← Chapters

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း (၂၀၄) ပြည်သူ့အမြင်က ပထမ

ရလဒ်ကို ကြိုတင်သိရှိထားသော်လည်း ကောင်းယွမ်သည် လကမ္ဘာပေါ်ရှိ အာကာသတပ်ဖွဲ့ ထံသို့ အမိန့်များ ဆက်လက် ထုတ်ပြန်နေခဲ့လေသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် မည်သည့် တုံ့ပြန်မှုမျှ မရှိခဲ့ပေ။

ထိုအစား ဂူချန် က ထပ်မံ ရောက်ရှိလာခဲ့လေ၏။

"ဥက္ကဋ္ဌကောင်း... အချည်းနှီး ရုန်းကန်မနေပါနဲ့... ကျွန်တော်တို့မှာ ဘာအကြံအစည်မှ မရှိပါဘူး... ဥက္ကဋ္ဌ ကောင်း အနေနဲ့ ကျွန်တော်တို့နဲ့အတူ ပြန်လိုက်ခဲ့ပြီး အခြေအနေတွေကို ရှင်းရှင်းလင်းလင်း ရှင်းပြပေးဖို့ ပဲ လိုလားတာပါ..."

ကောင်းယွမ်သည် သရော်လှောင်ပြောင်သော လေသံဖြင့် မေးလိုက်လေ၏။

"ဘယ်ကိုသွားပြီး ရှင်းပြရမှာလဲ..."

"ချင်ကျင်းမြို့ ကိုပါ..."

"ကောင်းပြီလေ... မင်းတို့နဲ့အတူ လိုက်ခဲ့မယ်..."

ကောင်းယွမ်သည် မတ်တတ်ရပ်လိုက်လေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ဂူချန် ၏ မျက်နှာထက်တွင် အောင်နိုင်သူတစ်ဦး၏ အပြုံးများ ပေါ်လာခဲ့လေ၏။

ကောင်းယွမ်သည် မည်မျှပင် မာနကြီးနေစေကာမူ ဘာများ တတ်နိုင်မည်နည်း။ ယခုအခါ မည်သူကမျှ သူ့စကားကို နားထောင်တော့မည် မဟုတ်ပေ။ သူ့ထံတွင် အဆင့်မြင့် နည်းပညာများ ရှိနေသည့် အား သာချက်လည်း မရှိတော့ချေ။ ယခုတော့ သူသည် မိမိနောက်သို့ နာခံမှုရှိစွာဖြင့် ပြန်လိုက်ခဲ့ရပြီ ဖြစ်လေ ၏။

အဓိက ပြဿနာမှာ ကောင်းယွမ်သည် အသက်ငယ်လွန်းပြီး အလွန်အမင်း ထင်ပေါ်ကျော်ကြားလွန်းနေ ခြင်းပင် ဖြစ်ပေသည်။

ရှနိုင်ငံ ရှိ လူငယ်အများစုသည် အစိုးရ၏ အခန်းကဏ္ဍကို မသိရှိကြဘဲ ငါးရံ့နက် နည်းပညာကုမ္ပဏီ ကိုသာ သိရှိထားကြပေသည်။ ကောင်းယွမ်သာ မရှိတော့ပါက ဧရာမ ငါးရံ့နက် နည်းပညာကုမ္ပဏီ ကြီးသည် အချိန်တန်လျှင် အပိုင်းပိုင်း ကွဲထွက်သွားပြီး မတူညီသော သူများ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားမည် ဖြစ်လေသည်။

လုပ်ငန်းများ အလွန် များပြားလှသဖြင့် ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းသည်သာ အကောင်းဆုံး နည်းလမ်း ပင် ဖြစ်လေတော့သည်။

ကောင်းယွမ်သည် တစ်ခုလုံးသော ရှနိုင်ငံ သာမက ကမ္ဘာမြေ တစ်ခုလုံးကိုပါ သူ၏ နောက်ဖေးခြံ အဖြစ် ပြောင်းလဲပစ်ခဲ့သော်လည်း သူသည် လူသားများ၏ သဘောသဘာဝကို လျစ်လျူရှုခဲ့သဖြင့် ယခုကဲ့သို့ သော အခြေအနေမျိုးသို့ ဆိုက်ရောက်လာခဲ့ရခြင်း ဖြစ်ပေ၏။

