← Chapters

အခန်း ၅၀၂

Vol. 51 Ch. 502

အခန်း ၅၀၂

Vol. 51 Ch. 502

အခန်း(၅၀၂) သူတို့ကို အသက်ရှူခွင့် ပေးလိုက်ရမလား

အနောက်ဘက်မိုးကုတ်စက်ဝိုင်းက တုန်ခါသွားပြီး မြေကြီးကလည်း ပြင်းထန်စွာ တုန်ဟည်းသွား၏။

တောင်အလုံးရာခန့်ရှိသော အရိပ်မည်းကြီးတစ်ခုက လေထဲတွင် လျှောက်လှမ်းလာသည်။

သေချာကြည့်လိုက်သောအခါတွင် ၎င်းမှာ ပေတစ်ထောင်အမြင့်ရှိသော ဝက်ဝံနက်ကြီးတစ်ကောင် ဖြစ်နေသည်။

သံမဏိကဲ့သို့မည်းနက်နေသော အမွေးအမျှင်များက တိုင်လုံးလောက်တုတ်သော လက်မောင်းများကို ဖုံးအုပ်ထားပြီး ခေါင်းလောင်းအရွယ်အစားရှိသော မျက်လုံးများက ရိုင်းစိုင်းကြမ်းကြုတ်မှုနှင့် သတ်ဖြတ်လိုသော အငွေ့အသက်များ တောက်ပနေ၏။ ဤသူကား အခြားသူမဟုတ်။ တောင်ရွှေ့မဟာပဏ္ဍိတပင်။

အရှေ့ဘက်မိုးကုတ်စက်ဝိုင်းတွင်တော့ မှောင်မိုက်သောမြူခိုးများ လိမ့်တက်လာကာ လှိုင်းထနေ၏။

ထိုမြူခိုးများထဲတွင် ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်သွားစေအောင် ဟိန်းဟောက်နေသည့် ကျားဆိုးကြီးတစ်ကောင်၏ပုံရိပ်က ဝိုးတဝါး ပေါ်ထွက်လာသည်။

ပေရှစ်ရာအရှည်ရှိသော ထိုသားရဲကြီးက မင်ရည်လိုမည်းနက်နေပြီး မျက်လုံးများနှင့် ဓားသွားလို ထက်မြက်သည့် လက်သည်းများတွင် သရဲတစ္ဆေဆန်သော မိစ္ဆာမီးတောက်စိမ်းများ တောက်လောင်နေသည်။ ၎င်း လှုပ်ရှားလိုက်သည်နှင့် အမည်းရောင်လေပြင်းများ ဝန်းရံလည်ပတ်သွား၏။ ၎င်း၏သရုပ်မှာ ထင်ရှားလှပေသည်။ လေနက်မဟာပဏ္ဍိတပင်။

"ခီးခီးခီး... ငါတို့မိစ္ဆာမျိုးနွယ် စုတိုက်ခိုက်မယ့်သတင်းက ပျံ့နှံ့နေတာကြာပြီထင်တယ်။" တောင်ရွှေ့ မဟာပဏ္ဍိတက စန်းပိုတောင်တန်းကြီးဆီသို့ စိုက်ကြည့်ရင်း အစွယ်များကိုပေါ်လွင်စေကာ ပြုံးလိုက်သည်။ "ဒါပေမဲ့ လရိပ်ဂိုဏ်းက ဘာတုံ့ပြန်မှုမှ မလုပ်သေးဘူး။ ဂိုဏ်းတံခါးကိုစွန့်ပစ်ပြီး ထွက်ပြေးသွားကြတာများလား။"

စန်းပိုတောင်တန်းကြီး၏အလွန်တွင်တော့ လရိပ်ဂိုဏ်း၏နယ်မြေ ရှိနေသည်။

ထိုဂိုဏ်းသည် အဆင့်မြင့်ဝိညာဉ်ကြောကို ခိုးယူသွားခဲ့သဖြင့် တုရှန်ယွဲ့၏ရှေ့တွင် မျက်နှာပျက်ခဲ့သည်။

ထို့ကြောင့် တောင်ရွှေ့မဟာပဏ္ဍိတက လက်စားချေရန် မစောင့်နိုင်တော့လောက်အောင် ဖြစ်နေခဲ့သည်။

