← Chapters

အခန်း ၅၀၉

Vol. 51 Ch. 509

အခန်း ၅၀၉

Vol. 51 Ch. 509

အခန်း(၅၀၉) ကံဆိုးရာမှ ကံကောင်းခြင်းနှင့် တွေ့ဆုံခြင်း

မိစ္ဆာဟိန်းသံက ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေသည်။

ချန်ဟွိုက်အန်က မဟာတက်လှမ်းခြင်းအဆင့်စွမ်းအားဖြင့် ကောင်းကင်မိစ္ဆာအတ်ကို ယခင်က တစ်ကြိမ်မျှ အသက်သွင်းခဲ့ဖူးခြင်း မရှိပေ။

ဤအကြိမ်တွင်မူ သူ၏အစစ်အမှန်နဂါးပုံစံနှင့် ကောင်းကင်မိစ္ဆာအတတ် နှစ်ခုလုံးကို ကိုယ်ခန္ဓာအတွင်း တစ်ပြိုင်နက်တည်း လည်ပတ်စေခဲ့သည်။

မဟာတက်လှမ်းခြင်းအဆင့်၏ လွှမ်းမိုးနိုင်စွမ်းရှိသောကျင့်စဉ်နယ်ပယ်က ကောင်းကင်မိစ္ဆာအတတ်၏ အလားအလာကို ချက်ချင်းပင် အမြင့်ဆုံးသို့ရောက်ရှိစေခဲ့သည်။

သူ၏ကိုယ်ခန္ဓာမှာ အလျင်အမြန်ပင် သုံးမီတာကျော်အထိ ကြီးထွားလာပြီးနောက် သူ၏ကျောဘက်တွင် ပေရာပေါင်းများစွာမြင့်မားသော မိစ္ဆာအရိပ်ကြီးတစ်ခု ပေါ်ထွက်လာသည်။

မည်းနက်နေသောမိစ္ဆာစွမ်းအင်များက ကမ္ဘာကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး မိုးကြိုးအရောင်အဝါကိုပင် ဖုံးကွယ်သွားစေသည်။ ကြောက်မက်ဖွယ်ကောင်းသောမိစ္ဆာအရိပ်ကြီးက ခေါင်းမော့ကာ ကောင်းကင်ယံသို့ ဟိန်းဟောက်လိုက်ပြီး ၎င်း၏ နီရဲနေသောမျက်လုံးများက မိုးကြိုးမျက်လုံးကြီးကို ကြောက်ရွံ့ခြင်းမရှိဘဲ စူးရဲစွာ စိုက်ကြည့်နေသည်။ ၎င်းက လက်လေးဖက်ကို ကားထုတ်ထားကာ မိစ္ဆာစွမ်းအင်လှိုင်းလုံးကြီးများက ၎င်း၏ ပတ်လည်တွင် လှည့်ပတ်နေကြပြီး ကမ္ဘာကြီးတစ်ခုလုံးကို မျိုချပစ်လိုသည့်အလား ဖြစ်နေသည်။

မိစ္ဆာအရိပ်ပေါ်ထွက်လာသည့် ခဏချင်းတွင်ပင်၊

အသက်လုထွက်ပြေးနေခဲ့သော တုရှန်ယွဲ့မှာ နှလုံးသားကို ရေခဲလက်တစ်ဖက်က ဆုပ်ကိုင်လိုက်သကဲ့သို့ အပြင်းအထန် တုန်ယင်သွားသည်။

သူ နောက်သို့လှည့်ကြည့်လိုက်ရာ မိုးကြိုးတိမ်တိုက်များအောက် နေရောင်ခြည်ပင် ထိုးဖောက်ဝင်၍ မရနိုင်လောက်အောင် လုံးဝအမှောင်ကျနေသည်ကိုသာ တွေ့လိုက်ရသည်။

"ကြောက်စရာကောင်းလိုက်တဲ့ မိစ္ဆာစွမ်းအင်ပဲ။"

