အခန်း (၂၉၇၅-၂၉၇၆)
Vol. 298 Ch. 2975-2976
အခန်း (၂၉၇၅) - မဟာလောက၏ အနှစ်သာရစွမ်းအင်
ဖန့်ချန်၏ မူလရည်ရွယ်ချက်မှာ ဆန်းနယဲ့ စစ်မြေပြင်နှင့် ပတ်သက်၍ မိမိ၏ ခန့်မှန်းချက်မှာ မှန်ကန်ခြင်း ရှိ၊ မရှိ စမ်းသပ်ကြည့်ရန် ဖြစ်သည်။
ယခု ရှူးဖူ၏ သဘောထားအရ သူ၏ ခန့်မှန်းချက်မှာ မှန်ကန်နေပြီ ဖြစ်ကြောင်း သက်သေပြလိုက်သလိုပင်။
ဆန်းနယဲ့ စစ်မြေပြင်သည် စစ်ပွဲမျိုးစုံကို အသုံးချကာ နယ်ပယ်အသီးသီးမှ ပါရမီရှင်များကို စုဆောင်းနေခြင်း ဖြစ်သည်။
သို့သော် ဤသို့ဖြစ်လာသည့်အခါ အလွန်အရေးကြီးသော မေးခွန်းတစ်ခု ပေါ်ပေါက်လာသည်။
သူကကော ပါရမီရှင်တစ်ယောက်ဟု သတ်မှတ်ခံရမည်လား အကယ်၍ သတ်မှတ်ခံရလျှင် သူလည်း ဆန်းနယဲ့ စစ်မြေပြင်တွင် တစ်ကြိမ်လောက် ပြန်လည်မွေးဖွား ရတော့မည်လား။
ဆန်းနယဲ့ စစ်မြေပြင်ကကော ဘယ်လိုဖြစ်လာမည်နည်း။
ရှူးဖူက ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရယ်မော၍ ပြောသည်။
"မင်းက ကျိုးဝမ် အစ်ကိုကြီး ပျိုးထောင်ပေးထားတဲ့ လူငယ်မျိုးဆက် ဖြစ်သလို၊ အခုလည်း ကြေးနီသူတော်စင်ခန်းမရဲ့ အရန်ကိုယ်စားလှယ်သူတော်စင် နေရာကို အောင်မြင်စွာ ရရှိထားသူ ဖြစ်တဲ့အတွက်..."
"တချို့ကိစ္စတွေကို ငါ မင်းကို မဖုံးကွယ်တော့ဘူး။"
"ငါတို့ ကြေးနီသူတော်စင်ခန်းမရဲ့ အဓိက အနှစ်သာရထဲကို ဝင်ရောက်ချင်တယ်ဆိုရင် ဒီနေရာရဲ့ ပြန်လည်မွေးဖွားခြင်း သံသရာကို မင်း ရှောင်လွှဲလို့ မရဘူး။"
"ဒါပေမဲ့ ငါတို့က မင်းကို အတင်းအကျပ် မလုပ်ပါဘူး၊ မင်း မလုပ်ချင်ရင်လည်း ပြဿနာမရှိပါဘူး၊ ဒါပေမဲ့ အဓိက အရေးကြီးတဲ့ ကိစ္စတချို့မှာတော့ မင်း ပါဝင်ခွင့်ရမှာ မဟုတ်ဘူး။"
ခဏရပ်ပြီးနောက်
"ဒီကိစ္စကို မင်း သိထားရုံပဲ သိထား၊ အပြင်ကို မပေါက်ကြားစေနဲ့၊ သူတို့က ဒီအကြောင်း သိဖို့ မလိုဘူး"
ဟု ဆက်ပြောသည်။
"ဟုတ်ကဲ့။"
ဖန့်ချန် ခေါင်းညိတ်လိုက်ပြီးနောက် သိချင်စိတ်ဖြင့် မေးလိုက်သည်။
"စခန်းတာဝန်ခံ အကြီးကဲ ခုနက ပြောတဲ့ ဆုလာဘ်က ဘာများလဲဗျ "
"မင်းရဲ့ ကျင့်ကြံခြင်း အဆင့်ကို ကြည့်ရတာ မြင့်မြတ်ခြင်းခြင်း အဆင့်ကို ရောက်ခါနီးပြီ မဟုတ်လား လက်ရှိ အဆင့်မှာ ကြာကြာနေရတော့မှာ မဟုတ်ဘူး ထင်တယ်"
ရှူးဖူက စဉ်းစားဟန်ဖြင့် -
"မင်းရဲ့ ယခုတစ်ခေါက် လုပ်ဆောင်ချက်အရ ဆန်းနယဲ့ သူတော်စင် ငါးသိန်းကျော်ကို ခေါ်လာတာဆိုတော့... မင်းအတွက် 'မဟာလောက၏ အနှစ်သာရစွမ်းအင်' တစ်ခု တောင်းပေးကြည့်ဖို့ ငါ စမ်းကြည့်လို့ ရတယ်။"
"'မဟာလောက၏ အနှစ်သာရစွမ်းအင်' ဆိုတာလား"
"မကြားဖူးဘူးလားဖြစ်နိုင်ပါတယ်၊ ဒီအရာက ငါတို့ ဆန်းနယဲ့ စစ်မြေပြင်ကပဲ ပေါင်းစပ်ဖန်တီးတတ်တာ၊ လိုအပ်တဲ့ ရှားပါးတဲ့ ဝိညာဉ်ရေးရာ ပစ္စည်းတွေက လူသာမန်တွေ စိတ်ကူးတောင် မယဉ်နိုင်တဲ့အရာတွေပါ။"
