသည် သူတို့၏စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေပြီး၊ လူတိုင်းက စိတ်မကူးနိုင်ကြတော့ပါဘူး။

သေချာသည်မှာ, အတုန်လှုပ်ဆုံးသူကတော့ မာနကြီးသည့် ကောင်းကင်နတ်ဘုရား ရှစ်ပါးပါ။ သူတို့သည် ထိတ်လန့်တုန်လှုပ်ခြင်းအပြင် ပြင်းထန်သော အကြောက်တရားများ ရှိနေကြသည်။

"စီနီယာ... စီနီယာ၊ ကျွန်တော်တို့ စီနီယာကို ဘယ်လို စော်ကားမိခဲ့လဲ သိချင်မိပါတယ်။ ကျေးဇူးပြုပြီး, ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ။ လင်းရှောင်ကြောင့်ဆိုရင်, ကျွန်တော်တို့ က သူ့ကို ကျေကျေနပ်နပ်ကြီး လွှဲပေးပါ့မယ်" ဝမ်ဟင်က ကမန်းကတန်း ပြောလိုက်သည်။

အခြားကောင်းကင်နတ်ဘုရားခြောက်ပါးလည်း ခေါင်းညိတ်သည်။

လင်းရှောင်၏ မျက်နှာက ဝက်ဗိုက်ကဲ့သို့ ကြည့်ရဆိုးသွားသော်လည်း ချေပရန် ဘာမှ မည်သည့်စကားမှ မပြောနိုင်ပေ။

ချင်ယွင်က ပြုံးကာ ခေါင်းခါလိုက်သည်။ သူက ကောင်းကင်နတ်ဘုရားရှစ်ပါးအား လျစ်လျူရှုကာ ပြုံးရင်း ပြောသည် "မင်းတို့က ချင်ယွင်ဆိုတဲ့ နာမည်ကို မမှတ်မိကြသေး မှန်း ငါ မသိလိုက်ဘူး။ မင်းတို့ မသိသေးရင်, ကံမကောင်းစွာပဲ ငါက ချင်ယွင်ဖြစ်တယ်ဆို တာ ပြောပြရတော့မှာပေါ့"

ချင်ယွင်၏စကားများက အလွန်တည်ငြိမ်သွားသော်လည်း၊ ထိုစကားသည် ကောင်းကင် နတ်ဘုရားရှစ်ပါး၏ နားထဲသို့ ရောက်သွားသောအခါ တုန်လှုပ်ခြောက်ခြားဖွယ် မိုးခြိမ်းသံ ပေါင်း တစ်သိန်းနှင့် တူနေသည်။

All Chapters