← Chapters

အခန်း ၁၈၀၁

Vol. 120 Ch. 1801

အခန်း ၁၈၀၁

Vol. 120 Ch. 1801

အခန်း (၁၈၀၁) ကျိုးထျန်းချန်

နတ်ဘုရားကမ္ဘာအတု, လွင့်မျောနှင်းမြို့တော်။

ဤအခိုက်အတန့်တွင်၊ လွင့်မျောနှင်းမြို့တော်၏ မြို့တော်သခင်၏ ခြံဝန်းထဲတွင် လူအနည်းငယ် ရပ်နေပါသည်။

ထိုအထဲမှာ ဦးဆောင်သူတွေကတော့ ချင်ယွင်၏ ဇနီးငါးယောက်၊ ရှေးဟောင်းတာအိုနှင့် အခြားလူများဖြစ်သည်။

သူတို့နှင့် ဆန့်ကျင်ဘက်တွင်, လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သူ့မျက်လုံးများ တွင် ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒဖြင့် မတ်တပ်ရပ်နေ၏။

ချင်ယွင်နှင့် အခြားသူများသည် ရှေးခေတ်နတ်ဘုရားကမ္ဘာထဲသို့ ဝင်ရောက်လာပြီးနောက် မကြာမီပင်မှာ.....။

အမျိုးသမီးလေးယောက်သည် ချင်ဖိုးလေးကိုခေါ်ဆောင်ကာ နတ်ဘုရားကမ္ဘာအတုသို့ ရောက်လာခဲ့ကြသည်။

အမျိုးသမီးလေးဦးနှင့် ချင်ဖိုးတို့သည် နတ်ဘုရားကမ္ဘာအတုသို့ ရောက်ရှိခဲ့သော်လည်း ကျိုးမင်အမည်ရှိ အမျိုးသားတစ်ဦးနှင့် တွေ့ဆုံရမည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

အမျိုးသမီးလေးဦးစလုံး လှပနေသည်ကိုမြင်တော့ ကျိုးမင်က မကောင်သည့်အရာ တစ်ခုခုကို ချက်ချင်း တွေးတော့သည်။

သို့သော်လည်း ရှောင်ကျင်းနှင့် ရှောင်ဘိုင်တို့က အမြန်ပြေးလာပြီး ရင်ဆိုင်တွေ့ရမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ကောင်းကင်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သော ရှောင်ကျင်းနှင့် ရှောင်ဘိုင်တို့သည် ကျိုးမင်ကို အမှန်ပင် သတ်ပစ်လိုက်ကြသည်။

မူလက သူတို့သည် ဂရုမစိုက်ကြပေ။

သို့သော်, သူတို့သည် လွင့်မျောနှင်းမြို့တော်အတွက် ဘေးဆိုးကြီးကို ဆင့်ခေါ်မိလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။

ကျိုးမင်၏ဖခင် ကျိုးထျန်းချန်သည် ဘိုးဘေးနတ်ဘုရားတစ်ပါးဖြစ်ပြီး၊ သူသည် ကြီးမြတ် သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားလည်း ဖြစ်နေခဲ့သည်။

ထိုမျှသာမကပေ။ ကျိုးထျန်းချန်မှာလည်း စီနီယာအစ်ကိုတစ်ယောက် ရှိနေသည်။

ထိုလူသည် အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

ကျိုးထျန်းချန်သည် သူ့သားကို သတ်ဖြတ်ခဲ့သည့်လူတွေက ရှောင်ကျင်းနှင့် ရှောင်ဘိုင်တို့ ဖြစ်ကြောင်းကို ရှာတွေ့သွားခဲ့သည်။

သူသည် လွင့်မျောနှင်းမြို့တော်သို့ တဟုန်ထိုး သွားခဲ့ပြီး၊ ရှောင်ကျင်းနှင့် ရှောင်ဘိုင်တို့ကို သူတို့၏ လွန်ကျူးမူအတွက် တောင်းဆိုနေခြင်း ဖြစ်သည်။

"ပြောစမ်း။ ငါ့သားကိုသတ်တဲ့ လူသတ်သမားက ဘယ်မှာလဲ" ကျိုးထျန်းချန်က ဒေါသတကြီး အော်လိုက်သည်။

သူ၏နတ်ဘုရားအာရုံသည် လွင့်မျောနှင်းမြို့တော်တစ်ခုလုံးကို ကြည့်ရူစစ်ဆေးလိုက် သော်လည်း ရှောင်ကျင်းနှင့် ရှောင်ဘိုင်၏နေရာကို ရှာမတွေ့ခဲ့ပေ။

