← Chapters

အခန်း ၈

Vol. 1 Ch. 8

အခန်း ၈

Vol. 1 Ch. 8

အခန်း (၈) တစ်ချက်တည်းဖြင့် အသေသတ်ခြင်း

​ရှင်းယုံ၏ နေအိမ်မှာ ချန်ဖျင်ရပ်ကွက်ရှိ ဓားမကြီးဂိုဏ်း၏ အခြေစိုက်စခန်း မဟုတ်ဘဲ မီတာရာအနည်းငယ် အကွာရှိ ခြံဝင်းနှစ်ခုပါသော အိမ်တစ်လုံး ဖြစ်သည်။

​ခေါင်းဆောင်ဖြစ်လာပြီး ပထမနှစ်တွင်ပင် ရှင်းယုံက ငွေကြေးသုံးစွဲကာ ဤအိမ်ကို ဝယ်ယူခဲ့ပြီး မယားကြီးမယားငယ် ခုနစ်ယောက်ကို သိမ်းပိုက်ခဲ့သည်။

​ယခင်ကဆိုလျှင် ညမိုးချုပ်ပြီးနောက် ရှင်းယုံက သူ၏ မယားကြီးမယားငယ်များကို ခေါ်ဆောင်ကာ ရိုင်းစိုင်းကြမ်းတမ်းသော လှုပ်ရှားမှုများ ပြုလုပ်လေ့ရှိ၏။

​သို့သော် ယနေ့ညတွင် သူ လှုပ်ရှားမှုမလုပ်ဘဲ အိမ်ရှေ့ခြံဝင်းထဲတွင်သာ နေနေချေသည်။

​သူနှင့်အတူ လူယုံတော်လေးယောက်လည်း ရှိနေပြီး ထိုအထဲတွင် လျိုပေါက်လည်း ပါဝင်သည်။

​"ဘာလို့ အခုထိ ဘာသံမှ မကြားရသေးတာလဲ..." လူယုံတော်တစ်ယောက်က မနေနိုင်တော့ဘဲ မေးလိုက်၏။

​"ဘာလောနေတာလဲ..." လျိုပေါက်က ထိုသူကို တစ်ချက်ကြည့်လိုက်သည်။ "ဟွမ်ဖေးယန်က အခုမှ သေလောက်တာ။ တကယ်လို့ ငါတို့လူတွေ အခုချက်ချင်း အဲဒီနေရာကို ရောက်သွားရင် တိုက်ဆိုင်လွန်းရာ မကျဘူးလား..."

​"ဒါလည်း ဟုတ်တာပဲ" အခြားလူယုံတော်တစ်ယောက်က ခေါင်းညိတ်ထောက်ခံလိုက်သည်။ "လုံခြုံရေးအရဆိုရင် ဇီးနီလမ်းကြားအနီးက တခြားလမ်းကြားတွေမှာ လူမချထားဘူး... တံခါးဝမှာ လူနည်းနည်းပဲ ထားထားတာ.."

​"စိတ်မပူပါနဲ့..." ရှင်းယုံက အက်ကွဲနေသည့်အသံဖြင့် ဝင်ပြောလိုက်၏။ "ဟွမ်ဖေးယန်နဲ့ သူ့ညီက သိသွားရင်တောင် ဘာပြဿနာမှ ရှာနိုင်မှာ မဟုတ်ဘူး..."

​သူ စကားပြောပြီးသည်နှင့် ခြံဝင်းထဲမှ တုံးတိတိအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

​ဘုတ်...

​"ဒါ ဘာအသံလဲ..."

​လျိုပေါက်က ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး သူ၏ စူးရဲသော အကြည့်က ပြတင်းပေါက်ဆီသို့ ဦးတည်သွားခဲ့သည်။

​"ငါ အပြင်ထွက်ကြည့်လိုက်မယ်..." လူယုံတော်တစ်ယောက်က တံခါးဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ တံခါးဖွင့်ပြီး အပြင်သို့ ထွက်သွားလိုက်သည်။

​"လောင်ကောင်..."

​လျိုပေါက်က အိမ်ထဲမှနေ၍ "ဘာဖြစ်တာလဲ..." ဟု အော်မေးလိုက်၏။

​သို့သော် သူ၏ မေးခွန်းကို တုံ့ပြန်လာသည်က နောက်ထပ် တုံးတိတိအသံတစ်သံသာ ဖြစ်သည်။

​ဘုတ်...

