← Chapters

အခန်း ၅၀၈

Vol. 51 Ch. 508

အခန်း ၅၀၈

Vol. 51 Ch. 508

အခန်း(၅၀၈) ကောင်းကင်တာအို၊ လဗြွတ်ပဲ

စန်းပိုတောင်တန်းကြီးမှ လုံးဝမဆုတ်ခွာနိုင်သေးသော လရိပ်ဂိုဏ်းတပည့်များမှာလည်း အတူတူပင် စိုးရိမ်ပူပန်နေကြသည်။

လီကျစ်ဖျင်နှင့် ကျန်းမုန့်ချူးတို့မှာ ရောက်ရှိလာကြပြီး တောင်ထွတ်ပေါ်ရှိ တစ်ယောက်တည်းသော ပုံရိပ်ကို စိုးရိမ်တကြီး စိုက်ကြည့်နေကြသည်။

"ဘိုးဘေးကြီးက ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့ ကောင်းကင်အတိဒုက္ခကို တကယ် ဖြစ်စေခဲ့တာလား။ ကောင်းကင်တာအိုက သူ့ကို တကယ်ပဲ မနာလိုဖြစ်နေတာလား။" လီကျစ်ဖျင်သည် သူ၏လက်ဆစ်များ ဖြူရော်သွားသည်အထိ လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ "အခု ဘိုးဘေးကြီးအတွက် ငါတို့ လုပ်ပေးနိုင်တာ ဘာရှိသေးလဲ။"

"ဘာမှ... လုပ်ပေးနိုင်တာမရှိဘူး။" ကျန်းမုန့်ချူးက ခါးသီးစွာဖြင့် ပြုံးလျက် ခေါင်းခါလိုက်သည်။ "ကောင်းကင်အတိဒုက္ခရဲ့ အာဏာစက်ဆိုတာ ငါတို့ အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေ ခံနိုင်တဲ့အရာ မဟုတ်ပါဘူး။ ပြီးတော့ စဉ်းစားဆင်ခြင်စရာမရှိဘဲ ဝင်ရောက်စွက်ဖက်မယ်ဆိုရင် ငါတို့ သေရုံတင်မကဘဲ အတိဒုက္ခရဲ့စွမ်းအားကိုပါ ပိုကြီးမားလာစေနိုင်တယ်။"

"ဒါဆိုရင် ငါတို့တွေက ဒီတိုင်းလက်ပိုက်ကြည့်နေရတော့မှာလား။" လီကျစ်ဖျင်၏အသံမှာ ခံစားချက်များကြောင့် ဆို့နစ်သွားသည်။

"ငါတို့ ကြည့်ဖို့တောင် မဖြစ်နိုင်ဘူး။" ကျန်းမုန့်ချူးက သက်ပြင်းချကာ မျက်လုံးများကို နှိမ့်ချလိုက်ပြီး အကြည့်များတွင် ခါးသီးမှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ "ကျန်နေသေးတဲ့တပည့်တွေကို ခေါ်ပြီး စန်းပိုတောင်ကနေ လရိပ်ဂိုဏ်းဆီကို ချက်ချင်းဆုတ်ခွာကြမယ်။ အခု ငါတို့လုပ်နိုင်တာ တစ်ခုတည်းကတော့ ဘိုးဘေးကြီးအတွက် ဆုတောင်းပေးဖို့ပဲ။ နောက်ထပ် မိုးကြိုးမပစ်ခင်မှာ ငါတို့ မထွက်သွားကြဘူးဆိုရင် စန်းပိုတောင်ကြီးတစ်ခုလုံး ပြိုလဲသွားလိမ့်မယ်။"

လီကျစ်ဖျင်အနေဖြင့် အတိဒုက္ခ၏စွမ်းအားကို အပြည့်အဝ နားမလည်သေးပေ။

သို့သော် ကျန်းမုန့်ချူးကမူ ကောင်းကောင်း နားလည်ထားပေသည်။

သူက မဟာတက်လှမ်းခြင်းကျင့်ကြံသူများ အတိဒုက္ခရင်ဆိုင်ရသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ဖူးသူ ဖြစ်သည်။ ကောင်းကင်မိုးကြိုးအောက်တွင် သေဆုံးသွားကြသူ သုံးဦးကိုလည်း မြင်ခဲ့ရသည်။ နောက်ဆုံး မိုးကြိုးပစ်ချက် သုံးချက်က အမြဲပင် အဖျက်စွမ်းအား အကြီးမားဆုံးဖြစ်ကြောင်း သူ နာကျင်စွာဖြင့် ရှင်းလင်းစွာ သိထားသည်။

