အခန်း ၁၈၀၀
Vol. 120 Ch. 1800
အခန်း (၁၈၀၀) စကြာဝဠာပြီးပြည့်စုံခြင်း။
"မှန်တယ်။ ကောင်းကင်ဘုံတန်ခိုးရှင်က သူမအိပ်ခင်မှာ မင်းကို ပြန်လည်ဝင်စားခြင်း ဉပဒေသတွေကို နားလည်အောင် ကူညီပေးဖို့ ချန်ထားခဲ့တာ" ကောင်းကင်ဘုံတန်ခိုးရှင် ကိုယ်ပွားက ဆိုသည်။
ချင်ယွင် အံ့သြသွားသည်။
ဤကောင်းကင်ဘုံတန်ခိုးရှင်က တကယ်ပဲ အလွန်ကြင်နာတတ်သူလား။
ချင်ယွင်၏ အမူအရာကို ကြည့်ရင်း ကောင်းကင်ဘုံတန်ခိုးရှင် ကိုယ်ပွားက ပြုံးပြသည်။
ချင်ယွင်က သူ့ကို မယုံဘူးဆိုသည်ကို သူသိသည်။ ထို့ကြောင့် သူက ရှင်းပြရန် ပါးစပ်ကို မဖွင့်တော့ဘဲ သူ့လက်မောင်းကို တိုက်ရိုက် ဝှေ့ယမ်းလိုက်ပါသည်။
ဘန်း…။
စကြဝဠာ လှိုင်းလုံးကြီးတစ်ခု ရောက်ရှိလာသည်။
ထိုအခါ ချင်ယွင်သည် ပတ်ဝန်းကျင် လေဟာနယ်များ ပြောင်းလဲလာသည်ကို တွေ့ရှိလိုက် ရသဖြင့် အံ့အားသင့်သွားသည်။
သူ့ပတ်ဝန်းကျင် ကမ္ဘာကြီးသည် ထူးဆန်းသော ဥပဒေသပုံစံများကို ပြသလာသည်။
ဤပုံစံများသည် ကြီးမားသော ကြယ်ကွန်ယက်အသွင် ဖြစ်ပေါ်နေသည်။
၎င်းသည် လေဟာနယ်တစ်ခုလုံးကို ဖုံးအုပ်ထားသည်။
"အယ်... ဒါက ဖြစ်နိုင်မလား…"
ချင်ယွင်သည် ဤလျှို့ဝှက်ဆန်းကြယ်သော ဉပဒေသပုံစံများကို ကြည့်ပြီး အံ့အားသင့် သော အမူအရာကို ထုတ်ဖော်လိုက်သည်။
"မှန်တယ်။ မင်းမြင်နေရတဲ့ ဒီဉပဒေသပုံစံတွေက ဒီစကြဝဠာရဲ့ ပြန်လည် ဝင်စားခြင်း ဆိုင်ရာ ဉပဒေသတွေပဲ။ စကြာဝဠာမရှိရင် ဒီဉပဒေသပုံစံတွေက ကွဲပြားပေမယ့် အများစုက တူညီတဲ့ ဦးတည်ချက်နဲ့ အဆုံးသတ်တယ်။ ဒါက မင်းအတွက် အထောက်အကူ ဖြစ်မယ်လို့ ငါ မျှော်လင့်ပါတယ်။" ကောင်းကင်ဘုံတန်ခိုးရှင် ကိုယ်ပွားက ပြုံးလျက် ပြောသည်။
ချင်ယွင် မှင်သက်သွားရသည်။
၎င်းသည် အမှန်တကယ်ပင် ဤစကြဝဠာရှိ ပြန်လည်ဝင်စားခြင်းဆိုင်ရာ ဉပဒေသများ ဖြစ်သည်။
ဤကောင်းကင်ဘုံတန်ခိုးရှင်သည် သူ့ရှေ့တွင် ဤစကြဝဠာ၏ ပြန်လည်ဝင်စားခြင်း ဆိုင်ရာ ဉပဒေသအားလုံးကို ပြသပေးသည်အထိ အလွန်ကြင်နာလွန်းနေသည်။
"မင်း ယုံချင်ယုံ, မယုံချင်နေ, ဒါက အမှန်တရားပဲ။ မင်းကိုယ်တိုင် ဒါကို ဆင်ခြင်ကြည့်နိုင် တယ်။ မင်း စကြာဝဠာကြီးရဲ့ ကြီးမားတဲ့ ပြီးပြည့်စုံခြင်းအဆင့်ကို တတ်နိုင်သမျှ အမြန်ဆုံး ရောက်ရှိနိုင်မယ်လို့ ငါ မျှော်လင့်တယ်။ မင်းရဲ့စကြာဝဠာ ကြီးမားတဲ့ ပြီးပြည့်စုံခြင်း အဆင့်ကို အမှန်တကယ် ရောက်ရှိသွားတဲ့အခါ, ကမ္ဘာကြီးတစ်ခုလုံး ကွဲပြားခြားနား နေတာကို မင်း သိလာလိမ့်မယ်။" ကောင်းကင်ဘုံတန်ခိုးရှင် ကိုယ်ပွားက ဆိုသည်။
