အခန်း ၁၇၈၃
Vol. 119 Ch. 1783
အခန်း (၁၇၈၃) စေ့စပ်ညှိနှိုင်းခြင်း။
ချင်ယွင်၏စကားများက လူအုပ်ကြီး၏ အံ့အားသင့်မှုကို ချက်ခြင်း ဆွဲဆောင်သွားခဲ့သည်။
ချင်ယွင်သည် ထိုစကားကို တကယ် ပြောဆိုရဲသည်။
အမှောင်ဘိုးဘေးနတ်ဘုရားမသည် ကောင်းကင်နဂါး ဘိုးဘေးနတ်ဘုရားနှင့် ဆက်ဆံရေး တစ်ခု ရှိနေသည်ကို အားလုံးသိကြသော်လည်း ၎င်းတို့အနက် မည်သူမျှ မပြောဝံ့ကြပေ။
ဤသည်မှာ, ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်သည်။ သူတို့ အသံကျယ်ကျယ်ဖြင့် ပြောဆိုမိ လျှင်ပင် သေဆုံးသွားနိုင်သည် မဟုတ်ပါလား။
သို့သော် ချင်ယွင်က သူတို့နှင့်မတူဟု သူတို့ တွေးမိသောအခါတွင် သက်သာရာရသွား သည်။
ချင်ယွင်မှာ ဘိုးဘေးနတ်ဘုရားကိုယ်ပွားနှစ်ခု၊ ဘိုးဘေးနတ်ဘုရား ကိုယ်ရံတော်တစ်ဦးနှင့် ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားထက်ပင် တန်ခိုးကြီးသော အစိမ်းရောင် အမျိုးသမီးတစ်ဦး ရှိနေသည်။
ထိုလူသည် ပြီးပြည့်စုံသော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားကို မကြုံတွေ့ရ သရွေ့ မည်သူကမှ သူ့အား ဘာမှလုပ်ဆောင်နိုင်မည် မဟုတ်ပေ။
ကောင်းကင်ယံရှိ အမှောင်ဘိုးဘေး နတ်ဘုရားသည် ချင်ယွင်၏ စကားကို ကြားသောအခါ အမျက်ဒေါသက သူမမျက်နှာပေါ် ပေါ်လာခဲ့သည်။
သို့သော် သူမသည် တိုက်ခိုက်လိုစိတ် မရှိပေ။
သူမသည် သူမရှေ့က ချင်ယွင်ကို အမှန်တကယ် သတ်ချင်သော်လည်း ချင်ယွင်ကို သူမကိုယ်တိုင် မသတ်နိုင်ဘူးဆိုသည်ကို သူမ သိပါသည်။
သူမကို ချင်ယွင်ကပင် သတ်ဖြတ်သွားနိုင်သည်။ ထို့ကြောင့် သူမသည် အသက်ပြင်းပြင်း ရူပြီး မျိုသိပ်ရုံသာ တတ်နိုင်ခဲ့ပါသည်။
"ချင်ယွင်၊ အပျော်စောမနေနဲ့ဦး။ နောက်ဆုံးတော့ မင်းရဲ့စွမ်းအားက ကောင်းကင် နတ်ဘုရားနယ်ပယ်မှာ ရှိနေတုန်းပဲ။ မင်းဒီမှာ ရပ်ပြီး ငါ့ကို စကားပြောနိုင်ရတဲ့ အကြောင်းရင်းက ပြင်ပကမ္ဘာရဲ့ စွမ်းအားကြောင့်ပဲ။ မှန်ပါတယ်၊ ငါ မင်းကို မသတ်နိုင်ဘူး။ မင်းမှာ သေမင်းဘိုးဘေးနတ်ဘုရားရဲ့ ပံ့ပိုးမှုလည်း ရှိနေတယ်။ ဒါပေမယ့်, မင်း မမေ့ပါနဲ့။ ဒီကမ္ဘာမှာ သေမင်းဘိုးဘေးနတ်ဘုရားထက် ပိုအစွမ်းထက်တဲ့လူတွေ ရှိနေတယ်။" အမှောင်ဘိုးဘေးနတ်ဘုရားမက အေးစက်စွာ ပြောသည်။
