← Chapters

အခန်း ၂၁၂

Vol. 18 Ch. 212

အခန်း ၂၁၂

Vol. 18 Ch. 212

အခန်း။ ၂၁၂

တရားခံဘက်မှ ထိုင်ခုံပေါ်တွင် ထိုင်နေကြသူများမှာ ဂူချန် ဖော်ထုတ်ပြသသမျှကို တစ်ခုချင်း နားထောင်ရင်း တုန်လှုပ်ခြောက်ချားနေကြသည်။

လေးဦးစလုံး၏ မျက်နှာများမှာ ဖြူဖပ်ဖြူရော် ဖြစ်နေကြပြီ ဖြစ်သည်။

သူတို့ အချင်းချင်း မျက်လုံးချင်း ဖလှယ်လိုက်မိကြသည်။

"ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

"ဒီလောက်အထိ အရာရာကို ဂူချန် ဘယ်လိုလုပ် သိနေရတာလဲ..."

"ဆယ်နှစ်တောင် ကြာခဲ့ပြီလေ..."

"ဘယ်လိုပြဿနာမှ မရှိခဲ့ဘဲ ဆယ်နှစ်တိုင်အောင် လုံခြုံခဲ့တာ..."

"ဒါပေမဲ့ ဂူချန်က တရားစွဲဆိုမှု တစ်ခု လုပ်လိုက်ရုံနဲ့တင်...ငါတို့ရဲ့ လျှို့ဝှက်ချက်တွေ အားလုံးကို ဖော်ထုတ်လိုက်ပြီလား..."

ကျောင်းအုပ်ကြီး၏ ရုံးခန်းအတွင်း အမြတ်အစွန်း ခွဲဝေမှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည့် လုံခြုံရေး ဗီဒီယိုမှတ်တမ်းများကိုပင် ဂူချန်က ထုတ်ဖော်ပြသနိုင်ခဲ့သည်။

ထို့အပြင် သူတို့၏ ကား Dashcam ထဲမှ ဆွေးနွေးပြောဆိုခဲ့ကြသည့် အသံဖိုင်များနှင့် ဗီဒီယိုများကိုပါ အထောက်အထားအဖြစ် ဖော်ထုတ်ခဲ့သည်။

"ဒီအထောက်အထားတွေကို... ဂူချန် ဘယ်ကနေ ဘယ်လို ရှာဖွေတွေ့ရှိခဲ့တာလဲ..."

လုဟန့်ရှန်း၏ မျက်နှာမှာ ဖြူဖပ်ဖြူလျော် ဖြစ်သွားတော့သည်။

အရာရာ အားလုံး ပြီးဆုံးသွားတော့မယ်။

ငါ့ရဲ့ အနာဂတ်တွေ အားလုံး ပျက်စီးသွားပြီ။

ငါ ရှာခဲ့တဲ့ ယွမ် သန်းနှစ်ဆယ်ကျော်... ထောင်ဒဏ် ဘယ်လောက် ကျမလဲဆိုတာ ငါ မသိတော့ဘူး။

အနည်းဆုံးတော့ ဆယ်နှစ်ထက် မနည်းတော့တာ သေချာတယ်။

ငါ့မှာ အငြိမ်းစားယူဖို့ အချိန်တောင် အများကြီး မကျန်တော့ဘူး။

ကျောင်းအုပ်ကြီး လုဟန့်ရှန်းက အသည်းအသန် အော်ဟစ်လိုက်သည်။

"ဒါတွေက မတရားဘူး ဂူချန် ရှာတွေ့ခဲ့တဲ့ အထောက်အထားတွေ အားလုံးက တရားမဝင်ဘူး"

လုဟန့်ရှန်း၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ လုံးဝ ပြိုလဲသွားခဲ့ပြီ ဖြစ်သည်။

ဂူချန်က အထောက်အထားများကို တစ်ခုချင်းစီ ဆက်လက် တင်ပြနေသည်။

အရေးအကြီးဆုံးကတော့ ဖျက်ဆီးပစ်ခဲ့ပြီးသား ဖြစ်တဲ့ လုံခြုံရေး ဗီဒီယို အထောက်အထားတွေကိုပါ ပြန်လည် ဖော်ထုတ်လာနိုင်ခဲ့ခြင်းပင်။