သူပြောပြီးသည်နှင့် သူ့ပုံရိပ်သည် ဖြည်းဖြည်းချင်း မှိန်ဖျော့သွားပြီး ချင်ယွင်၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
ချင်ယွင်သည် တခဏလောက် စဉ်းစားလိုက်သော်လည်း အဆုံးတွင် သူသည် ခေါင်းယမ်းပြီး၊ သိပ်အများကြီး မစဉ်းစားတော့ပေ။
ယခု အရေးကြီးဆုံးအရာက ထိုဥပဒေသများကို နားလည်သဘောပေါက်ရန် ဖြစ်သည်။
ထိုဥပဒေသများကို နားလည်သဘောပေါက်မှသာ သူ့စကြာဝဠာက ပြီးပြည့်စုံသွားမည် ဖြစ်သည်။
ဤနည်းဖြင့်သာလျှင်, သူသည် အန္တရာယ်အားလုံးကို ရင်ဆိုင်နိုင်မည် ဖြစ်သည်။
ချင်ယွင်သည် တောင်ထိပ်ပေါ်ရှိ နေရာလွတ်တစ်ခုတွင် တင်ပျဉ်ခွေထိုင်နေ၏။
သူသည် လေဟာနယ်ထဲမှ ဥပဒေသပုံစံများကို ကြည့်ရှုနေသည်။
ထိုပုံစံများသည် ကြက်ခြေခတ်သဖွယ်ဖြစ်ပြီး၊ အလွန်မင်း ရှုပ်ထွေးပြီး လျှို့ဝှက် ဆန်းကြယ်မှုများ ပါဝင်နေပါသည်။
ချင်ယွင်သည် ဤလျှို့ဝှက်ဆန်းကြယ်သော အရာများကို နားလည်သဘောပေါက်အောင် ဆင်ခြင်ပြီးနောက် ၎င်းတို့ကို သူ့ကိုယ်ပိုင်အရာများအဖြစ် ပြောင်းလဲပစ်ရမည် ဖြစ်သည်။
ချင်ယွင်သည် မျက်လုံးများကို မှိတ်ထားပြီး၊ သူ့စိတ်က ဥပဒေသများအပေါ် လုံးလုံး လျားလျား နစ်မြုပ်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် သူသည် ဥပဒေသများ၏ သမုဒ္ဒရာထဲတွင် လုံးဝ နစ်မြုပ်နေပုံရ သည်။
သူသည် သူ့ကိုယ်ပိုင် ပြန်လည်ဝင်စားခြင်းဆိုင်ရာ ဥပဒေသများကို တည်ဆောက်နိုင်ရန် အဖန်ဖန် အထပ်ထပ် ကြိုးစားနေခဲ့သည်။
သူသည် ထပ်ထပ်အခါခါ ကြိုးစားနေပါသည်။
ဤစကြဝဠာ၏ ကောင်းကင်ဘုံတန်ခိုးရှင်သည် ဉပဒေသများကို သူ့ရှေ့တွင် ပြသထား သော်လည်း၊ လူတိုင်းမှာ မတူညီသည့် လမ်းကြောင်းကိုယ်စီ ရှိကြပါသည်။
ဤဥပဒေသပုံစံများသည် သူ့အတွက် အထောက်အကူဖြစ်နိုင်သော်လည်း သူ့အတွက် ဖြစ်လမ်းနည်း မဖြစ်နိုင်ပေ။
မိမိနှင့်သက်ဆိုင်သော ဉပဒေသများကို နားလည်နိုင်စွမ်း ရှိခြင်းမရှိခြင်းက မိမိအပေါ်တွင် မူတည်ပါသည်။
အချိန်တွေက တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပါပြီ။
အချိန်တွေက ကုန်ဆုံးသွားခဲ့ပြီ။
သို့သော် ချင်ယွင်၏ရုပ်အသွင်က မလှုပ်မယှက် ထိုင်နေသေးသည်။
တဖြည်းဖြည်းနှင့် သူ့ခန္ဓာကိုယ်သည် ထူထပ်သော ပြာမှုန်များဖြင့် ဖုံးလွှမ်းသွားသည်။
အချိန်ကြာလာသည်နှင့်အမျှ ထိုပြာအလွှာများသည် တဖြည်းဖြည်း တိုးလာခဲ့သည်။
