အခန်း ၂၁၁
Vol. 18 Ch. 211
အခန်း။ ၂၁၁
တိုက်ရိုက်ထုတ်လွှင့်နေသည့် အခန်းတွင်းမှ ပရိသတ်များမှာ လုံးဝ ဆူညံသွားကြတော့သည်။
[……]
[ဟာ့ဗျာ ကျောင်းသားတွေ အများကြီး ဘာလို့ မရွေးချယ်ခံရတာလဲဆိုတာကို အခုမှပဲ အကြောင်းရင်းကို သိရတော့တယ်ပေါ့]
[စောက်ကျိုးနည်း ဒီလူတွေက ပညာသင်ဆုတွေနဲ့ ထောက်ပံ့ကြေးတွေကို ခေါင်းပုံဖြတ်ပြီး လိမ်စားနေကြတာလား]
[ဒါက သူတို့ ပိုက်ဆံရှာတဲ့ နည်းလမ်းပဲလား။ တစ်နှစ်ကို ဘလောက်တောင် ရအောင် စုဆောင်းနေကြတာလဲ]
[ဒီတက္ကသိုလ်မှာ သူတို့ ရှိနေတာ ဆယ်စုနှစ်တစ်ခုကျော်ပြီ မဟုတ်လား။ တစ်နှစ်ကို ရာဂဏန်းနဲ့ချီပြီး ယူနေတယ်ဆိုရင် ဆယ်နှစ်အတွင်း သန်းပေါင်းများစွာ ဖြစ်သွားပြီပေါ့]
[စောက်ကျိုးနည်းပဲ ဒါဆိုရင် သူဌေးသားတွေက ဆင်းရဲတဲ့ ကျောင်းသားတွေကို အစားထိုးတာတင် မဟုတ်ဘဲ ဒီလူတွေကိုယ်တိုင်က ပိုက်ဆံတွေကို ယူသွားကြတာကိုး]
[ဒါက ငွေညှစ်ပြီး ခိုးစားတဲ့ နည်းလမ်းပဲလား။ တကယ်ကို ရွံစရာကြီးဟ စောက်ကျိုးနည်း...]
ဂူချန်၏ ဤစကားများကို ကြားလိုက်ရသောအခါ ရန်ချန်းတက္ကသိုလ်၏ ကျောင်းအုပ်ကြီး လုဟန့်ရှန်း လုံးဝ မခံမရပ်နိုင်တော့ပေ။
ဒုကျောင်းအုပ်ကြီး ကျောက်ချွမ်းဇုံလည်း မခံနိုင်တော့ပေ။
သူတို့နှစ်ဦးစလုံး၏ မျက်နှာများမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။
ဂူချန် သိသွားပြီလား။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဘယ်လိုလုပ်ပြီး ဒီလိုအဖြစ်မျိုး ဖြစ်နိုင်မှာလဲ။
အကယ်၍သာ ဂူချန် သိသွားခဲ့ပြီဆိုရင်တော့ ငါတို့ အားလုံး ပြီးသွားပြီ။
လုဟန့်ရှန်းက "ဂူချန် မင်း အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့ အထောက်အထား မရှိဘဲနဲ့ မိုက်မဲတဲ့ စကားတွေ မပြောနဲ့ ကျွန်တော်တို့ ကျောင်းကို အသရေမဖျက်နဲ့" ဟု အော်ဟစ်ကာ ပြောလိုက်သည်။
ဒုကျောင်းအုပ်ကြီး ကျောက်ချွမ်းဇုံကလည်း "ဂူချန် ငါတို့ကို မတရား စွပ်စွဲမှုတွေ မလုပ်နဲ့ ကျွန်တော်တို့ကျောင်းက ဒီလိုကိစ္စမျိုး ဘယ်တုန်းကမှ လုပ်ခဲ့တာ မရှိဘူး" ဟု ပြောလိုက်သည်။
ဂူချန်က တည်ငြိမ်စွာဖြင့် "ရန်ချန်းတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီး လုဟန့်ရှန်းနဲ့ ဒုကျောင်းအုပ်ကြီး ကျောက်ချွမ်းဇုံတို့က ကိုယ်ကျိုးအတွက် အာဏာကို အလွဲသုံးစား လုပ်ခဲ့ကြပါတယ်"
