အခန်း ၁၃၆
Vol. 10 Ch. 136
အပိုင်း (၁၃၆)
[ကျွတ်ကျွတ် ကြီးမြတ်သူယွီချင်းနဲ့ သူရဲ့ကိုယ်ပွားရဲ့ ကျင့်ကြံခြင်းအဆင့်က မဟာယနကျင့်ကြံခြင်း အလယ်အဆင့်မှာ ပိတ်ဆို့နေတာ အချိန်တော်တော်ကြာသွားပြီပဲ~~]
[ဒါပေမဲ့လည်း သူမက သူမရဲ့ကိုယ်ပွားအပေါ်မှာ စွမ်းအင်တွေ အများကြီး အသုံးချထားတဲ့အချက်ကို ကျေးဇူးတင်ရမယ်။ အလယ်အလတ်အဆင့် ကျင့်ကြံသူနှစ်ယောက်စလုံးက တူညီတဲ့အရင်းအမြစ် ရှိနေကြတယ်။ သူတို့တွေ အတူတူ ပေါင်းစပ်သွားပြီးရင်တော့__]
[ကျွတ်ကျွတ် ဟယ်ဟွမ်းဂိုဏ်းက တကယ့်ကို ကံကောင်းလှချည်လား။ လေဟာနယ်ဖြိုခွင်းခြင်း ကျင့်ကြံခြင်းအဆင့် အရင်ကျင့်ကြံသူတောင် မသေသေးဘူး။ နောက်ထပ် လေဟာနယ်ဖြိုခွင်းခြင်း ကျင့်ကြံခြင်းအဆင့် အသစ်တစ်ယောက်က ပေါ်လာနေပြီတဲ့~~]
ဒီစကားကို ကြားလိုက်ရတဲ့အခါ ယွီချင်းက ရုတ်တရက် ခေါင်းထောင်လိုက်ပြီး သူမရဲ့မျက်လုံးတွေထဲမှာလည်း အရောင်တစ်ခု တလဲ့လဲ့ ပေါက်ထွက်သွားတော့တယ်။
တကယ်လို့ သူမသာ အတိဒုက္ခဖြတ်ကျော်ခြင်းကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့တယ်ဆိုရင် နှစ်တစ်ထောင်အတွင်းမှာ ဘယ်သူကမှ ဟယ်ဟွမ်းဂိုဏ်းကို ပေါ်ပေါ်ထင်ထင် ပစ်မှတ်ထားရဲတော့မှာ မဟုတ်ဘူး။
ဒါပေမဲ့......
သူမက ကိုယ်ပွားကို သန့်စင်ခဲ့တဲ့အချိန်တုန်းက ဒါကို ပေါင်းစပ်ပစ်ရမဲ့ ဖြစ်နိုင်ခြေ ရှိတာကို လုံးဝ မစဥ်းစားခဲ့မိဘူးလေ...
သူမနဲ့ ကျင့်ကြံခြင်းအဆင့်ချင်း အရမ်းကိုတူညီသလောက်ရှိတဲ့ ဒီပြည့်စုံနေတဲ့ ကိုယ်ပွားတစ်ခုနဲ့ ရင်ဆိုင်လိုက်ရတဲ့အခါ သူမက ဘယ်လိုလုပ်ပြီး ပေါင်းစပ်ကျင့်ကြံခြင်းကို ပြီးမြောက်အောင် လုပ်နိုင်တော့မှာလဲ။
ဒီလိုစဥ်းစားနေလိုက်ပြီး သူမက တစ်ခုခုကိုသတိရသွားတဲ့ပုံပဲ ခေါင်းမော့ကာ ခပ်တိုးတိုးလေး ပြောလိုက်တော့တယ်။
"ငယ်ငယ်တုန်းက ကိုယ်ပွားတစ်ခုကို တစ်ခါ သန့်စင်ဖူးတာကို ရုတ်တရက် သတိရသွားတယ်။ ဒါပေမဲ့လည်း ဒါကို ဘယ်လိုပေါင်းစပ်ရမယ်ဆိုတာ မသိခဲ့ဘူး..."
သူမရဲ့စကားမဆုံးခင်မှာပဲ ကောင်းကင်ကလာတဲ့အသံက သူမရဲ့သံသယကို အဖြေပေးလိုက်တယ်။
[ကိုယ်ပွားတွေကို ပေါင်းစပ်ချင်တာလား...]
[အစတုန်းကတော့ ဒီကိုယ်ပွားနှစ်ခုကို ပေါင်းစပ်ဖို့ဆိုတာက ခက်ခဲမှာပေါ့။ ဒါပေမဲ့...]