"ညွှန်ကြားရေးမှူး ဂူ... ချင်ကျင်းမြို့ ကို ရောက်တဲ့အခါ အရာရှိဝူ နဲ့ တွေ့ဖို့ လိုတယ်... နိုင်ငံအတွက် ငါ ဒီလောက်တောင် စွမ်းဆောင်ပေးခဲ့တာကို သူက ငါ့ကို သစ္စာဖောက်ရက်တယ်..."

ယခုတော့ ဂူချန် အနေဖြင့် ကျေနပ်ဂုဏ်ယူရမည့် အလှည့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။

"ဥက္ကဋ္ဌကောင်း... ခင်ဗျား အနေနဲ့ အချက်တစ်ချက်ကို နားလည်ထားဖို့ လိုတယ်... ငါးရံ့နက် နည်းပညာ ကုမ္ပဏီ မရှိတဲ့ ခေတ်ဆိုတာ မရှိဘူး... သူ့ခေတ်သူ့အခါနဲ့ တည်ရှိနေတဲ့ ငါးရံ့နက် နည်းပညာကုမ္ပဏီ သာ ရှိတယ်ဆိုတာ နားလည်လား... အစိုးရရဲ့ ထောက်ခံအားပေးမှုသာ မရှိခဲ့ဘူးဆိုရင် ခင်ဗျားက ဘာမှ မဟုတ်ဘူး..."

ကောင်းယွမ်သည် ဤအရာကို ကောင်းစွာ နားလည်ထားခဲ့ပေ၏။

သူသည် အစကတည်းက အစိုးရ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တစ်ကိုယ်တော် ရပ်တည် ရန် လုံးဝ မတွေးတောခဲ့ဖူးပေ။ သို့သော်လည်း ထိုအစိုးရ အာဏာပိုင် ဆိုသည်မှာ ကျိုးကျန်းလီ ကို ဆိုလို ခြင်းဖြစ်ပြီး ရုတ်တရက် ပေါ်ထွက်လာသော ဤ ဝူယွီရှန်း မဟုတ်ချေ။

"လကမ္ဘာကို ငါ ကိုယ်တိုင် တည်ဆောက်ခဲ့တာ... ရန်ပုံငွေနဲ့ သယံဇာတ အရင်းအမြစ် အားလုံးကိုလည်း ငါ ထောက်ပံ့ပေးခဲ့တာပဲ... အခုလို စုံစမ်းစစ်ဆေးရေးကို အကြောင်းပြပြီး မင်းတို့ လိုချင်နေတာက အာကာသတပ်ဖွဲ့ နဲ့ အခြေစိုက်စခန်း ရဲ့ ပိုင်ဆိုင်မှုကို သိမ်းပိုက်ချင်ရုံ သက်သက်ပဲ မဟုတ်လား..."

"ဟုတ်တယ်... အတိအကျပဲ... ခင်ဗျားက စီးပွားရေးသမား တစ်ယောက်ပဲလေ... စစ်တပ်နဲ့ ပတ် သက်တဲ့ ကိစ္စတွေမှာ ဝင်စွက်ဖက်ချင်နေတာလား... ကိုယ့်ဒုက္ခ ကိုယ်ရှာနေတာပဲ..."

ဂူချန် သည် ဟန်ဆောင်နေခြင်းကို ရပ်တန့်လိုက်လေ၏။

ကောင်းယွမ် ထိုသို့ ပြောဆိုလိုက်ခြင်းမှာ အမှန်တကယ်တော့ ဝူယွီရှန်း အား နောက်ဆုံး အခွင့်အရေး တစ်ခု ပေးလိုက်ခြင်းသာ ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေကာမူ မည်သည့် ပရမ်းပတာ အခြေအနေမျိုး မဆို သာမန် ပြည်သူများကိုသာ ထိခိုက်နစ်နာစေမည် ဖြစ်လေ၏။ သူသည် ဝူယွီရှန်း ၏ ရည်ရွယ်ချက်ကို အထင်လွဲနေခြင်းများ ဖြစ်နိုင်မည်လား။