သူက နားမလည်နိုင်စွာဖြင့် တိုးတိုးလေး ညည်းတွားလိုက်သည်။

ဓားကျောင်းတော်ရဲ့ ဘိုးဘေးကြီးကို လက်စားချေဖို့အတွက် မိစ္ဆာကျင့်ကြံသူတစ်ဦး ရောက်လာတာလား။

ဒါပေမယ့် ဘာလို့ အတိဒုက္ခခံယူနေတဲ့အချိန်မှာမှလဲ။ ဒါက သေကြောင်းကြံတာနဲ့ တူနေတာပဲလေ။

ဧကန္တ... ဓားကျောင်းတော်ဘိုးဘေးကြီးကိုယ်တိုင်က မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်နေလို့လား။

တုရှန်ယွဲ့က လုံးဝကို နားမလည်နိုင်ဖြစ်နေသည်။

မိစ္ဆာမဟာပဏ္ဍိတငါးပါးလည်း အတူတူပင် အံ့ဩမှင်တက်နေကြသည်။

ထိုအချိန်တွင် ကျိုးနိုင်ငံ၏မြို့တော်အတွင်း၌၊

လက်ရှိတွင် ဂိုဏ်းအတွင်း၌တရားထိုင်နေသော ကောင်းကင်မိစ္ဆာဘိုးဘေးဖြစ်သူ ရှောင်ဖုန်းသည် သူ၏မျက်ခွံများ တွန့်ကနဲဖြစ်သွားသည်နှင့် တစ်ပြိုင်နက်တည်း မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။

"ဟူး။ ဒီ... ဒီမိစ္ဆာစွမ်းအင်က…"

ရှောင်ဖုန်း ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး စန်းပိုတောင်ဘက်သို့ စိုက်ကြည့်လိုက်သည်။ "ငါ့ရဲ့ ကောင်းကင်မိစ္ဆာဂိုဏ်းမှာ ဒီလိုစွမ်းအားကြီးတဲ့ ကျင့်ကြံသူတစ်ယောက် တကယ် ရှိနေတာလား။ ပြီးတော့ သူက အတိဒုက္ခတောင် ခံယူနေတာလား။ မဟာတက်လှမ်းခြင်းအဆင့် အစောပိုင်း အတိဒုက္ခသက်သက်ပဲ ဆိုပေမဲ့ အတော်လေးကြီးမားတဲ့ အရည်အချင်းပဲ။ ကောင်းလိုက်တာ။ တကယ်ကို ကောင်းလိုက်တာ။"

မကြာသေးမီက ကောင်းကင်မိစ္ဆာဂိုဏ်းကို ပြန်လည်တည်ဆောက်ခဲ့ခြင်းကြောင့် သူ့ကို ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်စေခဲ့သည်။

သူက တန်ဖိုးရှိသော အရိုက်အရာဆက်ခံမည့်သူကို ရှာဖွေနေခဲ့သော်လည်း အားလုံးမှာ မျှော်လင့်ချက် ကင်းမဲ့နေကြသည်။

အရည်အချင်းမရှိကြရုံသာမက နှစ်မွှာကျင့်ကြံခြင်းအတတ်များကို မှီခိုအားထားမှုကြောင့် ၎င်းတို့မှာ ပျင်းရိလာကြသည်။

ကောင်းကင်မိစ္ဆာဂိုဏ်းကို ပြန်လည်အသက်သွင်းရာတွင် ကူညီပေးရန်အတွက် အရည်အချင်းရှိသော လက်ထောက်တစ်ဦးကို သူ အလွန်အမင်း လိုအပ်နေသည်။

လက်ရှိတပည့်များမှာ အမြောက်စာအတွက်သာ အသုံးဝင်ကြ၏။

သူက စစ်မှန်သောအရည်အချင်းရှိသည့် တပည့်များကို အသစ်တဖန် ပြန်လည်စုဆောင်းရန် လိုအပ်နေသည်။

"သည်းမခံနိုင်တော့ဘူး။" ရှောင်ဖုန်းက ခန်းမဆောင်ထဲတွင် လမ်းလျှောက်နေရင်း စန်းပိုတောင်ဘက်သို့ အမြဲတမ်း လှမ်းကြည့်နေသည်။ "ငါ အဲဒီဂျူနီယာလေးကို အခုချက်ချင်းပဲ သွားခေါ်လိုက်ချင်မိတယ်။ ငါ့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို အများကြီးပေါ့ပါးသွားစေမှာ သေချာတယ်။ ဟူး..."

