← Chapters

အခန်း ၁၇၉၃

Vol. 120 Ch. 1793

အခန်း ၁၇၉၃

Vol. 120 Ch. 1793

အခန်း (၁၇၉၃) နဂါးမျိုးနွယ်၌ တစ်ခုခုဖြစ်နေခြင်း။

"သောက်ကောင်လေး၊ မင်း ငါ့ကိုသတ်ချင်ရင် သတ်လိုက်ပါ" ကြွေလွင့်ဘိုးဘေးနတ်ဘုရား က ဒေါသတကြီး အော်ဆဲလိုက်သည်။

ယခုအခါ သူသည် ချင်ယွင်၏ လေဟာနယ်စွမ်းအားက သူ့စိတ်ဝိညာဉ်ကို ဖမ်းဆုပ်ထား သောကြောင့် သူသည် အနည်းငယ်မျှ ခုခံနိုင်စွမ်းမရှိပေ။

ဆိုလိုသည်မှာ သေခြင်းတရားက သူ့ကို စောင့်ကြိုနေပြီ။

"ခင်ဗျားက ဒီလောက်မြန်မြန် သေချင်နေတာလား။ ကောင်းပြီ, ကျုပ် ခင်ဗျားကို ကူညီမယ်။" ချင်ယွင်က အေးစက်စွာ ပြောလိုက်ပြီး ကြွေလွင့်ဘိုးဘေးနတ်ဘုရား၏ စိတ်ဝိညာဉ်ကို တိုက်ရိုက် ချေမွပစ်လိုက်သည်။

ဤမြင်ကွင်းကို မြင်သောအခါ အနီးရှိ အချိန်ဘိုးဘေးနတ်ဘုရားမသည် ချင်ယွင်ကို လှမ်းမကြည့်ဘဲ မနေနိုင်ခဲ့ပေ။

သူသည် ကြွေလွင့်ဘိုးဘေးနတ်ဘုရားအား အသက်ရှင်ခွင့်ပြုရန် ချင်ယွင်ကို တောင်းဆိုခဲ့ သော်လည်း ချင်ယွင်သည် သူ့ကို အမှန်တကယ် သတ်ပစ်မည်ဟု မမျှော်လင့်ခဲ့ပေ။

သေချာသည်မှာ, ချင်ယွင်က သူကို သတ်ချင်သည်ဆိုလျှင်, သူ သတ်ပစ်မည်ဖြစ်သည်။ ကြွေလွင့်ဘိုးဘေးနတ်ဘုရား၏ စိတ်ဝိညာဉ်ကို စောင့်ရှောက်ထားခြင်းက အသုံးမဝင်ပေ။

ချင်ယွင် နောင်တမရခဲ့ပေ။

ကြွေလွင့်ဘိုးဘေးနတ်ဘုရားအား ထိန်းသိမ်းထားခြင်းက အသုံးမဝင်သောကြောင့် သူ့ကို တိုက်ရိုက် အဆုံးသတ်လိုက်ခြင်းက ပိုကောင်းပါသည်။

ထို့အပြင်၊ သူနှင့် ကြွေလွင့်ဘိုးဘေးနတ်ဘုရားကြားတွင် အမုန်းတရားများစွာ မရှိပေ။

အခုအချိန်မှာ အရေးကြီးဆုံးအရာက ခရမ်းရောင်ဘုရင် ဖြစ်နေတုန်းပင်။

အနကရောင်ကျောက်တုံးကို သူ့လက်ကနေ မည်သို့ ပြန်ယူမလဲဆိုသည့်အချက်က အရေးကြီးဆုံး ဖြစ်သည်။

ထိုအချိန်တွင် ခရမ်းရောင်ဘုရင်နှင့် ကလေးဧကရာဇ်တို့သည် အချင်းချင်း တိုက်ခိုက်နေကြ ဆဲဖြစ်ပြီး သူတို့နှစ်ဦးသည် လက်ရှိအခြေအနေမှာ လက်ရည်ညီနေခဲ့သည်။

ထို့အပြင် ၎င်းတို့နှစ်ဦးသည် အစွမ်းထက်သည့် တိုက်ခိုက်ရေးသမားများ ဖြစ်ကြပြီး၊ တိုက်ပွဲ ကြောင့် ဖြစ်ပေါ်လာသော ရုန်းရင်းဆန်ခတ်ဖြစ်မူက ကြီးမားလှသည်။

