အခန်း ၁၇၉၄
Vol. 120 Ch. 1794
အခန်း (၁၇၉၄) လျှို့ဝှက်ဆန်းကြယ် ဆံပင်နက်အမျိုးသား။
နဂါးများထိုင်နေသည့် တောင်တန်းအတွင်း၌ ကြီးမားသော ကပ်ဘေးဆိုးကြီးတစ်ခု ဖြစ်ပေါ်နေသည်။
နဂါးမျိုးနွယ်တစ်ခုလုံးသည် ကြီးမားသော ဘေးဒုက္ခတစ်ခုအတွင်းသို့ ကျရောက်နေခဲ့ သည်။
"ဟား…၊ဟား…၊ နဂါးတွေလား။ သားရဲမျိုးနွယ်တစ်သောင်းရဲ့ အုပ်စိုးရှင်တွေလား။ ဘယ်လောက် ရယ်စရာကောင်းလိုက်လဲ။ ဒီလိုပျော့ညံ့တဲ့ သတ္တဝါလေးတွေက တကယ် ရော အသန်မာဆုံးသတ္တဝါတွေလို့ ခေါ်ဆိုထိုက်လို့လား” ဆံပင်နက်အမျိုးသားသည် ကျယ်လောင်စွာ ရယ်မောရင်း၊ သူ့ဆံပင်တွေက အရိုင်းဆန်ဆန် ကခုန်နေသည်။
ရယ်မောသံက ရိုင်းစိုင်းပြီး သန်မာလွန်းသည်။
ကြောက်စရာကောင်းသော ရယ်မောသံက တောင်တန်းတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။ တောင်တန်းတွေတောင် ပြင်းပြင်းထန်ထန် တုန်လှုပ်နေသည်။
"မင်းက ဘယ်သူလဲ၊ မင်းက ဘာလို့ ငါတို့နဂါးမျိုးနွယ်ကို ပစ်မှတ်ထားနေတာလဲ" နဂါးဘုရင်ဘိုးဘေးနတ်ဘုရားက ဒေါသတကြီး အော်ပြောလိုက်သည်။
အနီးနားရှိ နဂါးမျိုးနွယ် ကျွမ်းကျင်သူများလည်း အလားတူ ဒေါသထွက်နေကြသည်။
သူတို့နဂါးမျိုးနွယ်၏ ကျွမ်းကျင်ပညာရှင် အများအပြားသည် ဤဆံပင်နက်အမျိုးသား၏ လက်ထဲ၌ ကြေကွဲဖွယ် သေဆုံးခဲ့ရပြီး၊ သူတို့၏ အပေါင်းအဖော်အချို့ကို ဤလူက စားသောက်ခဲ့သေးသည်။
"ဟား...၊ ဟား....၊ ပစ်မှတ်ထားတလား။ ငါ့မျက်လုံးထဲမှာတော့ မင်းတို့က အစားအစာတွေပဲ လေ။ သန်မာသူတွေက အားနည်းတဲ့သူတွေကို စားလို့မရဘူးလား၊ မင်းတို့ကမ္ဘာကြီးရဲ့ ရှင်သန်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုက အမြဲတမ်း မဟုတ်နိုင်ဘူးမလား။ ဆံပင်နက်လူသားက ရယ်မောလိုက်သည်။
သူသည် အောက်က နဂါးတွေကို ငုံ့ကြည့်ရင်း သူ့မျက်လုံးထဲမှာ လှောင်ပြောင်သည့် အမူအရာ ပေါ်လွင်နေသည်။
နဂါးဘုရင်ဘိုးဘေးနတ်ဘုရားသည် ဒေါသ ထွက်နေသည်။
သို့သော်လည်း ယခုအချိန်တွင် သူသည် ဒဏ်ရာပြင်းထန်စွာ ရရှိနေပြီဖြစ်သည်။
အစောပိုင်းက သူသည် လျှို့ဝှက်ဆန်းကြယ်သော ဤဆံပင်နက်အမျိုးသားကို အစစ်မှန် အဓိပ္ပာယ် ဉပဒေသများဖြင့် တိုက်ခိုက်သောအခါတွင် ထိရောက်မှု မရှိခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့်၊ တစ်ဖက်လူ၏အကြည့်ကြောင့် ထိတ်လန့်သွားရပြီး သူ၏ စိတ်ဝိညာဉ်အနှစ်သာရကိုပင် ထိခိုက်ဒဏ်ရာရစေခဲ့သည်။
ယခုအချိန်တွင် သူ့ကံကြမ္မာနန်းတော်သည် အက်ကွဲနေပြီး မည်သည့်အခိုက်အတန့်တွင် မဆိုပြို ကျသွားသည့် အရိပ်အယောင်များ ရှိနေသည်။
သို့သော်, သူသည် သေသည်အထိ တိုက်ပွဲဝင်ချင်သည်။