သို့သော် ယခု ဂူချန် ၏ စကားများကို ကြားလိုက်ရသည့်အခါ သူ သဘောပေါက်သွားခဲ့လေသည်။

ဝူယွီရှန်း သည် အာဏာအားလုံးကို ပြန်လည် ရယူလိုနေခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့ သော နှစ်များအတွင်း ကောင်းယွမ် သည် ကြီးမားလှသော အာဏာများကို မသိမသာ ထိန်းချုပ်ထားနိုင်ခဲ့ သောကြောင့် ပင် ဖြစ်ပေသည်။

ထို့နောက် ကောင်းယွမ်အား စူပါ နေအဆင့် စစ်သင်္ဘော တစ်စင်းပေါ်သို့ ခေါ်ဆောင်သွားခဲ့ကြလေသည်။

ကောင်းယွမ်သည် သူ့ဘေးနားရှိ စစ်သင်္ဘောအမှုထမ်းများကို ကြည့်ကာ ဒေါသတကြီး ကြိမ်းမောင်း လိုက်လေသည်။

"ဒီနေရာကို ဘယ်သူ တည်ဆောက်ခဲ့တာလဲဆိုတာ မင်းတို့ မေ့သွားကြပြီလား... မင်းတို့ကို ဘယ်သူ လေ့ကျင့်ပေးခဲ့တာလဲ... မင်းတို့ရဲ့ စစ်သင်္ဘောတွေကို ဘယ်သူ တည်ဆောက်ပေးခဲ့တာလဲ... အာကာသ စစ်ဆင်ရေးတွေကို ဘယ်လို လုပ်ဆောင်ရမလဲဆိုတာ မင်းတို့ကို ဘယ်သူ သင်ပေးခဲ့တာလဲ... ပြီးတော့ သောကြာဂြိုဟ်နဲ့ ဗုဒ္ဓဟူးဂြိုဟ် ပူးပေါင်းရေတပ်ကြီး ကို ဘယ်သူက တွန်းလှန်ပေးခဲ့တာလဲ..."

ရှေ့ဆုံးမှ သင်္ဘောသားများသည် ကောင်းယွမ်၏ အကြည့်များကို ရင်မဆိုင်ရဲကြဘဲ သူတို့၏ မျက်နှာ ထက်တွင် ရှက်ရွံ့မှုများ ပြည့်နှက်နေလျက်ရှိပြီး ခေါင်းငုံ့ထားခဲ့ကြလေသည်။

ထိုစဉ်မှာပင် လင်းမေ သည် အပြေးအလွှား ထွက်လာခဲ့လေ၏။

"အစ်ကိုယွမ်... ဘာတွေ ဖြစ်နေတာလဲ..."

သူမသည် ပြောရင်းဆိုရင်းဖြင့် ကောင်းယွမ်ထံသို့ ပြေးလာခဲ့လေသည်။

"ရှောင်မေ... အိမ်ပြန်ပြီး ငါ ပြန်လာမယ့်အချိန်ကိုသာ စောင့်နေပါ... အားလုံး အဆင်ပြေသွားမှာပါ..."

လင်းမေ သည် ဂူချန် အား စိုးရိမ်တကြီးဖြင့် ကြည့်လိုက်လေ၏။

"လူကြီးမင်း... ကျွန်မတို့ရဲ့ ဥက္ကဋ္ဌကောင်း က ဘာဖြစ်လို့လဲ..."

"ဘာဖြစ်ရမှာလဲ... စစ်ဘက်ဆိုင်ရာ ရန်ပုံငွေတွေကို အလွဲသုံးစားလုပ်ပြီး ဖြတ်တောက်ထားတယ်... ခွင့်ပြုချက်မရှိဘဲ သတ္တုတူးဖော်တယ်... တရားမဝင် လုပ်ငန်းတွေ လုပ်ဆောင်တယ်..."