"ကျောင်းအုပ်ကြီး လုဟန့်ရှန်းက ကျောင်းတွင်းက ဆိုင်ခန်းတွေနဲ့ စားသောက်ဆိုင်တွေကို ဖွင့်လှစ်လုပ်ကိုင်ခွင့် အခွင့်အရေးတွေကို သူ့ရဲ့ ဆွေမျိုးသားချင်းတွေနဲ့ မိတ်ဆွေတွေဆီကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်"
"အဲဒီနောက်မှာ သူ့ရဲ့ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေက သူ့ကို ရောင်းအား ကော်မရှင် တွေ ပြန်ပေးကြပါတယ်"
"လုဟန့်ရှန်းက သူ့ရဲ့ ရာထူးကို အသုံးချပြီး ဆွေမျိုးတွေရဲ့ ကလေးတွေကို ကျောင်းထဲကို လက်ခံပေးခဲ့ပြီး အဲဒီအတွက် တန်ဖိုးကြီးမားတဲ့ ကော်မရှင်တွေကို အပြန်အလှန် ရယူခဲ့ပါတယ်"
"လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ လုဟန့်ရှန်းက သူ့ရဲ့ ရာထူးကို အသုံးချပြီး သန်းပေါင်းများစွာကို ကျော်လွန်တဲ့ တရားမဝင် အမြတ်အစွန်းတွေကို ရယူခဲ့ပါတယ်"
"ဒါက ကိုယ်ကျိုးအတွက် အာဏာကို အလွဲသုံးစား လုပ်တာ မဟုတ်ဘူးလား"
"ဒီမှာတော့ ကျောင်းအုပ်ကြီး လုဟန့်ရှန်းနဲ့ သူ့ရဲ့ ဆွေမျိုးတွေရဲ့ ဘဏ်ငွေလွှဲပြောင်းမှု မှတ်တမ်းတွေ၊ ပြီးတော့ ကျောင်းအတွင်းမှာ သူတို့ လုပ်ကိုင်နေတဲ့ လုပ်ငန်းလိုင်စင် အထောက်အထားတွေ ရှိပါတယ်" ဟု တင်ပြလိုက်သည်။
ကျောင်းအတွင်းရှိ ဆိုင်ခန်းအများအစုမှာ မူလက ကျောင်း၏ ပိုင်ဆိုင်မှုများသာ ဖြစ်ပြီး ကျောင်းအုပ်ကြီး၏ ကိုယ်ပိုင်ပစ္စည်းများ မဟုတ်ပေ။
ဆိုင်ခန်းများကို ငှားရမ်းခြင်းဖြင့် ရရှိလာသည့် ငွေကြေးများက တက္ကသိုလ်၏ အများပိုင် ရန်ပုံငွေများသာ ဖြစ်သည်။
ကျောင်းအနေဖြင့် ဤငွေကြေးများကို အခြားသော လိုအပ်ချက်များအတွက် အသုံးပြုရပေမည်။
သို့သော် လုဟန့်ရှန်းက ကိုယ်ကျိုးအတွက် အာဏာကို တလွဲအသုံးပြုကာ ဤနည်းလမ်းဖြင့် ငွေကြေးအမြောက်အမြားကို ရှာဖွေခဲ့ခြင်းပင်။
ကျောင်း၏ ရန်ပုံငွေ အချို့က လုဟန့်ရှန်း၏ အိတ်ကပ်ထဲသို့ စီးဝင်သွားခဲ့သည်။
လုဟန့်ရှန်းသည် ဤတက္ကသိုလ်၏ ကျောင်းအုပ်ကြီးအဖြစ် ဆယ်နှစ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယွမ် သန်းပေါင်းများစွာကို ရှာဖွေခဲ့သည်။
"သာမန် အခြေအနေမှာ တက္ကသိုလ် ကျောင်းအုပ်ကြီး တစ်ယောက်အနေနဲ့ ဆယ်နှစ်အတွင်း ယွမ် သန်းပေါင်းများစွာကို ဘယ်လိုလုပ် ရှာနိုင်မှာလဲ..."
