အခန်း ၁၇၉၆
Vol. 120 Ch. 1796
အခန်း (၁၇၉၆) သဘာဝရန်သူ
မှန်ပါသည်။ ချင်ယွင်သည် သဘာဝအတိုင်း ထိုအကောင်ငယ်လေးကို တွေးမိသွားပါသည်။
ထိုအကောင်ငယ်လေးက အရမ်းငယ်သော်လည်း အမြဲတမ်းဆိုသလို အရမ်းကို ထူးခြားသည်။
ချင်ယွင်၏ အတွေ့အကြုံအရ အကောင်ငယ်လေးသည် ဤစကြဝဠာမှ ဆင်းသက်လာခြင်း မဟုတ်ကြောင်း သူ သေချာပေါက် သိသည်။
ဤအကောင်ငယ်လေးသည် မည်သည့်သတ္တဝါအမျိုးစား ဖြစ်သည်ကို သူ မသိပါဘူး။
သို့ရာတွင်၊ ၎င်းသည် ဤနတ်ဆိုးအင်းဆက်၏ သဘာဝရန်သူဖြစ်ခဲ့မည်ဆိုလျှင်၊ ၎င်းသည် အမှန်တကယ်ပင် ဖြစ်နိုင်ပါသည်။
"လူသားကောင်စုတ်လေး၊ မင်း ငါ့ဝမ်းဗိုက်ထဲက အစာဖြစ်ဖို့ စောင့်နေလိုက်တော့။ ဟား... ဟား...." ဝါးမျိုးခြင်းနတ်ဆိုးအင်းဆက်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ထို့နောက်တွင် ကြီးမားသော လက်တစ်စုံက ကောင်းကင်ယံမှ ပေါ်လာပြီး ချင်ယွင်ကို ဖမ်းဆုပ်လိုက်သည်။
"မင်း ငါ့ကို ဝါးစားချင်ရင် မင်းထင်သလောက် မလွယ်ဘူး" ချင်ယွင်က ရယ်မောလိုက် သည်။
ကောင်းကင်ပေါ်က ဧရာမလက်ကြီးကို ကြည့်ရင်း သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက် ပါသည်။
"ထွက်လာခဲ့၊ အကောင်ငယ်လေး"
ချင်ယွင်၏အသံထွက်ပေါ်လာသည်နှင့် အမွေးထူထူ ဘောလုံးတစ်လုံးနှင့်တူသော တိရစ္ဆာန်တစ်ကောင်သည် သူ့လက်ထဲတွင် ပေါ်လာသည်။
မူလကတည်းက မျှော်လင့်ချက်အမျှင်တန်းလေးကို ဆုပ်ကိုင်ထားခဲ့ကြသော နဂါးမျိုးနွယ် ကျွမ်းကျင်သူများသည် ချင်ယွင်က ထိုကဲ့သို့ သတ္တဝါတစ်ကောင်ကို အမှန်တကယ် ထုတ်ယူလိုက်သည်ကို မြင်လိုက်ရသည်။
သူတို့နှလုံးသားက ရုတ်တရက် စကားမပြောနိုင် ဖြစ်သွားရသည်။
ဝါးမျိုးခြင်းနတ်ဆိုးအင်းဆက်သည် ၎င်းတို့၏ နဂါးဘုရင် ဘိုးဘေးနတ်ဘုရားထက် အဆပေါင်း မရေမတွက်နိုင်အောင် ကြီးမားသည်။
မင်းက ဒီလိုအကောင်လေးကို ခေါ်လိုက်တာလား။ ဖြစ်နိုင်တာက, မင်းက ဒီကောင်လေးကို အဲဒီကောင်ကြီးလောက် ကြီးခိုင်းချင်လို့လား။
သူ့သွားကြားညှပ်ဖို့ မလုံလောက်မှာကို မစိုးရိမ်ဘူးလား။
သို့သော်လည်း လူတိုင်း စကားမပြောနိုင်ဘဲ ဖြစ်နေကြစဉ်မှာ ဆံပင်အနက်အမျိုးသား၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။
