← Chapters

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း (၂၀၅) သန့်ရှင်းရေး စက်ရုပ်များ

ကောင်းယွမ်သည် သူ၏ရုံးခန်းသို့ ပြန်လာခဲ့လေသည်။

သူ အကျပ်ရိုက်သွားခဲ့ပေ၏။ အာဏာသိမ်းမှု တစ်ရပ် ဖြစ်ပွားခဲ့ပြီ ဖြစ်ပေသည်။

*ဒါက ဘာလဲ…*

သူတို့၏ လွှမ်းမိုးမှုသည် လူ့အဖွဲ့အစည်း၏ နေရာအနှံ့အပြားသို့ ရောက်ရှိနေပြီဖြစ်သဖြင့် ငါးရံ့နက် နည်းပညာကုမ္ပဏီ ကို သူတို့၏ အင်အားအဖြစ် မူလက ယူဆထားခဲ့ကြသော်လည်း တစ်စုံတစ်ဦးက သူတို့အား အခွင့်ကောင်းယူရန် ကြိုးစားလာလိမ့်မည်ဟု ဘယ်သောအခါမှ မျှော်လင့်မထားခဲ့ကြပေ။

အတိတ်က သူ အရမ်း သဘောကောင်းလွန်းခဲ့သဖြင့် တခြားသူများက သူ့အား အလွယ်တကူ အနိုင် ကျင့်နိုင်သည်ဟု ထင်မြင်သွားစေခဲ့သလားဟု သူ ပြန်လည် စဉ်းစားခန်း ဝင်လာခဲ့လေတော့သည်။

လင်းမေ သည် ကောင်းယွမ်၏ ဘေးတွင် ထိုင်နေခဲ့ပေသည်။

သူမ၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်လျက်ရှိနေခဲ့ပေ၏။

"အစ်ကိုယွမ်... အဆင်ပြေရဲ့လား..."

မည်သို့ပင်ဖြစ်စေ သူ လူသတ်ထားခဲ့သည် မဟုတ်ပါလား။

ကောင်းယွမ် ကိုယ်တိုင် လုပ်ဆောင်ခဲ့ခြင်း မဟုတ်သော်လည်း ကောင်းယွမ်က အမိန့်ပေးခဲ့ခြင်းမှာ ထင်ရှားလှပေသည်။

"မဖြစ်ပါဘူး..."

သူတို့ စကားပြောနေစဉ်မှာပင် အပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာခဲ့လေသည်။ ကောင်းယွမ် အောက်သို့ ငုံ့ကြည့်လိုက်ရာ လက်နက် အပြည့်အစုံ တပ်ဆင်ထားသော စစ်သား ဆယ်ဂဏန်းခန့်သည် သူ၏ ရုံးခန်းဆီသို့ လျှောက်လာနေကြသည်ကို မြင်လိုက်ရပေသည်။

တစ်စုံတစ်ဦးက အမိန့်ပေးနေခဲ့လေသည်။

"ဒီနေရာကို ဝိုင်းထားလိုက်... သူ့ကို ထွက်ပြေးခွင့် မပေးနဲ့..."

"တပ်မှူး... ဒီလိုလုပ်တာ သင့်တော်ပါ့မလား..."

"မင်းက နိုင်ငံကို သစ္စာဖောက်ဖို့ ရည်ရွယ်နေတာလား... ဒါက အထက်က အမိန့်ပဲ..."

"ဒါပေမဲ့..."

"ဒါပေမဲ့တွေ ဘာတွေ မရှိဘူး... ကောင်းယွမ် စစ်အရာရှိ တစ်ယောက်ကို သတ်ဖြတ်ခဲ့တာက ဖယ်ဒရေး ရှင်း ဥပဒေကို ချိုးဖောက်တာပဲ..."

"ဘာ ဖယ်ဒရေးရှင်းလဲ... ငါတို့က ရှနိုင်ငံ မဟုတ်ဘူးလား..."

"အခုအချိန်ကစပြီး ငါတို့က တရားဝင် လူသားဖယ်ဒရေးရှင်း ကို ကိုယ်စားပြုတယ်..."