နောက်ဆုံးတွင် ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပန်းပုရုပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
သို့သော် ချင်ယွင်၏စကြာဝဠာက အဆက်မပြတ် ပြောင်းလဲနေသည်။
ပထမဆုံး သူ၏ သေမျိုးဂြိုလ်ကမ္ဘာဖြစ်သည်။
ပန်းများနှင့် အပင်များသည် ဆက်လက် ကြီးထွားလာပြီး သစ်ပင်များက ပိုမိုထူထပ်ကာ ကြီးထွားလာသည်။
ငါးများ, အင်းဆက်များ၊ ပန်းများ၊ ငှက်များနှင့် အခြားသတ္တဝါများလည်း ပေါ်ပေါက်လာ သည်။
အရာခပ်သိမ်းသည် တစ်စတစ်စ ကျယ်ပြန့်လာပြီး၊ အဆင့်မြင့် သတ္တဝါများအဖြစ်သို့ စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲလျက် ရှိသည်။
သေမျိုးကမ္ဘာသည် ဆက်လက်တိုးတက်လာသည်နှင့်အမျှ၊ အင်မော်တယ်ကမ္ဘာသည် လည်း ဖွံ့ဖြိုးစ ပြုလာသည်။
ထူးခြားသော အင်မော်တယ် ဆေးဖက်ဝင်အပင်အချို့ ပေါ်လာပြီး၊ အင်မော်တယ်ကမ္ဘာ တစ်ခုလုံးသည် တက်ကြွမှုအပြည့်ဖြင့် စတင်လာသည်။
အင်မော်တယ်ကမ္ဘာတွင် ဝိညာဉ်စွမ်းအင်များက အာဟာရဖြည့်တင်းမှုနှင့်အတူ အင်မော်တယ်ကမ္ဘာတွင် ဉာဏ်ရည်ဉာဏ်သွေးကို ပိုင်ဆိုင်သည့် အစောပိုင်း သက်ရှိများကို မွေးဖွားပေးခဲ့သည်။
အင်မော်တယ်စွမ်းအင်ကြောင့်၊ သူတို့၏စွမ်းအားသည် သေမျိုးကမ္ဘာထက် အဆပေါင်း များစွာ သန်မာသည်။
နတ်ဘုရားကမ္ဘာအတွက်မူ, သူသည် ရှေးရှေးကတည်းက တည်ရှိခဲ့သော ထိုလူသားအုပ်စု ကြောင့် တုံ့ဆိုင်းနေခဲ့ရသည်။
ယခုမူ၊ ထိုကောင်းကင်နတ်ဘုရားများ တည်ဆောက်မှုအောက်တွင်၊ နတ်ဘုရားကမ္ဘာ သည် နတ်ဘုရားမြို့တော်များကို စတင်ဖွဲ့စည်းကြသည်။
အင်အားကြီးနိုင်ငံတွေ ပေါ်ပေါက်လာကြသည်။
တဖြည်းဖြည်းနှင့်၊ ထိုကောင်းကင်နတ်ဘုရားများသည် စကြာဝဠာအသစ်နှင့် လိုက်လျောညီထွေ ရှိလာကြသည်။
စကြဝဠာသစ်၏ဉပဒေသများကို ကြိုတင်နားလည်သဘောပေါက်ခဲ့ကြသော ကောင်းကင် နတ်ဘုရားအချို့ဆိုလျှင် တုနှိုင်းမရလောက်အောင် အားကောင်းလာခဲ့ကြသည်။
၎င်းတို့သည် အနာဂတ်တွင် ဤစကြာဝဠာအသစ်၏ ပထမဆုံး ဘိုးဘေးနတ်ဘုရားများ ဖြစ်လာရန် မျှော်လင့်နေခဲ့ကြသည်။
စကြာဝဠာကြီးသည် အဆက်မပြတ် ပြောင်းလဲနေပြီး၊ ချင်ယွင်၏စိတ်ဝိညာဉ်သည်လည်း သဘာဝအတိုင်း အဆက်မပြတ် တိုးတက်နေပါသည်။
သူ၏စိတ်ဝိညာဉ်နယ်ပယ်သည် စတင်မြင့်တက်လာပြီး၊ ဘိုးဘေးနတ်ဘုရားနယ်ပယ်ကို ကျော်လွန်ကာ နယ်ပယ်အသစ်တစ်ခုသို့ လုံးဝ ရောက်ရှိသွားခဲ့သည်။
သူသည် သူ့ကိုယ်ပိုင်စကြဝဠာကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ရုံသာမက သူ၏လက်ရှိ စကြာဝဠာကိုပင် အံ့ဩဖွယ်သဟဇာတ ဖြစ်စေခဲ့သည်။
