← Chapters

အခန်း ၂၁၃

Vol. 18 Ch. 213

အခန်း ၂၁၃

Vol. 18 Ch. 213

အခန်း။ ၂၁၃

တရားခံဘက်မှ ထိုင်ခုံပေါ်တွင် ထိုင်နေကြသူလေးဦးမှာ ယခုအခါတွင် တုန်ရီနေကြပြီ ဖြစ်သည်။

ဂူချန်က အမှန်တကယ်ပင် ရက်စက်လွန်းလှသည်။

သူက အစကတည်းက လူလေးဦးစလုံးကို ထောင်ထဲ ပို့ပစ်ရန် ကြံရွယ်ထားခြင်းပင်။အဓိကအချက်မှာ အခုသာ သူတို့ ဘာမှ မလုပ်ကြဘူးဆိုရင် တကယ်ပဲ ထောင်ထဲ ရောက်သွားကြတော့မည်ဖြစ်ကာ တကယ်ကို အခြားထွက်ပေါက် မရှိတော့ပေ။

တစ်ခါသာ ထောင်ထဲ ရောက်သွားပြီဆိုရင် အရာရာ အဆုံးတိုင်သွားတော့မည်ပင်။

သူတို့၏ ဘဝတစ်ခုလုံး ပျက်စီးသွားလိမ့်မည်ဖြစ်ကာ ထိုအချိန်တွင် တရားခံဘက်မှ ရှေ့နေ ယန်ရှောင်ဒုန်းလည်း မတ်တတ်ရပ်လိုက်သည်။

ဂူချန် တင်ပြလာသော အထောက်အထားများက အလွန်တရာ ကြီးမားပြည့်စုံနေသည့်အတွက် ယန်ရှောင်ဒုန်းအနေဖြင့် ဘာပြောရမှန်းပင် မသိတော့ပေ။

သို့သော် သူ မတ်တတ်ရပ်ပြီး ခုခံချေပပေးရမည်ပင်။

မဟုတ်ပါက တရားခံဘက်မှ ထိုင်ခုံပေါ်ရှိ ကျောင်းခေါင်းဆောင် လေးဦးစလုံး ထောင်ထဲ ရောက်သွားကြတော့မည်။

ယန်ရှောင်ဒုန်းက "ဂူချန် တင်ပြလာတဲ့ အထောက်အထားတွေ အားလုံးက တရားမဝင်ပါဘူး။ ဒါတွေကို သူ့ဘာသာသူ သီးသန့် စုံစမ်းစစ်ဆေးခဲ့တာ။ သီးသန့် စုံစမ်းစစ်ဆေးမှုတွေကနေ ရရှိလာတဲ့ အထောက်အထားတွေဆိုတာ တရားမဝင်တဲ့ အထောက်အထားတွေပါပဲ" ဟု ပြောလိုက်သည်။

"ပြီးတော့ တရားမဝင်တဲ့ အထောက်အထားတွေကို တရားခွင်မှာ တင်ပြအသုံးပြုလို့ မရပါဘူး"

"ဒီအထောက်အထားတွေက တရားရုံးအနေနဲ့ ဆုံးဖြတ်ချက်ချမှတ်ဖို့အတွက် အခြေခံအုတ်မြစ် ဖြစ်လာစရာ မရှိပါဘူး။ အထောက်အထားတွေ အားလုံးက တရားမဝင်ပါဘူး"

"ဒါကြောင့် ကျွန်တော့်ရဲ့ အမှုသည်တွေက အပြစ်မရှိပါဘူး"

"အကယ်၍ ရှေ့နေဂူမှာ တင်ပြနိုင်စရာ အခြားတရားဝင် အထောက်အထားတွေ ရှိသေးတယ်ဆိုရင်တော့ မသိဘူး။ ဒါပေမဲ့ လက်ရှိ တင်ပြလာတဲ့ အထောက်အထားတွေကတော့ တရားမဝင်သလို ဘယ်လို တရားဝင် တရားစွဲဆိုပိုင်ခွင့် တန်ဖိုးမှ မရှိပါဘူး။ တရားလိုဘက်က ရှေ့နေအနေနဲ့ ဒါကို သိထားသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်" ဟု စကားကို အဆုံးသတ်လိုက်သည်။

