← Chapters

အခန်း ၁၈၀၂

Vol. 120 Ch. 1802

အခန်း ၁၈၀၂

Vol. 120 Ch. 1802

အခန်း (၁၈၀၂) ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားကို ချေမွပစ် ခြင်း။

ကျိုးထျန်းချန်က ရုတ်တရက် ပေါ်လာသော လူကို ကြည့်လိုက်သည်။

ပထမတော့၊ ရုတ်တရက် ထွက်ပေါ်လာသော ထိုလူ၏ အကြည့်ကြောင့် သူ တကယ်ကို ထိတ်လန့်သွားပါသည်။

သို့သော်လည်း အနီးကပ် စစ်ဆေးကြည့်သောအခါတွင် သူ့ရှေ့မှ ဤလူငယ်သည် အမှန်တကယ်ပင် သာမန်လူတစ်ဦးဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

မဖြစ်​နိုင်​ဘူးမလား?

သာမန်လူတစ်ယောက်က ဤနေရာမှာ မည်သို့ ပေါ်လာနိုင်မှာလဲ။

သူ မည်မျှပင် မိုက်မဲနေပါစေ, ကျိုးထျန်းချန်သည် သူ့ရှေ့က ဤလူငယ်က သာမန်လူတစ်ယောက်ဟု မထင်ထားပါဘူး။

ကျိုးထျန်းချန် စိတ်ရှုပ်ထွေးနေချိန်မှာ...

ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် အလွန်အံ့အားသင့်မှုနှင့်အတူ စိတ်လှုပ်ရှားနေသည့် အမူအရာကိုယ်စီ ဖော်ပြနေကြသည်။

"ချင်ယွင်လား"

"ခင်ပွန်းလား"

"အကိုကြီး"

အော်ခေါ်သံတွေက တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်ပေါ်လာသည်။

အနီးနားရှိ လူအားလုံးက သူတို့ရှေ့တွင် ရုတ်တရက် ပေါ်လာသော လူငယ်ကို ကြည့်ကာ သူတို့၏မျက်နှာများက ရွှင်လန်းမှုအပြည့်နှင့်ပင်။

အထူးသဖြင့် ချင်ယွင်ကို မတွေ့ရတာကြာပြီဖြစ်စည့် အမျိုးသမီးငါးဦးစလုံးသည် စိတ်လှုပ်ရှားသည့် အမူအရာကိုယ်စီ ရှိနေပါသည်။

ချင်ယွင်၏ နှလုံးသားက ရွှင်လန်းမှုအပြည့်နှင့်ပင်။

သူ့မိန်းမငါးယောက်ကို သူ မမြင်တွေ့ရသည်မှာ ကြာမြင့်လှပြီ။ အမှန်အတိုင်း ပြောရလျှင် သူသည် သူမတို့ကို တကယ်လွမ်းဆွတ်မိပါသည်။

ဤအခိုက်အတန့်ကို မြင်လိုက်ရသောအခါ၌ သူ့စိတ်နှလုံးသည် ရွှင်မြူးသွားခဲ့သည်။

ဟုတ်ပါသည်။ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့လည်း ရှိနေကြသည်။

ချင်ယွင်က သူတို့ကို တွေ့ရသည့်အတွက် အရမ်းပျော်ပါသည်။

"မင်းက ငါ့အဖေလား" ချင်ဖိုးက ခေါင်းပွတ်ပြီး မေးသည်။

"ချင်ဖိုး၊ လာစမ်းပါဦး, အဖေ ကြည့်ရအောင်။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။

"အဖေလား" ထိုစကားကိုကြားတော့ ချင်ဖိုးက ချင်ယွင်၏ရင်ခွင်ထဲကို စိတ်လှုပ်ရှားစွာ ခုန်ဝင်လာခဲ့သည်။

ဤနှစ်များတစ်လျှောက်လုံး သူသည် ချင်ယွင် ပြန်လာမည့်အချိန်ကို စောင့်မျှော်နေခဲ့သည်။

သူက ချင်ယွင်၏ လုပ်ဆောင်ချက်များနှင့် အမြဲရင်းနှီးနေခဲ့သည်။ ဤအရာအားလုံးကို သူ့အမေ ငါးယောက်က ပြောပြထားခြင်း ဖြစ်သည်။

