← Chapters

အခန်း ၁၇၇

Vol. 18 Ch. 177

အခန်း ၁၇၇

Vol. 18 Ch. 177

အခန်း (၁၇၇)

လင်းယန်သည် သူ၏ တူဖြင့် ဝက်သုံးထပ်သား တစ်တုံးကို ကောက်ယူကာ ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်ပြီး ၎င်းတို့ နှစ်ကောင်ကို မည်သို့ကိုင်တွယ်ရမည်မှန်း မသိသည့်ပုံဖြင့် ပြောလိုက်လေ၏။

“အခု ကျေနပ်ပြီလား”

ခွေးကြီးသည် ပြုံးလျက် ၎င်း၏အမြီးကို လှုပ်ယမ်းနေပြီး မည်သည့်အသံမျှ မပြုဘဲ ထိုနေရာတွင် တိတ်ဆိတ်စွာ လှဲလျောင်းကာ သိုသိုစားနေသည်ကို ကြည့်နေလေ၏။

ဟယ်လင်၏ မျက်နှာပေါ်တွင် ရုတ်တရက် သဘောပေါက်သွားသည့် အမူအရာ ပေါ်လွင်လာလေ၏။

“ငါ နားလည်ပြီ၊ မင်းရဲ့ ဟတ်စကီးက တကယ်တော့ ဒီဝံပုလွေမလေးရဲ့ အစေခံလေးပဲ”

လင်းယန်က ပြန်ဖြေလေသည်။

“အဲဒီလို ပြောလို့လည်း ရပါတယ်”

မွှေးပျံ့နေသော ဝက်သုံးထပ်သားချက်ကို စားပွဲပေါ်သို့ ယူလာသောအခါ ယန်အာဟူမှာ သူ့တူနှင့် ပန်းကန်လုံးကို ကိုင်ထားပြီး ဖြစ်နေလေပြီ။

လင်းယန်က သူ့ကို ဆွဲဖယ်လိုက်လေ၏။

“နေဦး၊ ဒိုင်လူကြီးတွေတောင် မရောက်သေးတာ၊ မင်းက ဘာလို့ အရသာလာမြည်းနေတာလဲ”

ယန်အာဟူက မကျေမနပ် မျက်နှာထားဖြင့် မေးလိုက်၏။

“ဒါဆို ကျွန်တော်က ဒိုင်လူကြီးအဖြစ် သတ်မှတ်မခံရဘူးလား”

လင်းယန်က သူ့ကို မျက်စောင်းထိုး ကြည့်လိုက်လေ၏။

“မင်းက ဆုကြေးတွေကို ရွေးယူနိုင်ရင်တော့ တစ်မျိုးပေါ့”

လင်းယန် ပိန်းဥကို ယူလာချိန်မှာပင် တင်ဆက်သူသည် အခြားယှဉ်ပြိုင်မည့် အဖွဲ့များနှင့်အတူ ရောက်ရှိလာလေ၏။

ယန်အာဟူမှာမူ ဗီဒီယို တည်းဖြတ်ရန် အိမ်ထဲသို့ ပြန်ဝင်သွားလေသည်။

တင်ဆက်သူက ပြုံးလျက် ပြောလိုက်လေ၏။

“ရှောင်လင်း၊ မင်းရဲ့ နေရာက တော်တော်လေး ကျယ်ဝန်းတော့ သူတို့ အားလုံးကို မင်းအိမ်ပဲ လာခိုင်းလိုက်တယ်”

အခြားအကြောင်းအရာများကို ဘေးဖယ်ထားလျှင်ပင် အခြား ပြိုင်ပွဲဝင်များ ငှားရမ်းထားသော ခြံဝင်းများမှာ လင်းယန်၏အိမ်လောက် မကျယ်ဝန်းသည်မှာ အမှန်ဖြစ်သည်။

သူတို့သည် သူတို့၏ အစားအသောက်ထည့်ထားသော သေတ္တာများကို စားပွဲပေါ်တွင် အသီးသီး တင်ထားလိုက်ကြလေ၏။