မိုးကြိုးတိမ်တိုက်အောက်မှ အသက်များအတွက် ကောင်းကင်တာအိုက မည်သည့် သနားကြင်နာမှုကိုမှ ပေးလိမ့်မည် မဟုတ်ပေ။ စီရင်ချက် ကျရောက်လာသည့်အခါတွင် ၎င်းသည် ခွဲခြားဆက်ဆံခြင်းမရှိဘဲ အားလုံးကို သိမ်းယူသွားလိမ့်မည်။

"မင်းတို့အားလုံး ဆက်မကြည့်ကြနဲ့တော့။ လှုပ်ရှားကြ။"

ကျန်းမုန့်ချူး၏အသံမှာ အက်ရှလာပြီး လက်များကိုဝေ့ယမ်းကာ တပည့်များကို ဘဲပေါက်လေးများကဲ့သို့ တည်နေရာရွှေ့ပြောင်းအစီအရင်ဆီသို့ တွန်းပို့လိုက်သည်။

သူတို့အတွက် ယခုလက်ရှိ တစ်ခုတည်းသောရွေးချယ်စရာမှာ လရိပ်ဂိုဏ်းသို့ပြန်ပြီး စောင့်ဆိုင်းရန်သာ ဖြစ်သည်။

ဘိုးဘေးကြီးက အတိဒုက္ခခံယူနေပြီးနောက် ကမ္ဘာငယ်လေးးကပါ မငြိမ်မသက်ဖြစ်နေသဖြင့် မည်သူမျှ ထိုနေရာသို့ ပြန်သွား၍မရနိုင်တော့ပေ။

"အကြီးအကဲကျန်း... ဘိုးဘေးကြီးက... အတိဒုက္ခကို ကျော်ဖြတ်နိုင်ပါ့မလား။"

ရှုအန်က ကျောက်စွန်းထိပ်ရှိ တစ်ယောက်တည်းသောပုံရိပ်ကို စိုက်ကြည့်ရင်း သူ၏အသံမှာ တုန်ယင်နေ၏။

ကျန်းမုန့်ချူး တုံ့ခနဲရပ်သွားပြီး မျက်ရည်တစ်စက် ကျဆင်းလာကာ အမြန်ပင် သုတ်ပစ်လိုက်သည်။ သူက အတင်းအကျပ်ပြုံးပြလျက် ရှုအန်၏ပခုံးကို တင်းတင်းကြပ်ကြပ် ကိုင်ဆုပ်လိုက်သည်။ "ယုံကြည်ထားပါ။ ငါတို့ သူ့ကို ယုံကြည်ရမယ်။"

သူက စကားလုံး တစ်လုံးချင်းစီကို အလေးပေး ပြောဆိုလိုက်သည်။

"သူက ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့ဘိုးဘေးကြီးပဲလေ။"

တပည့်များမှာ တွန့်ဆုတ်နေရင်း တည်နေရာရွှေ့ပြောင်း အစီအရင်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် ရွေ့လျားသွားကြသည်။

သို့သော်လည်း မိုးကြိုးတိမ်တိုက်များဖုံးလွှမ်းနေသော ကျောက်စွန်းဆီသို့ နောက်ပြန်မလှည့်ကြည့်ဘဲ မနေနိုင်ကြပေ။