ယင်းမတိုင်မီက သူသည် ချင်ယွင်ထံသို့ သတင်းစကားတစ်ခု ပို့လွှတ်ခဲ့သည်။
သူထိန်းချုပ်ထားသော ကံကြမ္မာ အစစ်မှန် အဓိပ္ပါယ်သည် နဂါးတွေအတွက် ဘေးဥပါဒ်ကို ဟောကိန်းထုတ်ထားသည်။
ယခုမူ၊ ဤဘေးဆိုးကြီးသည် အမှန်တကယ် ကျဆင်းလာခဲ့ပြီး၊ ဤဘေးဆိုးကြီးကို ဖြေရှင်းနိုင်သူမှာ ချင်ယွင် ဖြစ်သည်။
သူကိုယ်တိုင် မသိသလို ချင်ယွင်သည် သူတို့နဂါးမျိုးနွယ်၏ ဘေးဆိုးကြီးကို မည်သို့ မည်ပုံဖြေရှင်းနိုင်သည်ကို သူ မမြင်နိုင်ပေ။
သို့သော်လည်း သူက ချင်ယွင်ထံ သတင်းပို့ရန် ရွေးချယ်ခဲ့သေးသည်။
ဤအရာအားလုံးကို ပြုလုပ်ပြီးနောက်၊ နဂါးဘုရင် ဘိုးဘေးနတ်ဘုရားသည် တစ်ဖန်ထ၍ ကောင်းကင်မှ ဆံပင်နက်အမျိုးသားကို အေးစက်စွာ ကြည့်နေ၏။
"မင်း ဘယ်သူလဲ၊ မင်း ဘယ်ကလာလဲဆိုတာ ငါ ဂရုမစိုက်ပါဘူး။ ဒီကနေ ထွက်သွားလိုက် ပါ။ ဒီလိုမှမဟုတ်ဘဲ, မင်း ငါ့နဂါးမျိုးနွယ်ကို သတ်ဝံ့ရင်, ငါ ဒီနေ့ သေရင်တောင် မင်းကို အဆုံးထိ တိုက်ခိုက်မှာပဲ" နဂါးဘုရင်၏ရုပ်အသွင်သည် လေထဲတွင် တဖြည်းဖြည်း လွင့်ပျံလာပြီး၊ ဘိုးဘေးနတ်ဘုရားတစ်ပါး၏ တန်ခိုးကြီးသော အငွေ့အသက်များက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
အောက်မှ နဂါးမျိုးနွယ် ကျွမ်းကျင်သူ အားလုံးသည် ခိုင်မာသော မျက်လုံးများရှိနေကြပြီး၊ ၎င်းတို့၏ နှလုံးသားများသည် ပြင်းထန်သော စိတ်လှုပ်ရှားမူများဖြင့် ပြည့်နှက်နေပါသည်။
သူတို့နဂါးများ၏ ဂုဏ်သိက္ခာကို လုံးဝ စော်ကား၍ မရပေ။
"ဟား..၊ ဟား...၊ အဆုံးထိ တိုက်ခိုက်မယ်။ ဘယ်လောက် ရယ်စရာကောင်းလဲ။ ပုရွက်ဆိတ်တစ်ကောင်က သစ်ပင်ကြီးကို လှုပ်ခါနေတယ်။ မင်း ဆက်ပြီး ခုန်နေရင်တောင် နောက်ဆုံးတော့ ငါ့ဗိုက်ထဲက အစာဖြစ်သွားလိမ့်မယ်။" ဆံပင်နက်အမျိုးသားက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သူသည် ဟာသကြီးတစ်ခု ကြားလိုက်ရသည့်အတိုင်းပင်။
"ဟမ့်၊ ဒီလိုဆိုမှတော့ မင်း ဘယ်လိုတိုက်မလဲ ကြည့်ရအောင်" ဆံပင်နက်အမျိုးသား၏ မျက်လုံးများက ပြင်းထန်သော အလင်းရောင်တစ်ခုနှင့်အတူ ရုတ်တရက် လင်းလက်သွား သည်။
သူသည် သူ့လက်ဖဝါးဖြင့် အောက်ကတောင်တန်းကို ရိုက်ချလိုက်သည်။
“ဘုန်း..”။
တောင်တန်းကြီးတစ်ခုလုံး ချက်ချင်း ပြိုကျသွားသည်။
အောက်မှနဂါးမျိုးနွယ် ကျွမ်းကျင်သူများအားလုံးကို အသားပြားအဖြစ် ရိုက်နှက်ခံလိုက်ရ သည်။
၎င်းတို့ထဲမှ အများစုသည် ကောင်းကင်နတ်ဘုရားနယ်ပယ် ထိပ်တန်းကျွမ်းကျင်သူများ ဖြစ်သည်။
သို့သော်လည်း, သူတို့သည် ဆံပင်နက်အမျိုးသား၏ရှေ့တွင် ခံနိုင်ရည် မရှိခဲ့ပေ။
"တက်…."