ယန်ရှောင်ဒုန်း စကားပြောပြီးသွားသောအခါ

"တရားမဝင်တဲ့ အထောက်အထား" ဆိုသည့် စကားကို ကြားလိုက်ရသောအခါ ကျောင်းအုပ်ကြီး လုဟန့်ရှန်းလည်း သက်ပြင်းချလိုက်မိသည်။

ကံကောင်းလို့... ကံကောင်းထောက်မစွာနဲ့ ဒါတွေက တရားမဝင်တဲ့ အထောက်အထားတွေ ဖြစ်နေလို့ပဲ…….

သာမန်တရားဝင် အထောက်အထားတွေသာဆိုရင် သူတို့ ထောင်ထဲမှာ ဘယ်လောက်ကြာကြာ နေရမယ်ဆိုတာကိုပင် မသိနိုင်တော့ပေ။

ဒုကျောင်းအုပ်ကြီး ကျောက်ချွမ်းဇုံလည်း သက်ပြင်းရှည်ကြီး ချလိုက်မိသည်။

"အခုတော့ အဆင်ပြေသွားပြီ။

အထောက်အထားတွေသာ တရားမဝင်ဘူးဆိုရင် ဘယ်လိုတရားဝင် အာဏာမှ ရှိလာမှာ မဟုတ်တော့ဘူးလေ။

ဒီအထောက်အထားတွေက ဘယ်လောက်ပဲ ယုံကြည်လောက်စရာ ကောင်းနေပါစေဦးတော့... အထောက်အထားဆိုတာ သဘာဝအတိုင်း တရားဝင် ရယူထားတာပဲ ဖြစ်ရမှာပေါ့..."

အွန်လိုင်းက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည့် ပရိသတ်များကတော့ တစ်ဦးပြီးတစ်ဦး အလွန်တရာ ဒေါသထွက်နေကြသည်။

[ဒါက ဘယ်လိုလုပ်ပြီး တရားမဝင်တဲ့ အထောက်အထား ဖြစ်ရတာလဲ]

[ဘယ်လို အထောက်အထားပဲ ဖြစ်ဖြစ် ဗီဒီယိုကတော့ အစစ်အမှန်ပါပဲ။ တရားမဝင်တဲ့ နည်းလမ်းနဲ့ ရယူခဲ့ရင်တောင် ဗီဒီယိုကတော့ အစစ်ပါပဲ။ ဒီလူတွေ သန်းနဲ့ချီတဲ့ ငွေကြေးတွေနဲ့ ပတ်သက်နေတာ မဟုတ်ဘူးလား။ ဘာလို့ သူတို့ကို ထောင်မချတာလဲ]

[သူတို့ကို ထောင်ချကို ချရမယ် အနည်းဆုံးတော့ ထောင်ဒဏ် ၁၀ နှစ်ပေါ့]

[ဒီလူတွေက ကိုယ်ကျိုးရှာဖို့ရာအတွက် အာဏာကို အလွဲသုံးစား လုပ်ခဲ့ကြတာပဲ ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားတွေ အများကြီး ဒီဒဏ်ကို ခံခဲ့ကြရတာဆိုတော့ သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူကို ယူရမယ်လေ]

[ထောင်ထဲ ဆွဲသွင်းလိုက်ကြစမ်းပါ ကျေးဇူးပြုပြီး အပြစ်ပေးကြပါလို့]

[သာ ဒီလိုလူတွေကို လွှတ်ပေးလိုက်မယ်ဆိုရင်တော့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုတောင် ငါတို့ လုံးဝ မတွေးရဲတော့ဘူး]

ပရိသတ်အပေါင်းတို့က တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်တန်းတွင် တစ်ခုပြီးတစ်ခု စာသားများကို အပြေးအလွှား ရေးသားကာ ပို့လွှတ်နေကြ၏။

