အခန်း (၂၉၈၅-၂၉၈၆)
Vol. 299 Ch. 2985-2986
အခန်း (၂၉၈၅) - အာဏာလုပွဲ စတော့မှာပဲ
လီတောက်ယဲ့၏ အမူအရာမှာ တစ်မျိုးပြီးတစ်မျိုး အဆက်မပြတ် ပြောင်းလဲသွားသည်။ စကားဆုံးသွားသောအခါ သူသည် အသက်ကို ပြင်းပြင်းရှူလိုက်မိပြီး ဖန့်ချန်ကို မယုံကြည်နိုင်သော အကြည့်ဖြင့် စိုက်ကြည့်နေကာ ခဏကြာမှ သက်ပြင်းချရင်း ပြောလိုက်သည်။
"သခင်လေးဖန့်... မင်းက တကယ်ကို ရက်စက်လှချည်လား။"
ဖန့်ကျစ်ရွှယ်၏ မျက်နှာထားမှာလည်း ရှုပ်ထွေးသွားသည်။
ဖန့်ချန်ကပါ အသာအယာ သက်ပြင်းချလိုက်သည်။
"အင်းလေ၊ ဒါပေမဲ့..."
လီတောက်ယဲ့က
"ငါ့အမြင်အရတော့ ရေတစ်ခါချိုးရုံနဲ့တော့ မလုံလောက်သေးဘူးထင်တယ်။ ဒါပေမဲ့ ဆန်းနယဲ့ စစ်မြေပြင်မှာ သူ့ဟာနဲ့သူ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ရှိပြီးသားဆိုတော့ ငါတို့ ပူနေစရာ မလိုပါဘူး။
အခု ငါတို့ လုပ်ရမယ့်အလုပ်က သူတို့ သေဆုံးသွားတာတွေက ပိုပြီး သဘာဝကျနေအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို စဉ်းစားဖို့ပဲ။
နောက်မှ ပြန်လှည့်လာပြီး ငါတို့ကို ရန်ငြိုးဖွဲ့ မလာအောင်ပေါ့။"
သူ့မျက်ခုံးကို အသာအယာ တွန့်ချိုးလိုက်ပြီးမှ ရုတ်တရက် မျက်လုံးများ တောက်ပလာသည်။
"ရပြီ ငါ စဉ်းစားထားတာရှိတယ်..."
သူသည် ဖြေရှင်းမည့်နည်းလမ်း တစ်ခုကို အကျယ်တဝင့် ပြောပြလိုက်သည်။
နောက်ဆုံးတွင် ဖန့်ချန်ဘက်သို့ လှည့်ကြည့်ကာ
"သခင်လေးဖန့်၊ ဘယ်လိုနေလဲ သင့်တော်ရဲ့လား" ဟု မေးလိုက်သည်။
မောင်နှမနှစ်ယောက်မှာမူ မျက်နှာထား အလွန်ထူးဆန်းစွာဖြင့် လီတောက်ယဲ့ကို စိုက်ကြည့်နေကြပြီး စကားတစ်ခွန်းမှ ပြန်မပြောကြပေ။
ခဏအကြာတွင်မှ ဖန့်ချန်က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
"မင်းလုပ်တဲ့အလုပ်ကို ငါ ယုံကြည်ပါတယ်။ ဒီကိစ္စကို မင်းလက်ထဲ အပြည့်အဝ အပ်ထားလိုက်မယ်၊ ငါ့မှာတော့ ထျန်းရွှမ်စခန်းရဲ့ ဘုရင် ၁၂ ပါးကို ရင်ဆိုင်ဖို့အတွက် အာရုံစိုက်ရမယ့် အလုပ်တွေ အများကြီး ရှိသေးတယ်။"
"သခင်လေးဖန့် သာ စောင့်ကြည့်နေလိုက်ပါ"
လီတောက်ယဲ့က ပြုံးရွှင်လျက် ခေါင်းညိတ်ပြလိုက်သည်။
... ...
... ...
ချိုင်ကျင်းသည် ဖြည်းညင်းစွာဖြင့် သတိပြန်ဝင်လာသည်။
ချိုင်ရွှီနှင့် အခြားသူများလည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အတန်းလိုက် ရှေ့သို့တိုးလာကြပြီး စိုးရိမ်တကြီးဖြင့် အကဲခတ်ကြသည်။
"အစ်ကိုကြီး၊ သက်သာရဲ့လား"
ချိုင်ရွှီ၏ မျက်ဝန်းတို့တွင် စိုးရိမ်ပူပန်မှုများဖြင့် အပြည့် ရှိနေသည်။
ချိုင်ကျင်းက လက်ကို အသာအယာ ဝှေ့ယမ်းပြလိုက်သည်။
"ဘာမှ မဖြစ်ပါဘူး။"
ထို့နောက် သူသည် အနည်းငယ် ထူးဆန်းနေဟန်ဖြင့် သူတော်စင်များကို တစ်ချက်ကြည့်လိုက်သည်။
"မင်းတို့တွေ ဒီမှာ ဘာလာလုပ်နေကြတာလဲ"
သူတော်စင်များမှာမူ အသံမထွက်ဘဲ တိတ်ဆိတ်နေကြသည်။
ချိုင်ကျင်း မျက်မှောင်ကြုတ်လိုက်ပြီး ထရပ်ကာ အပြင်ဘက်သို့ ထွက်ရန် ပြင်ဆင်လိုက်သည်။
ချိုင်ရွှီက "အစ်ကိုကြီး ဘယ်သွားမလို့လဲ" ဟု မေးလိုက်သည်။
"လီတောက်ယဲ့ဆီ သွားမလို့။ အာဏာလုပွဲက မကြာခင် စတော့မှာဆိုတော့ အဲဒီမတိုင်ခင် သူ့ရဲ့ အောက်ခြေကို ငါ သေချာစမ်းသပ်ထားချင်တယ်။"
ချိုင်ကျင်း၏ မျက်ဝန်းတို့မှာ လေးနက်နေသည်
"ယဲ့ထျန်းဂူကို မဆိုလိုဘဲနဲ့၊ ဒီဝူရှန်းပေမြိန့်စခန်းမှာ ဒုတိယမြောက် ပြောင်းလဲမှုကြီး ထပ်ဖြစ်လာတာကို ငါ မမြင်ချင်ဘူး။"
သူတော်စင်များ အလွန်အမင်း တုန်လှုပ်သွားကြသည်။
ချိုင်ကျင်းက အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
"မင်းတို့တွေ ဘာဖြစ်နေကြတာလဲ ဘာလို့ ဒီလိုပုံစံတွေ ဖြစ်နေကြတာလဲ။"
ချိုင်ရွှီက အမြန်ပြောလိုက်သည်
"အစ်ကိုကြီး အပြစ်မတင်ပါနဲ့၊ ဒါပေမဲ့..."
