← Chapters

အခန်း ၂၅၉

Vol. 26 Ch. 259

အခန်း ၂၅၉

Vol. 26 Ch. 259

အခန်း (၂၅၉) - ဓားဖြင့်ဘေးဆိုးကိုသုတ်သင်ခြင်း (၁)

"ရဲရင့်လိုက်တာ..."

ကျန်ချွန်းဟွာက ချူချင်းကိုလက်သီးဆုပ်ကာ အရိုအသေပြုလိုက်ပြီး ပြောလိုက်၏။

"ဒါနဲ့... မင်း ငါ့အပေါ်ရန်ငြိုးမထားပါဘူးနော်... စောစောက မင်းအလောင်းကိုမြေမြှုပ်ပေးမယ်လို့ ပြောခဲ့တာတွေက နောက်နေတာနော်... အွန်းအွန်း..."

သူမ စကားမဆုံးခင်မှာပင် လျူယွီလိုင်က သူမ၏ပါးစပ်ကို လှမ်းပိတ်လိုက်လေသည်။

စနောက်နေရမည့် အချိန်မဟုတ်ချေ။ ချူချင်းနှင့်သခင်မလေးမှာ 'အရမ်းရင်းနှီးသော မိတ်ဆွေများ'ဖြစ်ကြပြီး သူ၏သိုင်းပညာမှာလည်း ဤမျှအဆင့်မြင့်မားရာ ပုံမှန်အားဖြင့် သူတို့ကဲ့သို့လူများကို အရေးလုပ်လိမ့်မည်မဟုတ်ပေ။

သို့သော် ကျန်ချွန်းဟွာကို ဤသို့ဆက်ဆူညံခွင့်ပြုပါက လူအများ အမြင်ကတ်စရာဖြစ်လာပြီး အမှန်တကယ်ရန်ငြိုးဖွဲ့သွားစေနိုင်သည်။ ထိုအချိန်ကျမှ တစ်ဖက်လူက ဤပါးစပ်သရမ်းသောမိန်းမကို သတ်ပစ်လိုပါက ပုရွက်ဆိတ်တစ်ကောင်ကိုသတ်ရသကဲ့သို့ လွယ်ကူနေပေလိမ့်မည်။

ထို့ကြောင့် လျူယွီလိုင်သည် သူမရုန်းကန်နေသည်ကို ဂရုမစိုက်တော့ဘဲ အတင်းဆွဲခေါ်သွားတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လမ်းမကျယ်ကြီးပေါ်တွင် ချူချင်းနှင့်ဝမ်ရိုနှစ်ယောက်သာ ကျန်ရှိတော့၏။ ထို့ပြင် နျဲ့ကျင့်ထိုင်မှလူသတ်သမားတစ်အုပ်လည်း ရှိနေသေးသည်။

ချူချင်းက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် ရုတ်တရက် လက်ကိုဆန့်ထုတ်လိုက်ရာ ခွဲခွာခြင်းဓား၏ ပြတ်တောက်သွားသောလက်မောင်းသည် သူ၏လက်ဖဝါးထဲသို့ ပျံသန်းဝင်ရောက်လာ၏။

သူက ပြတ်တောက်နေသောလက်မောင်းမှ ဓားကိုယူလိုက်ပြီး သာသာယာယာဝှေ့ယမ်းကြည့်လိုက်ရာ အတန်ငယ်အသုံးပြုရအဆင်ပြေကြောင်း ခံစားလိုက်ရသည်။

ထိုအချိန်တွင် တစ်ခါမျှစကားမပြောခဲ့ဖူးသော မကောင်းဆိုးဝါးနှိမ့်နင်းရေးစာရင်းဝင်ထဲမှ တစ်ဦးကမေးလိုက်၏။

"မင်းလည်း ဓားသုံးတတ်တာလား..."

ချူချင်းက အသာပြုံးလိုက်ပြီး ပြောလိုက်၏။

"နည်းနည်းပါးပါးပါ... ခင်များတို့နှစ်ယောက်ရော ကိုယ့်နာမည်ကိုယ်မိတ်ဆက်ဖို့ အစီအစဉ်မရှိဘူးလား..."

"မလောပါနဲ့..."

အစောပိုင်းက စကားပြောခဲ့သူက သူ၏ဝတ်ရုံလက်စကို သာသာယာယာခါယမ်းလိုက်ပြီး ပြောလိုက်၏။

"မင်းရဲ့အရည်အချင်းက ဘယ်လောက်ရှိလဲဆိုတာ အရင်ကြည့်ရဦးမယ်..."