ချင်ယွင်သည် ထိုသို့သောတိုက်ပွဲတွင် လုံးဝ ဝင်ရောက်စွက်ဖက်ခြင်း မပြုနိုင်ခဲ့ပေ။

သူ ကြွေလွင့်ဘိုးဘေးနတ်ဘုရားကို သတ်နိုင်ခဲ့သည်မှာ အကြောင်းရင်းတစ်ခုကြောင့် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူသည် ကြွေလွင့်ဘိုးဘေးနတ်ဘုရား၏ အစစ်မှန် အဓိပ္ပာယ်ကို ထိန်းချုပ်နိုင်သောကြောင့် ဖြစ်သည်။

ချင်ယွင်သည် အခြား အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရား များနှင့် မယှဉ်နိုင်သေးပါ။

တစ်ဖက်တွင်မူ သေမင်းဘိုးဘေးနတ်ဘုရားသည်လည်း နတ်ဆိုးမျိုးနွယ်၏ ဘိုးဘေး နတ်ဘုရားနှင့် တိုက်ခိုက်လျက်ရှိသည်။

သူတို့အားလုံးသည် အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် အထွတ်အထိပ် ကျွမ်းကျင်သူတွေဖြစ်ကြပြီး သူတို့ကြားက ကွာခြားချက်က မရှိသလောက်ပင်။

အစစ်မှန် အဓိပ္ပါယ် ဉပဒေသများသည် ပြိုင်ဘက်ကို ချုပ်တည်းနိုင်ခြင်းမရှိပါက တဖက်လူကို အနိုင်ယူရန် အလွန်ခက်ခဲပေလိမ့်မည်။

အဝေးမှ ခရမ်းရောင်ဘုရင်သည်လည်း ကြွေလွင့်ဘိုးဘေးနတ်ဘုရား အသတ်ခံရကြောင်း ကို သတိပြုမိသည်။ သူ့မျက်လုံးများ ပြူးကျယ်လာပြီး ကလေးဧကရာဇ်အပေါ် သူ့တိုက်ခိုက်မှုများက ပို၍ ပြင်းထန်လာသည်။

"မကောင်းတော့ဘူး။ ဒီကောင်က ထွက်ပြေးချင်နေတာ" ချင်ယွင်က တစ်ခုခုကို ချက်ချင်း သဘောပေါက်ပြီး ကမန်းကတန်း ပြောလိုက်သည်။

ခရမ်းရောင်ဘုရင်၏ တိုက်ခိုက်မှုက ရုတ်တရက် တိုးမြင့်လာခြင်းသည် သူ ထွက်ပြေး လွတ်မြောက်ရန် အခွင့်ကောင်းယူလိုသည့် တိုက်ခိုက်မှုအမျိုးအစား ဖြစ်ကြောင်း ထင်ရှားသည်။

ဘန်း..။

သေချာပါသည်၊ ထိုအရာက ထိုအခိုက်တန့်မှာပင် ဖြစ်ပျက်ခဲ့ပါသည်။

ခရမ်းရောင်ဘုရင်သည် ကလေးဧကရာဇ်ကို လက်သီးဖြင့် ထိုးထုတ်ရင်း သူ့ကို နောက်ပြန် ဆုတ်အောင် တွန်းအားပေးလိုက်သည်။

အခြားတစ်ဖက်တွင်မူ, သူကိုယ်တိုင်က လေဟာနယ် ဥမင်လိုဏ်ခေါင်းဖောက်ကာ ထွက်ပြေးသွားခဲ့သည်။

"ဘယ်သွားမလို့လဲ…."

ချင်ယွင်သည် ခရမ်းရောင်ဘုရင်ကို ထိန်းသိမ်းရန် သူ၏ ပြန်လည်ဝင်စားခြင်း အစစ်မှန် အဓိပ္ပာယ်ကို ချက်ချင်း စုစည်းလိုက်သည်။

“ဟမ့်…”။

သို့သော် တိမ်တိုက်၏ နက်ရှိုင်းသောအရပ်မှ အေးစက်စက် နှာချေသံ ထွက်ပေါ်လာသည်။

ထို့နောက် ချင်ယွင်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

ကြောက်စရာကောင်းသော အင်အားတစ်ခုက လေဟာနယ်ထဲမှ သူ့ဆီသို့ တိုးဝင်လာ သည်။

ချင်ယွင်သည် ဤကြောက်စရာကောင်းသော စွမ်းအားကို တွန်းလှန်ရန် စကြဝဠာကြီး၏ စွမ်းအားကို အလျင်အမြန် စုစည်းလိုက်ရသည်။

“ဘုန်း..”

ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။

ချင်ယွင်သည် ချက်ခြင်း နောက်ပြန် လွင့်ပျံသွားကာ ဥက္ကာပျံကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

"ချင်ယွင်, မင်းအဆင်ပြေရဲ့လား"

အချိန်ဘိုးဘေးနတ်ဘုရားမက ကမန်းကတန်း ရှေ့ကို လှမ်းပြီး မေးသည်။

"အဆင်ပြေပါတယ်။ ဒါပေမယ့် သူ လွတ်မြောက်သွားသေးတယ်။ ဘယ်လောက် ကြောက်စရာကောင်းတဲ့ ခွန်အားလဲ" ချင်ယွင် မတ်တပ်ရပ်ပြီး ပြောလိုက်သည်။

နောက်ဆုံး ဤအခိုက်အတန့်မှာ ထိုစွမ်းအား အားလုံးကို စကြဝဠာထဲကို မမျိုချနိုင်ခဲ့ဘူး ဆိုရင်, အခုက ထိုလက်သီးချက်ကြောင့် သူ့အသက် သေဆုံးလုနီးပါး ဖြစ်သွားနိုင်သည်။

သူ့အသက်သည် သူ့ခန္ဓာကိုယ်မှ ပျောက်ဆုံးသွားမှာပင် စိုးရသည်။

ထို့အပြင်၊ သူ့စကြဝဠာသည် ကြီးမြတ်သော ပြီးပြည့်စုံခြင်းအဆင့်သို့ မရောက်ရှိခဲ့ပါက၊ သူ့စကြဝဠာ၏စွမ်းအားသည်လည်း ထိုလက်သီးချက်၏ စွမ်းအားကို ချေဖျက်နိုင်လိမ့်မည် မဟုတ်ပေ။

"သူက သူ့ရဲ့ခွန်အားကို ဖုံးကွယ်ထားခဲ့တယ်။ သူ ငါ့ကို တိုက်ခိုက်ချိန်မှာ သူ့ရဲ့ အစစ်မှန် စွမ်းအားကို မသုံးခဲ့ဘူး။ သူ ငါ့ကို အကြိမ်ပေါင်းများစွာ သတ်နိုင်ပေမယ့်, အဲဒီလိုမလုပ်ခဲ့ ဘူး။" တွန်ဒီ၏ပုံရိပ်က ချင်ယွင်၏အနားတွင် ပေါ်လာပြီး ပြောသည်။

ချင်ယွင် ခေါင်းညိတ်ပြလိုက်သည်။

ဤခရမ်းရောင်ဘုရင်သည် အလွန်ထူးဆန်းပြီး သူ၏စွမ်းအားသည် သာမန် အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ကျွမ်းကျင်သူများထက် သာလွန်နေသည်။

သို့သော် သူသည် သူ့ခွန်အားကို ဖုံးကွယ်ထားခဲ့သည်။

ထို့အပြင်၊ ချင်ယွင်သည် သူ့စွမ်းအားမှ စကြာဝဠာတန်ခိုးတော်ကို ခံစားနိုင်သည်။

အကယ်၍, ချင်ယွင် ခန့်မှန်းထားသည့်အတိုင်း မှန်ကန်ပါက, ဤလူသည် စကြဝဠာ စွမ်းအား၏ အစိတ်အပိုင်း အနည်းငယ်ကို စုပ်ယူထားသင့်သည်။

သို့သော် ချင်ယွင် အနည်းငယ် ဝေခွဲမရဖြစ်နေသည်။ ပုံမှန်အားဖြင့်၊ အလုံစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားများသည် စကြာဝဠာ၏တန်ခိုးကို စုပ်ယူနိုင်စွမ်း မရှိပေ။

ဤခရမ်းရောင်ဘုရင်သည် သူ့ကိုယ်ပိုင်စကြဝဠာကို မဖန်တီးနိုင်ခဲ့ပါ။၊ ထိုသို့ဆိုလျှင်, သူသည် ထိုစွမ်းအားကို မည်သို့ စုပ်ယူခဲ့သနည်း။

"ဒီခရမ်းရောင်ဘုရင်က အရမ်းထူးဆန်းတယ်။ ငါတို့ အချိန်အတော်ကြာအောင် စဉ်းစားရဦးမယ် " အချိန်ဘိုးဘေးနတ်ဘုရားမက ပြောသည်။

ချင်ယွင်က ခေါင်းညိတ်ပြလိုက်သည်။

သို့သော်, သူသည် အနက်ရောင် ကျောက်တုံးကို အမြန်ဆုံး ရယူချင်သည်။

သို့သော်, အခု သူ ဘာမှ မတတ်နိုင်ခဲ့ပေ။

အခြားတစ်ဖက်တွင်မူ နတ်ဆိုးမျိုးနွယ်၏ ဘိုးဘေးနတ်ဘုရားသည် သူ၏အဖော်များ အသတ်ခံရခြင်း, ထွက်ပြေးသွားခြင်းကို သိမြင်ပြီးနောက် လေဟာနယ်ထဲသို့ တိုးဝင်ကာ ထွက်ပြေးသွားခဲ့သည်။