ဤကဲ့သို့သော အခိုက်အတန့်တွင်ပင်လျှင် တရားသူကြီးချုပ် ရှန်ကျားရွေက တည်ငြိမ်ပြတ်သားသော လေသံဖြင့် မိန့်ကြားလာခဲ့သည်။

"စုံစမ်းစစ်ဆေးချက်တွေအရ ရှေ့နေ ဂူချန် တင်ပြလာခဲ့တဲ့ အထောက်အထား စာရွက်စာတမ်းတွေ အားလုံးက ကျိုးကြောင်းဆီလျော်ပြီး တရားဝင်မှု အပြည့်အဝ ရှိပါတယ်။ ဘယ်လိုမှ တရားမဝင်တဲ့ အထောက်အထားတွေ မဟုတ်ပါဘူး"

လုံခြုံရေး ဗီဒီယိုမှတ်တမ်း အချို့ အပါအဝင် အရာရာတိုင်းက ဥပဒေကြောင်းအရ တရားဝင် ဖြစ်သည်။

ကား dashcam မှ ရရှိလာသော အထောက်အထားများကအစ တရားဝင် ခိုင်လုံနေပေသည်

ဗီဒီယိုဖိုင်များကို ဖျက်ဆီးပစ်ခဲ့ကြလျှင်တောင်မှ ဘယ်လိုမှ အကျိုးမရှိနိုင်ပေ။

လုံခြုံရေး ဗီဒီယို မှတ်တမ်းများကို မည်သည့်အခါမဆို ပြန်လည် ပုံဖော်နိုင်ဆဲပင်။

အထူးသဖြင့် ခေတ်မီနည်းပညာများ၏ စွမ်းရည်အောက်တွင် တရားဥပဒေ၏ ကွန်ရက်က ကျယ်ပြန့်လှပေရာ မည်သည့်အရာကမျှ လွတ်မြောက်သွားနိုင်မည် မဟုတ်ပေ။ မည်သို့ပင် ဖုံးကွယ်ပြုမူခဲ့ပါစေ အစအနမှအစ တစ်ခုချင်းစီ လိုက်လံ ဖော်ထုတ်နိုင်စွမ်း ရှိနေသည်။

တရားလိုဘက်မှ ခုံတန်းတွင် ထိုင်နေသော ကျန်းထောင်သည် ဂူချန်ဘက်သို့ လှည့်ကာ လေးစားအားကျမှုအပြည့်ဖြင့် ငေးကြည့်နေမိသည်။

အစပထမတုန်းကဆိုလျှင် သူသည် ဆင်းရဲနွမ်းပါးသော ကျောင်းသားများစွာအတွက် ရည်ရွယ်ကာ ဤတရားစွဲဆိုမှုကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်ချင်ခဲ့ရုံမျှသာ ဖြစ်သည်။

အခြားမည်သည့်အရာကိုမျှ သူ မသိခဲ့ပေ။ သူနှင့် သူ့သူငယ်ချင်း၏ ဆင်းရဲသား ပညာသင်ဆုများကို အခြားသူများက မတရား လုယူသွားခဲ့ကြသည်ဆိုသည့် အချက်ကိုသာ သူ သိရှိခဲ့သည်။

ထိုနည်းတူစွာပင် သူတို့နှင့် လုံးဝ မထိုက်တန်သော ထိုပညာသင်ဆုများကို ငွေကြေးပြည့်စုံသည့် သူဌေးသားများက ရယူသွားခဲ့ကြသည်ကိုလည်း သူ ကောင်းကောင်း သိထားခဲ့၏။

ကျန်းထောင် လိုလားခဲ့သည်မှာ တရားမျှတမှု တစ်ခုတည်းသာ ဖြစ်သည်။

သို့သော် ရှေ့နေ ဂူချန်နှင့် ဆုံတွေ့ပြီးနောက်ပိုင်းတွင်မှ ဤအမှု၏ နောက်ကွယ်၌ မည်မျှကြီးမားနက်နဲသော အခြားအရှုပ်အထွေးကြီးတစ်ခု ကိန်းအောင်းနေသည်ကို သူ တဖြည်းဖြည်း သဘောပေါက်လာခဲ့ရသည်။