အချို့မှာ တိတ်ဆိတ်သောဝမ်းနည်းမှုဖြင့် ခေါင်းငုံ့ထားကြပြီး လက်သည်းများက အသားထဲကို စိုက်ဝင်သည်အထိ လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကြသည်။ အချို့မှာမူ ချုပ်တည်းထားသော ရှိုက်သံများဖြင့် တုန်ယင်နေကြကာ ရင်ကွဲနာကျနေသည့် အသံတိတ် ငိုကြွေးသံများ ထွက်ပေါ်နေသည်၊ အချို့မှာမူ နှုတ်ခမ်းများကိုကိုက်ခဲထားကြပြီး အကူအညီမဲ့သောဒေါသနှင့် ရှက်ရွံ့မှုတို့ဖြင့် မျက်လုံးများ တောက်လောင်နေသည်။ သူတို့၏အကြည့်များတွင် အားမလိုအားမရနှင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမှုများ အော်ဟစ်နေကြသည်။ ရက်စက်ကြမ်းကြုတ်သော အမှန်တရားတစ်ခုက နှလုံးသားတိုင်းတွင် ထွင်းထုထားသည်။ ဘိုးဘေးကြီးက သူတို့ကို ကာကွယ်ရန်အတွက်သာလျှင် ပြင်ဆင်မှုမရှိသော ဤအတိဒုက္ခကို ရင်ဆိုင်နေရခြင်း ဖြစ်ပေသည်။

ကောင်းကင်တာအို၏ပြစ်ဒဏ်ကို ဆွဲဆောင်မှသာလျှင် မိစ္ဆာမဟာပဏ္ဍိတငါးပါးကို မောင်းထုတ်နိုင်မည် ဖြစ်သည်။

ဤကဲ့သို့ အလျင်စလိုခံယူရသော အတိဒုက္ခနှင့် ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းတို့ကြားတွင် မည်သည့် ကွာခြားချက် ရှိပါသနည်း။

ဤအရာအားလုံးမှာ သူတို့ အသက်ရှင်နေထိုင်နိုင်စေရန်အတွက်သာ ဖြစ်သည်။

ထို့ပြင် သူတို့ကမူ... သူ့နောက်ကွယ်တွင်သာ ကျုံ့ဝင်နေနိုင်ကြပြီး အသုံးမကျလွန်းလှပေ။

လရိပ်ဂိုဏ်း၊ အဓိကခန်းမဆောင်။

လီချင်းရန်သည် အဝင်ဝတွင် ရပ်နေပြီး မျက်မှောင်ကျုံ့လျက် စုဝေးလာနေသော မိုးကြိုးတိမ်တိုက်များကို စိုက်ကြည့်နေကာ ရင်ထဲတွင် ပြင်းထန်စွာ နာကျင်နေရသည်။

အတိဒုက္ခခံယူနေသူမှာ သူ၏ဆရာဖြစ်ကြောင်း သူ သိထားသည်။

သူက စန်းပိုတောင်သို့ အပြေးအလွှား သွားရောက်ချင်စိတ် ပြင်းပြနေသည်။

သို့သော်လည်း ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် သူ၏တာဝန်မှာ ဆက်လက်နေထိုင်ပြီး အစီအစဉ်တကျ ထိန်းသိမ်းရန် ဖြစ်သည်။

ဤသည်မှာ သူ၏ဆရာ သူ့ထံမှ မျှော်လင့်မည့်အရာပင်။

"ဆရာ..."

သူ၏ တိုးညှင်းသောအသံမှာ လေထဲတွင် လွင့်စင်ပျောက်ကွယ်သွား၏။

လက်သည်းများက အသားထဲစိုက်ဝင်သွားခဲ့သဖြင့် သူ၏လက်ဝါးများမှ သွေးများစီးကျနေသည်ကို သူ သတိမထားမိပေ။

"ကျေးဇူးပြုပြီး... ကျွန်မတို့ဆီကို ဘေးကင်းကင်းနဲ့ ပြန်လာခဲ့ပါ။"

"ဆဋ္ဌမမြောက် မိုးကြိုးပစ်ချက် ရောက်လာတော့မယ်။"

ချန်ဟွိုက်အန်က အသက်ရှူမှားနေပြီး လက်ထဲတွင်ကိုင်ထားသော ကြေးခွံနက်ဓားမှာ တုန်ယင်နေသည်။

အထက်ရှိ မိုးကြိုးတိမ်တိုက်ကြီးများမှာ ပို၍ထူထဲလာပြီးနောက် မိုးကြိုးပင်လယ်ကြီးတစ်ခုအသွင်သို့ ပြောင်းလဲကာ ကျယ်ပြန့်လာကြသည်။