ကား dashcam အထောက်အထားတွေကိုရော ဂူချန် ဘယ်လိုလုပ် ရှာတွေ့ခဲ့တာလဲ။

ထိုအထောက်အထားတစ်ခုချင်းစီက သူတို့ကို သေချာပေါက် ထောင်ချဖို့ လုံလောက်နေသည်။

ဒုကျောင်းအုပ်ကြီး ကျောက်ချွမ်းဇုံ၏ မျက်နှာမှာလည်း သွေးမရှိတော့သလို ဖြူဖပ်နေသည်။

လူငယ်အဖွဲ့ကော်မတီမှ ဆရာနဲ့ ကျန်းထောင်ရဲ့ အတန်းပိုင်ဆရာ ကျိုအန်းပင်းတို့လည်း မျက်နှာငယ်လေးတွေနှင့် ဖြစ်နေကြသည်။

တရားခံဘက်မှ ရှေ့နေ ယန်ရှောင်ဒုန်းကိုယ်တိုင်ပင်လျှင် ဤမြင်ကွင်းကို ကြည့်ရင်း ကျောချမ်းလာရသည်။

ယခုအချိန်က သူ မတ်တတ်ရပ်ပြီး ခုခံချေပရမည့် အချိန်ဖြစ်သည်။

သို့သော် သူ လုံးဝ မချေပနိုင်တော့ပေ။

ဘာကြောင့်လဲဆိုတော့ ဂူချန် ပြင်ဆင်လာခဲ့သော အထောက်အထားများက အလွန်အမင်း တိကျကာ ခိုင်လုံလွန်းနေခြင်းပင်။

ဂူချန်က ထိုအထောက်အထားများကို ရှာဖွေနိုင်ခဲ့ပြီး တရားခံဘက်မှ ထိုင်ခုံပေါ်ရှိ လူလေးဦးကို လုံးဝ အပြတ်အသတ် အပြစ်တင်ကာ စွပ်စွဲနိုင်ခဲ့ပြီ ဖြစ်သည်။

တရားသူကြီးကိုယ်တိုင်ပင်လျှင် သူတို့ဘက်တွင် မရှိတော့ပေ။

ဂူချန်က ဆက်လက်၍ "တရားသူကြီးမင်း... စုံစမ်းစစ်ဆေးချက်တွေအရ ကျောင်းအုပ်ကြီး လုဟန့်ရှန်းနဲ့ ဒုကျောင်းအုပ်ကြီး ကျောက်ချွမ်းဇုံတို့က ရာထူးနဲ့ ငွေကြေးကို အလွဲသုံးစားလုပ်တာ၊ လာဘ်စားတာနဲ့ ကိုယ်ကျိုးအတွက် အာဏာကို အသုံးပြုတာတွေကို ကျူးလွန်ခဲ့ကြပြီး... ငွေပမာဏမှာ ယွမ် သန်းနှစ်ဆယ်ကျော် ရှိနေတာပါ..."

"ဒါ့အပြင် လူငယ်အဖွဲ့ကော်မတီက ဆရာနဲ့ အတန်းပိုင်ဆရာ ကျိုအန်းပင်းတို့ နှစ်ယောက်စလုံးကလည်း သူတို့ရဲ့ ရာထူးတာဝန်တွေကို အသုံးချပြီး ကိုယ်ကျိုးရှာခဲ့တာ ယွမ် နှစ်သန်းကျော် ရှိနေပြီး..."

"အထောက်အထားတွေက ခိုင်လုံပြတ်သားနေပါပြီ..."

"ကျောင်းအုပ်ကြီး လုဟန့်ရှန်းနဲ့ ဒုကျောင်းအုပ်ကြီးတို့မှာ တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင် ပိုင်ဆိုင်မှုတွေက ယွမ်ဆယ်သန်းကျော်စီ ရှိနေကြတာပါ..."

"ဆယ်နှစ်တိုင်တိုင် ဒီလူလေးယောက်က သူတို့ရဲ့ ရာထူးတွေကို အသုံးချပြီး ကြီးမားတဲ့ ငွေကြေးပမာဏတွေကို စုဆောင်းခဲ့ကြတာ..." ဟု တရားခွင်မှာ ခိုင်မာပြတ်သားစွာ တင်ပြလိုက်တယ်။

"ကျောင်းသားတွေရဲ့ ထောက်ပံ့ကြေးတွေ လိမ်လည် ခေါင်းပုံဖြတ်ခံရလို့... ဆင်းရဲတဲ့ ကျောင်းသား ဘယ်လောက်များများ သူတို့ရဲ့ ငွေကြေးအထောက်အပံ့တွေကို ဆုံးရှုံးခဲ့ရလဲဆိုတာကို ကျွန်တော် မခန့်မှန်းနိုင်တော့ဘူး..."