"မင်းကလည်း ဘာလို့ အမြဲတမ်း တုံ့ဆိုင်းနေရတာလဲ ပြောချင်တာရှိရင် တန်းပြောစမ်းပါ။"
ချိုင်ကျင်းက အေးစက်စက်ဖြင့် ဆိုလိုက်သည်။
ချိုင်ရွှီက သတိကြီးစွာဖြင့် မေးလိုက်သည်
"အစ်ကိုကြီး၊ မမှတ်မိတော့ဘူးလား အရင်တုန်းက အစ်ကိုကြီးက လီတောက်ယဲ့နဲ့ တိုက်ခိုက်ပြီးသွားပြီလေ။"
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ချိုင်ကျင်းက ပြုံးလိုက်သည်
"ငါက ဘယ်အချိန်က လီတောက်ယဲ့နဲ့ တိုက်ခဲ့ဖူးလို့လဲ ဒီနှစ်တွေမှာ သူ့ကို ရှာချင်တိုင်း သူက ရှောင်နေတာချီချည်းပဲ။
တွေ့ရရင်တောင် သူက တိုက်ပွဲကို ရှောင်နေကျလေ။"
"..."
သူတော်စင်များ၏ အမူအရာမှာ အလွန်တရာမှ လေးနက်သွားကြသည်။
ချိုင်ရွှီသည် ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားပြီး အမြန်ပြောလိုက်သည်။
"အစ်ကိုကြီး၊ နတ်ဘုရားစွမ်းအား ကျောက်မျက်ရော အဆင်ပြေရဲ့လား"
ချိုင်ကျင်းက အနည်းငယ် မတတ်နိုင်ဟန်ဖြင့် ပြောလိုက်သည်။
"နတ်ဘုရားစွမ်းအား ကျောက်မျက်က ဘယ်လိုလုပ်..."
သူ့မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။
"နတ်ဘုရားစွမ်းအား ကျောက်မျက်တစ်လုံး ပျက်စီးသွားပြီ"
သူ့ဘယ်ဘက်မျက်လုံးထဲမှ သွေးတစ်စက်သည် ဖြည်းညင်းစွာ စီးကျလာသည်ကို တွေ့လိုက်ရသည်။
သွေးနတ်ဘုရားအင်ပါယာ၏ သူတော်စင်များမှာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အလွန်အမင်း တုန်လှုပ်သွားကြသည်။
ချိုင်ရွှီက တိုးတိုးလေး ရွတ်ဆိုနေသည်
"လီတောက်ယဲ့က နတ်ဘုရားစွမ်းအား ကျောက်မျက်ကိုပါ ဖျက်ဆီးလိုက်တာပဲ၊ အဲဒါကြောင့် အစ်ကိုကြီးက ပြန်ပြီး ထိခိုက်ခံလိုက်ရပြီး မှတ်ဉာဏ်တွေပါ ပျောက်သွားတာ ဖြစ်ရမယ်..."
ဤသို့ ရောက်မှသာလျှင် ချိုင်ကျင်းသည် ချိုင်ရွှီပြောခဲ့သော စကားများကို အနည်းငယ် ယုံကြည်လာတော့သည်။
သူသည် သွေးမျက်ရည်များကို ဖြည်းညင်းစွာ သုတ်လိုက်သည်။
"မင်းတို့တွေ ဖြစ်ပျက်ခဲ့တာတွေကို အစအဆုံး အကုန်ပြန်ပြောပြစမ်းပါ။"
ချိုင်ရွှီသည် သတိပြန်ဝင်လာပြီး အစအဆုံး အဖြစ်အပျက်များကို အပြည့်အစုံ ပြန်ပြောပြလိုက်သည်။
သို့သော် နောက်ဆုံးအချက်ကို ရောက်သောအခါ...
"နောက်တော့ရော ငါ့ကို ရိုက်နှက်ပြီး သတိလစ်သွားအောင် လုပ်လိုက်ပြီးတော့ရော ဘာဆက်ဖြစ်သေးလဲ"
ချိုင်ကျင်းက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
ချိုင်ရွှီက အသံတိုးတိုးဖြင့် ပြောလိုက်သည်
"နောက်တော့ တိုက်ပွဲက ပြီးသွားတယ်လေ၊ အဲဒါနဲ့ ကျွန်တော်တို့လည်း အစ်ကိုကြီးကို ခေါ်ပြီး ဒီနားမှာပဲ အနားယူဖို့ ပြန်လာခဲ့ကြတာပေါ့။"
သူသည် ချိုင်ကျင်းနှင့် သူတော်စင်များ ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ကြသည့် အကြောင်းအရာကိုမူ ထည့်မပြောခဲ့ပေ။
အခြားသော သူတော်စင်များကလည်း ဤအကြောင်းကို တမင်သက်သက် ထုတ်ပြောမည် မဟုတ်ပေ။
"သူက တစ်ကွက်တည်းနဲ့ ငါ့ကို အနိုင်ယူလိုက်တာလား..."
ချိုင်ကျင်းက တိုးတိုးလေး ရွတ်ဆိုနေသည်
"ဒီဆန်းနယဲ့ စစ်မြေပြင်က တကယ်ပဲ အထက်လူကြီးတွေ ပြောသလိုမျိုး အလွန်အမင်း အန္တရာယ်များတာလား "
"အစ်ကိုကြီး၊ ဒီအချိန်ကာလမှာ ကောင်းကောင်း အနားယူဖို့ပဲ ကျွန်တော် အကြံပြုချင်ပါတယ်။ အာဏာလုပွဲ ပြီးသွားမှပဲ ငါတို့ရဲ့ ခရီးစဉ် တာဝန်ကို ဖြည်းဖြည်းချင်း ဆက်လုပ်ကြတာပေါ့။
ဒီတစ်ခါတော့ ကျွန်တော့်ရဲ့ နတ်ဘုရားစွမ်းအား ကျောက်မျက်လည်း ပျက်စီးသွားပြီဆိုတော့ အစ်ကိုကြီးရဲ့ ကျောက်မျက်ကိုတော့ သေချာ ဂရုစိုက်ဖို့လိုမယ်။"
ချိုင်ရွှီက တိုးတိုးလေး ပြောလိုက်သည်။
ချိုင်ကျင်းက ခေါင်းကို အသာအယာ ငြိမ့်လိုက်သည်။
"ငါ သိပြီ။"
... ...
... ...