"ဒါက ကမ္ဘာငယ်အဆင့် မှမဟုတ်တာ ကမ္ဘာကြီး အဆင့်တက်ဖို့အတွက် အလွန် အသုံးဝင်တယ်၊ မင်း မြင့်မြတ်ခြင်းပြီးတဲ့နောက် နယ်မြေအကျယ်အဝန်းကို ချဲ့ထွင်ပေးရုံတင်မကဘဲ၊ ကမ္ဘာကြီးရဲ့ နောက်ဆက်တွဲ အဆင့်နှစ်ဆင့်ဖြစ်တဲ့ သူတော်စင်နယ်ပယ် နဲ့ ကောင်းကင်တံခါး အဆင့်တွေအတွက်ပါ အကူအညီ ရစေတယ်။"
ရှူးဖူ၏ မျက်ဝန်းထဲတွင် သက်ပြင်းချသည့် အရိပ်အယောင်များ ပေါ်လာသည်။
"မင်းသာ ကြေးနီသူတော်စင်ခန်းမရဲ့ အရန်ကိုယ်စားလှယ်သူတော်စင် မဟုတ်ရင်၊ ဒီလုပ်ဆောင်ချက်နဲ့ ဒီဆုလာဘ်ကို တောင်းပေးဖို့ မဖြစ်နိုင်ဘူး။"
"လူတိုင်း သိတဲ့အတိုင်းပဲ၊ ပါရမီ ပိုမြင့်မားလေ၊ ရှေးဟောင်းသူတော်စင်ဧကရာဇ်ရဲ့ သွေးကို ပိုပြီး ပေါင်းစပ်ရလေလေ၊ ကမ္ဘာကြီး အဆင့်ရဲ့ အဆင့်သုံးဆင့်ကို မြှင့်တင်ဖို့က ပိုပြီး ခက်ခဲလေလေပဲ။"
"အရင်တုန်းကလည်း ကြေးနီသူတော်စင်ခန်းမရဲ့ အရန်ကိုယ်စားလှယ်သူတော်စင်တွေ အများကြီးပဲ၊ နောက်ဆုံးမှာ ကောင်းကင်တံခါး က ပိတ်ဆို့ထားလို့ မကျော်လွန်နိုင်ကြဘူး၊ ဒါကြောင့် ကောင်းကင်နိမိတ် အဆင့်ကို မတက်နိုင်ကြရှာဘူး။"
"တစ်ဖက်မှာကျတော့ သာမန်လင်နယဲ့၊ ရွှမ်နယဲ့ နဲ့ သာမန် ကျဲနယဲ့ သူတော်စင်တွေကျတော့ သူတို့ရဲ့ ကောင်းကင်တံခါးက အလွန်ကို အားနည်းပြီး ကျိုးပေါက်ဖို့ မခက်ခဲကြဘူး။"
ရှူးဖူက ဖန့်ချန်၏ ပခုံးကို ညင်သာစွာ ပုတ်လိုက်သည်။
"မင်း လျှောက်ရမယ့် လမ်းက မလွယ်ကူလှဘူး။"
"စခန်းတာဝန်ခံ အကြီးကဲ ဒါဆိုရင် ကျွန်တော့်လို လူမျိုးတွေက နောက်ပိုင်းမှာ အဆင့်တက်ဖို့ အရမ်းခက်ခဲသွားတာပေါ့၊ ဒါက ဆန်းနယဲ့ စစ်မြေပြင်အတွက် ဘာကောင်းကျိုးမှ ရှိမှာ မဟုတ်ဘူး မဟုတ်လား"
ဖန့်ချန်၏ အမူအရာ ပြောင်းလဲသွားသည်။
"သူတို့ တကယ်ပဲ ဆက်မလျှောက်လှမ်းနိုင်တော့ဘူးဆိုရင်တော့ ဆန်းနယဲ့ စစ်မြေပြင်မှာ ပြန်လည်မွေးဖွားခြင်း သံသရာထဲ ဝင်ရောက်ဖို့ပဲ ရွေးချယ်ရလိမ့်မယ်။"
"အဲဒီအချိန်ကျရင်တော့ အဆင့်အတန်းက ကွာခြားသွားပြီး မဟာလောက၏ အနှစ်သာရစွမ်းအင် လိုမျိုး ပစ္စည်းမျိုးကို အပေါ်က ပုဂ္ဂိုလ်တွေက ပေးအပ်ပြီး ပျိုးထောင်ပေးဖို့ ဝန်မလေးတော့ဘူး။"
ရှူးဖူက ရယ်မော၍ ပြောသည်။
"ငါ လျှောက်ခဲ့တဲ့ လမ်းကလည်း ဒါပဲ၊ တစ်ခုတည်းသော မသက်မသာဖြစ်ရတဲ့အချက်ကတော့ ကောင်းကင်အရှင် သူတော်စင် အဆင့်ကို တက်တဲ့အထိ စောင့်မှပဲ အရင်ဘဝရဲ့ မှတ်ဉာဏ်တွေ ပြန်ရလာမှာ။"
"ငါနဲ့ ကျိုးဝမ် အစ်ကိုကြီးနဲ့က ငါ့ရဲ့ အရင်ဘဝမှာကတည်းက သိကျွမ်းခဲ့တာ၊ ဒီဘဝမှာ မဟုတ်ဘူး။"
ထိုသို့ ပြောဆိုရင်း ရှူးဖူက အောက်ဘက်ရှိ မြင်ကွင်းကို တစ်ချက်ကြည့်လိုက်ပြီး ပြုံး၍ ပြောသည်။