သူမသည် ချင်ယွင်ကို ရာနှင့်ချီ ဒေါသထွက်ခဲ့သော်လည်း သူမသည် ထိုကိစ္စကို ဘာမှ မလုပ်နိုင်ခဲ့ပေ။
ချင်ယွင် ပြုံးလိုက်သည်။ အမှောင်ဘိုးဘေးနတ်ဘုရားမ၏ အကြံအစည်များကို သူသည် သဘာဝအတိုင်း မြင်ခဲ့သည်။
၎င်းတို့အဆင့်ရှိ လူများသည် အခြေခံအားဖြင့် မည်သည့်အရာကိုမျှ အတင်းအကြပ် ခိုင်းစေခြင်းမပြုဘဲ လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။
ထို့ကြောင့် အမှောင်ဘိုးဘေးနတ်ဘုရားမသည် ဤမျှ ကြီးမြတ်သော နိယာမများကို မိန့်ဆိုခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ သူမမှာ အခြားရွေးချယ်စရာ မရှိ၍ ဖြစ်သည်။
"ခင်ဗျားအနေနဲ့ ကျုပ်ချင်ယွင်ကို မောက်မာတယ်ပြောပြော, မမောက်မာဘူးပြောပြော ကိစ္စမရှိပါဘူး။ ကျုပ်က မင်းရဲ့ရန်သူ မဖြစ်ချင်ဘူး။ ခင်ဗျား ကျုပ်တို့ကို မနှောင့်ယှက်သရွှေ့ သဘာဝအတိုင်း ခင်ဗျားကို တိုက်ခိုက်မှာ မဟုတ်ဘူး။ သူ့ကို ကျုပ်သတ်ရတဲ့ အကြောင်းရင်းက သူက ကျုပ်မိန်းမအပေါ် ဆိုးသွမ်းတဲ့ ရည်ရွယ်ချက် ရှိနေလို့ပဲ။ ခင်ဗျား လည်း သူ့ကို ဒီလိုလုပ်ခွင့် မပေးဘူးလို့ ကျုပ်ယုံတယ် ဟုတ်တယ် မဟုတ်လား။" ချင်ယွင် က အေးစက်စွာ တုန့်ပြန်လိုက်ပြီး၊ သူ့လေသံက စကြဝဠာ၏ ကောင်းကင်ဘုံတန်ခိုးတော် ကို သယ်ဆောင်ထားသည်။
ကောင်းကင်ယံမှ အမှောင်ဘိုးဘေးနတ်ဘုရားမသည် မျက်မှောင်ကြုတ်ကာ ချင်ယွင် ဘေးမှ ယွမ်ရှီရှီနှင့် ချင်ရီကို ကြည့်လိုက်သည်။
ချင်ယွင်၏စကားကို သူမ ယုံကြည်သည်။
ယွမ်ရှီရှီသည် ညှို့ငင်ခြင်းဝိညာဉ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး၊ သူမသည် ယောက်ျားများ အတွက် ပြင်းထန်သော သွေးဆောင်မှုဖြင့် မွေးဖွားလာသည်။ ထို့အပြင်, ချင်ရီ၏ လွန်ကဲ သော စိတ်နေစိတ်ထားကလည်း လူတွေကို အနိုင်ယူလိုစိတ် ပြင်းပြစေသည်။
ကောင်းကင်နဂါး ဘိုးဘေးဘုရား၏စရိုက်ကို သူမ သိထားသောကြောင့် ချင်ယွင်၏ စကားကို လုံးဝ သံသယ မရှိခဲ့ပေ။
"ချင်ယွင်၊ မင်းက အချိန်ဘိုးဘေးနတ်ဘုရားကို ရှာနေတာ မဟုတ်ဘူးလာ။ သူ ဘယ်မှာလဲ ဆိုတာ ငါ သိတယ်။" အမှောင်ဘိုးဘေးနတ်ဘုရားမက ရုတ်တရက် ပြောသည်။