နောက်လာမည့် ရက်များတွင် ဝူရှန်းပေမြိန့်စခန်း စစ်မြေပြင်၏ အခြေအနေမှာ အရင်အတိုင်းပင် ပုံမှန်အတိုင်း ရှိနေသည်။
အရင်တစ်ခါနဲ့ မတူသည်ကတော့ ဖန့်ချန်၏ ဈေးကွက်မှာ လုံးဝ ပျက်သွားခဲ့ပြီ ဖြစ်သည်။
မည်သည့် ဘေးအန္တရာယ်ကြယ် အဆင့်မြင့်မှ သူ့ကို စိန်ခေါ်ရန် မလာဝံ့ကြတော့သလို၊ သေချင်ဇိုးဖြင့် သူ့ထံသို့ လာရောက် စိန်ခေါ်သူလည်း မရှိတော့ပေ။
သူသည် ယခုအခါ ဝူရှန်းပေမြိန့်စခန်းတွင် နံပါတ် (၁) ဘေးအန္တရာယ်ကြယ် ဖြစ်နေပြီ ဖြစ်သည်။
အဆင့်သတ်မှတ်ပွဲများလည်း မရှိတော့ဘဲ ကျပန်းတိုက်ပွဲများ သူ့ဆီသို့ ကျရောက်လာမည့် အချိန်ကိုသာ စောင့်မျှော်နေရတော့သည်။
ဖန့်ချန်လည်း ဤကဲ့သို့ပင် နေ့ရက်များကို ကုန်ဆုံးစေရင်း အလကားနေချိန်များတွင် အခြားသော ဆန်းနယဲ့ သူတော်စင်များ၏ နည်းလမ်းများကို လေ့လာအကဲခတ်နေခဲ့သည်။
တစ်ခါတရံတွင် အခြားစခန်းနယ်မြေများမှ ဘေးအန္တရာယ်ကြယ် အဆင့်မြင့်များ အချင်းချင်း တိုက်ခိုက်ကြသည်ကိုလည်း မြင်တွေ့ရတတ်သော်လည်း သူတို့၏ အဆင့်အတန်းမှာ အလွန်သာမန်ဖြစ်နေသဖြင့် ကြည့်ရလောက်အောင် စိတ်ဝင်စားစရာ မကောင်းလှပေ။
ကံကောင်းထောက်မစွာဖြင့် ဝူရှန်းပေမြိန့်စခန်းအတွင်းရှိ အချို့သော ပဋိပက္ခများမှာမူ ရပ်တန့်သွားခြင်း မရှိပေ။
နှစ်အနည်းငယ်ကြာတိုင်းတွင် ဘေးအန္တရာယ်ကြယ် အဆင့်မြင့်အချို့သည် ဖန့်ချန်ထံသို့ လာရောက်ကြပြီး ဝင်ရောက် ကြားဝင်စေ့စပ်ပေးရန် အကူအညီ တောင်းခံကြလေ့ရှိသည်။
အများစုမှာ နောက်ခံ အခြေခံအုတ်မြစ် တိုက်ပွဲများနှင့် သက်ဆိုင်နေကြသည်။
ထိုကာလအတွင်း ဖန့်ချန်သည် နိဗ္ဗာန်တားမြစ်နယ်မြေများနှင့် သာမန်အဆင့် ကြယ်တာရာမျက်ရည်များကို အမြောက်အမြား ရှာဖွေစုဆောင်းနိုင်ခဲ့ရာ သူ့အတွက်မူ အကျိုးအမြတ် မဆိုးလှပေ။
လက်ဖက်ရည်ဆိုင် ကြီးကြီးမားမား တစ်ခုအတွင်းတွင် လူအုပ်စု နှစ်စုသည် တစ်ဖက်နှင့်တစ်ဖက် ပြင်းထန်စွာ ဆဲဆိုနေကြသည်။
နားထဲတွင် ရွံရှာစရာကောင်းလောက်အောင် ကြမ်းတမ်းသော စကားလုံးများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေသည်။
နှစ်ဖက်စလုံး၏ ခေါင်းဆောင်များမှာမူ ရက်စက်ကြမ်းကြုတ်သော ဘေးအန္တရာယ်ကြယ် အဆင့်များပင် ဖြစ်ကြသည်။
သူတို့၏ ကျင့်ကြံမှု အဆင့်မှာမူ ကမ္ဘာတည်ဆောက်ခြင်း အစောပိုင်းအဆင့် တွင် ရှိနေကြသည်။
ပုံရိပ်တစ်ခု လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်ရောက်လာသည်နှင့် စက္ကန့်အနည်းငယ်အတွင်းမှာပင် နှစ်ဖက်စလုံးမှ လူများမှာ အသံတိတ်သွားကြပြီး လေးစားကြောက်ရွံ့သော အကြည့်များဖြင့် ဝင်လာသူကို ကြည့်လိုက်ကြသည်။
"ငါ ပြောထားတယ် မဟုတ်လား၊ ဘယ်လို နားလည်မှုလွဲတာပဲ ဖြစ်ဖြစ် ငြိမ်ငြိမ်ထိုင်ပြီး သေချာ ညှိနှိုင်းကြလို့။ ဒီလိုနေရာမျိုးမှာ တစ်ယောက်နဲ့တစ်ယောက် အော်ဟစ်ဆဲဆိုနေလို့ ဘယ်လို အဓိပ္ပာယ်ရှိမှာလဲ။
လမ်းနှစ်လမ်းကျော်ကနေ တောင် သူတို့ရဲ့ မိဘတွေကို မေးမြန်းနေကြတာကို ကြားနေရတယ်။ အဲဒါက မကောင်းပါဘူး။"
ဖန့်ချန်သည် တတိယထပ်သို့ ဖြည်းညင်းစွာ လျှောက်လာပြီး ကုလားထိုင်တစ်လုံးကို ဆွဲယူကာ ပေါ့ပေါ့ပါးပါး ထိုင်ချလိုက်သည်။
ကမ္ဘာတည်ဆောက်ခြင်း အစောပိုင်းအဆင့် ဘေးအန္တရာယ်ကြယ် နှစ်ဦးသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အမြန်ဆုံး အနားသို့ တက်လာကြပြီး ပါးစပ်တစ်ပေါက်တည်းဖြင့် တစ်ဖက်လူ၏ အမှားများကို အပြိုင်အဆိုင် တိုင်ကြားကြတော့သည်။ တစ်ဖက်လူက ကျူးကျော်တယ်၊ တစ်ဖက်လူက ရိုင်းစိုင်းတယ် စသည်ဖြင့် အမျိုးမျိုး ပြောဆိုကြသည်။