ကောင်းယွမ်သည် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီးနောက် ပြန်လှည့်လာခဲ့လေသည်။

"ရှောင်မေ... မင်း အရင်သွားတော့... နောက်ပေါက်ကနေတစ်ဆင့် မုန်တိုင်းသမုဒ္ဒရာ နယ်မြေဆီကို သွားလိုက်... အဲဒီမှာ စက်ရုပ်တွေ ရှိတယ်... အန်းရီ က မင်းကို အဲဒီကို ခေါ်သွားလိမ့်မယ်..."

"အစ်ကိုယွမ်ရော... အစ်ကိုက အတူတူ လိုက်မလာဘူးလား..."

"ငါ သူတို့ကို ရင်ဆိုင်လိုက်မယ်..."

"အရမ်း အန္တရာယ်များတယ်နော်..."

ကောင်းယွမ်က သရော်လိုက်လေသည်။

"သူတို့ ငါ့ကို ခြိမ်းခြောက်လို့ မရပါဘူး... ငါ ဒီ ဝူယွီရှန်း နဲ့ တွေ့ပြီး သူ့မှာ အသက်ဘယ်နှစ်ချောင်း ရှိလဲ ဆိုတာ ကြည့်ချင်သေးတယ်..."

ကောင်းယွမ်သည် ယခုအခါ ကောင်းချိုး ကို အကြမ်းဖျင်းအားဖြင့် နားလည်သွားခဲ့ပြီ ဖြစ်လေ၏။

နိုင်ငံရေး ရန်သူများသည်လည်း ရန်သူများပင် ဖြစ်ပေသည်။

အရေးကြီးသော အချိန်များတွင် အရာအားလုံးက အမှန်တကယ် မှားယွင်းသွားနိုင်ပေ၏။

ယဉ်ကျေးမှု များစွာက သူ့အား တပ်မက်စွာ မျက်စိကျနေချိန်တွင် အဘယ်ကြောင့် သူ အာဏာရလာ သည်နှင့် တစ်ပြိုင်နက် မိမိကိုယ်ကို ပစ်မှတ်ထားလာရသနည်း။ သူ့ကို အနိုင်ကျင့်ရန် လွယ်ကူသည်ဟု ထင်နေခြင်းလား။

"အစ်ကိုယွမ်..."

"အန်းရီ... သူ့ကို ခေါ်သွားလိုက်တော့..."

"ဟုတ်ကဲ့ပါ သူဌေး..."

လင်းမေ ထွက်သွားပြီးနောက် ကောင်းယွမ်သည် သူ၏ ရုံးခန်းကို ဝိုင်းရံထားသော အပြင်ဘက်ရှိ လူများကို ကြည့်ကာ တံခါးဝတွင် ရပ်နေခဲ့လေသည်။

"ကောင်းယွမ်... လက်နက်ချစမ်း..."

ခေါင်းဆောင်ဖြစ်သူ စစ်သားက အော်ပြောလိုက်လေ၏။

ကောင်းယွမ်က စကားမပြောဘဲ အလင်းတန်းတစ်ခု လက်ကနဲ ဖြစ်ပေါ်သွားကာ... အချိန်နှင့်အာကာသ တံခါး ပွင့်သွားပြီး အနာဂတ်ကမ္ဘာ သို့ ရောက်ရှိသွားခဲ့လေတော့သည်။

အနာဂတ်ကမ္ဘာ တွင် ယခုအခါ အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေခဲ့ပေ၏။

ကောင်းယွမ်သည် လကမ္ဘာ အခြေစိုက်စခန်း တွင် ကောင်းကန့် နှင့် တွေ့ဆုံခဲ့လေသည်။

"ငါ့ကို စက်ရုပ်ဝတ်စုံ တချို့ ပေးပါ..."

"ဘာဖြစ်လို့လဲ..."

"ငါက လူသားတွေရဲ့ ဘုရင် ဖြစ်လာလိမ့်မယ်..."

ကောင်းယွမ်က အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်လေ၏။

ကောင်းကန့် သည် စိတ်သက်သာရာရသွားသော အမူအရာဖြင့် ပြောလိုက်လေသည်။

"နောက်ဆုံးတော့ မင်း သဘောပေါက်သွားပြီပေါ့... မင်း ဒီလိုလုပ်ဖို့ အချိန်အတော်ကြာကတည်းက လုပ်ခဲ့သင့်တာ... လကမ္ဘာ အခြေစိုက်စခန်း မှာ ရှိတဲ့ လက်နက်တွေ အားလုံးကို မင်း စိတ်ကြိုက် ရွှေ့ပြောင်းနိုင်တယ်... မင်းမှာ ဒီ အခွင့်အာဏာ ရှိတယ်လေ..."