စူးလီက သူမရဲ့ခေါင်းကို မော့လိုက်ပြီး ယွီချင်းကို မျက်လုံးက မခွာတမ်းကြည့်နေတဲ့ လင်ရှန်းရန်ကို လှမ်းကြည့်လိုက်ပြီး အပြုံးတစ်ခုနဲ့ ပြောလိုက်တယ်။
[လူကောင်းတွေက ဆုလက်ခံရသင့်တယ်လေ...]
[တကယ်လို့ ရှင်က ယွီလော့ရှန်းရဲ့ကိုယ်ပွားကို ပင်မခန္ဓာကိုယ်နဲ့ ပေါင်းစပ်ချင်တယ်ဆိုရင် ဝိညာဥ်မီးတောက်ရဲ့ အကူအညီကို သေချာပေါက်ယူမှ ဖြစ်မယ်]
[နောက်ပြီးတော့ လင်ရှန်းရန်က ဝိညာဥ်မီးတောက် ပိုင်ဆိုင်ထားတဲ့ တစ်ဦးတည်းသော ကျင့်ကြံသူတစ်ယောက်လေ...]
လင်ရှန်းရန်က ဒီစကားကို ကြားလိုက်ရတဲ့အချိန်မှာ သူမက တွေဝေမနေဘဲ ထရပ်လိုက်ပြီး ပြောလိုက်တယ်။
"ကျွန်မ ရှင့်ကို ကူညီပေးမယ်"
ယွီချင်းက ရှုပ်ထွေးသွားတဲ့ အမူအရာတစ်ခုနဲ့ သူမကို လှမ်းကြည့်လိုက်တယ်။ အချိန်အတော်ကြာသွားပြီးတဲ့နောက်မှာတော့ သူမက မသိမသာ မျက်လွှာချထားလိုက်ပြီး သူမရဲ့အသံကလည်း အရင်တုန်းကထက် ပိုပြီးစိတ်ရင်းအတိုင်းဖြစ်နေတယ်။
"မင်းကို ကျေးဇူးအများကြီးတင်ပါတယ်"
အနားမှာ တဝဲလည်လည်လုပ်နေတဲ့ ကျင့်ကြံသူတွေနဲ့ ဟယ်ဟွမ်းဂိုဏ်းနဲ့ တင်းမာတဲ့ဆက်ဆံရေး ရှိတဲ့ကျင့်ကြံသူတွေက ဒီစကားကို ကြားလိုက်ရတဲ့အချိန်မှာ သူတို့ရဲ့အမူအရာတွေက ချက်ချင်းဆိုသလို အံ့သြရိပ်ကနေ အထိတ်တလန့် ပြောင်းလဲသွားတယ်။
ဘယ်လို။
ကြီးမြတ်သူယွီချင်းက သူရဲ့ကိုယ်ပွားနဲ့ လေဟာနယ်ဖြိုခွင်းခြင်း ကျင့်ကြံခြင်းအဆင့်ကို အောင်မြင်နိုင်သတဲ့လား။
ဒီလိုငယ်ရွယ်တဲ့ လေဟာနယ်ဖြိုခွင်းခြင်း ကျင့်ကြံခြင်းအဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်က... ဟယ်ဟွမ်းဂိုဏ်းကို အနည်းဆုံး နှစ်တစ်ထောင်လောက် ကာကွယ်ပေးနိုင်သတဲ့လား။
ဒီ့အပြင် ကြီးမြတ်သူချင်းရွှီကလည်း သေတော့မယ်ဆိုပေမဲ့ သူက အခု အသက်ရှင်ပြီး ကောင်းကောင်း ရှိနေသေးတယ်လေ။
သေတော့မဲ့ဆဲဆဲ ကြီးမြတ်သူတစ်ယောက်က တခြားကြီးမြတ်သူတွေလောက် အများကြီး စိုးရိမ်သောက ဖြစ်စရာတော့ လိုမှာမဟုတ်ဘူးပေါ့။
တကယ်လို့ သူတို့တွေက ဒီလေဟာနယ်ဖြိုခွင်းခြင်း ကျင့်ကြံခြင်းအဆင့်ရှိတဲ့ ကျင့်ကြံသူနှစ်ယောက်ကို ဒေါသထွက်အောင် လုပ်ခဲ့မိမယ်ဆိုရင်တော့ ...
ဒီလိုစဥ်းစားလိုက်ပြီး လူတော်တော်များများက တိတ်တိတ်လေး ပြန်ဆုတ်သွားတယ်။
ရုတ်တရက်ဆိုသလိုပဲ သူတို့တွေက သူတို့ဂိုဏ်း၊ မိသားစုနဲ့ ဟယ်ဟွမ်းဂိုဏ်းကြားက ဆက်ဆံရေးက အဲ့လောက်အထိ တင်းမာမနေတော့ဘူးလို့ ခံစားလိုက်ရတယ်...