​"တစ်ခုခုတော့ မှားနေပြီ..." လျိုပေါက်၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး ရှင်းယုံကို လှည့်ကြည့်လိုက်၏။

​"လှည့်စားပြီး ခြောက်လှန့်နေတာ..."

​ရှင်းယုံက အေးစက်စွာ အော်လိုက်ပြီး မတ်တပ်ရပ်ကာ တံခါးဆီသို့ လျှောက်သွားလိုက်သည်။

​၎င်းကိုမြင်လျှင် လျိုပေါက်နှင့် ကျန်ရစ်သော လူယုံတော်နှစ်ယောက်က အနောက်မှ ကပ်လျက် လိုက်ပါသွားကြသည်။

​သူတို့လေးယောက် အိမ်ထဲမှထွက်ကာ ခြံဝင်းထဲသို့ ရောက်သွားပြီး ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ကြသည်။

​မီးအိမ်အနည်းငယ်မှလွဲ၍ မည်သူ့ကိုမျှ မတွေ့ရချေ။

​ရှင်းယုံ၏ မယားကြီးမယားငယ် ခုနစ်ယောက်မှာ အနောက်ဘက်ခြံဝင်းထဲတွင် ရှိနေခဲ့ကြသည်။

​"လောင်ကောင်..."

​လျိုပေါက်က လူသူကင်းမဲ့နေသော ခြံဝင်းကိုကြည့်ကာ အော်လိုက်၏။ "လောင်ကောင်... မင်း..."

​ရွှစ်... ရွှစ်... ရွှစ်...

​ရုတ်တရက် တိုးညင်းပြီး မကြားရလောက်အောင် တိတ်ဆိတ်လှသော အသံတစ်သံက ညအမှောင်ကို ခွင်း၍ ထွက်ပေါ်လာလေသည်။

​"အား..."

​"ငါ့မျက်လုံးတွေ..."

​လျိုပေါက်နှင့် အခြားလူယုံတော်နှစ်ယောက်က တစ်ပြိုင်နက် အော်ဟစ်လိုက်ကြပြီး မြေပြင်ပေါ်သို့ လဲကျသွားကြတော့သည်။

​ထိုလူသုံးယောက်က ရှင်းယုံ၏ ပတ်ပတ်လည်တွင် ရပ်နေခဲ့ကြရာ တိုက်ခိုက်မှုကို ကာကွယ်ပေးလိုက်သလို ဖြစ်သွားခဲ့သည်။ သူတို့တစ်ယောက်စီ၏ မျက်နှာတွင် ပျံသန်းလာသော အပ်သုံးလေးချောင်းစီ စိုက်ဝင်နေပြီး အပ်သွားများက ခန္ဓာကိုယ်အတွင်းသို့ အတော်လေး နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နေကြသည်။

လျိုပေါက်ဆိုလျှင် ပျံသန်းလာသော အပ်တစ်ချောင်းက သူ၏ မျက်လုံးတစ်ဖက်ကို လုံးဝ ထိုးဖောက်သွားခဲ့ရာ သူက အော်ဟစ်ရန်သာ အချိန်ရလိုက်ပြီး နေရာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်။

​လျိုပေါက်နှင့် အခြားနှစ်ယောက်၏ ကွယ်ကာပေးမှုကြောင့် ရှင်းယုံက ဘေးဘက်မှ ပျံသန်းလာသော အပ်နှစ်ချောင်းကို ရှောင်တိမ်းရန် ချက်ချင်း ဆောင့်ကြောင့်ထိုင်ချလိုက်ပြီးနောက် အိမ်ထဲသို့ လှိမ့်ဝင်သွားလိုက်သည်။

​သို့သော် သူက အလိုအလျောက် တံခါးကိုပိတ်ရန် လက်လှမ်းလိုက်ချိန်တွင်...

​ဖျတ်...

​ရုတ်တရက် လေပြင်းတစ်ချက် တိုက်ခတ်လာ၏။

​ဖောက်...

​ဆောင့်ကြောင့်တစ်ဝက်ထိုင်လျက် အနေအထားဖြစ်နေသော ရှင်းယုံမှာ ထက်ရှသော သံချွန်တစ်ချောင်းက သူ၏ လည်ပင်းအနောက်ဘက်မှနေ၍ လည်ချောင်းကို ဖောက်ထွက်ကာ ရင်ဘတ်ထဲသို့ စိုက်ဝင်သွားသောကြောင့် နေရာမှာပင် အေးခဲသွားရတော့သည်။

​အွတ်...