မိုးကြိုးပစ်ချက် ငါးကြိမ်အပြီးတွင်။

တိမ်တိုက်များမှာ မကောင်းဆိုးဝါးဆန်ဆန်ဖြင့် ရပ်တန့်သွားကြ၏။

ဤသည်မှာ သက်ညှာခြင်း မဟုတ်ဘဲ ပိုကြီးမားသော ဒေါသထွက်မှုမတိုင်မီ တိတ်ဆိတ်ခြင်းသာ ဖြစ်ကြောင်းကို ချန်ဟွိုက်အန် သိထားသည်။

ဗဟိုချက်တွင် အကျယ်ပေရာပေါင်းများစွာရှိသော မိုးကြိုးဝဲဂယက်ကြီးတစ်ခုက ဖြည်းဖြည်းချင်း ပုံစံပေါ်လာသည်။

ဝုန်း။

ချန်ဟွိုက်အန်က ဓားကန့်လန့်ကာ ကာကွယ်ရေးများကို ကြိုတင်၍ ဖြန့်ကျက်လိုက်သည်။

အတားအဆီး ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက်တည်းမှာပင် ပြိုကျလာသော တောင်ကြီးတစ်လုံးကဲ့သို့ ဆဋ္ဌမမြောက် မိုးကြိုးပစ်ချက် ကျဆင်းလာ၏။ ပေရာပေါင်းများစွာကျယ်ဝန်းပြီး ပူပြင်းနီရဲသော သွေးနီရောင်များ ခြယ်သနေသည့် ခရမ်းရွှေရောင် မိုးကြိုးတိုင်ကြီးတစ်ခု ဖြစ်ပေသည်။

ဂွက်။

ဓားကန့်လန်ကာမှာ ချက်ချင်းပင် ကွဲအက်သွားပြီး ကျောက်စွန်းမျက်နှာပြင်တစ်ခုလုံးပါ တစ်ပါတည်း ပြိုပျက်သွားသည်။

ကျောက်တုံးများမှာ မိုးကြိုး၏ဒေါသအောက်တွင် အငွေ့ပျံသွားကြ၏။

တစ်ချိန်က ကျောက်စွန်းရှိခဲ့သည့်နေရာတွင် ယခုအခါ ပေရာပေါင်းများစွာ နက်ရှိုင်းသော ချောက်ကမ်းပါးကြီးတစ်ခု ပေါ်ထွက်နေပြီ ဖြစ်သည်။

ချန်ဟွိုက်အန်က ထိုကျင်းထဲတွင် ဒူးထောက်လျက်ရှိနေပြီး အဝတ်မပါဘဲ အရေခွံများလန်နေကာ ကြေးခွံနက်ဓားကို မှီတွယ်ထားခြင်းဖြင့်သာ မတ်တပ်ရပ်နေနိုင်သည်။

[အတိဒုက္ခသတိပေးချက်။ ကစားသးအနေဖြင့် ငွေသုံး၍အနိုင်ယူသည့် ရွေးချယ်စရာကို ဆက်လက် အသက်သွင်းနိုင်ပါသည်]

ဂိမ်းအသိပေးချက် ထပ်မံ၍ ပေါ်လာသည်။

ချန်ဟွိုက်အန် ခဏတာ တုံ့ဆိုင်းသွားပြီး မီးကျွမ်းနေသော သူ၏လက်ကို ငေးကြည့်လိုက်သည်။

ထို့နောက် ခေါင်းခါလိုက်သည်။ စိတ်စွမ်းအားသက်သက်ဖြင့် မိုးကြိုးခြောက်ချက်ကို ကျော်ဖြတ်ပြီးပြီ ဖြစ်ရာ မည်သည့်အတွက်ကြောင့် ယခုအချိန်မှ သစ္စာဖောက်ကာ လက်မြှောက်အရှုံးပေးမည်နည်း။

[ငွေသုံး၍အနိုင်ယူမှုကို အသက်မသွင်းပါက ကစားသူ သေဆုံးသွားနိုင်ပါသည်]

"သေဆုံးနိုင်ချေရှိတယ်ပဲ။ သေချာပေါက်သေမယ်လို့ မဆိုလိုဘူး။"