တရားခွင်သို့ ရောက်ရှိလာမှသာလျှင် သူ ငှားရမ်းခဲ့သော ရှေ့နေသည် ဤမျှလောက်အထိ အံ့မခန်း စွမ်းဆောင်နိုင်စွမ်း ရှိလိမ့်မည်ကို ကျန်းထောင် တစ်ယောက် အံ့အားသင့်စွာ သိရှိခဲ့ရတော့သည်။

သူ ထင်မှတ်ထားသည်ထက်ပင် အဆပေါင်းများစွာ ပိုမို၍ ကြီးကျယ်ခမ်းနားနေခဲ့သည်။

ရှေ့နေ ဂူချန်သည် ဆင်းရဲနွမ်းပါးသော ကျောင်းသားများအတွက်သာ တရားမျှတမှုကို တိုက်ယူပေးလိုနေသည် မဟုတ်ပေ။

သူသည် ကျောင်းသားထု တစ်ရပ်လုံးအတွက်ပါ တရားမျှတမှုကို အပြည့်အဝ ဖော်ဆောင်ပေးလိုနေခြင်းပင်။

ကျောင်းတော်ကြီးအတွင်း၌ ဤကဲ့သို့သော ဖောက်ပြန်ယိုယွင်းနေသည့် ခေါင်းဆောင်များ ရှိနေပါပေရာ ဂူချန်သည် ဤလူမိုက် အပေါင်းအပါ အားလုံးကို ဥပဒေ၏ အလင်းရောင်အောက်သို့ ပို့ဆောင်ကာ ထောင်ထဲသို့ အပြီးတိုင် ထည့်ပစ်ရန် ကြံရွယ်ထားသည်။

ကျန်းထောင်သည် စိတ်ထဲမှနေ၍ပင် လက်ခုပ်တီး အားပေးချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာရတော့သည်။

"ရှေ့နေဂူကတော့... တကယ်ကို အံ့ဩစရာကောင်းအောင် တော်လွန်းတာပဲ..."

"တကယ်လို့ ဒီတရားစွဲဆိုမှုကြီး အောင်မြင်သွားခဲ့ရင်... ဒီလူတွေ အားလုံး ထောင်ဒဏ် ဘယ်နှစ်နှစ်လောက် ကျမလဲဆိုတာ ဘယ်သူများ ခန့်မှန်းနိုင်မှာလဲ..."

ကျန်းထောင်သည် တိတ်တဆိတ် တွေးတောနေမိလေတော့သည်။

ထိုစဉ် အခြားတစ်ဖက်တွင်မူ ကျောက်ဖန်းကန်းသည်လည်း ဤတရားခွင် စစ်ဆေးမှုကို တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် စူးစမ်းစောင့်ကြည့်နေခဲ့သည်။

ဂူချန်သည် အမှုကို ကိုင်တွယ်ရာတွင် ဤမျှလောက်အထိ ပြင်းထန်ရဲတင်းလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့မိပေ။

ဂူချန်သည် ဤကျောင်းခေါင်းဆောင်များကို ထောင်ထဲသို့ တကယ်တမ်း ပို့ပစ်ရန် ပြင်ဆင်နေခြင်းဖြစ်ပြီး အဓိက အရေးအကြီးဆုံးမှာ သူ့လက်ထဲတွင် ခိုင်လုံတောင့်တင်းလှသော အထောက်အထားများ အမှန်တကယ် ရှိနေခြင်းပင်။

ဤကဲ့သို့သော ခိုင်မာသည့် သက်သေအထောက်အထားများကို အတန်တန် ထုတ်ဖော်ပြသလာသည့်အခိုက်အတန်း၌ ကျောက်ဖန်းကန်း တစ်ယောက် ဘာမှ ပြန်လည်ချေပစရာ စကားပင် မရှိတော့ပေ။

