အခန်း ၁၇၈၈
Vol. 120 Ch. 1788
အခန်း (၁၇၈၈)။
"ဘာတွေဖြစ်နေတာလဲ.." ချင်ယွင်က တွန်ဒီကို စိတ်ရှုပ်ထွေးစွာ ကြည့်ကာ မေးလိုက်ပါ သည်။
ထိုအချိန်တွင်၊ ကလေးဧကရာဇ်သည် အလွန်တန်ခိုးကြီးသည်ဟု သူ ခံစားမိသည်။ သူသည် အမှန်တကယ်ပင် အလုံစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"တကယ်တော့, မင်း အမှောင်ထုချောက်နက်ကို သွားမယ်ဆိုတာ ငါ သိထားတယ်၊ ဒါကြောင့် မင်းကို အမှောင်ထုချောက်နက်မှာ စောင့်ဖို့ ငါ့ကိုယ်ပွား ရှိနေခဲ့တာ” တွန်ဒီက ပြုံးပြုံးလေး ပြောပါသည်။
"အယ်..၊ ချင်ယွင်က အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လိုက်ပါသည်။
ကလေးဧကရာဇ်က သူနှင့် တွေ့ဆုံရန် စီစဉ်ထားသည်ဟု သူ မမျှော်လင့်ထားပေ။
ချင်ယွင်သည် အချိန်ဘိုးဘေးနတ်ဘုရားမကို မတတ်တာပဲ ကြည့်လိုက်မိပါသည်။
"မှန်တယ်၊ ဒါကို ငါစီစဉ်ထားတာပဲ။ မင်းကိုအဲဒီမှာစောင့်နေဖို့ ကလေးဧကရာဇ်ကိုလည်း ငါပဲ တောင်းဆိုခဲ့တာ။ တကယ်တော့ ကလေးဧကရာဇ်ရဲ့ ကိုယ်ခန္ဓာအစစ်က ဖျက်ဆီးခြင်း ဘိုးဘေးနတ်ဘုရားပဲ" အချိန်ဘိုးဘေးနတ်ဘုရားမက ပြောပြပါသည်။
ချင်ယွင်သည် အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လိုက်မိပြန်သည်။ ဤတွန်ဒီသည် အမှန်တကယ်ပင် ရှေးခေတ်နတ်ဘုရားကမ္ဘာရှိ ထင်ရှားကျော်ကြားသော ဖျက်ဆီးခြင်း ဘိုးဘေးနတ်ဘုရား ဖြစ်နေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ဖျက်ဆီးခြင်း ဘိုးဘေးနတ်ဘုရားသည် အချိန်ကြာမြင့်စွာ ကျော်ကြားခဲ့သော အလုံစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားတစ်ပါး များထဲမှ တစ်ပါး ဖြစ်ပါ သည်။
"အဲဒီတုန်းက ကျွန်တော့်ကို ကူညီဖို့ ခင်ဗျား အမှောင်ထုချောက်ထဲ ထွက်လာခိုင်းတာလား၊ အဲဒါက အတုလား” ချင်ယွင်က အံ့ဩစွာ မေးလိုက်သည်။
"မဟုတ်ဘူး၊ အဲဒါက အမှန်ပါပဲ။ အဲဒီတုန်းက ငါရဲ့ကိုယ်ပွားတစ်ခုသာသာပါပဲ။ အဲဒါက နတ်ဘုရားတန်ခိုးပိုင်ဆိုင်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ ဒါကြောင့် ငါ့ကိုယ်ပိုင် ကိုယ်ပွား ရဲ့ စွမ်းအားကို အားကိုးပြီး အမှောင်ထုချောက်နက်ထဲကနေ လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် မင်းကိုပဲ အားကိုးခဲ့ရတယ်။" တွန်ဒီက ပြောသည်။
ချင်ယွင်က ရုတ်တရက် ခေါင်းညိတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူ အံ့အားသင့်သွား သည်။
