← Chapters

အခန်း ၁၇၈၆

Vol. 120 Ch. 1786

အခန်း ၁၇၈၆

Vol. 120 Ch. 1786

အဓိပတိအင်မော်တယ်သခင် စာစဉ် (၁၂၀)

ဘာသာပြန်သူ နေဇင်။

အခန်း (၁၇၈၆) လျှို့ဝှက်ချက်

ချင်ယွင်သည် အချိန်ဘိုးဘေးနတ်ဘုရားမနှင့် သုံးရက်လုံးလုံး ကစားပေးခဲ့သည်။

ဤသုံးရက်အတွင်း၊ အချိန်ဘိုးဘေးနတ်ဘုရားမသည် ချင်ယွင်ကို ကလေးငယ်တစ်ဦး အဖြစ် အပြည့်အဝ ဆက်ဆံခဲ့ပြီး၊ ချင်ယွင်အား သူမနှင့်အတူ ကစားခွင့်ပေးခဲ့သည်။

ချင်ယွင်သည် အသက်အသက်မကြီးသေးသော်လည်း၊ သူသည် ထိုကဲ့သို့ ကလေးဆန်သော ကစားနည်းများတွင် သူ့ကိုယ်သူ အံဝင်ခွင်ကျ မရှိသေးပေ။

ကံကောင်းထောက်မစွာ၊ သူသည် ဤသုံးရက်ကို ခံနိုင်ရည်ရှိနေဆဲ ဖြစ်သည်။

"လာ၊ ငါ မင်းကို အကုန်ပြောပြမယ်။ လွန်ခဲ့တဲ့သုံးရက်လုံးလုံး မင်းအနေနဲ့ ငါနဲ့အတူ ရှိနေရတာ မလွယ်ဘူးဆိုတာ ငါသိပါတယ်။ မင်း မေးစရာရှိတာမှန်သမျှ မေးပါ။" အချိန်ဘိုးဘေးနတ်ဘုရားမသည် ဒန်းပေါ်တွင်ထိုင်ကာ သူမလေသံသည် ကလေးဘဝမှ အသက်ကြီးသူတစ်ယောက်အဖြစ်သို့ ရုတ်တရက် ပြောင်းသွားခဲ့သည်။

ချင်ယွင်က ရှိုက်ကြီးတငင် ပြုံးလိုက်သည်။

ဤသုံးရက်သည် အနှစ်သုံးသောင်း ကျင့်ကြံရခြင်းထက်ပင် ပိုခက်ခဲပါသည်။

"ငါ့မိဘတွေ ဘယ်မှာလဲ" ချင်ယွင်က သူ့စိတ်ကို အမြန်ပြင်ဆင်ပြီး မေးလိုက်သည်။

သူအစိုးရိမ်ဆုံးက သူ့မိဘတွေ ဖြစ်သည်။

အဆုံးတွင်, သူသည် သူ့မိဘတွေကို ရှာဖွေရန် အချိန်အတော်ကြာအောင် ကြိုးစားခဲ့ရ သည်။

ယခုအချိန်တွင်၊ အချိန်ဘိုးဘေးနတ်ဘုရားမသည် သူ့အတွက် တစ်ခုတည်းသော သဲလွန်စ ဖြစ်သည်။

"မင်းရဲ့မိဘတွေက အခုချိန်မှာ အကြီးမြတ်ဆုံး အုပ်စိုးရှင်တိုက်ကြီးရဲ့ နှလုံးသားနယ်မြေမှာ ရှိနေတယ်။" အချိန်ဘိုးဘေးနတ်ဘုရားမက ပြောသည်။

"အယ်၊ အကြီးမြတ်ဆုံး အုပ်စိုးရှင်တိုက်ကြီးရဲ့ အလယ်ဗဟိုမှာလား။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ ငါ့မိဘတွေ ဘယ်လိုလုပ် အဲဒီမှာ ရှိနေနိုင်မှာလဲ" ချင်ယွင်က အံ့သြသည့် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။

သူ့ခမည်းတော်သည် အင်မော်တယ်ဧကရာဇ်တစ်ပါးမျှသာ ဖြစ်ပြီး နတ်ဘုရားနယ်ပယ်သို့ ပင် မဝင်ရောက်နိုင်ခဲ့ပေ။ သူသည် အကြီးမြတ်ဆုံး အုပ်စိုးရှင်တိုက်ကြီး၏ အတွင်းပိုင်းကို မည်သို့ ဝင်ရောက်နိုင်မည်နည်း။

