အခန်း ၁၇၈၄
Vol. 119 Ch. 1784
အခန်း (၁၇၈၄) အချိန်ပြန်လည်ဝင်စားခြင်း။
ထို့နောက် ချင်ယွင်သည် ချင်ရီကို သူနှင့်အတူ ခေါ်ဆောင်ကာ အမှောင်ဘိုးဘေး နတ်ဘုရားမနှင့်အတူ ထွက်ခွာသွားခဲ့သည်။
ချင်ယွင်သည် ယွမ်ရှီရှီ၊ လင်းဘနှင့် ကျန်းဟွာတို့ကို ကနဦးစကြဝဠာထဲသို့ ခေါ်ဆောင်လာခဲ့ သည်။
ချင်ယွင်တွင် ကနဦးစကြာဝဠာရှိကြောင်း ယွမ်ရှီရှီ သိထားသည်။ လင်းဘနှင့် ကျန်းဟွာတို့ကို ချင်ယွင်အနေဖြင့် ဖုံးကွယ်စရာ ဘာမှမရှိပါဘူး။
ထို့ကြောင့်၊ သူတို့ကို ကနဦးစကြဝဠာထဲသို့ ထည့်သွင်းခြင်းက ပြဿနာ မရှိနိုင်ပေ။
၎င်းတို့ကို ကနဦးစကြဝဠာထဲသို့ ထည့်သွင်းပြီးနောက်၊ အမှောင်ဘိုးဘေးနတ်ဘုရားမသည် ချင်ယွင်နှင့် ချင်ရီတို့ကို လေဟာနယ်အတွင်း အတူတကွ ဖြတ်သန်းရန် ခေါ်ဆောင်ခဲ့သည်။
ဘိုးဘေးနတ်ဘုရားအဆင့်တွင်၊ ၎င်းတို့သည် ရှေးခေတ်နတ်ဘုရားကမ္ဘာရှိ လေဟာနယ်ကို ခွဲထုတ်နိုင်ကြသည်။ သူတို့၏ နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအား လွှမ်းခြုံနိုင်သည့် ဧရိယာ မှန်သမျှ, သူတို့သည် လေဟာနယ်မှတဆင့် အလွယ်တကူ သွားလာနိုင်ပြီး သူတို့ သွားလို သည့်နေရာကို ရောက်ရှိနိုင်ကြသည်။
ချင်ယွင်သည် လေဟာနယ်မှ ပေါက်ကွဲထွက်လာသော ဖိအားကို ခံစားလိုက်ရပြီးနောက်, အမှောင်ဘိုးဘေးနတ်ဘုရားမသည် ရှေးခေတ်နတ်ဘုရားကမ္ဘာ၏ အခြားအစိတ်အပိုင်း တစ်ခုတွင် ပေါ်လာသည်။
ဤနေရာသည် စိမ်းလန်းစိုပြေသော တောအုပ်တစ်ခု ဖြစ်နေခဲ့သည်။ ပတ်ဝန်းကျင်မှာ အထပ်မြင့် အဆောက်အအုံတွေ မရှိဘူး။ အလွန်ရှေးကျပုံ ပေါက်သည်။
သို့သော် ချင်ယွင်သည် တောနက်ကြီးထဲတွင် သက်ကယ်အိမ် တစ်လုံးရှိကြောင်းကို တွေ့ရှိခဲ့သေးသည်။
ထိုအချိန်တွင် အိမ်ရှေ့ရှိ သစ်ပင်ကြီးနှစ်ပင်အောက်တွင် ကြိုးတစ်ချောင်း ချည်နှောင်ထား ပြီး၊ လွှဲယမ်းနေသည်။
လွှဲယမ်းနေသော ကြိုးတန်းပေါ်မှာ ကလေးမလေးတစ်ယောက် ထိုင်နေသည်။
"အယ်... သူမလား" ချင်ယွင် မှင်သက်သွားခဲ့သည်။
သူ့ရှေ့က ထိုကောင်မလေးကို သူသိသည်။ သူမသည် သေမျိုးကမ္ဘာရှိ သွေးသစ္စာခံ ကြေးစားအုပ်စုတွင် သူမြင်ဖူးခဲ့သော ကလေးမလေး ဖြစ်သည်။ (ထိုအချိန်တုန်းက အခန်းကို ပြန်လည်မှတ်မိမည် ထင်ပါသည်)။
