← Chapters

အခန်း ၁၉၄

Vol. 20 Ch. 194

အခန်း ၁၉၄

Vol. 20 Ch. 194

🍅 Chapter 194

ထို့အပြင် ဤငါးပေါင်း၏ဟင်းခတ်အမွှေးအကြိုင် အချိုးအစားမှာလည်း အလွန်အချိုးကျလှသည်။

အရမ်းလည်း မငန်သလို အရမ်းလည်း မပေါ့ဘဲ၊ ဆိမ့်သက်မှုနှင့် ချိုမြိန်မှုတို့ ပေါင်းစပ်နေကာ ဆီပြန်မွှေးပျံ့နေ၏။

အလွန်ကောင်းမွန်သော ဟင်းရည်က ငါးအသား၏အလွှာတိုင်းအတွင်းသို့ စိမ့်ဝင်နေပြီး အရိုးများကြားရှိ ဟာကွက်များတွင်ပင် ပြစ်နှစ်မွှေးပျံ့သောအရသာများ ကပ်ငြိနေရာ ဆက်တိုက်စားချင်စိတ်ကို မထိန်းချုပ်နိုင်အောင်ပင် ဖြစ်စေတော့၏။

“ဒီငါးက...”

မုရူရွှယ် သူမဘာသာ သူမ တီးတိုးရေရွတ်လိုက်ပြီး မျက်ဝန်းများအတွင်းမှ အံ့ဩမှုများမှာ ပိုထင်ရှားလာတော့၏။

သာမန်ကျေးလက်ဟင်းလျာဟု ထင်ရသော ဤဟင်းတစ်ခွက်က ဤမျှလောက်အရသာရှိနေလိမ့်မည်ဟု သူမ အမှန်တကယ်ပင် စိတ်ကူးမယဉ်နိုင်ခဲ့ချေ။

ဤအရသာက ထိုနန်းတွင်းစားဖိုမှူးကြီးများ ချက်ပြုတ်သော ဟင်းလျာများထက်ပင် များစွာ သာလွန်ကောင်းမွန်နေသည်မဟုတ်ပါလား။

မုရူရွှယ်မှာ ငါးပေါင်း၏အရသာရှိမှုအောက်တွင် လုံးဝကို ကျရှုံးသွားခဲ့လေပြီ။ သူမ၏တူများမှာ သူမ အလိုဆန္ဒမပါဘဲ ဟင်းပန်းကန်ဆီသို့ အကြိမ်ကြိမ် ဦးတည်သွားနေပြီး ထူးခြားလှသော ဤအရသာကို ခံစားရင်း ဟင်းဖတ်များကို ပါးစပ်ထဲသို့ တစ်ခုပြီးတစ်ခု ထည့်သွင်းနေတော့၏။

သူမ သတိပြန်ဝင်လာပြီး သူမ၏အပြုအမူမှာ အနည်းငယ် မသင့်တော်ကြောင်း သတိထားမိချိန်တွင်တော့ ငါးပန်းကန်၏တစ်ဝက်ခန့်မှာ သူမ ဗိုက်ထဲသို့ ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး ပန်းကန်ထဲတွင် ဘာမှမကျန်တော့သလောက်ပင် ဖြစ်နေလေပြီ။

ငါးပေါင်းပန်းကန်ထဲတွင် အနည်းငယ်မျှသာ ကျန်ရှိတော့သည်ကို ကြည့်ရင်း သူမ ဆက်စားရန်အားနာသွားသဖြင့် တူကို အခြားတစ်ဖက်ရှိ ဝက်ခြေထောက်ပေါင်း ပန်းကန်ဆီသို့ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ဦးတည်လိုက်၏။

သူမသည် ဝက်ခြေထောက်ပေါင်း၏အရသာကို ယခင်က မနှစ်သက်ခဲ့ဘဲ အမြဲတမ်းအနည်းငယ်အီလွန်းသည်ဟုသာ ထင်မြင်ခဲ့ရာ ဤပန်းကန်ကလည်း အတူတူပင် ဖြစ်လိမ့်မည်ဟု သူမက ယူဆထားခဲ့သည်။

သို့သော်လည်း ဝက်ခြေထောက်ပေါင်းတစ်ဖတ်ကို ညှပ်ကာ ပါးစပ်ထဲသို့ ထည့်လိုက်ချိန်တွင်တော့ သူမ မျက်လုံးများမှာ အံ့ဩမှုကြောင့် ချက်ချင်းဆိုသလို ပြူးကျယ်သွားရလေ၏။

ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ပြစ်နှစ်ဆိမ့်သက်သောအနံ့တစ်မျိုးက ပျံ့နှံ့လာသည်။

နူးညံ့သော်လည်း မပျော့အိနေသော ဝက်ခြေထောက်က ဟင်းရည်များကို အပြည့်အဝ စုပ်ယူထား၏။ ကိုက်လိုက်သည်နှင့် ဖြူဖွေးစေးကပ်နေသော အသားများက အရည်ပျော်သွားသကဲ့သို့ ဖြစ်သွားသည်။

