အခန်း ၁၇၈၉
Vol. 120 Ch. 1789
အခန်း (၁၇၈၉) ကောင်းကင်ယံတိုင် ပြည့်လျှံသွားသည့် သတ်ဖြတ်လိုသည့်ဆန္ဒ။
ရှေးခေတ်ဘုရားကမ္ဘာ...၊ ကောင်ကင်တောင်တန်း။
ကြီးမားပြီး ခမ်းနားထည်ဝါသော နန်းတော်သည် တောင်တန်းပေါ်တွင် တည်ရှိနေသည်။
ထိုတောင်တန်းအတွင်းမှာ မရေမတွက်နိုင်သော ဘုံဗိမာန်များ ရှိနေခဲ့သည်။
တောင်တန်း၏အစွန်အဖျားတွင် နန်းတော်ပေါင်း တစ်ထောင်ထက်မနည်း ရှိနေသည်။
ထိုနန်းတော်သည် ကြွေလွင့်ဘိုးဘေးနတ်ဘုရား၏ အိပ်ခန်းဆောင် ဖြစ်သည်။
ကြွေလွင့်ဘိုးဘေးနတ်ဘုရားသည် မိမိကိုယ်မိမိ မည်သို့ ပျော်ရွင်ရမည်ကို သိရှိသူ ဖြစ်သည်။ အထူးသဖြင့် သူသည် မိန်းမတွေကို ကြိုက်နှက်သက်သည်။
ထို့ကြောင့်၊ ဤကြီးမားလှသော နန်းဆောင်များသည် အခြေခံအားဖြင့် သူစုဆောင်း ရရှိထားသော မိန်းမလှများကို လိုက်လျောညီထွေ ဖြစ်စေရန်အတွက် အသုံးပြုခဲ့သည်။
ဘန်း…။
လေဟာနယ်က ကွဲထွက်သွားပြီး ကောင်းကင်ဘုံနန်းတော်အထက်တွင် ပုံရိပ်များစွာ ပေါ်လာသည်။
"ဒါက ကြွေလွင့်ဘိုးဘေးနတ်ဘုရား နေထိုင်တဲ့ နေရာလား။" ချင်ယွင်သည် အောက်ရှိ အဆောက်အအုံ အုပ်စုကြီးကို ကြည့်ပြီး မေးသည်။
"မှန်တယ်။ ဒီနေရာက ကြွေလွင့်ဘိုးဘေးနတ်ဘုရား နေထိုင်တဲ့နေရာပဲ။ ဒါပေမယ့် ဒီလူက သူ့အစစ်အမှန် ခန္ဓာကိုယ်ကို ဒီနေရာမှာ မထားခဲ့ဘူး။ ဒါကြောင့် ကြွေလွင့်ဘိုးဘေး နတ်ဘုရားက သူ့ရဲ့ကောင်းကင်နတ်ဘုရားအဆင့် ကိုယ်ပွားတစ်ခုပဲ ဖြစ်တယ်။" အချိန် ဘိုးဘေးနတ်ဘုရားမက ပြောသည်။
"အိုး…၊ သူ့ရဲ့ကောင်းကင်နတ်ဘုရားအဆင့် ကိုယ်ပွားလား" ချင်ယွင်သည် သူ၏ နတ်ဘုရားအာရုံကို ထုတ်ဖော်ပြီး အောက်ကို စစ်ဆေးကြည့်လိုက်သည်။
သေချာပါသည်။ ဘုံဗိမာန်အစုဝေးကြီးထဲက တစ်ခုမှာ လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက်သည် အားကျိုးမာန်တက် အလုပ်များနေပါသည်။
ဤလူလတ်ပိုင်းအရွယ် အမျိုးသားသည် ကောင်းကင်နတ်ဘုရားအဆင့်တွင်သာ ရှိသေးသည်။
အကယ်၍ ၎င်းသည် အစစ်မှန် ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်ပါက၊ ကြွေလွင့်ဘိုးဘေး နတ်ဘုရားသည် သူတို့ ဤနေရာတွင် ထွက်ပေါ်လာချိန်ကတည်းက သူတို့အား ရှာဖွေတွေ့ရှိပြီး ဖြစ်နိုင်သည်။