သို့သော် သူ့အဖေ အမှန်တကယ် ရှိမရှိကို သူ အမြဲသံသယဝင်နေခဲ့သည်။

ဒီလိုအစွမ်းထက်တဲ့ လူတစ်ယောက် ဘယ်လိုရှိနိုင်မှာလဲ။

အခု နောက်ဆုံးတွင် သူသည် ချင်ယွင်နှင့်တွေ့ဆုံရပြီ။ သူ မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

ချင်ယွင်၏ စိတ်နှလုံးသားထဲတွင် ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

အချိန်အကြာကြီး ထွက်သွားပြီးနောက် ရင်းနှီးသည့်ဆက်ဆံရေးက အရမ်း အရေကြီးသည် ဟု သူ မမျှော်လင့်ထားပါဘူး။

ဤတစ်ကြိမ်တွင် သူသည် တန်ခိုးကြီးသော ကောင်းကင်တောင်၏ တောင်ထိပ်ပေါ်တွင် နှစ်ပေါင်းတစ်ရာနီးပါး အချိန်ယူနားလည်ခဲ့သည်။

သူတို့သည် သူ့ကို ဤနေရာမှာ အချိန် မည်မျှကြာအောင် စောင့်နေခဲ့ရလဲ တွေးကြည့်နိုင်ပါ သည်။

"အဖေ၊ ဒီကောင်ကြီးက အမေငါးယောက်ကို အနိုင်ကျင့်နေတယ်။ အဖေ သူ့ကို သင်ခန်းစာ ပေးရမယ်။" ကျိုးထျန်းချန်ကို အမြန်ညွှန်ပြရင်း ချင်ဖိုးသည် တစ်စုံတစ်ခုကို သတိရသွားပုံရသည်။

ထိုအချိန်မှပင် ဤနေရာတွင် ကျိုးထျန်းချန်ကဲ့သို့ ဘိုးဘေးနတ်ဘုရားတစ်ပါး ရှိနေသေး ကြောင်း လူအုပ်လည်း သတိရသွားကြပြီး ၎င်းတို့၏ အမူအရာများသည် ချက်ချင်းပင် လေးနက်လာကြသည်။

ချင်ယွင်သည် အလွန်အစွမ်းထက်ကြောင်း သူတို့သိသော်လည်း၊ သူသည် မည်မျှပင် အစွမ်းထက်နေသည်ဖြစ်စေ သူသည် ဘိုးဘေးနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူနှင့် မယှဉ်နိုင်ပေ။

ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားနယ်ပယ်တွင် ရှိနေသည့် ကျိုးထျန်းချန်ဆို ပြောစရာပင် မလိုတော့။

"စိတ်မပူပါနဲ့။ အဖေက သူ့ကို သင်ခန်းစာကောင်းကောင်း ပေးပါ့မယ်။ မင်းအမေတွေကို အနိုင်ကျင့်ဝံ့မှတော့, အဖေက နာကျင်စေမယ့် တန်ဖိုးတစ်ခု ပေးလိုက်ပါ့မယ်။" ချင်ယွင်က ပေါ့ပေါ့ပါးပါး ပြောသည်။

ချင်ဖိုးက ပြင်းထန်စွာ ခေါင်းညိတ်ပြသည်။

အမျိုးသမီးငါးယောက်၏ အမူအရာများသည် လေးနက်လာသည်။

ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရား၊ သူမတို့သည် သူတို့မအတွက် နှင့် ချင်ယွင်ကို ဘာမှ မဖြစ်စေချင်ပါဘူး။

"ချင်ယွင်, သူက ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရား ဖြစ်တယ်။ မင်း စိတ်လိုက်မာန်ပါ မလုပ်နဲ့" ရှေးဟောင်းတာအိုက မတတ်တာဘဲ ဖျောင်းဖြသည်။

ချင်ယွင်၏ လက်ရှိကျင့်ကြံမှုသည် ကောင်းကင်နတ်ဘုရား နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသင့်သည်ကို သူနားလည်ပြီး၊ သူသည် တန်ခိုးကြီးသော အစစ်မှန် အဓိပ္ပါယ်၏ ဥပဒေသတစ်ခုကို နားလည်ထားသင့်သည်။

ထိုသို့ဖြစ်လျှင်ပင် သူသည် ကျိုးထျန်းချန်နှင့် သေချာပေါက် မယှဉ်နိုင်သေးပေ။

"အဆင်ပြေပါတယ်၊ ဒါက ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားလေး ပဲလေ။ သူ့ကို အလေးအနက် ထားစရာမလိုသေးပါဘူး။" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။

အရင်တုန်းကတော့ သူသည် ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရား အနည်းစုကို သတ်ခဲ့ဖူးသည်။

ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားကို မဆိုထားနှင့်။ အခုအခါ အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားလျှင်ပင်....