ထိုစွဲချက်များကို ကြားလိုက်ရသည့်အခါ လင်းမေ မှာ မှင်သက်သွားခဲ့လေသည်။

ကောင်းယွမ်က အလွဲသုံးစား လုပ်သည် ဟုတ်ပါလား။ လုံးဝ မဖြစ်နိုင်ပေ။ သူက မည်သည့်အရာကို အလွဲသုံးစားလုပ်ရန် လိုအပ်နေမည်နည်း။ အကယ်၍ သူသာ အလိုရှိပါက ကမ္ဘာပေါ်ရှိ ငွေကြေး အားလုံးမှာ သူ၏အရာများသာ ဖြစ်လာပေလိမ့်မည်။ ထို့အပြင် ကောင်းယွမ် လကမ္ဘာပေါ်သို့ မလာ ရောက်မီက မည်သူက ၎င်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်စွမ်း ရှိခဲ့ပါသနည်း။ တရားမဝင် သတ္တုတူးဖော်ခြင်းဆိုသည်မှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။

"တစ်ခုခုများ နားလည်မှုလွဲနေတာများလား... သူက ငါးရံ့နက် နည်းပညာကုမ္ပဏီ က ကောင်းယွမ် လေ..."

"သူ ဖြစ်လို့ကို ဖမ်းတာပဲ..."

ဂူချန် က ပြောလိုက်လေ၏။

ဂူချန် ၏ မျက်နှာအမူအရာကို ကြည့်ကာ လွန်ခဲ့သော အချိန်များက အွန်လိုင်းပေါ်တွင် ကောင်းယွမ်ကို လူအများအပြားက အဘယ်ကြောင့် ဝေဖန်နေခဲ့ကြကြောင်းကို လင်းမေ နောက်ဆုံးတွင် သဘောပေါက် သွားခဲ့လေသည်။ မည်သည့်အရာကိုမဆို မလုပ်ဆောင်မီ ပြည်သူများ၏ ထင်မြင်ယူဆချက်က အမြဲ တမ်း ပထမနေရာတွင် ရှိနေတတ်ပေ၏။

အကယ်၍ လူတိုင်းက ကောင်းယွမ်ကို ထောက်ခံအားပေးနေမည် ဆိုပါက ပြည်သူ့အင်အားမှာ အလွန် ကြီးမားလှသဖြင့် သူတို့သည် သူ့အား ထိခိုက်အောင် လုပ်ဆောင်ရဲမည် မဟုတ်ပေ။

သို့သော်လည်း အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသော အခြေအမြစ်မရှိသည့် စွပ်စွဲချက်များ အားလုံး ထွက်ပေါ် လာပြီးနောက် ကောင်းယွမ်ကို ထပ်မံ ပစ်မှတ်ထားလာပါက သူ့ကို ထောက်ခံသူများပင် သံသယ ဖြစ် လာကြမည်ဖြစ်ပြီး သူ့အား မထောက်ခံသူများကမူ ဝမ်းသာလုံးဆို့သွားကြပေလိမ့်မည်။ အတိုချုပ်ပြော ရလျှင် အရာအားလုံးက သူတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့ခြင်းပင် ဖြစ်လေ၏။

လွန်ခဲ့သော လအနည်းငယ်ကတည်းက တစ်စုံတစ်ယောက်သည် ကောင်းယွမ်အား အရေးယူရန် ကြိုတင် စီစဉ်ထားခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားနေလျက်ရှိပေသည်။

ထို အဆိုးမြင် သတင်းများသည် ပြည်သူများ၏ တုံ့ပြန်မှုကို စမ်းသပ်ရန်နှင့် အငြင်းပွားမှုများ ဖြစ်ပေါ် လာစေရန် ရည်ရွယ်ချက်ဖြင့်သာ ထုတ်လွှင့်ခဲ့ခြင်း ဖြစ်၏။

"ရှင်တို့ အားလုံးက လူယုတ်မာတွေပဲ... အမှိုက်ကောင်တွေ..."