ဤအရာက သူ့နှလုံးသားကို ပြင်းထန်သော အမျက်ဒေါသများဖြင့် ပြည့်စေခဲ့သည်။

"သူတို့က လွင့်မျောနှင်းမြို့တော်ကနေ ထွက်သွားပြီ" ရှေးဟောင်းတာအိုက ပြောသည်။

လက်ရှိ ရှေးဟောင်းတာအိုသည် ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"လွင့်မျောနှင်းမြို့တော်ကနေ ထွက်သွားပြီ၊ သူတို့ ဘယ်ကိုသွားတာလဲ။" ကျိုးထျန်းချန်က အေးစက်စွာ မေးလိုက်သော်လည်း သူ့မျက်လုံးများတွင် သတ်ချင်စိတ်များဖြင့် ပြည့်နှက်နေ သည်။

"ကျွန်တော် မသိဘူး" ရှေးဟောင်းတာအိုက ပြန်ဖြေသည်။

သို့သော် ကျိုးထျန်းချန်သည် ထိုစကားကိုကြားသောအခါ လှောင်ပြောင် ရယ်မောလိုက်ပါ သည်။

"မင်း ငါ့ကို အရူးလုပ်နိုင်မယ်လို့ ထင်နေတာလား။ ငါ့နတ်ဘုရားအာရုံနဲ့ လွင့်မျော နှင်းမြို့တော်တစ်ခုလုံးကို လွှမ်းခြုံထားပြီးပြီ။ သူတို့က လွင့်မျောနှင်းမြို့တော်ထဲကနေ ခြေတစ်လှမ်းတောင် မလှမ်းခဲ့ဘူး။ ငါ ထပ်ပြောမယ်။ မင်းတို့ သူ့တို့ကို လွှဲမပေးရင်, မင်းတို့အားလုံး သေရလိမ့်မယ်" ကျိုးထျန်းချန်က အေးစက်စွာ ဟစ်အော်လိုက်သည်။

ထိုစကားကိုကြားတော့ ရှေးဟောင်းတာအိုနှင့် တခြားသူတွေလည်း မျက်မှောင်ကြုတ်သွား ကြပါသည်။

သူတို့ထဲတွင် အသန်မာဆုံးမှာ ကောင်းကင်နတ်ဘုရား နယ်ပယ်၏ အထွတ်အထိပ်သာ ဖြစ်သည်။

ဤကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားကို ရင်ဆိုင်ရာ၌ သူတို့တွင် ခုခံရန် အနည်းငယ်မျှပင် နေရာမရှိပေ။

ကျိုးထျန်းချန်သည် မည်သူမျှ ပြန်မဖြေသည်ကို မြင်သောအခါ သတ်ဖြတ်လိုစိတ်က ချက်ချင်းဆိုသလို ပေါ်လာသည်။

သူ့မျက်လုံးများက ကျဉ်းမြောင်းလာပြီးနောက် ကောင်းကင်နတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်ကာ သွေးစွန်းနေသော အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲသွားပါသည်။

ထိုမြင်ကွင်းကို လူအုပ်ကြီး မြင်လိုက်ရတော့ ချက်ခြင်း ထိတ်လန့်သွားကြသည်။

အကြည့်တစ်ချက်ဖြင့် ကောင်းကင်နတ်ဘုရားတစ်ပါးကို သတ်ဖြတ်လိုက်ခြင်းလား။

ဤသည်မှာ ဘိုးဘေးနတ်ဘုရားနယ်ပယ် ဖြစ်ပါသလား။

"ပြောမလား, မပြောဘူးလား" ကျိုးထျန်းချန်က ခြိမ်းခြောက်လိုက်သည်။

"ကျွန်မတို့ တကယ်မသိဘူး။ ရှင် ကျွန်မတို့ကို တကယ်သတ်ချင်ရင်လည်း ကျွန်မတို့ ဘာမှမတတ်နိုင်ဘူး" ကျိုးလင်က အေးစက်စွာ ပြောလိုက်သည်။

ထိုစကားကိုကြားတော့ ကျိုးထျန်းချန်က ကျိုးလင်ကို ချက်ချင်း ကြည့်သည်။

ထို့နောက် ကျိုးလင်အနားရှိ အမျိုးသမီးလေးဦးကို တစ်ချက်ကြည့်လိုက်သည်။

ထိုသို့ လှပသော အမျိုးသမီးများ အတူတကွ ရပ်နေခြင်းက အများအာရုံကို စွဲဆောင်နိုင်စွမ်း မရှိဘူးဆိုသည်မှာ မဖြစ်နိုင်ပေ။