သေမင်းဘိုးဘေးနတ်ဘုရားက သူ့ကို မတားခဲ့ပေ။

ပထမအချက် မလိုအပ်၍ ဖြစ်သည်။

ဒုတိယအနေဖြင့် သူ့ကို တားဆီးနိုင်ရင်တောင် သူ့ကိုသတ်ဖို့ မလွယ်ပါဘူး။

ထိုသို့ပြုလုပ်မည့်အစား, သူ့ကို လွှတ်ပေးလိုက်ခြင်းက ပိုကောင်းပါသည်။

"ဒီခရမ်းရောင်ဘုရင်ရဲ့ဇာစ်မြစ်က အတိအကျ ဘာလဲ။ ပြီးတော့ ဒီကမ္ဘာခြားနတ်ဆိုးတွေ ကို အဲဒီတုန်းက ဘာလို့ ချိတ်ပိတ်ထားခဲ့တာလဲ။" ချင်ယွင်သည် သူ့စိတ်ထဲက သံသယတွေကို မမေးဘဲမနေနိုင်တော့ပေ။

အကယ်၍, ကောင်းကင်ဘုံတန်ခိုးရှင်သည် ဤကမ္ဘာခြားနတ်ဆိုး ကျင့်ကြံသူများကို သတ်ပစ်ချင်ပါက၊ သူသည် ၎င်းတို့ကို အဘယ်ကြောင့် ချိတ်ပိတ်ထားရမည်နည်း။

ထို့အပြင်, ခရမ်းရောင်ဘုရင်ဟုခေါ်သည့် ထိုလူသည် မရှိရှင်းသည်မှာ သိသာထင်ရှားသည်။

သူသည် စကြာဝဠာ၏ သဘောတရားကို ကောင်းစွာ သိရှိထားသည်။ မဟုတ်ပါက, သူသည် တန်ခိုးကြီးသော ကောင်းကင်တောင်၏တန်ခိုးကို စုပ်ယူနိုင်လိမ့်မည် မဟုတ်ပေ။

"ဒီကမ္ဘာခြားနတ်ဆိုးတွေအကြောင်းပြောရင်၊ သူတို့က ကောင်းကင်ဘုံတန်ခိုးရှင်ကိုယ်တိုင် ဖန်တီးထားတဲ့ ပထမဆုံး လူသားတွေပဲ။ ဒါပေမဲ့ ခရမ်းရောင်ဘုရင်ရဲ့ ဦးဆောင်မှု အောက်မှာ ဒီနတ်ဆိုးတွေက စတင်ပုန်ကန် လာတဲ့အတွက် ကောင်းကင်ဘုံတန်ခိုးရှင်က သူတို့အားလုံးကို သတ်ချင်နေတာ သဘာဝပဲ။ ဒါပေမယ့် ခရမ်းရောင်ဘုရင်က လုံးဝ မသေနိုင်တဲ့ တစ်ခုခုကို နားလည်ထားပုံရတယ်။ ဒါကြောင့် ကောင်းကင်ဘုံတန်ခိုးရှင်က ကူရာမဲ့ဖြစ်ပြီး၊ သူတို့အားလုံးကို ချိတ်ပိတ်ထားရုံပဲ တတ်နိုင်ခဲ့တယ်” အချိန်ဘိုးဘေး နတ်ဘုရားမက ပြောသည်။

ချင်ယွင် မျက်မှောင်ကြုတ်လိုက်သည်။

မသေနိုင်ဘူးလား။

ဤခရမ်းရောင်ဘုရင်ကို ကောင်းကင်ဘုံတန်ခိုးရှင်က ဖန်တီးခဲ့သည်။ သူ ဘယ်လိုလုပ် မသေနိုင်ရမည်နည်း။

အချိန်ဘိုးဘေးနတ်ဘုရားမက ခေါင်းယမ်းပြသည်။ အဖြစ်အပျက်တွေကို သူမ နားမလည်နိုင်သည်မှာ ထင်ရှားပါသည်။

"အခုနကကောင်က ဒီကမ္ဘာထဲက လူမဟုတ်တော့ဘူး။ သူ့ခန္ဓာကိုယ်က သိမ်းပိုက်ခံထားရ ပြီ”