လင်းမေ သည် ဂူချန် ကို လက်ညှိုးထိုးကာ ပြောလိုက်လေသည်။

ဂူချန် သည် လင်းမေ ရုတ်တရက် လှုပ်ရှားလာသည်ကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်နှာကို လက်ဝါးဖြင့် ရိုက်ချလိုက်လေတော့သည်။

ထိုအချိန်တွင် ကောင်းယွမ်သည် ဆက်လက်၍ သည်းခံနိုင်စွမ်း မရှိတော့ပေ။

ဝူယွီရှန်း မည်သည့်နေရာတွင် ရှိနေသည်ကို သိရှိရန်နှင့် သူ့အား ဖြေရှင်းရန်အတွက် သူတို့နှင့်အတူ ပြန်လိုက်သွားရန် သူ မူလက ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူသာ ဝူယွီရှန်း ကို ကြီးကြီး ကျယ်ကျယ် သွားရောက်ရှာဖွေမည်ဆိုပါက ဝူယွီရှန်း အနေဖြင့် ပုန်းအောင်းသွားနိုင်ပြီး ၎င်းမှာ အတော် လေး ဒုက္ခရောက်နိုင်ပေသည်။

သို့သော် ယခုအခါ ဂူချန် သည် လင်းမေ မှာ သူ၏ အမျိုးသမီး ဖြစ်နေသည့်တိုင်အောင် လက်ပါရဲနေခဲ့ပြီ ဖြစ်သည်။

လင်းမေ မှာ မှင်သက်သွားခဲ့လေ၏။

ဂူချန် သည် ကျေနပ်ဂုဏ်ယူနေဟန် ရှိပေသည်။

သို့သော် နောက်တစ်ခဏတွင် သူ၏ မျက်စိရှေ့၌ အဖြူရောင် အလင်းတန်းတစ်ခု လက်ကနဲ ဖြစ်ပေါ်သွား ခဲ့လေသည်။ သူ အောက်သို့ ငုံ့ကြည့်လိုက်ရာ မြေပြင်ပေါ်သို့ တစ်စုံတစ်ရာ ပြုတ်ကျသွားသည်ကို မြင် လိုက်ရပြီး ၎င်းမှာ လက်မောင်း တစ်ဖက်စာ အရှည်နှင့် အတိအကျ တူညီလျက်ရှိနေခဲ့ပေသည်။

ကောင်းယွမ်သည် လင်းမေ ထံသို့ လျှောက်သွားလိုက်လေသည်။ သူ၏ အနောက်မှ လိုက်ပါလာသော လက်နက်တပ်ဆင်ထားသော ကင်းထောက်ဒရုန်း သည် အသက်ဝင်လာခဲ့ပေ၏။ ကောင်းယွမ်၏ ဦးနှောက်လှိုင်းများက ကိုယ်ပျောက် ကင်းထောက် ကာကွယ်ရေး ကိရိယာကို ထိန်းချုပ်လိုက်ပြီး ဂူချန် က လင်းမေ အား ရိုက်နှက်ရာတွင် အသုံးပြုခဲ့သည့် လက်ကို လေဆာရောင်ခြည်ဖြင့် ဖြတ်တောက် လိုက်ခြင်းပင် ဖြစ်လေတော့သည်။

ကောင်းယွမ်သည် လင်းမေ ထံသို့ လျှောက်သွားပြီး သူမ၏ မျက်နှာလေးကို ကြင်နာယုယစွာ လှမ်းကိုင်လိုက်လေသည်။

"နာသွားလား..."

"ကျွန်မ အဆင်ပြေပါတယ် အစ်ကိုယွမ်... အစ်ကို..."

"ငါလည်း အဆင်ပြေပါတယ်... ဒီကျိန်စာသင့်နေတဲ့ လောကကြီးက တကယ်ကို ယုံကြည်နိုင်စရာ မရှိ လောက်အောင်ပါပဲ... တရားမျှတမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ မကောင်းမှုတွေကို လုပ်ဆောင်နိုင်တဲ့ လူယုတ်မာတွေက အမြဲတမ်း ရှိနေတတ်တာပဲ..."

စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက်...၊

ဂူချန် ထံမှ စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့လေသည်။

မြေပြင်ပေါ်ရှိ လက်တစ်ဖက်မှာ သူ၏ ကိုယ်ပိုင် လက်ဖြစ်နေကြောင်းကို သူ ရှင်းရှင်းလင်းလင်း မြင်တွေ့ လိုက်ရပေသည်။

အလွန် ပူပြင်းလှသော လေဆာရောင်ခြည်က ဖြတ်တောက်ပြီးသွားသည့်တိုင် သူသည် မည်သည့် နာကျင်မှုကိုမျှ မခံစားခဲ့ရပေ။ သို့သော် ဆယ်စက္ကန့်ကျော်ခန့် အကြာတွင်မူ စူးရှသော နာကျင်မှု တစ်ခုက ရုတ်တရက် ဖြတ်သန်းသွားခဲ့ပြီး ဂူချန် အနေဖြင့် ဆက်လက် တောင့်ခံထားနိုင်စွမ်း မရှိတော့ချေ။

"ငါ့လက်... ကောင်းယွမ်... ခင်ဗျား ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ..."

"သေလိုက်စမ်း..."

နောက်တစ်ခဏတွင် လေဆာရောင်ခြည်သည် ဂူချန် ၏ ပါးစပ်ကို ဖြတ်တောက်သွားခဲ့ပြီးနောက် သူသည် ငြိမ်သက်သွားခဲ့လေတော့သည်။

သူ၏ ဘဝတစ်သက်တာလုံးတွင် နောက်ထပ် ဘယ်တော့မှ စကားပြောဆိုနိုင်တော့မည် မဟုတ်ချေ။

ဂူချန် ၏ အနောက်ဘက်ရှိ လူများသည် သူ လဲကျသွားပြီး သူ၏ ဦးခေါင်းတစ်ဝက်မှာ အတော်လေး ဝေးကွာသော နေရာအထိ လိမ့်ထွက်သွားသည်ကို မြင်တွေ့လိုက်ရလေသည်။

အချို့မှာ မည်သို့ လုပ်ဆောင်ရမည်ကို မသိဘဲ မှင်သက်နေခဲ့ကြသော်လည်း အခိုက်အတန့်အကြာတွင် သူတို့ အားလုံးသည် လက်နက်များကို ဆွဲထုတ်ကာ ကောင်းယွမ်ထံသို့ ချိန်ရွယ်လိုက်ကြပြီးနောက် စစ်သင်္ဘောအမှုထမ်းများအား အော်ဟစ်လိုက်ကြလေတော့သည်။

"ကောင်းယွမ် က ပုန်ကန်နေပြီ... သူ့ကို ဖမ်းကြ... သူ့ကို ဖမ်းကြစမ်း..."

စစ်သင်္ဘောအမှုထမ်းများသည် မည်သို့ လုပ်ဆောင်ရမည်ကို သေချာ မသိကြသဖြင့် တုံ့ဆိုင်းနေခဲ့ ကြလေသည်။

ကောင်းယွမ်၏ အမိန့်များကို မနာခံရန် သူတို့ကို ခိုင်းစေခြင်းကပင် အလွန် ခက်ခဲနေပြီ ဖြစ်သော်လည်း ယခုအခါ ကောင်းယွမ်ကိုပါ တိုက်ခိုက်ရန် မျှော်လင့်နေကြခြင်း ဖြစ်သည်။ ၎င်းမှာ လုံးဝ မဖြစ်နိုင်သည့် အရာပင် ဖြစ်ပေ၏။ စစ်သင်္ဘောအမှုထမ်း အချို့သည် မည်သည့်အရာကိုမျှ မမြင်လိုက်ရဟန် ဆောင် ကာ ခေါင်းကို တစ်ဖက်သို့ လှည့်သွားခဲ့ကြလေတော့သည်။

ဂူချန် ၏ လက်အောက်ငယ်သားများမှာ အနည်းငယ် ကြောက်လန့်လျက်ရှိနေခဲ့ကြပေသည်။

"ကောင်းယွမ်... ခင်ဗျား လူသတ်လိုက်တယ်... ဒါက သေဒဏ်ပေးခံရမယ့် ပြစ်မှုပဲ..."