"မင်းရဲ့ လက်ရှိကိစ္စကို အရင်ဆုံး ရှင်းလိုက်ဦး၊ ပြီးရင် ငါ မင်းကို ဒီတစ်ခေါက် ပြိုင်ပွဲရဲ့ အသေးစိတ်အချက်အလက်တွေကို ပြောပြမယ်။"
"ဟုတ်ကဲ့။"
ဖန့်ချန် လက်ယှက် ဂါရဝပြုလိုက်သည်။
ရှူးဖူပြောသော စကားများထဲက သွယ်ဝိုက်သည့် အဓိပ္ပာယ်ကို သူ အကြမ်းဖျင်း နားလည်လိုက်သည်။
ဆန်းနယဲ့ စစ်မြေပြင်တွင် ပြန်လည်မွေးဖွားခြင်းနှင့် ပြန်လည်မွေးဖွားရန် ငြင်းဆန်ခြင်းမှာ မတူညီသော အဆင့်အတန်းနှစ်ခု ဖြစ်သည်။
ပထမတစ်ခုက ဂိုဏ်းအတွင်းပိုင်း တပည့်နှင့်တူပြီး ဂိုဏ်း၏ ပျိုးထောင်မှုကို အပြည့်အဝ ရရှိနိုင်သည်။
ဒုတိယတစ်ခုကတော့ အပြင်ပိုင်း တပည့်နှင့်တူပြီး ပျိုးထောင်မှု ရရန်အတွက် အခြားအခြေအနေများကို ကြည့်ရဦးမည် ဖြစ်သည်။
ဖန့်ချန်၏ စိတ်ထဲတွင်တော့ ထိုနေရာ၌ ပြန်လည်မွေးဖွားလိုသည့် အကြံအစည် မရှိပေ။
ဆန်းနယဲ့ စစ်မြေပြင်က မည်မျှပင် အင်အားကြီးမားစေကာမူ သံသရာမသေမျိုးဂိုဏ်း ၊ တာအိုသုံးထောင်ဂိုဏ်း နှင့်ရှူရှန်းဓားဂိုဏ်း တို့ကို အစားထိုးနိုင်မည် မဟုတ်ပေ။
ထိုဂိုဏ်းကြီး သုံးခုသည်သာ သူ၏ စိတ်ထဲတွင် အမှန်တကယ် အသိအမှတ်ပြုထားသော နေရာများ ဖြစ်သည်။
ကောင်းကင်ငါးပါးပင်လျှင် ဤစာရင်းထဲတွင် မပါဝင်ပေ။
"စခန်းတာဝန်ခံ လူကြီးမင်း ထွက်သွားပုံပဲ။"
"သူ အစ်ကိုကြီးကို ဘာတွေ ပြောသွားလဲ မသိဘူး။"
"တိတ်တိတ်နေ၊ အစ်ကိုကြီး ပြန်လာပြီ။"
နယ်ပယ်အသီးသီးမှ သူတော်စင်များအားလုံး တိတ်ဆိတ်သွားပြီး ဖန့်ချန်ကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။
ဖန့်ချန် မြင်သောအခါ ပြုံး၍ ပြောသည်။
"စခန်းတာဝန်ခံ လူကြီးမင်းက ဒီနေရာက အခြေအနေကို လာမေးတာပါ၊ တခြား အဓိပ္ပာယ် မရှိပါဘူး။"
"မင်းတို့လည်း ငါ ဝူရှန်းပေမြိန့် စခန်းမှာ ပြဿနာ ရှာတော့မယ်လို့ မထင်ပါနဲ့၊ ငါ့ရဲ့ လူငယ်မျိုးဆက်တွေကို အတွေ့အကြုံ ရအောင် ခေါ်လာရုံသက်သက်ပါ။"
ထိုစကားကြောင့် သူတော်စင် အများအပြား၏ စိတ်ထဲတွင် သက်ပြင်းချနိုင်သွားကြသည်။
ထုံယိုဧကရာဇ်တို့နှင့် အခြားသော တိုက်ခိုက်ရေးသမားများမှာလည်း ရှေ့တိုး၍ ရိုသေစွာ နှုတ်ဆက်ကြသည်။
ချိုင်ကျင်း မျက်ခုံးတွန့်လိုက်ပြီး အေးစက်စက် ပြောသည်။
"ဘာလို့ အခုမှ လာပြောနေတာလဲ၊ အခုပဲ ပြောစရာ ရှိလို့လား "
လီတောက်ယဲ့ ချိုင်ကျင်းကို တစ်ချက်ကြည့်လိုက်သည်။
"ဒီကောင်က ဘယ်သူလဲ"
ဖန့်ချန် ပြုံး၍ ပြောသည်။
"သွေးနတ်ဘုရား အင်ပါယာက ချိုင်ကျင်းတဲ့။"
သွေးနတ်ဘုရား အင်ပါယာ
နယ်ပယ်အသီးသီးမှ သူတော်စင်များမှာ ချိုင်ကျင်းတို့၏ အမှတ်အသားအားလုံးမှာ "သုည" ဖြစ်နေသည်ကို သတိထားမိလိုက်ကြသည်။
"အားလုံး အသစ်ရောက်လာကြတာလား"
"အရင်က သွေးနတ်ဘုရား အင်ပါယာဆိုတာလည်း မကြားဖူးပါဘူး..."