အဲ့ဒီဂိုဏ်းခွဲငယ်လေးတွေအတွက်တော့ သူတို့တွေက ဒီအတိုင်း ပါမွှားလေးတွေပါပဲ။ ညီအစ်ကိုတွေက ဘယ်လိုလုပ်ပြီး အချင်းချင်း တိုက်ခိုက်လို့ရမှာလဲ။ ငါတို့တွေက သူတို့ရဲ့ဆက်ဆံရေး ဆိုးဝါးတယ်လို့ ဘယ်လိုလုပ်ပြီး ပြောလို့ရမှာလဲ။
သူတို့တွေက မျိုးနွယ်စုခေါင်းဆောင်နဲ့ ဂိုဏ်းချုပ်ကြီးကို ချက်ချင်းပြန်သတင်းသွားပို့ပြီး မျိုးနွယ်တွေနဲ့ ဂိုဏ်းတွေကို စောစောစီးစီး အစီအစဥ်ချထားလို့ရအောင် ပြောမှရမယ်။
အပြင်လောကကလာတဲ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ ချန်ထျန်းဂိုဏ်းနဲ့ ထျန်းကျီးဂိုဏ်းကလူတွေက အနည်းငယ် စိတ်အေးသွားပြီး ချန်ထျန်းဂိုဏ်းချုပ်ကြီးက သူ့မျက်လုံးထဲမှာ အပြုံးတစ်ခုတောင် ပေါ်လာခဲ့တယ်။
သူတို့အားလုံးက ဂိုဏ်းကြီးခြောက်ခုပဲလေ။ အတွင်းနဲ့အပြင်မှာ ဘာတွေပဲဖြစ်နေပါစေ ဂိုဏ်းအားလုံးက အရင်ဆုံး နောက်ဆုတ်သွားဖို့ မျှော်လင့်တယ်။ ဒါမှပဲ သူတို့တွေက ဒီနေရာမှာ ပေါ်ထွက်လာနိုင်မှာလေ။
ဒီအချိန်မှာတော့ လေထဲမှာ တဝဲလည်လည်ဖြစ်နေတဲ့ လှေပျံကြီးက နောက်ဆုံးတော့ လုံလောက်တဲ့ လိုအပ်ချက်တွေကို ကြားပြီးသွားတဲ့အခါ မြေကြီးပေါ် ဆင်းသက်လာတော့တယ်။
အစောကြီးကတည်းက သတင်းကို ကြားသိပြီးထားတဲ့ ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးကလည်း ရောက်လို့လာတယ်။
အလှအပဆိုတာ ဘယ်တုန်းကမှ ကျား၊ မ ဖြစ်တည်မှုနဲ့ ခွဲခြားထားတာ မရှိဘူး။ သူက နေရာမှာပဲ ရပ်နေပြီး စကားတစ်ခွန်းမှမပြောဘဲ အားလုံးရဲ့အာရုံကို ဆွဲဆောင်ထားတော့တယ်။
သူတို့တွေက ရန်ဖေးကို အကြိမ်မရေမတွက်နိုင်အောင် တွေ့ခဲ့ကြဖူးပေမဲ့လည်း သူတို့တွေ တစ်ဖန် ပြန်တွေ့ကြတဲ့အချိန်မှာတော့ အားလုံးက သူတို့မျက်လုံးထဲက အံ့သြရိပ်တွေကို ထိန်းချုပ်ထားဖို့အတွက် ကိုယ့်ဟာကို ထိန်းချုပ်မှုအားလုံးကို လုပ်လိုက်ရတယ်။
ရန်ဖေးက ဒီတစ်ကြိမ်မှာတော့ ပုံမှန်အဝတ်အစား အသွင်အပြင်ကို ဝတ်ဆင်ထားပြီး သူ့မျက်ခုံးကြားတွေထဲလည်း အရင်တုန်းကထက် ပိုပြီးပြတ်သားတဲ့ ရန်လိုမှုတွေရှိနေတယ်။ ဒါပေမဲ့လည်း ဒါကပဲ သူ့ကို အရင်တုန်းကထက် ပိုပြီး သိသားခြားနားသွားစေတဲ့ပုံ ဖြစ်နေတယ်။
သူက နှစ်လိုဖွယ်ခံစားချက်နဲ့ သူရဲကောင်းဆန်ဆန် ခံစားချက်တစ်ခု ရောနှောထားတယ်။
သူ့မှာ နှစ်လိုဖွယ်ခံစားချက်အပြည့် ရှိနေပေမဲ့လည်း ဂိုဏ်းချုပ်တစ်ယောက်ထဲသာ ပိုင်ဆိုင်နိုင်တဲ့ အခွင့်အာဏာပိုင်ဆိုင်ထားတယ်။