နှုတ်ခမ်းနှင့် သွားများကြားတွင် အလွန်ကောင်းမွန်သော အသား၏မွှေးရနံ့သာ ကျန်ရစ်နေပြီး လုံးဝ အီလွန်းနေခြင်းမရှိချေ။

အရိုးများအတွင်းရှိ ခြင်ဆီများပင်လျှင် အလွန်အမင်း လတ်ဆတ်ချိုမြိန်နေသေးသည်။

“အင်း... အရမ်းကောင်းတာပဲ”

မုရူရွှယ်မှာ ပါးစပ်ထဲတွင် အစားအစာများ အပြည့်အမောက်ဖြစ်နေရာ သဲသဲကွဲကွဲမရှိလှသော အသံဖြင့် ရေရွတ်လိုက်၏။

သူမသည် ဤကျေးလက်ဟင်းလျာများအပေါ် မျှော်လင့်ချက်ကြီးကြီးမားမား မထားခဲ့သော်လည်း တကယ်တမ်း မြည်းစမ်းကြည့်လိုက်ချိန်တွင်တော့ သူမ၏ထင်မြင်ချက်များမှာ လုံးဝမှားယွင်းနေကြောင်းကို သဘောပေါက်သွားလေတော့သည်။

ဤဝက်ခြေထောက်ပေါင်း တစ်လုပ်ကိုကိုက်လိုက်သည်နှင့် ပြစ်နှစ်မွှေးပျံ့သောအနံ့က ပါးစပ်အတွင်း ချက်ချင်းပျံ့နှံ့သွားပြီး အသားများမှာ နူးညံ့ကာ အရည်ရွှမ်းနေသဖြင့် အဆုံးမရှိသော အရသာကို ကျန်ရစ်စေ၏။

မွှေးပျံ့နေသော ထမင်းဖြူတစ်လုတ်နှင့် တွဲဖက်လိုက်သောအခါတွင်တော့ ရိုးရိုးရှင်းရှင်းလေးနှင့်ပင် နတ်သုဒ္ဓါအလား ဖြစ်နေတော့၏။

ကျန်းချင်းဟန်ကမူ မုရူရွှယ်၏ လောဘကြီးသောကြောင်မလေးအလား အမူအရာကိုကြည့်ရင်း မတတ်နိုင်စွာဖြင့် ခေါင်းခါယမ်းလိုက်မိသည်။

“ဝက်ခြေထောက်ချည်းပဲ စားမနေနဲ့ဦး၊ တခြားဟင်းတွေကိုလည်း မြည်းကြည့်ပါဦး၊ အကုန်လုံး အရမ်းကောင်းတာချည်းပဲ”

ကျန်းချင်းဟန် စကားပြောရင်း မုရူရွှယ်အား အခြားဟင်းလျာအချို့ကို သက်သောင့်သက်သာပင် ထည့်ပေးလိုက်၏။

မုရူရွှယ်လည်း ဂျီးများမနေတော့ချေ။ ထည့်ပေးလာသမျှ ဟင်းလျာတိုင်းကို ပါးစပ်ထဲသို့ တိုက်ရိုက်ပင် သွင်းလိုက်တော့သည်။

ဟင်းအသစ်တစ်ခွက်ကို မြည်းစမ်းကြည့်လိုက်တိုင်း သူမ၏မျက်ဝန်းများက ရုတ်တရက်တောက်ပသွားပြီး ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သကဲ့သို့ ဖြစ်သွားရလေ၏။

ထိုသို့ဖြင့် မုရူရွှယ်မှာ အစားအသောက်လောကထဲတွင် လုံးဝကိုနစ်မြုပ်သွားခဲ့ပြီး ဂုဏ်ယူဝင့်ကြွားတတ်သော မင်းသမီးလေးတစ်ပါးမှသည် အစားအသောက်မက်မောသော ကောင်မလေးတစ်ယောက်အဖြစ်သို့ ချက်ချင်းပြောင်းလဲသွားလေတော့၏။

တစ်ခဏတွင် သူမ ဟင်းတစ်လုပ်အပြည့် ညှပ်ယူလိုက်ပြီး နောက်တစ်ခဏတွင်တော့ ထမင်းတစ်လုပ်ကို ပါးစပ်ထဲသို့ကောက်သွင်းလိုက်ကာ အလွန်အမင်း အရသာခံစားရင်း စားသောက်နေပုံမှာ အခြားသူများကိုပင် ရယ်မောချင်လာစေသည်။

သို့သော်လည်း ကျန်းချင်းဟန်နှင့် လီလော့ကျူးတို့မှလွဲ၍ အခြားမည်သူကမျှ ဤမွန်မြတ်လှသော မင်းသမီးလေး၏အပြောင်းအလဲကို သတိမထားမိခဲ့ကြချေ။

