← Chapters

အခန်း ၁၃၇

Vol. 10 Ch. 137

အခန်း ၁၃၇

Vol. 10 Ch. 137

အပိုင်း (၁၃၇)

ချစ်သူလုဘက်နဲ့အတူ မြို့တံတိုင်းမှာ တွဲလောင်းချ ချည်ထားခံရပြီး ကိုယ့်ချစ်သူက ရွေးချယ်မှုလုပ်မှာကို စောင့်ဆိုင်းနေရသတဲ့လား။

ဒီစကားလုံးတွေကို အတူတူတွဲထားလိုက်မယ်ဆိုရင် နည်းနည်းလေး ဇဝေဇဝါ ဖြစ်နိုင်စရာ ရှိနေပေမဲ့လည်း ကောင်းကင်ကလာတဲ့ စကားသံပြောလိုက်တဲ့ အဓိပ္ပာယ်ကို ဒီအတိုင်း အဓိပ္ပာယ်ဖော်ကြည့်မယ်ဆိုရင်တော့...

အကြီးအကဲလဲ့ရှန်းနဲ့ တစ်စုံတစ်ယောက်ကို မြို့တံတိုင်းပေါ်မှာ အတူတူတွဲပြီးတော့ ချည်ထားတယ်။ တစ်စုံတစ်ယောက်က သူတို့ကို လာကယ်မှာကို စောင့်နေတယ်ပေါ့။

ဒါပေမဲ့ ဘာဖြစ်လို့ တစ်ယောက်တည်းကိုပဲ ရွေးချယ်ရမှာလဲ။ ၂ယောက်စလုံးကို ကယ်လို့မရဘူးလား။

မြို့တံတိုင်းပေါ်မှာ သူတို့ကို ချည်နှောင်ထားတဲ့ အဲဒီလူက... သူ့ရည်ရွယ်ချက်က ဘာတွေလဲ။

နောက်ဆုံး လူ၂ယောက်ကို ချည်နှောင်ထားရတဲ့ ခက်ခက်ခဲခဲအလုပ်က ရလဒ်အနေနဲ့ လူတစ်ယောက်ကိုပဲ ကယ်နိုင်ပြီး ကျန်တဲ့တစ်ယောက်ကိုတော့ ချန်ထားရမယ်ဆိုတဲ့ သဘောလား။

ဒါနဲ့များ ဘာလို့ဒုက္ခခံတာ လျော့နည်းသွားအောင် တစ်ယောက်တည်းကိုပဲ ချည်မထားခဲ့တာလဲ။

အပြင်လောကကလာတဲ့ စကားသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ အားလုံးက နားမလည်နိုင်တဲ့ တူညီတဲ့ရုပ်တစ်ခု ဖြစ်သွားကြတယ်။

သူတို့က ဒီအကြောင်းကို အချိန်အကြာကြီး စဉ်းစားလိုက်ပေမဲ့လည်း ဒီလိုထူးဆန်းတဲ့ရွေးချယ်မှုက... ဘာဖြစ်လို့ဖြစ်နေလဲဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေရတယ်။

အားလုံးက အကြီးအကဲလဲ့ရှန်းရဲ့ ကိုးယိုးကားယားနိုင်တဲ့ အခြေအနေပေါ် တမ်းတပြီး သနားပေးရမဲ့ အချိန်မရောက်သေးခင်မှာပဲ အပြင်လောကကလာတဲ့ စကားသံ ပြောလိုက်တာကို ကြားလိုက်ရတယ်။

?

ဒီအတိုင်း... မြို့တံတိုင်းတစ်ခုကနေ ခုန်ချလိုက်တာနဲ့ မဟာယနကျင့်ကြံခြင်းအဆင့်ကို ရောက်သွားမယ်တဲ့လား။

အပြင်လောကကလာတဲ့ စကားသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ အားလုံးရဲ့ခြေလှမ်းတွေက အခိုက်အတန့် တုံ့ဆိုင်းသွားကြပြီး ချန်ထျန်းဂိုဏ်းချုပ်ကြီးနဲ့ ထျန်းကျီးဂိုဏ်းချုပ်ကြီးတို့ကတောင် သူတို့ရဲ့မျက်လုံးထဲမှာ အားကျသွားတဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားတယ်။

ဒါက မဟာယနကျင့်ကြံခြင်း အချိန်ကာလတဲ့လေ။

ကျင့်ကြံရေးလောက တစ်ခုလုံးမှာ မဟာယနကျင့်ကြံသူ ၉၉ယောက်ပဲရှိတယ်။ ကျင့်ကြံသူ တော်တော်များများက မသေဆုံးခင်အထိ ပေါင်းစပ်ကျင့်ကြံခြင်းအဆင့်မှာပဲ ပိတ်မိနေကြတာ။ မဟာယနကျင့်ကြံခြင်းအဆင့်ကို ချိုးဖျက်ဖို့ အခွင့်အရေးတစ်ခုတောင် ဘယ်တော့မှ ရှာမတွေ့နိုင်ခဲ့ဘူး။

မြို့တံတိုင်းပေါ်က ခုန်ချလိုက်ရုံနဲ့ ကျင့်ကြံသူတစ်ယောက်က အဆင့်ကို ချိုးဖျက်နိုင်သွားခဲ့မယ်ဆိုရင် မြို့တိုင်းက လူတိုင်းကလည်း မြို့တံတိုင်းပေါ်ကနေ ခုန်ချဖို့ တန်းစီနေကြတော့မှာပဲ။