ထိုအချိန်မှာ သေမင်းဘိုးဘေးနတ်ဘုရားက ပြောသည်။

"သူ့ခန္ဓာကိုယ်က သိမ်းပိုက်ခံထားရပြီလား" ချင်ယွင် မှင်သက်သွားခဲ့သည်။

အချိန်ဘိုးဘေးနတ်ဘုရားမနှင့် ကလေးဧကရာဇ်တို့ နှစ်ဦးစလုံးလည်း မှင်သက်သွားကြ သည်။

ခရမ်းရောင်ဘုရင်၏စိတ်ဝိညာဉ်သည် တခြားတစ်ဦးနှင့် အစားထိုးခံလိုက်ရပြီဟု သူတို့ မမျှော်လင့်ထားခဲ့ကြပါဘူး။ ဤစကားက အဓိပ္ပါယ်ရှိသည်။

ဤခရမ်းရောင်ဘုရင်သည် ဤစကြဝဠာမှ မဟုတ်ပေ။ စကြာဝဠာပင်လယ်မှ ဖြစ်သည်။

ထို့ကြောင့် ကောင်းကင်ဘုံတန်ခိုးရှင်က သူ့ကို ဘာမှ မလုပ်နိုင်တော့ပေ။

သူ ဘာကြောင့် ရောက်လာတာလဲ။ သူ့ရည်ရွယ်ချက်က ဘာလဲ။

ဘယ်သူမှ မသိနိုင်ပေ။

ယခုအချိန်တွင် အနက်ရောင် ကျောက်တုံး ၁၁ တုံးသာ ရှိသေးပြီး နောက်ဆုံးတစ်တုံးက ပျောက်နေသည်။

ယင်းက ချင်ယွင်က အရမ်း မကျေမနပ် ခံစားရစေသည်။

“အယ်..”။

ထိုအချိန်တွင် ချင်ယွင် မှင်သက်သွားသည်။

"ဘာဖြစ်လို့လဲ" အချိန်ဘိုးဘေးနတ်ဘုရားမနှင့် အခြားသူများသည် ချင်ယွင်၏ ပုံမှန်မဟုသည့် အမူအရာကို ချက်ချင်း သတိပြုမိပြီး ချက်ချင်း မေးလိုက်သည်။

"နဂါးမျိုးနွယ်မှာ တစ်ခုခု ဖြစ်နေတယ်။ အခုပဲ နဂါးဘုရင် ဘိုးဘေးနတ်ဘုရားက အသက်ကယ်တယ်ဖို့အတွက် နဂါးမျိုးနွယ်ကိုသွားဖို့ ငါ့ဆီကို သတင်းပို့လိုက်တယ်။" ချင်ယွင်က လေးနက်စွာ ပြောသည်။

သူသည် နဂါးမျိုးနွယ်၏အသက်ကို ကယ်တင်ပေးမည်ဟု နဂါးဘုရင် ဘိုးဘေး နတ်ဘုရားအား ကတိပြုခဲ့သည်။

သို့သော် နဂါးမျိုးနွယ်သည် မည်သည့် အကျပ်အတည်းမျိုးကို ရင်ဆိုင်ရမည်ကို သူ နားမလည်ခဲ့ပေ။

သူ နဂါးဘုရင်ဘိုးဘေးနတ်ဘုရားထံမှ သတင်းကိုမရသည့်တိုင်အောင် နဂါးမျိုးနွယ်၏ နောက်ကွယ်တွင် အမည်မသိလျှို့ဝှက်ချက်အချို့ ရှိနေပုံရကြောင်းကို အစကတည်းက နားလည်သွားခဲ့သည်။

"မင်းနဲ့အတူ လိုက်ခဲ့မယ်" အချိန်ဘိုးဘေးနတ်ဘုရားမက ပြောသည်။

ကလေးဧကရာဇ်နှင့် သေမင်းဘိုးဘေးနတ်ဘုရားတို့သည်လည်း ခေါင်းညိတ်ကြသည်။ သူတို့သည် ငြင်းဆန်ခြင်းမရှိသည်မှာ ထင်ရှားသည်။

"ကောင်းပြီ, ဒါဆို ငါတို့ နဂါးမျိုးနွယ်ကို တိုက်ရိုက်သွားကြတာပေါ့။" ချင်ယွင်က လေးလေး နက်နက် ပြောလိုက်သည်။

ထို့နောက် လူတိုင်းသည် လေဟာနယ်ထဲသို့ ချက်ချင်း ပျောက်ကွယ်သွားပြီး နဂါးမျိုးနွယ် ဆီသို့ ဦးတည်သွားကြလေသည်။

All Chapters