← Chapters

အခန်း ၁၇၉၉

Vol. 120 Ch. 1799

အခန်း ၁၇၉၉

Vol. 120 Ch. 1799

အခန်း (၁၇၉၉) ကောင်းကင်ဘုံတန်ခိုးရှင်၏ကိုယ်ပွား

ချင်ယွင်သည် တန်ခိုးကြီးသော ကောင်းကင်တောင်၏ တောင်ထိပ်တွင် ဤစကြဝဠာ၏ ကောင်းကင်ဘုံတန်ခိုးရှင်ကို ရင်ဆိုင်တွေ့ရမည်ဟု သူ တစ်ခါမျှ မထင်ထားခဲ့ပေ။

ကောင်းကင်ဘုံတန်ခိုးရှင်သည် ဒဏ်ရာအပြင်းအထန်ရပြီး အိပ်ပျော်နေပြီ မဟုတ်လား။

ဘာကြောင့် သူ ဒီမှာရှိနေတာလဲ။

ချင်ယွင် အလွန်မင်း အံ့သြသွားသော်လည်း နောက်ပြန်မဆုတ်ပေ။

သို့တိုင် သူသည် တန်ခိုးကြီးသော ကောင်းကင်တောင်ထိပ်သို့ တိုက်ရိုက် တက်သွားခဲ့ သည်။

ချင်ယွင်သည် တောင်ထိပ်သို့ ဆက်တက်သွားသောအခါ ရွံရှာဖွယ် စွမ်းအားများအားလုံး ပျောက်ကွယ်သွားသည်။

သို့သော်လည်း ချင်ယွင်သည် ယခုအချိန်တွင် မသက်သာလှပေ။ သူ့ရှေ့တွင် ရပ်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။

လူလတ်ပိုင်းအရွယ် အမျိုးသားက ချင်ယွင်ကို တိတ်တဆိတ် ကြည့်နေရင်း သူ့မျက်လုံးများ တွင် မည်သည့်ခံစားချက်မှ မရှိပေ။

"ခင်ဗျားက ဒီစကြဝဠာရဲ့ အရှင်သခင်လား"

နောက်ဆုံးတွင် ချင်ယွင်သည် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

အကယ်၍, သူ့ရှေ့က လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဤစကြဝဠာ၏ ကောင်းကင်ဘုံ တန်ခိုးရှင် အမှန်တကယ် ဖြစ်နေခဲ့လျှင်, သူ ထွက်ပြေးချင်ရင်တောင် ထွက်ပြေးရန် အချိန်နှောင်းသွားပါပြီ။

နောက်ဆုံးတွင်၊ သူသည် ဤစကြဝဠာ၏ ကောင်းကင်ဘုံတန်ခိုးရှင်ဖြစ်ပြီး၊ ဤစကြဝဠာ၏ အစိတ်အပိုင်းတိုင်းသည် သူ့နယ်မြေ ဖြစ်သည်။

"ဟုတ်လည်းဟုတ်တယ်။ မဟုတ်လည်း မဟုတ်ဘူး" လူလတ်ပိုင်းအရွယ် အမျိုးသားက ပြန်ဖြေသည်.

ချင်ယွင် စိတ်ရှုပ်ထွေးသွားသည်။

ဘာကိုဆိုလိုတာလဲ?

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ချင်ယွင်၏သံသယများကို သတိပြုမိပုံရသည်။ သူက ပြုံးပြီး ပြောသည် "ငါက ကောင်းကင်ဘုံတန်ခိုးရှင်ရဲ့ အစစ်မှန် ခန္ဓာကိုယ် မဟုတ်ဘူး။ ငါက ကိုယ်ပွားတစ်ယောက်ပဲ။ အခုတော့ ကောင်းကင်ဘုံတန်ခိုးရှင်က တကယ် အိပ်ပျော် သွားခဲ့ပြီး၊ သူနဲ့အဆက်အသွယ် ဖြတ်လိုက်ရပြီ"

ထိုစကားကိုကြားတော့ ချင်ယွင်က စိတ်သက်သာရပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။