နဂါးဘုရင် ဘိုးဘေးနတ်ဘုရားသည် အမျက်ထွက်သွားခဲ့သည်။ သူက ဟိန်းဟောက်ပြီး တိုက်ရိုက် အမိန့်ပေးသည်။
တခဏချင်းမှာပင် နဂါးမျိုးနွယ်ကျွမ်းကျင်ပညာရှင်တွေထဲမှ လူကိုးယောက်ထွက်လာပြီး ဆံပင်နက်အမျိုးသားကို အတူတူ တိုက်ခိုက်လိုက်သည်။
ဤလူကိုးယောက်စလုံးသည် ဘိုးဘေးနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြသည်။
၎င်းတို့ထဲမှ သုံးယောက်သည် ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေး နတ်ဘုရား များ ဖြစ်သည်။
နဂါးဘုရင် ဘိုးဘေးနတ်ဘုရားသည်လည်း အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ဆံပင်နက်အမျိုးသားဆီသို့ ပျံသန်းသွားခဲ့သည်။
ဆံပင်နက်အမျိုးသားသည် ထိုမြင်ကွင်းကို မြင်တော့ မထင်မရှား ပြုံးပြသည်။
"ယုံကြည်မူလွန်ကဲနေကြတာပဲ"
ဆံပင်နက်အမျိုးသားသည် လေဟာနယ်ကို ဆုပ်ကိုင်လိုက်သည်။
တိုးဝင်လာသော နဂါးဘုရင် ဘိုးဘေးနတ်ဘုရားကို မမြင်နိုင်သော ဧရာမ လက်သည်းကြီး က ချက်ချင်း ဖမ်းယူလိုက်သည်။
နဂါးဘုရင်ဘိုးဘေးနတ်ဘုရားသည် မည်မျှပင် ရုန်းကန်နေပါစေ၊ သူသည် ဤကြီးမားသော ခြေသည်းကြီးထံမှ မလွတ်မြောက်နိုင်ပေ။
အခြားသော ဘိုးဘေးနတ်ဘုရားကိုးပါးသည် ချက်ချင်းပင် မှင်သက်သွားကြသည်။ သူတို့ နဂါးမျိုးနွယ်၏ နံပါတ်တစ် ကျွမ်းကျင်သူသည် ဤလူရှေ့မှာ ခုခံဖို့ပင် အစွမ်းအစ မရှိဟု သူတို့ ဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူး။
"ဒါက နဂါးမျိုးနွယ်ရဲ့ နံပါတ်တစ် ကျွမ်းကျင်သူလို့ ခေါ်တာလား။" ဆံပင်နက်အမျိုးသားက လှောင်ပြောင် ပြောဆိုသည်။
ထို့နောက် နဂါးဘုရင် ဘိုးဘေးနတ်ဘုရားအား မမြင်နိုင်သော ဧရာမ လက်နှစ်ချောင်းဖြင့် ချုပ်နှောင်ကာ ဆံပင်နက်အမျိုးသား၏ ပါးစပ်ထဲသို့ ပစ်ချလိုက်သည်ကို လူတိုင်း တွေ့လိုက်ရသည်။
"အောင်း...."
နဂါးဘုရင် ဘိုးဘေးနတ်ဘုရားသည် သူ၏ခန္ဓာကိုယ်ကို ချက်ချင်း အသွင်ပြောင်းလဲကာ ထို ကြီးမားသော လက်သည်းကြီး၏ ချုပ်နှောင်မူမှ လွတ်မြောက်ရန် ရုန်းကန်ခဲ့သည်။
သို့သော် သူ မတုံ့ပြန်နိုင်ခင်...