ထိုအထဲတွင် ဟွမ်လဲ့၏ မျက်နှာအမူအရာမှာ အထင်ရှားဆုံးဖြစ်ပြီး သူ၏ပျော်ရွှင်မှုကို ဖုံးကွယ်ထား၍ မရနိုင်လောက်အောင်ပင် ဖြစ်နေလေသည်။

“ဒီတစ်ခါ ငါတို့အဖွဲ့ သေချာပေါက် ပထမရမှာပဲ”

ဟယ်လင်က သူ့ကို မယုံကြည်ပေ။

“လူတွေက မျက်လုံးမှိတ်ပြီး ယုံကြည်မှုလွန်ကဲမနေတာက ပိုကောင်းမယ်နော်”

ဟွမ်လဲ့က ပြန်လည်ချေပလိုက်သည်။

“ဆရာဟယ်၊ ခင်ဗျား ဘယ်လိုလုပ် ဒီလိုစကားမျိုး ပြောထွက်ရတာလဲ။ ကျွန်တော်တို့က ပါတနာဟောင်းတွေလေ၊ ခင်ဗျား ကျွန်တော်ချက်တဲ့ အစားအသောက်တွေကို အရင်က မစားဖူးတာမှ မဟုတ်တာ၊

အဲဒီတုန်းက ခင်ဗျား အဲဒီလို မပြောခဲ့ပါဘူးနော်၊ အွန်လိုင်းအသုံးပြုသူတွေက ကျွန်‌တော့်အတွက် သက်သေခံပေးနိုင်တယ်၊ အဲဒီတုန်းက ခင်ဗျား ဘာပြောခဲ့လဲ။ ကျွန်‌တော့်ကို လက်ထပ်ပြီး တစ်သက်လုံး ကျွန်‌တော်ချက်တဲ့ အစားအသောက်တွေကိုပဲ စားချင်တယ်ဆို”

ဟယ်လင်က ကိုယ့်ကိုယ်ကိုယ် မှန်ကန်သည်ဟု ယူဆကာ ပြန်တုန့်ပြန်လိုက်၏။

“မင်းထက် ဟင်းချက်ပိုကောင်းတဲ့ တခြားလူတွေကို ငါ တွေ့သွားပြီဆိုတော့ အခု တခြားလူကို စိတ်ဝင်စားနေပြီ”

ဟွမ်လဲ့မှာ မကျေမနပ် ဖြစ်သွားပြီး အခြားအရာများတွင် သူ မကျွမ်းကျင်ဟု ပြောလျှင် ရသော်လည်း ဤမျှလောက် တီဗီအစီအစဉ်များစွာတွင် ပါဝင်ခဲ့ဖူးရာ မည်သူ၏ ဟင်းချက်စွမ်းရည်မျှ သူ့လောက် မသာလွန်ကြောင်း ပြောဆိုလေ၏။

ဟင်းချက်စွမ်းရည်နှင့် ပတ်သက်လျှင် သူသည် လုံးဝ ယုံကြည်မှု ရှိသည်ဟု ဆိုနိုင်ပေသည်။

အွန်လိုင်းအသုံးပြုသူများမှာလည်း မည်သူ၏ စွမ်းရည်က ပိုမို သာလွန်မည်နည်းဆိုသည်ကို သိချင်နေကြလေ၏။

“မျှမျှတတ ပြောရရင် ဆရာဟွမ်ရဲ့ ဟင်းချက်လက်ရာက တကယ်ကို အရမ်းကောင်းတယ်၊ ဒါက တရားဝင် အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့ ကိုယ်တိုင်ကတောင် လူသိရှင်ကြား အသိအမှတ်ပြုထားတဲ့ အရာပဲ”

“ဟုတ်တယ်၊ ဆရာဟွမ်က ဟင်းချက်တဲ့ နေရာမှာ ပါရမီ နည်းနည်းတော့ပါတယ်”

