← Chapters

အခန်း ၁၇၉၀

Vol. 120 Ch. 1790

အခန်း ၁၇၉၀

Vol. 120 Ch. 1790

အခန်း (၁၇၉ဝ) ကြွေလွင့်ဘိုးဘေးနတ်ဘုရားကို ဆန့်ကျင်တိုက်ခိုက်ခြင်း။

ကြွေလွင့်ဘိုးဘေးနတ်ဘုရား၏နှလုံးသားသည် အဆုံးမရှိသော အမျက်ဒေါသများဖြင့် ပြည့်နေပါသည်။

သူ့ကို မည်သူမျှ ယခုလိုမျိုး အရှက်မခွဲခဲ့ဖူးပေ။

ယခုအခါတွင် သူသည် ကောင်းကင်နတ်ဘုရားတစ်ပါး၏ အရှက်ခွဲခြင်းကို အမှန်တကယ် ခံခဲ့ရသည်။ ထို့ကြောင့် ဤရန်ငြိုးကို လက်စားချေခြင်း မပြုပါက သူ့ဒေါသကို ငြိမ်းအေးစေနိုင်မည် မဟုတ်ပေ။

ချင်ယွင်က ပြုံးပြီး သူ့ရှေ့က လေနှင့် တိမ်တိုက်တွေကို ကြည့်လိုက်ပါသည်။

ဘန်း….။

ဝဲဂယက်တစ်ခုအသွင် ဖြစ်ပေါ်လာသည်နှင့်အမျှ လူတိုင်း၏ အမြင်အာရုံထဲတွင် ပါးလွှာသော လေထုထဲမှ ပုံရိပ်သုံးခု ထွက်ပေါ်လာသည်။

ဦးဆောင်သူ လူငယ်သည် ချင်ယွင်၏လက်ထဲမှ ကြွေလွင့်ဘိုးဘေးနတ်ဘုရားကိုယ်ပွားနှင့် တစ်ထပ်တည်း တူသည်။ ပြောစရာမလိုအောင်ပင်၊ ဤလူငယ်သည် ကြွေလွင့်ဘိုးဘေး နတ်ဘုရား၏ ခန္ဓာကိုယ်အစစ် ဖြစ်ကြောင်း သူ သိသည်။

ကြွေလွင့်ဘိုးဘေးနတ်ဘုရားအပြာင် အခြားလူနှစ်ဦး ရှိသေးသည်။

အကယ်၍, ချင်ယွင်၏ခန့်မှန်းချက်သာ မှန်ကန်ပါက တစ်ယောက်သည် ခရမ်းရောင် ကြေးခွံ ကမ္ဘာခြားနတ်ဆိုးကျင့်ကြံသူ ဖြစ်သင့်သည်။

အတိအကျဆိုရသော်, ဤကမ္ဘာခြားနတ်ဆိုးကျင့်ကြံသူသည် ကောင်းကင်ဘုံတောင်တွင် ချင်ယွင်ကြုံတွေ့ခဲ့ရသော ခရမ်းရောင်ကြေးခွံ ကမ္ဘာခြားနတ်ဆိုးကျင့်ကြံသူ ဖြစ်သည်။

ခရမ်းရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူသည် ချင်ယွင်ကို မမှတ်မိပေ။ တကယ်တမ်း ပြောရရင်, ထိုအချိန်တုန်းက ချင်ယွင်သည် အနက်ရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ၏ ကိုယ်ပွားကို အသုံးပြုခဲ့ပါသည်။

အခြားလူသားတစ်ယောက်အတွက်မူ၊ သူသည်လည်း အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်သည်။

သို့သော် ချင်ယွင်က သူ့ကို သိရှိခြင်းမရှိပေ။

"ဒါက နတ်ဆိုးဘိုးဘေးနတ်ဘုရားတစ်ပါးပဲ။ သူ့ရဲ့ပင်မခန္ဓာကိုယ်က နတ်ဘုရားသားရဲပဲ။" ချင်ယွင်၏စိတ်ထဲတွင် အချိန်ဘိုးဘေးနတ်ဘုရားမ၏အသံက ထွက်ပေါ်လာသည်။

