← Chapters

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

Vol. 2 Ch. 14

အခန်း (၁၄) ခန္ဓာသွန်းလောင်းခြင်းနယ်ပယ် တတိယအဆင့်

​လရောင်က ကမ္ဘာမြေကို လွှမ်းခြုံထားချေသည်။

​နန်ယွန်းစီရင်စု၏ အပြင်မြို့တော်မှာ အများအားဖြင့် တိတ်ဆိတ်ငြိမ်သက်နေကြ၏။

​အရှေ့ဘက်ရပ်ကွက်ကဲ့သို့ပင် လမ်းအနည်းငယ်မှလွဲ၍ ကျန်ဧရိယာတစ်ခုလုံးမှာ အမှောင်ထုထဲတွင် တိတ်ဆိတ်လျက် ရှိနေပေသည်။

​လရောင်ကို အသုံးချကာ ချန်မူသည် လမ်းကြားများထဲတွင် လျင်မြန်စွာ ရွေ့လျားနေခဲ့သည်။

​ကောင်းကင်ဝံပုလွေ လမင်းကို အနံ့ခံခြင်းရှိနေသဖြင့် လမ်းပျောက်မည်ကို စိုးရိမ်စရာမလိုဘဲ ရှေ့သို့သာ တန်းတန်းမတ်မတ် ဆက်သွားလိုက်သည်။

​မကြာမီ။

​ချန်မူသည် အတော်အတန် ကြီးမားသော အိမ်ကြီးတစ်လုံး၏ အပြင်ဘက်သို့ ရောက်ရှိလာပြီး တံခါးဝတွင် ရပ်တန့်လိုက်၏။ လေထဲတွင် တောက်ပနေသော လရောင်ကို အသုံးပြု၍ တံခါးဝအထက်တွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်ကို မြင်လိုက်ရသောအခါ သူ၏ သူငယ်အိမ်များ ကျုံ့သွားရသည်။

​လော့ယွင်သိုင်းကျောင်းတော်....

​ပြင်းထန်သော သွေးနံ့က လော့ယွင်သိုင်းကျောင်းတော် အတွင်းဘက် မှ ထွက်ပေါ်လာခြင်း ဖြစ်၏။

​၎င်းက ဟွမ်ဖေးယန် သိုင်းပညာသင်ယူခဲ့သော နေရာပင်။

​"..."

​အထဲသို့ အရမ်းကာရော မဝင်သွားဘဲ ချန်မူသည် တင်းကျပ်စွာ ပိတ်ထားသော တံခါးဝတွင် ရပ်ကာ အာရုံစိုက် နားထောင်လိုက်သည်။

​ခဏအကြာတွင် အထဲမှ မည်သည့်အသံမျှ ထွက်ပေါ်လာခြင်း မရှိချေ။

​ထို့နောက် သူက ခြေဖျားဖြင့် နံရံကို ဖွဖွလေးနင်းကာ မြင့်မားသော ခြံဝင်းနံရံပေါ်သို့ တက်လိုက်သည်။

​ထိုအခါ နံရံပေါ်မှ ပြုတ်ကျလာသော သွေးစက်များနှင့်အတူ သွေးနံ့မှာ ပို၍ပင် ပြင်းထန်လာခဲ့သည်။

​ချန်မူ လှမ်း၍ မတက်ရသေးမီမှာပင် ထောင့်နားရှိ မြေပြင်ပေါ်တွင် လဲလျောင်းနေသော အလောင်းတစ်လောင်းကို မြင်လိုက်ရ၏။

​သူက ဖြည်းဖြည်းချင်း ချဉ်းကပ်သွားလိုက်သည်...

​[အလောင်းတစ်လောင်းအား ရှာဖွေတွေ့ရှိပါသည်။ ၎င်းထံမှ သိမ်းယူမှု ပြုလုပ်မည်လား။]

​'လုပ်မယ်...'