"ကြွေလွင့်ဘိုးဘေးနတ်ဘုရားရဲ့ အစစ်မှန် ခန္ဓာကိုယ်က ဘယ်မှာလဲ" ချင်ယွင်က အချိန်ဘိုးဘေးနတ်ဘုရားမကို ကြည့်ပြီး မေးသည်။
အချိန်ဘိုးဘေးနတ်ဘုရားမက ခေါင်းယမ်းပြသည် "ဒီလူက အရမ်းကောက်ကျစ်တယ်။ သူ့ အစစ်မှန် ခန္ဓာကိုယ် အခြေခံအားဖြင့် ဘယ်မှာမှ ထွက်ပေါ်မလာခဲ့ဘူး။ သူ့အစစ်မှန် ခန္ဓာကိုယ် ဘယ်မှာရှိမှန်း ငါတောင် မသိဘူး။ သူမှာ ကိုယ်ပွား ဘယ်လောက်များများ ရှိနေလဲ ငါ မသိဘူး"
ထိုစကားကိုကြားတော့ ချင်ယွင်၏မျက်နှာက လေးလက်လာသည်။
အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားများကို အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားဟု ခေါ်ဆိုဖို့ရန် ထိုက်တန်ပါ သည်။
အချိန်ဘိုးဘေးနတ်ဘုရားမပင်လျှင် သူ့ကို မတွေ့နိုင်ခဲ့ပေ။
"သူ့အစစ်မှန် ခန္ဓာကိုယ်က မထွက်ပေါ်လာဘူးဆိုမှတော့, သူ့ရဲ့ အစစ်မှန်ခန္ဓာကိုယ် ထွက်ပေါ်လာအောင် တွန်းအားပေးလိုက်ကြရအောင်။" ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက မထင်မရှား အပြုံးတစ်ခု ပေါ်လာသည်။
"မင်း သူ့ကိုယ်ပွားကို သတ်လိုက်ရင်တောင် သူပေါ်လာမှာ မဟုတ်ဘူး။" အချိန် ဘိုးဘေးနတ်ဘုရားမက ခေါင်းယမ်းပြီး ပြောလိုက်သည်။
ချင်ယွင်က ပြုံးပြီး ပြောသည် "သူက သူ့ကိုယ်ပွား အသတ်ခံရတာကို ခံနိုင်ရည်ရှိပေမယ့် သူ့ ကိုယ်ပွားအပေါ် အရှက်ခွဲမှုကိုတော့ ခံနိုင်ရည်ရှိမှာ မဟုတ်လောက်ပါဘူး။ ဒါကြောင့် မင်းတို့အားလုံး လုပ်ရမှာက ဒီကနေ စောင့်ကြည့်နေဖို့ပဲ"
ထိုသို့ပြောပြီးနောက် ချင်ယွင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ကြွေလွင့်ဘိုးဘေးနတ်ဘုရား၏ ပင်မခန်းမဆီသို့ ပြေးသွားခဲ့သည်။
အချိန်ဘိုးဘေးနတ်ဘုရားမı သေမင်းဘိုးဘေးနတ်ဘုရား၊ ဖျက်ဆီးခြင်းဘိုးဘေးနတ်ဘုရား နှင့် ချင်ရီတို့သည် နေရာတွင်ရပ်လျက် အောက်ကို ငုံ့ကြည့်နေကြသည်။ (ဖျက်ဆီးခြင်း ဘိုးဘေးနတ်ဘုရားသည် တွန်ဒီကို ခေါ်ဆိုခြင်းဖြစ်နိုင်ပါသည်)။
ခန်းမအတွင်းတွင်၊ ကြွေလွင့်ဘိုးဘေးနတ်ဘုရားသည် အရည်အသွေးမြင့် မြင့်မြတ်သော လယ်ကွင်းပြင်တွင် စွန့်ပစ်မြေစာပုံအား ပြန်လည်ရယူထားသည့် နွားအိုကြီးတစ်ကောင်နှင့် တူသည်။
"ဖျောင်း…၊ ဖျောင်း…၊ ဖျောင်း…"
သို့သော် ထိုအချိန်တွင် ကျယ်လောင်သော လက်ခုပ်သံများ ထွက်ပေါ်လာသည်။