"အဲဒီအဆင့်မြင့်ဝိညာဉ်ကြောက ခြေထောက်ပေါက်ပြီး ထွက်ပြေးလို့မှမရတာ။"

မည်းနက်နေသောမြူခိုးများထဲမှ ကြမ်းကြုတ်လှသော ကျားခေါင်းကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် လေနက်မဟာပဏ္ဍိတက လှောင်ပြောင်လိုက်သည်။ "အဆင့်မြင့်ဝိညာဉ်ကြော (၅)ခုကို တစ်ပြိုင်နက်တည်း ရွှေ့ပြောင်းနိုင်တယ်ဆိုတာကို ငါတော့ မယုံနိုင်ဘူး။ တကယ်လို့ သူတို့တွေ ထွက်ပြေးနိုင်တယ်ဆိုရင်တောင် ဘယ်ကိုသွားမှာလဲ။ ချင်းယွန်ဘုံရဲ့ အပြင်ဘက်ကိုလား။"

"ဒီနေ့... လရိပ်ဂိုဏ်းကို ပြားချပ်သွားအောင် ဖျက်ဆီးပစ်မယ်။"

မြောက်ဘက်ကောင်းကင်ယံမှ မိုးချုန်းသံများ ထွက်ပေါ်လာပြီး မီးခိုးဖြူရောင်ကြံ့ခေါင်းနှင့် လူတစ်ပိုင်း ဧရာမသတ္တဝါကြီးတစ်ကောင်သည် ဧရာမပုဆိန်ကြီးကို ကိုင်ဆောင်လျက် မိုးကြိုးတိမ်တိုက်များကိုနင်းကာ ထွက်ပေါ်လာ၏။ ရုပ်သွင်ဖန်ဆင်းမဟာပဏ္ဍိတသည် မုန်တိုင်းကြားတွင် ရပ်တန့်နေပြီး ရည်မှန်းချက်ကြီးမားမှုများ ပြည့်နှက်နေသည့် မိုးကြိုးများလင်းလက်နေသောမျက်လုံးများဖြင့် လောကကြီးကို စီးမိုးကြည့်ရှုနေသည်။

လရိပ်ဂိုဏ်းသည် လူသားမျိုးနွယ်၏ အင်အားအကြီးဆုံးဂိုဏ်း ဖြစ်သည်။

၎င်းတို့ကို ရှင်းလင်းလိုက်နိုင်သည်နှင့် ချင်းယွန်ဘုံသည် မိစ္ဆာမျိုးနွယ်စု၏ပိုင်ဆိုင်မှု ဖြစ်လာတော့မည်။

မှောင်မိုက်နေသောတိမ်တိုက်များအောက်တွင် အဆိပ်ပြင်းမြူခိုးများ စုစည်းသွားကာ သွယ်လျသော ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထိုထူးဆန်းသောသတ္တဝါတွင် ကင်းမြီးကောက်ခေါင်း၊ ကြေးခွံနက်သံချပ်ကာများဖုံးထားသော မြွေကဲ့သို့ သွယ်လျသည့် ကိုယ်လုံးကိုယ်ထည်နှင့် ခါးမှထွက်ပေါ်နေသော သွေးရောင်ကင်းမြီးကောက်အမြီးတစ်ခု ရှိနေသည်။ ဤသူက အဆိပ်ရန်သူမဟာပဏ္ဍိတပင်။

အဆိပ်ရန်သူမဟာပဏ္ဍိတကမူ တိတ်ဆိတ်စွာပင် နေနေသည်။

လရိပ်ဂိုဏ်းရှိရာအရပ်ဆီသို့ အဆိပ်ပြင်းသောအကြည့်တစ်ချက်သာ ပို့လွှတ်လိုက်သည်။

ကြီးမြတ်သော မိစ္ဆာမဟာပဏ္ဍိတ ငါးပါးသည် အဆုံးအစမရှိသော မိစ္ဆာတပ်မကြီးများ၏ ထောက်ပံ့မှုဖြင့် မိမိတို့၏နေရာအသီးသီးတွင် နေရာယူလိုက်ကြသည်။ သူတို့၏အရေအတွက်က ကောင်းကင်ကြီးကိုပင် ဖုံးကွယ်သွားစေသည်။ သန်းချီသောတပ်မတော်ကြီး၏ ဟိန်းဟောက်အော်ဟစ်သံများနှင့် စုပေါင်းလိုက်သော မိစ္ဆာစွမ်းအင်များကြောင့် လောကကြီးတစ်ခုလုံးပင် အရောင်အသွေး ကင်းမဲ့သွားရ၏။