ဘာကြောင့်ဆိုသော် ဂူချန် တင်ပြလာခဲ့သမျှ အထောက်အထား အချက်အလက် အားလုံးက တစ်စွန်းတစ်စမျှ မယိမ်းယိုင်ဘဲ အလွန်တရာ ခိုင်မာကာ တိကျနေသောကြောင့်ပင်။

သို့သော်လည်း ဥပဒေကြောင်းအရ တရားဝင်မှု ရှိမရှိဆိုသည့် ကိစ္စရပ်ကတော့ ဆက်လက် အငြင်းပွားစရာ ဖြစ်နေဆဲပင်။

အကယ်၍သာ အဆိုပါ အထောက်အထားများသည် တရားမဝင်ခဲ့သည်ရှိသော် မည်သည့်အခါမျှ အသုံးဝင်လာမည် မဟုတ်ပေ။

ဤအထောက်အထားများကို အသုံးချကာ တရားခံဘက်မှ ထိုင်ခုံပေါ်ရှိ ထိုလူလေးဦးကို ပြစ်မှုထင်ရှားစီရင်ရန်မှာ မည်သို့မျှ မဖြစ်နိုင်တော့ပေ။

ကျောက်ဖန်းကန်းက ခေါင်းကို ညည်းညည်းတွားတွား ခါယမ်းရင်း "ဘာမှ တတ်နိုင်တော့ဘူးလေ၊ ဥပဒေဆိုတာ ဒီအတိုင်းပဲ မဟုတ်လား။ ဒီလူလေးဦးကို အပြစ်ပေးချင်တယ်ဆိုရင်တောင်မှ သူတို့တွေ အမှန်တကယ်ပဲ အာဏာနဲ့ငွေကြေးကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာခဲ့ကြတာ မှန်ပေမဲ့ တရားဝင် အထောက်အထား ခိုင်လုံမှု မရှိဘူးဆိုရင်တော့..." ဟု ပြောလိုက်သည်။

"ဂူချန် တင်ပြလာတဲ့ အထောက်အထားတွေ အားလုံးက တရားမဝင်ဘူးလို့ သတ်မှတ်ခံရရင်တော့... တရားမဝင်တဲ့ အထောက်အထားဆိုတာ ဘယ်လိုမှ တရားဝင် အာဏာသက်ရောက်မှု ရှိလာနိုင်တော့မှာ မဟုတ်ဘူး။ တရားရုံးက ဆုံးဖြတ်ချက်တစ်ခု ချဖို့ဆိုတာ အထောက်အထားတွေက အမှန်တရားနဲ့ တရားဝင်မှု ရှိကြောင်း အတိအကျ အတည်ပြုချက် ရထားမှသာ အခြေခံအုတ်မြစ် ဖြစ်လာနိုင်တာ..."

ကျောက်ဖန်းကန်းက သက်ပြင်းချရင်း ဆက်ပြောကာ "တကယ်လို့ အထောက်အထားတွေ အားလုံးသာ တရားမဝင်ဘူးလို့ ငြင်းပယ်ခံရရင်တော့... ရှေ့နေ ဂူချန် ကိုယ်တိုင်တောင်မှ ဥပဒေကြောင်းအရ ကြီးမားတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်တယ်။ ဥပဒေဆိုင်ရာ အာဏာသက်ရောက်မှု မရှိတဲ့ တရားမဝင် အထောက်အထားတွေကို တရားခွင်မှာ တင်ပြခဲ့တဲ့အတွက်... သူကိုယ်တိုင်တောင် ဥပဒေအရ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ ရင်ဆိုင်ရမယ့်အခြေအနေ ရှိလာနိုင်တယ်..."