"ဘယ်သူလဲ"
ကြွေလွင့်ဘိုးဘေးနတ်ဘုရားသည် ချက်ချင်းပင် ဟစ်အော်လိုက်သည်။
သူသည် အလုံးစုံပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရား ကျွမ်းကျင်သူ တစ်ဦးဖြစ်ခဲ့သော်လည်း၊ သူ၏ကိုယ်ပွားသည် ကောင်းကင်နတ်ဘုရား တစ်ပါးမျသာ ဖြစ်သေးသောကြောင့် ချင်ယွင်၏ ထွက်ပေါ်လာမူကို သူ သတိမထားမိခဲ့ပေ။
ထိုအချိန်မှာ, သူသည် လက်ခုပ်ဩဘာသံကြားကြောင့် ထိတ်လန့်သွားခဲ့သည်။
"ကြွေလွင့်ဘိုးဘေးနတ်ဘုရားရဲ့ တန်ခိုးတော်က တကယ်ကို အထင်ကြီးစရာပဲ။ ဒီကုတင် ပေါ်ကကိစ္စမှာ ခံနိုင်ရည်ကလည်း အလွန်ကြီးကျယ်ခမ်းနားပြီး ကြီးစိုးလွန်းလှပါတယ်။" ချင်ယွင်က ချီးကျူးသည်။
"မင်းက ဘယ်လိုသောက်ကျိုးနဲကောင်လဲ။ မင်း ဒီကို ဘာလာလုပ်နေလဲ။ ဒီကနေ ထွက်သွားစမ်း" ကြွေလွင့်ဘိုးဘေးနတ်ဘုရားက ဒေါသတကြီး အော်ပြောသည်။
သူသည် စိတ်ကောင်းဝင်နေသော်လည်း တစ်စုံတစ်ယောက်က သူ့ကိစ္စကောင်းကို အမှန် တကယ် ဖျက်ဆီးရန် ရောက်လာခဲ့သည်။ သူ မည်သို့ စိတ်မဆိုးဘဲ နေမည်နည်း။
"ကြွေလွင့်ဘိုးဘေးနတ်ဘုရား၊ စိတ်မဆိုးပါနဲ့။ ကျုပ်က ခင်ဗျားကို အထင်ကြီး လေးစားသူ ပါ။ ခင်ဗျားရဲ့အိပ်ရာပေါ်က ကြီးကျယ်ခမ်းနားမှုကို ကျုပ်က မြင်ချင်လို့ပါ။ အိုး၊ ကျုပ်ကို တစ်ယောက်တည်း လွှတ်ထားပါ။ ခင်ဗျား လုပ်စရာရှိတာ ဆက်လုပ်ပါ။ ကျုပ် ခင်ဗျားကို မနှောင့်ယှက်ပါဘူး။" ချင်ယွင်က လေးနက်သော အမူအရာဖြင့် ပြောသည်။
"ငါထပ်ပြောမယ်။ ထွက်သွားစမ်း…" ကြွေလွင့်ဘိုးဘေးနတ်ဘုရားသည် ဒေါသတကြီး ဟစ်အော်လိုက်သည်။
သို့သော်လည်း ချင်ယွင်သည် အရှက်မဲ့သည့် အသွင်အပြင်ကို ဆက်လက် ထိန်းသိမ်းထား ဆဲ ဖြစ်သည်။ သူက ကြွေလွင့်ဘိုးဘေးနတ်ဘုရားဘက်သို့ တိုက်ရိုက် လှမ်းသွားကာ ပြုံးလျက် "အရှင်ဘိုးဘေးနတ်ဘုရား၊ ဆက်လုပ်ပါ။ ခင်ဗျား ဆက်လုပ်ဖို့ ငြင်းဆန်နေရင်, ကျုပ် လုပ်ရလိမ့်မယ်။"
ကြွေလွင့်ဘိုးဘေးနတ်ဘုရားသည် ထိုစကားကိုကြားသောအခါ ပြင်းထန်သော ဒေါသအမျက် ထွက်သွားလေ၏။
နတ်ဘုရားမလေးသည်လည်း ချင်ယွင်ကို အံ့အားသင့်သော အမူအရာဖြင့် ကြည့်ရင်း ထောင့်တစ်ဘက်သို့ ကျုံ့သွားသည့်အထိ ကြောက်လန့်သွားသည်။
ထင်ရှားသည်မှာ၊ သူမသည် ဤလူငယ်၏နောက်ခံကို နားမလည်ပေ။ သူသည် အမှန်တကယ်ပင် ကြွေလွင့်ဘိုးဘေးနတ်ဘုရားကို နှိုးဆော်ရန် သတ္တိရှိနေခဲ့သည်။