သူ့စကားလည်းဆုံးရော နျဲ့ကျင့်ထိုင်မှ ကျန်ရှိနေသော မျက်နှာဖုံးစွပ်လူသတ်သမား ရှစ်ယောက်မှာ တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြ၏။

သူတို့အနက် လေးယောက်က ချူချင်းဆီသို့ပြေးဝင်သွားပြီး ကျန်လေးယောက်ကမူ ဝမ်ရိုဆီသို့ဦးတည်သွားကြသည်။

ချူချင်း၏မျက်နှာအမူအရာက စိုးစဉ်းမျှပြောင်းလဲမသွားပေ။ သူက မျက်လုံးကိုပင့်ကြည့်လိုက်ချိန်တွင် လောကတစ်ခုလုံးရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရ၏။

လေထု၊ အေးစက်သော လေပြင်း၊ လွင့်မျောနေသော ဖုန်မှုန့်များ၊ အသက်ရှူသံ၊ နှလုံးခုန်သံ... သွေးတိုးသံ...

အရာအားလုံးမှာ ဤအခိုက်အတန့်တွင် လုံးဝရပ်တန့်သွားပုံရသည်။

ချူချင်း၏ဓားတစ်လက်တည်းသာ ရပ်တန့်မသွားပေ။

သူ၏ကိုယ်ဟန်က လှစ်ခနဲလှုပ်ရှားသွားပြီး ဓားသွားက လူသတ်သမားတစ်ဦး၏လည်ပင်းကို ထိုးဖောက်သွားကာ ထိုသူအား ဝေဟင်ထက်၌ပင် အသက်ပျောက်သွားစေ၏။

ထို့နောက် ချက်ချင်းပင် ဓားရှည်ကို တစ်ပတ်လှည့်ကာ စောင်းလျက်အနေအထားဖြင့် ဒုတိယမြောက်လူသတ်သမား၏ လည်ပင်းကိုထိုးဖောက်လိုက်ပြီး ဓားသွားကိုအသာပင့်တင်ကာ လည်ပင်းတစ်ဝက်ကို ဖြတ်တောက်လိုက်၏။

ဆက်လက်၍ ခြေထောက်ကို အသာအယာမြေကန်ကာ ခန္ဓာကိုယ်ကို ပေါ့ပါးစွာလွင့်မျောစေပြီး တတိယမြောက်လူသတ်သမား၏ ရင်ဘတ်တည့်တည့်သို့ ထိုးဖောက်ဝင်ရောက်သွား၏။

သို့သော် ဤမျှနှင့်မပြီးသေးပေ။ ဓားသွားကို ထပ်မံရှေ့တိုးလိုက်ရာ စတုတ္ထမြောက်လူသတ်သမားသည်လည်း ထိုနေရာ၌ပင် ပွဲချင်းပြီးသေဆုံးသွားတော့သည်။

ဤအချိန်ကျမှသာ ကျန်ရှိသောလူများမှာ နောက်ဆုံးတွင်သတိပြန်ဝင်လာကြ၏။

အမှန်တကယ်တွင် လေထုဖြစ်စေ၊ အသက်ရှူသံဖြစ်စေ တစ်ခါမျှရပ်တန့်သွားခဲ့ခြင်း မရှိပေ။

ချူချင်းက အလွန်မြန်ဆန်လွန်းနေသောကြောင့်သာ ဖြစ်၏။

သူ၏ဓားက မြန်ဆန်လွန်းလှသလို သူ၏ကိုယ်ဖော့သိုင်းကလည်း အလွန်လျင်မြန်လှပေသည်။

အတိတ်တုန်းက ချူချင်းသည် ဓားအရှိန်ကိုအားကိုး၍ လျင်မြန်သောဓားကွက်များဖြင့် လူသတ်ခဲ့ခြင်းဖြစ်ပြီး ဓားဦးဆောင်ရာသို့ လူကလိုက်ပါခြင်းဖြင့်သာ ချူယန်၏ ဆန်းကြယ်သောကိုယ်ဖော့သိုင်းကို ရင်ဆိုင်နိုင်ခဲ့၏။

ယခုမူ ချူချင်း၌ 'မျောလွင့်မြူခိုးကိုယ်ဖော့သိုင်း'ရှိနေပြီ ဖြစ်သည်။

သူ၏ကိုယ်ဖော့သိုင်းမှာ ထိုစဉ်ကထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်လာပြီး ဤကိုယ်ဖော့သိုင်းနှင့်ဓားသိုင်းတို့မှာ အပြန်အလှန် အထောက်အကူပြုနေ၏။

သူ၏ လျင်မြန်သောဓားအရှိန်မှာလည်း ဤအကြောင်းကြောင့် မည်မျှအထိမြင့်တက်သွားသည်ကို ခန့်မှန်းရခက်လှပေသည်။