ချင်ယွင်၏ လက်နှစ်ဖက်မှ အကောင်ငယ်ငယ်ကို ထိတ်လန့်တကြား ကြည့်ရင်း သိပ်သည်း ထားသော ဧရာမလက်ကြီးသည် ချက်ချင်းပင် ကွယ်ပျောက်သွားသည်။
အကောင်ငယ်လေးက ဆံပင်အနက်အမျိုးသားကို သတိထားမိပုံရသည်။ သူ့မျက်နှာ သေးသေးလေးဖြင့် ဆံပင်အနက်အမျိုးသားကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။
"ဘယ်လိုလဲ...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ သူက ဘာလို့ ဒီကို ရောက်နေတာလဲ" ဆံပင်အနက်အမျိုးသားက ထိတ်လန့်တကြား ပြောလိုက်သည်။
ချင်ယွင်၏ ရင်ခွင်ထဲမှ အကောင်ငယ်လေးကို ကြည့်လိုက်ရင်း သူ့မျက်လုံးများက ပို၍ပင် ကြောက်ရွှံ့လာသည်။
နဂါးမျိုးနွယ် ကျွမ်းကျင်ပညာရှင်များသည် ဆွံ့အသွားကြသည်။
ဘာဖြစ်တာလဲ?
ဒီကောင်ကြီး သရုပ်ဆောင်နေတာ မဟုတ်ဘူးမလား။
ခင်ဗျားကြီးက ဘိုးဘေးနတ်ဘုရားကိုတောင် မကြောက်ဘူးလေ။ ဒါတောင်မှ ခင်ဗျားကြီး က ဒီကောင်သေးသေးလေးကို တကယ် ကြောက်နေတာလား။
ထို့အပြင် ဤအကောင်ငယ်လေးသည် အစွမ်းထက်မည်ဟု သူတို့ မထင်ပေ။
နဂါးများသည် သူတို့၏ ကမ္ဘာကြီးအပေါ်အမြင်က ရုတ်တရက် ဇောက်ထိုးမိုးမျှော် ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။
သူတို့သည် ဘာပြောရမှန်း မသိကြတော့ပါဘူး။
ချင်ယွင်လည်း အံ့သြသွားသည်။
ဝါးမျိုးခြင်းနတ်ဆိုးအင်းဆက်က ဒီအကောင်ငယ်လေးကို ကြောက်လိမ့်မည်ဟု သူ မှန်းဆခဲ့သော်လည်း ဤမျှ ကြောက်နေမည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။
ယခုတော့ သူသည် ထိုအကောင်ငယ်လေး၏ အချက်လက်အမှန်ကို ပို၍ပင် သိချင်လာ သည်။
အကောင်ငယ်လေးက သူ့သွားတွေကို ကြိတ်လိုက်ပြီး ဆံပင်အနက်အမျိုးသားကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။
ဆံပင်အနက်အမျိုးသားသည် မသိစိတ်က နောက်သို့ ခြေတစ်လှမ်းဆုတ်သွားခဲ့သည်။ ချင်ယွင် နားမလည်သော ထူးဆန်းသော စကားအချို့ကို ပြောဆိုရင်း သူ့အမူအရာက ကြောက်လန့်လာသည်။
သို့သော် ထိုအကောင်ငယ်လေးသည် ပို၍ပင် ရက်စက်လာသည်။
ဆံပင်အနက်အမျိုးသား၏ အမူအရာက အစွမ်းကုန် ရှင်းပြလိုသည့်အတိုင်း ပို၍ပင် စိုးရိမ်လာသည်။
သို့မဟုတ် အကောင်ငယ်လေးနှင့် ငြင်းခုံနေခြင်း ဖြစ်နိုင်သည်။