ဤကြွေလွင့်ဘိုးဘေးနတ်ဘုရား၏ အစစ်မှန် ခန္ဓာကိုယ်သည် အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်သည်ကို သူ မသိဘူးလား။
"ခင်ဗျား, ကျုပ်ကို ဘာလို့ စိုက်ကြည့်နေတာလဲ။ ကျုပ် ခင်ဗျားကို ပြောနေတယ်လေ။" ချင်ယွင်က ကြွေလွင့်ဘိုးဘေးနတ်ဘုရား၏ မျက်နှာကို တိုက်ရိုက် ပါးရိုက်လိုက်သည်။
ကြွေလွင့်ဘိုးဘေးနတ်ဘုရားသည် သူ့ရှေ့က ကောင်းကင်နတ်ဘုရားက တကယ်ပဲ သူ့ကို ထိဖို့ သတ္တိရှိနေသည်ကို သူ မယုံနိုင်ခဲ့ပါဘူး။
"မင်းက သေချင်နေတာပဲ" ကြွေလွင့်ဘိုးဘေးနတ်ဘုရားသည် ဒေါသအမျက် ထွက်သွား ပြီး၊ ချင်ယွင်ကို တိုက်ခိုက်ရန် သူ့ခန္ဓာကိုယ်ပေါ်ရှိ ကောင်းကင်နတ်ဘုရားတန်ခိုးစွမ်းအား ကို စည်းရုံးလိုသည်။
သို့သော်၊ သူ၏ ကောင်းကင်နတ်ဘုရားတန်ခိုးစွမ်းအားစုကို မစုစည်းရသေးပေ။
ချင်ယွင်က သူ့ကို နောက်ကျောကို ရိုက်ချလိုက်ပြီး ဖြိုခွဲပစ်လိုက်သည်။
ကြွေလွင့်ဘိုးဘေးနတ်ဘုရားသည် ဆက်တိုက် ပါးနှစ်ဖက် ဒဏ်ပေးခံလိုက်ရပြီး သူ၏ပါးစပ်ရှိ သွားများအားလုံး ကျွတ်ထွက်သွားသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဘေးနားရှိနတ်ဘုရားမလေးသည် အလွန် အံ့အားသင့်သွားသည့် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။
ဤလူငယ်သည် ကြွေလွင့်ဘိုးဘေးနတ်ဘုရား၏ ကိုယ်ပွားကို တိုက်ခိုက်ဖို့ သတ္တိရှိနေ သည်။
"ငါ မင်းကို သတ်ချင်တယ်"
ကြွေလွင့်ဘိုးဘေးနတ်ဘုရားသည် ကျယ်လောင်စွာ အော်ဟစ်ပြီးနောက် သူသည် မိမိကိုယ်ကိုယ် ဖောက်ဖွဲပစ်တော့မည်။
ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးပြပြီး သူ၏ ပြန်လည်ဝင်စာခြင်း အစစ်မှန် အဓိပ္ပာယ်ကို ထုတ်ဖော်လိုက်သည်။
သူသည် ကြွေလွင့်ဘိုးဘေးနတ်ဘုရား ကိုယ်ပွား၏ဒန်တန်ကို တိုက်ရိုက် ချိတ်ပိတ်လိုက် သည်။
ကြွေလွင့်ဘိုးဘေးနတ်ဘုရားသည် မိမိကိုယ်ကို ဖျက်ဆီးလိုလျှင်ပင်၊ သူသည် လုံးလုံး လျားလျား မလုပ်ဆောင်နိုင်ဘဲ သူ့နတ်ဘုရားတန်ခိုး၏ တစွန်းတစကိုပင် ထုတ်နိုင်တော့ မည် မဟုတ်ပေ။
ချင်ယွင်သည် ကြွေလွင့်ဘိုးဘေးနတ်ဘုရား၏ ဆံပင်ကို တိုက်ရိုက် ဆွဲကိုင်ပြီး ကုတင်ပေါ်မှ ကန်ချလိုက်သည်။
"ဘန်း…၊ ဘန်း…."