"ကောင်းပြီလေ... ဒါနဲ့ ဒီနေရာက အခြေအနေကရော ဘယ်လိုရှိလဲ..."

"အဆင်ပြေပါတယ်... ဒါပေမဲ့... သိပ်မကြာတော့ပါဘူး..."

"ဘာလို့လဲ..."

"အဆင့်မြင့်ယဉ်ကျေးမှု က အနီးကပ် ချဉ်းကပ်လာတော့မယ့်ပုံပဲ..."

ကောင်းယွမ် အံ့ဩမှင်သက်သွားခဲ့ရလေတော့သည်။

*ဘာအဓိပ္ပာယ်လဲ…*

ကောင်းကန့် က ခါးသီးစွာ ပြုံးလိုက်လေသည်။

"အရမ်း စိုးရိမ်မနေပါနဲ့... ဒီနေ့က အစောကြီး မဟုတ်ရင်တောင် နောက်ကျရင် ရောက်လာမှာပဲလေ..."

"မျှော်လင့်ချက် ရှိသေးလား..."

ကောင်းယွမ်က မေးလိုက်လေ၏။

ကောင်းကန့် က ခေါင်းခါလိုက်လေသည်။

"မျှော်လင့်ချက်က သေးငယ်လွန်းတယ်... အဆင့်မြင့်ယဉ်ကျေးမှု ကို ငါတို့ လုံးဝ တိုက်ခိုက်နိုင်မှာ မဟုတ် ဘူး... အဖေက အစီအစဉ် တချို့ ဆွဲထားပေမဲ့ အဲဒါတွေက ထိရောက်မှု ရှိ၊ မရှိ ငါတို့ မသိဘူး..."

ကောင်းယွမ်သည် ခဏမျှ တိတ်ဆိတ်နေခဲ့ပြီး တစ်စုံတစ်ရာ ပြောလိုသော်လည်း သူ ဘာပြောပြော ထူးခြားလာမည် မဟုတ်ကြောင်း တွေ့ရှိလိုက်ရပေသည်။

မိမိ၏ ခွန်အားက ဤနေရာထက် နိမ့်ကျနေမည်ဆိုပါက ဘာအသုံးဝင်မည်နည်း။

ယခင်က သူတို့သည် နေအဖွဲ့အစည်း မှ ဖောက်ထွက်ကာ အတွင်းရော အပြင်မှပါ တိုက်ခိုက်နိုင်မည်ဟု မျှော်လင့်ထားခဲ့ကြသော်လည်း ယခုအခါ အဆင့်မြင့်ယဉ်ကျေးမှု သည် ပိုလာရစ် ယဉ်ကျေးမှု ဖြစ် ကြောင်းကို သူတို့ သိရှိသွားခဲ့ပြီ ဖြစ်ပေသည်။ ကောင်းချိုး နှင့် သူတို့၏ ကိုယ်ပိုင် ခန့်မှန်းချက်များအရ သူတို့သည် ပြီးပြည့်စုံသော လေးဖက်မြင် နိယာမ ယဉ်ကျေးမှု တစ်ရပ် ဖြစ်နေခဲ့ပြီ ဖြစ်ပေ၏။

အကယ်၍ လူသားများ သည် အဆပေါင်း သောင်းချီ၍ ပိုမို အင်အားကြီးမားနေမည် ဆိုလျှင်ပင် လေးဖက်မြင် ယဉ်ကျေးမှု၏ နိယာမများကို အပြည့်အဝ နားလည်သဘောပေါက်ခြင်း မရှိပါက သူတို့ကို ဘယ်သောအခါမှ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။

၎င်းမှာ နှစ်ဖက်မြင် သက်ရှိများသည် သုံးဖက်မြင် သက်ရှိများကို ဘယ်သောအခါမှ အနိုင်မယူနိုင်သကဲ့ သို့ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နှစ်ဖက်မြင် သက်ရှိများသည် သုံးဖက်မြင် သက်ရှိများ၏ အစစ်အမှန် ပုံသဏ္ဍာန်ကိုပင် ရှာတွေ့နိုင်ခြင်း မရှိသောကြောင့် သူတို့ အနေဖြင့် မည်သို့ တိုက်ပွဲဝင် နိုင်ပါမည်နည်း။

"ကောင်းကန့်... ဂရုစိုက်နော်..."

