← Chapters

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း ၁၉၆

Vol. 20 Ch. 196

🍅 Chapter 196

မုရူရွှယ်မှာ အောင့်ထားရသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သည်။

အိမ်သာမှာ သန့်ရှင်းသပ်ရပ်နေသည်ကို မြင်သောအခါ သူမ ဆက်လက်၍ မအောင့်ထားနိုင်တော့ချေ။

သူမ အဝတ်အစားများကို သေသပ်အောင် ပြင်ဆင်လိုက်ပြီး ကြမ်းပြင်ရှိ ကျင်းပေါ်တွင် ရေးဆွဲထားသော အဖြူရောင်ကြွေခြေရာခွက်များပေါ်သို့ တက်နင်းလိုက်လေ၏။

ကိစ္စပြီးစီးသွားသောအခါ သူမ သန့်စင်ရန်အတွက် အိမ်သာသုံးစက္ကူသို့မဟုတ် ပိုးသားစ တစ်ခုမျှယူဆောင်မလာခဲ့ကြောင်း ရုတ်တရက် သတိရသွားသည်။

ဤပြဿနာကို သူမ မည်သို့ ဖြေရှင်းရမည်နည်း။

သူမ မျက်မှောင်ကြုတ်ကာ ကျိန်ဆဲလိုက်၏။

“ကျစ်၊ ငါလိုမင်းသမီးတစ်ပါးက အဲဒီအုတ်ကြွပ်ပြားတွေ၊ သစ်သားခြစ်ပြားတွေ ဒါမှမဟုတ် သစ်ရွက်တွေကိုသုံးဖို့ လုံးဝ အသားမကျဘူး”

မုရူရွှယ်တစ်ယောက် အကူအညီတောင်းရန် သူမ၏ကိုယ်ပိုင်အစေခံမလေးအား အော်ခေါ်သင့်၊ မခေါ်သင့် စိတ်ဒုက္ခရောက်နေစဉ် ဘေးဘက်တွင် ချိတ်ဆွဲထားသော ခြင်းတောင်းငယ်လေးတစ်ခုကို ရုတ်တရက် သတိထားမိလိုက်၏။

အထဲတွင် သစ်သားခြစ်ပြားများ၊ အသုံးပြုပြီးနောက် ပြန်လည်ဆေးကြောထားသောအရာများ ရှိနေမည်ဟု တွေးမိကာ သူမ ရင်တွင်း၌ ပျို့အန်ချင်စိတ်များပင် ဖြစ်ပေါ်လာတော့သည်။

အကြိမ်ကြိမ် တွန့်ဆုတ်နေပြီးနောက် သူမ ခြင်းတောင်းအား ဖုံးအုပ်ထားသောအဝတ်စကို မကာ ကြည့်ရှုလိုက်၏။

သူမ အံ့ဩသွားရသည်မှာ အထဲတွင် တောက်ပသော အဝါရောင်အိမ်သာသုံးစက္ကူများကို တွေ့ရှိလိုက်ရခြင်းပင်။

အိမ်သာသုံးစက္ကူနှင့် တူသော်လည်း သာမန်အိမ်သာသုံးစက္ကူများနှင့် အနည်းငယ်ကွဲပြားနေပုံရသည်။

တစ်ရွက်ကို လှမ်းယူလိုက်ချိန်တွင် ထိုစက္ကူမှာ သူမ ယခင်က အသုံးပြုဖူးသည်များထက်ပင် ပိုနူးညံ့နေကြောင်း ရုတ်တရက် သတိထားမိသွားလေ၏။

သူမ မျက်လုံးပြူးကာ ရေရွတ်လိုက်သည်။

“ဒါက”

သူမ စက္ကူကို အသေအချာပွတ်သပ်ကြည့်လိုက်၏။

“ဒီအိမ်သာသုံးစက္ကူကို ဘယ်မှာလုပ်ထားတာလဲ၊ ဘယ်လိုလုပ် ဒီလောက်တောင် နူးညံ့နေရတာလဲ”

သူမတို့ အိမ်ရှိ အိမ်သာသုံးစက္ကူများမှာ တော်ဝင်မိသားစုအတွက် သီးသန့်ထောက်ပံ့ပေးထားခြင်း ဖြစ်သော်လည်း ဤနေရာရှိ စက္ကူ၏တစ်ဝက်ခန့်မျှပင် မနူးညံ့ချေ။

သူမက အဆုံးမရှိ အထင်သေးနေခဲ့သော်လည်း ဤနေရာရှိအိမ်သာမှာ သူမတို့အိမ်ရှိအိမ်သာထက် ပိုသန့်ရှင်းသပ်ရပ်နေရုံသာမက အိမ်သာသုံးစက္ကူကပင် များစွာ ပိုနူးညံ့နေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။

ကိစ္စအဝဝပြီးစီးသွားသောအခါ မုရူရွှယ် ရေတစ်ခွက်ခပ်ယူကာ အဖြူရောင်ကြွေခွက်အတွင်းသို့ လောင်းချလိုက်၏။

