← Chapters

အခန်း ၁၇၈၅

Vol. 119 Ch. 1785

အခန်း ၁၇၈၅

Vol. 119 Ch. 1785

အခန်း (၁၇၈၅) ဒန်းလွှဲပေးပါ။

အချိန်ဘိုးဘေးနတ်ဘုရားမက သူ့ကို ချစ်မိသွားခဲ့သည်။

နောက်နေတာလား?

သို့သော် ထိုကလေးမလေး၏ အကြည့်ကို မြင်လိုက်ရသည့်အခါ သူမသည် နောက်ပြောင် နေခြင်း မဟုတ်ဟု သူ သိလိုက်ရသည်။

"ဒါဆို မင်း ဘာဆက်လုပ်မှာလဲ" ချင်ယွင်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

အချိန်ဘိုးဘေးနတ်ဘုရားမ၏ ချစ်မြတ်နိုးခံရခြင်းက ကောင်းသောကိစ္စ မဟုတ်ပေ။

အကယ်၍, ဘိုးဘေးနတ်ဘုရားတစ်ပါးသည် သူ့ကို သေသည်အထိ တိုက်ခိုက်လိုလျှင်, ဓားကိုအသုံးပြု၍ ရေပြင်ကိုဖြတ်ကျော်ပြီး သူ့ကို သေသည်အထိ တိုက်ခိုက်လာလျှင် မည်သို့ ဖြစ်သွားမည်နည်း။

အချိန်ဘိုးဘေးနတ်ဘုရားမသည် ချင်ယွင်၏အတွေးများကို မြင်နေပုံရသည်။ သူမက ပြုံးပြီး ပြောသည် "မင်း မှန်ပါတယ်။ ငါ မင်းကို သတ်ချင်ပေမယ့် မင်းကိုမေ့ဖို့အတွက် နှစ်သန်းပေါင်း ရာနဲ့ချီပြီး အချိန်ယူရလိမ့်မယ်။ ငါ မင်းရှေ့ကို အကြိမ် အနည်းငယ် ရောက်လာခဲ့ပေမယ့် ငါ ဘယ်လိုမှ မလုပ်နိုင်ခဲ့ဘူး။ နောက်ဆုံးတော့ ငါ လက်လျှော့ရုံပဲ တတ်နိုင်ခဲ့တယ်”

ချင်ယွင်သည် သူ့နှလုံးသားထဲတွင် ကြောက်ရွံ့မှုကို အပြည့်အဝ ခံစားလိုက်ရသည်။

လခွမ်း၊ ထို့ကြောင့် သူသည် သေခြင်းတရားကို အကြိမ်များစွာ နီးနီးကပ်ကပ် ကြုံ့တွေခဲ့ရ သော်လည်း သတိမထားမိခဲ့ပေ။

"ဒါဆို နောက်ပိုင်း ဘာဖြစ်သွားလဲ" ချင်ယွင်က ဆက်မေးသည်။

"နောက်ပိုင်း, ငါ မင်းဆီကနေ ပုန်းအောင်းနေခဲ့ယ်။ ဒါပေမယ့် မင်းကို မတွေ့ဘဲ မနေနိုင် ဘူးဆိုတာ ငါ နားလည်သွားတယ်။ ဒါကြောင့်ပဲ ငါက မင်းအမေကို ရှာတွေ့အောင် ကူညီနိုင်ပြီး၊ မင်းကို ငါ့ဆီ ပြန်လာရှာခိုင်းဖို့ လူအိုကြီးလေဟာနယ်ကို သတင်းပို့ခိုင်းခဲ့ တယ်" အချိန်ဘိုးဘေးနတ်ဘုရားမက ပြုံးပြီး ကျားဆွယ်သေးသေးတစ်ခု ထွက်ပေါ်လာ သည်။

ချင်ယွင် မျက်မှောင်ကြုတ်လိုက်မိသည်။

သူမသိသည့် အကြောင်းအရာတွေ အများကြီးရှိနေမည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။

