အခန်း ၁၇၉၇
Vol. 120 Ch. 1797
အခန်း (၁၇၉၇) ချင်ယွင်၏ဆုံးဖြတ်ချက်
ချင်ယွင်သည် ဤဝါးမျိုးခြင်းနတ်ဆိုးအင်းဆက်၏ခန္ဓကိုယ်ကို ပြန်လည် သန့်စင်ခြင်းနှင့် ပတ်သက်ပြီး ချင်ရီက အမှန်တကယ် သဘောမတူလိမ့်မည်ဟု သူ မျှော်လင့်မထားပေ။
"ဒီဝါးမျိုးခြင်းနတ်ဆိုးအင်းဆက်မှာ ထူးခြားမှုတစ်ခုခု ရှိနေလို့လား။" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"မှန်တယ်။ ဒီဝါးမျိုးခြင်းနတ်ဆိုးအင်းဆက်က အစွမ်းထက်ပေမယ့် နည်းနည်း ထူးဆန်း တယ်။ သူက စကြဝဠာတစ်ခုလုံးမှာရှိတဲ့ အင်းဆက်ကောင်ပဲ။ အကြီးမြတ်ဆုံး အုပ်စိုးရှင် ပုဂ္ဂိုလ်ရဲ့ တော်ဝင်တာအိုက သူ့ကို ငြင်းပယ်လိမ့်မယ်။ တစ်နည်းပြောရရင်, မင်း ဒီ ဝါးမျိုးခြင်းနတ်ဆိုးအင်းဆက်ကို မင်းရဲ့ကိုယ်ပွားအဖြစ် သန့်စင်လိုက်တာနဲ့ မင်းအနေနဲ့ ဘယ်တော့မှ အကြီးမြတ်ဆုံး အုပ်စိုးရှင်တစ်ဦး ဖြစ်လာမှာ မဟုတ်တော့ဘူး။" အချိန်ဘိုးဘေးနတ်ဘုရားမက ပြောသည်။
"အယ်.. ဒီလိုမျိုး ရှိသေးတာလား" ချင်ယွင် မှင်သက်သွားသည်။
အခုလို ကြီးလေးသည့် အကျိုးဆက်တွေ ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားပါဘူး။
ဝါးမျိုးခြင်းနတ်ဆိုးအင်းဆက် ကိုယ်ပွားတစ်ခုအတွက်ကြောင့်၊ သူသည် အကြီးမြတ်ဆုံး အုပ်စိုးရှင်ပုဂ္ဂိုလ်၏ တော်ဝင်တာအိုကို မအောင်မြင်နိုင်ပေ။
ဤအရာက ကြီးမားသည့် ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။
"ဒါဆို ငါ သူ့ကို ရုပ်သေးအဖြစ် သန့်စင်နိုင်တယ် မဟုတ်လား" ချင်ယွင်က အတွေးတစ်ခု ရပြီး မေးလိုက်သည်။
"ဒါက ပြဿနာ မရှိပါဘူး။ ရုပ်သေးက အနှစ်သာရအနေနဲ့ အသေကောင်ပဲ။ မင်း ဝါးမျိုးခြင်း နတ်ဆိုးအင်းဆက်ကို အသက်အသစ်တစ်ခု မပေးသေးသရွေ့တော့ ပြဿနာ မရှိပါဘူး။" အချိန်ဘိုးဘေးနတ်ဘုရားမက ပြောပြသည်။
ထိုစကားကိုကြားတော့ ချင်ယွင်စိတ် စိတ်နှလုံးက စိတ်ပျက်ခြင်းများဖြင့် ပြည့်နှက်နေခဲ့ သည်။
မူလက သူသည် ဝါးမျိုးခြင်းနတ်ဆိုးအင်းဆက်ကို သူ့ကိုယ်ပွားအဖြစ် ပြန်လည် သန့်စင်လိုခဲ့သည်။
သို့မှသာ သူသည် စကြဝဠာပင်လယ်ထဲသို့ ဝင်ရောက်ပြီး စွန့်ပစ်ထားသော စကြဝဠာများ ကို ဝါးမြိုကာ တဖြည်းဖြည်း ကြီးထွားလာမည် ဖြစ်သည်။