ထို့ကြောင့် ကျိုးထျန်းချန်သည် အမျိုးသမီးငါးဦးကို မြင်သောအခါတွင် သူ့မျက်လုံးများ သည် နှလုံးခုန်သွားသည့် အရိပ်အမြွက် ပြသသွားခဲ့သည်။

"ငါ့သားက မင်းတို့ကြောင့် သနားစဖွယ် သေသွားခဲ့ရတယ်။ ငါ မင်းတို့ကို အခွင့်ရေးတစ်ခု ပေးမယ်။ အဲဒီနှစ်ယောက်ရဲ့ နေရာကို ပြောပြပြီး ငါ့ကို ခံစားပါ။ ငါ မင်းတို့ကို အသက်ချမ်းသာပေးမယ်။ မဟုတ်ရင် မင်းတို့က ငါ့ရဲ့ကစားစရာတွေ ဖြစ်လာရုံတင်မက ဘူး, တခြားသူတွေလည်း သနားစဖွယ် သေရလိမ့်မယ်" ကျိုးထျန်းချန်က လှောင်ပြောင် ရယ်မောပြီး ပြောလိုက်သည်။

အရိုးသားဆုံးပြောရလျှင်, သူသည် ဤမိန်းမငါးယောက်ကို မြင်တွေ့ရသည့် အခိုက်မှာပင်, ဆွဲဆောင်ခံရပြီး ဖြစ်သည်။

ဤအမျိုးသမီးငါးဦးသည် စိတ်နေစိတ်ထားနှင့် ရုပ်ရည်အသွင်အပြင်အရ ထိပ်တန်း ဖြစ်သည်။

အခုလို ထိပ်တန်း အလှပိုင်ရှင်ငါးယောက်ကို တစ်စုတစ်စည်း တွေ့ရမည်ဟု သူ တကယ် မမျှော်လင့်ထားပါဘူး။

ထိုစကားများ ပြောပြီးသည်နှင့် အမျိုးသမီးငါးဦး၏ မျက်လုံးများတွင် အေးစက်မှုတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။ ထင်ရှားသည်မှာ၊ ဤဘိုးဘေးနတ်ဘုရားသည် သူမတို့ကို အမှန်တကယ် အာရုံစိုက်လိမ့်မည်ဟု သူမတို့ မမျှော်လင့်ထားခဲ့ကြသည်မှာ ထင်ရှားပါ သည်။

"ကျုပ်က ကျုပ်အမေငါးယောက်ကို မထိခိုက်မနာကျင်အောင် ခင်ဗျားကြီးကို တားဆီးရမယ်"

သို့သော် ထိုအချိန်တွင် လူငယ်တစ်ယောက် ပြေးထွက်လာပြီး ကျိုးထျန်းချန်ကို ဟိန်းဟောက်လိုက်သည်။

"အမေငါးယောက်လား.." ကျိုးထျန်းချန်၏ မျက်လုံးများက အံ့အားသင့်သွားကြသည်။

ဤထိပ်တန်း အမျိုးသမီးငါးဦးသည် လူတစ်ယောက်၏ မိန်းမများ ဖြစ်နိုင်ပါသလား။

လောကကြီးမှာ ဘယ်သူက ဒီလောက်ကံကောင်းသွားပါလိမ့်။

ထိုလူသည် အခုလို ကောင်းချီးမျိုးကို ပိုင်ဆိုင်ခွင့်ရခဲ့သည်။ ဆိုလိုသည်မှာ ထိုလူသည် သေချာပေါက် ရိုးရှင်းသူတစ်ဦး မဖြစ်နိုင်ပေ။

သို့သော် ကျိုးထျန်းချန်၏မျက်လုံးများတွင် ဤလူသည် မည်မျှပင် တန်ခိုးကြီးသည် ဖြစ်စေ ပြဿနာမရှိပေ။

ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားတစ်ပါးရှေ့တွင်၊ ထိုလူသည် ပုရွက်ဆိတ်တစ်ကောင်ထက် ဘာမှမပိုချေ။

ထိုလူသည် အချိန်အတော်ကြာကတည်းက ကြောက်လန့်တကြား ထွက်ပြေးသွားခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

"မင်းလိုချာတိတ်လေးက ငါ့ကိုတားနိုင်​မယ်လို့ ထင်နေ​လား" ကျိုးထျန်းချန်က ရယ်မောလိုက်သည်။