ချင်ယွင်က ရုတ်တရက် ခေါင်းညိတ်လိုက်သည်။

"အချိန်ဘိုးဘေးနတ်ဘုရား၊ သေမင်းဘိုးဘေးနတ်ဘုရား၊ ဖျက်ဆီးခြင်းဘိုးဘေးနတ်ဘုရား၊ မင်းတို့က ငါ့နေရာလာပြီး ပြဿနာရှာတာ ဘာသဘောလဲ။” ကြွေလွင့်ဘိုးဘေး နတ်ဘုရားသည် ချင်ယွင်ကို တိုက်ရိုက် တိုက်ခိုက်ခြင်း မပြုပေ။ ယင်းအစား၊ သူသည် ချင်ယွင်၏အနားရှိ ဘိုးဘေးနတ်ဘုရားသုံးပါးကို လှည့်ကြည့်လိုက်သည်။

သူ့အမြင်အရ၊ ကောင်းကင်နတ်ဘုရားငယ်လေးဖြစ်သည့် ချင်ယွင်သည် ထိုဘိုးဘေး နတ်ဘုရားသုံးပါး၏ ညွှန်ကြားမူမရှိပါက, သူ့ကို မည်သို့ မလေးမစား ပြုမူဝံ့မည်နည်း။

အချိန်ဘိုးဘေးနတ်ဘုရားမနှင့် အခြားသူများသည် ဘာမှ မပြောခဲ့ပေ။ ယင်းအစား သူတို့က ချင်ယွင်ကို လှည့်ကြည့်လိုက်သည်။

ချင်ယွင် ပြုံးပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ "ကြွေလွင့်ဘိုးဘေးနတ်ဘုရား၊ ခင်ဗျား ထွက်ပေါ်လာအောင် အတင်းအကြပ်လုပ်ဖို့ အခုလိုနည်းလမ်းမျိုး အသုံးပြုလိုက်ရ တာ ကျုပ် စိတ်မကောင်းပါဘူး။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး ကျုပ်လည်း ဘာမှ မတတ်နိုင်ဘူး။ ကျုပ် ဒီကိုလာရတဲ့ ရည်ရွယ်ချက်က ခင်ဗျားနဲ့ ညှိနှိုင်းဖို့ပဲ"

"ဘာကိစ္စလဲ.." ကြွေလွင့်ဘိုးဘေးနတ်ဘုရားက အေးစက်စွာ မေးသည်။

"ခင်ဗျားလက်ထဲက အနက်ရောင် ကျောက်တုံးကို ကျုပ် လိုအပ်တယ်။ ခင်ဗျား အနက်ရောင် ကျောက်တုံးကို လွှဲပေးတာနဲ့ ကျုပ်က ကောင်းကင်ဘုံတံဆိပ်ကို ထုတ်ပေးပြီး ခင်ဗျားနဲ့ လဲလှယ်နိုင်တယ်။" ချင်ယွင်က ပြောသည်။

"ဟမ့်၊ ငါက ဘာလို့ မင်းနဲ့ ရောင်းဝယ်လုပ်ရမှာလဲ။ ကောင်စုတ်လေး၊ မင်းက ငါ့ကိုယ်ပွားကို အရမ်းအရှက်ရစေခဲ့တယ်။ မင်း ဒီနေ့ အသက်မရှင်နိုင်တော့ဘူး" ကြွေလွင့် ဘိုးဘေး နတ်ဘုရားက အေးစက်စွာ ဟစ်အော်လိုက်သည်။