သို့သော် ရှောင်ဖုန်းက သူမလုပ်နိုင်ကြောင်း သိသည်။

ကောင်းကင်ဥပဒေများ၏ အဓိကပစ်မှတ်တစ်ခုအနေဖြင့် သူကိုယ်တိုင် အတိဒုက္ခနယ်ပယ်အထဲသို့ ဝင်ရောက်မည်ဆိုပါက သူ၏ကိုယ်ပိုင် တက်လှမ်းခြင်းအတိဒုက္ခကို ချက်ချင်း ဖြစ်ပေါ်စေလိမ့်မည် ဖြစ်ပေသည်။ ထိုအရာအတွက် သူ ပြင်ဆင်မထားပေ။

အတိဒုက္ခပြီးဆုံးသွားသည့်နောက်တွင်လည်း သူ သွား၍မရပေ။

ကောင်းကင်ဥပဒေများမှာ အတိဒုက္ခကျရောက်ရာနေရာများတွင် ထိုနောက်ပိုင်း၌ပင် ဆက်လက်၍ တည်ရှိနေတတ်သည်။

အဘေးကင်းဆုံးနည်းလမ်းမှာ ကောင်းကင်ဥပဒေများကွယ်ပျောက်သွားသည်အထိ ခုနစ်ရက် သို့မဟုတ် ရှစ်ရက်အထိ စောင့်ဆိုင်းရန် ဖြစ်သည်။

"သခင်ကြီး။ ကျွန်တော့်ကို ခေါ်လိုက်တာလား။"

သခင်လေးယင်ယွီသည် ရှောင်ဖုန်းထံသို့ ချဉ်းကပ်လာပြီး မျက်နှာချိုသွေးကာ ပြုံးပြလိုက်သည်။

ရှောင်ဖုန်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အော်ထုတ်လိုက်သည်။ "ထွက်သွားစမ်း။"

"ဟင်။" သခင်လေး ယင်ယွီ ကြောင်အသွားသည်။ ဘိုးဘေးကြီးက ငါ့ကို ခေါ်လိုက်တာ မဟုတ်ဘူးလား။ ဘာလို့ ဒီလိုမောင်းထုတ်တာလဲ။

"သခင်ကြီး။ ကျွန်တော် ဘာအပြစ်များ လုပ်မိလို့လဲ။" သူက ချက်ချင်းပင် ဦးညွှတ်လိုက်သည်။

"မင်းက ဘယ်ဘက်ခြေထောက်ကို အရင်လှမ်းပြီးတော့ ဝင်လာလို့ပဲ။" ရှောင်ဖုန်းက သူ၏လက်များကို အေးစက်စက်ဖြင့် ဝေ့ယမ်းလိုက်သည်။ "သွားတော့။"

တစ်ခါတစ်ရံတွင် ဂျူနီယာတစ်ဦးကို မနှစ်မြို့ရန် အကြောင်းရင်းမလိုအပ်ပေ။

အထူးသဖြင့် ပိုကောင်းသောဂျူနီယာများ ရှိနေသည့်အခါမျိုးတွင် ပို၍ပင် ဖြစ်သည်။

ဝုန်း။

နောက်ဆုံးသော ကောင်းကင်မိုးကြိုး ကျဆင်းလာပြီး ၎င်း၏ရွှေရောင်မိုးကြိုးများမှာ တောင်များထက် ပို၍ထူထဲကာ ပေတစ်သောင်းကျယ်ဝန်းသော မိုးပြာရောင်နဂါးကြီးတစ်ကောင်အဖြစ် ယှက်သွားကြသည်။

အချိန်များရပ်တန့်သွားသကဲ့သို့ပင် ကမ္ဘာကြီးတစ်ခုလုံး ခဏတာ အဖြူရောင်ပြောင်းသွားသည်။

