အခန်း ၁၇၈၇
Vol. 120 Ch. 1787
အခန်း (၁၇၈၇) ကောင်လေးနှင့် ကောင်မလေး။
အချိန်ဘိုးဘေးနတ်ဘုရားမ၏ စကားများကို ကြားပြီးနောက်, ချင်ယွင်သည် ဖြစ်ပျက် နေသမျှကို အကြမ်းဖျင်း နားလည်နေပြီ ဖြစ်သည်။
စကြဝဠာသခင် သူ့အမေကို ဖမ်းထားရသည့် အကြောင်းရင်းက အကြီးမြတ်ဆုံး အုပ်စိုးရှင် အမွေနှစ်ကို ဆက်ခံလိုသောကြောင့် ဖြစ်ပါသည်။
သူ့အမေကို ရှာသည့်လူက စကြာဝဠာသခင်ဖြစ်မှန်း သူ့အဖေ မသိပေ။ သူ့အမေထံမှ လျှို့ဝှက်ချက်ကို ရှာဖွေလိုသော ကျွမ်းကျင်ပညာရှင်တစ်ဦးဟုသာ သူ ထင်ထားခဲ့သည်။
ထို့အပြင်၊ ဤလျှို့ဝှက်ချက်သည် ချင်ယွင်ကို ထိခိုက်နိုင်ဖွယ်ရှိသောကြောင့်၊ သူသည် ချင်ယွင်ကို သေမျိုးကမ္ဘာထဲသို့ တွန်းပို့ကာ သူ့မှတ်ဉာဏ်များကို တိတ်တဆိတ် ချိတ်ပိတ် ပြီး၊ အေးချမ်းစွာ ရှင်သန်နေထိုင်နိုင်စေရန် ရည်ရွယ်ခဲ့သည်။
ထို့သို့ဆိုလျှင် လျှို့ဝှက်ဆန်းကြယ်သော ထိုကျွမ်းကျင်ပညာရှင်သည် ချင်ယွင်ကို ရှာတွေ့နိုင်မည် မဟုတ်ဟု သူ ထင်ထားခဲ့သည်။
အမှန်တော့၊ သူလုပ်သမျှ လှုပ်ရှားမှုတိုင်းကို စကြာဝဠာသခင်က စောင့်ကြည့်နေသည်ကို သူ မသိရှာပါဘူး။
သို့သော်၊ စကြာဝဠာသခင်သည် ချင်ယွင်၏ခန္ဓာကိုယ်တွင် သူအလိုရှိသော မည်သည့် အရာကိုမျှ ရှာမတွေ့ခဲ့ပေ။
သို့သော် သူ့အဖေကိုလည်း ခေါ်သွားခဲ့သည်။
နောက်ပိုင်းတွင် ချင်ယွင် တဖြည်းဖြည်း ကြီးပြင်းလာသောအခါ စကြာဝဠာ ကောင်းကင်ဘုံ တန်ခိုးရှင်သည်လည်း သူ့ကိုယ်ပိုင်ပြဿနာများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။
အကြီးမြတ်ဆုံးအုပ်စိုးရှင်တိုက်ကြီး၏ နှလုံးသားမှ ကန့်သတ်ချက်များကြောင့် သူသည် ထိခိုက်ဒဏ်ရာရသွားပုံရသည်ဟု အချိန်ဘိုးဘေးနတ်ဘုရားမက ပြောခဲ့သည်။
အခုတော့ သူ့ကိုယ်သူ ကာကွယ်ဖို့ပင် ခက်ခဲနေခဲ့ပြီ။
"ဒါဆို ငါ့ခန္ဓာကိုယ်ထဲက သွေးမျိုးဆက်ကို ဘယ်လိုဖွင့်ရမှာလဲ" ချင်ယွင်က အချိန်ဘိုးဘေးနတ်ဘုရားမကို မေးသည်။
"မင်း တွေ့ထားတဲ့ အနက်ရောင် ကျောက်တုံး ၁၁ တုံးကို မှတ်မိသေးလား။" အချိန်ဘိုးဘေးနတ်ဘုရားမက ပြောသည်။
ချင်ယွင်က ခေါင်းညိတ်ပြလိုက်သည်။
အကြီးမြတ်ဆုံးအုပ်စိုးရှင် အမွေနှစ်ကို ဖွင့်လှစ်ရန် သော့သည် ဤအနက်ရောင် ကျောက်တုံးများနှင့် ဆက်စပ်နေသလား။