​ဆက်သွားလိုက်သည်။

​[အလောင်းတစ်လောင်းအား ရှာဖွေတွေ့ရှိပါသည်။ ၎င်းထံမှ သိမ်းယူမှု ပြလုပ်မည်လား။]

​'လုပ်မယ်...'

​[အလောင်း တွေ့ရှိပါပြီ။ သိမ်းယူမှု ပြုလုပ်မည်လား။]

​'လုပ်မယ်...'

​...

​အလောင်း... အလောင်း...

​နေရာအနှံ့မှာ အလောင်းတွေချည်းပင်။

​ချန်မူက ပတ်ဝန်းကျင်ကို သတိထားစောင့်ကြည့်ရင်း လျှောက်သွားလိုက်၏။

​ရလဒ်အနေဖြင့် အလောင်းများမှလွဲ၍ အသက်ရှင်နေသူ တစ်ဦးတစ်ယောက်မျှ မရှိချေ။

​ကျယ်ဝန်းသော သိုင်းကျောင်းတော်အတွင်း၊ အတွင်းခြံဝင်းနှင့် အပြင်ခြံဝင်းနှစ်ခုလုံးတွင် လူသုံးဆယ့်ကိုးယောက်စလုံး သေဆုံးနေကြပြီ ဖြစ်သည်။

​ဤအထဲတွင် လော့ယွင်သိုင်းကျောင်းတော်၏ ပိုင်ရှင် လော့ကျုံးယွင်ပင် ပါဝင်နေခဲ့သည်။

​ပြီးတော့ သူ၏ တပည့်လေးယောက်၊ တစ်ယောက်ချင်းစီမှာလည်း သိုင်းသမားတွေချည်း ဖြစ်ကြသည်။

​လော့ကျုံးယွင်ကိုယ်တိုင်မှာ ခန္ဓာသွန်းလောင်းခြင်းနယ်ပယ် သတ္တမအဆင့်ကျွမ်းကျင်သူတစ်ဦး ဖြစ်လေသည်။

​မထင်မှတ်ဘဲ သူပါ သေဆုံးသွားခဲ့ရသည်။ သူ၏ သေဆုံးပုံမှာ အလွန်တရာ ရက်စက်လှခြင်း မရှိချေ။ သူ၏ ရင်ဘတ်ကို ထိုးဖောက်ခံထားရပြီး အရိုးများ၊ ကိုယ်တွင်းအင်္ဂါများနှင့် အသားစများကိုပင် မည်းမှောင်ဖျော့တော့စွာ မြင်နေရသည့် အပေါက်ကြီးတစ်ခုသာ ကျန်ရစ်ခဲ့သည်။

​သူ့ရင်ဘတ်ကို ရှေ့မှနေ၍ နောက်သို့ ဖောက်ထွက်သွားအောင် ထိုးနှက်ခံထားရခြင်း ဖြစ်၏။

​ထိုသို့ပြုလုပ်နိုင်ရန် မည်သည့် ကျင့်ကြံမှုအဆင့် လိုအပ်မည်နည်း။

​'လော့ကျုံးယွင်က ခန္ဓာသွန်းလောင်းခြင်းနယ်ပယ် သတ္တမအဆင့်မှာ ရှိတယ်။ သူ ကျင့်ကြံထားတဲ့ သိုင်းကွက်က အထွတ်အထိပ်ကို မရောက်ရင်တောင်မှ အထက်တန်းစားအဆင့်မှာ ရှိနေတယ်။ သူ့ကို လက်သီးချက်တစ်ချက်တည်းနဲ့ သတ်နိုင်တဲ့လူဆိုတော့... ခန္ဓာသွန်းလောင်းခြင်းနယ်ပယ် နဝမအဆင့်ထက်တောင် ကျော်လွန်နေလောက်တယ်...'

​'မွေးရာပါသိုင်းသခင်နယ်ပယ်လား...'