ဓားတစ်ချက်တည်းဖြင့် လူလေးဦးကိုဆက်တိုက်သတ်ဖြတ်ခြင်းကို လူအားလုံး၏ရှေ့မှောက်တွင် ပြုလုပ်ခဲ့သော်လည်း မည်သူမျှ အချိန်မီတုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။

သူတို့၏အမြင်တွင်မူ စိတ်ကူးတစ်ချက်အတွင်းမှာပင် ချူချင်းမှာ လေးကြိမ်တိုင်တိုင် လှစ်ခနဲလှုပ်ရှားသွားပြီး ဝေဟင်သို့ပျံတက်၍ ချူချင်းဆီသို့ပြေးဝင်လာသော လူသတ်သမားလေးဦးမှာ မြေပြင်သို့မကျရောက်မီမှာပင် ဝေဟင်ထက်၌ အသက်ပျောက်သွားကြပြီ ဖြစ်သည်။

"ဒီလို လျင်မြန်တဲ့ဓားကွက်မျိုး... ဒါဓားတစ္ဆေပဲ..."

"ဓားတစ္ဆေမဟုတ်ဘူး... ဓားတစ္ဆေက ခွဲခွာခြင်းဓားကို ဒီလောက်လွယ်လွယ်နဲ့ မသတ်နိုင်ဘူး... သူကညဧကရာဇ်ပဲ..."

သို့သော်... သူတို့ရရှိထားသော သတင်းများအရ ဓားတစ္ဆေသည် တင်ရှင်းမြို့အနီးတွင်ပေါ်လာပြီး နျဲ့ကျင့်ထိုင်၏လုပ်ကြံမှုကို တားဆီးခဲ့သည်ဟု ရှင်းရှင်းလင်းလင်းသိထားရသည်။

အဘယ်ကြောင့် ဤနေရာတွင်ပေါ်လာသူမှာ ညဧကရာဇ်ဖြစ်နေရသနည်း။

ညဧကရာဇ်သည်... ဓားတစ္ဆေပင်ဖြစ်သည်။

ထိတ်လန့်တုန်လှုပ်ဖွယ်အတွေးများ စိတ်ထဲတွင်ပေါ်ပေါက်လာသည့် တစ်ခိုက်အတန့်တွင်ပင် ချူချင်းက နောက်ထပ်လူနှစ်ဦးကို သတ်ဖြတ်လိုက်ပြန်သည်။

အတိုင်းအဆမဲ့သော ကြောက်ရွံ့မှုများသည် နျဲ့ကျင့်ထိုင်မှသိုင်းသမားနှစ်ဦး၏ နှလုံးသားထဲတွင်လွှမ်းမိုးလာ၏။

သူတို့သည် လူပေါင်းများစွာကိုသတ်ဖြတ်ခဲ့ပြီး နျဲ့ကျင့်ထိုင်သို့ဝင်ရောက်ကတည်းက သူတို့လက်ချက်ဖြင့် လူမည်မျှသေဆုံးခဲ့သည်ကို မသိနိုင်တော့ပေ။

သူတို့သည် နျဲ့ကျင့်ထိုင်၏အထက်မြက်ဆုံး လက်နက်များဖြစ်ကြသည်။

သို့သော်လည်း ယခုအခိုက်အတန့်တွင် တကယ်ပင် အေးစက်ခက်ထန်သော ဓားတစ်လက်ဖြစ်နေစေကာမူ သူတို့၏စိတ်ထဲတွင် အတိုင်းအဆမဲ့သော ကြောက်ရွံ့တုန်လှုပ်မှုများ ဖြစ်ပေါ်လာချေပြီ။

'ဒီလောက် မြန်တဲ့ဓားကို... ငါတို့ ဘယ်လိုခုခံရမလဲ...'

'ညဧကရာဇ်နဲ့ ထိပ်တိုက်တိုးနေတာ... ဘယ်လိုသတ်နိုင်မှာလဲ...'

'ခုခံလို့လည်းမရ... သတ်လို့လည်းမရတော့... ထွက်ပြေးရမလား...'

'ဒါပေမဲ့ ဘယ်ကိုပြေးရမှာလဲ...'

'ဒါက ထောင်ချောက်တစ်ခုပဲ...'

'ဒီလူက ငါတို့ကိုသတ်ဖို့ သက်သက်ဖန်တီးထားတဲ့ ထောင်ချောက်ပဲ...'

'တစ်ခါရောက်လာပြီးမှတော့ ဒီနေ့ သေလမ်းပဲရှိတော့တယ်...'