"မင်းအလုပ်သာ မင်း သွားလုပ်ပါ... အဖေက ငါတို့ကို မင်း ကယ်တင်နိုင်မယ်လို့ မျှော်လင့်နေဆဲပဲ..."

"ကောင်းပြီ... ဒါဆို ငါ သွားတော့မယ်..."

ကောင်းယွမ် ထွက်ခွာသွားခဲ့လေတော့သည်။

ကောင်းယွမ်သည် လကမ္ဘာ အခြေစိုက်စခန်း တွင် ဧရာမ စက်ရုပ်ဝတ်စုံ အခုတစ်ထောင်ကို အော်ဒါ မှာလိုက်လေသည်။ ဤစက်ရုပ်ဝတ်စုံများသည် စစ်သင်္ဘောများနှင့် ယာဉ်ပျံများရှိ စက်ရုပ်များထက် များစွာ ပိုမို ကြီးမားကြပြီး ကြယ်တာရာ ခရီးစဉ်များကို သီးခြား လွတ်လပ်စွာ လုပ်ဆောင်နိုင်စွမ်း ရှိကြပေ၏။

၎င်းတို့မှာ အနာဂတ်ကမ္ဘာ ရှိ နောက်ဆုံးပေါ် စက်ရုပ်ဝတ်စုံများ ဖြစ်ပေတော့သည်။

စက်ရုပ်ဝတ်စုံတွင် တပ်ဆင်ထားသော စွမ်းအင်မြင့် လေဆာအမြောက်သည် သေးငယ်သော စက်ရုပ် ဝတ်စုံထက် အဆတစ်ရာ ပိုမို အစွမ်းထက်ပြီး ၎င်း၏ ဆန့်ကျင်ဘက်ဒြပ်ထု ကျည်ဆန်များသည်လည်း ပစ်ခတ်မှု နှုန်းထားနှင့် ဒြပ်ထု ပမာဏ နှစ်ခုစလုံးတွင် သေးငယ်သော စက်ရုပ်ဝတ်စုံထက် များစွာ သာလွန်လှပေသည်။

ထို့အပြင် စက်ရုပ်ဝတ်စုံ အသစ်တွင် အလင်းထက်မြန်သော အမှုန်တန်းလက်နက် ဟုခေါ်သည့် လက်နက်သစ် တစ်မျိုးလည်း ပါဝင်သေးပေသည်။

ဤလက်နက်သည် အခြေခံ ရူပဗေဒနှင့် ပတ်သက်၍ ကောင်းယွမ်၏ နားလည်မှုကို ရိုက်ချိုးလိုက်ခြင်း ပင် ဖြစ်သည်။ အလင်း၏ အမြန်နှုန်းကို ကျော်လွန်ရန် မဖြစ်နိုင်ဟူသော အိုင်းစတိုင်း၏ အဆိုကို သူက အမြဲတမ်း ယုံကြည်ထားခဲ့ခြင်း ဖြစ်လေသည်။

သို့သော် အလင်းထက်မြန်သော လက်နက်များက ဤနေရာတွင် ပေါ်ထွက်လာခဲ့လေပြီဖြစ်၏။

အလင်းထက်မြန်သော လက်နက်များကို ရှောင်တိမ်းရန် မဖြစ်နိုင်သကဲ့သို့ ထောက်လှမ်းရန်နှင့် ကာကွယ် ရန်လည်း မဖြစ်နိုင်ပေ။

ပစ်ခတ်လိုက်သည်နှင့် ပစ်မှတ်သည် သေချာပေါက် ဖျက်ဆီးခံရမည် ဖြစ်ကြောင်း ဆိုနိုင်လေသည်။

ဤစက်ရုပ်ဝတ်စုံများဖြင့် ကောင်းယွမ်သည် အပြည့်အဝ ဘေးကင်းလုံခြုံမှုကို ခံစားလိုက်ရပေသည်။

သူသည် စက်ရုပ်ဝတ်စုံ အခုတစ်ထောင်နှင့်အတူ လကမ္ဘာ အခြေစိုက်စခန်း သို့ ပြန်လည် ရောက်ရှိလာခဲ့ လေသည်။