သူ့ဘဝမှာ သူ မသိသည့်အရာတွေ အများကြီး ကြုံလာရလိမ့်မည်ဟု သူ မမျှော်လင့်ထားပါ ဘူး။ အတိတ်တုန်း သူနှင့် ထိတွေ့ဖူးသည့် လူများသည် ဘိုးဘေးနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ၏ ကိုယ်ပွားများ ဖြစ်နိုင်ချေရှိပါသည်။
သူ့ဘဝသည် အခြားသူတစ်ဦးမှ စီမံထားသကဲ့သို့ ဖြစ်နေသဖြင့် သူ့ကို အလွန်မင်း စိတ်မသက်မသာ ဖြစ်စေပါသည်။
"မင်းရဲ့ စစ်တုရင်အစိတ်ပိုင်းက ဘယ်သူလဲ” ချင်ယွင်က အချိန်ဘိုးဘေးနတ်ဘုရားမကို လှည့်ကြည့်ပြီး မေးလိုက်သည်။
သူသည် တစ်စုတစ်ခုကို သံသယဖြစ်စ ပြုလာပါပြီ။ အချိန်ဘိုးဘေးနတ်ဘုရားမသည် သူ့ကို ကူညီရန် အဘယ်ကြောင့် ဤမျှ ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့သနည်း။
တကယ်ပဲ သူ့ကို ချစ်မိသွားလို့လား။
အစကတည်းက သူမ၏ရည်မှန်းချက်မှာ အထွက်အထိပ် အုပ်စိုးရှင်အမွေနှစ်ကို ရယူရန် ဖြစ်နိုင်ပါသလား။
ထိုသို့မဟုတ်လျှင်, သူမသည် ဤမျှကြီးမားသည့် ထောင်ချောက်ထဲကို မည်သို့ ကျရောက်သွားနိုင်မည်နည်း။
ချင်ယွင်၏ အတွေးအမြင်များကို မြင်နေရဟန်ဖြင့် အချိန်ဘိုးဘေးနတ်ဘုရားမက ပြုံးပြီး ပြောသည် "စိတ်မပူပါနဲ့။ ငါ့ရဲ့ပင်မကိုယ်ထည်က ကြီးမြတ်တဲ့ နတ်ဘုရားပစ္စည်းတစ်ခုပဲ။ အထွက်အထိပ် အုပ်စိုးရှင်အမွေနှစ်ကို လက်ခံဖို့က ငါ့အတွက် မဖြစ်နိုင်ပါဘူး။ ငါ့ရဲ့ အကူအညီပေးရတဲ့ ရည်ရွယ်ချက်က အရမ်းရိုးရှင်းပါတယ်။ ငါက ငါ့ရဲ့ပင်မကိုယ်ခန္ဓာနဲ့ အချိန်အတော်ကြာဝေးကွာနေခဲ့တယ်။ ဒါကြောင့် ငါက ငါ့ပင်မခန္ဓာကိုယ်ဆီ ပြန်သွားဖို့ပါ ပဲ။"
"အယ်" ချင်ယွင် အံ့အားသင့်သွားသည်။
ထိုထုမှ အချိန်ဘိုးဘေးနတ်ဘုရားမသည် ပစ္စည်းဝိညာဉ်တစ်ခုမျှသာ ဖြစ်ကြောင်း သူ သတိရမိသွားသည်။
"အဲဒီတုန်းက ငါ ငါ့ခန္ဓာကိုယ်ကနေ ထွက်သွားတဲ့အခါ ငါဟာ လူသားအစစ်တစ်ယောက် ဖြစ်ချင်ခဲ့တယ်။ ဒါပေမယ့် ငါ တစ်စုံတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို သိမ်းယူလိုက်ပြီးတဲ့ နောက်မှာ ငါဟာ စစ်မှန်တဲ့စိတ်ဝိညာဉ်ကို မပိုင်ဆိုင်နိုင်ဘူးဆိုတာ သိလိုက်ရတယ်။ ဒါက ငါဘယ်လိုပဲ ကျင့်ကြံနေခဲ့ပါစေ ငါ့ခန္ဓာကိုယ်ဟာ အလုံစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံ အဆင့် ဘိုးဘေးနတ်ဘုရားနယ်ပယ်ကို မရောက်ရှိနိုင်ခဲ့တဲ့ အကြောင်းရင်းလည်း ဖြစ်ပါ တယ်။” အချိန်ဘိုးဘေးနတ်ဘုရားမက ပြောပြပါသည်။
အလုံစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားလား။
ဤအရာသည် လူတစ်ဦး၏ စိတ်ဝိညာဉ်နှင့် ဆက်စပ်နိုင်ပါသလား။
“မှန်ပါတယ်။ အလုံစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့်ကို ပြီးပြည့်စုံအောင်လုပ်ဖို့ဆို, လူတစ်ယောက်ဟာ နတ်ဘုရားစိတ်ဝိညာဉ်ရဲ့ ပြီးပြည့်စုံမှုအခြေအနေကို ရောက်ရှိနေရ မယ်။ ဒါပေမယ့်၊ အချိန်ဘိုးဘေးနတ်ဘုရားမက စစ်မှန်တဲ့ စိတ်ဝိညာဉ်ကို မပိုင်ဆိုင်တဲ့ အတွက် အလုံစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့်ကို မရောက်ရှိနိုင်ခဲ့ဘူး။" တွန်ဒီက ပြောသည်။
ချင်ယွင်က ခေါင်းညိတ်လိုက်သည်။
"ဒါဆို မင်းရဲ့ပန်းတိုင်က ဘာလဲ” ချင်ယွင်က ထပ်မေးသည်။
“ငါက မင်းကို အကြီးမြတ်ဆုံးပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာအောင် ကူညီပေးချင်တယ်။ အကြီးမြတ်ဆုံးပုဂ္ဂိုလ်တစ်ယောက်ပဲ လူတစ်ယောက်ကို အသက်ပေးနိုင်ပါတယ်။ မင်း မြ အကြီးမြတ်ဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာပြီးရင် မင်းက ငါ့ကို စစ်မှန်တဲ့ လူသားတစ်ယောက်ရဲ့ စိတ်ဝိညာဉ်တစ်ခု ပေးနိုင်မယ်လို့ ငါမျှော်လင့်တယ်။" အချိန်ဘိုးဘေးနတ်ဘုရားမက ပြောသည်။
ချင်ယွင်က ခေါင်းညိတ်မပြခင် တခဏလောက် မှင်သက်သွားခဲ့ရပါသည်။
အကယ်၍, အချိန်ဘိုးဘေးနတ်ဘုရားမသည် အမှန်တကယ် လူသားစစ်စစ် ဖြစ်လို၍ သူ့ကို ကူညီခြင်းသည် ဆိုးဝါးသောကိစ္စမဟုတ်ပေ။
"ဒါဆို တွန်ဒီက ကြွေလွင့်ဘိုးဘေးနတ်ဘုရားနဲ့ ရင်ဆိုင်ဖို့အတွက် ငါတို့နဲ့လိုက်ဖို့ စီစဉ်နေတာလား။" ချင်ယွင်က မေးသည်။
ကလေးဧကရာဇ်နှင့် အချိန်ဘိုးဘေးနတ်ဘုရားမက ခေါင်းညိတ်ပြသည်။
ချင်ယွင်သည် အနည်းငယ် ခေါင်းညိတ်လိုက်သည်။ ကလေးဧကရာဇ်၏အကူအညီဖြင့်၊ သူသည် ကြွေလွင့်ဘိုးဘေးနတ်ဘုရားနှ င့်ဆက်ဆံရာတွင် ယုံကြည်မှုများစွာ ရှိလာခဲ့သည်။
"တကယ်လို့, မင်း ကြွေလွင့်ဘိုးဘေးနတ်ဘုရားနဲ့ ရင်ဆိုင်ချင်ရင်၊ ငါတို့ချည်းပဲ မလုံလောက်ဘူး။ မင်းက သေမင်းဘိုးဘေးနတ်ဘုရားကိုလည်း ခေါ်ရလိမ့်မယ်။" တွန်ဒီက ပြုံးပြုံးလေး ပြောသည်။
"အယ်. ငါတို့အင်အားက မလုံလောက်သေးဘူးလား” ချင်ယွင်က အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လိုက်ပါသည်။
ဤကြွေလွင့်ဘိုးဘေးနတ်ဘုရားသည် ဤမျှ တန်ခိုးကြီးနိုင်ပါသလလား။