"မင်းရဲ့ ခန့်မှန်းချက်က မှန်တယ်။ ဒီကျောက်တုံးတွေက အကြီးမြတ်ဆုံးအုပ်စိုးရှင် စကြာဝဠာရဲ့ အတွင်းပိုင်းကို ဝင်ရောက်ဖို့ သော့ချက်ပဲ။ တစ်ချိန်တည်းမှာပဲ၊ အဲဒါက မင်းရဲ့ ခန္ဓာကိုယ်ထဲက အုပ်စိုးရှင်သွေးမျိုးဆက်ကိုဖွင့်ဖို့ သော့လည်း ဖြစ်တယ်။ အဲဒီသွေးမျိုး ဆက်ကို မင်းရရှိပြီးတာနဲ့ မင်းက အကြီးမြတ်ဆုံး အုပ်စိုးရှင် အမွေနှစ်ကိုလည်း ရရှိမှာဖြစ် ပြီး၊ အကြီးမြတ်ဆုံး အုပ်စိုးရှင်မျိုးဆက်သစ်တစ်ဦး ဖြစ်လာလိမ့်မယ်" အချိန်ဘိုးဘေး နတ်ဘုရားမက လေးနက်စွာ ဖြေသည်။
"အယ်၊ အဲဒီအကြီးမြတ်ဆုံး အုပ်စိုးရှင်နယ်ပယ်က ဘယ်လိုမျိုးလဲ။ နောက်ပြီး သူမက အကြီးမြတ်ဆုံး အုပ်စိုးရှင်တိုက်ကြီးရဲ့ အတွင်းပိုင်းကလာခဲ့တာ။ သူမက ဘယ်သူလဲ။" ချင်ယွင်က မေးသည်။
သူ့စိတ်ထဲမှာ အတင့်ရဲသည့်အကြံတစ်ခု ရှိနေပါသည်။
သို့သော် သူ မပြောနိုင်သေးပေ။
"မင်း အတွေးလွန်နေတာပါ။ သူမက မင်းအမေရဲ့ခန္ဓာကိုယ်မဟုတ်ဘူး။ သူမက မင်းအမေရဲ့အနားက အစေအပါးတစ်ဦးပဲ။ ဒါပေမယ့် ဒီအကြီးမြတ်ဆုံး အစေပါးက စကြဝဠာသခင် အထက်မှာ ရှိနေတယ်။" အချိန်ဘိုးဘေးနတ်ဘုရားမက ပြောသည်။
ချင်ယွင် အံ့သြသွားသည်။ ချင်ရီသည် ထိုအချိန်က သူ့မိခင်၏ အစေပါးဖြစ်ခဲ့မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"အကြီးမြတ်ဆုံး အုပ်စိုးရှင်နယ်ပယ်က ဘယ်လိုမျိုးလဲဆိုတာ မင်း မပြောသေးဘူးနော်။" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။
"ဟင်း...ကောင်စုတ်လေး၊ မင်း အခုထိ နားမလည်သေးဘူးလား၊ အကြီးမြတ်ဆုံး အုပ်စိုးရှင်နယ်ပယ်ဆိုတာ စကြာဝဠာသခင်တွေရဲ့ အထက်မှာ ရှိနေတယ်။ တစ်ချိန်တည်း မှာပဲ၊ သူတို့က စကြဝဠာပင်လယ်ထဲက စကြဝဠာသုံးနိုင်ငံရဲ့ အုပ်စိုးရှင်တွေပဲ။" လျှိုဘို၏ အသံက ချင်ယွင်၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။
"စကြာဝဠာအုပ်စိုးရှင် အထက်မှာလား..၊ စကြာဝဠာသုံးနိုင်ငံကို အုပ်စိုးတာလား" ချင်ယွင် အံ့သြသွားသည်။
သူ့အမေမှာ ယခုလိုနောက်ခံမျိုး ရှိနေမည်ဟု သူ မမျှော်လင့်ထားပါဘူး။