"သူမက အချိန်ဘိုးဘေးနတ်ဘုရား မဟုတ်ဘူးမလား" ချင်ယွင်က အမှောင်ဘိုးဘေး နတ်ဘုရားမကို လှည့်ကြည့်ပြီး မေးသည်။
"မှန်တယ်၊ သူမက အချိန်ဘိုးဘေးနတ်ဘုရားပဲ။ သူမ ဘယ်လောက် ကြာကြာ အသက်ရှင်သန် နေထိုင်ခဲ့လဲဆိုတာ သူမကိုယ်တိုင်တောင် မသိလောက်ဘူး။ သူမက ကလေးတစ်ယောက်လို ဖြစ်နေတုန်းပဲ။ သူမက တကယ်ကို မရှက်တတ်ဘူး" အမှောင် ဘိုးဘေးနတ်ဘုရားမက အထင်သေးစွာ ပြောသည်။
ချင်ယွင်သည် စကားမပြောနိုင် ဖြစ်သွားရသည်။
သူ့ရှေ့က ထိုကလေးမလေးသည် တကယ်ကို အချိန်ဘိုးဘေးနတ်ဘုရား ဖြစ်နေခဲ့သည်။
ယင်းက သူတို့သည် သေမျိုးကမ္ဘာမှာ ရှိခဲ့စဉ်ကတည်းက တစ်ယောက်ကိုတစ်ယောက် သိနေပြီဟု ဆိုလိုခြင်း မဟုတ်ပါလော။
"ဘယ်လိုလဲ ချင်ယွင် ငါ့ကိုတွေ့တော့ အံ့သြသွားလား" ကလေးမလေးသည် ကျယ်လောင် စွာ ရယ်မောလိုက်ပြီး ချင်ယွင်၏ရှေ့တွင် ဖျပ်ခနဲ ပေါ်လာသည်။
"ငါ တကယ်အံ့သြမိတယ်။" ချင်ယွင် ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တုန်းက ထိုကလေးမလေးသည် တကယ်ကို အချိန်ဘိုးဘေးနတ်ဘုရား ဖြစ်နေ သည်။ ဘယ်သူမဆို အံ့သြသွားကြလိမ့်မည်။
"တကယ်တော့ မင်းပြောတဲ့ကလေးမလေးက ငါအစစ်အမှန် မဟုတ်ဘူး။ အဲဒါက ငါ့ရဲ့ လူဝင်စားမှု တစ်ခုပဲ။ သူမကို အမှီအခိုကင်းတဲ့လူတစ်ဦးအဖြစ် သတ်မှတ်လို့ရတယ်။ ငါ့ခန္ဓာကိုယ်က သေမျိုးကမ္ဘာရဲ့ အောက်ပိုင်းကို ဝင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ မင်း သိထားသင့်တယ်။" ကလေးမလေးက ပြုံးပြီး ပြောသည်။
ထိုစကားကိုကြားတော့ ချင်ယွင်သည် တော်တော်ကို သက်သာသွားပါသည်။
အကယ်၍ ထိုကလေးမသည် အချိန်ဘိုးဘေးနတ်ဘုရား၏ မှတ်ဉာဏ်များသာ ရှိနေခဲ့ပါက၊ ချင်ယွင်သည် ထိုအကြောင်းတွေးကြည့်ရုံဖြင့်ပင် ကြောက်ရွံ့မှုကို ခံစားရလိမ့်မည်။
တစ်ချိန်တည်းမှာ, ယင်းက လူတိုင်းက သူ့ကို ထွင်းဖောက်မြင်သွားသည့်အတိုင်းပင်။
"ဒါဆို နောက်ပိုင်း ဘာဖြစ်သွားလဲ။ အဲဒီလူဝင်စား ခန္ဓာကိုယ်ကို ပြန်ယူလိုက်ပြီလား" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။
ကလေးမလေးက ပြုံးပြီး ပြောသည် "ဟုတ်တယ်၊ သူမက မင်းကို အရမ်းကြိုက်တယ်။ တခါတုန်းက သူမက မင်းကိုရှာဖို့ အင်မော်တယ်ကမ္ဘာကို တက်လာခဲ့ဖူးတယ်။ မူလ အချိန်လမ်းကြောင်းအရဆို၊ သူမက အင်မော်တယ်ကမ္ဘာမှာ မင်းနဲ့တွေ့သင့်တယ်။ ဒါပေမယ့် ငါက အချိန်လမ်းကြောင်းကို ပြောင်းပြီး မင်းနဲ့မတွေ့အောင် တားဆီးလိုက်တာ"