"ဟုတ်တယ်... သေဒဏ်ပဲလေ... အဲဒါကို ငါ့အတွက် ဘယ်သူက အကောင်အထည်ဖော်ပေးမှာလဲ... ဝူယွီရှန်း ကိုယ်တိုင် လာခဲ့ဖို့ ပြန်ပြောလိုက်စမ်း..."

ကောင်းယွမ်သည် လင်းမေ ကို ပွေ့ချီကာ အခြေစိုက်စခန်း ထဲသို့ လျှောက်ဝင်သွားခဲ့လေတော့သည်။

ဂူချန် ၏ လူများသည် ပစ်ခတ်ရန် တုံ့ဆိုင်းနေခဲ့ကြသော်လည်း နောက်ဆုံးတွင် သူတို့ထဲမှ တစ်ဦးက ကောင်းယွမ်၏ ကျောပြင်ဆီသို့ သေနတ်ခလုတ်ကို ဆွဲလိုက်လေတော့သည်။

အဘယ်ကြောင့်ဆိုသော် သူတို့အနေဖြင့် ကောင်းယွမ်ကို မဖမ်းဆီးနိုင်ဘဲ ဂူချန် သာ သေဆုံးသွားခဲ့ မည်ဆိုလျှင် ပြန်ရောက်သည့်အခါ သူတို့ ကိုယ်သူတို့ ဖြေရှင်းနိုင်စွမ်း ရှိမည် မဟုတ်သောကြောင့်ပင် ဖြစ်ပေသည်။

သို့သော် သူ သေနတ်ခလုတ်ကို ဆွဲလိုက်သည်နှင့် တစ်ပြိုင်နက် ပစ္စတိုသေနတ်မှာ ရုတ်တရက် ပေါက်ကွဲ သွားခဲ့ပြီး သူ၏ လက်မောင်းမှာ မည်သည့် သတိပေးချက်မျှ မရှိဘဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့လေ တော့သည်...။ သူ၏ မျက်နှာထက်ရှိ အမူအရာမှာလည်း အေးခဲသွားခဲ့ပေသည်။

"အစ်ကိုဝမ်..."

တစ်စုံတစ်ဦးက သူ့အား လှမ်းကိုင်လိုက်သည့်အခါ "ဖွတ်" ကနဲ အသံနှင့်အတူ သွေးများ ပန်းထွက်လာ ကာ မီတာအနည်းငယ် အကွာအထိ လွင့်စင်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှာလည်း နှစ်ပိုင်းပြတ်ကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေတော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အခြားသူများမှာ မည်သည့်စကားကိုမျှ ထပ်မပြောရဲကြတော့ဘဲ စစ်သင်္ဘောပေါ်သို့ တက်ကာ ကမ္ဘာမြေသို့ ပြန်လိုခဲ့ကြပေတော့သည်။

သို့သော် စစ်သင်္ဘောအမှုထမ်းများကမူ စစ်သင်္ဘောကို လုံးဝ စတင် မောင်းနှင်ခြင်း မရှိခဲ့ကြပေ။

"တောင်းပန်ပါတယ်... ခင်ဗျားတို့ရဲ့ ရာထူးအဆင့်က မမြင့်မားသေးပါဘူး... စစ်သင်္ဘောတွေကို လှုပ်ရှား ဖို့အတွက် အထက်အရာရှိဆီက အမိန့်တွေ လိုအပ်ပါတယ်..."

ဂူချန် ၏ လက်အောက်ငယ်သားများသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် စစ်သင်္ဘောပေါ်မှ ဆင်းလာခဲ့ကြ သော်လည်း သူတို့ သွားစရာ နေရာ မရှိတော့ကြောင်းကိုသာ တွေ့ရှိလိုက်ရပေသည်။ ဤနေရာမှာ ကောင်းယွမ်၏ ပိုင်နက်နယ်မြေသာ ဖြစ်ပေတော့သည်။

All Chapters