သူ့အမေအတွက်က ပို၍ပင် မဖြစ်နိုင်ပါဘူး။

သူမသည် သာမန် သေမျိုးတစ်ဦးသာ ဖြစ်သည်။

"ဟုတ်တယ်၊ သူတို့အနေနဲ့ အကြီးမြတ်ဆုံး အုပ်စိုးရှင်တိုက်ကြီးရဲ့ အတွင်းပိုင်းကို ဝင်ဖို့က မဖြစ်နိုင်ဘူးပေါ့။ သူတို့က အဖမ်းခံထားရတာ။" အချိန်ဘိုးဘေးနတ်ဘုရားမက ပြောသည်။

"ဖမ်းခံရတယ်၊ ဘယ်သူ ဖမ်းတာလဲ။" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

"ကောင်းကင်ဘုံတန်ခိုးရှင်…" အချိန်ဘိုးဘေးနတ်ဘုရားမသည် စကားလုံးနှစ်လုံးကို ထုတ်ဖော်လိုက်ပါသည်။

"ကောင်းကင်ဘုံတန်ခိုးရှင်လား။ ဒီစကြဝဠာသခင်လား" ချင်ယွင်သည် အံ့သြသည့် အမူအရာကို ထပ်မံ ထုတ်ဖော်လိုက်မိပါသည်။

"ကြည့်ရတာ ငါ့ခန့်မှန်းချက်က မှန်နေပုံပဲ။ မင်းလည်း စကြဝဠာကျင့်ကြံသူတစ်ဦးပဲ။ မဟုတ်ရင် တခြားဘယ်သူမှ စကြဝဠာရဲ့ သဘောတရားကို သိမှာ မဟုတ်ဘူး။" အချိန် ဘိုးဘေးနတ်ဘုရားမက ရယ်မောလိုက်ပါသည်။

ချင်ယွင် မှင်သက်သွားခဲ့သည်။

ဘိုးဘေးနတ်ဘုရားမသည် စကြဝဠာအကြောင်း သိထားပြီး၊ သူက စကြဝဠာ ကျင့်ကြံသူ တစ်ဦးဖြစ်ကြောင်းကို မှန်းဆနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"တကယ်တော့၊ ငါက အဲဒီတုန်းက ပန်ဂုနဲ့ မိုးပြာဧကရာဇ်တို့ကို စကြဝဠာ ကျင့်ကြံမူ လမ်းကြောင်းပေါ် စတင်ဖို့ လှုံ့ဆော်ခဲ့တာပဲ။ အချိန်ဘိုးဘေးနတ်ဘုရားမက သူမ၏ ကျားအစွယ်တွေကို ထုတ်ပြပြီး ပြောသည်။

"အယ်…" ချင်ယွင်သည် ထပ်မံ ထိတ်လန့်သွားပြီး အချိန်ဘိုးဘေးနတ်ဘုရားမကို ကြည့်လိုက်ရင်း သူ့အမူအရာက အလွန်မင်း တုန်လှုပ်သွားခဲ့သည်။

ပန်ဂုနှင့် မိုးပြာဧကရာဇ်တို့ကို အချိန်ဘိုးဘေးနတ်ဘုရားမက ညွှန်ကြားခဲ့တာလား။

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။

"မင်းက အတိအကျ ဘယ်သူလဲ။ ကောင်းကင်ဘုံတန်ခိုးရှင်က ငါ့မိဘတွေကို ဘာလို့ ဖမ်းတာလဲ။" ချင်ယွင်သည် အချိန်ဘိုးဘေးနတ်ဘုရားမ၏ အဖြေကိုကြားပြီးနောက်၊ သူ့စိတ်ထဲတွင် သံသယများ လျော့မသွားသည့်အပြင် တိုးလာခဲ့သည်။