ဤပျက်စီးမှုအဆင့်သည် ကြွေလွင့်ဘိုးဘေးနတ်ဘုရားအပေါ် သက်ရောက်မှု များစွာမရှိခဲ့ သော်လည်း၊ ဂုဏ်သိက္ခာကြီးမားသော ဘိုးဘေးနတ်ဘုရား၏ကိုယ်ပွားအား တစ်စုံ တစ်ယောက်က ဆံပင်မှဆွဲကာ ကုတင်ပေါ်မှ ကန်ချခဲ့ခြင်း ဖြစ်သည်။ ယခုလိုအရှက်ခွဲမူက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။
"ဘယ်လိုလဲ၊ တကယ်လို့, ခင်ဗျားမှာ အရည်အချင်းရှိရင်, ခင်ဗျားရဲ့ အစစ်မှန် ခန္ဓာကိုယ်နဲ့ ကျုပ်ကို သတ်ခွင့်ပြုတယ်" ချင်ယွင်က ရယ်မောလိုက်သည်။
ထို့နောက် သူသည် ကြွေလွင့်ဘိုးဘေးနတ်ဘုရား၏ ကိုယ်ပွားကို နည်းလမ်းအမျိုးမျိုးဖြင့် နှိပ်စက်တော့သည်။
"ဝှီး….၊ ဝှီး…”
ခန်းမအပြင်ဘက်မှ လေထုကို ထိုးခွဲလာသည့်အသံများ ထွက်ပေါ်လာသည်။
သို့သော်၊ ခန်းမအပြင်ဘက်တွင် ရပ်နေသော အနက်ရောင်ကြေးခွံ နတ်ဆိုးကိုယ်ပွားသည် အနက်ရောင် နောက်ဆက်တွဲ ပုံရိပ်များအဖြစ်သို့ ပြောင်းလဲသွားကာ ပြေးဝင်လာကြသော အသက်များကို တိုက်ရိုက် ရိတ်သိမ်းသွားခဲ့သည်။
၎င်းတို့အထဲတွင် ချင်ယွင်၏ အနက်ရောင်ကြေးခွံ နတ်ဆိုးကိုယ်ပွား သတ်ဖြတ်ခဲ့သည့် သေးငယ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားနှစ်ပါးပင် ပါဝင်နေခဲ့သည်။
"ခင်ဗျားကို ကယ်တင်ဖို့ တစ်စုံတစ်ယောက်ကို အားကိုးလို့ မရဘူး" အဲဒါက အသုံးမဝင် ဘူး။ ခင်ဗျားရဲ့ အစစ်အမှန် ခန္ဓာကိုယ်ကို ကိုယ်တိုင်ကိုယ်ကျ ကိုယ်ထင်မပြပါက, ခင်ဗျားရဲ့ကိုယ်ပွားဟာ ထာဝရညှဉ်းပန်းနှိပ်စက် ခံရတော့မယ်။ ခင်ဗျားရဲ့ကိုယ်ပွားကြောင့် ခံစားရတဲ့ အရှက်တရားတွေကို ခင်ဗျား ခံစားနိုင်တယ်ဆိုတာ ကျုပ်သိတယ်။ ခင်ဗျား, အနှစ်တစ်ရာ ကိုယ်ထင်မပြရင်, ကျုပ် ခင်ဗျားကို အနှစ်တစ်ရာ နှိပ်စက်မယ်။ ခင်ဗျား, နှစ်သန်းတစ်ရာ ထွက်ပေါ်မလာဘူးဆိုရင်, ကျုပ် ခင်ဗျားကို နှစ်သန်းတစ်ရာ နှိပ်စက်ပြ မယ်။ ခင်ဗျားလို သူရဲဘောကြောင်တဲ့လိပ်တစ်ကောင်က ဘယ်လောက် ကြာကြာ ခံနိုင်ရည်ရှိလဲဆိုတာ ကျုပ် ကြည့်ချင်တယ်" ချင်ယွင်သည် ကြွေလွင့်ဘိုးဘေးနတ်ဘုရား ကိုယ်ပွား၏ မျက်နှာပေါ်သို့ ခြေချကာ ကြွေလွင့်ဘိုးဘေးနတ်ဘုရားကို ဖျက်ဆီးပစ်သည်။