လူတွေကသူ့ကို တိုက်ရိုက်မကြည့်ရဲကြပေမဲ့လည်း သူ့ကိုမကြည့်ဘဲလည်း မနေနိုင်အောင်ဖြစ်ရတယ်။
အတိတ်က ရန်ဖေးက အမျိုးသားတွေကို သူ့ကို ချစ်မြတ်နိုးလာအောင်သာ လုပ်နိုင်မယ်ဆိုရင် အခုဒီအချိန်မှာတော့ ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် သူတို့တွေက သူရဲ့ဆွဲဆောင်မှုကို ရင်ဆိုင်နိုင်လိမ့်မှာ မဟုတ်ဘူး။
ချန်ထျန်းဂိုဏ်းချုပ်ကြီးနဲ့ ထျန်းကျီးဂိုဏ်းချုပ်ကြီးကို တွေ့လိုက်ရပြီးတဲ့နောက်မှာ ရန်ဖေးက မသိမသာ ခေါင်းညိတ်ပြလိုက်ပြီး သူ့အသံကလည်း မသိမသာ တိုးညှင်းလို့နေတယ်။
"ဂိုဏ်းချုပ်ကြီးကျန်း၊ ဂိုဏ်းချုပ်ကြီးထျန်း မတွေ့ရတာကြာပြီနော်၊ နှစ်ယောက်သား နေကောင်းကျရဲ့လား"
သူ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ ချန်ထျန်းဂိုဏ်းချုပ်ကြီးက ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး သူ့မျက်နှာပေါ်မှာ တည်ငြိမ်တဲ့ အမူအရာတစ်ခုကို ထိန်းသိမ်းထားတယ်။
ဒါပေမဲ့ လပေါင်းများစွာ အချင်းချင်း မတွေ့ခဲ့ရတာတောင်မှ ဂိုဏ်းချုပ်ကြီးရန်က... အရင်တုန်းကထက် ပိုပြီး ဆွဲဆောင်မှုရှိနေတယ်လို့ ဘာဖြစ်လို့ ခံစားမိနေပါလိမ့်။
ဒီလိုဂိုဏ်းချုပ်ကြီးရန်နဲ့ ရင်ဆိုင်လိုက်ရတဲ့အခါ အဟမ်း.. မဟာအကြီးအကဲက ဟယ်ဟွမ်းဂိုဏ်းရဲ့ ဂိတ်အဝနားမှာ အချိန်အကြာကြီး ရပ်နေတာလည်း မဆန်းတော့ဘူးလေ...
သူက ပြုံးပြီး ပြောလိုက်တယ်။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကြီးရန် စိုးရိမ်ပူပန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ချန်ထျန်းဂိုဏ်းမှာ အရာအားလုံးက အဆင်ပြေနေပါတယ်"
ထျန်းကျီးဂိုဏ်းချုပ်ကြီးကလည်း သူ့မုတ်ဆိတ်မွှေးကိုသပ်လိုက်ပြီး ခပ်တိုးတိုးရယ်က ပြန်ဖြေတယ်။
"ထျန်းကျီးဂိုဏ်းမှာလည်းပဲ အရာအားလုံးက အဆင်ပြေပါတယ်"
သူတို့ရဲ့အဖြေကို ကြားလိုက်ရပြီးတဲ့အခါ ရန်ဖေးက ထင်ထားတဲ့အတိုင်းပဲ ဆိုတဲ့သဘောနဲ့ သူ့ရဲ့နှုတ်ခမ်းထောင့်ကို ပင့်ထားလိုက်ပြီးတဲ့နောက်မှာ သူ့နောက်မှာရှိတဲ့တပည့်တွေကို မသိမသာ ခေါင်းညိတ်ပြလိုက်တယ်။
သူ့အကြည့်က ဘယ်နေရာကိုပဲ ရောက်သွားပါစေ အဲ့ဒီနေရာမှာ ကျဥ်တက်သွားတဲ့ ခံစားချက်တစ်ခုတော့ ရှိနေတုန်းပဲ။ တပည့်အများစုမှာ အမျိုးသားရော အမျိုးသမီးများပါ သူတို့ရဲ့ပေါင်ကို ပြန်ဆိတ်လိုက်ကြပြီးမှ သူတို့က သတိပြန်ဝင်လာအောင် တော်တော်လေး ကြိုးစားယူခဲ့ရတယ်။