"ဒါဆို, အဲဒီတုန်းက ငါ့အမေဟာ ဘာလို့ ကျရှုံးသွားခဲ့တာလဲ။ တခြားစကြာဝဠာနိုင်ငံနှစ်ခုရဲ့ သခင်တွေနဲ့ ပတ်သက်နေမလား" ချင်ယွင် မှန်းဆလိုက်သည်။
"မင်း မတုံးတော့ဘူးပဲ။ အဲဒါက တခြားစကြဝဠာနိုင်ငံနှစ်ခုက မင်းအမေကို ရင်ဆိုင်ဖို့ အင်အားပူးပေါင်းခဲ့တာကြောင့်ပဲ။ မင်းအမေလည်း စကြဝဠာပင်လယ်ရဲ့ အစွန်းဖျားကို ထွက်ပြေးဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး။ သူမက ဝေးလံခေါင်သီတဲ့ စကြာဝဠာ အစွန်ဖျားမှာ တိုက်ကြီးတစ်တိုက်ကို ဖန်တီးခဲ့ပြီး၊ သူမရဲ့အမွေနှစ်ကို ချန်ထားခဲ့ကာ၊ သူမစိတ်ဝိညာဉ်ကို ဒီစကြာဝဠာမှာ ပြန်လည်ဝင်စားခဲ့တာပဲ။" လျှိုဘို၏အသံက ဆက်၍ ထွက်ပေါ်လာသည်။
အချိန်ဘိုးဘေးနတ်ဘုရားမသည် ချင်ယွင်ကို ဘေးမှ ကြည့်နေသည်။ လျှိုဘို၏စကားများ ကို သူမကြားရသည်မှာ သိသာထင်ရှားပါသည်။
အချိန်ဘိုးဘေးနတ်ဘုရားမနှင့် လျှိုဘိုတို့သည် အသိအကျွမ်းဟောင်းများပင် ဖြစ်ပုံရသည်။
"ဒါဆို, နောက်ပိုင်း ဘာဖြစ်သွားလဲ။" ချင်ယွင်သည် ဖြစ်စဉ်တစ်ခုလုံးကို အဖြေရှာလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
"အခုအချိန်မှာ၊ မင်းအတွက် အရေးကြီးဆုံးက ၁၂ ခုမြောက် အနက်ရောင် ကျောက်တုံးကို ရှာတွေ့ဖို့ပဲ။ အဲဒါကို ရှာတွေ့မှပဲ မင်းရဲ့သွေးမျိုးဆက်ကို ဖွင့်ပြီး၊ အကြီးမြတ်ဆုံး အမွေနှစ် ကို ရယူနိုင်မှာ။ ဒီနည်းနဲ့ပဲ, မင်းအနေနဲ့ ကောင်းကင်ဘုံတန်ခိုးရှင်ကို အနိုင်ယူပြီး၊ မင်းမိဘတွေကို ကယ်တင်နိုင်မှာ။" အချိန်ဘိုးဘေးနတ်ဘုရားမက ပြောသည်။
ချင်ယွင် ခေါင်းညိတ်လိုက်သည်။
သို့သော်, ထိုအနက်ရောင် ကျောက်တုံးကို ဘယ်မှာ သွားရှာရမည်နည်း။
ဤစကြဝဠာကြီးက အရမ်းကို ကြီးမားသည်။ ထိုအနက်ရောင် ကျောက်တုံး မည်သည့် နေရာရောက်နေသည်ကို မည်သူ သိမည်နည်း။
"အဲဒီအနက်ရောင် ကျောက်တုံးက ဘယ်မှာလဲဆိုတာ ငါသိတယ်။ လက်ရှိမှာ အဲဒီ ကျောက်တုံးက ဘိုးဘေးနတ်ဘုရားတစ်ပါးရဲ့ လက်ထဲမှာ ရှိနေတယ်။ ဒါပေမယ့် ဒီဘိုးဘေးနတ်ဘုရားက ကိုင်တွယ်ဖြေရှင်းဖို့ မလွယ်ဘူး။ သူက အလုံစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်သင့်တယ်။ သူ့လက်အောက်မှာ ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်အဖွဲ့လည်း ရှိနေတယ်။" အချိန်ဘိုးဘေး နတ်ဘုရားမက ပြောသည်။