​ရှင်းယုံ၏ မျက်လုံးများက ပြူးကျယ်သွားပြီး သူ၏ သူငယ်အိမ်များက ကျုံ့သွားသည်။ သူက အော်ဟစ်ရန် ပါးစပ်ကို ဟလိုက်သော်လည်း သွေးများသာ ဆက်တိုက် ပန်းထွက်လာလေသည်။

​ဖျတ်...

​ချန်မူက သူ၏ ဓားမြှောင်ကို ပြန်ဆွဲထုတ်လိုက်ပြီး သွေးများကို ခါထုတ်လိုက်၏။

​ရှင်းယုံကို ရှင်းလင်းရသည့် လုပ်ငန်းစဉ်က မျှော်လင့်ထားသည်ထက်ပင် ပို၍ ချောမွေ့နေခဲ့သည်။

​သူက လမ်းကြောင်းရှင်းရန် ဥက္ကာပျံ အပ်များကို အသုံးပြုခဲ့ပြီး လျိုပေါက်နှင့် အခြားသုံးယောက်ကို အရင်ရှင်းပစ်လိာက်သည်။

​ထို့နောက် ရှင်းယုံက ရှောင်တိမ်းပြီး အိမ်ထဲသို့ ပြန်လည်ဆုတ်ခွာသွားသော်လည်း ချန်မူက အနောက်မှ ကပ်လျက်လိုက်ပါသွားပြီး သူ၏ အတွင်းအားကို ထုတ်ဖော်ကာ အိမ်မြှောင်သိုင်းကို အသုံးပြု၍ ရှေ့သို့ ပြေးဝင်သွားရာ ခြေလှမ်းတစ်လှမ်းတည်းဖြင့် မီတာအတော်များများကို ဖြတ်ကျော်သွားနိုင်ခဲ့သည်။

​အိမ်မြှောင်သိုင်းတွင် အဓိကအားဖြင့် အမြင့်သို့ ခုန်ပျံသည့် လှုပ်ရှားမှုများ ပါဝင်သော်လည်း ၎င်းက ရုပ်ပိုင်းဆိုင်ရာ လျင်မြန်ဖြတ်လတ်မှုကိုလည်း သိသိသာသာ ပြသနိုင်သည်။

​ထို့နောက် နယ်ပယ်အဆင့်၏ နှလုံးဖြတ်ဓားသိုင်းကို အသုံးပြုကာ လှိမ့်ဝင်နေသော ရှင်းယုံ၏ လည်ပင်းကို တစ်ချက်တည်းဖြင့် သူ ထိုးဖောက်လိုက်ခြင်းပင်။

​တစ်ချက်တည်းဖြင့် အသေသတ်ခြင်း။

​ရှင်းယုံမှာ ဓားကိုအသုံးပြု၍ တိုက်ခိုက်ရန် အခွင့်အရေးပင် မရလိုက်ချေ။

​[အလောင်းတစ်လောင်းအား ရှာဖွေတွေ့ရှိပါသည်။ ၎င်းထံမှ သိမ်းယူမှု ပြုလုပ်မည်လား။]

​"လုပ်မယ်..."

​[အလောင်းတစ်လောင်းအား ရှာဖွေတွေ့ရှိပါသည်။ ၎င်းထံမှ သိမ်းယူမှု ပြုလုပ်မည်လား။]

​"လုပ်မယ်..."

​...

​ကတ်ပြားငါးခု လက်ထဲရောက်လာခဲ့ပြီ။

​ကိစ္စပြီးသည်နှင့် ချန်မူက အိမ်ထဲသို့ပင် မဝင်တော့ဘဲ လှည့်ကာ ထွက်လာခဲ့လိုက်သည်။

​သူက မည်သူ့ကိုမျှ မနှောင့်ယှက်ဘဲ ရောက်လာသကဲ့သို့ မည်သူ့ကိုမျှ မနှောင့်ယှက်ဘဲ ပြန်ထွက်လာလေသည်။

​ရွှစ်...