“အဲဒါက အဲဒီလူတွေက သူဌေးလင်းချက်တဲ့ အစားအသောက်တွေကို မစားဖူးသေးလို့နေမှာပါ၊ သူဌေးလင်း ချက်တာကို စားဖူးတဲ့သူတိုင်း အရသာမရှိဘူးလို့ တစ်ခါမှမပြောဖူးကြဘူး”

“မင်းက အဲဒီလောက် ယုံကြည်မှုအပြည့်နဲ့ပြောနေတာ၊ မင်းကိုယ်တိုင်ကော စားဖူးလို့လား”

“ကောင်းပါပြီ... ငြင်းမနေကြနဲ့တော့၊ နောက်ကျရင် ဘယ်သူက ဟင်းချက်ပိုကောင်းလဲဆိုတာ ငါတို့ သိရမှာပဲမဟုတ်ဘူးလား၊ ဒီမှာ ငြင်းနေဖို့လိုလို့လား”

ကောဇီဖေးက ဝင်ပြောလေ၏။

“ဟေး၊ ဟေး၊ ဟေး၊ ခင်ဗျားတို့ နှစ်ယောက်ထဲက တစ်ယောက်ယောက်များ ကျွန်တော်တို့အဖွဲ့ကို မျက်လုံးထဲ ထည့်သေးရဲ့လား၊ ဒီပြိုင်ပွဲက ခင်ဗျားတို့ နှစ်ဖွဲ့တည်း ယှဉ်ပြိုင်နေတာ မဟုတ်ဘူးနော်၊

ကျွန်တော်တို့ အဖွဲ့လည်း ရှိသေးတယ်၊ အစ်မဇီယီ အဖွဲ့လည်း ရှိတယ်၊ အစ်ကိုရှင်းချန် အဖွဲ့လည်း ရှိသေးတယ်လေ”

ဝမ်ဇီယီက တမင်တကာ နှုတ်ခမ်းစူသည့် အမူအရာကို ပြုလုပ်လိုက်လေ၏။

“ဟုတ်တယ် ဆရာဟွမ်၊ ရှင်နဲ့ ဆရာဟယ် ဘာဖြစ်နေကြတာလဲ။ ကျွန်မတို့ သုံးဖွဲ့ရဲ့ တည်ရှိမှုက အရမ်းကို အရေးမပါ ဖြစ်နေလို့လား”

ဟယ်လင်က ပြန်ပြောလေသည်။

“ဒီခြံဝင်းလေးထဲကို ဝင်လာတုန်းက မွှေးပျံ့တဲ့ ရနံ့သင်းသင်းလေးကို မင်းတို့ မရလိုက်ကြဘူးလား”

ရိုးရိုးသားသား ပြောရလျှင် လူတိုင်းက ဤရနံ့ကို ရခဲ့သည်မှာ အတော်ကြာပြီဖြစ်သည်။

မည်သူမျှ တမင်တကာ ထုတ်မပြောခဲ့ခြင်းသာ ဖြစ်လေ၏။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူတို့သည် ပြိုင်ဘက် အခြေအနေတွင် ရှိနေကြရာ ဤရနံ့က အလွန် ခံတွင်းမြိန်စေသည်ဟု ဝန်ခံလိုက်ခြင်းက သူတစ်ပါး၏ စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး မိမိတို့၏ဂုဏ်သိက္ခာကို လျှော့ချရာ ရောက်မည် မဟုတ်ပါလော။

သို့သော် တစ်ချိန်တည်းမှာပင် လူအများစု၏ စိတ်ထဲတွင် ကိုယ်ပိုင် အစီအစဉ်ငယ်လေးများ ရှိနေကြလေ၏။

ဥပမာအားဖြင့် လီထင်နှင့် ဝမ်တာ့လီတို့ ဖြစ်သည်။

ဝမ်တာ့လီက တွေးနေမိလေ၏။

‘ဟွမ်လဲ့က ဒီဧည့်သည်တွေထဲမှာ ဟင်းချက်အကောင်းဆုံး ဖြစ်နေပြီဆိုတော့ ဒီဒုတိယတာဝန်မှာလည်း သူတို့ ထပ်ပြီး နောက်ဆုံးအဆင့် မဖြစ်နိုင်လောက်ပါဘူး မဟုတ်လား'