ရန်ဖေးကတော့ အားလုံးရဲ့တုံပြန်မှုနဲ့ အသားကျနေတာ တော်တော်လေး ကြာပါပြီ။ သူက တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ်ကို ပြန်လှည့်သွားပြီး သူလုပ်လိုက်တဲ့ လှုပ်ရှားမှုတိုင်းကလည်း ခန့်ငြားမှုအပြည့်ပါပဲ။
"ဂိုဏ်းချုပ်ကြီးတို့ကို ဧည်ခံပေးဖို့အတွက် ယမကာနဲ့ သောက်စရာအချို့ကို ကျွန်တော့်တပည့်တွေကို ပြင်ဆင်ခိုင်းထားပါတယ်"
သူက ကြွပါဆိုတဲ့ ဟန်အမူအရာကို လုပ်ပြလိုက်ပြီး ပြောလိုက်တယ်။
"ဂိုဏ်းချုပ်ကြီးတို့ကလည်း အသေးစိတ်ဆွေးနွေးဖို့အတွက် ယန့်ဟွမ်ခန်းမထဲကို ကြွခဲ့ကြပါ"
အခုတော့ ကြီးမြတ်သူချင်းရွှီ သေဆုံးမဲ့အချိန်က နီးကပ်လို့လာပြီ။ သူက ဝန်လေးနေပေမဲ့လည်း ဟယ်ဟွမ်ဂိုဏ်းရဲ့ သိပ်မဝေးလှတဲ့ အနာဂတ်မှာ ဖြစ်လာမဲ့ ပြဿနာတွေအတွက် ပြင်ဆင်ထားလိုက်တယ်။
ဒီကာလအတွင်းမှာ သူက သူ့ရဲ့စွမ်းအင်တွေကို ဆွဲယူထားပြီး ကြီးမားတဲ့ကွန်ရက်တစ်ခုကို ချထားလိုက်ပြီး ဟယ်ဟွမ်းဂိုဏ်းကို တိုက်ခိုက်လာမဲ့ အင်အားစုအားလုံးက ကြီးမြတ်သူချင်းရွှီမသေခင် ပြန်မသွားနိုင်အောင် ပြင်ဆင်ထားတယ်။
ဒါပေမဲ့လည်း ဒီလိုလုပ်နေရင်းကပဲ ဟယ်ဟွမ်းဂိုဏ်းကလဲ တချို့အထိခိုက်ကို ခံစားခဲ့ရသေးတယ်။
ဒီတော့ အပြင်လောကကလာတဲ့အသံ ပြောလိုက်တဲ့သတင်းက သူ့ကို စိတ်အေးရသလို ခံစားရစေတယ်။
အခုကြီးမြတ်သူချင်းရွှီက ဂိုဏ်းကို စောင့်ရှောက်ပေးနေတာဆိုတော့ ဘယ်အင်အားစုကမှ ဟယ်ဟွမ်းဂိုဏ်းရဲ့ ရန်သူတစ်ယောက် ပေါ်ပေါ်တင်တင် ဖြစ်လာရဲမှာ မဟုတ်တော့ဘူး။
ဒါပေမဲ့ ဟယ်ဟွမ်းဂိုဏ်းကို စိတ်အနှောက်အယှက်ဖြစ်နေစေတဲ့ ပြဿနာကတော့ အဲ့ဒီအင်အားစုတွေ မဟုတ်ဘဲနဲ့...
ဒီအကြောင်းကို စဥ်းစားလိုက်ပြီး အေးစက်သွားတဲ့ အရိပ်အယောင်တစ်ခုက ရန်ဖေးရဲ့မျက်လုံးထဲမှာ ပေါ်လာခဲ့တယ်။
ဒါပေမဲ့လည်း ရုတ်ခြည်းဆိုသလိုမှာပဲ သူက သူ့မျက်နှာအမူအရာကို ပြန်ထိန်းထားလိုက်တယ်။
သူက ဒီကာလအတွင်းမှာ အစီအစဥ်တွေချပြီး အလုပ်များနေတယ်ဆိုပေမဲ့လည်း သူက တခြားဂိုဏ်းက သတင်းတွေအကြောင်းကို အများကြီး သိထားသေးတယ်။
အထူးသဖြင့် လတ်တလောမှာ ချန်ထျန်းဂိုဏ်းက လုပ်ခဲ့တဲ့ ဆူပူမှုတွေက သူ့ကို လျစ်လျူရှုထားလို့မရအောင် ခက်ခဲလှတယ်။
ဒါပေမဲ့လည်း ဒီအကြောင်းကို သေသေချာချာ စဥ်းစားကြည့်မယ်ဆိုရင် ဂိုဏ်းတွေထဲက အပြောင်းအလဲတွေ အားလုံးက လူပုဂ္ဂိုလ်တစ်ယောက်နဲ့ ခွဲခြားလို့မရလေဘူး။ အပြင်လောကက အသံပေါ့လေ...