မိုးကြိုးအောက်ရှိ မိစ္ဆာအရိပ်ကြီးသာလျှင် ရူးသွပ်စွာဖြင့် ဆန့်ကျင်နေဆဲ ဖြစ်သည်။

"ကောင်းကင်တာအိုုအစုတ်ပလုတ်။ ငါ မင်းနဲ့ ဒီနေ့ သူသေကိုယ်သေတိုက်မယ်။" မိစ္ဆာအရိပ်ကြီးက ကောင်းကင်ယံကို ဟိန်းဟောက်လိုက်ရာ ကောင်းကင်ကြီးပင် တုန်လှုပ်သွားသည်။

ချန်ဟွိုက်အန်က ခန္ဓာကိုယ်တစ်လျှောက် မိစ္ဆာပုံစံကွက်များ တောက်ပလာစဉ်တွင် ညာဘက်လက်က လက်ဟန်ပြုနေပြီး ညာဘက်လက်က ရှေ့သို့ကုတ်ဆွဲလိုက်ရာ မိစ္ဆာစွမ်းအင်များက ဧရာမမိစ္ဆာလက်သည်းကြီး တစ်ခုအဖြစ် ရစ်ပတ်သွား၏။

သူက ကောင်းကင်မိုးကြိုးကို မော့ကြည့်လိုက်သည်။

ထို့နောက်။

ဝုန်း။

သူ၏ခြေထောက်များဖြင့် မြေကြီးကို ဆောင့်နင်းလိုက်ရာ တုန်ခါမှုလှိုင်းများကြောင့်တွင်းကြီးမှာ ပို၍ နက်ရှိုင်းကျယ်ပြန့်လာသည်။

ချန်ဟွိုက်အန်က ကမ္ဘာပျက်စေမည့်မိုးကြိုးနဂါးကြီးကို ရင်ဆိုင်ရန်အတွက် အပေါ်သို့ တဟုန်ထိုး ပျံတက်သွားသည်။

ပြီးပြည့်စုံသောတိတ်ဆိတ်မှုထဲတွင် ရွှေရောင်မိုးကြိုးများနှင့် ဝင်တိုက်မိရင်း သူ၏အနောက်ဘက်တွင် အနက်ရောင်မိစ္ဆာစွမ်းအင် လမ်းကြောင်းတစ်ခု ကျန်ရစ်ခဲ့သည်။

ဂျိန်း။

နားကွဲမတတ်ပေါက်ကွဲသံကြီးကြားတွင် မိုးကြိုးနဂါး၏အော်သံများကို မှေးမှိန်စွာ ကြားလိုက်ရသည်။

ချန်ဟွိုက်အန်၏ လက်သည်းပုံစံပြုလုပ်ထားသော လက်ချောင်းများမှာ ကောင်းကင်ယံကို ဆွဲဖြဲပစ်လိုက် သကဲ့သို့ပင် ကျယ်ပြန့်စွာကားထွက်သွားပြီး မိုးကြိုးနဂါး၏ဝမ်းဗိုက်ကို ထိုးဖောက်သွား၏။

အနက်ရောင်မိစ္ဆာလက်သည်းနှင့် ရွှေရောင်မိုးကြိုးတို့ ထိပ်တိုက်ဆုံရာတ နီရဲသောမိုးကြိုးမီးတောက်များ ပေါက်ကွဲထွက်လာကြသည်။

သူ၏လက်မောင်းများတွင် အကြောများဖောင်းကြွလာပြီး သွေးများပွက်ပွက်ဆူလာကာ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေမည့်ဟိန်းသံကို လွှတ်ထုတ်လိုက်သည်။

"ပျက်စီးစမ်း။"

ချက်ချင်းပင် မိစ္ဆာလက်သည်းကြီးက အပြင်ဘက်သို့ဆွဲဖြဲလိုက်ပြီး မိုးကြိုးနဂါးကြီးကို ရုပ်ပိုင်းဆိုင်ရာအရ အပိုင်းပိုင် ဆုတ်ဖြဲပစ်လိုက်ရာ ရွှေရောင်အပိုင်းအစ အမြောက်အမြား ကောင်းကင်ယံသို့ လွင့်စင်သွားကြသည်။