​နံရံကို ကျော်ဖြတ်ပြီး ဆင်းသက်လိုက်ပြီးနောက် ချန်မူက လမ်းကြားထဲသို့ ဝင်သွားကာ သူ၏ အိတ်ကပ်ထဲသို့ လက်နှိုက်ပြီး အသစ်ရရှိထားသော ကတ်ပြားငါးခုကို စစ်ဆေးကြည့်လိုက်၏။

​'စွမ်းအင်ကတ်... သက်လုံကတ်... စွမ်းအင်ကတ်... သက်လုံကတ်... ခွန်အားကတ်...'

​'ခွန်အားကတ် တစ်ခုတည်းပဲ အသုံးဝင်တယ်...'

​ချန်မူက စိတ်ထဲမှနေ၍ အမိန့်ပေး ရေရွတ်လိုက်ရာ ကတ်ပြားက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ သူ၏ ရုပ်ပိုင်းဆိုင်ရာကို သန်စွမ်းစေပြီး ခွန်အားကို တိုးစေခဲ့သည်။

​...

​အိမ်ပြန်ရောက်သောအခါ...

​ဟွမ်ဖေးယန်က ပြန်မရောက်သေးချေ။

​နာရီဝက်အကြာတွင်မှ သူတို့ ပြန်ရောက်လာကြသည်။

​အိမ်ထဲသို့ ဝင်ဝင်ချင်း သူ အရင်ဆုံးမေးလိုက်သည်က "ဘယ်လိုလဲ..."

​ချန်မူ : "ကိစ္စပြီးသွားပြီ"

​"ဟူး..." ဟွမ်ဖေးယန်က သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်သည်။

​ရှင်းယုံ သေဆုံးသွားမှုနှင့်အတူ သူ၏ အပေါ်မှ တောင်ကြီးတစ်လုံးကို ဖယ်ရှားလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

​"မင်းရော ဘယ်လိုနေလဲ..."

​ဟွမ်ဖေးယန်က စိတ်တည်ငြိမ်စေရန် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် ချန်မူကို ကြည့်ကာ "မင်း ဒဏ်ရာရသေးလား" ဟု မေးလိုက်သည်။

​"မရပါဘူး..."

​ချန်မူက ခေါင်းခါလိုက်ပြီး "အစ်ကိုလည်း ကျွန်တော် သင်ထားတဲ့ ပေါ့ပါးတဲ့ ကိုယ်ခန္ဓာလှုပ်ရှားမှု သိုင်းကို သင်သင့်တယ်။ ဒီအိမ်မြှောင်သိုင်းက နံရံတွေနဲ့ တောင်တွေတက်ဖို့ တော်တော်ကောင်းပြီး ကျင့်ကြံရတာလည်း သိပ်မခက်ခဲဘူး။ စိမ်းလန်းစိုပြည်ခြင်း ကျင့်စဉ်ထဲက အတွင်းအားကျင့်စဉ် အပါအဝင်ပေါ့။ အဲဒီကျင့်စဉ်က သင်ယူဖို့ အရမ်းကြီး ခက်ခဲတဲ့ အဆင့်သတ်မှတ်ချက် မရှိပါဘူး။ သိသိသာသာ အကျိုးသက်ရောက်မှု ရှိလာဖို့အတွက် အချိန်နဲ့ အားထုတ်မှုပဲ လိုအပ်တာ...."

​"ဒါက... သိပ်အဆင်မပြေဘူး မဟုတ်လား..." ဟွမ်ဖေးယန်မှာ အနည်းငယ် စိတ်ဝင်စားသွားသော်လည်း သူ၏ စိတ်ကို ထိန်းချုပ်လိုက်၏။ "မင်းက ငါ့ကို သိုင်းသင်ပေးရင် မင်းက ငါ့ရဲ့ ဆရာဖြစ်သွားမှာပေါ့..."