ယိုးကျိယုံး သည် ပထမဆုံး စစ်သင်္ဘောအမှုထမ်း အသုတ်တွင် ပါဝင်ခဲ့ပြီး လကမ္ဘာသို့ ပထမဆုံး ရောက် ရှိလာခဲ့သော အာကာသတပ်ဖွဲ့ ဝင် တစ်ဦး ဖြစ်လေသည်။ အခြားသူများစွာလည်း သူနှင့်အတူ ရောက်ရှိ လာခဲ့ကြသော်လည်း သာမန် စစ်သားများနှင့် မတူညီဘဲ သူသည် မရောက်လာမီကပင် လူသားဘုံပါတီ ဟုခေါ်သော အဖွဲ့အစည်း တစ်ခုသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ပေ၏။

ဤပါတီကို ဝူယွီရှန်း က လျှို့ဝှက်စွာ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဝူယွီရှန်း အာဏာရလာပြီ ဖြစ် ရာ...၊

အစိုးရက ရှနိုင်ငံ ၏ တရားဝင် အစိုးရနှင့် ရှိရင်းစွဲ နိုင်ငံရေးပါတီများကို ဖျက်သိမ်းကြောင်း တိုက်ရိုက် ကြေညာလိုက်လေသည်။

အစောပိုင်းကတည်းက ပါဝင်ခဲ့သော ယိုးကျိယုံး ကဲ့သို့သော သူများသည် ဝူယွီရှန်း ၏ ယုံကြည်ရသူများ ဖြစ်လာခဲ့ကြပေသည်။

ငါးရံ့နက် နည်းပညာကုမ္ပဏီ သည် အလွန် ဩဇာတိက္ကမ ကြီးမားလှသဖြင့် ရှနိုင်ငံ ၏ အစိုးရကိုပင် လက် တွေ့တွင် ဘေးဖယ်ထားနိုင်ခဲ့သောကြောင့် အာဏာကို သိမ်းပိုက်နိုင်ရန်အတွက် ငါးရံ့နက် နည်းပညာ ကုမ္ပဏီ ကို ဖျက်သိမ်းပစ်ရန် လိုအပ်လှပေသည်။ ငါးရံ့နက် နည်းပညာကုမ္ပဏီ ကို ဖျက်သိမ်းရန်အတွက် ကောင်းယွမ်ကို ဦးစွာ ဖြုတ်ချရမည် ဖြစ်ချေ၏။

အကယ်၍ ဂူချန် သာ ကောင်းယွမ်ကို အောင်မြင်စွာ ခေါ်ဆောင်သွားနိုင်ခဲ့မည်ဆိုပါက ယိုးကျိယုံး သည် လကမ္ဘာပေါ်တွင် ကျန်ရှိနေခဲ့ပြီး လကမ္ဘာ အာကာသတပ်ဖွဲ့ ကို ထိန်းချုပ်နိုင်မည် ဖြစ်ပေသည်။ သို့သော် လည်း ဂူချန် မှာ ကောင်းယွမ်၏ ရှင်းလင်းမှုကို ခံလိုက်ရပေတော့သည်...။

ထို့ကြောင့် ယိုးကျိယုံး အနေဖြင့် ရှေ့ထွက်လာရန် လိုအပ်လာခဲ့ပြီး သူ၏ ယုံကြည်ရသူများကို ဦးဆောင် ကာ ကောင်းယွမ်ကို ဝိုင်းရံထားခဲ့ခြင်း ဖြစ်ပေသည်။

သူနှင့် ကောင်းယွမ် အကြားတွင် မှန်ချပ် တစ်ချပ်သာ ခြားနေသည်ကို မြင်လိုက်ရသည့်အခါ ယိုးကျိယုံး မှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားခဲ့လေတော့သည်။ အကယ်၍ သူသာ ကောင်းယွမ်ကို ဖမ်းဆီး နိုင်ခဲ့မည်ဆိုပါက သူသည် ချမ်းသာကြွယ်ဝလာမည်ဖြစ်ပြီး လူသားဖယ်ဒရေးရှင်း စစ်တပ်တွင် အဆင့် မြင့် အရာရှိကြီး တစ်ဦးပင် ဖြစ်လာနိုင်ပေသည်။

သူ ပြေးဝင်သွားမည် ပြုလုပ်စဉ်မှာပင် ကောင်းယွမ် ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။

ယိုးကျိယုံး မှာ မှင်သက်သွားခဲ့ပြီး သူ၏ အနောက်ဘက်ရှိ စစ်သားများမှာမူ ပို၍ပင် အံ့အားသင့်သွားခဲ့ ကြပေတော့သည်။

"တပ်မှူး... ကောင်းယွမ် ဘယ်ရောက်သွားတာလဲ..."