ဖန့်ချန်က အချိန်အတော်ကြာအောင် သေချာ နားထောင်ပေးပြီးနောက် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်သည်။
"ဒီလောက် သေးငယ်တဲ့ ကိစ္စလေးကိုများ ထိုင်ပြီး ရန်ဖြစ်နေကြတာလား "
"အစ်ကိုကြီး၊ ဒါက သေးငယ်တဲ့ ကိစ္စ မဟုတ်ဘူးလေ။ သူသာ တောင်းပန်မပေးဘူးဆိုရင် နောက်ပိုင်းကျရင် ငါတို့ သူ့တို့ကို အသေအပျောက်များအောင် တိုက်ထုတ်သွားမှာ၊ ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူး။"
ကမ္ဘာတည်ဆောက်ခြင်း အစောပိုင်းအဆင့်ရှိသူ တစ်ဦးက တစ်ဖက်လူကို ရက်စက်စွာ စိုက်ကြည့်လိုက်သည်။
တစ်ဖက်လူကလည်း လက်မခံဘဲ ပြန်ပြောသည်
"ဒါဆိုလည်း တိုက်ကြတာပေါ့၊ ဘယ်သူသေမလဲဆိုတာ ကြည့်တာပေါ့။ ဒါနဲ့ မင်းတို့ ပုန်းနေတဲ့နေရာက အများကြီး လျှို့ဝှက်တယ်လို့ မထင်နဲ့၊ မကြာခင်မှာ မင်းတို့ဘယ်မှာနေတယ်ဆိုတာ ငါတို့ ရှာတွေ့တော့မှာ။"
အခြားသူတစ်ဦး၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။
ဖန့်ချန်က အေးစက်စက် လေသံဖြင့် ဆိုလိုက်သည်
"ငါ သေသွားပြီလို့ ထင်နေကြတာလား"
ထိုသူနှစ်ဦးစလုံးမှာ ကြောက်လန့်တကြားဖြင့် တုန်လှုပ်သွားကြပြီး ဝန်ခံသည်။
"မဝံ့ရဲပါဘူး၊ အစ်ကိုကြီးရယ်။"
"တစ်ယောက်ကို တစ်ခုစီ နိဗ္ဗာန်တားမြစ်နယ်မြေ တစ်ခု ပေးလိုက်ကြ။ ဒါဆိုရင် မင်းတို့ရဲ့ အငြင်းပွားမှုတွေ ပြီးဆုံးသွားပြီလို့ သတ်မှတ်မယ်။"
ဖန့်ချန်က အမိန့်ပေးလိုက်သည်။
"... ဟုတ်ကဲ့ပါ၊ အစ်ကိုကြီး။"
ထိုသူနှစ်ဦးက အသံတိုးတိုးဖြင့် လက်ခံလိုက်ကြသည်။
ဖန့်ချန်က -
"ဒါဆို လက်ဆွဲနှုတ်ဆက်ပြီး ပြေလည်အောင်လုပ်ကြတော့။"
သူတို့နှစ်ဦးမှာ မလွှဲသာမက လွှဲသာဖြင့် လက်ဆွဲနှုတ်ဆက်လိုက်ကြပြီး စိတ်မပါ့တပါဖြင့် အကြေအလည် ပြုလုပ်လိုက်ကြသည်။
ထိုစဉ် ကောင်းကင်ယံတွင် ကြီးမားသော မြင်ကွင်းကြီးတစ်ခု ထပ်မံ၍ ပေါ်ထွက်လာပြန်သည်။
"ဝမ်အိုကြီးပဲ၊ သူ ကျပန်းတိုက်ပွဲ မိတာ အကြိမ်ပေါင်းများနေပြီ။"
ဖန့်ချန်က အနည်းငယ် မနာလိုဖြစ်သွားသည်။
သူတော်စင်များလည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အာရုံစိုက်ကာ ကြည့်ရှုကြသည်။
ထိုနှစ်များအတွင်း သူတို့သည် ဝမ်ချုံစန်း၏ နည်းလမ်းများ မည်မျှအထိ ကြောက်စရာကောင်းကြောင်း တဖြည်းဖြည်း သဘောပေါက်လာကြပြီ ဖြစ်သည်။
အသေးစိတ်ကိုမူ သူတို့ အတိအကျ မသိကြသော်လည်း အနည်းဆုံးတော့ အဆင့် (၁၂) တွင် ရှိနေသည့် တုံယိုဧကရာဇ်ထက် အများကြီး သာလွန်ကြောင်းကိုမူ အသေအချာ သိရှိထားကြသည်။
ခဏအကြာတွင် ဝမ်ချုံစန်းသည် အောင်မြင်ဝင့်ကြွားစွာဖြင့် ဤတိုက်ပွဲကို အဆုံးသတ်လိုက်သည်။
ဖန့်ချန်က အကြည့်ကို ပြန်ရုတ်လိုက်ပြီး မျက်ဝန်းထဲတွင် အတွေးနက်နေသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
ဤကာလအတွင်း အကဲခတ်ခဲ့ရသဖြင့် ရှဲ့အာမန်နှင့် ဝမ်ချုံစန်းတို့၏ စွမ်းအားများမှာ တစ်နေ့တခြား တိုးတက်လာသည်ကို သူ တွေ့ရှိခဲ့ရသည်။
"အစ်မကြီးနဲ့ ဝမ်အိုကြီးတို့က သူတို့ရဲ့ မူလ အခြေအနေတွေကို တစ်စိုက်မတ်မတ် ပြန်လည် ဖော်ဆောင်နေကြတာ ဖြစ်မှာပါ။"
ထိုအချက်ကို စဉ်းစားမိရင်း ဖန့်ချန်သည် သူတို့နှစ်ဦး၏ ပခုံးကို အသာအယာ ပုတ်လိုက်သည်။
"ခုနက ပြောခဲ့တဲ့ စကားတွေကို အကုန်မှတ်ထားကြတယ် မဟုတ်လား "
"မှတ်မိပါပြီ၊ အစ်ကိုကြီး။"
ထိုစဉ်မှာပင် ကျယ်လောင်သော အသံကြီးတစ်ခုသည် ဝူရှန်းပေမြိန့်စခန်း တစ်ခုလုံးဆီသို့ တဝုန်းဝုန်းဖြင့် ပျံ့နှံ့လာလေတော့သည်။