အညစ်အကြေးများ ဆေးကြောသန့်စင်သွားသည်နှင့် အိမ်သာအတွင်းရှိ အနံ့အသက်များမှာလည်း လုံးဝနီးပါး ပျောက်ကွယ်သွားလေတော့သည်။

မုရူရွှယ်မှာ လန်းဆန်းပေါ့ပါးစွာဖြင့် အိမ်သာထဲမှထွက်လာခဲ့ပြီး အပြင်သို့ရောက်သည်နှင့် ခင်ပွန်းဖြစ်သူ စောင့်ဆိုင်းနေသည်ကို မြင်တွေ့လိုက်ရ၏။

လီလော့ကျူးကမူ ဇနီးဖြစ်သူ၏ သက်သောင့်သက်သာရှိနေသော အမူအရာကိုမြင်သောအခါ သူမ အိမ်သာအား အလွန်အဆင်ပြေပြေ အသုံးပြုခဲ့ရကြောင်း သိရှိသွား၏။

“ဘယ်လိုလဲ၊ ငါတို့အိမ်ကထက် အများကြီးပိုသန့်တယ်မဟုတ်လား”

မုရူရွှယ် ခေါင်းမာစွာဖြင့် နှုတ်ခမ်းမဲ့ကာ တုံ့ပြန်လိုက်သည်။

“အင်း၊ အဆင်ပြေပါတယ်”

သူမ၏အကြီးမားဆုံးစိုးရိမ်ပူပန်မှု ပြေလည်သွားပြီဖြစ်ရာ မြို့ထဲတွင်နေချင်သည်ဟု သူမ ဆက်လက်၍ ပူညံပူညံမလုပ်တော့ချေ။

မည်သို့ပင်ဆိုစေကာမူ မြို့ထဲရှိ စားသောက်ဆိုင်များမှ အစားအစာများက စုန့်မိသားစုအိမ်မှ အစားအစာများလောက် မည်သို့မျှ အရသာမရှိနိုင်သည် မဟုတ်ပါလား။

မိသားစုတစ်စုလုံး နေရာချထားပြီးသွားကြပြီဖြစ်သည်။

ရှားလန်မှာ ကြမ်းတမ်းသော အခြေအနေများအတွက် သူမကိုယ်သူမ ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း ဝူယွီလန် စီစဉ်ပေးထားသော အခန်းတွင်းသို့ ဝင်ရောက်သွားပြီးနောက် စုန့်မိသားစုအိမ်တွင် နေထိုင်ရသည်မှာ အလွန်သက်သောင့်သက်သာရှိကြောင်း သူမ တွေ့ရှိလိုက်ရ၏။

အခန်းကို လတ်ဆတ်ပြီး ကြော့ရှင်းသောပုံစံဖြင့် အလှဆင်ထားရုံသာမက အိမ်သာကပင် သန့်ရှင်းသပ်ရပ်နေလေသည်။

ရှားလန် ခင်ပွန်းဖြစ်သူကို တီးတိုးပြောလိုက်၏။

“ဒီစုန့်မိသားစုဝင်တွေ…. အထူးသဖြင့် ကျွန်မတို့ ညီမလေးရဲ့ယောက္ခမက တကယ်ကို သာမန်မဟုတ်ဘူး၊ ကျေးလက်အိမ်လေးမှာ ဒီလောက်တောင် သက်သောင့်သက်သာနဲ့ သာယာတဲ့ဘဝမျိုးကို ဖန်တီးထားနိုင်လိမ့်မယ်လို့ ထင်မထားမိဘူး”

လီလော့စုန့် သဘောတူညီဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

“ဒီဝူယွီလန်က တကယ်ပဲ အတော်လေး အဆင့်အတန်းရှိပုံရတယ်၊ အရင်က ငါတို့စုံစမ်းရရှိထားတဲ့ သူမမှာ ယုတ်မာတဲ့ စိတ်သဘောထားရှိပြီး ချွေးမကို နှိပ်စက်တယ်ဆိုတဲ့ သတင်းတွေက နည်းနည်းတော့ ချဲ့ကားထားတာဖြစ်နိုင်တယ်”

ရှားလန် ဆက်ပြောလိုက်၏။

“ဟုတ်ပါရဲ့၊ စောစောက ကျွန်မ သူမကို တိတ်တိတ်လေးမေးကြည့်သေးတယ်၊ အမေ သူမကိုပေးထားတဲ့ တင်တောင်းပစ္စည်းတွေကို သူမပဲ သေချာသိမ်းထားပြီး ယောက္ခမဖြစ်သူက တစ်ပြားတစ်ချပ်မှတောင် မယူထားဘူးတဲ့”

လီလော့စုန့် သက်ပြင်းချလိုက်သည်။

“ကောလဟာလတွေကို အမြဲတမ်း ယုံကြည်လို့မရဘူးဆိုတာ သေချာသွားပြီ”

မလာရောက်မီက လီလော့စုန့်မှာ သူ့ညီမလေးကို မြို့တော်သို့ ပြန်လည်ခေါ်ဆောင်သွားရန် အမှန်တကယ်ပင် ရည်ရွယ်ထားခဲ့၏။