"သူတို့မှာ ဆန်းနယဲ့ သူတော်စင် တစ်ထောင်ကျော် ရှိတယ်၊ အခြေခံအင်အား မညံ့ဘူး။"
"ဒါပေမဲ့ ဘာလို့ အသံက ဒီလောက် ကြွားဝါနေတာလဲ"
"အသစ်ရောက်လာတာလား"
ထုံယိုဧကရာဇ် ချိုင်ကျင်း၏ ရှေ့သို့ ရောက်လာပြီး အေးစက်စက် ပြောသည်။
"မင်းက အသစ်ရောက်လာပြီး အခုလို ဝင်ပြောရဲတာ ဘာအဓိပ္ပာယ်လဲ ဒီနေရာမှာ မင်း ပါးစပ်ဟဖို့ နေရာရှိလို့လား"
ဖြန်း
ချိုင်ကျင်း လက်မြှောက်လိုက်သည်နှင့် ပါးတစ်ချက် ရိုက်လိုက်သည်။
ထုံယိုဧကရာဇ် ရှောင်တိမ်းရန် ကြိုးစားသော်လည်း မည်သို့မျှ မရှောင်နိုင်ဘဲ လူအများရှေ့တွင်ပင် အသံမြည်သွားအောင် ရိုက်ခံလိုက်ရသည်။
လော့ထျန်းဝမ်နှင့် သူ ခေါ်လာသည့် နတ်ဘုရားငယ် ၁၂ ပါး၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားသည်။
အနီးအနားရှိ အခြား တိုက်ခိုက်ရေးသမားများမှာလည်း အချင်းချင်း ကြည့်လိုက်ကြပြီး မယုံကြည်နိုင်သော အရိပ်အယောင်များ ပေါ်လာသည်။
"ဒီကောင်၊ မရိုးဘူးပဲ။"
လော့ထျန်းဝမ် တိတ်တဆိတ် ရေရွတ်လိုက်သည်။
သူ၏ အသံမှာ ကျယ်လောင်ခြင်း မရှိသော်လည်း အနီးအနားမှ သူတော်စင်များ အားလုံး ကြားလိုက်ရသည်။
ထုံယိုဧကရာဇ် ဒေါသထွက်လုနီးပါး ဖြစ်သွားသော်လည်း အရင်ကလည်း ထိုကဲ့သို့ပင် အသစ်ရောက်လာပြီး မောက်မာသူတစ်ဦး ရှိခဲ့ဖူးသည်ကို သတိရသွားသည်။
ထိုအကြောင်းကို တွေးမိလိုက်သောအခါ ထုံယိုဧကရာဇ် ဒေါသကို ချိုးနှိမ်လိုက်ပြီး ဖန့်ချန်ကို ကြည့်လိုက်သည်။
"အစ်ကိုကြီး၊ သူ ကျွန်တော့်ကို ရိုက်တယ်ဗျ။"
"မင်း ငါ့လူတွေကို နေရာချထားပေးလိုက်ဦး။"
ဖန့်ချန် ပြုံး၍ ပြောသည်။
"ဟုတ်ကဲ့။"
ထုံယိုဧကရာဇ် ချက်ချင်းပဲ ထိုတာဝန်ကို လက်ခံလိုက်သည်။
"ချိုင်ကျင်း၊ ငါတို့ စခန်းတာဝန်ခံ လူကြီးမင်းရဲ့ အိမ်တော်ကို သွားပြီး စာချုပ်ချုပ်ရအောင်။"
"သွားကြတာပေါ့။"
ချိုင်ကျင်း ခေါင်းညိတ်လိုက်သည်။
စခန်းတာဝန်ခံ အိမ်တော်ရှေ့တွင်။
ဖန့်ချန်နှင့် ချိုင်ကျင်းတို့ စာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုလိုက်ကြသည်။
နှစ်ဦးစလုံးက နိဗ္ဗာန်တားမြစ်နယ်မြေ ဆယ်ခုစီ အာမခံထားကြသည်။
လီတောက်ယဲ့တို့ မြင်သောအခါ ခေါင်းခါလိုက်ကြသည်။
"ဟုတ်သားပဲ၊ ဆန်းနယဲ့ စစ်မြေပြင်ရဲ့ ကြေးနီသူတော်စင်ခန်းမက အရန်ကိုယ်စားလှယ်သူတော်စင်တွေကို ခေါ်နေတယ်လို့ ကြားတယ် "
ချိုင်ကျင်းက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
ဖန့်ချန်က သူ့ကို ကြည့်သည်။
"မင်း ဘယ်သူ့ဆီက ကြားတာလဲ မင်းတို့ကမှ ဆန်းနယဲ့ စစ်မြေပြင်ကို အခုမှ ရောက်တာ မဟုတ်လား "
"ဒီနေရာရဲ့ စည်းကမ်းတောင် သေချာ မသိသေးဘဲနဲ့ ကြေးနီသူတော်စင်ခန်းမက အရန်ကိုယ်စားလှယ်သူတော်စင် ခေါ်နေတဲ့ သတင်းကို ဘယ်လိုလုပ် သိတာလဲ"
ဖန့်ချန်၏ မေးခွန်းကြောင့် အနီးအနားမှ သူတော်စင်များ စဉ်းစားစရာ ဖြစ်သွားကြသည်။
ချိုင်ကျင်း လှောင်ရယ်ပြုသည်။
"ငါ့မှာ ငါ့သတင်းရင်းမြစ်နဲ့ ငါ ရှိတယ်၊ ငါတို့ ဒီကို ပထမဆုံးအကြိမ် လာတာဆိုပေမဲ့၊ ငါတို့ သွေးနတ်ဘုရား အင်ပါယာက သူတော်စင်တွေကတော့ ဆန်းနယဲ့ စစ်မြေပြင်ကို ပထမဆုံးအကြိမ် လာတာ မဟုတ်ဘူး။"
"အော်။"
ဖန့်ချန် သဘောပေါက်သွားသည်။
လော့ထျန်းဝမ်၏ အမူအရာ ပြောင်းသွားသည်။
"မင်း ဒီကို လာတာ အရန်ကိုယ်စားလှယ်သူတော်စင် နေရာကို လုဖို့လား "
ချိုင်ကျင်း ပြုံး၍ ဘာမှ ပြန်မပြောပေ။
နောက်ကွယ်မှ သွေးနတ်ဘုရား အင်ပါယာမှ သူတော်စင်များက ရယ်မောသံများ ထွက်လာသည်။
"မင်းက အရန်ကိုယ်စားလှယ်သူတော်စင် နေရာကို လုချင်တယ်ဆိုရင် ဒီနှစ်ယောက်ကို မေးကြည့်လို့ ရတယ်။"