ဆိုတော့, ဤလူသည် ကိုယ်ပွားတစ်ခုမျှသာ ဖြစ်ပါသည်။

၎င်းသည် ကိုယ်ပွားတစ်ခု ဖြစ်သောကြောင့်၊ သူ့ကိုသတ်ဖြတ်ရန် ဤစကြဝဠာ၏ စွမ်းအားကို အသုံးပြုဖို့ သဘာဝအတိုင်း မဖြစ်နိုင်ပေ။

"ခင်ဗျား ကျုပ်ကို ဘာလို့ တိုက်ခိုက်ခဲ့တာလဲ။ ခင်ဗျား ကျုပ်ကို တိုက်ခိုက်တိုင်း ကျုပ်ကို ဘာလို့ မသတ်ခဲ့တာလဲ" ချင်ယွင်က မေးသည်။

ယခင် သူ အလွန်အားနည်းစဉ်တုန်းက ကောင်းကင်ဘုံတန်ခိုးရှင်သည် သူ့ကို ရှာဖွေ တွေ့ရှိခဲ့ပြီး ဖြစ်သည်။

သို့သော် ၎င်းသည် သူ့ကို ဖိနှိပ်ရုံသာဖိနှိပ်ခဲ့ပြီး တကယ့် လုပ်ကြံသတ်ဖြတ်ခြင်း မရှိခဲ့ပေ။

ဤအရာက ချင်ယွင်၏ စိတ်ထဲတွင် သံသယများ ဖြစ်ပေါ်စေခဲ့သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ချင်ယွင်၏ စကားကိုကြားသောအခါ, သူက ပြုံးပြီး ပြောသည် "ကြည့်ရတာ, မင်းလည်း ဒါကို နားလည်ထားပုံရတယ်။ မှန်တယ်၊ ငါ့ အစစ်မှန် ခန္ဓာကိုယ်က မင်းကိုသတ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် သူက မသတ်ဘဲ ရပ်တန့်ခဲ့ တယ်။ သူ ဒီလိုလုပ်ရတဲ့ အကြောင်းရင်းက မင်းကို မြန်မြန် ကြီးထွားစေချင်လို့ပဲ"

"ကျုပ်ကို မြန်မြန်ကြီးထွားစေချင်လို့လား။ မဖြစ်နိုင်ဘူး။ ခင်ဗျားက ကျုပ်အမေ ချန်ထားခဲ့ တဲ့ အမွေအနှစ်ကို ရယူဖို့ကြိုးစားနေတာ မဟုတ်လား။ ဘာလို့ ကျုပ်ကို ကြီးထွားလာစေ ချင်တာလဲ။" ချင်ယွင်က ဆောလျင်စွာ ငြင်းလိုက်သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံးပြီး ပြောသည် "မှန်ပါတယ်။ အရင်တုန်းက ငါ့ရဲ့ အစစ်မှန် ခန္ဓာကိုယ်က မင်းအမေရဲ့ အမွေနှစ်ကို တကယ် ရယူချင်ခဲ့တယ်။ ဒါပေမယ့် မဖြစ်နိုင်မှန်း သိပြီးတဲ့နောက်မှာ သူ လက်လျှော့လိုက်တယ်။ ကောင်းကင်ဘုံတန်ခိုးရှင် ဘာကြောင့် နက်နက်ရှိုင်းရှိုင်း အိပ်ပျော်သွားရတဲ့အကြောင်းရင်းကို မင်း မသိသေးတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”။

ချင်ယွင် အံ့ဩသွားသည်။

ချင်ယွင်က မေးသည်။ "ကောင်းကင်ဘုံတန်ခိုးရှင်က ကျုပ်အမေ ချန်ထားတဲ့ အမွေနှစ်ကို သိမ်းယူချင်ပြီး၊ အမွေနှစ်မှာ ချန်ထားတဲ့ ကန့်သတ်ချက်တွေကြောင့် မတော်တဆ ထိခိုက် ဒဏ်ရာရသွားခဲ့တာ မဟုတ်လား။"