သို့တိုင်အောင် တုရှန်ယွဲ့ကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရပေ။

သူက တစ်နေရာရာတွင် ပုန်းအောင်းနေပြီး အရာအားလုံးကို တိတ်ဆိတ်စွာ အကဲခတ်နေပုံရသည်။

ရွှေအတောင်ပံ ဂဠုန်မိစ္ဆာမဟာပဏ္ဍိတသည် ကောင်းကင်တွင် တစ်ပတ်လှည့်ပတ်ပျံသန်းပြီးနောက် ပြန်လည်ဆင်းသက်လာသည်။

ရွှေအတောင်ပံများဖြင့် လူတစ်ပိုင်းဂဠုန်တစ်ပိုင်းသတ္တဝါအဖြစ် ပြောင်းလဲကာ ကျန်ရှိသောမဟာပဏ္ဍိတ လေးပါး၏ရှေ့တွင် ဆင်းသက်လိုက်သည်။

"စန်းပိုတောင်တန်းတွေထဲမှာ အခင်းအကျင်းတွေ ရှိနေတယ်။"

၎င်း၏မျက်လုံးများတွင် ရွှေရောင်အလင်းများ တောက်ပသွားပြီး ခနဲ့တဲ့တဲ့ပြောလိုက်သည်။

"သာမန်မဟာတက်လှမ်းခြင်းအဆတွေ သတိမထားမိနိုင်လောက်တဲ့ အတော်လေးး ရှုပ်ထွေးနက်နဲတဲ့ အစီအရင်နှစ်ခုပဲ။ ဒါပေမဲ့ ငါက မိစ္ဆာမဟာပဏ္ဍိတလေ။ စန်းပိုတောင်တန်းထဲက ဘယ်အရာမှ ငါ့ရဲ့မျက်လုံးကနေ မလွတ်မြောက်နိုင်ဘူး။"

"အခင်းအကျင်းတွေ ဟုတ်လား။"

တောင်ရွှေ့မဟာပဏ္ဍိတက ၎င်း၏ ကြက်သွေးရောင်မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။

ရွှေတောင်ပံဂဠုန်၏ ထက်မြက်သောအမြင်အာရုံမပါဘဲနှင့် ၎င်းက ထိုအစီအရင်များကို မမြင်နိုင်ပေ။

"လရိပ်ဂိုဏ်းက ငါတို့ရဲ့လမ်းကြောင်းကိုကြိုသိပြီး ချုံခိုတိုက်ခိုက်ဖို့ ကြိုတင်ပြင်ဆင်ထားတာများလား။"

"မှန်တယ်။" လင်းယုန်မဟာပဏ္ဍိတက ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်သည်။ "ငါတို့မိစ္ဆာမျိုးနွယ်စုကို ထောင်ချောက်ဆင်ရဲတာ လရိပ်ဂိုဏ်းကလွဲပြီး ဘယ်သူရှိဦးမှာလဲ။"

"ငါတို့သိထားမှတော့ ဘာလို့စောင့်နေရမှာလဲ။" အဆိပ်ရန်သူမဟာပဏ္ဍိတက အဆိပ်ပြင်းပြင်းဖြင့် လေချွန်သံထွက်ကာ ပြောလိုက်သည်။ "သူတို့ကို အခွင့်အရေး တစ်စက်ကလေးတောင်မပေးနဲ့။"