အဘယ်ကြောင့်ဆိုသော် လူတိုင်း စားပွဲပေါ်တွင် ပြည့်နှက်နေသော မွှေးပျံ့လှသည့်ဟင်းလျာများ၏ ဆွဲဆောင်မှုအောက်တွင် လုံးဝကိုကျရှုံးနေကြသော ကြောင့်ပင်။

သို့သော် ဤလူများမှာ လောကကြီးကို မြင်ဖူးကြုံဖူးပြီး အရသာရှိသော အစားအစာမျိုးစုံကို မြည်းစမ်းဖူးကြသူများဖြစ်ရာ သူတို့ကိုယ်သူတို့ အနည်းငယ်တော့ ထိန်းချုပ်နိုင်စွမ်းရှိကြသေးသည်။

သို့သော် အသားဟင်းကို မြည်းစမ်းခွင့်ရရန် အလွန်ခဲယဉ်းလှသော ထိုရွာသူရွာသားများအတွက်ကတော့ ကိုယ့်ကိုကိုယ်ထိန်းချုပ်ရန် လုံးဝမဖြစ်နိုင်တော့ချေ။

စားပွဲပေါ်ရှိ ဟင်းလျာအားလုံးနီးပါးမှာ အသားဟင်းများဖြစ်နေသည်ကို မြင်သောအခါ သူတို့အားလုံး ချက်ချင်းဆိုသလို အံ့ဩမှင်တက်သွားကြလေ၏။

“ဝိုး၊ ဒီစားပွဲက အသားဟင်းတွေချည်းပဲ၊ ဒီအတွက် ငွေတွေအများကြီး ကုန်မှာပဲ၊ အဒေါ်ဝူ ငါတို့ကိုကျွေးဖို့ တကယ်ကို အစွမ်းကုန်ကြိုးစားထားတာပဲ”

“ဒါပေါ့၊ ဒီစားပွဲတစ်ဝိုင်းကို ငွေတစ်ချောင်းတောင် ကုန်တယ်လို့ မီးဖိုချောင်မှာ ကူလုပ်ပေးတဲ့သူတွေပြောတာ ကြားလိုက်တယ်”

“ဟာ၊ ငါက ကြက်ဥတောင်းတစ်ဝက်လေးပဲ ယူလာခဲ့တာ၊ အဒေါ်ဝူ ဒီလိုဟင်းတွေနဲ့ ကျွေးမယ်မှန်း သိရင် ငါ အံကြိတ်ပြီး ကြက်တစ်ကောင်လောက် ယူလာခဲ့မှာ”

“ဟူး၊ ငါ ကုလားထိုင်တစ်လုံးပဲ ယူလာခဲ့တာ၊ ဒီလောက်ကောင်းကောင်း စားနေရတော့ ငါ တော်တော်လေး အာနာသွားပြီ”

“ဟုတ်ပါရဲ့၊ အဒေါ်ဝူက စားပွဲတွေ ဒီလောက်အများကြီး ခင်းထားတာဆိုတော့ သူမ အနည်းဆုံး ငွေ အချောင်း နှစ်ဆယ်သုံးဆယ်လောက်တော့ အရှုံးပေါ်မှာ သေချာတယ်”

သားများနှင့် ချွေးမများကို ခေါ်ဆောင်ကာ ဧည့်ခံရန်ရောက်ရှိလာသော ဝူယွီလန်မှ ထိုစကားများကိုကြားသောအခါ ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။

“ဒီနေ့ လာရောက်အားပေးကြတဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်၊ အားလုံးရဲ့စောင့်ရှောက်မှုတွေကြောင့် ကျမတို့မိသားစုက ဆေးပင်တွေရောင်းပြီး ငွေလေး နည်းနည်းပါးပါး ရခဲ့တယ်၊ ဒီနေ့ အားလုံးရဲ့ အကူအညီနဲ့ ထောက်ပံ့မှုတွေကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီပွဲကို ကျင်းပရတာပါ၊ ကျေးဇူးပြုပြီးး အားရပါးရ စားသောက်ကြပါ၊ ကောင်းကောင်းစားပြီး ကောင်းကောင်းသောက်ကြ”

“အဒေါ်ဝူ၊ ဒီဟင်းတွေက အရမ်းကောင်းလွန်းတယ်၊ ကျွန်တော်တို့ စားရမှာတောင် အားနာနေပြီ”

“ဟုတ်တယ်၊ ကျွန်တော်တို့က ဘာလက်ဆောင်မှ သေချာမယူလာခဲ့တော့ အဒေါ်ဝူ အများကြီး အရှုံးပေါ်နေတော့မှာပေါ့”

ဝူယွီလန် လက်ကို ဝှေ့ယမ်းပြလိုက်သည်။

“အရှုံးပေါ်တာတွေ ဘာတွေ ဘာလို့ပြောနေတာလဲ၊ အားလုံးပဲ ကောင်းကောင်းစားပြီး ကောင်းကောင်း သောက်ကြ၊ အစားအသောက်တွေ အများကြီးရှိသလို ဆန်အရက်တွေလည်း အများကြီးရှိတယ်”

All Chapters