စကြဝဠာပင်လယ်၏ အမြင့်ဆုံးတာအိုက ဝါးမျိုးခြင်းနတ်ဆိုးအင်းဆက်ကို အမှန်တကယ် တားမြစ်ထားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။
"ဒီအကောင်ငယ်လေးက အတိအကျ ဘာလဲ။ သူက ဝါးမျိုးခြင်းနတ်ဆိုးအင်းဆက်ရဲ့ သဘာဝရန်သူ ဘယ်လိုလုပ် ဖြစ်လာတာလဲ" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက် သည်။
ထိုစကားကိုကြားတော့ အချိန်ဘိုးဘေးနတ်ဘုရားက သူ့ဘေးက ချင်ရီကို စိုက်ကြည့်နေ သည်။
ထိုမှသာ ချင်ရီက တုံ့ဆိုင်းသွားပြီးနောက် ပြောပြသည် "တကယ်တော့, ဒီအကောင်လေး ကို ရှောင်ဘူဒီယန်လို့ ခေါ်တယ်။ ဒီကောင်လေးက တကယ်တော့ စကြဝဠာရဲ့ စည်းမျဥ်းတွေကို ထိန်းသိမ်းရတဲ့ ဖရိုဖရဲသူတော်စင်သားရဲပဲ။ သူက စကြဝဠာတစ်ခုလုံးရဲ့ စည်းမျဉ်းတွေကို ထိန်းသိမ်းရသူဆိုမှတော့ ဒီဝါးမျိုးခြင်းနတ်ဆိုး အင်းဆက်ကလည်း သဘာဝအတိုင်း သူ သုတ်သင်ရှင်းလင်းရတဲ့ အတိုင်းအတာအတွင်းမှာ ရှိနေတယ်လေ"
"ဖရိုဖရဲသူတော်စင်သားရဲလား…" ချင်ယွင် မှင်သက်သွားခဲ့သည်။
သူသည် သူ့ရင်ခွင်ထဲ အိပ်ပျော်နေသည့် အကောင်ငယ်လေးကို တစ်ချက် ကြည့်လိုက်ပါ သည်။
သို့သော် ဤအကောင်ငယ်လေးသည် အမှန်တကယ် စကြဝဠာနိုင်ငံတော်၏ အမိန့်ကို အုပ်စိုးရသော ဖရိုဖရဲသူတော်စင်သားရဲ ဖြစ်နေမည်ဟု သူ မမျှော်လင့်ထားပေ။
"ဒါက အရမ်းကို အစွမ်းထက်လွန်းတယ် မဟုတ်လား" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။
အချိန်ဘိုးဘေးဘုရားမက ခေါင်းညိတ်ပြီး ပြောသည် "ဒါက တကယ်ကို အစွမ်းထက်တယ်။ ဒါပေမယ့် အခု မင်းမြင်နေရတာက ဖရိုဖရဲသူတော်စင်သားရဲရဲ့ တကယ့် အစစ်မှန် အသွင်ပြင် မဟုတ်သေးဘူး။ ဒါမှမဟုတ် မင်းက သူ့ရဲ့ငယ်ရွယ်ဆုံး ရုပ်အသွင်ကိုပဲ မြင်တယ်လို့ ပြောလို့ရတယ်။"
"ငယ်ရွယ်ဆုံးလား၊ ဆိုလိုတာက ဒီအအကောင်ငယ်လေးက ပြန်ကြီးထွားလာနိုင်တယ်လို့ ဆိုလိုတာ မဟုတ်လား။ ဒါဆိုရင် ဘာကြောင့် သူ့ကြီးထွားမှုကို ငါ မခံစားနိုင်ရတာလဲ" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"တကယ်တော့ ဖရိုဖရဲသူတော်စင်သားရဲမှာ အုပ်စိုးရှင်ဖရိုဖရဲသူတော်စင်သားရဲဆိုပြီး နောက်ထပ် နာမည်တစ်ခု ရှိသေးတယ်။ တကယ်လို့, မင်းသာ သူတို့ရဲ့မူလဇစ်မြစ်ကို သိသွားရင်, သူ ဘာကြောင့် လုံးဝ ကြီးထွားလာခြင်းမရှိဘူးဆိုတာကို မင်း နားလည်လာ လိမ့်မယ်" အချိန်ဘိုးဘေးနတ်ဘုရားမက ပြန်ဖြေသည်။