"အခွင့်အရေး ဟုတ်လား။ ဒီလောက်အခင်းအကျင်းတွေက ဘာမှမဟုတ်ပါဘူး။" ဂဠုန်မဟာပဏ္ဍိတက တောင်တန်းကြီးကိုငေးကြည့်ရင်း မောက်မာစွာ ကြေညာလိုက်သည်။ "လရိပ်ဂိုဏ်းက ငါတို့ရှေ့မှာတင် ရှိနေတာ... ဒီအခင်းအကျင်းနှစ်ခုကို ရှောင်ဖို့အတွက် လမ်းလွှဲသွားရမှာလား။ စန်းပိုရွှံ့နွံတောကြီးကိုဖြတ်ဖို့က နောက်ထပ် လဝက်လောက် အချိန်ယူရဦးမယ်။ ဒီလောက်နှောင့်နှေးတာကို ငါတို့တတ်နိုင်လို့လား။ ငါတို့ရဲ့ သခင်မကော လက်ခံပါ့မလား။"

"မင်း ဆိုလိုတာက..." ရုပ်သွင်ဖန်ဆင်းမဟာပဏ္ဍိတက တုံ့ဆိုင်းသွားသည်။

လူသားကျင့်ကြံသူများက သူတို့မျိုးနွယ်စုကို တောင်တန်းတစ်သောင်းဆီသို့ မောင်းထုတ်ခဲ့သည့် မှတ်ဉာဏ်များက လတ်ဆတ်နေဆဲဖြစ်သည်။

လူသားများ၏ခွန်အားက သိသိသာသာ ကျဆင်းသွားခဲ့သည်ဟု ဆိုသော်ငြားလည်း။

မြွေပွေးကိုက်ဖူးသူက မြွေဟောက်မြင်လျှင် လန့်တတ်သည်ဆိုသကဲ့သို့ ပိုမိုနက်နဲသောအကြံအစည်များ ရှိနေမည်ကို ၎င်းက စိုးရိမ်မိသည်။

ဂဠုန်မဟာပဏ္ဍိတက ရုပ်သွင်ဖန်ဆင်းမဟာပဏ္ဍိတ၏ စိုးရိမ်ပူပန်မှုများကို လျစ်လျူရှုလိုက်သည်။

ထို့အစား သန်းချီသောမိစ္ဆာတပ်ကြီးဘက်သို့လှည့်ကာ အမိန့်ပေးလိုက်သည်။

"တိုက်ခိုက်ကြ။"

ဝုန်း။

ချက်ချင်းပင် မရေမတွက်နိုင်သော မိစ္ဆာစစ်သည်များနှင့် စစ်သူကြီးများက စန်းပိုတောင်ကြားထဲသို့ ဒီရေလုံးကြီးတစ်ခုအလား စီးဝင်သွားကြသည်။

မိစ္ဆာတပ်ဖွဲ့များက အောင်ပွဲခံဟန်ဖြင့် ချီတက်လာကြပြီး လမ်းတစ်လျှောက်ရှိ ကျောက်ဆောင်များကို ချေမှုန်းကာ သစ်တောများကိုပြန့်ကျဲသွားစေလျက် ပျက်စီးယိုယွင်းမှုများကိုသာ ချန်ရစ်ခဲ့သည်။

သူတို့၏မာနများက အကန့်အသတ်မရှိဖြစ်နေပကာ မည်သည့်သတိပေးချက်မှမရှိဘဲ ချီတက်လာရင်း တောင်ကြားထဲရှိ ဖြစ်နိုင်ချေရှိသော မည်သည့်ချုံခိုတိုက်ခိုက်မှုကိုမဆို လုံးဝ လျစ်လျူရှုထားကြသည်။

စစ်တုရင်ခုံပေါ်တွင် နယ်ရုပ်များက အရင်စရွှေ့ရစမြဲပင်။

မိစ္ဆာမဟာပဏ္ဍိတငါးပါးစလုံးတွင် အခင်းအကျင်းများကို ဖြိုခွင်းနိုင်စွမ်း ရှိကြသည်။

သို့သော် သူတို့က ငတုံးများ မဟုတ်ကြပေ။

လူသားကျင့်ကြံသူများ၏ အခင်းအကျင်ားက လှည့်စားတတ်ပြီး နားလည်ရခက်ခဲလှပေသည်။ မိစ္ဆာစစ်သည်များက အခင်းအကျင်းစွမ်းအားကို အရင်စမ်းသပ်နိုင်စွမ်း ရှိနေသည့်အတွက် သူတို့ကိုယ်သူတို့ အန္တရာယ်ခံရန် မလိုအပ်ပေ။

...