"အိုး ဘယ်သူလဲ" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။
"ကြွေလွင့်ဘိုးဘေးနတ်ဘုရားပဲ။" အချိန်ဘိုးဘေးနတ်ဘုရားမက ပြန်ဖြေသည်။
"ကြွေလွင့်ဘိုးဘေးနတ်ဘုရား၊ ငါ ဘာလို့ သူ့အကြောင်းကို အရင်က မကြားဖူးတာလဲ။" ချင်ယွင်က ပဟေဠိဆန်သည့် အမူအရာကို ဖော်ပြလိုက်ပါသည်။
အစောပိုင်းက အခြားအဘိုးအိုတစ်ဦးသည် ထိုအနက်ရောင်ကျောက်တုံးကို ယူသွားခဲ့သည့် သတင်းကို သူ ကြားခဲ့ရသည်။ ကြွေလွင့်ဘိုးဘေးနတ်ဘုရားက ထိုအဘိုးအိုထံကနေ သိမ်းယူသွားခြင်းများ ဖြစ်နိုင်မလား။
“ဘယ်လောက်ပဲ ခက်ခဲနေပါစေ, ငါ့မိဘတွေရဲ့ လုံခြုံမှုမူအတွက် သူ့ကို ငါ သွားရှာမယ်။” ချင်ယွင်က ပြတ်ပြတ်သားသား ပြောသည်။
အချိန်ဘိုးဘေးနတ်ဘုရားမ ခေါင်းညိတ်လိုက်သည်။
"ဒါပေမယ့် စိတ်မပူပါနဲ့။ ငါက အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေး နတ်ဘုရားတစ်ပါး မဟုတ်ပေမယ့် မင်းကိုကူညီဖို့ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားတစ်ပါးကို ရှာတွေ့အောင် ငါ ကူညီပေးနိုင်တယ်။ ဒီအကြောင်း ပြောရရင်, မင်းလည်း သူ့ကို သိနေတုန်းပါပဲ။" အချိန်ဘိုးဘေးနတ်ဘုရားမက ပြောသည်။
"အိုး…၊ ငါ သူ့ကို သိတာလား" ချင်ယွင်က အံ့သြသည့် အမူအရာကို ဖော်ပြလာသည်။
"ဟား...၊ ဟား...၊ ချင်ယွင်၊ မတွေ့တာ ကြာပြီနော်။" ထိုအချိန်တွင် ကျယ်လောင်သော ရယ်မောသံက ထွက်ပေါ်လာသည်။
ထို့နောက် ကလေးနှင့်တူသော လူငယ်တစ်ဦးသည် လေဟာနယ်ထဲမှ ထွက်လာခဲ့သည်။
"တွန်ဒီလား" ချင်ယွင် အံ့ဩသွားသည်။
အချိန်ဘိုးဘေးနတ်ဘုရားမပြောသည့် ထိုလူသည် အမှန်ပင် အင်မော်တယ်ကမ္ဘာတွင် သူသိခဲ့သော တွန်ဒီ ဖြစ်နေသည်ဟု မည်သူက ထင်ထားမည်နည်း။
သို့သော်၊ အင်မော်တယ်ကမ္ဘာတွင် ချင်ယွင် တွေ့မြင်ခဲ့သောလူသည် တွန်ဒီ၏ ခန္ဓာကိုယ် အစစ် ဖြစ်ပုံမပေါ်ပေ။ အခု၊ သူ့ရှေ့၌ရှိသောတွန်ဒီသည် သူ့ခန္ဓာကိုယ် အစစ်မှန် ဖြစ်သည်။
တွန်ဒီနှင့် အချိန်ဘိုးဘေးနတ်ဘုရားမကို ကြည့်ရင်း၊ ချင်ယွင်သည် စကားမပြောနိုင် ဖြစ်သွားရသည်။
သူရှေ့က ကလေးနှစ်ယောက်သည် တကယ်ကို အစွမ်းထက်သည့် ဘိုးဘေးနတ်ဘုရား နှစ်ပါးဟု မည်သူ ထင်မိမှာလဲ။