​ချန်မူ၏ ကျောရိုးထဲတွင် အေးစက်သွားသလို ခံစားလိုက်ရသည်။

​မွေးရာပါသိုင်းသခင်တစ်ယောက်၏ ခွန်အားဖြင့်ဆိုလျှင် လူတစ်ယောက်၏ ကိုယ်ကို လက်သီးဖြင့် ဖောက်ထွက်ကာ လော့ကျုံးယွင်ကို ထိုနေရာတင် သတ်ပစ်နိုင်သည်မှာ သေချာချေသည်။

​လူသတ်သမားက မွေးရာပါသိုင်းသခင်တစ်ယောက် ဖြစ်နေတာလား....

​ချက်ချင်းပင် ချန်မူက ပြတ်သားစွာပင် လှည့်ထွက်လာလိုက်သည်။

​လော့ကျုံးယွင်က မည်သို့သော အကြောင်းကြောင့် မွေးရာပါသိုင်းသခင်ကို သွားပြီး စော်ကားမိသည်မသိ..... သူ့အိမ်တံခါးဝအထိ လိုက်လာပြီး တစ်မိသားစုလုံး သုတ်သင်ခံလိုက်ရခြင်း ဖြစ်ပေမည်။

​ချန်မူက ဝင်ရောက်စွက်ဖက်ရန် မဝံ့ရဲသကဲ့သို့ စွက်ဖက်နိုင်စွမ်းလည်း မရှိချေ။

​ထိုမွေးရာပါသိုင်းသခင်က ရုတ်တရက် ပြန်လာ၊ မလာ မည်သူက သိနိုင်မည်နည်း။

​ထို့ကြောင့် အတွင်းဘက်တွင် ကောင်းမွန်သည့် ပစ္စည်းများစွာ ရှိနေသော်လည်း ချန်မူ တုံ့ဆိုင်းမနေဘဲ ထွက်ခွာခြင်းက အကောင်းဆုံးဖြစ်ကြောင်း ဆုံးဖြတ်လိုက်၏။

​...

​သိုင်းကျောင်းတော်မှ ထွက်လာပြီးနောက် အမြန်လမ်းလျှောက်လာလိုက်သည်။

​မည်သူမျှ နောက်မှ လိုက်မလာကြောင်း သေချာစေရန် လမ်းကြားများထဲတွင် အကြိမ်ကြိမ် ပတ်သွားပြီးနောက် ချန်မူက သူ၏ နေအိမ်သို့ အမြန် ပြန်လာခဲ့လေသည်။

​အိမ်ပြန်ရောက်သောအခါ။

​မြောင်ရှိုးရှိုးက ဟွမ်ဖေးယန်ကို အိပ်ယာပေါ်သို့ ဝင်ကူသိပ်ပေးနေပြီး ဟွမ်ဖေးယန်မှာ ဟောက်သံကြီးများဖြင့် အိပ်ပျော်နေလေပြီ။

​ချန်မူက သူတို့ကို မနှောင့်ယှက်ဘဲ သူ၏ အခန်းထဲသို့ ဝင်သွားလိုက်၏။

​ထို့နောက် မီးမဖွင့်ဘဲ သူက အိတ်ထဲသို့ လက်နှိုက်ကာ သူ ကောက်ယူလာခဲ့သော ကတ်ပြား ဒါဇင်ပေါင်းများစွာကို ထုတ်ယူလိုက်သည်။

​စွမ်းအင်ကတ်... စွမ်းအင်ကတ်... သက်လုံကတ်... သက်လုံကတ်...

ခွန်အားကတ်... စွမ်းအင်ကတ်...