ဖန့်ချန်၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။
ထိုကမ္ဘာတည်ဆောက်ခြင်း အစောပိုင်းအဆင့် ဘေးအန္တရာယ်ကြယ် နှစ်ဦးကလည်း ပါးစပ်အဟောင်းသားဖြင့် အော်ဟစ်လိုက်ကြသည်။
"အာဏာလုပွဲ စတော့မှာပဲ"
အခန်း (၂၉၈၆) - အဘက်ဘက်မှ အပြင်းအထန် ရောနှောတိုက်ခိုက်မည့် ပုံစံ
ရှေးကျပြီး ခမ်းနားထည်ဝါလှသော ခရာသံကြီးသည် တစ်ခုပြီးတစ်ခု အဆက်မပြတ် မြည်ဟည်းလာသည်။
ဝူရှန်းပေမြိန့်စခန်းရှိ ဆန်းနယဲ့ သူတော်စင်အများစုမှာ ထိုအသံကို ကြားလိုက်ရသောအခါ အများစုမှာ လေးနက်သော အမူအရာများ ပေါ်လာကြသည်။
ထိုအာဏာလုပွဲတွင် မိမိတို့ကိုယ်တိုင် ပါဝင်ရတော့မည်ကို ကြိုသိထားကြသည့် သူတော်စင်များ၏ မျက်ဝန်းတို့တွင်ဆိုလျှင် ပို၍ပင် ပြတ်သားခိုင်မာသော အရိပ်အယောင်များ ထွက်ပေါ်နေသည်။
ရွှေရောင် အလင်းတန်းများ တစ်ခုပြီးတစ်ခု ကျဆင်းလာသည်။
ဖန့်ချန်သည် ရွှေရောင် အလင်းတန်း၏ ရိုက်ခတ်မှုကို အစောဆုံး ခံလိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဖန့်ချန်သည် ရွှေရောင် အစီရင်အက္ခရာများဖြင့် တည်ဆောက်ထားသည့် ရွှေရောင် အစီရင်စင်မြင့် တစ်ခုပေါ်သို့ ရောက်ရှိသွားသည်။
သူ့ဘေးပတ်လည်တွင် ပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။
အရင်တစ်ခါကဲ့သို့ပင် ဖန့်ချန်သည် ဤနေရာတွင် လှုပ်ရှား၍မရဘဲ လက်ချောင်းတစ်ချောင်းကိုပင် မလှုပ်နိုင်သည်ကို ခံစားလိုက်ရသည်။
ထိုကဲ့သို့သော ရွှေရောင် အစီရင်စင်မြင့်များမှာ များပြားလှပေရာ ထောင်ပေါင်းများစွာ၊ သောင်းပေါင်းများစွာ ရှိနေသည်။
စင်မြင့်တိုင်းတွင် အလင်းမှိုင်းမှိုင်း မြူခိုးများ ဖုံးလွှမ်းနေပြီး အတွင်းဘက်တွင် ပုံရိပ်များစွာ ရှိနေသည်ကို ခပ်ဝါးဝါ မြင်တွေ့ရသော်လည်း အသေအချာတော့ မမြင်ရပေ။
လီတောက်ယဲ့၊ ချိုင်ကျင်း၊ ချန်နန်ခယ်၊ ဖုန်းယွန်းဝူတောက်၊ လော့ထျန်းဝမ်၊ ရှဲ့အာမန်၊ ဝမ်ချုံစန်း၊ ချိုင်ရွှီ... တုံယိုဧကရာဇ် စသည်တို့ အပါအဝင် ဝူရှန်းပေမြိန့်စခန်းရှိ ထိပ်တန်း ဘေးအန္တရာယ်ကြယ် အားလုံးမှာလည်း အစဉ်အတိုင်း ပေါ်ထွက်လာကြသည်။
ထိုကြေးနီတံခါးကြီးမှတစ်ဆင့် သူတို့နှင့်အတူ ဆန်းနယဲ့ စစ်မြေပြင်သို့ ရောက်ရှိလာကြသည့် သူတော်စင်များလည်း အဆက်မပြတ် ပေါ်ထွက်လာနေကြသည်။
"အစ်ကိုကြီး၊ ဒီမှာရှိတဲ့ အစီရင်စင်မြင့်တိုင်းက စခန်းတစ်ခုချင်းစီကို ကိုယ်စားပြုနေတာလားဟင် "
ဖန့်ကျစ်ရွှယ်၏ ရင်ထဲတွင် အံ့ဩတုန်လှုပ်မှုများဖြင့် အသက်ရှူမှားမတတ် ဖြစ်သွားသည်။
ဝူရှန်းပေမြိန့်စခန်းသည်ပင် သူမ၏ စိတ်ကူးထဲတွင် တွေးတော၍မရနိုင်လောက်အောင် ကြီးမားလှပေသည်။
သို့သော် ယခုနေရာရှိ ထောင်သောင်းချီသော အစီရင်စင်မြင့်ကြီးများမှာ တစ်ခုချင်းစီတိုင်းသည် ဝူရှန်းပေမြိန့်စခန်းနှင့် တူညီသော၊ သို့မဟုတ် ထိုထက်ပင် ကျော်လွန်သော စခန်းနယ်မြေများကို ကိုယ်စားပြုနေကြသည် လေ။
"ဟုတ်တယ်လေ။"
ဖန့်ကျစ်ရွှယ်၏ နားထဲတွင် ဖန့်ချန်၏ အေးဆေးတည်ငြိမ်သော အသံ ထွက်ပေါ်လာသည်။
ဤစကားကြောင့် သူမသည် ပို၍ပင် တုန်လှုပ်သွားပြီး ဆန်းနယဲ့ စစ်မြေပြင်သည် အမှန်တကယ် မည်မျှကြီးမားကြောင်း စိတ်ကူးကြည့်ရန် ကြိုးစားလိုက်သော်လည်း ခဏမျှ တွေးတောလိုက်ရုံဖြင့် သူမ၏ စိတ်ကူးဉာဏ်မှာ လုံလောက်တော့ခြင်း မရှိကြောင်း ခံစားလိုက်ရသည်။
"ဒါက မရေတွက်နိုင်တဲ့ နတ်ဘုရားအင်ပါယာ တွေ ရှိနေတာကို ကိုယ်စားပြုတာပဲ၊ ကောင်းကင်ယံက ကြယ်တာရာတွေလိုပဲ ကျယ်ပြောလှတဲ့ စကြဝဠာကြီးက တကယ်ကို ရင်သပ်ရှုမောစရာ ကောင်းလိုက်တာ..."