သူ့မျက်လုံးများက သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။

ချင်ယွင်က ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်သည်။

သေချာသည်မှာ သူမှန်းထားတဲ့အတိုင်း အတိအကျပင်။

ကြွေလွင့်ဘိုးဘေးဘုရားသည် အနက်ရောင် ကျောက်တုံးကို လွှဲပြောင်းပေးမည် မဟုတ်ပေ။ အနက်ရောင် ကျောက်တုံးကို ရရှိရန် နည်းလမ်းတစ်ခုသာ ရှိပါတော့ခဲ့သည်။

လုယူဖို့….။

"ခင်ဗျား တကယ် မလဲလှယ်ချင်ဘူးလား။" ချင်ယွင်က ထပ်မေးသည်။

"ဘာလဲ? မင်းက ငါ့ကို လုယက်ရဲလို့လား။ ကောင်လေး, တကယ်လို့, ငါ့ခန့်မှန်းချက်သာ မှန်နေခဲ့ရင်, မင်းက မကြာသေးမီက ထင်ရှားပေါ်လွင်လာတဲ့ ချင်ယွင် ဖြစ်သင့်တယ်။ မူလက ငါ မင်းကို ရှာတွေ့ချင်ပေမယ့်, မင်းကိုယ်တိုင် ငါ့ကို ရောက်လာဖို့ မမျှော်လင့်ထား ဘူး။" ကြွေလွင့်ဘိုးဘေးနတ်ဘုရားက လှောင်ပြောင်ပြောသည်။

"ကြွေလွင့်ဘိုးဘေးနတ်ဘုရား၊ ရှင်က ရှေးခေတ်နတ်ကျင့်ကြံသူတွေနဲ့ ပူးပေါင်းခဲ့တယ်။ ရှင်က လူသားမျိုးနွယ်ကို သစ္စာဖောက်ချင်တာလား။" အချိန်ဘိုးဘေးနတ်ဘုရားမက အေးစက်စွာ ပြောသည်။

"ဟား…၊ ဟား…၊ မင်းကမှ လူသားမျိုးနွယ်ကို သစ္စာဖောက်တာ။ မင်းရဲ့ကျင့်ကြံမူ အဆင့်နဲ့ နားမလည်သေးဘူးလား။ မျိုးနွယ်လို့ခေါ်တဲ့အရာက ကန့်သတ်ချက်တစ်ခုပဲ။ ကိုယ်ရဲ့ ကိုယ်ပိုင် စွမ်းအားကသာ အဓိကပဲ။ ခရမ်းရောင်ဘုရင်က အကြီးမြတ်ဆုံး အုပ်စိုးရှင် တိုက်ကြီးကို ဖြတ်ကျော်ပြီး အကြီးမြတ်ဆုံး အုပ်စိုးရှင်တိုက်ကြီးရဲ့ ရတနာကို သိမ်းပိုက်ဖို့ ငါနဲ့ လက်တွဲမယ်လို့ ကတိပြုထားတယ်။" ' ကြွေလွင့်ဘိုးဘေးနတ်ဘုရားက ကျယ်လောင် စွာ ရယ်မောရင်း သူ့မျက်လုံးများတွင် မောက်မာမှု အရိပ်အယောင်များ သယ်ဆောင်လာ သည်။

ခရမ်းရောင်ကြေးခွံ နတ်ဆိုးကျင့်ကြံသူ၏ နှုတ်ခမ်းများက ပြုံးဟန်ဖြင့် တွန့်ကွေးသွား သည်။

ချင်ယွင်နှင့် အခြားလူများသည် မျက်မှောင်ကြုတ်လိုက်သည်။

ခရမ်းရောင်ဘုရင်ဟုခေါ်သည့် ဤလူသည် သူတို့ကို အရမ်းကို ထူးဆန်းသည့် ခံစားချက်ကို ပေးနေခဲ့သည်။

ထို့အပြင်၊ ခရမ်းရောင်ဘုရင်၏အကြည့်များသည် ချင်ရီကို ရံဖန်ရံခါ စိုက်ကြည့်တတ် ကြောင်း ချင်ယွင် သတိထားမိသည်။