ဂူချန်က "ဒါတွေကတော့ လုဟန့်ရှန်းနဲ့ သူ့မိသားစုနာမည်အောက်မှာ ရှိတဲ့ စုစုပေါင်း ပိုင်ဆိုင်မှုတွေဖြစ်ပြီး... ယွမ် သန်းနှစ်ဆယ်ကျော်တောင် ရှိတာပါ။ လုဟန့်ရှန်းအနေနဲ့ သာမန် လစာနဲ့ ဒီလောက်များပြားတဲ့ ပိုက်ဆံတွေကို ဘယ်လိုလုပ် ရှာနိုင်မှာလဲ..." ဟု ပြောလိုက်သည်။
ဂူချန်က ဆက်ပြီး "ဒီမှာ အခြားအထောက်အထားတွေလည်း ရှိပါသေးတယ်..."
"ရန်ချန်းတက္ကသိုလ်က 985 နဲ့ 211 တက္ကသိုလ်တွေလောက် နာမည်မကြီးပေမဲ့... ထိပ်တန်းကျောင်း တစ်ကျောင်းတော့ ဟုတ်ပါတယ်..."
"ဒီတက္ကသိုလ်က တကယ်တမ်းမှာ တော်တော်လေး ကောင်းပြီး... ဝင်ခွင့်အမှတ်တွေလည်း အတော်လေး မြင့်တာပါ..."
"နှစ်တိုင်း ကျောင်းသားအများကြီးက ဒီကျောင်းကို တက်ချင်ကြတာပါ..."
"ဒါပေမဲ့ လုဟန့်ရှန်းက အချို့သော ဆွေမျိုးတွေရဲ့ ကလေးတွေကို ကျောင်းဝင်ခွင့်ရစေဖို့အတွက်... သူ့ရဲ့ ရာထူးကို အသုံးချပြီး ကိုယ်ကျိုးအတွက် အာဏာအလွဲသုံးစား လုပ်ခဲ့တာပါ..."
"ဒီဆွေမျိုးတွေရဲ့ ကလေးတွေက လုဟန့်ရှန်းကို ပိုက်ဆံပေးကြပြီး... ပိုက်ဆံသာ ရောက်လာပြီဆိုရင် လုဟန့်ရှန်းက ကျောင်းသားတွေကို ကျောင်းဝင်ခွင့်ရအောင် နည်းလမ်းရှာပေးတော့တာပါပဲ..."
"ပိုက်ဆံသာ အဆင်ပြေရင် လုဟန့်ရှန်းက ဒီကျောင်းသားတွေကို ဘွဲ့လွန် တိုက်ရိုက်တက်ရောက်ခွင့်ရရှိအောင်ပါ လမ်းခင်းပေးတာပါ..."
"စံချိန်စံညွှန်း မပြည့်မီတဲ့ ကျောင်းသားအချို့က လုဟန့်ရှန်းကို သိထားရုံနဲ့တင်... လုဟန့်ရှန်းက သူတို့ကို ကျောင်းဝင်ခွင့်ရဖို့တင် မကဘဲ ဘွဲ့လွန်ကျောင်းသားတွေ ဖြစ်လာတဲ့အထိ လမ်းခင်းပေးခဲ့တာပါ..."