ချန်ဟွိုက်အန်က ကောင်းကင်ယံသို့ စူးရဲစွာ စိုက်ကြည့်လိုက်သည်။

"ငါ့ကို ငွေပေးခိုင်းနေတာလား။ မင်းရဲ့ ဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်က ဘာလဲ။ ပြောစမ်း။"

ဝဲဂယက်တိမ်တိုက်ထဲရှိ မိုးကြိုးမျက်လုံးကြီးက မည်သည့်အဖြေကိုမျှ မပေးပေ။

ပို၍ဒေါသထွက်စရာကောင်းသော မိုးကြိုးတုံ့ပြန်မှုတစ်ခုသာ ထွက်ပေါ်လာ၏။

"ဂျိန်း။" မိုးကြိုးနဂါးကိုးကောင်ပေါင်းစပ်သွားကြပြီး ကမ္ဘာပျက်မတတ် စွမ်းအားများကိုသယ်လာသော ရွှေရောင်မိုးကြိုးတိုင်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ချန်ဟွိုက်အန်က နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်သည်။

သူ၏ကိုယ်ပွားတွင် အစစ်အမှန်နဂါးတစ်ကောင်၏စွမ်းအား မရှိပေ။

သို့သော်လည်း ယခုအခါတွင်မူ သူ၏ဒန်တျန်အတွင်း၌ ရွှေရောင်နဂါးတစ်ကောင် ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

နဂါးချီစွမ်းအင်များက သူ၏စွမ်းအင်ပင်လယ်ပြင်အတွင်းသို့ ပြည့်နှက်သွားသည်။

အစစ်အမှန်နဂါးကြီးက ၎င်း၏ရွှေရောင်မျက်လုံးများကို ဖွင့်လိုက်သည်။

တစ်ချိန်တည်းမှာပင် ချန်ဟွိုက်အန်၏ အရေခွံပေါ်တွင် ဖျော့တော့သော ရွှေရောင်အကြေးခွံများ တဖျပ်ဖျပ်လက်သွားပြီး နဂါးအရှိန်အဝါများ ဖြာထွက်လာသည်နှင့်အမျှ သူ၏မျက်ဝန်းများမှာ ဒေါင်လိုက် အမြောင်းလေးများ ဖြစ်သွားသည်။

"နဂါးဝိညာဉ်က ချင်းယွန်ဘုံကို ရောက်လာတာလား။"

အံ့ဩနေရန် အချိန်မရှိပေေ။

မိုးကြိုးတိုင်ကြီး ကျဆင်းလာ၏။

အဖျက်စွမ်းအားကြီးမားသောစွမ်းအင်က သူ၏ကိုယ်ခန္ဓာကို ဖျက်ဆီးပစ်ပေမည်။ စန်းပိုတောင်၏ ပင်မတောင်ထွတ်မှာ ထိုတိုက်ခိုက်မှုအောက်တွင် ပြိုကျပျက်စီးလာပြီး ကမ္ဘာပျက်တော့မည့်အလား မြေကြီးများ တုန်ခါလာသည်။

သို့သော်လည်း ချန်ဟွိုက်အန်မှာ ရွှေရောင်မိုးကြိုးများကြားတွင် မည်သည့်ထိခိုက်ဒဏ်ရာမျှမရရှိဘဲ မတ်တပ်ရပ်နေဆဲပင်။

နဂါးကြေးခွံများက သူ့ကို ကာကွယ်ပေးထားသည်။

ထို့အပြင် ကောင်းကင်မိုးကြိုးက ၎င်းတို့ကို ပုံသွင်းပေးလိုက်သဖြင့် ကြေးခွံများမှာ ပို၍တောက်ပလာကာ ပို၍ခိုင်မာလာကြသည်။

သတ္တမမြောက်နှင့် အဋ္ဌမမြောက် မိုးကြိုးပစ်ချက်များမှာ တစ်ပြိုင်နက်တည်း ကျဆင်းလာကြ၏။