"ငါလည်း မသိဘူး..."

"ကောင်းယွမ်က တကယ်တမ်း ဒီနေရာမှာ မရှိနေဘဲ စောစောက ငါတို့ မြင်လိုက်ရတာက အစစ်အမှန်နဲ့ တူတဲ့ ပုံရိပ်ယောင် တစ်ခု ဖြစ်နေမလား..."

"ဖြစ်နိုင်တယ်... ကောင်းယွမ်က အဆင့်မြင့် နည်းပညာတွေ အများကြီးကို သိထားတယ်လို့ ကြားဖူး တယ်... ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ပစ္စည်းတချို့ကို သိမ်းထားမှာပေါ့..."

"ကောင်းယွမ်က အရမ်း အစွမ်းထက်တာဆိုတော့ ငါတို့ သူ့ကို ဖမ်းနိုင်ပါ့မလား..."

စစ်သားများ၏ ဆွေးနွေးပြောဆိုမှုများကို ကြားလိုက်ရသည့်အခါ ယိုးကျိယုံး ၏ မျက်နှာမှာ မည်းမှောင် သွားခဲ့ပြီး သူ၏ ယုံကြည်မှုများ အားလုံး ပျောက်ဆုံးသွားခဲ့လေတော့သည်။

"ပထမတပ်စုနဲ့ ဒုတိယတပ်စု ဒီနေရာမှာ နေခဲ့... ကျန်တဲ့သူတွေ လင်းမေ ကို ဖမ်းဖို့ ငါနဲ့ လိုက်ခဲ့... ကောင်းယွမ် ထွက်မလာဘူးဆိုတာ ငါ မယုံဘူး... သူ ဘယ်လောက်ကြာကြာ ပုန်းနေနိုင်မှာလဲ... မကြာ ခင် ထွက်မလာဘူးဆိုရင် ငါတို့ မုကျား ကို သွားပြီး ငါးရံ့နက် နည်းပညာကုမ္ပဏီ နဲ့ မုကျား က လူတွေ အားလုံးကို ဖမ်းပစ်မယ်..."

"တပ်မှူး... ဒါက ဓားပြတွေရဲ့ လုပ်ရပ်နဲ့ မတူဘူးလား..."

"သစ္စာဖောက် တစ်ယောက်အတွက် ဘယ်လို လုပ်ရပ်မျိုးမဆို လွန်တယ်ဆိုတာ မရှိဘူး... သွားစမ်း... လင်းမေ ကို လကမ္ဘာ တစ်ခုလုံးမှာ ရှာကြ..."

မကြာမီမှာပင် စစ်သားများသည် အခြေစိုက်စခန်း တွင် လင်းမေ ကို စတင်၍ ရှာဖွေကြလေတော့သည်။

ကွမ်ဟန်နန်းတော် အခြေစိုက်စခန်း ကို အသေအချာ ရှာဖွေပြီးသွားခဲ့ပြီ ဖြစ်ပေ၏။

ဒေါသကြောင့် မျက်နှာ မည်းမှောင်နေသော ယိုးကျိယုံး သည် လင်းမေ ကို ရှာမတွေ့ခဲ့ပေ။

"သူ လွတ်သွားစရာ အကြောင်းမရှိဘူး... ဒီနေရာမှာ မရှိဘူးဆိုရင် သေချာပေါက် မုန်တိုင်းသမုဒ္ဒရာ အခြေစိုက်စခန်း မှာ ရှိနေမှာပဲ... အဲဒီမှာ စက်ရုပ်စခန်း တစ်ခု ရှိတယ်... အခုပဲ အသံလွှင့်ပြီး ညီအစ်ကို တွေကို စက်ရုပ်စခန်းက ပုန်ကန်နေပြီလို့ သွားပြောလိုက်... စက်ရုပ်တွေကို နှိမ်နင်းပစ်စမ်း..."

All Chapters