"ဒါပေမဲ့ တက္ကသိုလ်ရဲ့ ကျောင်းဝင်ခွင့် နေရာတွေက ကန့်သတ်ချက် ရှိပါတယ်။ ကျောင်းသားတစ်ယောက် တံခါးနောက်ကွယ်ကနေ ဝင်လာတိုင်း... တက္ကသိုလ်ကို တကယ် ဝင်ခွင့်ရရမယ့် အခြားကျောင်းသားတစ်ယောက် လျော့နည်းသွားရတာပါ..."
"တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကနေတစ်ဆင့် ဒီတက္ကသိုလ်ကို ဝင်လာနိုင်ရမယ့် ကျောင်းသားတွေဟာ... လုဟန့်ရှန်းရဲ့ တိတ်တဆိတ် လုပ်ဆောင်ချက်တွေကြောင့် မဝင်နိုင်တော့တာမျိုးတွေ ဖြစ်လာရတာပါ..." ဟု ပြောရင်း အထောက်အထားများကို တင်ပြလိုက်သည်။
ထိုအထဲတွင် အမျိုးမျိုးသော အထောက်အထားများ ပါဝင်သည်။
လုဟန့်ရှန်း ကိုယ်တိုင်ပင် မသိရှိထားခဲ့သော အထောက်အထားများပင် ပါဝင်နေသည်။
ဘဏ်ငွေလွှဲပြောင်းမှုများအပြင် အမျိုးမျိုးသော ထောက်ခံချက်များနှင့် လုံခြုံရေး ဗီဒီယိုမှတ်တမ်းများပင် ပါဝင်နေသည်။
ဒီအရာတွေကို ဘယ်လို စုံစမ်းစစ်ဆေးခဲ့တာလဲ။
လုဟန့်ရှန်း၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
"ငါ လုံခြုံရေး ဗီဒီယိုမှတ်တမ်းတွေ အားလုံးကို ဖျက်ဆီးပစ်ခဲ့တာ မဟုတ်ဘူးလား..."
"ဂူချန့်လက်ထဲမှာ ဒီလောက်များပြားတဲ့ လုံခြုံရေး ဗီဒီယိုတွေ ဘယ်လိုလုပ် ရှိနေတာလဲ..."
"အရေးအကြီးဆုံးကတော့... ဂူချန်က ဒီအကြောင်းအရာတွေ အားလုံးကို ဘယ်လိုလုပ် သိနေရတာလဲ..."
လုဟန့်ရှန်း စကားမပြောရသေးမီမှာပင် ဂူချန်က ဆက်လက်၍ "ဒုကျောင်းအုပ်ကြီး ကျောက်ချွမ်းဇုံက သူဌေးသား ကျောက်ဝမ်ရွှမ်းရဲ့ ဦးလေးပါ"
"ကျောင်းအုပ်ကြီး လုဟန့်ရှန်းနဲ့ ဒုကျောင်းအုပ်ကြီး ကျောက်ချွမ်းဇုံတို့ ပူးပေါင်းကြံစည်ပြီး သူတို့ရဲ့ ရာထူးတွေကို အသုံးချပြီး ပမာဏ မသိရသေးတဲ့ ငွေကြေးတွေကို ရှာခဲ့ကြတာပါ..."
"ဒုကျောင်းအုပ်ကြီး ကျောက်ချွမ်းဇုံက သူ့ရဲ့ အာဏာကို အသုံးချပြီး... ကျောင်းတွင်းက ဆိုင်ခန်း ၁၀ ခန်းရဲ့ လုပ်ကိုင်ခွင့်ကို ကျောက်ဝမ်ရွှမ်းရဲ့ အဖေဆီ ပေးခဲ့တာပါ..."
"ကျောက်မိသားစုက အဲဒီ ဆိုင်ခန်း ၁၀ ခန်းနဲ့ စားသောက်ဆိုင် လုပ်ကိုင်ခွင့်တွေကနေ ရလာတဲ့ ဝင်ငွေတွေအပြင်... ပမာဏ မသိရသေးတဲ့ ငွေကြေးတွေကိုပါ ရှာဖွေခဲ့ကြပါတယ်..."