သူတို့ ပထမအဆင့် ရလိုက်သည်နှင့် တစ်ပြိုင်နက် ပထမ တာဝန်မှ ဆုံးရှုံးမှုများကို ပြန်လည်ဖြည့်ဆည်းနိုင်မည် ဖြစ်သည်။

သို့သော် ဤခြံဝင်းငယ်လေးထဲသို့ ဝင်ရောက်လာပြီးနောက် မွှေးပျံ့သော ရနံ့က သူ့ကို မကောင်းသော ခံစားချက်တစ်ခု ပေးစွမ်းနေလေ၏။

ဤအသားနံ့က ပဲတောင့်ရှည်၏ အနံ့ထက် အမှန်တကယ်ပင် ပို၍ သွေးဆောင်ဖြားယောင်းနိုင်စွမ်း ရှိလေသည်။

တင်ဆက်သူက ပြုံးလျက် ပြောလိုက်လေ၏။

“အားလုံးလည်း ရောက်နေပြီဆိုတော့ ခင်ဗျားတို့ရဲ့ အစားအသောက်သေတ္တာတွေကို ဖွင့်ပြီး ခင်ဗျားတို့ချက်ထားတဲ့ အရသာရှိတဲ့ ဟင်းလျာတွေကို ကျွန်တော့်ကို မြည်းစမ်းခွင့် ပြုပါဦး”

“ရှင်းချန်တို့ အဖွဲ့ကို အရင်ကြည့်ကြတာပေါ့”

သူတို့သည် ခရမ်းချဉ်သီး တစ်လုံးနှင့် ကြက်ဥ နှစ်လုံးနှင့် လဲလှယ်ရန် အမှတ် နှစ်မှတ်ကို ကြိုတင် ပေးချေထားခဲ့ရသည်။

ထို့ကြောင့် သူတို့သည် ခရမ်းချဉ်သီးနှင့် ကြက်ဥမွှေကြော်ကိုသာ ပြုလုပ်နိုင်ခဲ့လေ၏။

ဟန်ရှင်းချန်ကဲ့သို့ ကာယအလုပ် လုံးဝမလုပ်ဖူးသော နာမည်ကြီး အနုပညာရှင်ကြီးတစ်ဦးသည် သေချာပေါက် ဟင်းတစ်ခါမျှမချက်ဖူးခဲ့ပေ။

ထို့ကြောင့် ဟင်းချက်ရမည့်တာဝန်မှာ လီထင်အပေါ်သို့ ကျရောက်သွားခဲ့လေ၏။

သို့သော် ပရိသတ်ကို ဟန်ရေးပြနိုင်ရန်အတွက် ဟန်ရှင်းချန်သည် ကြက်ဥခေါက်ခြင်းနှင့် ခရမ်းချဉ်သီးလှီးခြင်းတာဝန်ကို ကိုယ်တိုင် တက်ကြွစွာ တာ၀န်ယူခဲ့လေ၏။

ဤအဆင့်လေး တစ်ဆင့်တည်းကပင် လီထင်အား ပြိုလဲသွားချင်စိတ် ပေါက်သွားစေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဟန်ရှင်းချန်သည် ကြက်ဥအရည်များကို နေရာအနှံ့သို့ ဖိတ်စင်စေခဲ့ပြီး မူလကတည်းက နည်းပါးလှသော ကြက်ဥများက အနည်းငယ်မျှသာ ကျန်ရှိတော့သောကြောင့်ပင်။

လီထင်သည် အံကြိတ်ကာ ခရမ်းချဉ်သီးနှင့် ကြက်ဥမွှေကြော်ဟင်းတစ်ခွက်ကို ချက်ပြုတ်လိုက်ရလေ၏။