လီကျစ်ဖျင်သည် ပင်မတောင်ထွတ်ပေါ်တွင် ပုန်းကွယ်နေပြီး မိစ္ဆာတပ်ကြီး၏ ချီတက်လာမှုကို စောင့်ကြည့်နေ၏။ အသက်ကိုအောင့်ထားရင်း အကောင်းဆုံးအချိန်အခါကို စောင့်ဆိုင်းနေသော မျက်လုံးများက တောက်ပနေသည်။

ရှေ့ပြေးတပ်များက တောင်ကြား၏အလယ်ဗဟိုသို့ ရောက်ရှိလာပြီး ပင်မတပ်မကြီး ဝင်ရောက်လာချိန် လီကျစ်ဖျင်က ရုတ်တရက် မတ်တတ်ရပ်ကာ အော်ဟစ်လိုက်သည်။ "အခင်းအကျင်းတွေကို အသက်သွင်းလိုက်။"

ချက်ချင်းပင် ကောင်းကင်နှင့်မြေကြီး ပြောင်းလဲသွားတော့သည်။

တောင်ထိပ်ပေါ်ရှိ မိစ္ဆာနှိမ်နင်းရေးအလံတော် (၃၆)ခုမှ မျက်စိကျိန်းမတတ် ရွှေရောင်အလင်းတန်းများ တပြိုင်နက် ပေါက်ကွဲထွက်လာသည်။

အချင်းချင်းချိတ်နေသော ရွှေရောင်ကြိုးတန်းများက ကောင်းကင်ပြင်တစ်လျှောက် လွတ်မြောက်နိုင်စွမ်း မရှိသော ပိုက်ကွန်ကြီးတစ်ခုအဖြစ် ဖန်တီးလိုက်သည်။

ဘုန်း။

ကြယ်ခုနစ်ပွင့်နဂါးချည်နှောင်အခင်းအကျင်းက ပြင်းထန်စွာ အသက်ဝင်လာသည်။

တောင်ကြောများလောက်တုတ်ခိုင်သော ဧရာမအလင်းတိုင်ကြီးခုနစ်ခုက ကောင်းကင်သို့ တက်သွားပြီး လေထဲတွင် ဓူဝံကြယ်စုပုံသဏ္ဌာန် ဖန်တီးလိုက်လေသည်။ အလင်းတိုင်များထဲမှ နဂါးဟိန်းဟောက်သံများ ထွက်ပေါ်လာသကဲ့သို့ ခံစားရပြီးနောက် သက်ရှိအားလုံးကို ဖိနှိပ်နိုင်စွမ်းရှိသော ကြောက်မက်ဖွယ်ဖိအားများကို ထုတ်လွှတ်လိုက်သည်။

တစ်ချိန်တည်းမှာပင်။

ဝုန်း။ ဝိညာဉ်ချည်နှောင်ခြင်းသံတိုင်(၈၁)ခုက တပြိုင်နက် တုန်ခါသွား၏။

ခရမ်းရွှေရမှော်စာလုံးများ လင်းလက်လာပြီးနောက်တွင် မြေကြီးကိုပင် တုန်ဟည်းသွားစေသော ပေါက်ကွဲသံများနှင့်အတူ မိစ္ဆာနှိမ်နင်းကောင်းကင်ဓားအစီအရင်က အသက်ဝင်လာခဲ့သည်။ သောင်းနှင့်ချီသော ဓားစွမ်းအင်များက မြေကြီးထဲမှပေါက်ကွဲထွက်လာကာ လေထဲတွင် မရေမတွက်နိုင်သော ပျံသန်းနေသည့် ဓားများအဖြစ် စုစည်းသွားပြီးနောက် အားလုံးက မိစ္ဆာအုပ်ကြီးဆီသို့ တိုက်ရိုက်ဦးတည်နေကြသည်။