"အယ်" ချင်ယွင် မှင်သက်သွားသည်။ အမှောင်ဘိုးဘေးနတ်ဘုရားမသည် ထိုသို့သော စကားမျိုးကို ရုတ်တရက် ပြောလာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"သူ ဒီကမ္ဘာကို ပြန်ရောက်နေပြီ။ မင်း သူ့ကို တွေ့ချင်ရင် သူဘယ်မှာရှိလဲဆိုတာ ငါ မင်းကို ပြောပြနိုင်ပြီး၊ မင်းကို အဲဒီကို ခေါ်သွားလို့ရတယ်" အမှောင်ဘိုးဘေးနတ်ဘုရားမက ထပ်ပြောပြန်သည်။
ချင်ယွင်က အမှောင်ဘိုးဘေးနတ်ဘုရားမကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ ပြောသည် "ပြောပါဦး၊ ဘယ်လိုသဘောတူညီချက်တွေ ရှိနေမလဲ"
"ဟား…၊ ဟား…၊ မင်းက တကယ်ကို ထက်မြက်တဲ့သူပဲ။ အရမ်းရိုးရှင်းပါတယ်။ မင်းဆီက ကောင်းကင်ဘုံတံဆိပ်တစ်ခု လိုချင်တယ်။ လူတစ်ယောက်အတွက် ကောင်းကင်ဘုံ တံဆိပ်တစ်ခုက လုံလောက်တယ်ဆိုတာ မင်းသိပါတယ်။ မင်းမှာ ကောင်းကင်တံဆိပ်နှစ်ခု ရှိဖို့လည်း မလိုအပ်ပါဘူး။ ဘာလို့ ငါ့ကို မပေးတာလဲ။" အမှောင်ဘိုးဘေးနတ်ဘုရားမက ပြုံးပြီး ပြောသည်။
ချင်ယွင် ချက်ချင်း ရယ်မောလိုက်သည်။ သူမှန်းဆထားသည့်အတိုင်းပင်၊ အမှောင်ဘိုးဘေး နတ်ဘုရားသည် ကောင်းကင်ဘုံတံဆိပ်ကို အလိုရှိနေသည်။
"ခင်ဗျားက ကျုပ်ရဲ့ကောင်းကင်ဘုံတံဆိပ်အတွက် ဒီလိုရိုးရှင်းတဲ့ အချက်အလက်လေးနဲ့ ဖလှယ်ချင်နေတာလား။ သိပ်ရိုးရှင်းလွန်းမနေဘူးလား။ ချင်ယွင်က အေးစက်သော အပြုံး ဖြင့် ပြန်ပြောသည်။
"ဒါဆို, မင်းရဲ့မိတ်ဆွေကောင်းအဖြစ် ငါ့ကိုယ်ငါ ပေးအပ်မယ်ဆိုရင်ရော။ စဉ်းစားကြည့် လိုက်ပါ။ ကြီးမြတ်တဲ့ ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရား မိတ်ဆွေကောင်း တစ်ယောက်ရတာ ဘယ်လောက်ကောင်းလိုက်မလဲ။" အမှောင်ဘိုးဘေးနတ်ဘုရားမက ချင်ယွင်ကို စွဲမက်ဖွယ် အကြည့်ဖြင့် ပြောလိုက်သည်။
ချင်ယွင်၏ ပါးစပ်ထောင့်က ရှုံ့မဲ့သွားသည်။
လခွမ်း...၊ ဒါက ဘယ်လိုစကားမျိုးကြီးလဲ။
ဒီအဖေက ဒီလောက် ပေါ့ပျက်ပျက်နိုင်တဲ့လူလား။
လူအများရှေ့မှာ ကိုယ့်ကိုယ်ကို သွေးဆောင်ဖို့ ကြိုးစားနေတဲ့ မင်းရဲ့ဘိုးဘေးနတ်ဘုရားမ ဆိုတဲ့ ဂုဏ်သိက္ခာကရော။
ထို့အပြင်, သူ့မိန်းမက သူ့ဘေးမှာရှိနေသည်။ သူ မည်သို့ သဘောတူနိုင်မည်နည်း။