ချင်ယွင်သည် သူရှိနေသည့် ဤစကြာဝဠာအတွင်း ပြန်လည်ဝင်စားခြင်းဉပဒေသများကို ဆုပ်ကိုင်နိုင်ပုံရသည်ကိုပင် တွေ့ရှိခဲ့ရသည်။
သူသည် ဤစကြဝဠာ၏ စွမ်းအားကို အသုံးပြုနိုင်သည်။
ဤအရာက ချင်ယွင်ကို အလွန်လျှို့ဝှက်ဆန်းကြယ်မူကို ခံစားရစေခဲ့သည်။
ဘန်း..။
မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ချင်ယွင်သည် ရုတ်တရက် မျက်လုံးဖွင့်လိုက် သည်။
မျက်လုံးဖွင့်လိုက်သည်နှင့် တန်ခိုးကြီးသော ကောင်းကင်တောင်ကြီးတစ်ခုလုံး တုန်လှုပ် လာသည်။
အနှိုင်းမဲ့ တန်ခိုးကြီးသော ကောင်းကင်ဘုံတန်ခိုးက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
ထိုအချိန်တွင် သူ၏ စိတ်ဝိညာဉ်သည် ပြီးပြည့်စုံခြင်း နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤပြီးပြည့်စုံမှုသည် ချင်ယွင်ကို ဖော်ပြ၍ မကုန်သောနိုင်သော ခံစားချက်ကို ပေးစွမ်းသည်။
၎င်းသည် အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားနယ်ပယ်နှင့် ကွဲပြားပြီး၊ ၎င်းသည် ကောင်းကင်နှင့်မြေကြီးကို လုံးဝ သဟဇာတဖြစ်စေသော ခံစားချက် ဖြစ်သည်။
စကြဝဠာကြီးတစ်ခုလုံးသည် ဤစကြာဝဠာ၏အစိတ်အပိုင်းတစ်ခု ဖြစ်သွားသလိုပင်။
"ဘာလို့ ဒီလိုဖြစ်နေတာလဲ" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"နောက်ဆုံးတော့ မင်းနိုးလာပြီလား..၊ ဒါက ထူးဆန်းတယ်လို့ မထင်ဘူးလား။ မင်း ဘာလို့ မင်းကိုယ်ပိုင်စကြဝဠာရဲ့ ဉပဒေသတွေကို နားလည်တာလဲ။ ဒီစကြဝဠာရဲ့ ဉပဒေသတွေကို မင်း ဘာလို့ ထိန်းချုပ်နိုင်တာလဲ။" ကောင်းကင်ဘုံတန်ခိုးရှင် ကိုယ်ပွားက ပြုံးလျက်ပြော သည်။
"ဟုတ်တယ်။ ဒါက ထူးဆန်းတယ်။ ငါ အခု ဒီစကြာဝဠာကြီးကို လုံးလုံးလျားလျား ထိန်းချုပ်နိုင်နေပြီလို့ ခံစားရတယ်။" ချင်ယွင်က သူ့လက်ကို ဆန့်တန်းပြီး ဆုပ်ကိုင်လိုက် သည်။
လေဟာနယ်ထဲမှ ဥပဒေသပုံစံများက စတင်လှုပ်ရှားလာသည်။
ကြယ်တွေက စတင်ပြောင်းလာသည်။
"ဟား...၊ ဟား..၊ အဲဒါက မင်းရဲ့စိတ်ဝိညာဉ်က ဒီစကြဝဠာက လာတာကြောင့်ပဲ။ မင်းက စကြာဝဠာအသစ်တစ်ခု မွေးဖွားပေးနိုင်မယ့် မင်းခန္ဓာကိုယ်က ဒီစကြဝဠာက လာတာလေ။ ဒါကြောင့် မင်းရဲ့လက်ရှိစကြာဝဠာက မင်းရဲ့အမေပဲ။ မင်းရဲ့စိတ်ဝိညာဉ်က ဒီစကြဝဠာကြီး နဲ့ အံဝင်ခွင်ကျ ဖြစ်နေပြီ။ အဲဒါကြောင့် မင်းက မင်းရဲ့ကိုယ်ပိုင် စကြာဝဠာတင်မကဘူး, ဒီစကြာဝဠာကိုပါ ထိန်းချုပ်နိုင်နေတာ။" ကောင်းကင်ဘုံတန်ခိုးရှင်ကိုယ်ပွားက ဆိုသည်။
