← Chapters

အခန်း ၁၇၄

Vol. 18 Ch. 174

အခန်း ၁၇၄

Vol. 18 Ch. 174

အခန်း (၁၇၄)

လိုက်ဖ်လွှင့်မှု၏ စကားပြောခန်းထဲတွင် အသုံးပြုသူများသည် ထိုမေးခွန်းကြောင့် ဆူညံပွက်လောရိုက်သွားကြ၏။

တင်ဆက်သူသည် ထိုအခြေအနေကို တိတ်တဆိတ် စောင်းကြည့်လိုက်သော်လည်း မှတ်ချက်များကို ထိန်းချုပ်ရန် မည်သူ့ကိုမျှ အမိန့်မပေးခဲ့ပေ။

‘ဒါက လူကြိုက်များဖို့ သေချာပေါက် အာမခံချက်ရှိတဲ့ အရာပဲ မဟုတ်ဘူးလား၊

အငြင်းပွားမှုတွေက စိတ်ဝင်စားစရာ အကောင်းဆုံး အခိုက်အတန့်တွေကို ဖြစ်ပေါ်စေတယ်၊

အဲဒီ စိတ်ဝင်စားစရာ အကောင်းဆုံး အခိုက်အတန့်တွေက လူကြိုက်များမှုကို ယူဆောင်လာပေးတာပဲ၊

ဟန်ရှင်းချန်ရဲ့ ပရိသတ်တွေ သူတို့နဲ့ ငြင်းခုံချင်သလောက် ငြင်းခုံကြပါစေ'

‘ဘယ်လိုပဲဖြစ်ဖြစ် အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့ကတော့ ဒီလိုဖြစ်လာတာကို ဝမ်းသာနေမှာပဲ'

“အခု ကျွန်တော်တို့ အစီအစဉ်ထုတ်လုပ်ရေးအဖွဲ့က ပေးမယ့် ဆုကြေးတွေကို ကြေညာပါတော့မယ်၊ ဒါက ခင်ဗျားတို့ရဲ့ ဒုတိယ တာဝန်နဲ့ တိုက်ရိုက် သက်ဆိုင်နေလို့ သေချာ နားထောင်ပေးကြပါ”

ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်းမှာ တိတ်ဆိတ်သွားကြလေ၏။

လင်းယန်သည် တင်ဆက်သူကို အလွန်သိချင်စိတ်ဖြင့် ‌လှည့်ကြည့်ကာ အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့က နောက်ထပ် ဘယ်လိုထူးဆန်းသည့် တာဝန်တွေများ ချမှတ်ပေးဦးမလဲဟု တွေးတောနေမိသည်။

သို့သော် ဤအခိုက်အတန့်တွင် ယန်အာဟူက သူ့ကိုယ်စား ဝက်စာကျွေးပြီးပြီလား ဆိုသည်ကို သူ ပို၍ စိုးရိမ်ပူပန်နေလေ၏။

မူလက အိမ်ရှိ ဝက်များသည် တစ်နေ့လျှင် နှစ်နပ်သာ စားရန် လိုအပ်သည်။

သို့သော် ဝက်မကြီးတွင် ကိုယ်ဝန်ရှိနေသောကြောင့် သူတို့၏ အစားအစာကို တစ်နေ့ သုံးနပ်အထိ တိုးမြှင့်ထားခဲ့ရသည်။

ယန်အာဟူသည် နေ့လယ်ဘက်တွင် ဝက်စာကျွေးရန် အမြဲတမ်း မေ့တတ်လေ၏။

‘ဒီကောင်လေးက နည်းနည်းလောက် ပိုပြီး ယုံကြည်အားထားလို့ရရင် ကောင်းမယ်’ ဟုသာ သူ မျှော်လင့်နေမိတော့သည်။

“ပထမ၊ ဒုတိယနဲ့ တတိယရတဲ့ အဖွဲ့တွေကို အစဉ်လိုက် အမှတ်တွေ ပေးသွားပါမယ်၊ ဒီအမှတ်တွေက ခင်ဗျားတို့ရဲ့ နောက်ဆုံး အဆင့်သတ်မှတ်ချက်ကို အကျိုးသက်ရောက်မှု ရှိပါလိမ့်မယ်၊ ပထမအဆင့်က သုံးမှတ် ရမှာပါ”