"ကြီးကျယ်ခမ်းနားတဲ့ အခင်းအကျင်းနှစ်ခုပဲ... သဘာဝစွမ်းအင်တွေကို အသုံးချထားတဲ့ ဒီလိုမျိုး ထောင်ချောက်ဆင်ခြင်းနဲ့ သတ်ဖြတ်ခြင်းအခင်းအကျင်း အရွယ်အစားမျိုးအတွက် ဘယ်လောက်တောင် ဖြုန်းတီးပစ်လိုက်တာလဲ။"

အဆိပ်ရန်သူမဟာပဏ္ဍိတ၏ မျက်နှာအမူအရာက ပြောင်းလဲသွားသော်လည်း မျက်လုံးများထဲတွင် မည်သည့်ကြောက်ရွံ့မှုမျှ မရှိပေ။

အံ့ဖွယ်အခင်းအကျင်းနှစ်ခုစလုံးမှာ ယခု အပြည့်အဝအသက်ဝင်လာပြီဖြစ်ကာ တောင်ကြားတစ်ခုလုံးကို လွှမ်းခြုံထားလိုက်ပြီဖြစ်သည်။

ကြယ်ခုနစ်ပွင့်နဂါးချည်နှောင်အခင်းအကျင်းက ၎င်း၏လည်ပတ်မှုကို အရှိန်မြှင့်လိုက်သည်။

မရေမတွက်နိုင်သော ရွှေရောင်နဂါးကြေးခွံများက အလင်းတိုင်များထဲမှ စတင်ကျဆင်းလာသည်။

အစပိုင်းတွင်တော့ မိစ္ဆာများက ကျဆင်းလာသော ကြေးခွံများကို ဂရုမစိုက်ခဲ့ကြပေ။ ပထမဆုံး မိစ္ဆာတစ်ကောင်နှင့် ထိတွေ့သွားသည့်အချိန်အထိပင်။ ကြေးခွံက အရိုးကိုတွယ်ကပ်နေသော လောက်ကောင်လို ကပ်တွယ်သွားပြီး အလေးချိန် အလွန်လေးလံလှသဖြင့် ထိုမိစ္ဆာကို မြေကြီးပေါ်သို့ ချက်ချင်းဖိချလိုက်ကာ လှုပ်ရှား၍ပင် မရနိုင်တော့ပေ။

ကျင့်စဉ်အဆင့် မည်သို့ပင်ရှိစေကာမူ အထဲရှိ မိစ္ဆာအားလုံးမှာ နဂါးချီ၏ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။

မိစ္ဆာဘုရင်အဆင့်ရှိ သတ္တဝါများသာ မနည်းရုန်းကန်ခုခံကာ ဆက်လက်ချီတက်နိုင်ကြသည်။

ထိုအချိန်တွင်။

ဝှစ်။

မိစ္ဆာနှိမ်နင်းကောင်းကင်ဓားအစီအရင်မှ ဧရာမဓားပေါင်းများစွာက လေခွင်းသံများနှင့်အတူ အောက်သို့ ဆင်းသက်လာသည်။

သည်းထန်စွာရွာသွန်းနေသော မိုးပေါက်များကဲ့သို့ဓားများ ကျဆင်းလာချိန်တွင် မြေကြီးမှာလည်း တုန်လှုပ်သွားသည်။

၎င်းတို့ ဖြတ်သန်းသွားသောနေရာတိုင်းတွင် မိစ္ဆာများ၏သွေးများ ပန်းထွက်ကုန်ပြီး အရိုးများပင် အရိပ်အယောင်မကျန် ပျောက်ကွယ်သွားရသည်။

အချိန်တိုအတွင်းပင် မိစ္ဆာတပ်မတစ်ဝက်ခန့်မှာ သေဆုံးသွားခဲ့သည်။ သန်းချီသော မိစ္ဆာစစ်သည်များက သတ်ဖြတ်ခံရမည့် သိုးပေါက်လေးများကဲ့သို့ပိတ်မိနေပြီး ခုခံရန် အင်အားလုံးဝမရှိတော့ပေ။

"မယုံနိုင်စရာပဲ။"

"ငါတို့ နိုင်နေပြီ။"

"ဒါ... ဒါက အနှိုင်းမဲ့အခင်းအကျင်းတွေရဲ့ စွမ်းအားလား။"