"ဒါ့အပြင် ဒီလူလေးယောက်က သူတို့ရဲ့ အာဏာကို အလွဲသုံးစားလုပ်ပြီး ကြီးမားတဲ့ အကျိုးအမြတ်တွေကို ရှာဖွေခဲ့ကြတာပါ..."

"အထောက်အထားတွေ အားလုံးက ဒီမှာ ရှိနေတာပါ..."

"ဘဏ်ငွေလွှဲပြောင်းမှု မှတ်တမ်းတွေ၊ ပိုင်ဆိုင်မှု စာရင်းစစ်ဆေးချက်တွေ အပါအဝင်ပေါ့..."

"ဒါ့အပြင် ကား dashcam လုံခြုံရေး အထောက်အထားတွေ၊ ရုံးခန်း လုံခြုံရေး အထောက်အထားတွေလည်း ရှိသေးတယ်..."

"လွန်ခဲ့တဲ့ နှစ်တွေက စားသောက်ဆိုင်နဲ့ ဆိုင်ခန်း ဘေလ်တွေ၊ စာချုပ်တွေ၊ နောက်ကွယ်က လူတွေအထိ... အထောက်အထား အားလုံး ဒီမှာ အပြည့်အစုံ ရှိနေတာပါ..."

ရွှယ်ချင်းချင်းက စာရွက်စာတမ်း အထပ်လိုက်ကြီးကို ထုတ်ယူလိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည် ပရိသတ်များ အားလုံး အံ့ဩမှင်သက်သွားကြသည်။

ဒီစာရွက်စာတမ်း အထပ်လိုက်ကြီးက အထောက်အထားတွေ ချည်းပဲလား။

ဟာ…….

ပရိသတ်တွေ အံ့အားသင့်နေတုန်းမှာပင် ရွှယ်ချင်းချင်းက စာရွက်စာတမ်း အထပ်လိုက် နှစ်ထပ်ကို ထပ်ပြီး ထုတ်ယူလိုက်ပြန်သည်။

"ဆယ်နှစ်တိုင်တိုင် သူတို့ရဲ့ ရာထူးတာဝန်တွေကို အလွဲသုံးစားလုပ်ပြီး ဘယ်လောက်တောင် ရှာခဲ့ကြလဲဆိုတာ ဘယ်သူ သိနိုင်မလဲ..."

"ဒီစာရွက်စာတမ်းတွေက ရေခဲတောင်ရဲ့ ထိပ်ဖျားလေး သက်သက်ပဲ ရှိသေးတာပါ..."

"စာရွက်စာတမ်းတွေနဲ့ အထောက်အထားတွေ အားလုံးကို အပြည့်အစုံ ပြဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး..."

"ဘာပဲပြောပြော ဆယ်နှစ်ဆိုတဲ့ ကာလအတွင်းမှာ လုံခြုံရေး ဗီဒီယို အထောက်အထား အများစု ပျောက်ကွယ်သွားခဲ့ပြီလေ..."

"လုံခြုံရေး ဗီဒီယို အထောက်အထားရဲ့ အစိတ်အပိုင်းငယ်လေး တစ်ခုကိုပဲ ပြန်ယူနိုင်ခဲ့တာပါ..."

ဂူချန်က ဆက်ပြီး "တရားသူကြီးမင်း... နောက်ထပ် အထောက်အထားတွေလည်း ရှိပါသေးတယ်..."

"ကျောင်းဘက်က ကျန်းထောင်ကို စောင့်ကြည့်ထောက်လှမ်းခဲ့ပြီး သူ့ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို ကန့်သတ်ခဲ့ကြတာပါ..."

"ပြီးတော့ ဒီလူတွေကို အခုအခါမှာ ထိန်းသိမ်းထားပြီးပါပြီ..."

"မကြာခင်မှာပဲ ဘယ်သူက ညွှန်ကြားခဲ့တာလဲ... ဘယ်သူက ကျန်းထောင်ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို ကန့်သတ်ခဲ့တာလဲဆိုတာကို ရဲတပ်ဖွဲ့က ဖော်ထုတ်သွားမှာပါ..."

"ကျန်းထောင်ဆိုတာ ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားတွေရဲ့ ပုံရိပ်ငယ် တစ်ခုပါပဲ..."

"ကျန်းထောင်က သူ့ကိုယ်သူ ကိုယ်စားပြုရုံတင် မကဘဲ... ရေတွက်လို့ မရနိုင်တဲ့ ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားတွေကိုပါ ကိုယ်စားပြုနေတာပါ..."

"ဒီလို ဆင်းရဲတဲ့ ကျောင်းသားတွေရဲ့ အနာဂတ်ကို ဖျက်ဆီးပစ်လို့ မဖြစ်ပါဘူး..."