ချင်ယွင်သည် ၎င်းတို့ကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေသည်အထိ ချေမွပစ်နိုင်ပါသည်။

ချင်ယွင်၏စကားကို ကြားသောအခါ ရှေးဟောင်းတာအို မှင်သက်သွားသည်။

ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားလေးတဲ့လား..။

အလေးအနက် ထားစရာမလိုဘူးလား...။

ဖြစ်နိုင်သည်မှာ, ချင်ယွင်သည် အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားနယ်ပယ်ကို ရောက်ရှိနေပြီလား။

ပတ်ဝန်းကျင်ရှိ လူတိုင်းသည် သူတို့၏ နှလုံးသားထဲတွင် အလားတူ ခံစားရသည်။

ချင်ယွင်သည် ကြွားဝါခြင်းကို နှစ်သက်သူ မဟုတ်ကြောင်း သူတို့ သိသည်။

သို့သော်၊ ချင်ယွင်သည် အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရား တစ်ပါး ဖြစ်သွားသည်ကို သူတို့အနေဖြင့် ယုံကြည်ရန် စိတ်ကူးပင်မယဉ်နိုင်ပေ။

ကျိုးထျန်းချန်သည် ချင်ယွင်၏ စကားကို ကြားလိုက်သောအခါတွင် သူ့စိတ်ထဲတွင် ဒေါသဖြစ်သွားသည်။

သူသည် မူလက ချင်ယွင်၏ ကျင့်ကြံမှုအပေါ် သံသယရှိနေဆဲဖြစ်ပြီး တွန့်ဆုတ်နေခဲ့သည်။

ယခုမူ ချင်ယွင်၏ စကားကိုကြားလိုက်ရတော့ သတ်ပစ်ချင်စိတ်တစ်ခုက ချက်ချင်း ထွက်ပေါ်လာသည်။

သူ့ထင်မြင်ချက်အရ ချင်ယွင်သည် ကြွားဝါခြင်းကို နှစ်သက်သော လူလိမ်တစ်ဦး ဖြစ်သည် မှာ သေချာသည်။

စကြာဝဠာတစ်ခုလုံးတွင် အထွတ်အထိပ် အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ကျွမ်းကျင်သူ အနည်းငယ်သာ ရှိသည်။

ထို့ကြောင့် သူသည် လုံးလုံး ဂရုမစိုက်တော့ပေ။

ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားအနေဖြင့်, သူသည် ဤလူငယ်ထံမှ ဉပဒေသများ၏ စွမ်းအင်အတက်အကျလှိုင်းကို အနည်းမျှပင် မခံစားရခြင်း က သူ့အတွက် မဖြစ်နိုင်ပေ။

ဆိုလိုသည်မှာ သူ့ရှေ့က ဤလူငယ်သည် အမှန်ပင် လူလိမ်တစ်ယောက်ဟု ဆိုနိုင်ပါသည်။

"ကောင်စုတ်၊ မင်းရဲ့လေသံက မသေးဘူးပဲ။ မင်းက ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားဖြစ်တဲ့ ငါ့ကိုတောင် တကယ် ဂရုမစိုက်ဘူးပဲ။ မင်း ဘယ်လောက် အစွမ်းထက်လဲ ငါ့ကို ပြစမ်းပါဦး။" ကျိုးထျန်းချန်က ဒေါသတကြီး ပြောသည်။

ထို့နောက် သူသည် လှုပ်ရှားချင်လာသည်။

သို့သော် ချင်ယွင်က လှောင်ပြောင်ပြီး ပြောသည် "ခင်ဗျားရဲ့အစွမ်းထက်ဆုံး စွမ်းအားကို ထုတ်လိုက်ပါ။ မဟုတ်ရင် ခင်ဗျားမှာ အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး။"