တောင်တန်းများပေါ်မှစောင့်ကြည့်နေသော လရိပ်ဂိုဏ်းတပည့်များသည် သူတို့၏ တ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်တော့ပေ။

အစပိုင်းတွင် ယနေ့တိုက်ပွဲနှင့်ပတ်သက်၍ အဆိုးမြင်နေခဲ့ကြသော်လည်း။

အခင်းအကျင်းများ၏စွမ်းအားက သူတို့ကို ဝမ်းသာဖွယ်အံ့အားသင့်မှုတစ်ခု ပေးစွမ်းလိုက်သည်။

"ဟွန့်။ ဒီခေါင်းမာတဲ့မိစ္ဆာတွေက လူသားနယ်မြေကို ကျူးကျော်ရဲတယ်ပေါ့။"

တပည့်အချို့မှာ ထွက်ပြေးနေရသောမိစ္ဆာများကို ပစ်ခတ်ပေါက်များမှတစ်ဆင့် လှောင်ပြောင်ခြင်းကို မအောင့်ထားနိုင်တော့ပေ။

သို့သော်လည်း တန်ခိုးကြီးမားလှသော အချင်းအးကျင်းနှစ်ခုကို ရင်ဆိုင်နေရသည့်တိုင် မိစ္ဆာမဟာပဏ္ဍိတ ငါးပါးမှာမူ မတုန်မလှုပ်ဘဲ ရှိနေဆဲဖြစ်သည်။

"ဒီစွမ်းအားက... အမှန်တိုင်းပြောရရင် တော်တော်လေး စိတ်ပျက်စရာကောင်းတာပဲ။"

တောင်ရွှေ့မဟာပဏ္ဍိတက သတ်ဖြတ်ခံနေရသော မိစ္ဆာငယ်များကို အေးစက်စွာကြည့်ရှုနေပြီး ၎င်း၏နှုတ်ခမ်းများက ရက်စက်သော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။

"နှစ်ထောင်ပေါင်းများစွာကြာပြီးတော့ လူသားကျင့်ကြံသူတွေက မတိုးတက်လာဘဲ ဆုတ်ယုတ်သွားတာလား။ အသုံးမကျတဲ့အမှိုက်တွေ။"

ဂဠုန်မဟာပဏ္ဍိတက လက်ပိုက်လိုက်ပြီးနောက် စိတ်ဝင်စားမှုအားလုံး ပျောက်ဆုံးသွားသကဲ့သို့ ၎င်း၏ မျက်လုံးများတွင် စိတ်ပျက်မှုများပြည့်နှက်နေကာ သက်ပြင်းချလိုက်သည်။ "လူသားမျိုးနွယ်ရဲ့ကံကြမ္မာက အဆုံးသတ်သွားပြီပဲ။"

"သူတို့ကို အသက်ရှူခွင့် ပေးလိုက်ရမလား။" လေနက်မဟာပဏ္ဍိတ၏ လှောင်ပြောင်ရယ်မောသံများက မည်းနက်သောမြူခိုးများထဲမှ ရူးသွပ်စွာပဲ့တင်ထပ်လာသည်။

"မပေးနဲ့။ ငါတို့က လုံးဝကို အပြတ်အသတ်လွှမ်းမိုးချင်တာ။" ရုပ်သွင်ဖန်ဆင်းမဟာပဏ္ဍိတက မတ်တတ်ရပ်လိုက်ရာ ၎င်း၏ တောင်ကုန်းအရွယ်အစားရှိသောခန္ဓာကိုယ်ကြီးက ကောင်းကင်ကို ဖုံးကွယ်သွားပြီး မိုးကြိုးများက ဦးခေါင်းထက်တွင် စုစည်းလာသည်။ ကောင်းကင်ကိုပင် တုန်လှုပ်စေသော ဟိန်းသံကြီးနှင့်အတူ ၎င်းက အော်ဟစ်လိုက်သည်။

"သူတို့ကို သင်ပေးလိုက်ကြတာပေါ့။”

"မျှော်-လင့်-ချက်-ကင်း-မဲ့-ခြင်း ဆိုတာက ဘာလဲဆိုတာ…"

…

All Chapters