ဒီအချိန်မှာပဲ ထျန်းကျီးဂိုဏ်းချုပ်ကြီးက ကြီးမားတဲ့ စကားပြောအရည်အချင်းတွေနဲ့ ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးကို ချီးကျူးစကား ပြောဆိုတော့တယ်။
ဟယ်ဟွမ်းဂိုဏ်းက အကြီးအကဲယွီချင်းကအစ ဟယ်ဟွမ်းဂိုဏ်းမှာ တံမြက်စည်းလှည်းပေးတဲ့ အစေခံအဆုံး။ ဟယ်ဟွမ်းဂိုဏ်းရဲ့ အရှိန်အဟုန်နဲ့ တိုးတက်လာတာကအစ လမ်းပေါ်က ဝိညာဥ်သစ်ပင်တွေအဆုံး။ အရာအားလုံးကို ချီးကျူးစကား ပြောလေရဲ့။
ချန်ထျန်းဂိုဏ်းချုပ်ကြီးကတော့ အချိန်အကြာကြီး နားထောင်လာပေမဲ့လည်း ကြားဝင်ဖြတ်ပြောဖို့ နေရာမရှိလေဘူး။
ဒီအခိုက်တန့်မှာပဲ သူက အပြင်လောကကစကားသံ ထုတ်ပြောခဲ့တဲ့ ထျန်းကျီးဂိုဏ်းရဲ့လျှို့ဝှက်ချက်ကို သတိရသွားတယ်။
ထျန်းကျီးဂိုဏ်းရဲ့ ကျင့်ကြံသူတွေအားလုံးက စာအုပ်တစ်အုပ်ကို သေချာပေါက် သင်ကြားလေ့လာရမယ်တဲ့...
ထျန်းကျီးဂိုဏ်းက ဘာသာစကားအနုပညာကို အသုံးချတတ်ဖို့ သင်ပေးတာတဲ့။
အစတုန်းကတော့ ထျန်းကျီးဂိုဏ်းချုပ်ကြီးက ဒါကို လေ့လာခဲ့မယ်လို့ သူ တော်တော်လေးကို မယုံကြည်ခဲ့ဖူးလေ။ အခုတော့ ကြည့်ရတာ ထျန်းကျီးဂိုဏ်းချုပ်ကြီးက ဒါကိုလေ့လာခဲ့တဲ့အပြင် စာအုပ်ကလည်း ထျန်းကျီးဂိုဏ်းချုပ်ကြီး လုပ်ထားတာဖြစ်ပုံပေါ်တယ်။
သူက မျက်လုံးထဲမှာအပြုံးတစ်ခုနဲ့ ထျန်းကျီးဂိုဏ်းချုပ်ကြီးရဲ့ စကားလုံးတွေကို နားထောင်နေတဲ့ ရန်ဖေးကို လှမ်းကြည့်လိုက်ပြီး သူ့စိတ်ထဲမှာ ရုတ်တရက် စဥ်းစားမိလိုက်တယ်။
သူရော အဲ့ဒီစာအုပ်ကိုဝယ်ပြီး ဖတ်ရင်ဘယ်လိုနေမလဲ။
ထျန်းကျီးဂိုဏ်းချုပ်ကြီးက ပြောနေတဲ့စကားကို ရပ်ထားလိုက်ပြီး ချန်ထျန်းဂိုဏ်းချုပ်ကြီးကလည်း အချိန်အကြာကြီး စဥ်းစားနေတာကို ရပ်ထားလိုက်တယ်။ ဒါပေမဲ့လည်း အခုလေးတင် ထျန်းကျီးဂိုဏ်းချုပ်ကြီး မချီးကျူးသွားတဲ့အရာကို မစဥ်းစားနိုင်ဘူး ဖြစ်သွားတယ်။
သူက ခဏလောက် စဥ်းစားလိုက်တယ်။ ဒါပေမဲ့လည်း ရုတ်တရက်ဆိုသလို တစ်ခုခုကို သတိရသွားတဲ့ပုံပဲ။ မတူညီတဲ့ နည်းလမ်းတစ်ခုနဲ့ ပြောလိုက်တယ်။
"ကြည့်ရတာ ကျုပ်တို့ အကြီးအကဲလဲ့ရှန်းရဲ့သတင်း မကြားရတာ တော်တော်ကြာသွားပြီ ထင်တယ်"
"အကြီးအကဲလဲ့ရှန်းရော အခုအဆင်ပြေရဲ့လား မသိဘူး"
သူ့စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ ရန်ဖေးက မရပ်လိုက်ဘဲ သူ့အသံထဲမှာလည်း ကူကယ်ရာမဲ့သွားတဲ့ လေသံအပြည့် ဖြစ်နေတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက အကြီးအကဲလဲ့ရှန်းက ပြောသွားတယ်လေ။ သူက အခွင့်အရေးတစ်ခု သွားရှာရမယ်တဲ့။ ဒါပေမဲ့လည်း အခုထိတော့ ဘာသတင်းမှ မကြားရသေးပါဘူး။