ချင်ယွင်သည် ပဟေဠိဖြစ်နေသည့် အမူအရာကို ဖော်ပြလိုက်ပါသည်။
အချိန်ဘိုးဘေးနတ်ဘုရားမက ဆက်ပြောသည် “ဖရိုဖရဲသူတော်စင်သားရဲဆိုတာက အမှန်တော့ ဉပဒေသတစ်ခုကနေ မွေးဖွားလာတာပဲ။ တစ်နည်းအားဖြင့်, သူက အကြီးမြတ် ဆုံး အုပ်စိုးရှင် ထွက်ပေါ်လာတာနဲ့ ထွက်ပေါ်လာတာပဲ။ “အကြီးမြတ်ဆုံး အုပ်စိုးရှင်တိုင်း မှာ ဖရိုဖရဲသူတော်စင်သားရဲတစ်ကောင် ရှိလိမ့်မယ်။ ဒီကောင်လေးက မင်းအမေရဲ့ ဖရိုဖရဲ သူတော်စင်သားရဲပဲ။ ဒါပေမယ့်လည်း မင်းအမေက အကြီးမြတ်ဆုံး အုပ်စိုးရှင်ပုဂ္ဂိုလ် တစ်ဦး မဟုတ်တော့ဘဲ အုပ်စိုးရှင်ဉပဒေသတွေကလည်း ချိတ်ပိတ်ခံထားရတာကြောင့် မင်းအမေရဲ့ ဖရိုဖရဲသူတော်စင်သားရဲကလည်း သဘာဝအတိုင်း အလွန်ကန့်သတ်ခံထားရ တယ်။ မင်း အခု မြင်နေရတဲ့အတိုင်းပဲ”
အချိန်ဘိုးဘေးနတ်ဘုရားမက သူ့လျှို့ဝှက်ချက်ကို ချက်ချင်း ထုတ်ဖော်လိုက်ပါသည်။
ချင်ယွင်သည် ထိုစကားကိုကြားသောအခါ ဆွံ့အသွားခဲ့သည်။
သူ့ရင်ခွင်ထဲမှ အကောင်ငယ်လေးကို ကြည့်ရင်း သူ့စိတ်ထဲတွင် အရာပေါင်းများစွာကို ချက်ချင်း နားလည် သဘောပေါက်သွားခဲ့သည်။
သူ အင်မော်တယ်ကမ္ဘာတွင် ရှိနေသောအချိန်၌ ဤအကောင်ငယ်လေးသည် သူ့ကို အဘယ့်ကြောင့် ဤမျှ ရင်းနှီးနေခဲ့သနည်း။
သူသည် သူ့အနားမှာ နေရခြင်းကို အဘယ့်ကြောင့် သဘောကျသနည်း။ အရာအားလုံးက သူ့အမေနှင့် ဆက်စပ်နေပုံရသည်။
ဤအကောင်ငယ်လေးသည် သူအမေ၏ ဖရိုဖရဲသူတော်စင်သားရဲ ဖြစ်နေသည်။
ချင်ယွင်သည် အချိန်ဘိုးဘေးနတ်ဘုရားမ၏ ရှင်းပြချက်ကို ကြားပြီးနောက်မှာတော့, သူသည် ဤကောင်ငယ်လေးအပေါ် ပို၍ သဘောကျလာသည်။
အခြားစကားဖြင့် ပြောရလျှင်, ဤအကောင်ငယ်လေးသည် သူ့အမေနှင့်အတူ သူမ၏ စကြာဝဠာကို စီမံခန့်ခွဲရန် ကူညီပေးခဲ့ဖူးသည်။
“အမေရဲ့ အုပ်စိုးရှင်အမွေနှစ်ကို ရရှိခြင်းကပဲ, ဒီအကောင်ငယ်လေး ကြီးထွားပြီး၊ သူ့အထွက်အထိပ် အခြေအနေကို ပြန်လည်ရောက်ရှိနိုင်မှာလား” ချင်ယွင်က အချိန် ဘိုးဘေးနတ်ဘုရားမကို ကြည့်ပြီး မေးလိုက်သည်။
“သီအိုရီအရတော့ အဲဒီအတိုင်းပဲ။ နောက်ဆုံးမှာတော့, ဖရိုဖရဲသူတော်စင်သားရဲရဲ့ စွမ်းအားက အုပ်စိုးရှင်ဉပဒေသတွေကနေ ဆင်းသက်လာတာလေ။ တကယ်လို့, မင်းသာ အုပ်စိုးရှင်ဉပဒေသတွေကို လုံးလုံးဆုပ်ကိုင်နိုင်ခဲ့ရင်, သူ့အထွတ်အထိပ်ကို ပြန်ရောက်သွား နိုင်လိမ့်မယ်။” အချိန်ဘိုးဘေးနတ်ဘုရားမက ပြောသည်။