"ဒါဆို မင်း ငါ့မိဘတွေရဲ့နေရာကို သိပြီးလား မသိသေးဘူးလား" ချင်ယွင်က လေးနက်စွာ မေးလိုက်သည်။

အကယ်၍ ၎င်းသည် အချိန်ဘိုးဘေးနတ်ဘုရားမ သူ့အား ဆွဲဆောင်ရန် အသုံးပြုခဲ့သော နည်းလမ်းတစ်ခုသာ ဖြစ်နေပါက၊ သူသည် အမှန်တကယ်ပင် ဒေါသဖြစ်မိလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော်, သူမုန်းတီးဆုံးအရာက ဤကိစ္စနှင့်ပတ်သက်ပြီး တခြားလူတွေက သူ့ကို လှည့်စားခြင်း ဖြစ်သည်။

"ငါ နည်းနည်းသိပါတယ်။ ဒါပေမယ့် အကုန်လုံးတော့ မဟုတ်ဘူး။" ကလေးမလေးသည် သူမ၏ကျားအစွယ်ကို ထုတ်ပြပြီး ပြုံးပြပြန်သည်။

"မြန်မြန်ပြောစမ်းပါ။" ချင်ယွင်သည် အချိန်ဘိုးဘေးနတ်ဘုရားမ၏ လက်မောင်းကို ချက်ချင်း ဆွဲကိုင်ပြီး မေးလိုက်သည်။

သူသည် သူ့မိဘများ၏နေရာကို ဖြစ်နိုင်သမျှ အမြန်ဆုံး သိရှိနိုင်ရန် အရမ်းကြိုးစားခဲ့ရ သည်။ ယခုအချိန်တွင် အချိန်ဘိုးဘေးနတ်ဘုရားမသည် သဲလွန်စအချို့ကို သိထားသော ကြောင့်၊ သူသည် သဘာဝအတိုင်း လက်လွှတ်မခံနိုင်ပေ။

"ဒါဆို ငါ့ကို နမ်းပေးပါ။ ငါပြောပြမယ်" အချိန်ဘိုးဘေးနတ်ဘုရားမက ပြုံးပြုံးရွှင်ရွှင် အမူအရာဖြင့် ပြောသည်။

ထိုကျားစွယ်လေးများက ထူးထူးခြားခြား သိသာထင်ရှားလှသဖြင့် သူမ၏ ချစ်စဖွယ် မျက်နှာလေးသည် မွှေးကြိုင်သော အနံ့ကို ထုတ်လွှတ်နေသည်။

ထိုအချိန်တွင် ချင်ယွင်သည် အကျပ်ရိုက်နေသည်။

အကယ်၍, သူ့ရှေ့က ကလေးမလေးသည် တကယ့် ကလေးမလေးတစ်ယောက်သာဆိုရင်၊ သူသည် သူမကို လုံးဝ လျစ်လျူရှုပြီး အနမ်းပေးနိုင်ပါသည်။

သို့သော် သူ့ရှေ့တွင်ရှိသော ကလေးမလေးမှာ နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်လာခဲ့သည့် ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေ, ယင်းက ချင်ယွင်အား​ စကား​ ​မ​ပြောနိုင်​​အောင် ​ဖြစ်​​စေခဲ့သည်​။

"ရှပ်…၊ မင်း ဆန္ဒမရှိဘူးဆိုတာ ငါသိပါတယ်။ မင်းမိဘတွေအတွက် ငါ ဘာမဆို လုပ်ပေးမယ်လို့တောင် ပြောခဲ့တယ်။" အချိန်ဘိုးဘေးနတ်ဘုရားမသည် ချင်ယွင်ကို မထီမဲ့မြင်ပြုကာ လျှာထုတ်ပြလိုက်သည်။

ချင်ယွင်သည် ပြောစရာစကားမဲ့နေသည်။

ဒီအဖြစ်အပျက်တွေက ဘယ်လိုမျိုး ပြီးသွားမှာလဲ။ ဤအရာက သူစိတ်ကူးထားသည်နှင့် လုံးဝ မတူပါဘူး။