"ဒါဆို ခင်ဗျားက အနက်ရောင်ကျောက်တုံးကို လွှဲပေးဖို့ ငြင်းနေတာလား။" ချင်ယွင်က ထပ်မေးသည်။

“ဟား…၊ ဟား…၊ ငါက အနက်ရောင် ကျောက်တုံးကို မလွှဲပေးရုံတင်မကဘူး၊ မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကောင်းကင်ဘုံတံဆိပ်နဲ့ မင်းလက်ထဲမှာရှိတဲ့ အနက်ရောင် ကျောက်တုံးတွေလည်း ငါ့အတွက်ပဲ ဖြစ်လိမ့်မယ်။ မင်းလက်ထဲမှာ အနက်ရောင် ကျောက်တုံး ၁၁ တုံး ရှိတယ်ဆိုတာ ငါမသိဘူးလို့ မထင်လိုက်နဲ့။" ကြွေလွင့်ဘိုးဘေး နတ်ဘုရားက အေးစက်စွာ ပြောပြီး မျက်လုံးများက ချက်ခြင်း မှေးကျဉ်းသွားခဲ့သည်။

ချင်ယွင် အချိန်ဘိုးဘေးနတ်ဘုရားမ, အခြားသူများနှင့် အကြည့်ချင်း ဖလှယ်လိုက်ပါသည်။ အားလုံးက အနည်းငယ် ခေါင်းညိတ်ပြကြသည်။

ချင်ယွင်၏ ဆိုလိုရင်းကို သူတို့အားလုံး နားလည်ကြသည်မှာ ထင်ရှားသည်။

စစ်ပွဲကြီးတစ်ခု ဖြစ်လာမည်မှာ မလွဲမသွေပင်။

"ခရမ်းရောင်ဘုရင်ကို ငါ့အတွက်ထားလိုက်။ ဖျက်ဆီးခြင်းဘိုးဘေးနတ်ဘုရား ကလေး ဧကရာဇ်က သူ့မျက်လုံးများတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေ ရင်း ဆိုသည်။

"ဒီနတ်ဆိုးကောင်းကင်ဘုံ ဘိုးဘေးနတ်ဘုရားကို ငါ စောင့်ရှောက်လိုက်မယ်။" သေခြင်း ဘိုးဘေးနတ်ဘုရားက အေးစက်စွာ ပြောလိုက်သည်။

သူ့မှာ ပန်းတိုင်တစ်ခုပဲ ရှိသည်။ ယင်းက သူ့ညီမကို အသက်ပြန်သွင်းနိုင်ဖို့ပင်။

ယခုမူ သူ့ယုံကြည်မူအားလုံးသည် ချင်ယွင်အပေါ်မှာ ရှိနေသည်။

"ငါ ဒီကြွေလွင့်ဘိုးဘေးနတ်ဘုရားကို ဂရုစိုက်လိုက်မယ်" အချိန်ဘိုးဘေးနတ်ဘုရားမက ရုတ်တရက် ပြောလိုက်သည်။

သို့သော် ချင်ယွင်က ခေါင်းခါပြသည်။

"မလိုပါဘူး ငါကိုယ်တိုင် လုပ်မယ်" ချင်ယွင်က ဘာသိဘာသာ ပြောလိုက်သည်။

အချိန်ဘိုးဘေးနတ်ဘုရားမသည် မှင်သက်သွားသည်။

ချင်ယွင်ကိုယ်တိုင် လှုပ်ရှားမလို့လား။

သူ့ကျင့်ကြံမှုအခြေခံသည် ကောင်းကင်နတ်ဘုရားနယ်ပယ်တွင် ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် သူသည် ကြွေလွင့် ဘိုးဘေးနတ်ဘုရားအတွက် မည်သို့ ပြိုင်ဘက် ဖြစ်နိုင်မည် နည်း။