"ဟမ့်၊ ကျုပ်က ခင်ဗျားကြီးကို မရိုက်နိုင်ဘူး။ ဒါပေမယ့် ခင်ဗျားကြီး ကျုပ်အမေ ငါးယောက်ကို ထိဝံ့ရင် ကျုပ်အဖေက ခင်ဗျားကြီးကို အလွတ်ပေးမှာ မဟုတ်ဘူး" ချင်ဖိုးက အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ့မျက်လုံးများက ပြတ်သားသည်။

လက်ရှိ ချင်ဖိုးသည် အသက် ဒါဇင်အနည်းငယ် ကျော်နေပြီဖြစ်သော်လည်း ဆယ်ကျော် သက်ကဲ့သို့ ပင် ရှိနေသေးသည်။

ထို့အပြင်၊ သူ၏ကျင့်ကြံမှုသည် ကောင်းကင်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထိုအချိန်က ချင်ယွင်၏ အမူအရာနှင့် အလွန်ဆင်တူသည်။

"မင်းအဖေ၊ မင်းအဖေက ဘယ်သူလဲ။" ကျိုးထျန်းချန်က ရယ်မောကာ မေးလိုက်သည်။

“ကျုပ်အဖေက ကမ္ဘာပေါ်မှာ အစွမ်းထက်ဆုံးလူပဲ။ သူပြန်လာလို့ ခင်ဗျား ကျုပ်အမေတွေ ကို အနိုင်ကျင့်နေတာမြင်ရင် ခင်ဗျား သံသယမရှိ သေရလိမ့်မယ်" ချင်ဖိုးက ဒေါသတကြီး ပြောလိုက်သည်။

"ကမ္ဘာပေါ်မှာ အစွမ်းထက်ဆုံးလူလား... ဟား...၊ ဟား..." ကျိုးထျန်းချန်သည် ဟက်ဟက် ပက်ပက် ရယ်မောကာ သူ့မျက်လုံးများတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေသည်။

ဤကမ္ဘာကြီးတွင် ကိုယ့်ကိုယ်ကို ကမ္ဘာပေါ်တွင် အစွမ်းထက်ဆုံးပုဂ္ဂိုလ်ဟု မည်သူမျှ မပြောဝံ့ကြပေ။

သူ့ရှေ့က ဒီကောင်စုတ်လေးက ကြွားလုံးထုတ်နေသည်မှာ ထင်ရှားပါသည်။

တကယ်ဆို, ချင်ဖိုးက ကြွားလုံးထုတ်နေခြင်း မဟုတ်ပေ။ ထို့အပြင်, ချင်ဖိုးသည် သူ့အဖေ အကြောင်းမေးတိုင်း လျူရန်ယွင်နှင့် အခြားသူများက သူ့အဖေသည် ဤကမ္ဘာပေါ်တွင် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ဖြစ်သည့်အကြောင်း ချင်ဖိုးကို ထည့်သွင်းပြောကြသည်။

အချိန်ကြာလာသည်နှင့်အမျှ ချင်ဖိုး၏ နှလုံးသားထဲတွင် ချင်ယွင်သည် အလွန်အစွမ်းထက် သော လူတစ်ယောက် ဖြစ်လာခဲ့သည်။

သို့သော် သူ့စကားသည် ကျိုးထျန်းချန်၏နားထဲသို့ ရောက်သွားသောအခါတွင်, ဟာသတစ်ခု ဖြစ်သွားသည်။

"ဟမ့်၊ ကောင်စုတ်လေး၊ မင်းအဖေက အသန်မာဆုံးလို့ ပြောလိုက်တာ မဟုတ်ဘူးလား။ ဒါဆို, မင်းမျက်လုံးတွေကို ကျယ်ကျယ် ဖွင့်ထား။ ငါ မင်းကိုသတ်လိုက်ရင် အစွမ်းထက်တဲ့ မင်းအဖေက ပေါ်လာမှာလားဆိုတာ ကြည့်ရအောင်" ကျိုးထျန်းချန်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ့မျက်လုံးများက အေးစက်သွားသည်။

ချက်ခြင်းပင်၊ ချင်ဖိုး၏လည်ပင်းကို မမြင်နိုင်သောလက်တစ်ဖက်က ဆုပ်ကိုင်ထားပုံရပြီး ချင်ဖိုးကို မြှောက်လိုက်သည်။

"သူ့ကိုလွှတ်" အမျိုးသမီးငါးဦးသည် ချက်ချင်းပင် တုန်လှုပ်ခြောက်ခြားသွားသော်လည်း သူမတို့ကိုယ်တိုင် မလှုပ်ရှားနိုင်တော့ပေ။

"ရပ်"