ဤသည်မှာ ရိုးရိုးမိုးကြိုးမျှသာ မဟုတ်တော့။ မိုးကြိုးပင်လယ်ကြီးတစ်ခုပင်။

အဆုံးမရှိသော အရောင်အဝါများက ရေတံခွန်များကဲ့သို့ အောက်သို့စီးဆင်းကျလာကြသည်။

ကောင်းကင်ဘုံ၏ မိုးကြိုးပင်လယ်ကြီးမှာ မြေပြင်ပေါ်သို့ပုံကျလာပြီး တောင်တန်းကြီး၏တစ်ဝက်ကို နစ်မြုပ်သွားစေသည်။ ချန်ဟွိုက်အန်၏နဂါးပုံစံမှာ ထိုတိုက်ခိုက်မှုအောက်တွင် ကွဲအက်စပြုလာပြီး ရွှေရောင် ကြေးခွံများ ကွာကျလာသည်။

"အဟွတ်..."

နောက်ထပ် သွေးတစ်လုပ် ဆန်တက်လာ၏။

မိုးကြိုးပင်လယ်ပြင်ထဲတွင် သူ၏ကိုယ်ခန္ဓာမှာ ယိုင်နဲ့နဲ့ဖြစ်နေပြီး နဂါးအသွင်ပြောင်းလဲမှုမှာ အစွန်းဆုံး အဆုံးသတ်သို့ ရောက်ရှိသွားပြီဖြစ်သည်။

"လခွမ်းတဲ့မှ။ ဒီကောင်းကင်တာအိုစုတ်က ငါ့ကို တကယ်သေစေချင်နေတာပဲ။"

ချန်ဟွိုက်အန်က ကောင်းကင်တာအိုကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။

မိုးကြိုခုနစ်ချက် ရှစ်ချက် ပစ်အပြီးတွင် တိမ်တိုက်များမှာ တစ်ဖန် ပြန်လည်ငြိမ်သက်သွားကြသည်။

နောက်ဆုံးမုန်တိုင်းမတိုင်မီ တိတ်ဆိတ်နေသည့် ကြောက်မက်ဖွယ်ကောင်းသော တိတ်ဆိတ်မှုမျိုးပင်။

[အတိဒုက္ခအန္တရာယ် အလွန်အမင်း အရေးပေါ်အခြေအနေသို့ ရောက်ရှိနေပါပြီ။ ငွေသုံး၍အနိုင်ယူသည့် ရွေးချယ်စရာ ဆက်လက်တည်ရှိနေပါသည်]

[မိုးကြိုးပစ်ချက်ရှစ်ကြိမ်ကို ကျော်ဖြတ်နိုင်ခဲ့သဖြင့် ရွေးချယ်စရာအားလုံးကို ၉၀% လျှော့ဈေး ပေးအပ်ပါသည်]

လျှော့ဈေးရောက်ရှိလာပြီ ဖြစ်သည်။

မူလက ချန်ဟွိုက်အန်အနေဖြင့် ရွေးချယ်စရာ(၃) သို့မဟုတ် (၄)ကို ဝယ်ယူနိုင်စွမ်း မရှိခဲ့ပေ။

ယခုအခါတွင် ၁၀% ဈေးနှုန်းဖြင့် အနည်းဆုံး ရွေးချယ်စရာ(၃)ခုကို ရယူနိုင်ပြီ ဖြစ်သည်။

"မဝယ်ဘူး။"

ချန်ဟွိုက်အန်က ခေါင်းမာမာဖြင့် ငြင်းပယ်လိုက်သည်။

ယခင်ကဆိုလျှင် စနစ်က ငွေပေးချေရန် တစ်ကြိမ်သာ သတိပေးတတ်သည်။

ယနေ့တွင်မူ အတိဒုက္ခခံယူနေစဉ်အတွင်း သုံးကြိမ်တိုင်တိုင်ပင် သတိပေးလာ၏။

အကယ်၍ စနစ်သာ သူ သေဆုံးသွားမည်ကို စိုးရိမ်နေပါက ချင်းယွန်ဘုံ ကောင်းကင်တာအိုနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းကြောင့် သူ သေဆုံးမည် မဟုတ်ပေ။ အကယ်၍ သေဆုံးမည်ကို မစိုးရိမ်ပါက... ထိုအခါ အခြားသောကြံစည်မှုတစ်ခု ရှိနေပေလိမ့်မည်။