​စွမ်းအင်ကတ် သို့မဟုတ် သက်လုံကတ်များသာ ဖြစ်ပြီး ခွန်အားကတ်များက ရှားပါးလှသည်။

​စစ်ဆေးမှု ပြီးဆုံးသွားသောအခါ ချန်မူက ကတ်ပြားငါးကတ်ကို စားပွဲပေါ်တွင် ချန်ထားခဲ့သည်။

​ဤကတ်ပြားငါးကတ်ထဲတွင် နှစ်ကတ်က ကျွမ်းကျင်မှုစွမ်းရည်ကတ်များဖြစ်ပြီး သုံးကတ်က အတွင်းအားကတ်များ ဖြစ်ကြသည်။

​အတွင်းအားကတ်များ၏ ကျင့်ကြံမှုပမာဏမှာ လေးလခွဲ၊ နှစ်လခွဲနှင့် တစ်လ အသီးသီး ဖြစ်ကြ၏။

​လေးလခွဲစာ အတွင်းအား ကျင့်ကြံမှု ဟုတ်စွ။

​ဤကတ်ပြားကို လော့ကျုံးယွင်ဆီမှ ကောက်ယူရရှိခဲ့ခြင်း ဖြစ်ရမည်။

​ခန္ဓာသွန်းလောင်းခြင်းနယ်ပယ် သတ္တမအဆင့်ရှိ လော့ကျုံးယွင်သာလျှင် ဤမျှများပြားသော အတွင်းအားများကို ပိုင်ဆိုင်နိုင်ချေမည်။

​ဤအချက်က ကျင့်ကြံမှုအဆင့် မြင့်လေလေ ကောက်ယူရရှိသော ကတ်ပြားများ၏ အကျိုးအမြတ်က ပိုများလေလေဖြစ်ကြောင်းကို ပြသနေ​သည်။ အနည်းဆုံးတော့ အတွင်းအားကတ်များအတွက်မူ ဤအတိုင်းပင်။

​ကျွမ်းကျင်မှုစွမ်းရည်ကတ် နှစ်ခု.....

တစ်ခုမှာ အတွင်းအားကျင့်စဉ်ဖြစ်သော လွင့်မျောတိမ်တိုက်ကျင့်စဉ်ကို မှတ်တမ်းတင်ထားပြီး အခြားတစ်ခုမှာ ၎င်း၏ နောက်ဆက်တွဲ ပံ့ပိုးပေးသည့် နည်းပညာဖြစ်သော တိမ်တိုက်အနုပညာဖြစ်သည်။

​ပထမတစ်ခုက အတွင်းအားကို ထုတ်လုပ်ပေးနိုင်ပြီး နယ်ပယ်အဆင့်ကို ချိုးဖျက်နိုင်ကာ နောက်တစ်ခုကမူ မိမိ၏ အရှိန်အဝါကို ဖုံးကွယ်ထားပြီး ကျင့်ကြံမှုအဆင့်ကို ဝှက်ထားနိုင်စွမ်း ရှိ၏။

​ဤအရာများအားလုံးမှာ ကောင်းမွန်သည့် ပစ္စည်းများ ချည်းပင်။

​လွင့်မျောတိမ်တိုက်ကျင့်စဉ်မှာ လော့ယွင်သိုင်းကျောင်းတော်၏ အထင်ကရကျင့်စဉ်ဖြစ်ပြီး ဟွမ်ဖေးယန်က ၎င်းကို အမြဲတမ်း ကျင့်ကြံချင်နေခဲ့ခြင်း ဖြစ်သည်။

​သို့သော် ဤကျင့်စဉ်ကို သင်ယူရန်အတွက် ငွေကြေးအမြားအပြား သုံးစွဲရန် လိုအပ်ရုံသာမက လော့ကျုံးယွင်၏ ခွင့်ပြုချက်ကိုလည်း ရယူရပေမည်။

​လော့ကျုံးယွင်က ဟွမ်ဖေးယန်ကို လွင့်မျောတိမ်တိုက် ကျင့်စဉ်သင်တန်းကို သင်ပေးမည်ဟု ပြောခဲ့ဖူးသည်။

​ထို့အပြင် သင်ယူနိုင်ခဲ့လျှင်တောင်မှ လွင့်မျောတိမ်တိုက်ကျင့်စဉ်၏ ပထမအဆင့် သုံးဆင့်ကိုသာ သင်ယူခွင့် ရှိသည်။

​ထို့နောက် လော့ကျုံးယွင်က သူ့ကို တရားဝင် တပည့်အဖြစ် လက်ခံမှသာလျှင်...