"သူတို့က သူတို့ရဲ့ ပညာရေးမှာ အထောက်အကူဖြစ်ဖို့ ငွေကြေးအထောက်အပံ့ အနည်းငယ်ကို အလွန်အမင်း လိုအပ်နေနိုင်တာပါ..."

"ဒီထောက်ပံ့ကြေးက သူတို့နဲ့ အမှန်တကယ် ထိုက်တန်ပါတယ်..."

"အခုတော့ အထောက်အထားတွေ အားလုံး ဒီမှာ ရှိနေပါပြီ..."

"တရားသူကြီးမင်း... ဒီလူလေးယောက်က ကျောင်းခေါင်းဆောင်တွေ ဖြစ်ကြပြီး ကျောင်းဆိုတဲ့ နေရာက စာပေသင်ကြားပေးတဲ့၊ ကိုယ်ကျင့်တရား မြင့်မားအောင် ပျိုးထောင်ပေးတဲ့၊ ကျောင်းသားတွေ ကြီးထွားလာပြီး ပညာသင်ယူရမယ့် နေရာတစ်ခု ဖြစ်သင့်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်..."

"ဒါပေမဲ့ ကျောင်းဆိုတာ လူအချို့ရဲ့ ကိုယ်ကျိုးရှာစရာ ကိရိယာတစ်ခုတော့ လုံးဝ မဖြစ်သင့်ပါဘူး..."

"ဒီလူတွေက ဆင်းရဲတဲ့ ကျောင်းသားတွေရဲ့ သွေးကို စုပ်ယူနေကြရုံတင် မကဘူး..."

"ဒီလူတွေက နိုင်ငံတော်ရဲ့ ကပ်ပါးကောင်တွေပါ... သူတို့က နိုင်ငံတော်ရဲ့ သွေးကိုပါ စုပ်ယူနေကြတာ..."

"အထူးသဖြင့် ဒီလူလေးယောက်က အများပြည်သူ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိတွေပါ..."

"ဥပဒေကို သိရက်နဲ့ ချိုးဖောက်ကြတာမို့လို့ သူတို့ရဲ့ ပြစ်မှုက ပိုလို့တောင် ကြီးမားပါသေးတယ်..."

"ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားတွေနဲ့ ထိုက်တန်တဲ့ တရားမျှတမှုကို ဥပဒေက ပေးအပ်ဖို့ပဲ ကျွန်တော် တောင်းဆိုပါတယ်..."

"ဒီလူလေးယောက်ကို ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ တရားရုံးကို ကျွန်တော် တောင်းဆိုပါတယ်..."

"တရားသူကြီးမင်း... ကျွန်တော့်ရဲ့ လျှောက်လဲချက်ကို ဒီနေရာမှာပဲ အဆုံးသတ်ပါတယ်..."

ဂူချန် စကားဆုံးသွားသည်။

အထောက်အထား တရားဝင်မှု ရှိမရှိဆိုတာကတော့ ယခုအခါမှာ အရေးမကြီးတော့ပေ။

အကယ်၍ အထောက်အထားများက တရားမဝင်ခဲ့လျှင်တောင်မှ တရားခွင်ပေါ်တွင် ကြီးမားသည့် သက်ရောက်မှု ရှိမည် မဟုတ်ပေ။

ဒါပေမဲ့ ဘာဖြစ်လဲ။

ဂူချန်က အထောက်အထားများကို တင်ပြလိုက်သည်နှင့် နိုင်ငံတော်က သဘာဝအလျောက် စုံစမ်းစစ်ဆေးမှုများကို စတင်တော့မည် ဖြစ်သည်

နိုင်ငံတော်က စုံစမ်းစစ်ဆေးပြီဆိုတာနှင့် အရာရာတိုင်းက ထင်ရှားလာလိမ့်မည်ဖြစ်ကာ အမှန်တရားလည်း ပေါ်ပေါက်လာလိမ့်မည်ပင်။

ဘယ်လောက်ပဲ ကောင်းကောင်း ဖုံးကွယ်ထားပါစေ သူတို့ လုံးဝ ဖုံးကွယ်နိုင်တော့မည် မဟုတ်ပေ။

ဂူချန် စကားပြောပြီးသွားပြီးနောက်မှာတော့ တရားခံ လေးဦးစလုံး တုန်ရီနေကြတော့သည်...