​"ရပါတယ်..." ချန်မူက လက်ကိုမြှောက်ကာ စကားကို ဖြတ်လိုက်သည်။ "ဒီသိုင်းပညာနှစ်ခုစလုံးက ထိပ်တန်းအဆင့်တွေ မဟုတ်ဘူး... အောက်ခြေအဆင့်တွေလို့ သတ်မှတ်လို့ရတယ်။ ကျွန်တော် သင်တုန်းက ဆရာ့ကို မေးကြည့်တော့ တခြားလူတွေကို ပြန်သင်ပေးလို့ရတယ်တဲ့... ဘာမှ မဖြစ်ဘူးတဲ့"

​ဥက္ကာပျံအပ် နှင့် နှလုံးဖြတ်ဓားသိုင်းအပါအဝင် ၎င်းတို့ကိုလည်း ဟွမ်ဖေးယန်အား သင်ပေးနိုင်လေသည်။

​သို့သော် ပထမတစ်ခုမှာ အလွန်မြင့်မားသော ပါရမီကို လိုအပ်ပြီး ဒုတိယတစ်ခုမှာလည်း အလွန်ရှည်လျားပြီး ခက်ခဲသော လုပ်ငန်းစဉ်ဖြစ်ကာ စိမ်းလန်းစိုပြည်ခြင်း ကျင့်စဉ်ထက်ပင် အချိန်ပိုကြာချေသည်။

​အနည်းဆုံးတော့ စိမ်းလန်းစိုပြည်ခြင်း ကျင့်စဉ်က အတွင်းအားကို ကျင့်ကြံနိုင်ပြီး နယ်ပယ်အဆင့်ကို ချိုးဖျက်နိုင်သည်။

​နှလုံးဖြတ် ဓားသိုင်းကတော့ ရိုးရှင်းသော လုပ်ကြံသတ်ဖြတ်ခြင်းသာ ဖြစ်၏။ ဓားတစ်လက်ကို ကိုင်ကာ အရူးတစ်ယောက်လို အကြိမ်ကြိမ် ထိုးရုံသာ။ အောင်မြင်မှု တစ်စုံတစ်ရာ ရရှိရန်အတွက် တစ်ရက်လျှင် ထောင်ပေါင်းများစွာသော အထိုးများကို နှစ်ပေါင်းများစွာ လုပ်ဆောင်ရမည်ဖြစ်သည်။ ၎င်းက ဟွမ်ဖေးယန်နှင့် လုံးဝ မသင့်တော်ချေ။

​စိမ်းလန်းစိုပြည်ခြင်း ကျင့်စဉ်ကိုပင် အနည်းငယ် မသင့်တော်ဟု ယူဆနိုင်သည်။

​၎င်းက ဟွမ်ဖေးယန်တွင် စိတ်ရှည်သည်းခံမှု မရှိခြင်းကြောင့် မဟုတ်ဘဲ သူ၌ ထိုမျှများပြားသော အားလပ်ချိန် မရှိခြင်းကြောင့်ပင်။

​...

​တကယ်လည်း ဟုတ်လေသည်။

​ချန်မူက သိုင်းပညာနှစ်ခုလုံးကို ရှင်းပြပြသောအခါ ဟွမ်ဖေးယန်သည် စိမ်းလန်းစိုပြည်ခြင်း ကျင့်စဉ်ကို လက်လျှော့လိုက်ပြီး အိမ်မြှောင်သိုင်းကိုသာ သင်ယူချင်ခဲ့သည်။

​"အဲဒါက အတွင်းအားကျင့်စဉ်တစ်ခု ဖြစ်တယ်လို့ ဆိုပေမယ့် စိမ်းလန်းစိုပြည်ခြင်း ကျင့်စဉ်က အခြေခံအားဖြင့် နှေးကွေးပြီး အကျိုးသက်ရောက်မှု နည်းတဲ့ နည်းလမ်းတစ်ခုပဲ။ အတွင်းအားကို ကျင့်ကြံဖို့အတွက် နှစ်အတော်ကြာ ဒါမှမဟုတ် ဆယ်စုနှစ်တစ်ခုလောက် အချိန်ယူရမှာ..."

​ဟွမ်ဖေးယန်က အသိစိတ်ကပ်စွာဖြင့် မှတ်ချက်ချလိုက်၏။ "ထူးကဲတဲ့ ပါရမီရှိတဲ့သူတွေသာ ဒီအတွင်းအားကျင့်စဉ်ကို ကျင့်ကြံနိုင်တာ။ ငါတော့ လက်လျှော့တာ ကောင်းမယ်ထင်တယ်။ နောက်နှစ် ပိုက်ဆံ လုံလုံလောက်လောက် စုမိတဲ့အထိ စောင့်ပြီးတော့မှ လွင့်မျောတိမ်တိုက်ကျင့်စဉ်ကို သင်ယူလိုက်တော့မယ်...."