"အယ်…" ချင်ယွင် အံ့သြသွားသည်။
ဘာလဲကွာ…။
ဒါက လိုအပ်လို့လား။
လူဝင်စားတဲ့ ခန္ဓာကိုယ်ကို ရပ်တန့်ဖို့အတွက် သူမ တကယ်ပဲ အချိန်လမ်းကြောင်းကို ပြောင်းလဲခဲ့သလား။
မည်သည့် ပြန်လည်ဝင်စားခြင်း ကျင့်ကြံခြင်းနည်းလမ်းမျိုးဖြင့်မှ ပင်မခန္ဓာကိုယ်က ဤလူဝင်စားခြင်းကို အနှောင့်အယှက် မပေးနိုင်ဘူး မဟုတ်လား။
ချင်ယွင်၏ သံသယတွေကို မြင်ပုံရပြီး ကလေးမလေးက ပြုံးကာ ပြောသည် "မူလက ဒီလူဝင်စားခန္ဓာကိုယ်ရဲ့ လမ်းကြောင်းကို ငါ ဝင်မစွက်ဖက်သင့်ဘူး။ ဒါပေမယ့် သူမ လမ်းကြောင်းအတိုင်း ဆက်လျှောက်နေမယ်ဆိုရင် နောက်ဆုံးရလာဒ်က ငါ သူမရဲ့ ဝါးမျိုခြင်းခံရပြီး၊ နောက်ဆုံးမှာ သူမက ငါဖြစ်လာလိမ့်မယ်"
"အယ်၊ လူဝင်စားခန္ဓာကိုယ်က ပင်မခန္ဓာကိုယ်ကို ဝါးမြိုနိုင်တာလား။ လူဝင်စား ခန္ဓာကိုယ် မှာ ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ စွမ်းရည်မျိုး မရှိဘူးလို့ထင်ရတယ် မဟုတ်လား" ချင်ယွင်က သံသယစိတ်ဖြင့် မေးလိုက်သည်။
ပုံမှန်အားဖြင့် လူဝင်စားခန္ဓာကိုယ်သည် ပင်မခန္ဓာကိုယ်၏ လွမ်းမိုးခြင်းခံရပြီး ထိန်းချုပ်ခံရ သည်။ ထို့ကြောင့် ပင်မခန္ဓာကိုယ်ကို မည်သို့ ဝါးမျိုနိုင်မည်နည်း။
'"ဟုတ်ပါတယ်။ ဒါပေမယ့် သူမက မတူဘူး။ သူမက မင်းကို တွေ့တယ်။ မင်းက သူမ ငါ့ကို ဝါးမျိုနိုင်အောင် ကူညီပေးတဲ့လူပဲ။ သူမ မင်းနဲ့တွေ့ပြီးတဲ့နောက်မှာ, သူမက မင်းနဲ့ နှစ်ယောက်အတူတူ နေချင်ခဲ့တယ်။ သူမက လူဝင်စားတစ်ယောက်ဖြစ်တယ်ဆိုတာ သိရှိသွားပြီးတဲ့နောက်မှာ မင်းက သူမကို တကယ့်အစစ်မှန် လူသားတစ်ယောက် ဖြစ်လာ အောင် ကူညီပေးနိုင်ခဲ့တယ်။ သူမ အစစ်မှန်လူသားတစ်ယောက် ဖြစ်လာနိုင်တဲ့ တစ်ခု တည်းသော နည်းလမ်းက သူမအနေနဲ့ ငါ့ကို ဝါးမျိုဖို့ပဲ" အချိန်ဘိုးဘေးနတ်ဘုရားက ပြုံးရင်း ပြောသည်။
ချင်ယွင် မှင်သက်သွားခဲ့ရသည်။
အချိန်ဘိုးဘေးနတ်ဘုရားမသည် ထိုကောင်မလေး၏ အချိန်လမ်းကြောင်းကို ကမောက် ကမ ဖြစ်စေခဲ့ပြီး၊ မူလက သူ့ကိုချစ်နေသော ထိုကောင်မလေး၏အချစ်ကို မမြင်နိုင်အောင် ရှင်းလင်းပစ်လိုက်ပုံရသည်။