လီဝူတောက်က လော့ထျန်းဝမ်နှင့် ဖန့်ချန်ကို လက်ညှိုးထိုးပြသည်။
"သူတို့ နှစ်ယောက်လုံးက ကြေးနီသူတော်စင်ခန်းမရဲ့ အရန်ကိုယ်စားလှယ်သူတော်စင်တွေပဲ။"
"မင်း ဘာပြောလိုက်တယ်"
ချိုင်ကျင်း၏ မျက်နှာ ချက်ချင်း ပြောင်းလဲသွားသည်။
ထိုအချိန်တွင် ရွှေရောင် အလင်းတန်းနှစ်ခု ကျဆင်းလာပြီး ဖန့်ချန်နှင့် ချိုင်ကျင်းကို ဝိုင်းရံထားလိုက်သည်။
အခန်း (၂၉၇၆) - မသေခင်မှာ စိတ်မလောပါနဲ့ဦး
ရွှေရောင်အလင်းတန်းများ ကျဆင်းလာသည်နှင့်အတူ ဖန့်ချန်နှင့် ချိုင်ကျင်းတို့မှာ စစ်မြေပြင်အတွင်းသို့ ဝင်ရောက်သွားကြသည်။
ချန်နန်ခယ်က သတိမထားမိလိုက်ဘဲ ဖုန်းယွမ်ဝူတောက်ဘက်သို့ ကြည့်လိုက်ပြီး -
"သူတို့ ဘယ်ကို သွားလိုက်တာလဲ။"
ကျန်းဟူက ဦးစွာ တိုးဝင်၍ မျက်နှာချိုသွေးကာ ပြောသည်။
"အရှင်မ၊ အစ်ကိုကြီးတို့ စစ်မြေပြင်ထဲ ရောက်သွားကြတာပါ၊ ဒါပေမဲ့ စိတ်ချပါ၊ ကျဲနယဲ့ အဆင့်မြင့်သူတွေ တိုက်ခိုက်ကြတဲ့အခါ စစ်မြေပြင်က ကောင်းကင်ဘုံအနှံ့မှာ ပုံရိပ်ထင်လာလိမ့်မယ်။"
"ကျွန်တော်တို့ ဝူရှန်းပေမြိန့် စခန်းတင်မကဘဲ တခြားစခန်းတွေကပါ ကြည့်ရှုလို့ ရမှာပါ။"
အရင်က ချိုင်ကျင်းကို အမြဲ သတိပေးနေကျ သွေးနတ်ဘုရား အင်ပါယာမှ သူတော်စင်မှာ ထိုစကားကို ကြားသောအခါ အမူအရာ ပြောင်းလဲသွားပြီး ချက်ချင်း ခေါင်းမော့ကြည့်လိုက်သည်။ ထို့နောက် လီတောက်ယဲ့ဘက်သို့ လှည့်ကာ အလေးအနက်ဖြင့် မေးသည်။
"မင်းပြောတာက ယဲ့ထျန်းဂူက ကြေးနီသူတော်စင်ခန်းမရဲ့ အရန်ကိုယ်စားလှယ်သူတော်စင် ဆိုတာလား"
"ဘာလဲ၊ ပြဿနာ ရှိလို့လား"
လီတောက်ယဲ့က ပြုံး၍ ပြန်ပြောသည်။
ပြဿနာက အကြီးကြီးပဲ
ထိုသူမှာ လီတောက်ယဲ့ကို ပြန်မဖြေဘဲ သက်ပြင်းတစ်ချက် ရှိုက်သွင်းကာ ကောင်းကင်ကိုသာ ပြန်၍ ငေးကြည့်နေတော့သည်။
ချန်နန်ခယ်တို့မှာမူ နားမလည်နိုင် ဖြစ်နေကြသည်။
"ဝူရှန်းပေမြိန့် စခန်း" ဆိုသည်မှာ ဘာလဲ ဒါက ကောင်းကင်ငါးပါးထဲက တစ်ခုများလား။
ယခုရောက်နေကြသည့် ဆန်းနယဲ့ သူတော်စင် သိန်းဂဏန်းတို့မှာ လက်ရှိအချိန်တွင် သံသယများစွာ မရှိကြသေးပေ။
သူတို့ထဲမှ အချို့မှာမူ အချင်းချင်း မျက်စိမှိတ်ပြကာ တိတ်တဆိတ် သတင်းစကား ပေးပို့ကြသည်။
"ဒီတစ်ခေါက်တော့ အဆင်ပြေပြီ၊ ဒီနေရာရဲ့ တည်နေရာကို အသေအချာ မှတ်ထားပြီး အပေါ်ကို သတင်းပြန်ပို့ရမယ်။"
"အင်း၊ ပိုက်ကွန်ကို သိမ်းချိန် တန်ပြီ။"
ထိုအချိန်တွင် ကောင်းကင်ပေါ်၌ မြင်ကွင်းစတင်လာပြီး ဖန့်ချန်နှင့် ချိုင်ကျင်းတို့၏ ပုံရိပ်များ ပေါ်လာသည်။ သူတော်စင်များအားလုံး စကားစမြည် ပြောခြင်းကို ရပ်တန့်ကာ ကောင်းကင်ပေါ်ရှိ မြင်ကွင်းကို အာရုံစိုက် ကြည့်ရှုကြသည်။
ယခုအချိန်ရောက်မှသာ ဝူရှန်းပေမြိန့် စခန်းရှိ သူတော်စင်များအားလုံး ထိုသူ ပြန်ရောက်လာပြီဖြစ်ကြောင်း သတိပြုမိကြသည်။
တခြားစခန်းများရှိ ကျွမ်းကျင်သူများကပင် ခေါင်းမော့ကြည့်လိုက်ကြပြီး မျက်နှာများမှာ တည်တင်းသွားကြသည်။
"ဝူရှန်းပေမြိန့် စခန်းက ယဲ့ထျန်းဂူပဲ။"
"သူ ဒီတစ်ခေါက်မှပဲ ဆန်းနယဲ့ စစ်မြေပြင်ကို ပြန်ရောက်လာတာ ဖြစ်လိမ့်မယ်။"
"သူ့ပြိုင်ဘက်က ဘယ်သူလဲ အရမ်းကို မောက်မာတာပဲ၊ သူက ကြေးနီသူတော်စင်ခန်းမရဲ့ အရန်ကိုယ်စားလှယ်သူတော်စင်မှန်း သိရက်နဲ့တောင် ယှဉ်တိုက်ရဲတယ်ပေါ့ "
"မမြင်ဖူးပါဘူး၊ အရမ်းကို စိမ်းနေတယ်၊ ဒါပေမဲ့ သူ့အမူအရာနဲ့ အရှိန်အဝါကို ကြည့်ရတာလည်း သာမန်လူတော့ မဟုတ်ဘူး။"
"ရှေးဟောင်းအင်အားစုကြီး ခုနစ်ခုက အရန်ကိုယ်စားလှယ်သူတော်စင်တွေကို စပြီး ခေါ်ယူနေတာနဲ့တင်ပဲ မကောင်းဆိုးဝါးတွေ အကုန်ပေါ်လာတော့တာပဲ..."