“ကြွေလွင့်ဘိုးဘေးနတ်ဘုရား ရှေးခေတ်နတ်ဆိုးတွေနဲ့ အလွန်ရင်းနှီးတဲ့ကြောင်းကို မကြာသေးမီကမှ ငါ ရှာဖွေတွေ့ရှိခဲ့တယ်။ ဒါကြောင့် မင်းသေမင်းဘိုးဘေးနတ်ဘုရားကိုပါ ခေါ်ခဲ့သင့်တယ်။ သူ့မှာ မင်းကို တောင်းဆိုစရာတစ်ခု ရှိတယ်ဆိုတာ ငါ သိတယ်၊ မင်းရဲ့ အကူအညီနဲ့ဆို သူက သေချာပေါက် ကူညီပေးလိမ့်မယ်။" အချိန်ဘိုးဘေးနတ်ဘုရားမက ဆိုသည်။
ချင်ယွင်က ခေါင်းညိတ်ပြလိုက်ပါသည်။
ရှေးခေတ်နတ်ဆိုးကျင့်ကြံသူလား။
သူသည် ကောင်းကင်တောင်တွင် တွေ့ဆုံခဲ့သော ခရမ်းရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ အကြောင်းကို မတွေးမိဘဲ မနေနိုင်ခဲ့ပါပေ။
ထိုနတ်ဆိုးကျင့်ကြံသူသည် အလွန်အစွမ်းထက်ပါသည်။ အလုံစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူထက် အားမနည်းမည်မှာ သေချာပါသည်။
"ကောင်းပြီ ငါ အခု သူ့ကို ခေါ်လိုက်မယ်" ချင်ယွင်က ခေါင်းညိတ်သဘောတူသည်။
ထို့နောက်, သူသည် သေမင်းဘိုးဘေးနတ်ဘုရား၏ နာမတော်ကို တိတ်တဆိတ် ရွတ်ဆိုခဲ့ သည်။
အလုံစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားတစ်ပါး၏ အစွမ်းအထက် ဆုံး ရှုထောင့်များထဲမှ တစ်ခုမှာ သူသည် ကောင်းကင်နှင့် မြေကြီးကို ပဲ့တင်ထပ်နိုင်စွမ်း ရှိခြင်းပင် ဖြစ်ပါသည်။
တစ်ယောက်ယောက်က သူနာမည်ခေါ်ရင် သူ ခံစားမိလိမ့်မည်။
ဤသည်မှာလည်း ဘိုးဘေးနတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်များ၏ မကောင်းကြောင်းကို အလွယ်တကူ မပြောရသည့် အကြောင်းရင်းလည်း ဖြစ်ပါသည်။
ဘန်း…။
အမှန်ပင်, သိပ်မကြာခင်မှာဘဲ လေဟာနယ်က အက်ကွဲသွားပါသည်။
ထို့နောက် လူတိုင်းရှေ့တွင် ရုပ်အသွင်တစ်ခု ပေါ်လာပါသည်။
ချင်ယွင်သည် ထိုလူလတ်ပိုင်းအရွယ် အမျိုးသားကိုကို မြင်သောအခါ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်း ပေါ်လာသည်။
ဤပုဂ္ဂိုလ်သည် သေမင်းဘိုးဘေးနတ်ဘုရား ရွှီယုမှလွဲ၍ အခြားသူမဟုတ်ပေ။
"မင်း ရောက်လာပြီပဲ"
ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။
သေမင်းဘိုးဘေးနတ်ဘုရားက ခေါင်းညိတ်လိုက်သည်။ သူ့မှာ အဓိပ္ပာယ်မဲ့ ဘာအပိုစကား မှ ပြောစရာမရှိပါဘူး။ ချင်ယွင်က သူ့ဆီလာရောက်ရန် တောင်းဆိုသည့်အတွက် တောင်းဆိုစရာတစ်ခုခု ရှိရမည်ကို သူ သိပါသည်။
"ကောင်းပြီ အားလုံးရောက်ပြီဆိုတော့ သွားကြရအောင်။" အချိန်ဘိုးဘေးနတ်ဘုရားမက ပြောသည်။
ချင်ယွင်က ခေါင်းညိတ်ပြပြီး သူ့မျက်လုံးတွေက ဆုံးဖြတ်ချက်ပြတ်သားမူများဖြင့် ပြည့်နေခဲ့သည်။