အွန်လိုင်းမှ တိုက်ရိုက်ကြည့်ရှုနေကြသော ပရိသတ်ကြီးမှာမူ အံ့အားသင့်မှုတို့ဖြင့် ပြည့်နှက်သွားကြတော့သည်။

[ဒါတွေက ဘယ်လိုလုပ်ပြီး အထောက်အထားအဖြစ် လုံးဝ အသိအမှတ်မပြုရတာလဲဗျ]

[ဒီလုံခြုံရေး ဗီဒီယိုမှတ်တမ်းတွေ အားလုံးက ဘယ်လိုလုပ်ပြီး အတုအယောင်တွေ ဖြစ်နိုင်မှာလဲကွာ]

[ဒီလုံခြုံရေး ဗီဒီယိုမှတ်တမ်းတွေက အတုအယောင် ဖြစ်စရာ အကြောင်းကို မရှိပါဘူး၊ အဲဒီထဲမှာ ကား dashcam အထောက်အထားတွေလည်း ပါသေးတယ်၊ ရှေ့နေ ဂူချန် တင်ပြလာခဲ့တဲ့ ပစ္စည်းအမျိုးမျိုး အားလုံးကလည်း တကယ့် အစစ်အမှန်တွေချည်းပါပဲ]

[ရှေ့နေ ဂူချန်က ဘယ်လိုလုပ်ပြီး သူကိုယ်တိုင်ပါ တာဝန်ခံရမယ့် အရေးနဲ့ ရင်ဆိုင်ရမှာလဲဗျ]

[စောက်ကျိုးနည်း ဒီလူယုတ်မာတွေကို ထောင်ထဲကို အရောက်ပို့ကို ပို့ရမယ် သတင်းပို့ တိုင်ကြားကြစို့ နိုင်ငံတော်က တရားစွဲ စုံစမ်းစစ်ဆေးပါစေတော့]

...

ကောင်းရုန်နဲ့ သခင်လေးရွှယ်တို့လည်း ဤတရားခွင်ကို စူးစမ်းကာ စောင့်ကြည့်နေကြ၏။

ကောင်းရုန်က "ဂူချန် တင်ပြလာခဲ့တဲ့ အထောက်အထားတွေ အားလုံးက အမှန်တရားတွေ ဖြစ်ပေမဲ့ အဲဒါတွေကို ရယူခဲ့တဲ့ ဖြစ်စဉ်က တရားမဝင် ဖြစ်နေနိုင်တယ်။ အဲဒီလိုဆိုရင်တော့ ဒီလူအနည်းငယ်ကို အရေးယူဖို့ လုံးဝ မဖြစ်နိုင်တော့ဘူး။ ဒီလူတွေကို ထောင်ထဲ ပို့ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး" ဟု ပြောလိုက်သည်။

သခင်လေးရွှယ် ကလည်း "ဒီလူတွေကို ထောင်ထဲ မပို့နိုင်ရင်တော့... ဂူချန် ကိုယ်တိုင်တောင် ဥပဒေအရ တာဝန်ခံရမယ့်အခြေအနေ ရှိလာနိုင်တယ်။ ဂူချန်က အလုပ်တွေ အများကြီး ရှုပ်နေတာပဲ၊ သူ့ရဲ့ တရားစွဲဆိုချက် တောင်းဆိုချက်တွေကလည်း လွန်လွန်းနေတယ်။ သူသာ ပညာသင်ဆု အမှုကိုပဲ အစအဆုံး တိုက်ခိုက်ခဲ့ရင် အနိုင်ရသွားမှာ မဟုတ်ဘူးလား။ အဲဒီလိုဆိုရင်တောင် ဒီအမှုရဲ့ နာမည်ကြီး လူကြိုက်များမှုက အထွတ်အထိပ်မှာ ရှိနေဦးမှာပဲကို၊ ဂူချန်ကလည်း ဒီတရားစွဲဆိုမှုမှာ အနိုင်ရပြီး တစ်နိုင်ငံလုံးက အင်တာနက်ပေါ်မှာ ကြီးမားတဲ့ အာရုံစိုက်မှုကို ရနေဦးမှာပဲလေ..." လို့ ပြောတယ်။