"သေချာပေါက် မဟုတ်ဘူး။ ကောင်းကင်ဘုံတန်ခိုးရှင် ဒဏ်ရာရရတဲ့ အကြောင်းရင်းက တစ်ချိန်က တစ်စုံတစ်ယောက်နဲ့ တိုက်ပွဲကြီးတစ်ခု တိုက်ခိုက်ခဲ့ရတဲ့အတွက်ကြောင့်ပဲ။ အဲဒီလူက ဒီစကြဝဠာထဲက လာခဲ့တာ မဟုတ်ဘူး။ အဲဒီလူက မင်းအမေရဲ့ အမွေနှစ်ကို တကယ် ယူချင်နေတဲ့လူပဲ။" လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောသည်။

"အဲဒီလူက ဘယ်သူလဲ" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။

ယခုလိုဇာတ်လမ်းမျိုး ရှိနေဦးလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးထားခဲ့မိပါဘူး။

ယခုအချိန်တွင်၊ အချိန်ဘိုးဘေးနတ်ဘုရားမ သို့မဟုတ် ဤစကြာဝဠာ၏ ကောင်းကင်ဘုံ တန်ခိုးရှင်ကိုယ်ပွား ဤနှစ်ဦးပြောစကားများအနက်မှ မည်သည့်အရာက အမှန်တရား ဖြစ်သည်ကို သူ မသိနိုင်တော့ပါဘူး။

"အဲဒီလူက ဘယ်သူလဲဆိုတာ ငါ မသိဘူး။ ဒါပေမယ့် အဲဒီလူက ဒီစကြဝဠာထဲမှာ ရှိနေတာ တော့ သေချာတယ်။ သူက ကောင်းကောင်း ပုန်းအောင်းနေခဲ့ပြီး ငါတောင် ရှာမတွေ့ခဲ့ဘူး" လူလတ်ပိုင်းအရွယ် အမျိုးသားက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ခရမ်းရောင်ဘုရင်များ ဖြစ်နိုင်မလား" ချင်ယွင်က မေးသည်။

သို့သော် လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းယမ်းကာ ပြောသည် "ခရမ်းရောင် ဘုရင်က သူ့လက်အောက်ခံသာသာပဲ။ သူ့နောက်မှာ ဧရာမလက်ကြီးတစ်ဖက် ရှိနေတယ်။ သူက မင်းသတိမထားမိဘဲ မင်းဘေးနား ခိုးဝင်နေပြီလို့တောင် သံသယရှိတယ်”။

ချင်ယွင် မှင်သက်သွားခဲ့သည်။

သူ့ဘေးကို ခိုးဝင်တာလား…။

ဒီလူက ဘယ်သူလဲ။

ချင်ယွင်၏နှလုံးသည် ရုတ်တရက် မြင့်တက်လာသည်။

သူ မည်သူ့ကိုယုံရမှန်း မသိတော့ပါဘူး။

သူ ဤနေရာကို မလာခင်မှာ အချိန်ဘိုးဘေးနတ်ဘုရားမ၏ စကားတွေကို ယုံကြည်ခဲ့ သည်။

သို့သော် ကောင်းကင်ဘုံတန်ခိုးရှင်၏စကားကို ကြားပြီးနောက် ကောင်းကင်ဘုံတန်ခိုးရှင် ကိုယ်ပွားနှင့် အချိန်ဘိုးဘေးနတ်နတ်ဘုရားမ နှစ်ယောက်စလုံးသည် အလွန်သံသယ ဖြစ်ဖွယ်ကောင်းသည်ဟု သူ ခံစားလိုက်ရသည်။

သူတို့ထဲက တစ်ယောက်က လိမ်ပြောခြင်း ဖြစ်ရမည်။ သို့မဟုတ် နှစ်ယောက်စလုံး လိမ်ပြောခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

"ဒါဆို ကောင်းကင်ဘုံတန်ခိုးရှင်ရဲ့ အစစ်အမှန် ခန္ဓာကိုယ်က ဘယ်မှာလဲ" ချင်ယွင်က မေးသည်။