"တကယ်တော့၊ ငါက အကြီးမြတ်ဆုံး အုပ်စိုးရှင်တိုက်ကြီးရဲ့ နှလုံးသားနယ်မြေကနေ တိတ်တဆိတ် လွတ်မြောက်လာခဲ့တဲ့ အချိန်အမျိုးစား အုပ်စိုးရှင်အဆင့် နတ်ဘုရားပစ္စည်း တစ်ခုရဲ့ ပစ္စည်းဝိညာဉ်တစ်ယောက်ပဲ။ ငါထွက်လာပြီးနောက်မှာ လူသားတစ်ဦးကို သိမ်းပိုက်ဖို့ ငါ ရှာတွေ့ခဲ့တယ်။ အဲဒါက ငါ့ရဲ့ လက်ရှိခန္ဓာကိုယ်ပဲ။" အချိန် ဘိုးဘေး နတ်ဘုရားမက ပြန်ဖြေသည်။

"အချိန်အမျိုးစား အုပ်စိုးရှင်အဆင့် နတ်ဘုရားပစ္စည်းလား။ ပစ္စည်းဝိညာဉ်လား" ချင်ယွင်၏ မျက်လုံးများက ပြူးကျယ်သွားလေသည်။

ဒီအချိန်မှာ ဘိုးဘေးဘုရားမှာ ဒီလိုသမိုင်းမျိုးရှိဖို့ ငါမမျှော်လင့်ထားဘူး။

အမှန်တကယ်ပင် သူသည် အကြီးမြတ်ဆုံး အုပ်စိုးရှင်တိုက်ကြီး၏ အတွင်းပိုင်းမှ ထွက်ပြေးလာခဲ့သည်။

"ဒါဆိုရင် မင်းရဲ့ အစစ်မှန်ပုံစံက အကြီးမြတ်ဆုံး အုပ်စိုးရှင်တိုက်ကြီးရဲ့ နှလုံးသား နယ်မြေထဲမှာ ရှိနေတုန်းပဲလား။ ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

အချိန်ဘိုးဘေးနတ်ဘုရားမ ခေါင်းညိတ်ပြသည်။

"ဒါဆို မင်း ဘယ်လို ထွက်လာခဲ့တာလဲ" ချင်ယွင်က ဆက်မေးသည်။

အချိန်ဘိုးဘေးနတ်ဘုရားမက ပြုံးပြီး ပြောသည် "မင်းလိုပဲ စကြာဝဠာကြီးရဲ့အရှင်သခင် လက်ထဲကနေ ခိုးထွက်ခဲ့တာပဲ။ သူ ငါ့ရဲ့ဖြစ်တည်မှုကို ရှာမတွေ့ခဲ့ဘူး"။

ချင်ယွင် ရုတ်တရက် ခေါင်းညိတ်လိုက်သည်။

အကယ်၍ သူသည် အကြီးမြတ်ဆုံး အုပ်စိုးရှင်တိုက်ကြီး၏ အတွင်းပိုင်းသို့ အရင်ဆုံး ဝင်ရောက်နိုင်သူ ဖြစ်ပါက၊ သူသည် သဘာဝအတိုင်း စကြဝဠာကို အုပ်စိုးသူ ဖြစ်လာလိမ့် မည်။

"ဒါဆို ဒီစကြဝဠာသခင်က ငါမိဘတွေကို ဘာလို့ ဖမ်းတာလဲ။" ချင်ယွင်က အံ့သြတကြီး မေးသည်။

အချိန်ဘိုးဘေးနတ်ဘုရားမက ရယ်မောပြီး ပြောသည် "အဲဒါကတော့ တချိန်တုန်းက မင်းအမေက အဲဒီအကြီးမြတ်ဆုံး အုပ်စိုးရှင်တိုက်ကြီးရဲ့ အစစ်မှန် အရှင်သခင်တစ်ဦး ဖြစ်ဖူးလို့ပဲ။ တစ်နည်းပြောရရင် မင်းအမေဟာ သူမအရင်ဘဝက အကြီးမြတ်ဆုံး အုပ်စိုးရှင်တစ်ဦးပဲ”။

"အကြီးမြတ်ဆုံး အုပ်စိုးရှင်လား။ ငါ့အမေက အကြီးမြတ်ဆုံး အုပ်စိုးရှင်တစ်ဦးလား" ချင်ယွင်သည် ထိတ်လန့်သော အမူအရာကို ထုတ်ဖော်လိုက်မိသည်။