သို့သော်လည်း ဤနေရာသို့ ရောက်ရှိလာပြီး ညီမဖြစ်သူမှာ ပါးပြင်များ ပန်းရောင်သန်းကာ ကျန်းမာနေပြီး နူးညံ့သောအပြုံးလေး ဆင်မြန်းထားသည်ကို မြင်တွေ့ရသောအခါ ထိုကိစ္စကို ထပ်မံထုတ်ဖော်မပြောရန်သာ သူ ရွေးချယ်လိုက်တော့သည်။

အကယ်၍ သူ့ညီမလေးသာ မပျော်မရွှင် နေထိုင်နေရပါက မြို့တော်သို့ ပြန်လိုက်လာရန် သူမကို အတင်းအကျပ် ဖိအားပေးနိုင်သော်လည်း ယခု အခြေအနေအရမူ သူမမှာ အတော်လေးအဆင်ပြေချောမွေ့စွာ နေထိုင်နေရကြောင်း ထင်ရှားနေပေသည်။

ထို့အပြင် သူမ ခင်ပွန်းမှာလည်း သာမန်ရွာသားတစ်ယောက် မဟုတ်တော့ဘဲ နယ်စပ်တွင် တိုင်းပြည်အတွက် ရဲရင့်စွာတိုက်ပွဲဝင်နေသော စစ်သည်တော်တစ်ဦး ဖြစ်နေလေပြီ။

သူက တပ်ခွဲမှူးရာထူးကိုပင် ခန့်အပ်ခံရသည်ဟု သတင်းထွက်နေ၏။

ထိုသို့ဆိုလျှင် သူ့ညီမလေးမှာ ဆင်းရဲဒုက္ခခံနေရသည်တော့မဟုတ်ချေ။

အမတ်ကြီးလီချန်ကျုံးမှာလည်း လီလော့စုန့်နှင့် အတွေးအတူတူပင်။

မလာရောက်မီ သူလည်း ထိုနည်းတူတွေးတောခဲ့သော်လည်း သမီးဖြစ်သူ ပျော်ရွှင်စွာနေထိုင်နေရသည်ကို မြင်ရသောအခါ ထိုကိစ္စကို ဆက်မပြောတော့ချေ။

သူ ဇနီးဖြစ်သူကိုသာ သမီးလေး မြို့တော်သို့ ပြန်လိုက်လာလိုခြင်း ရှိ၊ မရှိ သွယ်ဝိုက်၍ မေးမြန်းခိုင်းလိုက်၏။

သူမက မလိုက်လိုကြောင်း သိရှိရသောအခါ သူ အရာအားလုံးကို ဘေးဖယ်ထားကာ စုန့်မိသားစုရွာတွင် သမီးဖြစ်သူနှင့်အတူ အချိန်အတန်ကြာနေထိုင်ရန်သာ ရွေးချယ်လိုက်တော့သည်။

ကျန်းချင်းဟန်နှင့် အခြားသူများ၏ ရည်ရွယ်ချက်များကို ဝူယွီလန် ကောင်းကောင်းရိပ်စားမိပေသည်။

လီရှို့ယွင်၏ရွေးချယ်မှုများကို သူမ အမြဲတမ်း လေးစားနားလည်ပေးခဲ့၏။

လီရှို့ယွင်၏ယောက္ခမတစ်ဦးအနေဖြင့် သူမ လုပ်နိုင်သမျှမှာ အဝေးမှရောက်ရှိလာကြသော လီမိသားစုဝင်များကို ကောင်းမွန်စွာ ဧည့်ခံပြုစုပေးရန်သာ ဖြစ်လေသည်။

နောက်တစ်နေ့ နံနက်စောစောတွင် ဝူယွီလန် သူမ၏ချွေးမအကြီးနှင့်အတူ ပေါက်စီများပြုလုပ်ကာ နံနက်စာပြင်ဆင်ရန် အလုပ်များနေ၏။

သူတို့ ဂျုံနယ်ခြင်းပြီးစီးသွားချိန်တွင်တော့ စုန့်အာ့လန်တစ်ယောက် ခပ်သုတ်သုတ်ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။

စုန့်အာ့လန် အလောတကြီးအော်ပြောလိုက်၏။

“အဘွား၊ ခြံဝင်းအပြင်ဘက်မှာ လူတစ်စုရောက်နေတယ်၊ အိမ်သစ်တက်ပွဲကို ဂုဏ်ပြုဖို့လာတာလို့ ပြောနေကြတယ်၊ သား ကြည့်ရတာ သူတို့က လူကောင်းတွေနဲ့မတူဘူး၊ အဘွား ထွက်ပြီးကြည့်လိုက်ပါဦး”

ဝူယွီလန် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး မကြာသေးမီ ရက်များအတွင်း သူမ ကိုင်တွယ်ဖြေရှင်းခဲ့ရသော ဆိုးသွမ်းသည့်လူပေါင်းစုံကို သေချာပြန်လည် စဉ်းစားကြည့်လိုက်၏။

All Chapters