ကြွေလွင့်ဘိုးဘေးနတ်ဘုရား၏ စိတ်နှလုံးထဲတွင် အမျက်ဒေါသက တုနှိုင်းမရအောင် ထွက်ပေါ်လာသည်။
သူက ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေရင်း ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
"ဟမ့်၊ ကောင်စုတ်လေး… မင်း ငါ့ရဲ့အစစ်မှန် ခန္ဓာကိုယ် ထွက်ပေါ်လာအောင် တွန်းအား ပေးချင်တာဆိုတော့, ကောင်းပြီလေ၊ မင်းဆန္ဒအတိုင်း ငါလုပ်မယ်။ အဲဒီအချိန်က မင်း နောင်တမရဖို့ ငါမျှော်လင့်တယ်။" ကြွေလွင့်ဘိုးဘေးနတ်ဘုရားသည် ဒေါသတကြီး အော်ပြောလိုက်သည်။
ထိုစကားကိုကြားတော့ ချင်ယွင်က ပြုံးလိုက်ပါသည်။
တစ်ချိန်တည်းမှာပင်၊ လေနှင့်တိမ်များသည် ကောင်းကင်ဘုံ တောင်တန်းအထက်တွင် ပြင်းထန်စွာ မြင့်တက်လာခဲ့သည်။
တိမ်မည်းတွေက တိမ်တိုက်တွေကနေ လွင့်ထွက်ပြီး သူ့ဆီ စုရုံးလာနေသည်။
ပတ်ဝန်းကျင်က ပြင်းထန်သည့် ဖိအားများဖြင့် ပြည့်နေခဲ့သည်။
ချင်ယွင်သည် ကြွေလွင့်ဘိုးဘေးနတ်ဘုရား ကိုယ်ပွား၏ ခန္ဓာကိုယ်ကို ဆုပ်ကိုင်လိုက်ပြီး လေထဲတွင် ချက်ချင်း ပေါ်လာသည်။
ယခုအချိန်တွင်၊ ကြွေလွင့် ဘိုးဘေးနတ်ဘုရားကိုယ်ပွား၏ ခန္ဓာကိုယ်သည် သူ့ကြောင့် ဖိသိပ်သွားပြီး၊ လက်ဖဝါးအရွယ်အထိ ဖိသိပ်ထားပြီး ဖြစ်သည်။
၎င်းကို လက်တစ်ချောင်းဖြင့်ပင် ဆုပ်ကိုင်၍ရသည်။
ချင်ယွင်သည် တိမ်စိုင်တိမ်မည်းများကို သူ့မျက်နှာပေါ်မှ အပြုံးမပျက် စိုက်ကြည့်နေသည်။
"ခင်ဗျားရဲ့ ထွက်ပေါ်လာမူက အတော်လေးကို အထင်စရာကောင်းပြီး၊ ကြီးကြီးမားမား ရုန်းရင်းဆန်ခတ် ဖြစ်စေတယ်။" ချင်ယွင်သည် သူ့လက်ထဲမှ ကြွေလွင့် ဘိုးဘေး နတ်ဘုရားကို ကြည့်ပြီး ပြုံးလိုက်သည်။
"ဟမ့်၊ မင်း သေဖို့စောင့်နေလိုက်" ကြွေလွင့်ဘိုးဘေးနတ်ဘုရားသည် ဒေါသတကြီး အော် ဟစ်ကာ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်လျှံနေသည်။