ကောင်းကင်ယံ၌ နောက်ထပ် ကြီးမားသော သားရဲတစ်ကောင်၏ အသွင်ပြင်ကြီး ပေါ်လာသည်။
နဂါးဘုရင် ဘိုးဘေးနတ်ဘုရား၏ ကြီးမားသော ခန္ဓာကိုယ်သည် ဤကြောက်မက်ဖွယ် ကောင်းသော သားရဲပုံရိပ်ကြီး၏ရှေ့တွင် ပိုးကောင်ငယ်လေးတစ်ကောင်နှင့် တူနေသည်။
ဧရာမသားရဲအရိပ်ကြီးသည် တွင်းနက်ကြီးကဲ့သို့ ကြီးမားသည့် ၎င်း၏ပါးစပ်ကို ဖွင့်ကာ နဂါးဘုရင် ဘိုးဘေးနတ်ဘုရားကို သူ့ပါးစပ်ထဲသို့ စုပ်ယူလိုက်သည်။
လူတိုင်း ဆွံ့အသွားကြသည်။
ဧရာမအနက်ရောင်သားရဲအရိပ်ကြီးသည် ဆံပင်နက်အမျိုးသား၏ ကိုယ်ခန္ဓာ အစစ်အမှန် ဖြစ်သည်ကို သူတို့ သိကြသည်။
သို့သော်, ဤအရာက ဘယ်လိုသတ္တဝါမျိုးလဲ။
ဘာလို့များ ဒီလောက်ကြီး ကြီးမားရတာလဲ။
သူ့ရဲ့ခွန်အားက ဘယ်လိုလုပ် ဒီလောက် ကြောက်စရာကောင်းရတာလဲ။
အလုံးစုံပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် နဂါးဘုရင် ဘိုးဘေးနတ်ဘုရားကိုတောင် တစ်ချက်တည်းဖြင့် ဝါးမျိုပစ်နိုင်သည်။
"ဟား...၊ ဟား...၊ အရသာက မဆိုးပါဘူး။ နောက်ဆုံးတော့, မင်းက ဒီစကြဝဠာထဲမှာ အမြင့်မားဆုံး သတ္တဝါတစ်မျိုး ဖြစ်ပုံရတယ်။ ဒီအရသာက တခြားသတ္တဝါတွေထက် တကယ်ကို ပိုကောင်းပါတယ်။" ဆံပင်နက်အမျိုးသားက ကျယ်လောင်စွာ ရယ်မောလိုက် သည်။
သူသည် ပြန်တွေးနေအလား, စကားပြောနေရင်း သူ့ပါးစပ်က ပွင့်ဟသွားသည်။
အောက်က နဂါးမျိုးနွယ် ကျွမ်းကျင်သူများသည် တုန်လှုပ်ခြောက်ခြားမူနှင့်အတူ ဒေါသ ထွက်နေကြသည်။
ဤကြောက်စရာကောင်းသော ပညာရှင်သည် နဂါးမျိုးနွယ်၏ နံပါတ်တစ် ကျွမ်းကျင်သူကို ပင် မျိုချနိုင်ခဲ့သည်။ ထိုသို့သော ခွန်အားက သူတို့ကို စိတ်ပျက်အားငယ်စေသည်။
သို့သော် သူတို့၏ နှလုံးသားများသည် ပြင်းထန်သော မကျေနပ်မူများဖြင့် ပြည့်နေပါသည်။
သူတို့သည် ယခုလိုမျိုး မပျက်စီးချင်ကြပါဘူး။
နဂါးမျိုးနွယ်၏ ဂုဏ်သိက္ခာ၊ နဂါးမျိုးနွယ်၏ သွေးမျိုးဆက်က ယခုလိုပုံစံမျိုးဖြင့် ပြတ်တောက်မသွားသင့်ပေ။
"ငါတို့ သူ့ကို တိုက်မယ်။" ဘိုးဘေးနတ်ဘုရားကိုးပါး၏ မျက်လုံးများထဲတွင် မကြုံစဖူး ပြတ်သားသည့် ဆုံးဖြတ်ချက်တစ်ခု ပေါ်လာသည်။
ထို့နောက်, သူတို့သည် ဆံပင်နက်အမျိုးသားကို ဆက်လက် သတ်ဖြတ်ကြသည်။
"ဟမ့်၊ မင်းတို့အားလုံးကို ငါ စားနေတာကို ကြည့်နေလိုက်ကြ။"
ဆံပင်နက်အမျိုးသားက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ပါးစပ်ကိုဖွင့်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။
ဤစုပ်ယူမှုကြောင့် လေဟာနယ်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားလေသည်။