ချန်ဟွိုက်အန်က ထပ်မံငြင်းပယ်လိုက်သည်နှင့် တစ်ပြိုင်နက်။

အထက်ဘက်တွင် ကိုးကြိမ်မြောက်နှင့် နောက်ဆုံးကောင်းကင်ပြစ်ဒဏ်ကြီး စုဝေးလာကြသည်။

ဤအကြိမ်တွင်မူ မိုးကောင်းကင်တစ်ခုလုံး စုတ်ပြဲသွားကာ တောင်တစ်လုံးစာမျှ ကြီးမားသော မိုးကြိုးတိုင်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး ၎င်း၏ ဖျက်ဆီးပစ်နိုင်သောစွမ်းအားမှာ ဂိုဏ်းများကိုပင် အမြစ်ပြတ် ဖျက်ဆီးပစ်နိုင်လောက်သည်အထိ ကြီးမားလှပေသည်။

ဤအရာကို မြင်လိုက်ရသဖြင့် တုရှန်ယွဲ့၏မျက်နှာ ဖြူရော်သွားသည်။

စန်းပိုတောင်အနီး ပုန်းနေခဲ့သောသူက ဖုံးကွယ်ထားမှုအားလုံးကို စွန့်လွှတ်ကာ ထွက်ပြေးတော့သည်။

"ရူးနေပြီ။ ကောင်းကင်တာအိုက တကယ်ရူးသွားပြီ။"

သူက လုံးဝနားမလည်နိုင် ဖြစ်နေသည်။

မည်သည့်မကောင်းမှုကိုမျှ ကျူးလွန်ခဲ့ခြင်းမရှိသော ဓားကျင့်ကြံသူတစ်ဦးအပေါ် …

အဘယ်ကြောင့် ဤမျှလောက်လွန်ကဲသောပြစ်ဒဏ်မျိုး ပေးရသနည်း။

ဧကန္တ... ဓားဖြူနှင့်သူ့ကြားက ပတ်သက်ဆက်နွှယ်မှုက အကြောင်းရင်း ဖြစ်နေလို့လား။

မိုးကြိုးကြောင့် ဖြစ်ပေါ်လာသော ကျောက်စွန်းတွင်းထဲတွင်။

ချန်ဟွိုက်အန်က ကမ္ဘာပျက်မတတ်တိုက်ခိုက်မှုကြီးကိုကြည့်ကာ ရက်စက်စွာ ပြုံးလိုက်သည်။

"မိုးကြိုးနယ်ပယ်ထဲကနေ အားလုံး ထွက်သွားကြပြီ မဟုတ်လား။"

"ဒါဆိုရင်တော့..."

လဗြွတ်ပဲ၊ ကောင်းကင်တာအို။ သေရင်မြေကြီး၊ ရှင်ရင်ရွှေထီးပဲ…

သူက လက်ဟန်ပြုလိုက်ရာ သူ၏ရွှေရောင်နဂါးမျက်ဝန်းများမှာ ရူးသွပ်မှုကြောင့် သွေးကြောများ နီရဲလာကြသည်။

သူ၏ကိုယ်ခန္ဓာမှ အနက်ရောင်မိစ္ဆာစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ဒီရေများကဲ့သို့ ပျံ့နှံ့သွားကာ သူ့ကိုဖုံးကွယ်ထားမည့် လှည့်ပတ်နေသော အဆိပ်မြူပုံစံတစ်ခု ဖြစ်ပေါ်လာသည်။

မြူခိုးများမှာ နှလုံးခုန်သကဲ့သို့ တဒိတ်ဒိတ် တုန်ခါနေ၏။

တစ်စုံတစ်ရာကို မွေးဖွားပေးနေသကဲ့သို့ပင်...

မိုးကြိုးများ အပြည့်အစုံစုဝေးလာချိန်တွင်ပင်။

အနက်ရောင်မြူခိုးများထဲမှ အသံအက်ရှရှ မိစ္ဆာဟိန်းသံတစ်ခု ပေါ်ထွက်လာ၏။

"ကောင်းကင်မိစ္ဆာအတတ် အသက်ဝင်စမ်း။”

…

All Chapters