တစ်ချိန်တည်းမှာပင် ခန်းမထဲမှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။ ရှောင်ကျင်းနှင့် ရှောင်ဘိုင်တို့၏ ပုံရိပ်များသည် ချက်ချင်းဆိုသလို ပေါ်လာပြီး ဤအရာအားလုံးကို တားဆီးချင်နေသည်။

သို့သော် သူတို့ မတိုက်ခိုက်နိုင်ခင် သူတို့၏ ခန္ဓာကိုယ်များသည် ချက်ချင်း မလှုပ်ရှားနိုင်တော့ပေ။

ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရား၏ တန်ခိုးတော်သည် သူတို့ ခုခံနိုင်သည့် အရာမဟုတ်ပေ။

"ဟား...၊ ဟား..၊ နောက်ဆုံးတော့ မင်းတို ထိုင်မနေနိုင်တော့ဘူး မဟုတ်လား။ မင်းတို့ အသေခံဖို့ ကိုယ်ဘာသာ ပြေးထွက်လာရပြီပေါ့။" ကျိုးထျန်းချန်သည် ရှောင်ကျင်းနှင့် ရှောင်ဘိုင်ကို တွေ့လိုက်သောအခါ သတ်ပစ်ချင်စိတ်များ ချက်ချင်း ပေါ်လာသည်။

"အား.."

ရှောင်ကျင်းနှင့် ရှောင်ဘိုင်၏လက်များသည် ချက်ခြင်း ပြတ်တောက်သွားခဲ့ပြီး စိတ်မကောင်းစွာ ပျောက်ကွယ်သွားခဲ့သည်။

"ငါ မင်းတို့ကို ရှင်လျက်နဲ့ သေလူဖြစ်အောင် လုပ်ပစ်မယ်” ကျိုးထျန်းချန်က ရက်စက်စွာ ရယ်မောလိုက်သည်။

"ငါ့အစ်ကိုကြီး မင်းပြန်လာတဲ့အခါ မင်းကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး" ရှောင်ကျင်းက ဒေါသတကြီး အော်ပြောလိုက်ပြီး သူ့မျက်လုံးတွေက ပြင်းထန်သည့် မကျေနပ်မူ အမျက်ဒေါသများဖြင့် ပြည့်နေခဲ့သည်။

"ဟား ဟား၊ မင်းအစ်ကိုကြီး လာရင်တောင် ငါ သူ့ကို သတ်ပစ်မယ်။ အခု မင်းတို့ဘဝက ဘယ်လိုဖြစ်နေပြီဆိုတာ ငါ ပြောပြမယ်" ကျိုးထျန်းချန်က ဟက်ဟက်ပက်ပက် ရယ်သည်။

ထို့နောက် ရှောင်ကျင်းနှင့် ရှောင်ဘိုင်၏အသားကို လုံးလုံး ခွဲထုတ်ရန် သူ့စွမ်းအားကို အသုံးပြုဖို့ ပြင်ဆင်လိုက်သည်။

သို့သော်လည်း ယခုအချိန်တွင် ရှောင်ကျင်းနှင့် ရှောင်ဘိုင်တို့ကို လွှမ်းခြုံထားသည့် စွမ်းအားများ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

လွင့်မျောနှင်းမြို့တော်မှ လူများအားလုံးလည်း ၎င်းတို့၏လွတ်လပ်မှုကို ပြန်လည်ရရှိခဲ့ကြ သည်။

ချင်ဖိုး၏ လည်ပင်းကို ဆုပ်ကိုင်ထားသည့် ဧရာမလက်သည် ရုတ်တရက် ပျောက်ကွယ် သွားသည်။

"အယ်..၊ ဘာဖြစ်နေတာလဲ…" ကျိုးထျန်းချန် စိတ်ရှုပ်ထွေးသွားသည်။ သူ့ခွန်အားတွေ ရုတ်တရက် ဘာကြောင့် ပျောက်ကွယ်သွားရသည်ကို သူ နားမလည်ပါဘူး။

သို့သော် သူ စိတ်ရှုပ်ထွေးနေချိန်မှာ ခြံဝင်းထဲတွင် ထူးဆန်းသော ပုံရိပ်တစ်ခု ပေါ်လာသည်ကို သူတွေ့လိုက်ရသည်။

ထိုပုံရိပ်၏ မျက်လုံးတွေက သူ့ကို စိုက်ကြည့်နေသည်။

ကျိုးထျန်းချန်၏အကြည့်က တစ်ဖက်လူ၏အကြည့်နှင့် ထိတွေ့သွားသည့်အခိုက်...

သူ့နှလုံးသားသည် အဆုံးမဲ့ ချောက်နက်ထဲသို့ ကျသွားသလို တုန်လှုပ်သွားပါသည်။

All Chapters