သူ့တွင် ကိုယ်ပွားနှစ်ခုနှင့် ကျောက်ရုပ်ထုကြီးတစ်ခု ရှိနေသော်လည်း၊ ၎င်းတို့ထဲတွင် အစွမ်းထက်ဆုံးမှာ ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားနယ်ပယ် တွင် ရှိနေဆဲဖြစ်ပြီး၊ ၎င်းတို့သည် အလုံစုံပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားနယ်ပယ်နှင့် မယှဉ်နိုင်သေးပေ။

ချင်ယွင်သည် ကြွေလွင့်ဘိုးဘေးနတ်ဘုရားကို ကိုယ်တိုင် ရင်ဆိုင်ခြင်းက သေခြင်း တရားကို တောင်းဆိုခြင်း မဟုတ်ပါလော။

ချင်ရီသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသော်လည်း ဘာမှ ပြန်မပြော။

ချင်ယွင်သည် သူမယုံကြည်မှုမရှိဘဲ မည်သည့်အရာကိုမျှ လုပ်မည်မဟုတ်ကြောင်း သူမ ယုံကြည်သည်။

"ငါ့ကို တိုက်ခိုက်မယ်။ ဟား….၊ ဟား…၊ မင်းလို ကောင်းကင်နတ်ဘုရားလေးက ငါ့လို အလုံစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားတစ်ပါးကို အနိုင်ယူနိုင် မယ်လို့ တကယ် ထင်နေတာလား။" ကြွေလွင့်ဘိုးဘေးနတ်ဘုရားက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

သူသည် ဟာသကြီးတစ်ခု ကြားလိုက်ရသလိုပင်။

သူသည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေရင်း ပြင်းထန်သော လှောင်ပြောင်မှုများနှင့် ပြည့်နှက်နေသည်။

"ခင်ဗျား မကြိုးစားရသေးဘဲ ကျုပ်က ခင်ဗျားရဲ့ပြိုင်ဘက် မဟုတ်ဘူးဆိုတာကို ခင်ဗျား ဘယ်လိုလုပ် သိနိုင်မှာလဲ" ချင်ယွင်က ကြွေလွင့်ဘိုးဘေးနတ်ဘုရားကို ကြည့်ရင်း ရယ်မောလိုက်သည်။ သူ့မျက်လုံးထဲတွင် ကြောက်ရွံ့မှု အနည်းငယ်မျှပင် မရှိသည့်အပြင်, သူ့မျက်လုံးများတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်ပင် ရှိနေသည်။

ကြွေလွင့်ဘိုးဘေးနတ်ဘုရားသည် ချင်ယွင်၏အမူအရာကို မြင်သောအခါ၊ သူ့အကြည့်များ သည် ချက်ချင်း မည်းမှောင်သွားပြီး သူ့မျက်လုံးများတွင် အမျက်ဒေါသက တဟုန်ထိုး ပျံ့နှံ့လာသည်။

"ဟမ့်၊ မင်းက သေခြင်းတရားကို တောင်းခံနေမှတော့, မင်း ငါ့ကိုယ်ပွားကို အရှက်ခွဲခဲ့တဲ့ အရှက်တရားတွေကို ငါ ပြန်ပေးဆပ်လိုက်မယ်။" ကြွေလွင့် ဘိုးဘေးနတ်ဘုရားက အေးစက်စွာ ပြောလိုက်သည်။ ထို့နောက်တွင်၊ ဘိုးဘေးနတ်ဘုရားတစ်ပါး၏ ကြောက်မက်ဖွယ်ကောင်းသော တန်ခိုးတော်သည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

ထိုအချိန်တွင် ကလေးဧကရာဇ်နှင့် သေမင်းဘိုးဘေးနတ်ဘုရားတို့ နှစ်ဦးစလုံးသည် အပြေး အလွှား ပြေးထွက်သွားကြပြီး၊ အခြားဘိုးဘေးနတ်ဘုရားနှစ်ပါးနှင့် တိုက်ရိုက် တိုက်ခိုက်ခဲ့ သည်။