ဖန့်ကျစ်ရွှယ်၏ စိတ်နှလုံးထဲတွင် စကြဝဠာကြီးအပေါ် ထားရှိသည့် လေးစားကြည်ညိုမှုမှာ ပို၍ တိုးပွားလာသည်။
ထိုစဉ် ဟင်းလင်းပြင်ထဲတွင် အသံတစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
"အတိတ်တုန်းက အာဏာလုပွဲမှာဆိုရင် မင်းတို့တွေလည်း သိတဲ့အတိုင်း ကြေးနီသူတော်စင် နန်းတော်ကနေ အရန်ကိုယ်စားလှယ်သူတော်စင်တွေကို ရွေးချယ်ဖို့ဖြစ်လို့ အသေအပျောက်ပွဲအဖြစ် သတ်မှတ်ခဲ့တာပဲ။"
"အဲဒီတုန်းက ကြေးနီသူတော်စင် နန်းတော်ကနေ အရန်ကိုယ်စားလှယ်သူတော်စင် သုံးဦးကို ရွေးချယ်ပေးခဲ့တယ်။"
သူတော်စင်များ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားကြပြီး ထိုအချိန်က အလွန်တရာမှ ရက်စက်ကြမ်းကြုတ်ခဲ့သော သတ်ဖြတ်မှုကြီးကို အသီးသီး ပြန်ပြောင်း သတိရသွားကြသည်။
ထိုစဥ် အဝေးဘက် ဟင်းလင်းပြင်တွင် ရွှေရောင် အလင်းစက်လေးများ တလက်လက် တောက်ပြောင်လာပြီး ခဏချင်းမှာပင် ပုံရိပ်သုံးခုအဖြစ် တည်ဆောက်သွားကြသည်။
"အစ်ကိုကြီး၊ ဟာ ဟိုမှာ အစ်ကိုကြီးပဲ မဟုတ်လား"
ဖန့်ကျစ်ရွှယ်က အနည်းငယ် ဝမ်းသာအားရဖြင့် ပြောလိုက်သည်။
ဝမ်အိုကြီးတို့လည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာအမူအရာမှာ တစ်မျိုးတစ်ဖုံ ထူးဆန်းသွားကြသည်။
"ကြေးနီသူတော်စင် နန်းတော်ရဲ့ အရန်ကိုယ်စားလှယ်သူတော်စင် သုံးဦးကတော့ ဝူရှန်းပေမြိန့်စခန်းက ယဲ့ထျန်းဂူ ၊ ဝူရှန်းပေမြိန့်စခန်းက လော့ထျန်းဝမ်နဲ့ လန်ယွဲ့စခန်းက မသေမျိုးဧကရာဇ်တို့ပဲ ဖြစ်ကြတယ်။"
ထိုအသံကြီးသည် နောက်တစ်ကြိမ် ထပ်မံ မြည်ဟိန်းလာသည်။
မရေမတွက်နိုင်သော အကြည့်များသည် ဤပုံရိပ်သုံးခုဆီသို့ ကျရောက်သွားကြပြီး အချို့၏ အကြည့်များတွင် မနာလိုဝန်တိုမှုများ၊ အချို့တွင် အားကျမှုများ ပါဝင်နေသည်။
အချို့သော အကြည့်များတွင်မူ ရန်လိုမှုများနှင့် အထင်သေးမှု အနည်းငယ်စီ ပါဝင်နေကြသည်။
ထိုစဉ် ရုတ်တရက် ပုံရိပ်သုံးခုထဲမှ ပုံရိပ်နှစ်ခုမှာ ရုတ်တရက် ပျောက်ကွယ်သွားသည်။
နောက်ဆုံးတွင် မသေမျိုးဧကရာဇ်၏ ပုံရိပ်တစ်ခုတည်းသာ ကျန်ရစ်ခဲ့သည်။
စခန်းအသီးသီးမှ သူတော်စင်များမှာ အနည်းငယ် အံ့အားသင့်သွားကြသည်။
ထိုအသံက အချိန်ကိုက်ပင် ရှင်းပြလာသည်
"မသေမျိုးဧကရာဇ်ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာပဲ အထွတ်ထိပ်တာအိုအဆင့် ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး တရားဝင် စာမေးပွဲကိုလည်း အောင်မြင်စွာ ဖြတ်ကျော်ပြီး ကြေးနီသူတော်စင် နန်းတော်ရဲ့ တရားဝင် အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့ပါပြီ။ အားလုံးက မသေမျိုးဧကရာဇ်အတွက် ဂုဏ်ပြုပေးကြပါ။"
"ဘာ"
သူတော်စင်အများစု၏ မျက်ဝန်းတို့တွင် အလွန်အမင်း တုန်လှုပ်ခြောက်ခြားနေမှုများဖြင့် ပြည့်နှက်သွားသည်။
ဘယ်လောက်တောင် ကြာသွားပြီလဲ
ထိုမသေမျိုးဧကရာဇ်က အထွတ်ထိပ်တာအိုအဆင့်ကို တက်လှမ်းနိုင်ုံရုံသာမက တရားဝင် စာမေးပွဲကိုပါ အောင်မြင်ပြီး ကြေးနီသူတော်စင် နန်းတော်ရဲ့ တရားဝင် အဖွဲ့ဝင်တောင် ဖြစ်သွားပြီလား။
ဤအချက်က သူတော်စင်များ၏ အားကျလိုစိတ်နှင့် မနာလိုမှုကို နောက်တစ်ကြိမ် ထပ်မံ လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
ဖန့်ချန်၏ စိတ်ထဲတွင်လည်း အနည်းငယ် အံ့ဩသွားမိသည်။ အခြားသူများ တွေးထောက်နေကြသည်နှင့် မတူဘဲ မသေမျိုးဧကရာဇ် မည်သည့်လမ်းကို လျှောက်လှမ်းသွားခဲ့သည်ဆိုသည်ကို သူ ခန့်မှန်းမိပေသည်။
ထိုသူသည် မဟာလောက အနှစ်သာရစွမ်းအင် ကို စောင့်ဆိုင်းနေတော့မည် မဟုတ်ပေ။
ယခုအခါ ကြေးနီသူတော်စင် နန်းတော်၏ အဖွဲ့ဝင် ဖြစ်လာခြင်းကလည်း လူအများအပြားကြားတွင် သာမန်လူတစ်ယောက်ကဲ့သို့ ပျောက်ကွယ်သွားခြင်းပင် ဖြစ်ပေလိမ့်မည်။
မရေမတွက်နိုင်သော စခန်းနယ်မြေများရှိ အရန်ကိုယ်စားလှယ်သူတော်စင်များ၏ လက်ရှိ စိတ်ကူးအမြင်များမှာလည်း ဖန့်ချန်နှင့် အတူတူပင် ဖြစ်ကြသည်။
ထို့ကြောင့် သူတို့၏ စိတ်နှလုံးထဲတွင် ဝမ်းသာခြင်းလည်း မရှိ၊ ပူဆွေးခြင်းလည်း မရှိကြဘဲ အများဆုံး ဖြစ်လာလျှင် အနည်းငယ် သက်ပြင်းချမိရုံသာ ရှိပေလိမ့်မည်။
"အခု လက်ရှိ ကျင်းပမယ့် ဒီအာဏာလုပွဲက အရင်တစ်ခါနဲ့ မတူတော့ပါဘူး။"
ထိုအသံကြီးက နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာသည်။
"အစတုန်းကတော့ ကြိုတင်စမ်းသပ်မှု သက်သက်ပါပဲ။ ဒီတစ်ကြိမ်မှာတော့ ရှေးဟောင်းအင်ပါယာကြီး ခုနှစ်ခုက သူတို့ရဲ့ နေရာလွတ်တွေကို အသီးသီး ဖွင့်လှစ်ပေးထားကြပါပြီ။ မင်းတို့တွေသာ ဒီနေရာမှာ ရှေ့ဆက်တက်လှမ်းချင်တယ်ဆိုရင် ဒီတစ်ကြိမ် အခွင့်အရေးကို လုံးဝ လက်လွတ်ခံလို့ မရဘူး။"
ရှေးဟောင်းအင်ပါယာကြီးတွေအားလုံးက နေရာလွတ်တွေကို ဖွင့်လှစ်ပေးလိုက်ပြီလား။
သူတော်စင် အများအပြားမှာ ရင်ထဲတွင် အသက်ကို ပြင်းပြင်းရှူလိုက်ကြသည်။
ဆိုလိုသည်မှာ ဤတစ်ကြိမ်တွင် အရန်ကိုယ်စားလှယ်သူတော်စင် ဖြစ်လာနိုင်သည့် အခွင့်အရေးမှာ ယခင်နှစ်တွေထက် ပိုများလာမည်ဟု ဆိုလိုခြင်းပင်မဟုတ်လား။
"မဟုတ်ဘူး၊ ဒီလိုဆိုရင် ပြိုင်ဆိုင်မှုက ပိုပြီး ပြင်းထန်သွားတော့မှာပေါ့။ ဒီနေရာလွတ်တွေက မျှော်လင့်ချက်တွေကို ယူဆောင်လာပေးပေမယ့် အဲဒါတွေကို လုယူဖို့အတွက် သူတော်စင်တိုင်းက အစွမ်းကုန် ရုန်းကန်ကြလိမ့်မယ်..."