...
...
ချိုင်ကျင်းက သတိကြီးစွာဖြင့် -
"ခုနက တစ်ယောက်ပြောသွားတာ မင်းက ကြေးနီသူတော်စင်ခန်းမရဲ့ အရန်ကိုယ်စားလှယ်သူတော်စင် ဆိုတာလား "
"ဟုတ်တယ်။"
ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်သည်။
"ဒါဆိုလည်း ကောင်းတာပေါ့၊ ငါ ဒီတစ်ခေါက် ဆန်းနယဲ့ စစ်မြေပြင်ကို လာတာကလည်း ကြေးနီသူတော်စင်ခန်းမရဲ့ အရန်ကိုယ်စားလှယ်သူတော်စင် နေရာအတွက်ပဲ "
" ငါကြည့်အုံးမယ် ၊ ကြေးနီသူတော်စင်ခန်းမရဲ့ အရန်ကိုယ်စားလှယ်သူတော်စင်က ဘယ်လောက်တောင် စွမ်းသလဲဆိုတာ "
ချိုင်ကျင်း ပြောပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါများမှာ ချက်ချင်း ပြောင်းလဲသွားသည်။
သူ့ခန္ဓာကိုယ်ထဲမှ လူ့လောက ဟု ခေါ်သည့် စွမ်းအင်တစ်ခု ပေါ်ထွက်လာပြီး ဤစစ်မြေပြင်ကို ဖုံးလွှမ်းသွားသည်။
ဖန့်ချန်၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားသည်။
"ဘယ်လိုလဲ မင်းရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့ ဒါကို ခုခံနိုင်သေးရဲ့လား "
ချိုင်ကျင်းက ဖန့်ချန်၏ အမူအရာကို ကြည့်ကာ အေးစက်စက် လှောင်ရယ်ပြုသည်။
သူ့လက်ရှိ နည်းလမ်းမှာ သူတတ်မြောက်ပြီးကတည်းက တစ်ခါမျှ အရှုံးမရှိခဲ့ပေ။
တူညီသောအဆင့်တွင် သူ၏ ထိုအစွမ်း အောက်၌ နှစ်ချက်ထက်ပို၍ ခံနိုင်ရည်ရှိသူ မရှိခဲ့ပေ။
"မဟုတ်ဘူး၊ ဒါ လူ့လောက စွမ်းအင်အစစ်မဟုတ်ဘူး၊ ဒါပေမဲ့ အရမ်းကို ဆင်တူနေတယ်..."