မိုးကြိုးလျှပ်စီးကြောင်းများက သူ၏လက်ချောင်းများ ပတ်လည်တွင် လှည့်ပတ်သွားကြပြီးနောက် သူ၏ အောင်မြင်မှုအတွက် နောက်ဆုံးသော အဓိကအထောက်အကူပစ္စည်းအဖြစ် ကိုယ်ခန္ဓာအတွင်းသို့ အလုံးစုံ စုပ်ယူခံလိုက်ရသည်။

မဟာတက်လှမ်းခြင်း ပထမအကြိမ်မြောက် အတိဒုက္ခနယ်ပယ်သို့ အောင်အောင်မြင်မြင် ရောက်ရှိသွားပြီ ဖြစ်သည်။

အထက်ဘက်တွင် ကတော့ပုံစံတိမ်တိုက်များထဲမှ ရွှေရောင်မိုးကြိုးမျက်လုံးကြီးမှာ တစ်ဖန် ပြန်လည် ထွက်ပေါ်လာပြီး ချန်ဟွိုက်အန်ကို ခံစားချက်ကင်းမဲ့သောအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် ပျောက်ကွယ်သွားသည်။

မိုးကြိုးတိမ်တိုက်များမှာ အမြန်ဆုံး ပြိုကွဲပျောက်ကွယ်သွားကြပြီး ကြည်လင်သောကောင်းကင်ယံကို ပြန်လည်ဖြစ်ပေါ်စေသည်။

မိစ္ဆာအရိပ် ပျောက်ကွယ်သွားသည်နှင့်အမျှ ချန်ဟွိုက်အန်၏ကိုယ်ခန္ဓာမှာ ကျုံ့သွားပြီး အပြင်းအထန် ဒဏ်ရာရရှိထားသောပုံစံကို ထင်ရှားစေသည်။

သူ အောင်မြင်ခဲ့သော်လည်း ဒဏ်ရာများမှာ အလွန်တရာ ပြင်းထန်လှသည်။

ကောင်းကင်မိစ္ဆာအတတ်က မည်သည့်အရာကိုမဆို သန့်စင်ပေးနိုင်သော်လည်း ကောင်းကင်မိုးကြိုးကို သန့်စင်ခြင်းမှာ အသွားနှစ်ဖက်ဓားကဲ့သို့ ဖြစ်သည်။ ကိုယ်ခန္ဓာကို ပုံသွင်းပေးသကဲ့သို့ပင် တစ်ပြိုင်နက်တည်း ထိခိုက်ပျက်စီးစေသည်။

အတိဒုက္ခကျော်ဖြတ်ပြီးချိန်က ကျင့်ကြံသူတစ်ဦးအတွက် အားအနည်းဆုံးအခိုက်အတန့် ဖြစ်၏။

အတွင်းကမ္ဘာငယ်မှာ မငြိမ်မသက်ဖြစ်နေဆဲဖြစ်သဖြင့် ဝင်ရောက်၍မရနိုင်သေးပေ။

ချန်ဟွိုက်အန်က ဒဏ်ရာများကိုကုသရန်အတွက် ချက်ချင်းပင် တင်ပလ္လင်ခွေထိုင်လိုက်သည်။

ထို့နောက် စနစ်၏အသိပေးချက်တစ်ခု ပေါ်လာသည်။

[ကစားသူသည် ကောင်းကင်အတိဒုက္ခကို ကိုယ်တိုင်ကျော်ဖြတ်နိုင်ခဲ့ပြီး မဟာတက်လှမ်းခြင်းအဆင့် ပထမအကြိမ်မြောက် အတိဒုက္ခသို့ တရားဝင် ဝင်ရောက်သွားပြီဖြစ်ပါသည်]

[ထိန်းသိမ်းမှုကုန်ကျစရိတ်ကို မူလတန်ဖိုး၏ ၀.၁%သို့ လျှော့ချလိုက်ပါပြီ။ တစ်နာရီလျှင် ထိပ်တန်း အဆင့်မြင့် ဝိညာဉ်ကျောက်စိမ်း ၅၀၀သာ ကျသင့်မည် ဖြစ်ပါသည်]

ချန်ဟွိုက်အန် မျက်တောင်ခတ်လိုက်၏။

မဟာတက်လှမ်းခြင်း အစောပိုင်းအဆင့်ကို ထန်းသိမ်းရန်အတွက် ပုံမှန်အားဖြင့် ထိပ်တန်းအဆင့် အဆင့်မြင့်ဝိညာဉ်ကျောက်စိမ်း တစ်သောင်း ကုန်ကျလေ့ရှိသည်။

နေ့စဉ်နှင့်အမျှ များပြားလှသောပမာဏများကို တူးဖော်ရရှိသော်လည်း လက်ကျန်စုဆောင်းမှုမရှိဘဲ ထိန်းသိမ်းစရိတ်အတွက် အားလုံးနီးပါး သုံးစွဲခဲ့ရသည်။

ယခုအခါတွင် စနစ်က သူ့ကို လျှော့ဈေးပေးလိုက်သည်။ ထိုသို့ဆိုလျှင် မူလဈေးနှုန်းက...

တွက်ချက်ကြည့်လိုက်ရာ ချန်ဟွိုက်အန်က သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။

လျှော့ဈေးမပါဘဲနှင့် ပထမအကြိမ်မြောက် အတိဒုက္ခနယ်ပယ်ကိုထိန်းသိမ်းရန်အတွက် တစ်နာရီလျှင် ထိပ်တန်းအဆင့် အဆင့်မြင့်ဝိညာဉ်ကျောက်စိမ်း ငါးသောင်း ကုန်ကျလိမ့်မည် ဖြစ်သည်။

သူ၏ကိုယ်ပွား အဆင့်တက်သွားခဲ့လျှင်ပင် သူ မတတ်နိုင်ပေ။

သို့သော် တစ်နာရီလျှင်၅၀၀ ဆိုပါက ထိုပမာဏကို သူ အဆုံးမရှိ ဆက်လက်ထိန်းသိမ်းထားနိုင်ပေမည်။

"ကောင်းကင်အတိဒုက္ခကို ကိုယ်တိုင်ခံယူရတာက အကျိုးအမြတ်တွေတော့ ရှိသားပဲ။"

ချန်ဟွိုက်အန် အသာလေး ပြုံးလိုက်သည်။

အဆိုးထဲမှအကောင်းဆိုသည်မှာ အမှန်တကယ်ပင် ဖြစ်သည်။

အတိဒုက္ခ၏ အစွန်းရောက်အန္တရာယ်များနှင့်ဆင်းရဲဒုက္ခများက အံ့သြဖွယ်ဆုလာဘ်များ ရရှိခဲ့လေပြီ။

ဒုန်း။ ဒုန်း။

ခြေသံများက အတိဒုက္ခကျောက်စွန်းတွင်းအနီးသို့ ချဉ်းကပ်လာကြသည်။

တိုင်းတာထားသကဲ့သို့ လေးလံသော်လည်း ညီညာကာ ခြေလှမ်းတိုင်းက ကျောက်တုံးများတစ်လျှောက် အနည်းငယ် တုန်ခါသွားစေ၏။

ချန်ဟွိုက်အန်က မျက်လုံးတစ်ဖက်ကို ဖွင့်ကြည့်လိုက်သည်။

သူ၏အမြင်အာရုံ အစွန်းတစ်ဖက်တွင် အညိုရောင်သင်္ကန်းများ လွင့်ပျံနေ၏။

ကိုယ်ခန္ဓာပိန်ပါးသော ဘုန်းကြီးတစ်ပါးက တည်ငြိမ်စွာဖြင့် လျှောက်လာနေသော်လည်း ခြေလှမ်းတိုင်း၏ နောက်ကွယ်တွင် တောင်ကြီးများကို တုန်လှုပ်စေနိုင်လောက်သောအလေးချိန် ပါရှိနေလေသည်။

…

All Chapters