"ဟေ့ နင်တို့တွေ ပရောပရီလုပ်လို့ ပြီးပြီလား။ မင်းရဲ့ကောင်းကင်ဘုံတံဆိပ်ကို ငါ့ကို ပေးလိုက်တော့။ မင်း ငါ့ကို ပေးပြီးရင် ငါထွက်သွားတော့မယ်။" ဘေးနားက အမှောင်ဘိုးဘေး နတ်ဘုရားမတောင် သည်းမခံနိုင်တော့ဘဲ အေးစက်စက်အသံဖြင့် ပြောလိုက်သည်။

"ကျုပ် ခင်ဗျားကို ပေးနိုင်ပါတယ်။ ခင်ဗျား ကျုပ်ကို နောက်ထပ် အချက်အလက်တစ်ခု ပေးမယ်လို့ ပြောတယ်မဟုတ်လား" ချင်ယွင်သည် ကောင်းကင်ဘုံတံဆိပ်ကို ထုတ်ယူပြီး အမှောင်ဘိုးဘေးနတ်ဘုရားမထံ ပေးလိုက်ပါသည်။

အမှောင်ဘိုးဘေးနတ်ဘုရားမသည် ကောင်းကင်ဘုံတံဆိပ်ကို သိမ်းဆည်းလိုက်ပါသည်။ သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူမက ချင်ယွင်ကိုကြည့်ပြီး ပြောသည် "ငါပေးချင်တဲ့ အဲဒီအချက်အလက်က အရမ်းရိုးရှင်းပါတယ်။ မင်းရှေ့က ဒီကောင်မလေး အကြောင်းပဲ။ ငါ မင်းကို သတိပေးပါရစေ။ သူမရဲ့အစစ်မှန် ပုံစံက လူသားမဟုတ်ဘူး။ သူမက တခြားဘယ်သက်ရှိတွေထက်မဆို အသက်ပိုရှည်တယ်။ မင်းတွေးကြည့်လိုက်ပါ, မင်းရှေ့မှာ နှစ်ပေါင်း မရေတွက်နိုင်အောင် ရှင်သန်နေထိုင်လာတဲ့ မွန်းစတားအိုကြီး တစ်ယောက် ရပ်နေတဲ့ဆိုတဲ့အကြောင်းကို”။

"တော်လောက်ပြီ၊ မင်း အခု ထွက်သွားစမ်း" ကလေးမလေးသည် ချက်ချင်း ဒေါသထွက်သွားသည်။

အမှောင်ဘိုးဘေးနတ်ဘုရားမသည် ပြုံးပြပြီး လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားခဲ့ သည်။

ချင်ယွင်သည် အချိန်ဘိုးဘေးနတ်ဘုရားမကို ကြည့်လိုက်သည်။

အမှောင်ဘိုးဘေးနတ်ဘုရားက ဘာကို ဆိုလိုတာလဲ။

လူသားမဟုတ်ဘူးလား?

အဲဒါဆို ဘာလဲ?

ထို့အပြင်၊ အမှောင်ဘိုးဘေးနတ်ဘုရားမသည် သူမက အချိန်အလွန်ကြာအောင် တည်ရှိခဲ့ ကြောင်း ပြောကြားခဲ့သည်။ သူမ ဘယ်လောက် ကြာကြာရှင်သန်နေထိုင်ခဲ့တာလဲ။

"ငါ့ရဲ့အစစ်အမှန်ပုံစံက ဘာလဲလို့ မင်း သိချင်နေတာမလား။" ကလေးမလေးသည် ချင်ယွင်ဘက်သို့ ရုတ်တရက် လှည့်လာပြီး မေးသည်။

သို့သော် ယခုတစ်ကြိမ်တွင် သူမ၏ ကျားအစွယ်လေးများကို ထပ်မံ ထုတ်ဖော် ပြောကြား ခြင်း မရှိပေ။ ယင်းအစား သူမ၏အမူအရာက လေးနက်လာသည်။