ဒီအချိန်မှာတော့ သူက မသိမသာ ခေါင်းကို စောင်းထားလိုက်ပြီး မျက်လုံးထဲမှာတော့ တောင်းပန်တဲ့အရိပ်အယောင်တစ်ခု ပါနေတယ်။
"ကျွန်တော်က ဂိုဏ်းချုပ်ကြီးကျန်းကို မပြောပြချင်တာ မဟုတ်ပါဘူး။ အကြီးအကဲလဲ့ရှန်းရဲ့ လက်ရှိအခြေအနေကို တကယ်ပဲ မသိလို့ပါ"
ချန်ထျန်းဂိုဏ်းချုပ်ကြီးက ရန်ဖေးရဲ့တောင်းပန်နေတဲ့ အဖြေစကားကို ကြားလိုက်ရတဲ့အချိန်မှာ စိတ်ထဲမှာ အနည်းငယ် နောင်တရသလို ခံစားလိုက်ရတယ်။
ကြည့်ရတာ သူကတော့ ထျန်းကျီးဂိုဏ်းရဲ့စာအုပ်ကို သေသေချာချာလေး လေ့လာဖို့ လိုအပ်နေပြီ ထင်တယ်။
သူက ရန်ဖေးကို နှစ်သိမ့်စကားပြောဖို့ ပါးစပ်ကို ဖွင့်လိုက်တဲ့အချိန်မှာပဲ အင်မတန်မှ ရင်းနှီးလှတဲ့ အသံတစ်ခုက ထပ်ထွက်လာတယ်။
[ကြီးမြတ်သူလဲ့ရှန်းလား]
[ငါရှာပေးပါမယ်~~]
စူးလီက ကြီးစွာသောစိတ်ဝင်စားမှုနဲ့ ဟယ်ဟွမ်းဂိုဏ်း ပတ်ဝန်းကျင်က မြင်ကွင်းတွေကို အစကတည်းက စောင့်ကြည့်လာခဲ့တယ်... အဟမ်း ချောမောခန့်ညားတဲ့ ယောကျာ်းတွေနဲ့ ချောမောလှပတဲ့မိန်းမတွေမှ အများကြီးပါပဲ။ မျက်စိပသာဒ အမှန်တကယ် ဖြစ်ရပါပေတယ်။
ရန်ဖေးရဲ့အဖြေကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူမက မသိမသာ မျက်ခုံးကို ပင့်ထားလိုက်တယ်။
သူက လူတွေရဲ့ရုပ်အသွင်အပြင်ကို အရမ်းကြီး ဂရုမစိုက်ဘူးဆိုပေမဲ့လည်း တချို့တွေကတော့ အရမ်းကို လှပနေကြတာလေ။ သူတို့တွေမှာ သူမအတွက် သူတို့အပေါ် မွေ့လျော်နိုင်တဲ့ဂုဏ်ဒြပ် တစ်ခုတော့ ရှိတယ်လေ။ ဥပမာ ရန်ဖေးပေါ့။ ဥပမာ ရှဲ့ချီယွမ်ပေါ့။
သူမက အကြည့်ကို ပြန်ရုတ်သိမ်းထားလိုက်ပြီး သူ့မရဲ့သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကို ပျင်းပျင်းရိရိနဲ့ ဖွင့်လိုက်တယ်။
[ဟားဟားဟား ကြီးမြတ်သူလဲ့ရှန်းက တကယ်ပဲ အခွင့်အရေးတစ်ခုကို ရှာနေတာပဲ...]
[ဟယ်ဟွမ်းဂိုဏ်းထဲက ကျင့်ကြံသူတစ်ယောက်ချင်းစီက ဘာဖြစ်လို့များ ဒီလိုထူးခြားတဲ့ အခွင့်အရေးတွေကို ရှာနေကြပါလဲ]
[ကြီးမြတ်သူလဲ့ရှန်းရဲ့ အဆင့်တိုးတက်ခြင်းကလည်း ချစ်ခြင်းတရားနဲ့ ပတ်သက်နေတာကိုး။ ဒါပေမဲ့ အကြီးအကဲယွီချင်းတို့ကြားက ကွာခြားချက်ကတော့ အကြီးအကဲလဲ့ရှန်းက သူ ခံစားရမဲ့ ချစ်ခြင်းတရားက ချစ်ဒုက္ခတစ်ခု ဖြစ်နေတာတဲ့]
[ရိုးရိုးရှင်းရှင်း ပြောရမယ်ဆိုရင် ဆက်ဆံရေးတစ်ခုမှာ နှိပ်စက်ခံရလေလေ ကျင့်ကြံခြင်းအဆင့်က ပိုပြီးတော့ မြန်မြန်တိုးတက်လေလေပဲတဲ့]
[သူကလည်း ကြီးမြတ်သူယွီချင်းလိုပါပဲ။ သူက အစတုန်းတော့ ကျင့်ကြံခြင်းအဆင့်က မြန်မြန်ဆန်ဆန် တက်သွားပြီး နှိပ်စက်ခံနေရတာကိုပျော်နေတာလေ...]