​လွင့်မျောတိမ်တိုက်ကျင့်စဉ်မှာ ဟွမ်ဖေးယန် သိုင်းပညာ သင်ယူခဲ့သည့် လော့ယွင်သိုင်းကျောင်းတော်၏ အထင်ကရ သိုင်းပညာတစ်ခု ဖြစ်၏။

​"ကောင်းပြီလေ..."

​ချန်မူက အတင်းအကျပ် မတိုက်တွန်းတော့ဘဲ "ဒါဆိုရင် အိမ်မြှောင်သိုင်းကို သင်ကြတာပေါ့"

​အိမ်မြှောင်သိုင်းက များစွာ ပို၍ ရိုးရှင်းလှသည်။

​တစ်ယောက်က သင်ပေးပြီး တစ်ယောက်က သင်ယူသည်။

​နှစ်ယောက်စလုံး မအိပ်ကြဘဲ မိုးလင်းသည်အထိ နေခဲ့ကြ၏။

​ထို့နောက် တံခါးခေါက်သံကြောင့် သူတို့ ရပ်တန့်လိုက်ရလေသည်။

​"တဟူ... အာဟူ... ဒုက္ခရောက်ပါပြီဗျို့။ ဂိုဏ်းခွဲမှူးရှင်း သေသွားပြီ..."

​"ဘာ..." ဟွမ်ဖေးယန်က အံ့ဩတကြီး ဟန်ဆောင်လိုက်သည်။ "ဘာဖြစ်တာလဲ... သူက ဘယ်လိုလုပ်ပြီး ဒီအတိုင်း သေသွားရတာလဲ..."

​"သူတို့ လုပ်ကြံခံရတာ။ လျိုပေါက်တို့လည်း သေသွားတယ်..."

​သတင်းလာပို့သော ဂိုဏ်းသားမှာ ထိတ်လန့်နေပုံရသည်။ "ခေါင်းဆောင်ကြီးရှဲ့ ရောက်လာပြီး ငါတို့အားလုံးကို ခေါ်နေတယ်...."

​"ခေါင်းဆောင်ကြီးရှဲ့..."

​ဟွမ်ဖေးယန်မှာ အံ့အားသင့်သွားပြီး သူ၏ နှလုံးခုန်သံများ မြန်လာသော်လည်း သူ၏ မျက်နှာအမူအရာမှာမူ များစွာ ပြောင်းလဲသွားခြင်း မရှိချေ။ "ဒါဆိုလည်း သွားကြတာပေါ့..."

​ထိုသို့ပြောပြီးနောက် ချန်မူအပါအဝင် သုံးယောက်သား ရှင်းယုံ၏ နေအိမ်ဆီသို့ အမြန်ထွက်လာခဲ့ကြသည်။

​ဂိုဏ်းခေါင်းဆောင်များကို ခေါင်းဆောင်ကြီးများနှင့် ဂိုဏ်းခွဲမှူး ခေါင်းဆောင်ငယ်များဟူ၍ ခွဲခြားထား၏။

​ရှင်းယုံနှင့် ယွီပေါင်လျန်တို့ နှစ်ဦးစလုံးမှာ ဂိုဏ်းခွဲမှူး ခေါင်းဆောင်ငယ်များသာ ဖြစ်ကြသည်။

​သူတို့၏ အထက်တွင် ခေါင်းဆောင်ကြီးများ ရှိလေသည်။

​ဓားမကြီးဂိုဏ်းတစ်ခုလုံးတွင် ခေါင်းဆောင်ကြီး ငါးဦးရှိပြီး တစ်ဦးစီတိုင်းမှာ အတွင်းအားကျင့်စဉ်များကို ကျင့်ကြံထားသော သိုင်းသမားများ ဖြစ်ကြ၏။

​ရှဲ့ဟုန်မှာ ဓားမကြီးဂိုဏ်း၏ ခေါင်းဆောင်ကြီးတစ်ဦးဖြစ်ပြီး ချန်ဖျင်နှင့် ချန်လုံရပ်ကွက်ရှိ လမ်းအတော်များများကို ကြီးကြပ်ကွပ်ကဲရသည်။

​ထိုသူက ချန်မူနှင့် ဟွမ်ဖေးယန်တို့ ခေါင်းဆောင်၏ ခေါင်းဆောင်ပင်။

အခန်း ၈ပြီး၏။

All Chapters