​နောက်ပိုင်းကျင့်စဉ်များကို ဆက်လက် သင်ယူခွင့် ရရှိမည်ဖြစ်၏။

​ယခု ချန်မူ ကိုင်ထားသော ကျွမ်းကျင်မှုစွမ်းရည်ကတ်ကဲ့သို့ပင်။ ၎င်းကို လော့ကျုံးယွင်၏ တပည့်တစ်ဦး၏ အလောင်းဆီမှ ကောက်ယူရရှိခဲ့ခြင်းဖြစ်ပြီး ၎င်းတွင် လွင့်မျောတိမ်တိုက်ကျင့်စဉ်၏ အဆင့်ခြောက်ဆင့်စလုံး ပါဝင်နေခဲ့သည်။

​"ဒီ လွင့်မျောတိမ်တိုက်ကျင့်စဉ်က စိမ်းလန်းစိုပြည်ခြင်းကျင့်စဉ်ထက် အများကြီး ပိုသာတယ်။ ငါ လွင့်မျောတိမ်တိုက်ကျင့်စဉ်ကို ပြောင်းလဲ ကျင့်ကြံသင့်လား..."

​ချန်မူက ကတ်ပြားကို အသုံးပြုလိုက်ပြီး လွင့်မျောတိမ်တိုက်ကျင့်စဉ်၏ အဆင့်ခြောက်ဆင့်နှင့် ပတ်သက်သည့် အသိအမြင်အသစ်များကို စိတ်ထဲတွင် နားလည်သဘောပေါက်သွားပြီးနောက် ခတ္တမျှ စဉ်းစားကာ ရေရွတ်နေမိသည်။

​"စိမ်းလန်းစိုပြည်ခြင်းကျင့်စဉ် နဲ့ လွင့်မျောတိမ်တိုက် ကျင့်စဉ်တို့က တစ်ခုနဲ့တစ်ခု မဆန့်ကျင်နေရုံသာမကဘဲ အပြန်အလှန် လှုံ့ဆော်ပေးနိုင်တာလား..."

​အတွင်းအားကျင့်စဉ် နှစ်ခုကို နှိုင်းယှဉ်ကြည့်လိုက်ရာ ချန်မူက အံ့သြဖွယ်ရာ ရှာဖွေတွေ့ရှိမှုတစ်ခုကို ပြုလုပ်လိုက်မိသည်။

​ဒါဆိုရင် ဘာကို စောင့်နေဦးမည်နည်း။

​ကျင့်စဉ်ပြောင်းလဲရာတွင် အကြီးမားဆုံး စိုးရိမ်စရာမှာ အပြန်အလှန်ဆန့်ကျင်မှုဖြစ်ပြီး ၎င်းက ကျင့်ကြံမှု လုပ်ငန်းစဉ်ကို အစမှစ၍ ပြန်လုပ်ရမည်ကို ဆိုလိုခြင်း ဖြစ်၏။

​သို့သော် ရလဒ်အနေဖြင့် စိမ်းလန်းစိုပြည်ခြင်းကျင့်စဉ်၏ အပြုသဘောဆောင်ပြီး အေးဆေးတည်ငြိမ်သော လက္ခဏာများကြောင့် ၎င်းကို အတွင်းအားကျင့်စဉ်အများစုနှင့် လိုက်ဖက်ညီစွာ အသုံးပြုနိုင်စေသည်။ ၎င်းက ပြီးပြည့်စုံစွာ ပေါင်းစပ်သွားနိုင်ပြီး တိုးတက်မှုကိုလည်း လှုံ့ဆော်ပေးနိုင်လေသည်။

​ဤအချက်က ချန်မူအတွက် အချိန်များစွာကို သက်သာစေခဲ့သည်။

​...