ဤအမှန်တရားကို နှလုံးသားထဲတွင် သဘောပေါက်လိုက်သည့် နောက်ဆုံးအချိန်၌ ချူချင်းသည် နောက်ဆုံးကျန်ရှိသော မျက်နှာဖုံးစွပ်လူသတ်သမားကို သူ၏ဓားအောက်၌ အသက်မဲ့စေခဲ့ပြီ ဖြစ်သည်။

ဝမ်ရိုမှာလည်း အမှန်တကယ်တွင် စောစီးစွာပင် ပြင်ဆင်ထားပြီးဖြစ်၏။ သူမ၏'ကောင်းကင်ရနံ့ခန္ဓာကိုယ်'မှာ အတော်အတန်တိုးတက်လာပြီ ဖြစ်သည်။

သူမသည် နျဲ့ကျင့်ထိုင်မှ လူသတ်သမားအချို့၏ အတွင်းအားစီးဆင်းမှု လမ်းကြောင်းကိုအနံ့ခံနိုင်ခဲ့ပြီး သူတို့၏အားနည်းချက်များကိုလည်း ရှာဖွေတွေ့ရှိခဲ့၏။

လူလေးဦး၏တိုက်ခိုက်မှုကို တစ်ခဏအတွင်း မတားဆီးနိုင်လျှင်ပင် သူမ၏ကောင်းကင်ကိုးလွှာကြယ်တာရာလက်ညှိုးစွမ်းရည်နှင့် ကောင်းကင်ရနံ့ခန္ဓာကိုယ်ကိုပေါင်းစပ်လိုက်ပါက လူသတ်သမားတစ်ဦးကိုသတ်ရန်မှာ လက်ဖဝါးလှန်ရသကဲ့သို့ လွယ်ကူပေလိမ့်မည်။

သို့သော် နှမြောစရာကောင်းသည်မှာ ချူချင်းက သူမအား ထိုသို့သောအခွင့်အရေးကို မပေးခဲ့ပေ။

သူ၏ဓားက မြန်ဆန်လွန်းလှပေသည်။

သူ ကျန်းရှန်တောက်ကိုသတ်ခဲ့စဉ်ကထက်ပင် ပိုမိုလျင်မြန်လှ၏။

လူသတ်သမားတစ်ဦးကိုမျှ မသတ်လိုက်ရသော်လည်း ဝမ်ရိုစိတ်ထဲမထားပေ။ သူမသည် မူလကတည်းက သတ်ဖြတ်ခြင်းကိုဝါသနာပါသူ မဟုတ်သည့်အပြင် ချူချင်းမှာလည်း သူမ၏အကူအညီကို မလိုအပ်ပေ။ သို့ဖြစ်ရာ သူမအနေဖြင့် ဘေးမှကြည့်ရှုသူအဖြစ်သာ အသာတကြည်နေလိုက်တော့သည်။

လူရှစ်ဦးကို ဆက်တိုက်သတ်ဖြတ်ပြီးနောက်တွင်လည်း ချူချင်းသည် ရပ်တန့်ခြင်းမရှိဘဲ ခြေဦးကို အသာအယာကန်ကာ ခန္ဓာကိုယ်ကို လေထဲသို့ပျံတက်စေလိုက်၏။

ဓားတစ်ချက်ထိုးထုတ်လိုက်ရာ မကောင်းဆိုးဝါးနှိမ်နင်းရေးစာရင်းဝင် နှစ်ဦးထဲမှ တစ်ဦးဆီသို့ တိုက်ရိုက်ဦးတည်သွားသည်။

အသက်ရှင်သန်နိုင်ခွင့်မျှော်လင့်ချက် နည်းပါးလှသည်ကိုသိသော်လည်း တစ်ဖက်လူအနေဖြင့် မရုန်းကန်ဘဲ မနေနိုင်ပေ။

ချူချင်း၏ဓားသွားအောက်သို့ ရောက်ရှိနေသော ထိုသူသည် ရုတ်တရက် လက်နှစ်ဖက်ကိုမြှောက်လိုက်ရာ ငွေရောင်အလင်းတန်းများအထပ်ထပ် ချူချင်း၏ဓားဦးဆီသို့ တိုးဝင်သွားတော့သည်။

သူ ဤမျှမြန်ဆန်နိုင်ခြင်းမှာ... ချူချင်း၏ဓားထက် ပိုမိုလျင်မြန်သောကြောင့် မဟုတ်ပေ။

ဒါက ချူချင်းပြင်ဆင်ထားသည့် ထောင်ချောက်ဖြစ်ကြောင်း သိရှိလိုက်ရသည့်နောက်တွင် ချက်ချင်းဆုံးဖြတ်ချက်ချကာ လှုပ်ရှားလိုက်ခြင်းကြောင့် ဖြစ်သည်။