တက္ကသိုလ် ဆိုင်ခန်းတွေကို ထားလိုက်ပါဦး….
မူလတန်းကျောင်းငယ်လေး တစ်ကျောင်းက ဆိုင်ခန်းလေး တစ်ခန်းတောင်မှ တစ်နှစ်ကို ဝင်ငွေ အများကြီး ရတာပါ။
အထူးသဖြင့် တက္ကသိုလ်ကျောင်းသားတွေမှာ လစဉ် သင့်တင့်တဲ့ မုန့်ဖိုး/ထောက်ပံ့ကြေးတွေ ရှိကြတာကိုး။
ဒါ့အပြင် တက္ကသိုလ်တစ်ခုမှာ ကျောင်းသားဦးရေကလည်း အတော်လေး များတာပါ။
ဒါပေမဲ့ ကျောက်ချွမ်းဇုံက သူ့ရဲ့ ဆွေမျိုးတွေကို ဆိုင်ခန်း ၁၀ ခန်းအထိ လုပ်ကိုင်ခွင့် ပေးခဲ့တယ်။
ဆိုင်ခန်း တစ်ခန်းတည်းကတင် လုံလောက်တဲ့ အမြတ်အစွန်းကို ရှာနိုင်တာ၊
ဆိုင်ခန်း ၁၀ ခန်းဆိုရင်တော့ ပြောစရာတောင် လိုဦးမှာလား။
ဂူချန်က ဆက်ပြီး "အဲဒီနောက်မှာ ဒုကျောင်းအုပ်ကြီး ကျောက်ချွမ်းဇုံက သူ့ရဲ့ ဆွေမျိုးတွေဆီကနေ ကော်မရှင်တွေ ရယူတာပါ..."
"ဒီနည်းလမ်းနဲ့ သူတို့က တစ်နှစ်ကို ငွေကြေးအမြောက်အမြား ရှာနိုင်ကြတာပါ..."
"ဒါ့အပြင်... ကျောက်ဝမ်ရွှမ်းက နိုင်ငံတော် ပညာသင်ဆုနဲ့ ကျောင်းအုပ်ကြီးရဲ့ ပညာသင်ဆုတွေကိုပါ ရခဲ့ပြီး... အဲဒါတွေကို ဒုကျောင်းအုပ်ကြီး ကျောက်ချွမ်းဇုံက ချီးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်..."
"နည်းနည်းပါးပါး လိမ်ညာလှည့်ဖြားလိုက်ရုံနဲ့... သူတို့ ကြိုက်တဲ့ ကျောင်းသားတွေကို ပညာသင်ဆု ပေးနိုင်တာပေါ့..."
တကယ်တော့ ကျောင်းက ပညာသင်ဆု ရသူတွေကို လူမသိအောင် ဖုံးကွယ်ထားရင် ကျောင်းသားတွေအနေနဲ့ သေချာပေါက် သိနိုင်မှာ မဟုတ်ပါဘူး။
ကျောင်းဘက်က ပညာသင်ဆု ရမယ့် ကျောင်းသားစာရင်းကို ပုံမှန်အားဖြင့် ထုတ်ပြန်လေ့ရှိပြီး အဲဒီနောက်မှာ သူတို့က ရှေ့ထွက်ပြီး ဆုယူကြတာပါ။
ကျောက်ဝမ်ရွှမ်းလို စာမတော်တဲ့ ကျောင်းသားမျိုးအတွက်ဆိုရင် ကျောင်းဘက်က ပညာသင်ဆု ရသူစာရင်းမှာ သူ့နာမည်ကို ထည့်မှာ မဟုတ်ပါဘူး။
"ဒါပေမဲ့ ဒီပညာသင်ဆုက နောက်ဆုံးတော့ ကျောက်ဝမ်ရွှမ်းဆီကိုပဲ ရောက်သွားတာပါ..."