​ချက်ချင်း လုပ်ဆောင်လိုက်သည်။

​ချက်ချင်းပင် ချန်မူသည် အတွင်းအားကျင့်စဉ် နှစ်ခုကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်ပြီး စိမ်းလန်းစိုပြည်ခြင်းကျင့်စဉ်ကို လွင့်မျောတိမ်တိုက် ကျင့်စဉ်ဖြင့် အစားထိုးလိုက်၏။

​နောက်ခဏ၌ ဒန်တန်အတွင်းရှိ အတွင်းအားများအားလုံး လှုံ့ဆော်ခံလိုက်ရပြီး သွေးကြောများတစ်လျှောက် စီးဆင်းသွားကြသည်။

​ကျင့်စဉ်ပြောင်းလဲခြင်းတွင် အစားထိုးမှု အပြည့်အဝ ပါဝင်ပြီး ဤလုပ်ငန်းစဉ်အတွင်း သွေးကြောများ ဆန့်ထွက်သွားကာ အနည်းငယ် စပ်ဖျဉ်းဖျဉ်း ခံစားရစေသည်။

​ချန်မူ၏ မျက်နှာနှင့် ခေါင်းပေါ်မှ ချွေးများ စီးကျလာရသည်။

​သူက မလှုပ်မယှက် တင်ပျဉ်ခွေထိုင်နေပြီး အသက်ရှူသံများ ရှုပ်ထွေးနေကာ ခေါင်းထိပ်မှ ရေနွေးငွေ့များ ထွက်ပေါ်လာချေသည်။

​တစ်နာရီခွဲ၊ နှစ်နာရီ၊ သုံးနာရီ...

​နီးပါး သုံးနာရီခွဲကြာပြီးနောက် ခန္ဓာကိုယ်၏ အသက်ရှူသံမှာ ရှုပ်ထွေးရာမှ တည်ငြိမ်သွားခဲ့သည်။

​ထိုမှ မိနစ်ဝက်အကြာတွင် ချန်မူက မျက်လုံးများကို ပွင့်လာပြီး သွေးစက်အနည်းငယ်ပါသော လေငွေ့တန်းတစ်ခုကို မုတ်ထုတ်လိုက်သည်။

​"ပြီးသွားပြီ..."

​အတွင်းအားကျင့်စဉ် အစားထိုးခြင်း အောင်မြင်စွာ ပြီးမြောက်သွားခဲ့ပြီ ဖြစ်၏။

​ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားများအားလုံးမှာ လျှို့ဝှက်ဆန်းကြယ်ပြီး အဆုံးအမမရှိသော လွင့်မျောတိမ်တိုက်ကျင့်စဉ်၏ ဂုဏ်သတ္တိများအဖြစ်သို့ အသွင်ပြောင်းသွားခဲ့လေပြီ။

​မာကျောနိုင်သည်၊ ပျော့ပြောင်းနိုင်သည်၊ လေးလံနိုင်သည်၊ အေးမြနိုင်ပေသည်။

​၎င်းက တိမ်တိုက်များ၏ အမြဲပြောင်းလဲနေသော သဘောသဘာဝကို အပြည့်အဝ ဖော်ပြနေချေသည်။

​"'လွင့်မျောတိမ်တိုက်ကျင့်စဉ်ကို ပြောင်းလိုက်တာနဲ့ နယ်ပယ်အဆင့် ချိုးဖျက်ဖို့ လိုအပ်တဲ့ အတွင်းအားတွေ လျော့သွားမှာပေါ့ ဟုတ်လား..."