တင်ဆက်သူသည် လီထင်၏ အစားအသောက် သေတ္တာအတွင်းသို့ ကြည့်လိုက်ရာ အံ့အားသင့်သွားသည့် အမူအရာ ပေါ်လွင်လာလေ၏။

“ကျွန်တော် ခင်ဗျားတို့ကို ကြက်ဥ နှစ်လုံး ပေးခဲ့တယ် မလား။ ဘာလို့ ဒီပန်းကန်ထဲမှာ ခရမ်းချဉ်သီးတွေချည်းပဲ ဖြစ်နေပြီး ကြက်ဥတစ်စက်လေးတောင် မတွေ့ရတာလဲ”

ကြက်ဥအမြှုပ် အနည်းငယ်ခန့်သာ ရှိလေသည်။

ကင်မရာမန်းသာ အချိန်ပြည့် ရိုက်ကူးမနေခဲ့ပါက လီထင်နှင့် ဟန်ရှင်းချန်တို့ တိတ်တဆိတ် စားပစ်လိုက်ပြီဟုပင် သူ သံသယဝင်မိပေလိမ့်မည်။

လီထင်က အနေရခက်သော အပြုံးဖြင့် ပြန်ဖြေလေ၏။

“စီနီယာ ရှင်းချန်က ကြက်ဥခေါက်တုန်းက နည်းနည်း ဖိတ်ကျသွားလို့ပါ”

“ဒါပေမဲ့ ရပါတယ်၊ ခရမ်းချဉ်သီးတွေထဲမှာလည်း ကြက်ဥအရသာ ရှိနေမှာပါ”

အွန်လိုင်းအသုံးပြုသူများ ဤစကားကို ကြားသောအခါ ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရလေ၏။

“ငါ ဒီမြင်ကွင်းကို မြင်လိုက်ရတုန်းက၊ လူတစ်ယောက်က ဘယ်လိုလုပ် ကြက်ဥတောင် သေချာ မခေါက်နိုင်လောက်အောင် ဒီလောက်တောင် တုံးအနိုင်ရတာလဲလို့ တွေးမိတယ်၊

ဒါက အခြေခံ ဗဟုသုတ မဟုတ်ဘူးလား၊ အသက် ၃၀ နား ကပ်နေပြီကို၊ ကြက်ဥတောင် မခေါက်တတ်ဘူးဆိုရင် တခြား ဘာကိုများ ကောင်းကောင်း လုပ်နိုင်မှာလဲ”

“ဆက်မပြောနဲ့တော့၊ မင်းရဲ့ မက်ဆေ့ချ်တွေထဲမှာ ဆဲဆိုမှုတွေနဲ့ ပြည့်နှက်သွားလိမ့်မယ်နော် သတိထား”

“ကြက်ဥ မခေါက်တတ်တော့ ဘာဖြစ်လဲ၊ လူကြီးလူကောင်းဆိုတာ မီးဖိုချောင်နဲ့ ဝေးဝေးမှာနေရတယ်၊ ဒီလောက် ယဉ်ကျေးမှု ဗဟုသုတလေးတောင် နင်တို့ဆီမှာ မရှိဘူးလား၊

ငါတို့ရဲ့ ရှင်းချန် လက်တွေက ဒီလိုအလုပ်တွေ လုပ်ဖို့မဟုတ်ဘူး”

“အို... ကျေးဇူးပြုပြီး ရှင်းရှင်းလင်းလင်းပြောလို့ရမလား၊ မင်းက ဒီမှာ လူကြီးလူကောင်းဆိုတာ မီးဖိုချောင်နဲ့ ဝေးဝေးမှာ နေရတယ်လို့ လာပြောနေတာလား၊

ဒါဆို ငါမေးမယ်၊ ‘လူကြီးလူကောင်းဆိုတာ မီးဖိုချောင်နဲ့ ဝေးဝေးမှာ နေရတယ်’ ဆိုတဲ့ စကားစုရဲ့ နောက်က စာကြောင်းက ဘာလဲ”