"ဒါပေမဲ့... အဲဒါကို ဘယ်သူက သိနိုင်မှာလဲ..."
ဂူချန်က လူငယ်အဖွဲ့ကော်မတီမှ ဆရာဖြစ်သူဘက်သို့ လှည့်လိုက်သည်။
ဂူချန်က "ဒီလူငယ်အဖွဲ့ကော်မတီက ဆရာ လီနင်က နှစ်စဉ် ဒုကျောင်းအုပ်ကြီးနဲ့ ကျောင်းအုပ်ကြီးတို့နဲ့ အဆက်အသွယ် လုပ်ဆောင်ပေးနေသူပါ" ဟု ပြောလိုက်သည်။
"နှစ်စဉ်နှစ်တိုင်း တက္ကသိုလ်ရဲ့ ထောက်ပံ့ကြေးတွေက တကယ်မရှိတဲ့ ကျောင်းသားအုပ်စုဆီကို ရောက်သွားပါတယ်"
"ဒါ့အပြင် ထောက်ပံ့ကြေးရဲ့ တစ်စိတ်တစ်ပိုင်းကလည်း ဒီလူတွေရဲ့ အဆက်အသွယ်တွေဆီကို ရောက်ရှိသွားပါတယ်"
"ဥပမာအားဖြင့် ကျောက်ဝမ်ရွှမ်းဆိုရင် ဒုကျောင်းအုပ်ကြီး ကျောက်ချွမ်းဇုံရဲ့ တူတော်စပ်သူပါ"
"သေချာတာကတော့ ထောက်ပံ့ကြေးရဲ့ အစိတ်အပိုင်း အချို့က တကယ်တမ်း ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသား အနည်းငယ်ဆီကိုလည်း ရောက်သွားပါတယ်"
"အဲဒီနည်းနဲ့ စုစုပေါင်းခြုံကြည့်လိုက်ရင် ကြီးမားတဲ့ ပြဿနာတွေ ပေါ်လာမှာ မဟုတ်ပါဘူး"
"ထောက်ပံ့ကြေး မရရှိကြတဲ့ တကယ်တမ်း လိုအပ်နေတဲ့ ဆင်းရဲတဲ့ ကျောင်းသားတွေအတွက် ကျောင်းဘက်က သူတို့ရဲ့ စာရွက်စာတမ်းတွေ မပြည့်စုံဘူး၊ လုပ်ထုံးလုပ်နည်းတွေ အားနည်းတယ်၊ ဒါမှမဟုတ် သတ်မှတ်ရက် ကျော်လွန်သွားတယ်... အချက်အလက်တွေ လွဲမှားနေတယ်လို့ အကြောင်းပြပြီး အဲဒီနောက်မှာမှ တတိယတန်း ထောက်ပံ့ကြေး အစားထိုးမှုကို ပေးအပ်လိုက်ပါတယ်"
"ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသား အများအပြားက အသံမထွက်ရဲကြသလို မထွက်ဆိုရဲကြပါဘူး။ ဘာကြောင့်လဲဆိုတော့ လူတိုင်းက ကျန်းထောင်လို ရှေ့ထွက်ပြီး ရဲရဲဝံ့ဝံ့ အသံထွက်လာရဲကြတာ မဟုတ်လို့ပါ..."
"ကျန်းထောင်ရဲ့ အတန်းပိုင်ဆရာကိုယ်တိုင်ကပါ ဒီကိစ္စမှာ ပတ်သက်နေခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းထောင်ရဲ့ အတန်းပိုင်ဆရာက ကျောင်းအုပ်ကြီး လုဟန့်ရှန်းရဲ့ ဆွေမျိုးတစ်ဦး ဖြစ်နေလို့ပါပဲ..."