"ဒါက လျှို့ဝှက်ချက်ပဲ။ ပြောလို့ မရဘူး။ အချိန်တန်ရင် သဘာဝအတိုင်း ငါ မင်းကို ပြောပြမယ်။ မင်းရဲ့မိဘတွေက အခု အရမ်းလုံခြုံပါတယ်။ ငါ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်က သူတို့ကိုကာကွယ်ဖို့ အဝေးကို ခေါ်သွားခဲ့တာ။ မင်းရဲ့မိဘတွေ အဲဒီလူဆီ မရောက်အောင် ကာကွယ်ဖို့ပဲ" ကောင်းကင်ဘုံတန်ခိုးရှင်ကိုယ်ပွားက ဆိုသည်။

"အယ်…။ ငါ့မိဘတွေကို အကာအကွယ် ပေးနေတာလား" ချင်ယွင် အနည်းငယ် အံ့သြသွားသည်။

ဤစကြာဝဠာ ကောင်းကင်ဘုံတန်ခိုးရှင်၏ စကားများသည် ကျိုးကြောင်းဆီလျော်မှု ရှိသည်။

အကယ်၍ ဤစကြာဝဠာ ကောင်းကင်ဘုံတန်ခိုးရှင်သည် အမှန်တကယ် အမွေနှစ်ကြောင့် ဖြစ်ခဲ့ပါက၊ သူတို့သည် သူအပါအဝင် သူမိဘများကို ဖမ်းဆီးမည် ဖြစ်သည်။

သို့သော်၊ စကြာဝဠာကောင်းကင်ဘုံ တန်ခိုးရှင်သည် သူ့ကို သေမျိုးကမ္ဘာတွင် ချန်ထားခဲ့ပြီး ကြီးထွားရန် ခွင့်ပြုခဲ့သည်။

ဖရိုဖရဲရှေးဟောင်း အစိမ်းရောင်ကြာပန်းမျိုးစေ့လည်း ရှိသေးသည်။

သူ့အဖေက ထိုမျိုးစေ့ကို ရှေးဟောင်း ဖရိုဖရဲပင်လယ်၏ နက်ရှိုင်းရာအရပ်ကနေ ယူလာခဲ့ ခြင်းက တကယ့် တိုက်ဆိုင်မှုပဲလား။

ဤအရာအားလုံးသည် အခုအချိန်မှာ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ဖြစ်လာခဲ့ပါပြီ။

ချင်ယွင်၏ဘဝ ခြေလှမ်းတိုင်းကို တစ်စုံတစ်ယောက်မှ ဂရုတစိုက် စီစဉ်ထားသလိုပင်။

ဤအရာက ချင်ယွင်၏စိတ်နှလုံးကို တုန်လှုပ်စေခဲ့သည်။

"မင်း ဒီကိုလာမယ်ဆိုတာ ကောင်းကင်ဘုံတန်ခိုးရှင်က သိနေတယ်။ ဒါကြောင့် မင်းကို စောင့်နေဖို့ သူ့မအိပ်ခင်မှာ ငါ့ကို တမင်တကာ ချန်ထားခဲ့တာ။ မင်းအနေနဲ့ ပြန်လည် ဝင်စားခြင်း ဥပဒေသတွေကို နားလည်ဖို့လိုတယ်။ ဒါကြောင့် သူက ငါ့ကို မင်းကို လမ်းပြ ပေးစေချင်တယ်။" ကောင်းကင်ဘုံတန်ခိုးရှင်ကိုယ်ပွားက ဆိုသည်။

"ငါ့ကို လမ်းပြမှာလား...။ ငါ့ကို ပြန်လည်ဝင်စားခြင်း ဉပဒေသတွေကို နားလည်အောင် ကူညီဖို့ ကြိုးစားနေတာလား။" ချင်ယွင် အံ့အားသင့်သွားပြီး အံ့သြစွာ မေးလိုက်သည်။

All Chapters