ချင်ယွင် ရုတ်တရက် နားလည်သွားသည်။
အဲဒါက ဘာဖြစ်မလဲ။
သူ့စကြာဝဠာသည် ဤစကြဝဠာဉပဒေသများ၏ ထုတ်ကုန် (ရလာဒ်) ဖြစ်သည်။ (သူ့စကြာဝဠာသည် ဤစကြာဝဠာ၏ ဉပဒေသများကို အခြေခံ၍ ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု ဆိုလိုဟန်တူပါသည်)။
သူ့စိတ်ဝိညာဉ်သည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားသော်လည်း၊ ၎င်းသည် ဤစကြဝဠာ၏ ဉပဒေသများကို ကျော်လွန်သွားခဲ့သည်။
သို့သော် စိတ်ဝိညာဉ်၏ အနှစ်သာရသည် ဤစကြာဝဠာ၏ မူလစွမ်းအင်နှင့် ပဲ့တင်ထပ်နေ သည်။
ထို့ကြောင့်၊ ယခုအခါ သူသည် သူ့ကိုယ်ပိုင်စကြဝဠာကို အုပ်စိုးသူဖြစ်သလို ဤစကြဝဠာကို အုပ်စိုးသူလည်း ဖြစ်လာခဲ့သည်။
သေချာသည်မှာ, သူသည် တစ်ဝက်လောက်သာ ထိန်းချုပ်နိုင်ပြီး၊ အစစ်မှန် ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်သူကတော့ ဤစကြဝဠာ၏ အစစ်မှန် တန်ခိုးရှင်ဖြစ်ပါသည်။
"ဒီလောက် အံ့ဖွယ်ကောင်းလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
ဤအခိုက်အတန့်တွင် သူသည် မျက်လုံးများကို မှိတ်ထားပြီး ဤစကြဝဠာ၏ အစိတ်အပိုင်း တိုင်းကို ခံစားနိုင်သည်။
လျူရန်ယွင်နှင့် တခြားသူတွေ ဘယ်ရောက်နေလဲ။ ချင်ဖိုးနှင့် တခြားသူတွေ ဘယ်လို နေကြလဲ သူခံစားနိုင်ပါသည်။
"အယ်…."
ချင်ယွင်၏ အမူအရာက ပြောင်းသွားသည်။
လျူရန်ယွင်နှင့် အခြားသူများသည် အန္တရာယ်ကျရောက်နေကြောင်း သူ အမှန်တကယ် ခံစားမိသောကြောင့် ဖြစ်သည်။
"ဟမ့်၊ ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားငယ်လေးက အရမ်း မောက်မာရဲနေတယ်ပေါ့။ မင်းက တကယ်ကို သေခြင်းတရားကို တောင်းခံနေတာဘဲ"
ချင်ယွင်၏ မျက်လုံးများက ခက်ထန်သော အလင်းရောင်များဖြင့် လင်းလက်သွားသည်။
ထို့နောက် သူသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းပြီး စကြဝဠာအတွင်း ပျောက်ကွယ်သွား သည်။
ဤလေဟာနယ် ဖြတ်သန်းခြင်းမျိုးသည် ဘိုးဘေးနတ်ဘုရားအဆင့်နှင့် ကွဲပြားသည်။ ယင်းအစား၊ ၎င်းသည် စကြဝဠာနှင့် အမှန်တကယ် ပေါင်းစပ်နေသည်။
ထိုအချိန်တွင် ချင်ယွင်၏ ဦးတည်ရာမှာ နတ်ဘုရားကမ္ဘာအတု ဖြစ်သည်။
သူသည် ယခုလေးတင် လျူရန်ယွင်နှင့် အခြားလူများကို စုံစမ်းကြည့်ခဲ့သော်လည်း သူတို့ အန္တရာယ်အတွင်း ကျရောက်နေကြောင်း အာရုံခံမိလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ယင်းက ချင်ယွင်၏ တစ်ကိုယ်လုံးကို ချက်ချင်းဆိုသလို ဒေါသဖြစ်စေခဲ့သည်။