“ဒုတိယအဆင့်က နှစ်မှတ် ရမှာဖြစ်ပြီး တတိယအဆင့်ကတော့ တစ်မှတ် ရပါမယ်”

“နောက်ဆုံးအဆင့် ရတဲ့အဖွဲ့ကတော့ ဘာအမှတ်မှ ရမှာ မဟုတ်ပါဘူး”

“ ‘နောက်ဆုံးရယ်နိုင်မည့်သူ’ အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့က ပါတနာတွေကို သတိပေးချင်တာက ဒီအမှတ်တွေက ခင်ဗျားတို့ရဲ့အကဲဖြတ်မှုအပေါ်ကိုလည်း အကျိုးသက်ရောက်မှု ရှိပါလိမ့်မယ်”

လင်းယန်သည် တင်ဆက်သူကမ်းပေးလာသော အမှတ်ကတ်ပြားကို ယူလိုက်ပြီး မေးလိုက်၏။

“ကျွန်တော်တို့မှာ အမှတ်ဆုကြေးတွေပဲ ရှိတာလား၊ တခြား ဆုကြေးတွေ မရှိတော့ဘူးလား၊ ဒါက ဒုတိယ တာဝန်နဲ့ တိုက်ရိုက် သက်ဆိုင်တယ်လို့ ခုနကပဲ ပြောခဲ့တာ မဟုတ်ဘူးလား”

တင်ဆက်သူက ပြုံးလျက် ပြန်ဖြေလာသည်။

“ခင်ဗျား သတိထားမိသွားတာပဲ၊ ကျွန်တော်တို့မှာ တခြား ဆုကြေးတွေလည်း ရှိပါသေးတယ်”

သူသည် ဘေးမှ ဟင်းသီးဟင်းရွက် တောင်းတစ်တောင်းကို ယူလိုက်ပြီး

“ဒီတောင်းတွေထဲက ဟင်းသီးဟင်းရွက်တွေက ခင်ဗျားတို့ရဲ့ ဒီနေ့ နေ့လယ်စာပါပဲ”

“တိတိကျကျ ပြောရရင် ခင်ဗျားတို့ရဲ့ ဒီနေ့ နေ့လယ်စာက ခင်ဗျားတို့ ဒီမနက် ဘာပါဝင်ပစ္စည်းတွေ ရှာတွေ့ခဲ့သလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်၊

ဒါပေမဲ့ ကျွန်တော်တို့ အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့က အရမ်း သဘောကောင်းတဲ့အတွက် ပြိုင်ပွဲအဆင့်သတ်မှတ်ချက်အပေါ် မူတည်ပြီး ပါဝင်ပစ္စည်းတချို့ကို ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်”

ထို့ကြောင့် လင်းယန်သည် ဝက်သုံးထပ်သားတစ်တုံး ရရှိခဲ့လေ၏။

သလဲသီးအတွဲက ကြက်ဥနှစ်လုံး ရရှိခဲ့သည်။

ဝမ်ဇီယီနှင့် ဝူအန်းတို့က ခရမ်းသီးတစ်လုံး ရရှိခဲ့ကြ၏။

ဟွမ်လဲ့အလှည့်သို့ ရောက်သောအခါ ပဲတောင့်ရှည်အနည်းငယ်သာ ကျန်ရှိတော့သည်။

သူသည် ပဲတောင့်ရှည်အနည်းငယ်ကို မယုံကြည်နိုင်စွာဖြင့် ကိုင်ထားပြီး မေးခွန်းထုတ်လိုက်၏။

“ဆရာကျိုး၊ ဒါက ခင်ဗျားတို့ အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့ရဲ့ သဘောကောင်းမှုလား”

“ဘာလို့ ကျွန်တော်တို့ကို ပဲတောင့်ရှည် နည်းနည်းလေးပဲ ပေးရတာလဲ”

တင်ဆက်သူက တရားမျှတသည့်ဟန်ဖြင့် ပြန်ဖြေလေ၏။

“ခင်ဗျားတို့က စတုတ္ထအဆင့်လေ၊ ပဲတောင့်ရှည်နည်းနည်း ရတာကိုပဲ တော်တော်လေးကောင်းနေပါပြီ၊ ကြည့်ပါဦး၊ နောက်ဆုံးအဆင့်ရတဲ့အဖွဲ့ဆို ဘာမှကိုမရတာ”