“ဟားဟားဟားဟား၊ ငါ့အမြင်ကတော့ တကယ်ကို ရယ်စရာကောင်းလွန်းတယ်”

“ကောင်းပါပြီ၊ သူတို့ရဲ့ ဟင်းပွဲကို ကြည့်လိုက်တာနဲ့ ဒီအချီမှာ သူတို့ တစ်ဝက်ရှုံးသွားပြီဆိုတာ ငါသိလိုက်ပြီ”

တင်ဆက်သူသည် ခရမ်းချဉ်သီး တစ်တုံးကို ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်လေ၏။

“ခရမ်းချဉ်သီးရဲ့ အရသာက အချိုအချဉ် အနေတော်လေးပဲ၊ နည်းနည်းလေး ငန်တယ်၊ ထမင်းနဲ့စားရင်တော့ တော်တော်လေးကောင်းမယ့်ပုံပဲ”

လီထင်သည် တင်ဆက်သူ၏ မျက်နှာအမူအရာကို အဆက်မပြတ် အကဲခတ်နေပြီး စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေလေ၏။

အထူးသဖြင့် သူ မျက်မှောင်ကြုတ်သွားသည်ကို မြင်လိုက်ရသောအခါ သူမ၏ ရင်ခုန်သံများပင် မြန်လာခဲ့သည်။

'ငါက ဒီအစီအစဉ်တစ်ခုလုံးအတွက် နောက်ဆုံးအဆင့်ပဲ ဖြစ်နေတော့မှာလား'

‘အခုချိန် အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့ဆီ ပါတနာ ပြောင်းပေးဖို့ လျှောက်ထားရင် ခွင့်ပြုနိုင်မလား’ ဟုပင် သူမ တွေးမိနေသည်။

သို့သော် ပြန်စဉ်းစားကြည့်လျှင် ဟင်းချက်ခြင်းက သူမ၏အားသာချက်တော့မဟုတ်ပေ။

ဟင်းချက်စွမ်းရည်နှင့် ပတ်သက်လျှင် သူမသည် ကိုယ့်ကိုယ်ကို ကောင်းစွာ နားလည်ထားလေသည်။

သူမ ချက်ပြုတ်သော အိမ်သုံးဟင်းလျာများမှာ စားမရနိုင်လောက်အောင် ဆိုးရွားခြင်းမရှိသော်လည်း သေချာပေါက် အရသာရှိလှသည်တော့ မဟုတ်ပေ။

သူမ ကိုယ်တိုင်အတွက် ချက်ပြုတ်သောအခါ အဆင်ပြေသလိုစားရုံဖြင့် လုံလောက်လေသည်။

တင်ဆက်သူသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး နောက်ဆုံးတွင် အတော်လေး နိမ့်ကျသော အမှတ်တစ်ခုကို ပေးလိုက်လေ၏။

“အမှတ်ပြည့်က ၁၀ မှတ်ပါ၊ ဒီဟင်းပွဲအတွက် ကျွန်တော် ၃ မှတ်ပဲ ပေးနိုင်မယ်”

ဟန်ရှင်းချန် ဤစကားကို ကြားသောအခါ မကျေမနပ် ဖြစ်သွားလေ၏။

“ဆရာကျိုး မှားနေတာများလား၊ ကျွန်တော်တို့ အရမ်းကြိုးစားပမ်းစား ချက်ထားတဲ့ ခရမ်းချဉ်သီးနဲ့ ကြက်ဥမွှေကြော်က ၃ မှတ်ပဲ ရတာလား”

တင်ဆက်သူက သေချာပေါက် အတည်ပြုလိုက်လေ၏။

“ဟုတ်ပါတယ်၊ ဒီအရသာက ဒီအမှတ်ပဲ ရနိုင်မှာပါ”