ဖန့်ချန်က ချိုင်ကျင်းကို ဂရုမစိုက်ဘဲ ထိုအရှိန်အဝါကို တိတ်တဆိတ် ခံစားနေပြီး စိတ်ထဲတွင် အကဲဖြတ်နေသည်။
စကားမစပ်၊ ဤအရှိန်အဝါက သူ့ကိုတောင် လှည့်စားလုနီးပါး ဖြစ်သွားစေသည်။
အကယ်၍ သူသာ လူ့လောက နည်းလမ်းကို မတတ်မြောက်ထားပါက ထိုစွမ်းအင်မှာ အစစ်ဟုတ်မဟုတ် ခွဲခြားရန် အလွန်ခက်ခဲလိမ့်မည်။
ယခု ချိုင်ကျင်း၏ နည်းလမ်းမှာ လူ့လောကနှင့် အလွန်ဆင်တူသော်လည်း အနှစ်သာရပိုင်းတွင်မူ ကွာခြားချက်များ ရှိနေသည်။
၎င်းမှာ ဟင်းလင်းပြင် လွတ်မြောက်ခြင်း နှင့် ရိပ်ခြေ ဗုဒ္ဓ နည်းလမ်းတို့အကြား ဆက်စပ်သကဲ့သို့ ဖြစ်သည်။
"ဒါဆိုရင် ချိုင်ကျင်းရဲ့ နောက်ခံက တကယ်ကို စူးစမ်းစရာပဲ။"
ဖန့်ချန်က ချိုင်ကျင်းကို ကြည့်လိုက်ပြီး ဖြစ်နိုင်ခြေပေါင်း ဆယ်ဂဏန်းကို စိတ်ထဲ၌ တွက်ဆလိုက်သည်။
တစ်ခုတော့ သေချာသည်၊ ချိုင်ကျင်းမှာ သံသရာမသေမျိုး ဂိုဏ်း နှင့် တစ်နည်းနည်းဖြင့် ပတ်သက်နေသည်။
ထိုအချိန်တွင် ချိုင်ကျင်းမှာ ဖန့်ချန်ထံသို့ အေးဆေးတည်ငြိမ်စွာ လျှောက်သွားနေသည်။
"ကြေးနီသူတော်စင်ခန်းမရဲ့ အရန်ကိုယ်စားလှယ်သူတော်စင်၊ မင်းရဲ့ အစွမ်းတွေကို ထုတ်ပြစမ်းပါ၊ မင်းက ဘယ်လောက်တောင် စွမ်းသလဲဆိုတာ ငါကြည့်ချင်တယ်၊ ငါ့ကို မြင်အောင် ပြလိုက်ပါ။"
"မဟုတ်ဘူး၊ အစ်ကိုကြီးရဲ့ အရှိန်အဝါတွေ ဖိနှိပ်ခံလိုက်ရသလိုပဲ "
"ဒါ မဖြစ်နိုင်ဘူးမလား"
ဖန့်ချန် အနိုင်ရလိမ့်မည်ဟု ထင်မှတ်ထားကြသော သူတော်စင်များမှာ အခုအခါတွင် အမှားတစ်ခုခု ရှိနေကြောင်း သတိထားမိလာကြသည်။
ကောင်းကင်ပေါ်ရှိ မျက်နှာပြင်မှတစ်ဆင့် သူတို့ကြည့်လိုက်သောအခါ ဖန့်ချန်၏ အရှိန်အဝါမှာ အလွန် ဖိနှိပ်ခံထားရသည်ကို တွေ့လိုက်ရသည်။
ချိုင်ကျင်း၏ အေးဆေးတည်ငြိမ်သော ပုံစံကို ကြည့်ပြီး သူတို့စိတ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခု ပေါ်လာသည်။
ဒီအသစ်ရောက်လာတဲ့သူက အစ်ကိုကြီးထက် ပိုတော်နေတာလား။
လော့ထျန်းဝမ်က မျက်ခုံးတွန့်လိုက်သည်။
ထုံယိုဧကရာဇ်က သူ့ဘက်သို့ ကြည့်ကာ -
"လော့အိုကြီး ၊ မင်း ဘယ်လိုမြင်လဲ "
"စောင့်ကြည့်ဦးမယ်။"
လော့ထျန်းဝမ်က အေးစက်စက် ပြောသည်။
"သူက ငါ့ကို လူအများရှေ့မှာ ပါးရိုက်ရဲတယ်ဆိုကတည်းက သာမန်လူတော့ မဟုတ်ဘူးဆိုတာ ငါ သိပြီးသား"
ထုံယိုဧကရာဇ်က စိုးရိမ်တကြီးဖြင့် သူတော်စင်တစ်ဦးအနေနှင့် ခုနက မမောက်မာခဲ့မိသည့်အတွက် ကံကောင်းသည်ဟုပင် တွေးလိုက်သည်။
"ထိရောက်သွားပြီ။"
သွေးနတ်ဘုရား အင်ပါယာမှ သူတော်စင်မှာ ချိုင်ကျင်း၏ ပုံစံကို မြင်သောအခါ သူ၏ စိုးရိမ်မှုများ ပျောက်ကွယ်သွားပြီး ပေါ့ပါးသော အပြုံးတစ်ခု ပေါ်လာသည်။
တစ်လှမ်း။
နှစ်လှမ်း။
မျက်စိတစ်မှိတ်အတွင်းမှာပင် ချိုင်ကျင်းမှာ ဖန့်ချန်၏ ရှေ့သို့ ရောက်သွားသည်။
ကျယ်ဝန်းလှသော ဝူရှန်းပေမြိန့် စခန်းမှာ ယခုအခါ တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဖန့်ချန်ကို သိကျွမ်းသူများမှာ အံ့အားသင့်လျက် ရှိကြသည်။
တခြားစခန်းများရှိ ကျွမ်းကျင်သူများမှာလည်း မယုံကြည်နိုင်စွာ ကြည့်နေကြသည်။
"ပြိုင်ဘက်ကို ကိုယ့်အနားအထိ ရောက်လာခွင့်ပေးလိုက်တယ်ဆိုတာ ယဲ့ထျန်းဂူရဲ့ နည်းလမ်းတွေ တကယ်ပဲ ဖိနှိပ်ခံလိုက်ရတာပဲ "
"သူ့အရှိန်အဝါတွေ ဘာလို့ ဒီလောက်အားနည်းသွားတာလဲ"
"ဒါ ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ၊ ယဲ့ထျန်းဂူရဲ့ ပြိုင်ဘက်ကရော ဘယ်ကလာတာလဲ"