"ခင်ဗျားက အသက်ကြီးလွန်းတယ်။ ကျုပ်က အိပ်မက်ဆိုးတွေကို မကြိုက်ဘူး။" ချင်ယွင်က ခေါင်းခါပြီး ငြင်းလိုက်သည်။
အမှောင်ဘိုးဘေးနတ်ဘုရားမသည် ဤစကားကိုကြားသောအခါ စိတ်ဆိုးခြင်း မရှိပေ။ သူမက ပြုံးပြီး ပြောသည် "အချိန်ဘိုးဘေးနတ်ဘုရားရဲ့သတင်းက ကောင်းကင်ဘုံတံဆိပ် တစ်ခုနဲ့ လဲလှယ်ဖို့ မလုံလောက်ဘူးလို့ ထင်ရင် နောက်ထပ် အချက်အလက်တစ်ခုကို ထပ်ထည့်လို့ရတယ်။"
"ဘာအချက်အလက်လဲ" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။
သူသည် ဘိုးဘေးနတ်ဘုရားအဆင့် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း၊ သူသည် ဘိုးဘေးနတ်ဘုရားစက်ဝိုင်းထဲသို့ တကယ် မ၀င်နိုင်သေးပါ။ ထို့ကြောင့် ဘိုးဘေးနတ်ဘုရားများနှင့် သက်ဆိုင်သည့် လောကအကြောင်းကို သူ ဘာတစ်ခုမှ မသိသေးပါ။
ဤဘိုးဘေးနတ်ဘုရားများ ပိုင်ဆိုင်သော အချက်အလက်များသည် သူယှဉ်နိုင်သည့် အရာ မဟုတ်ပေ။
ဤစကားက “အမြင့်မှာရပ်၍ အဝေးကို မျှော်ကြည့်နေခြင်း”ဆိုသည့် ရှေးဆိုရိုးစကားကို လည်း အတည်ပြုရာရောက်သည်။
"ဘာအချက်အလက်လဲ၊ လောလောဆယ်တော့ ငါ မပြောပြဘူး။ ဒါပေမယ့် မင်းအတွက် ဒီအချက်အလက်က အရမ်းအသုံးဝင်တယ်ဆိုတာ မင်းသိထားပါ။ ငါ မင်းကို အချိန်ဘိုးဘေး နတ်ဘုရားဆီ ခေါ်သွားပြီး၊ မင်း ကောင်းကင်ဘုံတံဆိပ်ကို ပေးပြီးနောက် မင်းကို ပြောပြ မယ်။ ဒါဆို ဘယ်လိုလဲ၊ မင်း အရောင်းအဝယ်လုပ်ဖို့ ဆန္ဒရှိလား။" အမှောင် ဘိုးဘေးနတ်ဘုရားမက သရော်သံဖြင့် ပြောသည်။
တခဏလောက် စဉ်းစားပြီးမှ ချင်ယွင်က တုန့်ပြန်သည် "ကောင်းပြီလေ၊ ခင်ဗျားရဲ့စကား ပြန်ရုတ်မသွားဖို့ ကျုပ် မျှော်လင့်တယ်။ မဟုတ်ရင်၊ ကျုပ် ခင်ဗျားကို သေချာပေါက် နောင်တရစေရမယ်”။
တကယ်တော့ သူ လုံးဝ တုံ့ဆိုင်းနေစရာ မလိုပါဘူး။ အချိန်ဘိုးဘေးနတ်ဘုရားနှင့် ပတ်သက်သည့် အချက်အလက်မျှဖြင့်ပင် ကောင်းကင်ဘုံတံဆိပ်ကို လိုလိုလားလား လွှဲပြောင်းပေးရန် လုံလောက်ပါသည်။ သို့သော် သူ ဂရုမစိုက်ကြောင်း ပြသရမည် ဖြစ်သည်။ ဤနည်းဖြင့်သာ အမှောင်ဘိုးဘေးနတ်ဘုရားမသည် သူ့အပေါ် အခွင့်ကောင်း မယူနိုင်မှာ ဖြစ်သည်။
ထိုစကားကိုကြားတော့ အမှောင်ဘိုးဘေးနတ်ဘုရားမသည် သစ္စာမဲ့သည့် အပြုံးကို ထုတ်ဖော်လိုက်ပါသည်။