ဟွမ်လဲ့သည် ဟန်ရှင်းချန်နှင့် သူ၏ပါတနာကို တစ်ချက် စောင်းကြည့်လိုက်ရာ ရုတ်တရက် ခံစားချက်ပိုကောင်းသွားလေ၏။

အမှန်တကယ်ပင် လူအများ အကြောက်ဆုံးအရာက နှိုင်းယှဉ်ခံရခြင်းဖြစ်၏။

‘အဲဒီလို တွေးကြည့်တော့ ပဲတောင့်ရှည်နည်းနည်းလေးရတာက သိပ်တော့မဆိုးပါဘူး'

“တာ့လီ၊ ဟင်းချက်ဖို့ ငါတာဝန်ယူမယ်၊ ဒီပဲတောင့်ရှည်တွေ အရမ်းအရသာရှိသွားအောင် ငါ အာမခံပေးနိုင်တယ်၊

ပြီးတော့ အဲဒီငါးကိုလည်း မင်းအတွက် စွပ်ပြုတ်လုပ်ပေးမယ်၊ ငါတို့ဆီမှာ ပဲပြားနည်းနည်းလောက်ရှိရင် သိပ်ကောင်းမှာပဲ၊ အဲဒါဆို ပဲပြားနဲ့ ငါးစွပ်ပြုတ် သောက်လို့ရမှာ”

လီထင်သည် သူမ၏ မျက်နှာအမူအရာကို တည်ငြိမ်အောင် အစွမ်းကုန် ထိန်းထားရင်း မေးလိုက်၏။

“ကျွန်မတို့အဖွဲ့က ဘာမှမရဘူးလား”

သူတို့သည် အစကတည်းက ဘာပါဝင်ပစ္စည်းမှ မရှာတွေ့ခဲ့ပေ။ အကယ်၍ အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့ကသာ သူတို့ကို အနည်းငယ် ထောက်ပံ့မပေးပါက သူတို့ နေ့လယ်စာအတွက် အငတ်ခံရတော့မည်မဟုတ်လော။

တင်ဆက်သူသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး ဆက်ပြောလာသည်။

“ကျွန်တော် ပြောလို့ မပြီးသေးပါဘူး၊ ဒုတိယ တာဝန်အတွက် အကဲဖြတ်မယ့် စံနှုန်းက ဘယ်သူ့ရဲ့ အစားအသောက်က အရသာအရှိဆုံးလဲ ဆိုတာကို ကြည့်မှာပါ၊

ပါဝင်ပစ္စည်း မရှိဘဲ ဟင်းချက်လို့ မရဘူးလေ၊ ဒါပေမဲ့ ကျွန်တော်တို့ အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့က အကျိုးအကြောင်း မသင့်သူတွေ မဟုတ်ပါဘူး၊ အမှတ်တွေနဲ့ ပါဝင်ပစ္စည်းတွေကို လဲလှယ်လို့ ရပါတယ်”

လီထင်မှာ ဆွံ့အသွားလေ၏။

“ဒါပေမဲ့ ကျွန်မတို့မှာ အမှတ်တောင် မရှိဘူးဆိုရင် ဘယ်လိုလုပ်မလဲ”

ဤအခိုက်အတန့်တွင် သူမ၏ ရင်ထဲ၌ ဟန်ရှင်းချန်အပေါ် မကျေနပ်မှုများဖြင့် ပြည့်နှက်နေလေပြီ။

‘ဒီကျိန်ဆဲချင်စရာကောင်းတဲ့ ဟန်ရှင်းချန်ကြောင့်သာ ငါတို့က ဒုတိယ တာဝန်ကိုတောင် အဆင်ပြေပြေ မဆက်လုပ်နိုင်တော့တာ'

“အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့က ပါဝင်ပစ္စည်းတချို့ကို အရင်ပေးထားလို့ ရပါတယ်၊ ဒါပေမဲ့ နောက်ကျရင် ခင်ဗျားတို့ဆီက အမှတ် နှစ်မှတ် နှုတ်ယူသွားမှာပါ၊ သဘောတူတယ်ဆိုရင် ပါဝင်ပစ္စည်းတွေ သွားယူပေးမယ်”

လီထင်သည် အေးစက်သော မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်လေ၏။ ယခုအချိန်တွင် သူတို့ ငြင်းပယ်ခွင့်ရှိသေးသည်လော။

အကယ်၍ သူတို့ ဒုတိယ တာဝန်မှာလည်း နောက်ဆုံးအဆင့် မဖြစ်ချင်ဘူးဆိုလျှင်ပေါ့။

ဟန်ရှင်းချန်သည် အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့မှာ တကယ်ကို ဆိုးရွားလှသည်ဟု တိတ်တဆိတ် ကျိန်ဆဲနေမိလေ၏။

‘သူတို့က ဘာလို့ ပထမ တာဝန်နဲ့ ဒုတိယ တာဝန်ကို ဆက်စပ်ထားရတာလဲ။

ဒါက ငါ့ကို တမင်သက်သက် ပစ်မှတ်ထားနေတာ သိသာမနေဘူးလား'

အကယ်၍ သူတို့ တောဟင်းသီးဟင်းရွက် အနည်းငယ်လောက်ကို တူးနိုင်ခဲ့မည်ဆိုလျှင် ပါဝင်ပစ္စည်း လုံးဝမရှိသညိ့ အခြေအနေမျိုး ရောက်သွားမှာ မဟုတ်ဘူးဆိုသည်ကို သူတို့ မစဉ်းစားမိခဲ့ကြပေ။

သလဲသီးအတွဲသည် သူတို့၏ သလဲသီး နှစ်တောင်းကို ကြည့်ကာ အတွေးနက်သွားကြလေ၏။

ကောဇီဖေးက အရင်ဆုံး မေးလိုက်လေသည်။

“တောင်းပန်ပါတယ်၊ သလဲသီးတွေကို ဟင်းတစ်ခွက်ဖြစ်အောင် ဘယ်လိုလုပ်မလဲ”

ကြက်ဥ နှစ်လုံးအပြင် သူတို့တွင် သလဲသီးနှစ်တောင်းသာ ရှိလေသည်။

‘ဒီအရာ နှစ်ခုက အတူတူရောကြော်လို့ ရမယ့်ပုံ မပေါ်ဘူးမလား'

ရွှီလီက ရိုးသားစွာ မေးလိုက်လေ၏။

“အိမ်မှာကျန်နေတဲ့ ပါဝင်ပစ္စည်းတွေကို သုံးလို့ရမလား”

သူမ၏ မီးဖိုချောင်တွင် ဟင်းသီးဟင်းရွက်များ အများအပြား ကျန်ရှိနေသေးသည်။

တင်ဆက်သူက ချက်ချင်းငြင်းဆိုလိုက်လေ၏။

“အဓိက ပါဝင်ပစ္စည်းတွေကိုတော့ သုံးခွင့်မပြုပါဘူး၊ ဟင်းခတ်အမွှေးအကြိုင်တွေ၊ ငရုတ်သီးတွေနဲ့ အဲဒီလိုမျိုးတွေလောက်တော့ သုံးလို့ ရပါတယ်”

“ကောင်းပါပြီ၊ အားလုံး ပြန်ပြီး ဟင်းသွားချက်ကြတော့”

“သေချာ လုပ်ဖို့ မှတ်ထားပါ၊ ဒုတိယ တာဝန်အတွက် ဆုကြေးက ပထမ တာဝန်ထက် အများကြီး ပိုကြီးမားမှာပါ”

တင်ဆက်သူသည် လီထင်ကို ခရမ်းချဉ်သီး တစ်လုံးနှင့် ကြက်ဥ နှစ်လုံး ပေးလိုက်လေ၏။

“အမှတ် နှစ်မှတ်က ဒီလောက်နဲ့ပဲ လဲလို့ရမယ်”

လီထင်၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး အနည်းငယ် လက်မြှောက်အရှုံးပေးလိုက်ရသလို ခံစားလိုက်ရသည်။

‘ထားလိုက်ပါတော့၊ ဘာမှမရှိတာထက်စာရင် တစ်ခုခုရှိတာ ပိုကောင်းတာပေါ့'

အွန်လိုင်းအသုံးပြုသူများပင်လျှင် အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့မှာ တကယ်ကို ကောက်ကျစ်လှသည်ဟု အာမေဍိတ်သံ မပြုဘဲ မနေနိုင်တော့ပေ။

“ရိုးရိုးသားသား ပြောရရင် ဒီတစ်ခါ ဟန်ရှင်းချန်က နည်းနည်းတော့ သနားစရာကောင်းတယ်၊ အဲဒီနှစ်ယောက်မှာ ပါဝင်ပစ္စည်း လုံးဝကိုမရှိတာ”

“လီထင်ရဲ့ သနားစရာကောင်းတဲ့ မျက်နှာထားကို ကြည့်ပြီး သူတို့ တကယ်သနားစရာကောင်းတယ်လို့ ငါ ရုတ်တရက် ခံစားလိုက်ရတယ်”

“ငါ့ကို မေးမယ်ဆိုရင် ဒါတွေအကုန်လုံးက ဟန်ရှင်းချန်ကြောင့် ဖြစ်ရတာ၊ ဟန်ရှင်းချန်ကြောင့်သာ မဟုတ်ရင် သူတို့ အခု ဒုတိယအဆင့် ရနေလောက်ပြီ”

“ဒီအဖွဲ့အပေါ် ငါ သိပ်မျှော်လင့်ချက် မထားဘူး”

ဤတာဝန် နှစ်ခုသည် တချို့အတွက် ပျော်ရွှင်မှုများ ယူဆောင်လာပေးပြီး တချို့အတွက် ဝမ်းနည်းမှုများကို ဖြစ်ပေါ်စေခဲ့သည်။

ဟယ်လင်နှင့် လင်းယန်တို့ အိမ်ပြန်ရောက်သောအခါ ပြုံးရွှင်မှုများကို မရပ်တန့်နိုင်ကြတော့ပေ။

“ဒီနေ့ နေ့လယ်စာအတွက် ပိန်းဥကြော်နဲ့ ပိန်းဥပေါင်းစားကြမယ်”

“အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့က ငါတို့ကို ဝက်သုံးထပ်သားတစ်တုံးလည်း ပေးလိုက်တယ်မလား၊ အဲဒါကို ဘယ်လိုချက်ရမယ်လို့ မင်းထင်လဲ”

လင်းယန်သည် အရာအားလုံးကို ခြံဝင်းထဲတွင် ချထားလိုက်ပြီး ပြန်ပြောလိုက်၏။

“ဆရာဟယ်၊ ဟင်းချက်တာကို ကျွန်တော့်ကိုသာ လွှဲထားလိုက်၊ မနက်ခင်း တစ်ပိုင်းလုံး အလုပ်ရှုပ်ထားရတော့ ခင်ဗျား ပင်ပန်းနေလောက်ပြီ”

ထိုစကားကို ကြားလိုက်ရသောအခါ ဟယ်လင်မှာ အလွန်အမင်း စိတ်လှုပ်ရှားသွားသဖြင့် မျက်ရည်များပင် ကျလာလုနီးပါး ဖြစ်သွားလေသည်။

“ရှောင်လင်းရယ်... မင်းက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် နားလည်ပေးနိုင်ရတာလဲ”

“ငါသာ မိန်းမတစ်ယောက်ဖြစ်ရင် မင်းကို သေချာပေါက် လက်ထပ်မိမှာပဲ”

လင်းယန် ရယ်မောခြင်းကို မထိန်းနိုင်တော့ပေ။

“အာဟူ၊ ဆရာဟယ်ကို ရေတစ်ခွက်လောက် မြန်မြန် ငှဲ့ပေးလိုက်ပါဦး”

ဟယ်လင်သည် ရေတစ်ခွက်အပြည့်ကို တစ်ငုံတည်း သောက်ချလိုက်ပြီး ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်လေ၏။

“ငါ့ကို ဘာလို့ တစ်ခုခု လုပ်ခွင့်မပေးသေးတာလဲ၊ ပထမ တာဝန်က မင်းကျေးဇူးကြောင့် အကုန် အောင်မြင်ခဲ့တာ၊ ဒုတိယ တာဝန်ကလည်း မင်းကျေးဇူးကြောင့်ပဲ အကုန် အောင်မြင်လိမ့်မယ်ဆိုရင် ငါ စိတ်မကောင်း ဖြစ်မိမှာပေါ့”

“ဒီလိုဆိုရင် အနည်းဆုံးတော့ ငါ ပါဝင်ခွင့်ရတယ်ဆိုတဲ့ ခံစားချက်လေးတော့ ရနိုင်တာပေါ့”

လင်းယန် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် တစ်ခုကူခိုင်းလိုက်လေ၏။

“ဒါဆို ကျွန်တော့်ကို အဲဒီ ဟင်းသီးဟင်းရွက်တွေ ကူဆေးပေးပါ”

ဟယ်လင်သည် ခဏအကြာမှ သတိဝင်လာပြီး ပြန်လည်မေးခွန်းထုတ်လိုက်သည်။

“နေဦး ရှောင်လင်း၊ ငါ့ရဲ့ ဟင်းချက်လက်ရာက အရမ်းညံ့လွန်းလို့ ဒီတာဝန်ကို မအောင်မြင်နိုင်မှာကို မင်း စိုးရိမ်နေတာတော့ မဟုတ်ပါဘူးနော်”

အွန်လိုင်းအသုံးပြုသူများမှာ အားရပါးရ ရယ်မောလိုက်ကြလေ၏။

“ဘာလို့ ဆရာဟယ်ရဲ့ တုံ့ပြန်မှုက အမြဲတမ်း တစ်စက္ကန့်လောက် နောက်ကျနေရတာလဲ”

“လင်းယန် - ငါ့ရဲ့ မျက်နှာအမူအရာက အဲဒီလောက်တောင် သိသာနေပြီလား”

“ဒီဟင်းချက်တဲ့တာဝန်က သူဌေးလင်းအတွက် အထူး ဖန်တီးပေးထားသလိုပဲ၊ သူဌေးလင်း ချက်တဲ့ အစားအသောက်တွေကို ငါ မစားဖူးပေမဲ့ ဒီရာသီက ဧည့်သည်တွေထဲမှာ သူဌေးလင်းရဲ့ ဟင်းချက်စွမ်းရည်ကို ကျော်လွန်နိုင်မယ့်သူ တစ်ယောက်မှ မရှိဘူးလို့ ငါယုံကြည်တယ်”

“စောစောစီးစီး အကဲမဖြတ်ပါနဲ့ဦး၊ ဆရာဟွမ်ရဲ့ ဟင်းချက်စွမ်းရည်ကလည်း တော်တော်လေးကောင်းပါတယ်၊ ပြီးခဲ့တဲ့ ရာသီတုန်းက ဆရာဟွမ်ရဲ့ ဇာတ်ကောင်က စားဖိုမှူးဆိုတာ မင်းတို့ မေ့သွားကြပြီလား”

“ငါ နည်းနည်း စိတ်လှုပ်ရှားနေပြီ၊ သူဌေးလင်းချက်တဲ့ အစားအသောက်တွေက ပိုကောင်းမလား၊ ဒါမှမဟုတ် ဆရာဟွမ်ရဲ့ ဟင်းချက်စွမ်းရည်ကပဲ ပိုသာမလား”

“ဟိုက်ရှားပါး၊ ဒါဆို ဒီအထွတ်အထိပ် ယှဉ်ပြိုင်မှုက ဆရာဟယ်နဲ့ ဘာမှမဆိုင်ဘူးပေါ့၊ ဟုတ်လား”

“ငါ ဘာမှမပြောတော့ဘူး၊ ဒါပေမဲ့ ဆရာဟယ်က ဒီလိုအခြေအနေမျိုးမှာ ဟင်းသီးဟင်းရွက် ဆေးဖို့လောက်ပဲ လုပ်နိုင်တာပါ”

လင်းယန်က မျက်နှာမပူ၊ ရင်မခုန်ဘဲ ပြောလိုက်လေ၏။

“ဆရာဟယ်၊ ခင်ဗျား နားလည်မှုလွဲသွားပြီ၊ ကျွန်တော်က ဘယ်လိုလုပ် အဲဒီလိုတွေးနိုင်မှာလဲ၊ ပိန်းဥကြော်တာကို ခင်ဗျားကို လွှဲထားလိုက်ရင်ရော၊ ဝက်သုံးထပ်သားကို ကျွန်တော် ချက်လိုက်မယ်”

ဟယ်လင်သည် သတိမဝင်လာသေးဘဲ ပြန်မေးလိုက်ပြန်၏။

“ဟင်၊ ငါက ဟင်းတစ်ခွက် ချက်ရမှာလား”

“မဟုတ်ဘူး... မဟုတ်ဘူး... မင်းပဲ လုပ်သင့်တယ်၊ ငါက ဟင်းသီးဟင်းရွက်ဆေးဖို့လောက်ပဲ လုပ်ပါ့မယ်”

ဟယ်လင်သည် သူ၏ ဟင်းချက်စွမ်းရည်နှင့် ပတ်သက်၍ နက်နက်ရှိုင်းရှိုင်း နားလည်ထားလေသည်။

‘ငါ ကြက်ဥမွှေကြော်ချက်တာက အဆင်ပြေပေမဲ့ တခြားဘာမဆို... ပြောရခက်တယ်’

‘ဒုတိယတာဝန်မှာ ပထမအဆင့်ရဖို့ ငါ ရည်မှန်းမထားပေမဲ့ အနည်းဆုံးတော့ နောက်ဆုံးအဆင့် မဖြစ်သင့်ဘူးလေ၊ ဟုတ်တယ်မလား၊

တကယ်လို့ ငါသာ ဟင်းချက်ရမယ်ဆိုရင် နောက်ဆုံးအဆင့်ရဖို့ ဖြစ်နိုင်ခြေအရမ်းများတယ်'

လင်းယန်က မတတ်သာသည့်အပြုံးတစ်ခုကို ပြသလိုက်လေ၏။

“ဒါဆို ခင်ဗျား ကျွန်တော့်ကို ဒီဟင်းသီးဟင်းရွက်တွေ သန့်ရှင်းသွားအောင် အရင် ကူဆေးပေးပါ၊ ဒီငှက်ကလေးကို ကျွန်တော် နေရာသွားချလိုက်ဦးမယ်”

လင်းယန်သည် ငှက်လှောင်အိမ်ကို သစ်ပင်ပေါ်တွင် ချိတ်ဆွဲလိုက်ပြီး မျောက်အိုကြီးအား အထပ်ထပ်အခါခါ သတိပေးလိုက်လေ၏။

“မင်း ဒီသစ်ပင်နဲ့ ဝေးဝေးမှာနေ၊ နောက် သုံးရက်အတွင်း ဒီသစ်ပင်နားကို မင်း သွားခွင့်မရှိဘူး”

အကယ်၍ မျောက်အိုကြီးသာ အနားသို့ ကပ်သွားပါက လည်ပြာ ပျားစားငှက်သည် မျောက်၏ကစားစရာ ဖြစ်သွားမည်မဟုတ်လော။

မျောက်အိုကြီး၏ မျက်လုံးများထဲတွင် နားမလည်နိုင်မှုများဖြင့် ပြည့်နှက်နေပြီး သူ၏မကျေနပ်မှုကို ပြသရန် သွားများကို ဖြဲပြလိုက်လေ၏။

“ကျိ”

‘ဘာလို့ ငါ့ရဲ့ ပိုင်နက်ကို လုယူသွားရတာလဲ'

လင်းယန်က မျောက်အိုကြီး၏နဖူးကို တစ်ချက်တောက်လိုက်ပြီး တုံ့ပြန်လိုက်လေ၏။

“မင်းရဲ့ ပိုင်နက်က ဘာလဲ၊ ဒီခြံဝင်းထဲမှာ မင်းပိုင်တဲ့ပိုင်နက် ဘာမှမရှိဘူး”

“ဒီမိသားစုမှာ မင်းအတွက် နေရာမရှိဘူး”

မျောက်အိုကြီး ဤစကားကို ကြားသောအခါ လင်းယန်ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပြီး

:သူက ဘယ်လိုလုပ် ဒီလောက် အေးစက်တဲ့ စကားမျိုးကို ပြောနိုင်ရတာလဲ’ ဟု မျက်နှာအမူအရာဖြင့် မေးခွန်းထုတ်နေသကဲ့သို့ ဖြစ်နေလေ၏။

“သူဌေးလင်းရဲ့ စကားတွေက နည်းနည်းတော့ နာကျင်စရာကောင်းတယ်... မဟုတ်ဘူး၊ မျောက်အတွက် နာကျင်စရာ ကောင်းတာ”

“ဒီမျောက်က မျက်နှာပြောင်တိုက်လွန်းတယ်လို့ ငါထင်တယ်၊ မုန်းခံရရင်တောင် သူ ထွက်သွားမှာ မဟုတ်ဘူး”

“ဟားဟားဟားဟား၊ မျောက်တစ်ကောင်က မျက်နှာပြောင်တိုက်ဖို့ ဘာလို့ လိုမှာလဲ”

All Chapters