သို့သော် ထိုအကောင်ငယ်လေးသည် ပို၍ပင် ခက်ထန်လာကာ သူ့နဖူးပေါ်ရှိ ချွန်ထက် သော ဦးချိုများမှ အလင်းတန်းများ ထုတ်လွှတ်လာသည်။
အကောင်ငယ်လေး၏ ချွန်ထက်သောဦးချိုမှ ထူးခြားသော စွမ်းအင်အတက်အကျလှိုင်း တစ်ခု ထုတ်လွှတ်လိုက်သည်။
ဆံပင်အနက်အမျိုးသားသည် ထိုမြင်ကွင်းကိုမြင်လိုက်ရသည့်အခါ သရဲတစ္ဆေကို မြင်လိုက်ရသည့်အတိုင်းပင်။ သူသည် ကမန်းကတန်း ထွက်ပြေးချင်သည်။
သို့သော် ဤအခိုက်အတန့်တွင် အကောင်ငယ်လေး၏နဖူးမှ ခရမ်းရောင် အလင်းတန်း တစ်ခု ထွက်လာပြီး ဆံပင်အနက်အမျိုးသား၏ရင်ဘတ်ကို ချက်ချင်း ထိုးဖောက် ဝင်ရောက်သွားသည်။
ဆံပင်အနက်အမျိုးသားကို ထိုနေရာမှာပင် သတ်ပစ်လိုက်ပါသည်။
ဆံပင်အနက်အမျိုးသား၏ ရုပ်အသွင်သည် ကောင်းကင်မှ ပြုတ်ကျလာပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် သူ၏ခန္ဓာကိုယ် အစစ်အသွင်သို့ ပြောင်းလဲတော့မည့်အလား တဖြည်းဖြည်း ပြောင်းလဲလာသည်။
ချင်ယွင် မှင်သက်သွားသည်။
အောက်မှ နဂါးမျိုးနွယ် ကျွမ်းကျင်သူများလည်း ဆွံ့အနေကြသည်။
ဤသည်မှာ ဘိုးဘေးနတ်ဘုရားနယ်ပယ် ပညာရှင်များကိုပင် စိတ်ရှိသလို သတ်ပစ်နိုင် သော ထိပ်တန်း ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်သည်။
ထိုအကောင်ငယ်လေး၏ရှေ့မှာ အဘယ့်ကြောင့် ဤမျှ အားနည်းနေသနည်း။
ချင်ယွင်သည် အကြောင်းရင်းကို မသိနိုင်ပေ။
အကောင်ငယ်လေး၏ ခရမ်းရောင်အလင်းသည် ထူးထူးခြားခြားဖြစ်သည်ဟု သူ ခံစားရ သော်လည်း အရမ်းကြောက်စရာကောင်းသည်ဟု သူ မခံစားရပေ။
သို့သော် အချိန်ဘိုးဘေးနတ်ဘုရားမနှင့် ချင်ရီတို့ကတော့ လုံးဝ မအံ့သြကြပေ။ ဆန့်ကျင် ဘက်အနေနဖြင့် သူမတို့သည် ကျိုးကြောင်းဆီလျော်စွာ ကြည့်ရှုနေကြသည်။
ဤအချက်က ချင်ယွင်ကို ပို၍ စိတ်ရှုပ်သွားစေသည်။
"အရူး၊ မင်း အဲဒီမှာ ဘာရပ်လုပ်နေတာလဲ။ ဝါးမျိုးခြင်းနတ်ဆိုးအင်းဆက်ကို မြန်မြန် ယူလိုက်လေ။ ဒါက ကိုယ်ပွား သန့်စင်ဖို့ အလွန်ကောင်းတဲ့ ပစ္စည်းတစ်ခုပဲ။ မင်းမှာ ဒီလို ကိုယ်ပွားရှိထားရင်, ဘယ်ဘိုးဘေးနတ်ဘုရားမဆို မင်းရှေ့မှာ အမှိုက်ဖြစ်သွားလိမ့်မယ်။" လျှိုဘို၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