ချင်ယွင် ခေါင်းခါပြလိုက်သည်။

သူ တကယ် ဂရုစိုက်သည့်အရာက သူ့မိဘများ ရောက်ရှိနေသည့်နေရာ ဖြစ်နေတုန်းပင်။ အချိန်ဘိုးဘေးနတ်ဘုရားမ၏ အစစ်အမှန်ပုံစံကို သူသိချင်သော်လည်း ၎င်းကို နက်ရှိုင်းစွာ မစူးစမ်းချင်တော့ပေ။

ကလေးမလေး၏ မျက်နှာက စိတ်ပျက်အားငယ်မှုနှင့်အတူ ကိုယ့်ကိုယ်ကို သရော် လှောင်ပြောင်မှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူမက ချင်ယွင်ကို ကြည့်ကာ ပြောသည် "ကောင်းပြီ၊ မင်း ငါ့နောက်ကို သုံးရက်လိုက်ခဲ့။ သုံးရက်ပြီးရင် ငါသိသမျှ ပြောပြမယ်"

ချင်ယွင်သည် မသိစိတ်မှ မျက်မှောင်ကြုတ်လိုက်သည်။

သုံးရက်လား?

ဒီသုံးရက်အတွင်း ဘာတွေ လုပ်မှာလဲ။

"စိတ်မပူပါနဲ့။ မင်းကို အရှက်ရစရာကိစ္စ ဘာတစ်ခုမှ မလုပ်ခိုင်းဘူး။ အခု မင်းဘေးမှာ မိန်းမနှစ်ယောက် ရှိနေတယ်။ မင်း လုပ်ချင်ရင်တောင် ငါ သဘောမတူဘူး။" အချိန် ဘိုးဘေးနတ်ဘုရားမက ပြောသည်။

ချင်ယွင်သည် ထိုစကားကိုကြားတော့ သူက သဘောတူလိုက်ပါသည် "ကောင်းပြီ၊ ဒါဆို မင်းနဲ့အတူ ဒီမှာ သုံးရက်နေမယ်လို့ ကတိပေးတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ မင်း ငါ့မိဘတွေရဲ့ နေရာကို ငါ့ကို ပြောပြရမယ်။ မဟုတ်ရင် ရှိသမျှနည်းလမ်းတွေ အကုန်သုံးပြီး မင်းကို သတ်ပစ်မယ်"

အချိန်ဘိုးဘေးနတ်ဘုရားက သူမ၏ကျားအစွယ်လေးတွေကို တဖန်ဖွင့်ပြပြီး ပြုံးသည် "ဒါက သဘောတူညီမှုတစ်ခုပဲ"

ချင်ယွင်၏အမူအရာလည်း သက်သာရာရသွားသည်။

သူ့ရှေ့က ဤဘိုးဘေးနတ်ဘုရားအကြောင်းကို သူ များများစားစား မတွေးနိုင်ပါဘူး။

"ငါတို့ ဘာဆက်လုပ်ကြမလဲ" ချင်ယွင် ရုတ်တရက် မေးလိုက်သည်။

ကလေးမလေးသည် စဉ်းစားဟန်အမူအရာကို ထုတ်ဖော်လိုက်သည်။ နောက်ဆုံးတွင်၊ သူမ၏မျက်လုံးများက တောက်ပလာကာ၊ သူမ၏ကျားသွားလေးတွေကို အလွန်သိသာ ထင်ရှားစွာ ပေါ်လွင်စေသည်။ သူမက ပြောသည် "ငါ့ကို ဒန်းလွှဲပေးပါ။"

ချင်ယွင်သည် စကားမပြောနိုင် ဖြစ်သွားရသည်။ သူသည် စကြာဝဠာ၏ အုပ်စိုးရှင်ဖြစ်ပြီး၊ လျှို့ဝှက်ဆန်းကြယ်သော အချိန်ဘိုးဘေးနတ်ဘုရားမကို ဒန်းလွှဲပေးရမည်လား။

စာစဉ် (၁၁၉) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters