← Chapters

အခန်း ၁၈၀၃

Vol. 120 Ch. 1803

အခန်း ၁၈၀၃

Vol. 120 Ch. 1803

အခန်း (၁၈၀၃) အစစ်အမှန် သော့။

ချင်ယွင်သည် ကျိုးထျန်းချန်ကို သတ်ပစ်ပြီးနောက် သူဖန်တီးခဲ့သည့် , စကြဝဠာကြီး အကြောင်းကို လူတိုင်းအား ပြောပြသည်။

လူတိုင်း အံ့ဩသွားကြသည်။

ချင်ယွင်က သူတို့ကို သူ့ကိုယ်ပိုင် စကြဝဠာထဲ ထည့်လိုက်သည်။

ထိုမှသာ ချင်ယွင်ပြောသော စကားသည် အမှန်ဖြစ်ကြောင်း လူတိုင်း ယုံကြည်ခဲ့ကြသည်။

သို့သော်လည်း ချင်ယွင်၏ နည်းစနစ်များကြောင့် သူတို့ အလွန်မင်း အံ့ဩနေကြဆဲပင်။

ချင်ယွင်သည် ယွမ်ရှီရှီကို သူ့အမျိုးသမီးငါးဦးနှင့် မိတ်ဆက်ပေးခဲ့သည်။

မထင်မှတ်ဘဲ၊ အမျိုးသမီးငါးယောက်သည် ရွံရှာသည့် အရိပ်မြွက်ကို မခံစားရဘဲ ယွမ်ရှီရှီကို အမြန်လက်ခံလိုက်ကြသည်။

ဤအရာက ချင်ယွင်ကို အလွန်တုန်လှုပ်သွားစေသည်။

သို့သော် ထိုအမျိုးသမီးခြောက်ယောက် ကောင်းမွန်စွာ လိုက်လျောညီထွေ ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ချင်ယွင် စိတ်သက်သာရာရသွားသည်။

သူက မိန်းမခြောက်ယောက်ကို ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့နှင့်အတူ ဂြိုဟ်ကမ္ဘာ တစ်ခုတည်းမှာ ထားခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ သူသည် ထိုဂြိုလ်ကမ္ဘာကို သူသေမျိုးကမ္ဘာတွင်ရှိစဉ်တုန်းက နေထိုင်ခဲ့သည့် ဂြိုဟ်ကမ္ဘာနှင့် တူညီသော ဂြိုလ်ကမ္ဘာအဖြစ် ပြောင်းလဲခဲ့သည်။

အမျိုးသမီးခြောက်ယောက်စလုံးသည် အရမ်းကို သဘောကျကြသည်။

မိန်းမခြောက်ယောက်နှင့် တခဏလောက်နေပြီးနောက် ချင်ယွင်သည် သူ့ကိုယ်ပိုင် စကြဝဠာထဲမှ ထွက်ခွာကာ သူ၏မူလစကြာဝဠာဆီသို့ ပြန်သွားခဲ့သည်။

အခုတော့ သူ့ဆွေမျိုးအားလုံး ပြေလည်သွားပြီ။ သူ့အနာဂတ်အတွက် စိုးရိမ်စရာ မရှိတော့ပါဘူး။

ယခုအချိန်တွင် သူလုပ်ရမည့် တစ်ခုတည်းသောအရာမှာ နောက်ဆုံး အနက်ရောင် ကျောက်တုံးကို ရှာဖွေရန်နှင့် အကြီးမြတ်ဆုံး အုပ်စိုးရှင်တိုက်ကြီးသို့ သွားရောက်ကာ အကြီးမြတ်ဆုံး အုပ်စိုးရှင်ကို ရယူပြီး သူ့မိဘများကို ပြန်လည်ခေါ်ဆောင်ရန် ဖြစ်သည်။

ယခုအခါ, ချင်ယွင်ကို ဤစကြဝဠာ၏ တစ်ဝက်ကို ထိန်းချုပ်သူအဖြစ် သတ်မှတ်နိုင်ပြီ ဖြစ်သည်။

သူ့စိတ်တစ်ချက် လှုပ်ရှားလိုက်သည်နှင့် ဤစကြဝဠာထဲက သက်ရှိအားလုံး၏ လုပ်ဆောင် ချက် အားလုံးကို သူ သိရှိသည်။

သေချာပါသည်။ ခရမ်းရောင်ဘုရင်၏ နေရာကိုလည်း သူ အမြန်ရှာတွေ့ခဲ့ပါသည်။

စူးစမ်း လေ့လာခြင်းဖြင့် အနက်ရောင်ကျောက်တုံးသည် ခရမ်းရောင်ဘုရင်လက်ထဲတွင် ရှိနေကြောင်း သူ သိခဲ့သည်။

အတွေးတစ်ချက်ဖြင့် ချင်ယွင်သည် သူ့နေရာမှ ပျောက်ကွယ်သွားသည်။

ရှေးခေတ်နတ်ဘုရားကမ္ဘာရှိ ရှေးဟောင်းတောင်တန်းတစ်ခု၏ ခန်းမအတွင်း။

ခရမ်းရောင်ဘုရင်သည် လက်ရှိတွင် နတ်ဆိုးမျိုးနွယ်၏ အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားနှင့်အတူ ပင်မခန်းမတွင် ထိုင်နေသည်။

"ခရမ်းရောင်ဘုရင်၊ အဲဒီသခင်ဆိုသူက ဘယ်တော့ပေါ်လာမှာလဲ" နတ်ဆိုးမျိုးနွယ်၏ အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားက မေးသည်။

"မင်း ဒါကို စိတ်ပူစရာ မလိုပါဘူး။ သခင်က သူ့ကိုယ်သူ ထုတ်ပြသင့်တဲ့အချိန်ရောက်ရင် ထုတ်ဖော်ပြလိမ့်မယ်။ မင်းကို ဆုံးရှုံးသွားတဲ့ ကောင်းကင်ဘုံတံဆိပ်ကရော ဘယ်လိုလဲ။ မင်း ၁၁ ခုလုံး ရှာတွေ့ပြီလား" ခရမ်းရောင်ဘုရင်က အေးစက်စွာ မေးသည်။

နတ်ဆိုးမျိုးနွယ်၏ အလုံးစုံ ပြီးပြည့်စုံခြင်း ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားသည် ခရမ်းရောင်ဘုရင်၏ လေသံကို အတန်ငယ် မကျေနပ်သဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

သို့သော် သူသည် စောဒက မတက်ဝံ့ပေ။

ခရမ်းရောင်ဘုရင်သည် အလွန်အစွမ်းထက်ကြောင်း သူသိသည်။

ဤအရာက သူဆန့်ကျင်ဘက်ပြုနိုင်သည့် အရာတစ်ခု မဟုတ်ခဲ့ပါဘူး။

ခရမ်းရောင်ဘုရင်၏အစွမ်းကို သူတွေ့မြင်ခဲ့ဖူးသည်။ ထို့ကြောင့်, ခရမ်းရောင်ဘုရင်၏ စကားကို သူ ယုံကြည်ခဲ့ပါသည်။

"ငါ့မှာ ၁၂ ထဲ ကျန်တစ်ခုကို ရထားပြီးသား။ ချင်ယွင်ရဲ့ လက်ထဲက တစ်ခုကလွဲရင် တခြား ၁၁ ခုစလုံး ရထားပြီ" နတ်ဆိုးမျိုးနွယ်၏ ဘိုးဘေးနတ်ဘုရားက ပြန်ဖြေသည်။

သူ၏အဓိကခန္ဓာကိုယ်က မိကျောင်းဖြစ်ပြီး အခြားသူများက သူ့ကို မိကျောင်း ဘိုးဘေး နတ်ဘုရားဟု ခေါ်ကြသည်။

"ကောင်းလိုက်တာ၊ မင်း အလုပ်ကောင်းကောင်း လုပ်ခဲ့တယ်။" ခရမ်းရောင်ဘုရင်က ကမန်းကတန်း ချီးမွမ်းလိုက်သည်။

မိကျောင်းဘိုးဘေးနတ်ဘုရားက ခေါင်းညိတ်ပြသော်လည်း သူ့မျက်နှာက သံသယများဖြင့် ပြည့်နေသည်။

အဆုံးတွင် သူက မမေးဘဲ မနေနိုင်တော့ “သခင်၊ ဘာလို့ ကောင်းကင်ဘုံတံဆိပ်တွေ ဒီလောက် အများကြီး စုဆောင်းဖို့ လိုအပ်လဲ ငါ နားမလည်ဘူး။ ငါတို့အနေနဲ့ အကြီးမြတ် ဆုံး အုပ်စိုးရှင်တိုက်ကြီးထဲကို တစ်ယောက်ပဲ ဝင်ရောက်နိုင်လို့များလား”။

ထိုစကားကိုကြားတော့ ခရမ်းရောင်ဘုရင်က ရယ်မောလိုက်သည်။

"တကယ်တော့၊ အကြီးမြတ်ဆုံး အုပ်စိုးရှင်ရဲ့ အမွေနှစ်ကို ဖွင့်ဖို့ အနက်ရောင် ကျောက်တုံး ၁၂ တုံးက မလုံလောက်သေးဘူး။ ငါတို့အနေနဲ့ ကောင်းကင်ဘုံတံဆိပ် ၁၂ ခုလည်း လိုသေး တယ်။ ဒီပစ္စည်း ၂၄ ခုလုံးကို စုဆောင်းနိုင်မှပဲ အမွေကို တကယ်ရနိုင်မှာ။"

မိကျောင်းဘိုးဘေးနတ်ဘုရားသည် ရုတ်တရက် ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆို ငါတို့က ဒီချင်ယွင်ကို နောက်တစ်ခါ သတ်ပစ်နိုင်တာနဲ့ အကြီးမြတ်ဆုံး အုပ်စိုးရှင်ရဲ့ အမွေနှစ်ကို ရယူနိုင်မှာလား။" မိကျောင်းဘိုးဘေးနတ်ဘုရားက စိတ်လှုပ်ရှားစွာ ပြောသည်။

"မှန်တယ်။ ချင်ယွင်ကို သတ်ဖို့က သခင်ကိုယ်တိုင် လုပ်မှာပါ။ ဘာကြောင့်လဲဆိုတော့ အမွေနှစ်ကိုဖွင့်ဖို့ သူ့သွေးလည်း လိုနေသေးလို့ပဲ။ အခု ငါတို့က သခင်ထွက်ပေါ်မှာကို တိတ်တဆိတ် စောင့်နေဖို့ပဲ လိုတော့တယ်" ခရမ်းရောင်ဘုရင်က လှောင်ပြောင် ရယ်မောလိုက်သည်။

ထိုစကားကိုကြားတော့ မိကျောင်းဘိုးဘေးနတ်ဘုရားသည် ကောက်ကျစ်သည့် အပြုံးကို ထုတ်ဖော်လိုက်ပါသည်။

သို့သော်လည်း နောက်အခိုက်အတန့်တွင် သူ့အပြုံးက အေးခဲသွားသည်။

အဘယ်ကြောင့်ဆိုသော် ခန်းမထဲတွင် အခြားလူတစ်ယောက်ရှိနေသည်ကို သူ တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

ဤသည်မှာ စောစောက သူတို့ပြောနေခဲ့သော ချင်ယွင်မှလွဲ၍ အခြားလူ မဟုတ်ပေ။

ခရမ်းရောင်ဘုရင်လည်း ထိတ်လန့်သွားပြီး သူ့မျက်နှာမှာ အံ့အားသင့်သည့် အမူအရာ ပေါ်လွင်နေသည်။

သူတို့သည် ချင်ယွင်၏ထွက်ပေါ်လာမူကို အမှန်တကယ် သတိမထားမိခဲ့ပေ။

ချင်ယွင်သည် ခန်းမရှေ့ရှိ လူနှစ်ယောက်ကို ခပ်ဖျော့ဖျော့ပြုံးရင်း ကြည့်နေသည်။

အခုလေးတင် သူတို့နှစ်ယောက်ကြားက ပြောစကားတွေကို သူ ရှင်းရှင်းလင်းလင်း ကြားနေရသည်။

အကြီးမြတ်ဆုံး အုပ်စိုးရှင် အမွေနှစ်ကိုဖွင့်ရန် ကောင်းကင်ဘုံတံဆိပ် ၁၂ ခုလည်း လိုအပ်ကြောင်း သူ သိရှိခဲ့ရပါသည်။

ယခုမူကား၊ ကောင်းကင်ဘုံတံဆိပ် ၁၁ ခုနှင့် နောက်ဆုံး အနက်ရောင်ကျောက်တုံး တို့သည် သူတို့လက်ထဲတွင် ရှိနေပြီ။

သူတို့၏ ကောင်းကင်ဘုံတံဆိပ်များနှင့် အနက်ရောင်ကျောက်တုံး အားလုံးကို သိမ်းပိုက် နိုင်သည်နှင့် သူ့ပိုင်ဆိုင်သမျှပါ ထည့်သွင်းလိုက်ပါက အရာအားလုံးကို စုစည်းမိသွားမည် ဖြစ်သည်။

"ချင်ယွင်၊ မင်း တကယ်ပဲ ဒီကို လာဝံ့တယ်ပေါ့။ မြန်မြန် ကောင်းကင်ဘုံတံဆိပ်နဲ့ အနက်ရောင်ကျောက်တုံးတွေကို လွှဲပေးလိုက်စမ်း" မိကျောင်းဘိုးဘေးနတ်ဘုရားက ချင်ယွင်ကို ကြည့်ကာ အေးစက်စွာ အော်ပြောလိုက်သည်။

အခုလေးတင် သူတို့သည် ချင်ယွင်အကြောင်း ပြောနေကြသည်။

ချင်ယွင်က သူဆီ လာပို့ပေးရန် အစပျိုးလုပ်ဆောင်လိမ့်မည်ဟု သူ မမျှော်လင့်ထားပါဘူး။

အခြေအနေက ယခုလိုဖြစ်လာမှတော့ သူတို့သည် မည်သည့်အတွက်ကြောင့် မလှုပ်ရှားဘဲ နေမည်နည်း။

ခရမ်းရောင်ဘုရင်၏ မျက်ခုံးများက အနည်းငယ် တင်းမာနေပြီး သူ့နှလုံးသားထဲတွင် ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ရှိနေသည်။

"ခင်ဗျားတို့ အနက်ရောင်ကျောက်တုံးတွေနဲ့ ကောင်းကင်ဘုံတံဆိပ်ကို လိုချင်ရင် လာယူလိုက်ပါ။" ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ဟမ့်၊ ဒီလိုဆိုမှတော့ မယဉ်ကျေးတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့။" မိကျောင်း ဘိုးဘေးနတ်ဘုရားက အေးစက်စွာ ဟစ်အော်လိုက်သည်။

ထိုသို့ပြောပြီးနောက်, သူသည် ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။

ခရမ်းရောင်ဘုရင်က သူ့ကို မတားပေ။ သူက ချင်ယွင်၏ အခြေအနေမှန်ကို လေ့လာရန် ဤအခွင့်အရေးကို အသုံးချလိုသည်။

ဘန်း..။

မိကျောင်းဘိုးဘေးနတ်ဘုရားသည် တန်ခိုးကြီးသော ဘိုးဘေးနတ်ဘုရား၏ တန်ခိုးတော် ဖြင့် ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။

သူက ချင်ယွင်ကို လက်သီးဖြင့် ထိုးသည်။

လက်သီးတွင် ကြောက်မက်ဖွယ် ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းများ ပါရှိနေ သည်။

ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးကာ မိကျောင်းဘိုးဘေးနတ်ဘုရား၏ လက်သီးချက်ကို တိုက်ခိုက်ခွင့်ပြုပြီး ထိုနေရာမှာပင် ရပ်နေလိုက်သည်။

"ဘုန်း..."

မိကျောင်းဘိုးဘေးနတ်ဘုရား၏ လက်သီးသည် ချင်ယွင်၏ ရင်ဘတ်ကို ထိမှန်သွားကာ ခပ်အုပ်အုပ်အသံတစ်ချက် ထွက်ပေါ်လာသည်။

သို့သော်လည်း ချင်ယွင်၏ ခန္ဓာကိုယ်ကို တစ်လက်မမျှ မလှုပ်ခါစေနိုင်ခဲ့ပေ။

သူသည် တုနှိုင်းမရအောင် မာကျောသော နံရံကို လက်သီးဖြင့် ထိုးလိုက်သလိုပင်။

"ဘာလဲ" မိကျောင်းဘိုးဘေးနတ်ဘုရား၏ မျက်လုံးများသည် ထိတ်လန့်စွာ ပြူးကျယ်သွား သည်။

"မကောင်းတော့ဘူး" ခန်းမကြီးထဲမှာ ထိုင်နေသည့် ခရမ်းရောင်ဘုရင်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။

ချင်ယွင် ပြုံးလိုက်သည်။

"မင်း ငါ့ကို ထိုးခဲ့တယ်။ အခု ငါ့အလှည့်ပဲ"

ထိုစကားကို ပြောပြီးနောက် ချင်ယွင်က ပေါ့ပေါ့တန်တန် လက်သီးဖြင့် ထိုးလိုက်သည်။

တခဏချင်းမှာပင် မိကျောင်းဘိုးဘေးနတ်ဘုရား၏ ခန္ဓာကိုယ်သည် ကွဲအက်သွားပြီး လေထဲသို့ လွင့်စင်သွားကာ မရေမတွက်နိုင်သည့် မော်လီကျူးများအဖြစ် ပြောင်းလဲသွား သည်။

လက်သီးတစ်ချက်က တိုက်ရိုက် အစိပ်စိပ်မွှာမွှာ ပေါက်ကွဲသွားခဲ့သည်။

ခရမ်းရောင်ဘုရင်သည် ထိုမြင်ကွင်းကို မြင်သောအခါ တုံ့ဆိုင်းမနေဘဲ လေဟာနယ်ထဲသို့ ထွက်ပြေးရန် ပြင်လိုက်ပါသည်။

"ဒီတစ်ခါတော့ ကျုပ် ခင်ဗျားကို ခွင့်မပြုနိုင်တော့ဘူး" ချင်ယွင်သည် လေဟာနယ်ဆီသို့ လက်ဖဝါးကို ဆန့်ထုတ်လိုက်သည်။

သူသည် လေဟာနယ်ထဲသို့ ပြေးဝင်သွားခဲ့သည့် ခရမ်းရောင်ဘုရင်ကို ချက်ခြင်း ဖမ်းဆီး လိုက်သည်။

ဖမ်းမိထားသော ခရမ်းရောင်ဘုရင်သည် ချက်ချင်းပင် မကျေနပ်သည့် အသံဖြင့် အော်ပြောလိုက်သည် "ဆရာကြီးက မင်းကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး”။

ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

သူ့လက်ဖဝါးကို ဆုပ်ကိုင်လိုက်သည်နှင့် သူ့လက်ထဲက ခရမ်းရောင်ဘုရင်လေးသည် တိုက်ရိုက် ကြေမွသွားပြီး ပေါက်ကွဲသွားပါသည်။

စကြဝဠာနယ်ပယ်သို့ တက်လှမ်းလာခဲ့သော ချင်ယွင်သည် ဘိုးဘေးနတ်ဘုရား နယ်ပယ် ထက် အဆပေါင်းများစွာ သန်မာနေပြီဖြစ်သည်။

ဤအရာက သူတို့နှစ်ယောက် ဆန့်ကျင်ဘက်ပြုနိုင်သည့်အရာ မဟုတ်ပါဘူး။

ထို့ကြောင့် ချင်ယွင်၏ရှေ့တွင် သူတို့သည် အသတ်ခံရရုံသာ ရှိပါတော့သည်။

ချင်ယွင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ကောင်းကင်ဘုံတံဆိပ် ၁၁ ခုနှင့် အနက်ရောင်ကျောက်တုံးတစ်ခုက သူ့ဘယ်ဘက်လက် တွင် ပေါ်လာသည်။

သူသည် သူ့ညာလက်ကို ဖြန့်ကာ အလားတူပင် အနက်ရောင်ကျောက်တုံး ၁၁ ခုနှင့် ကောင်းကင်ဘုံတံဆိပ်တစ်ခု ပေါ်လာသည်။

ရုတ်တရက်ဆိုသလိုပင် ကောင်းကင်ဘုံတံဆိပ် ၁၂ ခုနှင့် အနက်ရောင်ကျောက်တုံး ၁၂ တို့ သည် အတူတကွ စုစည်းလာခဲ့ကြသည်။

ချင်ယွင်သည် သူ့မျက်နှာပေါ်တွင် တောက်ပသော အပြုံးဖြင့် ရတနာ နှစ်ဆယ့်လေးခုကို ကြည့်လိုက်သည်။

သိပ်မကြာခင်မှာ သူသည် သူ့မိဘတွေကို တွေ့နိုင်တော့မည်။

ဘန်း..။

ထိုအချိန်မှာ ထူးဆန်းသည့် မြင်ကွင်းတစ်ခု ပေါ်လာပါသည်။

ကောင်းကင်ဘုံတံဆိပ် ၁၂ ခုနှင့် အနက်ရောင်ကျောက်တုံး ၁၂ တို့သည် အမှန်တကယ် စုစည်းလာကာ နောက်ဆုံးတွင် ၎င်းတို့အားလုံး အတူတကွ ပေါင်းစပ်သွားကြသည်။

တုနှိုင်းမရအောင် တောက်ပသည့် အလင်းရောင်ကို ထုတ်လွှတ်သည်။

အလင်းရောင်သည် တဖြည်းဖြည်း မှိန်ဖျော့သွားသည်။

ချင်ယွင်၏လက်ထဲတွင် တောက်ပပြီး ထွင်းဖောက်မြင်နိုင်သော ပုလဲတစ်လုံး ပေါ်လာ သည်။

"အယ်.. ဒါက ဘာလဲ" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

ဤကောင်းကင်ဘုံတံဆိပ် ၁၂ ခုနှင့် အနက်ရောင်ကျောက်တုံး ၁၂ ခုတို့သည် အမှန်တကယ် ပင် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားခဲ့သည်။

ဤအရာက အကြီးမြတ်ဆုံးအုပ်စိုးရှင် အမွေနှစ်ကို ဖွင့်ရန် အစစ်မှန်သော့ ဖြစ်နိုင်ပါသ လား။

All Chapters