[ပေါင်းစပ်ကျင့်ကြံခြင်းအဆင့် နောက်ဆုံးအဆင့်ကို ရောက်သွားပြီးတဲ့အခါမှာတော့ သူက ဘယ်လောက်ပဲ နှိပ်စက်ခံနေပါစေ၊ သူမရဲ့ကျင့်ကြံခြင်းအဆင့်က ဆက်ပြီးတိုးတက်မလာတာကို တွေ့လိုက်ရတယ်လေ]
ဒါကို မြင်လိုက်တဲ့အခါ စူးလီက မနေနိုင်တော့ဘဲ ပြုံးလိုက်တော့တယ်။
[ဒါပေါ့ ကျင့်ကြံရေးလောကထဲက ကျင့်ကြံသူအများစုက ကျင့်ကြံနေတာနဲ့ပဲ အလုပ်များ နေကြတာလေ။ သူတို့မှာ နင့်ကိုရော ငါ့ကိုရော ချစ်ဖို့နဲ့ နှိပ်စက်ဖို့ အချိန်ဘယ်ရှိပါ့မလဲ]
[အဲ့လိုမှ မဟုတ်ဘူးဆိုရင် ကြီးမြတ်သူယွီချင်းက သူကိုယ်တိုင်အတွက် ဒုက္ခခံပြီး ကိုယ်ပွားတစ်ခုကို သန့်စင်နေအုံးမှာလဲ]
[ကြီးမြတ်သူလဲ့ရှန်းကတော့...]
နားစွန့်ထားလို့ ကြားလိုက်ရတဲ့ လူအားလုံးနဲ့ ရန်ဖေးရဲ့မျက်လုံးတွေကတော့ စိတ်ဝင်စားသွားတဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားခဲ့တယ်။
[ဟားဟားဟား သူက သေမျိုးလောကထဲမှာ ဈာပနတစ်ခုအတွက် ယောကျာ်းက သူ့မိန်းမနောက်လိုက်သွားတဲ့ အကြောင်းရေးထားတဲ့ ဝတ္ထုတစ်ပုဒ်ကို ဖတ်ခဲ့တာတဲ့။ သူက အဲ့ဒီတုန်းက ခဏလောက် အထိတ်တလန့်ဖြစ်သွားပြီး ဒီလောကထဲမှာ ဒီလိုနှိပ်စက်တဲ့နည်းလမ်းမျိုး ရှိသေးသလားလို့ လန့်ဖျပ်သွားသတဲ့။ ဒီတော့ သူမကလည်း ဒါကို တောင့်တလာတော့တယ်တဲ့]
[သူက သူရဲ့အထုပ်အပိုးအိတ်ကို ထုတ်ပိုးပြီး သုံးနှစ်လုံးလုံး လျှို့ဝှက်နယ်မြေထဲမှာပဲ နေခဲ့တယ်။ နောက်ဆုံးတော့ သူက သေမျိုးလောကထဲဝင်ဖို့ သော့ကို ရရှိခဲ့တယ်တဲ့]
[ဟားဟားဟား အခုတော့ သူက သူ့ချစ်သူလုဖက်ရဲ့ မြို့တံတိုင်းမှာ ချိတ်ဆွဲတာ ခံထားနေရပြီး သူတို့နှစ်ယောက်ကြားမှာ ရွေးချယ်မဲ့ သူရဲ့ချစ်လှစွာသောခင်ပွန်းကို စောင့်ဆိုင်းနေရတယ်တဲ့။ ဘယ်သူက အသက်ရှင်မှာပါလိမ့်]
[ဒီလို ဒရမ်မာဆန်တဲ့ ဇာတ်အိမ်တစ်ခုက တကယ် ဖြစ်သွားတဲ့သတဲ့... ဟားဟားဟား]
[ကြည့်လိုက်ပါအုံးမယ် ဝိုးးး ကြီးမြတ်သူလဲ့ရှန်းရဲ့ ကျင့်ကြံခြင်းအဆင့်က ...]
[ငါ့အထင်တော့ မြို့တံတိုင်းပေါ်က ပြုတ်ကျသွားပြီးရင် သူက မဟာယနကျင့်ကြံခြင်း အဆင့်ကို ချက်ချင်း ချိုးဖြတ်သွားနိုင်လိမ့်မယ် ထင်တယ်]
[ဒါက ဟယ်ဟွမ်းဂိုဏ်းအတွက် ဘယ်လို ကံကောင်းခြင်းမျိုးပါလိမ့်၊ ခုနတုန်းကျင့်ကြံသူကလည်း လေဟာနယ်ဖြိုခွဲခြင်းအဆင့်ကို အောင်မြင်တော့မယ်။ အခု နောက်ထပ် မဟာယနကျင့်ကြံသူတစ်ယောက်ကလည်း ရောက်လာတော့မယ်တဲ့...]
...