သို့သော် ချင်ယွင်သည် ထိုအတွေ့ကြုံကို အများကြီး မခံစားခဲ့သောကြောင့် သူ့စိတ်ထဲတွင် သိပ်ပြီး မခံစားခဲ့ရပေ။
သို့သော် အချိန်ဘိုးဘေးနတ်ဘုရားမ၏နည်းလမ်းက ချင်ယွင်ကို အံ့အားသင့်စေခဲ့သည်။ လေဟာနယ်နှင့်အချိန်ကို ဖြတ်ကျော်ပြီး လူတစ်ယောက်၏ ဘဝလမ်းကြောင်းကို ပြောင်းလဲခြင်း။ ဤနည်းလမ်းသည် ကောင်းကင်ဘုံကို အံတုနိုင်လွန်းသည်။
အချိန်ဘိုးဘေးနတ်ဘုရားမသည် ချင်ယွင်၏အတွေးများကို တစ်ဖန်မြင်တွေ့ခဲ့ရပုံရသည်။ သူမက ပြုံးပြီး ပြောသည် "ငါ့ရဲ့နည်းလမ်းတွေက အရမ်းအစွမ်းထက်ပြီး သမိုင်းကို တကယ်ပြောင်းလဲနိုင်မယ်လို့ မင်းထင်နေတာလား။"
ချင်ယွင် ခေါင်းညိတ်ပြလိုက်သည်။
အချိန်ဘိုးဘေးနတ်ဘုရားသည် ကူရာမဲ့အပြုံးကို ဖော်ပြပြီး ချင်ယွင်အား ရင်ဘတ်အောင့် ပြီး သေလုနီးပါးဖြစ်စေသည့် စကားများကို ပြောပြာလာပါသည်။
"တကယ်တော့ အချိန်ကို ပြောင်းလဲနိုင်ပါတယ်။ ဒါပေမယ့် ငါ့ဘဝရဲ့ လမ်းကြောင်းက ပြောင်းလဲလို့ မရတော့ဘူး။ အဲဒါကို အတင်းအကြပ် ပြောင်းလဲလိုက်တာနဲ့ မှန်းလို့မရတဲ့ အကျိုးဆက်တွေ ရှိလာလိမ့်မယ်။ ဥပမာတစ်ခုအနေနဲ့ဖြင့်, တကယ်လို့, ငါက လူဝင်စား ခန္ဓာကိုယ်ရဲ့ လမ်းကြောင်းကို အတင်းအကြပ် ဝင်ရောက်စွက်ဖက်လိုက်ရင်, ငါမှာ မျှော်လင့်မထားတဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရလိမ့်မယ်။" အချိန်ဘိုးဘေးနတ်ဘုရားမ က ပြောသည်။
"ဘာဘေးထွက်ဆိုးကျိုးတွေလဲ" ချင်ယွင်သည် အချိန်ဘိုးဘေးနတ်ဘုရားမ၏ အဓိပ္ပါယ်ကို အကြမ်းဖျင်း နားလည်နိုင်ပါသည်။
တစ်နည်းဆိုရသော်၊ အချိန်လမ်းကြောင်းကို အတင်းအကျပ် ပြောင်းလဲခြင်းသည် ကြီးမားသည့် တန်ဖိုးတစ်ခုကို ပေးဆပ်ရန်လိုအပ်ပြီး၊ အချိန်ဘိုးဘေးနတ်ဘုရားမသည် ထိုတန်ဖိုးကို ပေးဆပ်ခဲ့ရသည်။
ချင်ယွင်၏အမေးကို အချိန်ဘိုးဘေးနတ်ဘုရားမက ကြားသောအခါ၊ သူမသည် ချင်ယွင်ကို လှည့်ကြည့်လိုက်သည်။ သူမအကြည့်တွေက ရုတ်တရတ် နူးညံ့သိမ်မွေ့လာပြီး သူမက ဖြည်းဖြည်းချင်း ပြောသည် "ငါပေးဆပ်ရတဲ့တန်ဖိုးက ငါက ဝါးမျိုခံလိုက်ရတဲ့ လူဝင်စား ခန္ဓာကိုယ်နေရာမှာ အစားထိုးသွားပြီး မင်းကို ချစ်သွားခဲ့တာပဲ"
"ဖူး...။"
ချင်ယွင်သည် တံတွေးတစ်လုတ် တစ်ဆို့လုနီးပါး ဖြစ်သွားခဲ့ရသည်။