"ဒါပေမဲ့ ဂူချန်က ဟိုကျောင်းခေါင်းဆောင် အနည်းငယ်ကို ထောင်ထဲ ပို့ပစ်ဖို့အတွက် အသည်းအသန် ကြိုးစားနေတာ။ အတွင်းရေးမှန်သမျှကို မင်း သိထားရင်တောင်မှ အထောက်အထား လိုတယ်၊ အဲဒါကလည်း တရားဝင် အထောက်အထား ဖြစ်ရမယ်။ တစ်ဖက်သတ် အင်အားကို အသုံးချပြီး ကျောင်းခေါင်းဆောင် လေးယောက်စလုံးကို ချက်ချင်းလက်ငင်း ထောင်ထဲ ပို့လိုက်ဖို့ဆိုတာ တကယ်ကို ခက်ခဲလွန်းတာပါ။ အထောက်အထား ရှာစိစစ် စုဆောင်းတယ်ဆိုတာ အခက်ဆုံးပဲ၊ တရားမဝင်တဲ့ နည်းလမ်းနဲ့ စုဆောင်းထားတဲ့ အထောက်အထားဆိုတာ ဘယ်လိုမှ တရားဝင် အာဏာမသက်ရောက်နိုင်ပါဘူး..."

"ဂူချန်က ဘာလို့ ဒီလောက်တောင် များပြားတဲ့ တရားစွဲဆိုမှု တောင်းဆိုချက်တွေကို လုပ်ချင်နေရတာလဲ။ ကျန်းထောင်ရဲ့ တရားစွဲဆိုမှု တောင်းဆိုချက်အတိုင်းပဲ လိုက်ပြီး အမှုကို တိုက်ခိုက်ခဲ့ရင် အဆင်ပြေသွားမှာပေါ့။ ပညာသင်ဆု ကိစ္စလေးကိုပဲ ဖြေရှင်းလိုက်မယ်၊ တခြား ကိစ္စရပ်တွေက ဂူချန်နဲ့ ဘာမှ မဆိုင်ဘူးလေ။ ဒီလိုဆိုရင် အခုလို အမှုကြီးက ရှုပ်ထွေးသွားစရာ မရှိတော့ဘူးပေါ့..."

ကောင်းရုန်က "မျှော်လင့်ချက်တွေတော့ ရှိနေပါသေးတယ်။ ဂူချန်က တရားခွင်ကို ကိုင်တွယ်ရတာမှာ အလွန်တရာ ကျွမ်းကျင်သူဆိုတော့... သူ့မှာ နောက်ထပ် ဖဲချပ်ကောင်းတွေ ကျန်နေဦးမှာပါ..." လို့ ပြန်ဖြေတယ်။

သခင်လေးရွှယ် က သက်ပြင်းရှည်ကြီး ချရင်း "မင်းပြောတဲ့ ငါ့ရဲ့ ညီမလေး ကိုယ်တိုင်တောင်မှ ဒီတရားစွဲဆိုမှုကြောင့် သူ့ကိုယ်သူ ထောင်ထဲ ရောက်သွားအောင် လုပ်မမိဖို့ပဲ မျှော်လင့်ရတာပါပဲဗျာ..." လို့ ဆိုတယ်။

ကောင်းရုန်က "ဒါက ဂူချန်ပဲလေ၊ သူက ဘယ်တုန်းကမို့လို့ အမှုတွေကို ဒီလိုမျိုး မကိုင်တွယ်ဘဲ နေဖူးလို့လဲ။ ကျွန်တော်တို့နိုင်ငံမှာ ဒီလို အရည်အချင်းရှိတဲ့၊ တကယ်တော်တဲ့ ရှေ့နေမျိုး ရှိနေတာကိုက တကယ်ကို ကံကောင်းတာပါ။ ဂူချန်ဆိုတဲ့ လူစားမျိုး ဖြစ်နေလို့သာ သူ့ရဲ့ အရင် အမှုတွေအားလုံးကို ဒီလောက်အထိ လှပသေသပ်စွာ ကိုင်တွယ်နိုင်ခဲ့တာပေါ့..." ဟု ပြန်ပြောလိုက်သည်။

All Chapters