အရာရာ ပြီးဆုံးသွားပြီ။

လုံးဝ အပြီးတိုင် ပြီးဆုံးသွားပြီ။

ငါတို့ရဲ့ အနာဂတ်တွေ အားလုံး လုံးဝ ပျက်စီးသွားပြီ….

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည့် အင်တာနက် ပရိသတ်များအားလုံးလည်း စိတ်လှုပ်ရှားကာ တက်ကြွနေကြသည်။

[စောက်ကျိုးနည်း ရှေ့နေဂူက တကယ် အမိုက်စားပဲ]

[ရှေ့နေဂူကတော့ တကယ့်ကို အံ့မခန်းပါပဲ]

[ဒီကျောင်းက ကပ်ပါးကောင်လေးဦးကို ဖယ်ရှားရှင်းလင်းနိုင်တာ တကယ်ကို ဘုရားသဆင့်ပါပဲကွာ]

[အစတုန်းကတော့ ဒါက ထောက်ပံ့ကြေး ပြဿနာတစ်ခုပဲ၊ ကျန်းထောင်ရဲ့ ထောက်ပံ့ကြေး လွဲချော်သွားတာလို့ပဲ ထင်ခဲ့တာ။ ကျောင်းဘက်က အမှားတစ်ခုလို့ ထင်ခဲ့ပေမဲ့ တကယ်တမ်းကျတော့ ဒီကျောင်းခေါင်းဆောင်တွေရဲ့ ပြဿနာ ဖြစ်နေတာပဲ]

[စောက်ကျိုးနည်း သူတို့ကို ထောင်ဒဏ် အပြင်းအထန် ချမှတ်သင့်တယ်]

[သေဒဏ်ရော သေဒဏ် မပေးနိုင်ဘူးလား]

[သေဒဏ်ရော သေဒဏ်ကို ပေးကို ပေးရမယ်]

[ငါလည်း တွေးမိနေတာ သူဌေးသား ကျောက်ဝမ်ရွှမ်းက ဘယ်လိုလုပ်ပြီး ထောက်ပံ့ကြေး ရသွားတာလဲပေါ့။ နောက်ဆုံးတော့ ဒုကျောင်းအုပ်ကြီးနဲ့ ပတ်သက်နေတာကိုး။ ဒုကျောင်းအုပ်ကြီးက သူ့ဦးလေး ဖြစ်နေမှတော့ သူ ဘယ်လိုလုပ်ပြီး ထောက်ပံ့ကြေး မရဘဲနေမလဲ]

[ရှေ့နေဂူက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ စွမ်းဆောင်နိုင်ခဲ့တာလဲ။ ကျန်းထောင်ရဲ့ ထောက်ပံ့ကြေး ပြဿနာလေးကနေ ဘယ်လိုလုပ်ပြီး ဒီလောက်အများကြီး ဖော်ထုတ်နိုင်ခဲ့တာလဲ]

[ရှေ့နေဂူက ဘယ်တော့မဆို အကောင်းဆုံးပါပဲ]

[ဥပဒေမဲ့ မိုက်ရူးရဲကို လုံးဝ လေးစားမိပါတယ်။ ထောက်ပံ့ကြေး အမှုသေးသေးလေးကနေ ဒီလောက်အများကြီး ဖော်ထုတ်ပြနိုင်ခဲ့တာ အားလုံးက ရှေ့နေဂူရဲ့ ရှာဖွေတွေ့ရှိမှုတွေချည်းပါပဲ။ ဒီအနောက်မှာ ဘာတွေရှိနေလဲဆိုတာ ကျန်းထောင် လုံးဝ မတွေးမိခဲ့ဖူးမှာ သေချာပါတယ်]

[အရင်တုန်းကတော့ ရှေ့နေဂူက ခေတ်ရေစီးကြောင်းနောက်ကိုပဲ လိုက်နေတာလို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ အခုတော့ ဥပဒေမဲ့ မိုက်ရူးရဲကို တကယ်ကို လေးစားမိသွားပြီ။ ဒါကမှ ဥပဒေမဲ့ မိုက်ရူးရဲဆိုတာလေ မယုံနိုင်လောက်အောင်ကို အံ့မခန်းပါပဲ]

တရားခွင်အတွင်းမှာ ကျောင်းအုပ်ကြီး လုဟန့်ရှန်းက တရားခံဘက်က ရှေ့နေ ယန်ရှောင်ဒုန်းကို လှည့်ကြည့်လိုက်သည်။

"ရှေ့နေ... ကျွန်တော်တို့ကို ကယ်ပါဦး... ဘယ်လိုလုပ်ရမလဲ။ အခု ဘယ်လိုလုပ်ကြမလဲဗျ"

All Chapters