ထိုစကားကိုကြားတော့ ကျိုးထျန်းချန်သည် ပို၍ပင် ဒေါသထွက်သွားခဲ့သည်။

"ကောင်းပြီ, ဒါဆိုလည်း ငါ မင်းကို ငြိမ်းငြိမ်းချမ်းချမ်း သေခွင့်ပေးမယ်။" ကျိုးထျန်းချန်က အော်ဟစ်လိုက်ပြီး သူ့လက်ထဲမှာ ထက်မြက်သည့် ဓားတစ်ချောင်း ပေါ်လာသည်။

ဤသည်မှာ တန်ခိုးကြီးသော ဘိုးဘေးနတ်ဘုရားအဆင့်ပစ္စည်းတစ်ခု ဖြစ်သည်။

၎င်းပေါ်တွင် ဘိုးဘေးနတ်ဘုရား၏ ထူထပ်သော အငွေ့အသက်များ ရှိနေခဲ့သည်။

ကျိုးထျန်းချန်၏ ဘိုးဘေးနတ်ဘုရား တန်ခိုးတော် ဝင်လာသည်နှင့်အမျှ ဘိုးဘေး နတ်ဘုရားဓားသည် ပို၍ပင် ရင်တုန်လှုပ်ဖွယ် စွမ်းအင်အတက်အကျလှိုင်းကို ဖြစ်ပေါ်စေ သည်။

လူတိုင်း၏ အမူအရာများက သိသိသာသာ ပြောင်းလဲသွားသည်။

ဤမျှကြောက်စရာကောင်းသော ဘိုးဘေးနတ်ဘုရားတစ်ပါး၏ ဓားသည် လူတစ်ဦးကို သတ်ဖြတ်ရန်မဆိုထားနှင့်, ဓားတစ်ချက် ခုတ်ပိုင်းရုံဖြင့်.....

လွင့်မျောနှင်းမြို့တော်ကြီးတစ်ခုလုံး တည်ရှိနိုင်စွမ်းမရှိတော့မှာ စိုးရပါသည်။

သို့သော် ချင်ယွင်၏အမူအရာက လုံးဝ ပြောင်းလဲသွားခြင်း မရှိပေ။

"ကောင်စုတ်၊ မင်းက သေချင်နေတာပဲ။ ဒါဆိုလည်း ငါ့ကို အပြစ်မတင်နဲ့။" ကျိုးထျန်းချန် က အော်ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက်, သူသည် သူ့လက်ထဲက ဘိုးဘေးနတ်ဘုရားဓားကို ဝှေ့ယမ်းပြီး ချင်ယွင်ဘက်ကို ခုတ်ပိုင်းလိုက်ပါသည်။

ထိုဓားချက်၏ စွမ်းအင်အတက်အကျလှိုင်းများသည် လေဟာနယ်ကို ဖြိုခွဲရန် လုံလောက် ပြီး ကြောက်မက်ဖွယ်ကောင်းသော လေဟာနယ်အကွဲအပြဲတစ်ခု ဖြစ်ပေါ်လာသည်။

ချင်ယွင်၏နောက်ကွယ်ရှိ လူတိုင်းသည် ပို၍ပင် အံ့သြသွားကြသည်။

အကယ်၍, ထိုဓားချက်သာ ထိမှန်သွားပါက သူတို့သည် ဘေးဆိုးကြီးမှ လွတ်မြောက်နိုင် မည် မဟုတ်ပေ။

သို့သော် လူတိုင်းက ထိုဓားချက်ကြောင့် သူတို့ ပျောက်ကွယ်တော့မည်ဟု တွေးနေချိန်မှာ...

ဓားသည် လေထဲတွင် ချိတ်ဆွဲသွားသည်။

တစ်ဖန်ပြန်ကြည့်လိုက်တော့ ချင်ယွင်၏လက်နှစ်ချောင်းက ဓားသွားနှင့် ထိကပ်ထား သည်။

"မဖြစ်​နိုင်​ဘူးမလား?"

လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။

ကျိုးထျန်းချန်လည်း မှင်သက်သွားသည်။

တစ်စုံတစ်ယောက်သည် သူ၏ဘိုးဘေးနတ်ဘုရားအဆင့်ဓားကို ခံယူရန် လက်နှစ်ချောင်း ကို တကယ် အသုံးပြုခဲ့သည်လား။

အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရား ကျွမ်းကျင်သူများပင် ထိုသို့ မလုပ်နိုင်ဘူး မဟုတ်လား..။

သို့သော်လည်း ယခုအခိုက်အတန့်တွင် ပို၍ပင် ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

ချင်ယွင်က လှောင်ပြောင်ပြီး ဘိုးဘေးနတ်ဘုရားအဆင့်ဓားကို ညှပ်ထားသည့် သူ့လက်ချောင်းတွေကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပါသည်။ ကျိုးထျန်းချန်၏ ထိတ်လန့် တုန်လှုပ်သော အကြည့်များအောက်တွင် ဘိုးဘေးနတ်ဘုရားအဆင့်ဓားသည် တစ်ဝက် ဖြတ်တောက်သွားခဲ့သည်။

"ကျိုး... ကျိုးသွားပြီးလား…။ လက်ဗလာနဲ့ ချိုးလိုက်တာလား.."

ကျိုးထျန်းချန်၏ နှလုံးသားမှ ပြင်းထန်သော အကြောက်တရားမှုတစ်ခု ထွက်ပေါ်လာ သည်။

ဤအရာသည် ဘိုးဘေးနတ်ဘုရားအဆင့်ပစ္စည်းတစ်ခု ဖြစ်သည်။

တစ်ယောက်ယောက်က သူ့လက်ဗလာဖြင့် မည်သို့ ချိုးနိုင်မည်နည်း။

သို့သော်လည်း ချင်ယွင်၏ နောက်ထပ်လှုပ်ရှားမှုက သူ့ကို ပို၍ပင် အံ့အားသင့်စေခဲ့သည်။

ချင်ယွင်သည် သူ့လက်ထဲမှာ တစ်ဝက်ကျိုးနေသော ဓားကို ကိုင်လိုက်သည်။

သူ့လက်ဖဝါးကို ဆုပ်ကိုင်လိုက်သည်နှင့် အနှိုင်းမဲ့ မာကျောသော ဘိုးဘေးနတ်ဘုရား အဆင့် ပစ္စည်းသည် အမှုန့်ဖြစ်သွားပါသည်။

ကျိုးထျန်းချန် လုံးဝ မှင်သက်သွားရသည်။

ချင်ယွင်၏ နောက်ကွယ်မှ လူအုပ်ကြီးလည်း လုံးလုံး မှင်သက်နေကြပါသည်။

ဤအရာက မည်သည့်ခွန်အား အမျိုးစားနည်း။

ချင်ယွင်က အတောမသတ် ရယ်မောလိုက်သည်။

သူ့စကြဝဠာ ပြီးပြည့်စုံသွားပြီးနောက်၊ သူ့ခန္ဓာကိုယ်သည် ပြင်းထန်သော ပြောင်းလဲမှုများ ကို ကြုံတွေ့ခဲ့ရသည်။

အခုအချိန်မှာတော့ ဘိုးဘေးနတ်ဘုရားအဆင့်ပစ္စည်း မဆိုထားနှင့်, စကြာဝဠာထဲမှာ အမာကြောဆုံး သတ္တုကတောင် သူ့ခန္ဓာကိုယ်လောက် မခိုင်မာတော့ပါဘူး။

ထို့ကြောင့် သူသည် ဤဘိုးဘေးနတ်ဘုရားအဆင့်ပစ္စည်းကို အလွယ်တကူ ချေမွပစ်နိုင်ခဲ့ သည်။

"ကျုပ်မျက်လုံးထဲမှာ ခင်ဗျားကို ထည့်ထားမယ်လို့ ခင်ဗျား ထင်နေသေးလား" ချင်ယွင် ပြုံးလိုက်သည်။

သူသည် ကျိုးထျန်းချန်၏ မျက်ခုံးနှစ်ခု ကြားနေရာကို ညွှန်လိုက်သည်။

ထို့နောက် ကျိုးထျန်းချန်သည် ပြာများအဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲသို့ လွင့်စင်သွား သည်။

ချင်ဖိုး အပါအဝင် ချင်ယွင်၏နောက်ကွယ်မှ လူတိုင်း အံ့ဩသွားကြသည်။

ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားသည် ထိုကဲ့သို့ အသတ်ခံရသည် လား။

ထိုစွမ်းအားက မည်သည့်အဆင့်လဲ။ အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့်ပင် မစွမ်းဆောင်နိုင်ချေ။

ချင်ယွင်သည် သူ့နောက်ကွယ်ရှိ လူတိုင်း၏ အံ့အားသင့်နေသော အမူအရာကို မြင်သော အခါ ကူကယ်ရာမဲ့ ပြုံးလိုက်ပါသည်။

All Chapters