ထိုစကားကို ကြားတော့ ချင်ယွင်၏ မျက်လုံးတွေဟာ ပြတ်သားသည့် ဆုံးဖြတ်ချက်တစ်ခု နှင့်အတူ လောင်ကျွမ်းသွားခဲ့သည်။
အချိန်ဘိုးဘေးနတ်ဘုရားမ၏ စကားက သူ့ကို ချက်ချင်းဆိုသလို တာဝန်သိစိတ်တစ်ခု ပေးစွမ်းခဲ့ပါသည်။
သူရယူရမည့် အကြီးမြတ်ဆုံး အုပ်စိုးရှင် အမွေနှစ်သည် သူ့အမေနှင့်သာ ပတ်သက်ခြင်း မဟုတ်တော့ပေ။
ထိုအမွေနှစ်သည် ဤအကောင်ငယ်လေးနှင့်လည်း ပတ်သက်နေပြီ။
ရလာဒ်အနေဖြင့်, သူသည် ထိုအမွေနှစ်ကို ရကိုရမှဖြစ်မည်။
“ကြည့်ရတာ, အခုအချိန်မှာ အရေးကြီးဆုံးက ခရမ်းရောင်ဘုရင်ဆီကနေ နောက်ဆုံး အနက်ရောင် ကျောက်တုံးကို ရယူဖို့ပဲ”။ ချင်ယွင်က ပြတ်သားစွာ ပြောသည်။
“မှန်တယ်၊ ဒါပေမယ့်, ဒီခရမ်းရောင်ဘုရင်က ဒီလောက် မရိုးရှင်းဘူး။ သူ့ကို ရင်ဆိုင်ဖို့ ဒီလောက်မလွယ်ဘူး။ သူ့ကိုအနိုင်ယူပြီး နောက်ဆုံး အနက်ရောင် ကျောက်တုံးကို ရယူဖို့ ဆိုတာ အရမ်းခက်ခဲတယ်လို့ ပြောလို့ရတယ်။” အချိန်ဘိုးဘေးနတ်ဘုရားမက ပြောသည်။
ခရမ်းရောင်ဘုရင်၏ အစွမ်းကို သူတို့လည်း မျက်မြင် ကြုံတွေ့ခဲ့ဖူးသည်။
ယင်းက အလုံးစုံပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့်ဆိုတာလောက် မရိုးရှင်းပါဘူး။
သူ့အစွမ်းက ဤကမ္ဘာကြီးကို ကျော်လွန်နေသည့်အတိုင်းပင်။
ချင်ယွင်က သူ့လက်သီးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး ပြင်းထန်သော တိုက်ခိုက်လိုစိတ်က သူ့မျက်လုံးတွေထဲမှာ ရှိနေပါသည်။
မည်သို့ပင်ဖြစ်စေ, သူသည် နောက်ဆုံး အနက်ရောင်ကျောက်တုံးကို ရအောင်ယူရမည်။
"အချိန်ဘိုးဘေးနတ်ဘုရား၊ ချင်ရီ၊ ငါ တန်ခိုးကြီးတဲ့ ကောင်းကင်တောင်ကို နောက်ထပ် ခရီးထွက်ဖို့ စီစဉ်ထားတယ်။ ငါ ငါ့စကြာဝဠာနဲ့ ငါ့စကြာဝဠာကို စစ်မှန်တဲ့ ပြီးပြည့်စုံခြင်း အဆင့်ရောက်အောင် လုံးဝ ဆင်ခြင်တော့မယ်။" ချင်ယွင်က အချိန်ဘိုးဘေးနတ်ဘုရားနှင့် ချင်ရီကို ပြောသည်။
အချိန်ဘိုးဘေးနတ်ဘုရားနှင့် ချင်ရီတို့ နှစ်ယောက်လုံး မှင်သက်သွားသည်။
ဉပဒေသများကို နားလည်သဘောပေါက်အောင် ဆင်ခြင်ခြင်းသည် လွယ်ကူသော အလုပ် မဟုတ်ပေ။