သူအားယူနေစဉ်တွင် ချူချင်းက ဓားမထုတ်ရသေးဘဲ၊ သူတိုက်ကွက်ထုတ်လိုက်ချိန်တွင် ချူချင်း၏ဓားမှာ လမ်းတစ်ဝက်သို့ရောက်ရှိနေပြီ ဖြစ်သည်။

ချွင်ချွင်ချွင်၊ ချွင်ချွင်ချွင်။

ဓားဦးကလှုပ်ရှားသွားပြီး ရွှေရောင်အလင်းများက ခန္ဓာကိုယ်ကိုကာကွယ်ထားရာ ငွေအပ်များမှာ အရပ်ရပ်သို့လွင့်စင်သွားတော့သည်။

သို့သော် ၎င်းတို့မှာ ချူချင်း၏ဓားအရှိန်ကို စိုးစဉ်းမျှ တားဆီးနိုင်ခြင်းမရှိပေ။

ထိုလူ၏မျက်နှာမှာ ဖြူလျော်သွား၏။ သူ၏ဤတိုက်ကွက်မှာ နာမည်ကျော်လျှို့ဝှက်ကျင့်စဉ်ဖြစ်ပြီး သောင်းချီချည်မျှင်ရေတံခွန်ဟု အမည်ရပေသည်။

သူသည်လည်း ဤတိုက်ကွက်ကြောင့် 'မိုးစက်အပ်'ဟု ကျော်ကြားလာခဲ့ခြင်းဖြစ်၏။

အပ်များမှာ မိုးဖွဲဖွဲနှင့်ရေတံခွန်သဖွယ် စီးဆင်းပြီး၊ လက်ဖဝါးကမူ သစ်ပင်ထောင်ပေါင်းများစွာမှ ပန်းများပွင့်လန်းလာသကဲ့သို့ ဖြစ်စေ၏။

သို့သော်လည်း ချူချင်း၏ဓားမှာ ရေစီးကြောင်းကိုဆန့်ကျင်၍ တိုးဝင်လာပြီး 'မသေမျိုးရွှေကိုယ်ထည်'အရှိန်အဝါနှင့်အတူ ဤမိုးစက်ရေတံခွန်ထဲတွင် အက်ကွဲကြောင်းတစ်ခုကို အတင်းအကျပ်ဖန်တီးလိုက်ရာ သောင်းချီချည်မျှင်ရေတံခွန်မှာ မည်မျှပင်သိပ်သည်းပါစေ၊ ချူချင်း၏ခန္ဓာကိုယ်ကာကွယ်ရေးအတွင်းအားကို ဖောက်ထွက်နိုင်ခြင်းမရှိပေ။

"ဟင့်..."

မိုးစက်အပ်က ဒေါသတကြီးအော်ဟစ်လိုက်ပြီး... လက်နှစ်ဖက်ကိုအသာဆုပ်ကာ ငွေအပ်တစ်စင်းကို လက်ဖဝါးနှစ်ခုကြားတွင်လွင့်မြောစေလျက် သူ၏အတွင်းအားဖြင့် လှုံ့ဆော်လိုက်ရာ ငွေအပ်မှာရဲရဲနီလာတော့သည်။

စူးရှထက်မြက်လှသော အလင်းတန်းများမှာ ထွက်ပေါ်လာပြီး သူ၏လက်ဖဝါးကို ရုတ်တရက် ရှေ့သို့တွန်းထုတ်လိုက်၏။

ဝီခနဲမြည်သံနှင့်အတူ...

နီရဲနေသောအပ်ပျံမှာ သူ၏အတွင်းအားကြောင့် ထွက်ပေါ်လာပြီး တစ်ခဏအတွင်းမှာပင် ချူချင်း၏ဓားဦးနှင့် ထိတွေ့သွားတော့သည်။

ချွင်။

ပြင်းထန်သောမြည်သံတစ်ချက် ထွက်ပေါ်လာပြီးနောက် ထိုနီရဲနေသောအပ်ပျံသည် ချူချင်း၏ဓားဦးထဲသို့ အတင်းအကျပ်တိုးဝင်သွားလေသည်။

၎င်းသည် ဓားကိုယ်ထည်ကိုအမှီပြု၍ ဓားရိုးမှ ပျံသန်းထွက်ပေါ်လာပြီး ချူချင်း၏ရင်ဘတ်တည့်တည့်ဆီသို့ ဦးတည်သွား၏။

All Chapters