ချင်ယွင်သည် ကြွေလွင့်ဘိုးဘေးနတ်ဘုရား၏ ဆန့်ကျင်ဘက်တွင် ရပ်နေသည်။

“သေလိုက်တော့..”။

ကြွေလွင့်ဘိုးဘေးနတ်ဘုရားသည် အေးစက်သောအသံဖြင့် ဟစ်ကြွေးပြီးနောက် ဧရာမ လက်ဖဝါးကြီးကို တိုက်ရိုက် ဆန့်ထုတ်ကာ ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ထိုကြောက်မက်ဖွယ်ကောင်းသော လက်ဖဝါးကြီးတွင် ဘိုးဘေးနတ်ဘုရားထံမှ ပြင်းထန် သော ဖိအားတစ်ခု ပါဝင်နေသည်။

သာမာန် ကောင်းကင်နတ်ဘုရားတစ်ပါးသာ ဖြစ်ပါက၊ ဤဖိအားကြောင့် ၎င်းတို့၏ ခန္ဓာကိုယ်သည် တိုက်ရိုက်ပင် အပိုင်းပိုင်း ကြေမွသွားမည်ဖြစ်သည်။

ချင်ယွင်သည် ကောင်းကင်ယံမှ ရိုက်နှက်လာသည့် ဧရာမ လက်ဖဝါးကြီးကို ကြည့်လိုက် သော်လည်း သူ့ပါးစပ်ထောင့်က လှောင်ရယ်သံတွေ ထွက်ပေါ်လာသည်။

"ခင်ဗျားရဲ့ ဉပဒေသစွမ်းအင်တွေကို အသုံးပြုသင့်တယ်။ ကိုယ့်ကိုကိုယ် အရှက်ရစေမယ့် အခုလို သေးငယ်တဲ့ လှည့်ကွက်လေးကို မသုံးမပြုသင့်နဲ့။" ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်သည်။

သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်သည်နှင့် အားကောင်းသော စကြာဝဠာ စွမ်းအား တစ်ခုက ချက်ချင်းဆိုသလိုပင် ဓားသွားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုဧရာမလက်ဖဝါးကို တစ်ဝက်ခန့် လှီးဖြတ်လိုက်သည်။

ကြွေလွင့်ဘိုးဘေးနတ်ဘုရားသည် ဤမြင်ကွင်းကို မြင်သောအခါ၊ အံ့ဩသည့် အရိပ်အယောင်တစ်ခု သူ့မျက်လုံးများမှတဆင့် တောက်ပလာသည်။

သို့သော်လည်း မကြာမီမှာ သူသည် လုံးဝ အုံ့မှိုင်းလာပြီး ချင်ယွင်ကို ကြည့်နေသည့် အကြည့်တွေက ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

"ဟမ့်၊ ကြည့်ရတာ, မင်းက ငါထင်ထားတာထက် ပိုအစွမ်းထက်နေပုံပဲ။ ဒီလိုဆိုမှတော့, ငါ့ရဲ့ ကြွေလွင့်ဥပဒေသရဲ့ စွမ်းအားကို ခံစားကြည့်လိုက်ပါ။" ကြွေလွင့်ဘိုးဘေးနတ်ဘုရား က အေးစက်စွာ ပြောလိုက်သည်၊ ထို့နောက်တွင် ကြောက်စရာကောင်းသော စွမ်းအင် အတက်အကျလှိုင်းက လေဟာနယ်၏ နက်ရှိုင်းရာနေရာမှ ထွက်ပေါ်လာသည်။

ထိုစွမ်းအင်အတက်အကျလှိုင်းသည် အလွန်မင်းကြောက်စရာကောင်းပြီး လူတိုင်း၏ စိတ်နှလုံးကို တုန်လှုပ်စေလောက်သည်။

All Chapters