​စိတ်ကို တည်ငြိမ်စေရန် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် ချန်မူသည် အမြင့်ဆုံးကျင့်ကြံမှုပမာဏရှိသော အတွင်းအားကတ်ကို ထုတ်ယူကာ အသုံးပြုရန် တိတ်တဆိတ် ရေရွတ်လိုက်သည်။

​ရွှစ်...

​ချက်ချင်းပင် အတွင်းအားကတ် ပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသော အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

​ခန္ဓာကိုယ်ထဲတွင် ရုတ်တရက် ပေါ်လာသော အတွင်းအားများကို ခံစားရရင်း ချန်မူသည် လွင့်မျောတိမ်တိုက်ကျင့်စဉ်ကို အသက်သွင်းကာ အတားအဆီးကို ထိုးဖောက်ရန် နောက်သို့ တွန်းပို့လိုက်၏။

​ခန္ဓာသွန်းလောင်းခြင်းနယ်ပယ် ဒုတိယအဆင့်မှစ၍ တတိယအဆင့်ဆီသို့ ဦးတည်သွားခြင်း ဖြစ်သည်။

​ရွှစ်...

​သွေးများ လျင်မြန်စွာ လည်ပတ်နေစဉ် ချန်မူဟာ ရေစီးသံကို ကြားလိုက်ရသလို ခံစားလိုက်ရသည်။

​ကြီးမားသော အတွင်းအားများက ကျင့်စဉ်ကို လှည့်ပတ်ကာ အရေပြား၊ အသား၊ အကြောများနှင့် အရိုးများ၏ ထောင့်တိုင်း၊ ဆဲလ်တိုင်းကို လှုံ့ဆော်ပေးနေခဲ့သည်။

​ထပ်ခါထပ်ခါ... အကြိမ်ကြိမ်အခါခါ။

​ရုတ်တရက် ချန်မူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး ခန္ဓာကိုယ်ရှိ ချွေးပေါက်များအားလုံး ပွင့်သွားကာ ကြီးမားသော အသက်ရှူသံများ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ကို ဝန်းရံထားသော မြူခိုးတိမ်တန်းတစ်ခုအဖြစ် ပေါင်းစပ်သွားချေသည်။

​ချန်မူ ထရပ်လိုက်ပြီး အခန်းထဲတွင် ရွှေခွဲလက်ဝါးကို ထုတ်ဖော်လိုက်သည်။ သူ သုံးကြိမ်တိုင်တိုင် လုပ်ဆောင်လိုက်၏။ သူ၏ အတွင်းအားများ လှုံ့ဆော်မှုအောက်တွင် သူ၏ ခန္ဓာကိုယ်ဝန်းကျင်ရှိ မြူခိုးများ လှိမ့်ဆင်းလာပြီး မျက်စိဖြင့် မြင်နိုင်သော၊ သွေးမြူတိမ်တန်းများကဲ့သို့ အစုအဝေးများအဖြစ် စုစည်းသွားကြသည်။

​ထို့နောက် ချန်မူက ကျင့်ကြံမှုကို အဆုံးသတ်လိုက်ပြီး လေငွေ့တန်းတစ်ခုကို ဖြည်းညင်းစွာ ညှစ်ထုတ်လိုက်လေသည်။ ထိုလေငွေ့တန်းက ထူထဲသော မြူခိုးများကို ဖောက်ထွက်ကာ မီတာသုံးမီတာကျော် အကွာအဝေးသို့ ပစ်လွှတ်လိုက်သကဲ့သို့ ထွက်သွားခဲ့သည်။

​သွေးများ မြစ်ကဲ့သို့ စီးဆင်းပြီး အတွင်းအားများက သွေးကဲ့သို့ စုစည်းသွားခြင်း။

​ခန္ဓာသွန်းလောင်းခြင်းနယ်ပယ် တတိယအဆင့်...

အခန်း ၁၄ပြီး၏။

All Chapters