ထိုမှသာ ချင်ယွင်လည်း တုံ့ပြန်လာခဲ့သည်။
ဝါးမျိုးခြင်းနတ်ဆိုးအင်းဆက်သည် နဂါးဘုရင်ဘိုးဘေးနတ်ဘုရားကိုတောင် အလွယ်တကူ သတ်ပစ်နိုင်သည့်အတွက် သူ့ခန္ဓာကိုယ်က သဘာဝအတိုင်း အလွန်အစွမ်းထက်ပါသည်။
ထို့ကြောင့် သူသည် ချက်ချင်းပင် သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းကာ ဝါးမျိုးခြင်းနတ်ဆိုး အင်းဆက်၏ ခန္ဓာကိုယ်ကို သူ့ကိုယ်ပိုင် စကြဝဠာထဲသို့ တိုက်ရိုက် စုပ်ယူလိုက်သည်။
ခဏအကြာတွင်၊ သူသည် စိတ်ဝိညာဉ်နဂါး၏ ဒုတိယမြောက် မွေးရာပါ နတ်ဘုရား စွမ်းရည်ကို အသုံးပြုလိုက်သည်နှင့် သူသည် ဤခန္ဓာကိုယ်ကို တိုက်ရိုက် ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
သူသည် ၎င်းကို အဘယ်ကြောင့် နတ်ဆိုးကျွန်အဖြစ် သန့်စင်တော့မည်နည်း။
နတ်ဆိုးကျွန်များသည် ရုပ်သေးရုပ်များထက် ဘာမှမပိုချေ။ တိုးတက်နိုင်စွမ်းလည်း မရှိပေ။
သို့သော် ချင်ယွင်၏ကိုယ်ပွား ဖြစ်လာပြီးနောက်၊ ၎င်းသည် ကွဲပြားသွားပါပြီ။ ချင်ယွင်သည် ဤရုပ်ခန္ဓာကိုယ် ကျင့်ကြံရန် သို့မဟုတ် အခြားစကြာဝဠာများကို ဝါးမြိုရန်အတွက် အသုံးပြုနိုင်သည်။
ဘန်း…။
ခရမ်းရောင်အလင်းကို အသုံးပြုပြီးနောက်၊ အကောင်ငယ်လေးသည် စွမ်းအင်အားလုံးကို ဆုံးရှုံးသွားပုံရပြီး ချင်ယွင်၏ရင်ခွင်ထဲသို့ ပြိုလဲသွားသည်။
"ဟဲ့ အကောင်ငယ်လေး" ချင်ယွင် အံ့ဩသွားသည်။
အကောင်ငယ်လေးသည် ခရမ်းရောင်ဘုရင်၏လက်မှ လွတ်မြောက်ရန် နောက်ဆုံးအကြိမ် သူ့ကို ကူညီပေးခဲ့တုန်းကလည်း ထိုနည်းလည်းကောင်းပင်။
"စိတ်မပူပါနဲ့၊ သူ အဆင်ပြေပါတယ်။ ခဏလောက် အနားယူပြီးရင် ပြန်ကောင်းသွားမှာပါ။ ဒါပေမယ့် ချင်ယွင်၊ ဒီဝါးမျိုးခြင်းနတ်ဆိုးအင်းဆက်ရဲ့ ခန္ဓာကိုယ်ကို သန့်စင်ချင်ရင်, မင်းအနေနဲ့ ဒီအကြံကို စွန့်လွှတ်ဖို့ ငါ အကြံပေးချင်တယ်။" အချိန်ဘိုးဘေးနတ်ဘုရားမက ပြောသည်။
"အယ်…၊ ဘာလို့လဲ.." ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"ဒီအမြင်ကို ငါလည်း သဘောတူတယ်" ချင်ရီလည်း မတ်တပ်ရပ်ပြီး ပြောသည်။
ချင်ယွင် အံ့အားသင့်သွားသည်။ ချင်ရီက ယခုလို ပြောလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။