သူသည် ယခုလိုအခြေအနေမျိုး အမှန်တကယ် မွေးဖွားလာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးခဲ့မိပါဘူး။

သူ့အမေသည် သာမန်သေမျိုးတစ်ဦးဟု သူ အမြဲတွေးထားခဲ့သော်လည်း သူမ အရင်ဘဝတုန်းက သူမသည် အကြီးမြတ်ဆုံး အုပ်စိုးရှင်တစ်ဦး ဖြစ်ခဲ့ဖူးသည်။

"ကောင်းကင်ဘုံတန်ခိုးရှင်က အကြီးမြတ်ဆုံး အုပ်စိုးရှင်တိုက်ကြီးထဲမှာ ငါ့အမေထားခဲ့တဲ့ တစ်ခုခုကို ရယူဖို့အတွက် ငါ့မိဘတွေကို ပြန်ပေးဆွဲခဲ့တာလား" ချင်ယွင်က မေးသည်။

"မှန်ပါတယ်။ မင်းအမေ မသေခင်မှာ သူ့အမွေနှစ်တွေအားလုံးကို အဲဒီတိုက်ကြီးရဲ့ နှလုံးသားထဲမှာ ထားခဲ့တယ်။ ပြီးတော့ ဒီစကြဝဠာအုပ်စိုးရှင်က မင်းအမေရဲ့ အမွေနှစ်ကို အမြဲတမ်း လိုချင်တောင့်တခဲ့တယ်။ ဒါ့အပြင်, မင်းဆီကနေ အမွေရယူဖို့ နည်းလမ်းကို လိုချင်ပေမယ့် မအောင်မြင်ခဲ့ဘူး။" အချိန်ဘိုးဘေးနတ်ဘုရားမက ပြောသည်။

ချင်ယွင် မျက်မှောင်ကြုတ်လိုက်သည်။

"ဒါဆို ငါ့အမေက ငါ့ကို အမွေပေးဖို့ သော့ပေးတယ်လို့ မင်း ပြောလိုတာလား။" ချင်ယွင်က ဆက်ပြီး ခန့်မှန်းလိုက်သည်။

အချိန်ဘိုးဘေးနတ်ဘုရားမက ပြုံးပြီး ပြောသည် "မှန်တယ်၊ မင်းအမေက အဲဒီတုန်းက ကန့်သတ်ချက်တစ်ခု ချထားခဲ့တယ်။ အထူးသွေးမျိုးဆက်ကို ပိုင်ဆိုင်သူကပဲ အဲဒီအမွေကို ဖွင့်ပေးနိုင်တယ်။ ပြီးတော့, အခုချိန်မှာ မင်းတစ်ယောက်ပဲ အဲဒီသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ်"။

"ဒါဆို ကောင်းကင်ဘုံတန်ခိုးရှင်က ဘာလို့ ငါ့ကို ပြန်ပေးမဆွဲတာလဲ" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"အဲဒါက မင်းအမေရဲ့ ကန့်သတ်မှုကြောင့် မင်းရဲ့သွေးမျိုးဆက်က မနိုးထနိုင်သေးဘူး။ ဒါ့အပြင် သူနဲ့ငါပဲ ဒီကိစ္စကို သိတယ်။ မင်းရဲ့ လက်ရှိအမေတောင်မှ သူမက လူဝင်စား တစ်ဦးဖြစ်တာကြောင့် သူမမှတ်ဉာဏ်တွေ ဆုံးရှုံးသွားခဲ့ပြီ။ ဒါကြောင့် ကောင်းကင်ဘုံ တန်ခိုးရှင်က အရင်က မင်းကို အကြိမ်ပေါင်းများစွာ စူးစမ်းဖူးပေမယ့် နောက်ဆုံးတော့ အားလုံး မအောင်မြင်ခဲ့ဘူး။” အချိန်ဘိုးဘေးနတ်ဘုရားမက ရှင်းပြသည်။

ထိုစကားကိုကြားတော့ ချင်ယွင်သည် နောက်ဆုံး နားလည်သွားခဲ့သည်။

အရင်ဘဝက သူ့အမေသည် သူ့ကို ကာကွယ်ပေးခဲ့ခြင်း ဖြစ်သည်။

All Chapters