ဤအကြံအစည် ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူတော်စင်အသီးသီး၏ နှလုံးသားမှာ ထိတ်လန့်တကြားဖြင့် တဒုန်းဒုန်း ခုန်ပေါက်လာကြသည်။
ဤတစ်ကြိမ် အာဏာလုပွဲသည် သူတို့ စိတ်ကူးထားသည်ထက် ပို၍ပင် ရက်စက်ကြမ်းကြုတ်လိမ့်မည် ဖြစ်ပေသည်။
"ဒါကြောင့်မို့လို့ ဒီတစ်ကြိမ် အာဏာလုပွဲကို အဘက်ဘက်က အပြင်းအထန် ရောနှောတိုက်ခိုက်မယ့် ပုံစံ အဖြစ် သတ်မှတ်လိုက်တယ်။"
"ဒီလိုနည်းလမ်းမှသာ မင်းတို့ရဲ့ အလားအလာ အပြည့်အဝကို ထုတ်ဖော်ပေးနိုင်မှာ ဖြစ်တယ်။"
ထိုစကားကို ကြားလိုက်ရသောအခါ ရှူဖူကဲ့သို့သော စခန်းတာဝန်ခံများပင်လျှင် တုန်လှုပ်သွားကြသည်။
"အထက်ကလူတွေ ရူးသွားကြပြီလား အဘက်ဘက်က ရောနှောတိုက်ခိုက်တဲ့ ပုံစံ ဟုတ်လား ဒါဆိုရင် စခန်းအများအပြားက အမြစ်ပြတ် သတ်ဖြတ်ခံရပြီး လုံးဝ ပျက်စီးသွားကြတော့မှာ မဟုတ်ဘူးလား"
ရှူဖူ၏ မျက်နှာထားမှာ အလွန်တရာမှ မည်းမှောင်သွားသည်။
ပုံမှန်အားဖြင့် စခန်းနှစ်ခု တိုက်ခိုက်ကြရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကြောက်ရွံ့မှုများ ရှိနေကြသဖြင့် နောက်ဆုံးအထိ တစ်ဖက်လူ၏ ထိပ်တန်းပညာရှင်များကို အပြတ်သတ် ဖျက်ဆီးပစ်ရန်မှာ မဖြစ်နိုင်သလောက် နီးပါးပင် ဖြစ်ပေသည်။
အနိုင်အရှုံး သေချာသွားသည့် အချိန်တွင် နှစ်ဖက်စလုံးက မိမိတို့၏ အင်အားများကို ထိန်းသိမ်းထားကြလေ့ရှိသည်။
ယခုကဲ့သို့ အဘက်ဘက်မှ ရောနှောတိုက်ခိုက်ရမည့် ပုံစံကမူ ဤကဲ့သို့သော လျှို့ဝှက်စည်းမျဉ်းကို ချိုးဖျက်ပစ်လိုက်ခြင်းပင် ဖြစ်ပေသည်။
လှည့်စားခြင်း၊ အကွက်ချခြင်း၊ အချင်းချင်း တိုက်ခိုက်ခြင်းများကို လုံးဝ ဟန်ချက်ညီအောင် ထိန်းညှိပေးနိုင်မည် မဟုတ်တော့ဘဲ အင်အားကို ထိန်းသိမ်းထားရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်တော့ပေ။
"တစ်ချိန်တည်းမှာပဲ ရှေးဟောင်းအင်ပါယာကြီး ခုနှစ်ခုဘက်က အထူးဆုလာဘ် တစ်ခုကို ချီးမြှင့်ပေးမှာပါ။"
"မိမိတို့ဘက်က မဟုတ်ပဲ အခြားအုပ်စု တစ်ခုခုကအရန်ကိုယ်စားလှယ်သူတော်စင်တစ်ဦးကို သတ်ဖြတ်နိုင်ခဲ့မယ်ဆိုရင် အမှတ် (၁) မှတ် ရရှိမှာ ဖြစ်ပါတယ်။ အမှတ် သုံးမှတ် ပြည့်သွားပြီဆိုရင် မဟာလောက အနှစ်သာရစွမ်းအင် နဲ့ လဲလှယ်နိုင်ပါတယ်။"
"တကယ်လို့ အမှတ် နှစ်မှတ်ပဲ ရှိတယ်ဆိုရင်တော့ ကမ္ဘာကြီးအဆင့် အနှစ်သာရစွမ်စွမ်းအင်််ရဲ့ (၆) ဆလောက်ပဲ စွမ်းဆောင်ရည်ရှိတဲ့ သွေးကြောအရင်းအမြစ်သီး နဲ့ လဲလှယ်နိုင်ပါတယ်။"
"အနည်းဆုံး အမှတ် တစ်မှတ်ပဲ ရှိရင်တောင်မှ ကမ္ဘာကြီးအဆင့်ရဲ့ နီလာပန်း တစ်ပွင့်နဲ့ လဲလှယ်နိုင်ပြီး၊ အဲဒီပန်းရဲ့ စွမ်းဆောင်ရည်ကလည်း ကမ္ဘာကြီးအဆင့် မဟာလောက အနှစ်သာရစွမ်းအင်ရဲ့ (၃) ဆအထိ ရှိပါတယ်။"
ဤစကားကို အဆုံးသတ်လိုက်သည်နှင့် စခန်းအသီးသီးမှ အရန်ကိုယ်စားလှယ်သူတော်စင်များမှာ တစ်ပြိုင်နက်တည်း တုန်လှုပ်သွားကြပြီး သူတို့၏ မျက်ဝန်းတို့တွင် အံ့ဩဝမ်းသာခြင်း၊ တုန်လှုပ်ခြင်းနှင့် ခြောက်ခြားခြင်း အမူအရာများ မျိုးစုံ ထွက်ပေါ်လာကြသည်။