ဟန်ရှင်းချန်မှာ ဒေါသထွက်လွန်းသဖြင့် နှာမှုတ်ကာ မျက်လုံးများ ပြူးကျယ်သွားပြီး ခေတ္တမျှ သူ၏မျက်နှာအမူအရာကိုပင် မထိန်းချုပ်နိုင်တော့ပေ။

ယင်းကို မြင်သောအခါ ဟယ်လင်က အလျင်အမြန် နှစ်သိမ့်ပေးလိုက်လေ၏။

“တကယ်တော့ ၃ မှတ်ဆိုတာ တော်တော်လေး ကောင်းပါတယ်၊ တခြား အဖွဲ့တွေရဲ့ အမှတ်တွေက အဲဒီထက်တောင် ပိုနည်းနိုင်သေးတယ်လေ”

သို့သော် ဤစကားစုက ဟန်ရှင်းချန်ကို လုံးဝ နှစ်သိမ့်မှု မဖြစ်စေခဲ့ပေ။

‘အမှတ် ဘယ်လောက်ပဲ နည်းနည်း၊ ၃ မှတ်အောက်တော့ မနည်းနိုင်တော့ဘူးလေ’

ကောဇီဖေးသည် ဟန်ရှင်းချန်၏ ပခုံးကို ပုတ်ပေးလိုက်လေ၏။

“ရပါတယ် အစ်ကို ရှင်းချန်၊ ဟင်းချက်တာက အစ်ကို့ရဲ့ အားသာချက် မဟုတ်လို့နေမှာပါ၊ နောက်တာဝန်တွေကျရင် အစ်ကိုတို့နှစ်ယောက် ကျွမ်းကျင်တဲ့အရာတွေ သေချာပေါက် ပါလာမှာပါ”

ဟန်ရှင်းချန်၏ မျက်နှာမှာ မည်းမှောင်နေပြီး ကောဇီဖေး၏ လက်ကို ပုတ်ထုတ်လိုက်ကာ အလွန်အေးစက်သော သဘောထားဖြင့် အင်းဟုသာ တုံ့ပြန်လိုက်လေ၏။

ကောဇီဖေး၏ ပရိသတ်များနှင့် လမ်းကြုံဝင်လာသူများက သူ့အပြုအမူကို သည်းမခံနိုင်တော့ပေ။

“သောက်ကျိုးနည်း... သူ နေမကောင်းဘူးလား (ရူးနေတာလား) ၊ ငါတို့ရဲ့ ကောဇီက သူ့ကို ဘာမှ ရန်မစထားဘူးလေ၊ သူက ဘယ်သူ့ကိုလာပြီး အဲ့လိုမျက်နှာထား လာပြနေတာလဲ”

“ငါက လမ်းကြုံဝင်လာတဲ့သူ သက်သက်ပါ၊ ငါ့အမြင်တော့ ဟန်ရှင်းချန်က စီနီယာတစ်ယောက်လို ဟန်ရေးပြရတာကို တကယ် သဘောကျနေပုံပဲ၊

ဒါက တီဗီအစီအစဉ် ရိုက်ကူးရေးဆိုတာကို သူ မေ့နေတာလား၊ သခင်လေး စိတ်ကောက်တာကို ဘယ်သူကမှ သည်းခံနေမှာ မဟုတ်ဘူးနော်”

“ဟန်ရှင်းချန်လို လူမျိုးတွေကို ပြုပြင်ပေးသင့်တယ်”

“နောက်ခံ အဆက်အသွယ်ကောင်းလို့ နာမည်ကြီးလာတဲ့ အနုပညာရှင်တွေက အဲဒီလိုပါပဲ၊ အံ့သြစရာ မလိုပါဘူး”

“ဘာလို့ ငါတို့ရဲ့ ရှင်းချန်ကို နောက်ခံ အဆက်အသွယ်နဲ့ နာမည်ကြီးလာတဲ့အနုပညာရှင်လို့ ပြောနေရတာလဲ၊ သူ ဘယ်လောက်တောင် ကြိုးစားနေရလဲဆိုတာ နင်တို့ သိလို့လား”

All Chapters