"ဝူရှန်းပေမြိန့် စခန်းကတော့ ထူးဆန်းတယ်၊ အရင်က ကြေးနီသူတော်စင် နှစ်ယောက် ထွက်လာတယ်၊ အခုလည်း ဘယ်ကလာမှန်းမသိတဲ့ သူတစ်ယောက် ထပ်ပေါ်လာတယ်၊ ဘာတွေဖြစ်နေတာလဲ။"
စခန်းအသီးသီးမှ ကျွမ်းကျင်သူများမှာ အလွန်တရာ သိချင်စိတ် ဖြစ်နေကြသည်။
တစ်ချိန်တည်းတွင် ထျန်းရွှမ် စခန်းတွင်လည်း သူတော်စင်အုပ်စုတစ်စုမှာ ကောင်းကင်ပေါ်ရှိ မြင်ကွင်းကို ငြိမ်သက်စွာ ကြည့်ရှုနေကြသည်။
"မင်းတို့ ဘယ်လိုထင်လဲ၊ ယဲ့ထျန်းဂူမှာ တကယ်ပဲ ပြန်တိုက်မယ့် နည်းလမ်း မကျန်တော့တာလား"
"မဖြစ်နိုင်ပါဘူး၊ သူ ကြေးနီသူတော်စင် အရန်နေရာကို ရအောင်ယူတဲ့ နည်းလမ်းက လော့ထျန်းဝမ်ထက်တောင် ပိုတော်သေးတယ်၊ သူ့နည်းလမ်းတွေက ကျွန်မတို့ အစ်မကြီးနဲ့တောင် အဆင့်ချင်း တူနေနိုင်တယ်။"
"မင်း ဘာတွေ လျှောက်ပြောနေတာလဲ "
သူတို့၏ အကြည့်များမှာ အမူအရာမဲ့စွာ ငြိမ်သက်နေသော အမျိုးသမီးတစ်ဦးထံသို့ အလိုအလျောက် ရောက်သွားသည်။
ထိုအမျိုးသမီးက အေးစက်စက် ပြောသည်။
"သူ ပြောတာလည်း မမှားပါဘူး၊ ငါက ယဲ့ထျန်းဂူထက် ပိုစောပြီး ကြေးနီသူတော်စင် အရန်ကိုယ်စားလှယ် ဖြစ်လာပေမဲ့၊ ယဲ့ထျန်းဂူရဲ့ နည်းလမ်းတွေက ငါ့ထက် မညံ့တာ ဖြစ်နိုင်တယ်။"
"အစ်မကြီး၊ အစ်မက မဟာလောက အနှစ်သာရစွမ်းအင် ကို စောင့်နေတာပါ၊ အဲဒီလိုမဟုတ်ရင် အစ်မရဲ့ အဆင့်နဲ့ဆိုရင် ယဲ့ထျန်းဂူ ဘယ်လိုလုပ် အစ်မနဲ့ ယှဉ်နိုင်မှာလဲ "
သူတော်စင်တစ်ဦးက အမြန်ပြောသည်။
"ဆက်ကြည့်ကြစို့။"
အမျိုးသမီးက တည်ငြိမ်စွာ ပြောသည်။
သူတို့လည်း အာရုံကို ကောင်းကင်ပေါ်သို့ ပြန်လည် ပို့လိုက်ကြသည်။
...
...
"ယဲ့ထျန်းဂူ၊ မင်းမှာ ဒီလောက်ပဲ နည်းလမ်း ရှိတာလား "
ချိုင်ကျင်းက မျက်လုံးကို မှေး၍ ဖန့်ချန်ကို ကြည့်လိုက်ပြီး သူ့မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်တစ်ခု ဖြတ်ပြေးသွားသည်။
နောက်တစ်ခဏတွင် တောင်လောက်ကြီးသော သတ်ဖြတ်လိုစိတ်များ ဖန့်ချန်ထံသို့ ပြန်လည် ရိုက်ခတ်သွားသည်။
သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ချိုင်ကျင်းမှာ အဝေးသို့ လွင့်စင်သွားပြီး သွေးအန်ကာ သေလုမျောပါး ဖြစ်သွားသည်။
ဖန့်ချန် သတိပြန်ဝင်လာပြီး အလျင်အမြန်ပင် နောက်သို့ လိုက်၍ ကယ်ဆယ်လိုက်သည်။
"မသေခင်မှာ စိတ်မလောပါနဲ့ဦး "
"ငါတို့ချင်း ယှဉ်တိုက်တာပဲ၊ ဘာလို့ သေရမှာလဲ။"
"စိတ်ကို မွေးထား ရှင်အောင်နေ၊ မြန်မြန် "
ဖန့်ချန်က ချိုင်ကျင်း၏ ပါးကို အချက်ပေါင်းများစွာ ရိုက်လိုက်ပြီး သူ၏ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော စိတ်စွမ်းအားကို ပြန်နှိုးရန် ကြိုးစားသည်။
ချိုင်ကျင်းကမူ စကားကို နားမထောင်ဘဲ သွေးများသာ တရစပ် အန်နေပြီး ဖန့်ချန်ကို ကြောက်ရွံ့စွာ စိုက်ကြည့်နေသည်။ သူ့သက်စွမ်းအင်များမှာ ရပ်တန့်မရအောင် ပျက်စီးနေသောကြောင့် ဖြစ်သည်။
အစအဆုံး သူ ဘာဖြစ်သွားမှန်းပင် မသိလိုက်ပေ။
"ငါမှားတာပါ၊ ခုနက စိတ်လွင့်သွားလို့၊ ဒီကောင်သာ အခုချက်ချင်း သေသွားရင် သဲလွန်စတွေ ပြတ်ကုန်တော့မှာပေါ့ "
ဖန့်ချန် စိတ်ထဲတွင် ကိုယ့်ကိုယ်ကို အပြစ်တင်လိုက်ပြီး အစွမ်းကုန် ကယ်ဆယ်လိုက်သည်။
ကံကောင်းစွာဖြင့် စစ်ပွဲမှာလည်း ပြီးဆုံးသွားပြီ ဖြစ်သည်။
သူတို့နှစ်ဦး စစ်မြေပြင်မှ ပြန်လည်ထွက်ခွာလာပြီး ဖန့်ချန်က ချိုင်ကျင်းကို ခေါ်ကာ ရှူးဖူ၏ အိမ်တော်ဆီသို့ အလျင်အမြန် ဦးတည်သွားတော့သည်။
စခန်းရှိ သူတော်စင်များ
"......"