" ရှေးဟောင်းအင်ပါယာကြီးတွေက ဒါကို ပိုးကောင်တွေလို မွေးမြူနေကြတာလား "
ဖန့်ချန်က အနည်းငယ် အံ့အားသင့်သွားသည်။
အမှတ် သုံးမှတ်သာ စုဆောင်းနိုင်ခဲ့မယ်ဆိုရင် မဟာလောက နှစ်သာရစွမ်းအင် နဲ့ တိုက်ရိုက် လဲလှယ်လို့ရပြီလား။
သူ့အတွက်မူ ဤအချက်သည် အလွန်တရာမှ အကျိုးရှိမည့် ကောင်းသောသတင်း တစ်ရပ်ပင် ဖြစ်ပေသည်။
"မဟာလောက နှစ်သာရစွမ်းအင်... ဒီနေရာမှာ တကယ်ပဲ မဟာလောက နှစ်သာရစွမ်းအင် ရှိနေတာပဲ၊ ဒါပေမဲ့ ငါက အခုထိ အရန်ကိုယ်စားလှယ်သူတော်စင် မဟုတ်သေးဘူး "
ချိုင်ကျင်း၏ မျက်လုံးများမှာ မီးတောက်များ တောက်လောင်နေသကဲ့သို့ ဖြစ်သွားပြီး စိတ်လှုပ်ရှားမှုနှင့် မကျေနပ်ချက်များ အပြည့်အဝ ထွက်ပေါ်လာသည်။
သို့သော် ကျန်ရှိနေသည့် သူတော်စင်အများစုမှာမူ တွေဝေနေကြဆဲပင် ဖြစ်သည်။
သူတို့သည် မဟာလောက နှစ်သာရစွမ်းအင် ဆိုသည်မှာ ဘာလဲဆိုသည်ကို မသိကြသလို တစ်ခါမျှလည်း မကြားဖူးကြပေ။
"ပြောစရာရှိတာတွေလည်း အကုန်ကုန်သွားပြီ ထင်ပါတယ်။"
"အာဏာလုပွဲ စတင်ပါပြီ၊ အားလုံးပဲ ကံကောင်းကြပါစေ။"
စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် သူတော်စင်များ၏ ခြေအောက်ရှိ အစီရင်စင်မြင့်များမှ မရေမတွက်နိုင်သော နတ်ဘုရား အလင်းတန်းကြီးများ ထွက်ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတော်စင် အားလုံး လုံးဝ ပျောက်ကွယ်သွားကြတော့သည်။
... ...
... ...
ဖန့်ချန်သည် မူလနေရာတွင်ပင် ရပ်လျက် တစ်လက်မမှ မလှုပ်ရှားပေ။
သူ့ဘေးပတ်လည်ရှိ မြင်ကွင်းကြီးမှာ ပျက်စီးသွားပြီး ရာဘာဖျက်စဖြင့် ဖျက်ပစ်လိုက်သကဲ့သို့ ဖြစ်သွားကာ ပုံဆွဲဘရပ်ရှ်ဖြင့် အသစ်တဖန် ပြန်လည် ဆက်စပ်ပေးလိုက်သကဲ့သို့ ပြောင်းလဲသွားသည်။
အခြားသူတော်စင်များ၏ ပုံရိပ်များလည်း တစ်ခုပြီးတစ်ခု ပေါ်ထွက်လာကြသည်။
ခြေအောက်တွင် ရွှေရောင် အစီရင်ရင်စင်မြင့် မရှိတော့ဘဲ ပတ်ဝန်းကျင် အနေအထားမှာလည်း ဟင်းလင်းပြင်ထဲတွင် မဟုတ်တော့ပေ။
ယခင်တစ်ခါကဲ့သို့ ခမ်းနားသော ခံတပ်ကြီးထဲတွင်လည်း မဟုတ်ဘဲ အလွန်တရာမှ ကြီးမားလှပြီး အလယ်မှ ထက်ပိုင်း ပိုင်းဖြတ်ခံထားရသကဲ့သို့ ပြတ်တောက်နေသည့် တောင်ထွတ်ကြီးတစ်ခုပေါ်တွင် ရောက်ရှိနေကြသည်။
ပတ်လည်တွင် ပါးလွှာသော ရွှေရောင်အလင်းတန်း အလွှာလေးတစ်ခုက ဖုံးလွှမ်းထားပြီး ထိုနေရာကို အပြင်လောကနှင့် သီးခြားစီ ခွဲထုတ်ထားပေသည်။
သူတော်စင်များသည် မသိမသာဖြင့် ရွှေရောင်အလင်းတန်း၏ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြရာ အလားတူ တောင်ထွတ်ကြီးများစွာကို ခပ်ဝါးဝါ မြင်တွေ့နေရသည်။
"သခင်လေး၊ ဒီတစ်ခါတော့ ငါတို့မှာ ကြီးမားတဲ့ ပြဿနာကြီးနဲ့ ရင်ဆိုင်ရတော့မယ် ထင်တယ်။ အဘက်ဘက်မှ အပြင်းအထန် ရောနှောတိုက်ခိုက်မယ့် ပုံစံတဲ့ ဗျာ၊ အရင်တုန်းက ဒီလိုပုံစံမျိုး ပေါ်လာတိုင်း ဆန်းနယဲ့ စစ်မြေပြင်ကြီး တစ်ခုလုံးကို အစအနမကျန်အောင် အသစ်တဖန် ဆေးကြောပစ်တတ်တယ်လို့ ကြားဖူးတယ် "
လီတောက်ယဲ့က အနားသို့ တိုးလာပြီး သူ၏ အမူအရာမှာ အလွန်တရာမှ လေးနက်နေလေတော့သည်။