လေဟာနယ်သည် ချက်ခြင်း ပြိုကျပြီး၊ ဘိုးဘေးနတ်ဘုရားကိုးပါး၏ ခန္ဓာကိုယ်များသည် ချက်ချင်းပင် ထိန်းမနိုင်သိမ်းမရ ဖြစ်လာကာ ဆံပင်နက်အမျိုးသား၏ပါးစပ်ဆီသို့ ပျံသန်းသွားခဲ့ကြသည်။
သူတို့ ပါးစပ်ကြီးနှင့် နီးကပ်လာလေ၊ သူတို့ခန္ဓာကိုယ်က သေးငယ်လေ ဖြစ်လာသည်။
အဆုံးတွင်၊ သူတို့သည် သေးငယ်သော ပိုးကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး၊ ဆံပင်နက်အမျိုးသား၏ မျိုချခြင်းကို ခံခဲ့ရသည်။
အောက်မှ နဂါးများသည် ဤမြင်ကွင်းကို မြင်သောအခါ လုံးဝ မှင်သက်သွားကြသည်။
သူတို့နဂါးများ၏ စုပ်ယူခြင်းစွမ်းအားသည် အခြားအရာအားလုံးကို ဝါးမျိုနိုင်သည်။
သို့သော်လည်း သူတို့ရှေ့ရှိ ဆံပင်နက်အမျိုးသားသည် သူတို့နဂါးမျိုးနွယ် ကျွမ်းကျင်သူများ နှင့် အလွန်ဆင်တူသော လှုပ်ရှားမှုကို အသုံးပြုနေသော်လည်း၊ ၎င်း၏စွမ်းအားသည် သူတို့ နဂါးမျိုးနွယ်၏ နဂါးစုပ်ခြင်းထက် အဆပေါင်း မရေမတွက်နိုင်အောင် ကြောက်စရာ ကောင်းလှသည်။
သူသည် ဘိုးဘေးနတ်ဘုရား နဂါးကိုးပါးကို တစ်ချက်တည်းဖြင့် ဝါးစားနိုင်သည်။
နဂါးဘုရင် ဘိုးဘေးနတ်ဘုရားတောင် ထိုသို့ မလုပ်နိုင်ပါဘူး။
ထို့အပြင်၊ နဂါးဘုရင် ဘိုးဘေးနတ်ဘုရားပင် မျိုချခံခဲ့ရသည်။
နဂါးမျိုးနွယ်၏ ဘိုးဘေးနတ်ဘုရား ပညာရှင်ကြီး ဆယ်ဦး။
ထိုအချိန်တိုလေးအတွင်းမှာပင် သူတို့အားလုံး သန့်သန့်ရှင်းရှင်း စားသောက်ခံခဲ့ရသည်။
စိတ်ပျက်အားငယ်မူ..။
အဆုံးမဲ့ စိတ်ပျက်အားငယ်မှုက လူတိုင်းကို ဖုံးလွှမ်းသွားခဲ့သည်။
ယခင်က ဆံပင်နက်အမျိုးသားက နဂါးများသည် သူ့မျက်လုံးထဲတွင် အစာဖြစ်နေသည်ဟု ဆိုခဲ့ဖူးသည်။
ကြည့်လိုက်ရင် ထိုစကားတွေက မှန်နေပါသည်။
ထိုကဲ့သို့ ဖြစ်တည်မှုတစ်ခုက မည်သည့်အရာက ဖြစ်ပေါ်လာသည်ကို သူတို့ အမှန်တကယ် မတွေးနိုင်ကြတော့ပေ။
အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားတောင်မှ သူ့ကို မခုခံနိုင် ရအောင် မည်မျှ အစွမ်းထက်နေပြီလဲ။
အောင်းဟန်, လုံထျန်းနှင့် တခြားလူများသည် သူတို့လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း၊ သူတို့မျက်လုံးတွေက အဆုံးမဲ့ ဒေါသများ ပြည့်နှက်နေသည်။
သို့သော်, သူတို့သည် ကောင်းကင်ယံမှ ဆံပင်နက်အမျိုးသားကို တကယ်ကို မခုခံနိုင်ခဲ့ကြ ပေ။
"ဟား...၊ ဟား...၊ မင်းတို့အားလုံး ငါ့ဝမ်းစာဖြစ်ဖို့ စောင့်နေကြတော့" ဆံပင်နက် အမျိုးသားက ကျယ်လောင်စွာ ရယ်မောပြီး၊ နောက်တခါ ဝါးမျိုချတော့မည်။
သို့သော် ထိုအချိန်တွင် လေဟာနယ်က အက်ကွဲသွားပါသည်။
ထိုအဲမှ ပုံရိပ်ပေါင်းများစွာ လျှောက်ထွက်လာကြသည်။