ချန်ထျန်းဂိုဏ်းချုပ်ကြီးက အားကျစိတ်နဲ့ အံကြိတ်ထားမိတော့တယ်။

တကယ်လို့ သူသာ မဟာယနကျင့်ကြံခြင်းအဆင့်ကို ချိုးဖျက်နိုင်မယ်ဆိုရင် မြို့တံတိုင်းပေါ်က ခုန်ချဖို့မပြောနဲ့ မြို့တံတိုင်းပေါ်မှာ ရမ္မက်နှိုးဆွစေနိုင်တဲ့ အကကို ကရမယ်ဆိုရင်တောင် ပြဿနာရှိမှာ မဟုတ်ဘူး။

ဒီလိုစဉ်းစားလိုက်ပြီး ချန်ထျန်းဂိုဏ်းချုပ်ကြီးက သူကိုယ်တိုင် သတိမထားမိလိုက်ပါဘဲ သူ့မျက်လုံးထဲမှာ ရင်နာသွားတဲ့ အရိပ်အယောင်တစ်ခုနဲ့ ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးကို ကြည့်လိုက်မိတယ်။

ဟယ်ဟွမ်းဂိုဏ်းရဲ့အနာဂတ်က ဘယ်လိုလုပ်ပြီး အဲဒီလောက်အထိ ကောင်းမွန်နေပါလိမ့်။

အရင်ဆုံးအနေနဲ့ ကြီးမြတ်သူယွီချင်းက လေဟာနယ်ဖြိုခွဲခြင်း ကျင့်ကြံခြင်းအဆင့်ကို ထိုးဖောက်နိုင်မဲ့ အခွင့်အရေးကို ရှာဖွေတွေ့ရှိခဲ့တယ်။ အခုတော့ ကြီးမြတ်သူလဲ့ရှန်းကလည်းပဲ ကျင့်ကြံခြင်းအဆင့်ကို ချိုးဖြတ်နိုင်တော့မယ်ဆိုတာကို သိလိုက်ရတယ်။

ကြည့်ရတာ ဟယ်ဟွမ်းဂိုဏ်းကတော့ အနည်းဆုံးနောက်ထပ် နှစ်၁ထောင်အထိ ပေါများ ကြွယ်ဝနေနိုင်ဦးမှာပဲ။

ရန်ဖေးကလည်း အားလုံးရဲ့မျက်လုံးထဲက အားကျတဲ့အကြည့်ကို ခံစားမိလိုက်ပြီး သူ့မျက်လုံးထဲက ပျော်ရွှင်မှုတွေက အခိုက်အတန့် တည်ငြိမ်သွားပြီးတဲ့နောက်မှာတော့ အဆုံးမရှိတဲ့ အမှောင်ထုတစ်ခုထဲကို နစ်မြုပ်သွားခဲ့တယ်။

ဟယ်ဟွမ်းဂိုဏ်းရဲ့ပြဿနာတွေက ကြီးမြတ်သူတွေ ထပ်ပြီးပေါ်ထွက်လာရင်တောင် အကူအညီဖြစ်မှာ မဟုတ်ဘူးလေ။

သူက လမ်းလျှောက်နေရင်း သူ့ရဲ့မျက်နှာအမူအရာကို ထိန်းညှိထားလိုက်ပြီး မျက်လုံးထဲမှာ အပြုံးတစ်ခုနဲ့ သူ့ကိုကြည့်နေတဲ့ ချန်ထျန်းဂိုဏ်းချုပ်ကြီးကို မသိမသာ ခေါင်းညိတ်ပြလိုက်တယ်။

ဘာပဲဖြစ်ဖြစ်လေ ဟယ်ဟွမ်းဂိုဏ်းမှာ မဟာယနကျင့်ကြံသူတစ်ယောက် ထပ်ပြီးပေါ်လာတဲ့ကိစ္စက ကောင်းတဲ့ကိစ္စပါပဲ။

အနည်းဆုံးတော့ ဒါက ဟယ်ဟွမ်းဂိုဏ်းကို လူတွေ ပိုပြီးလေးစားလာနိုင်အောင် လုပ်နိုင်တယ်လေ။

အနောက်ကနေ ပျင်းပျင်းရိရိနဲ့ လမ်းလျှောက်လာတဲ့စူးလီက သူတို့ရဲ့အမူအရာတွေကို လုံးဝဂရုမစိုက်နိုင်ဘူး။ သူမက စိတ်ဝင်စားခြင်းကြီးစွာနဲ့ ကောင်းကင်စာအုပ်ထဲက စာလုံးတွေကို ကြည့်လိုက်တယ်။

[ကျွတ် ကျွတ် လရောင်ဖြူနဲ့ မှဲ့နီကလေးကြားက ရွေးချယ်ရမဲ့ ဒီဇာတ်အိမ်ကြီးက တော်တော်လေးကို ခေတ်နောက်ကျနေတာပဲ။ ဒါပေမဲ့လည်း ဒါက... လူတွေကို တကယ်ပဲ ရပ်သွားအောင် မလုပ်နိုင်ခဲ့ဘူးလေ]

မြို့တံတိုင်းအောက်မှာတော့ ဆောင်းဦးရဲ့ လေက အလွန်မှ ဆိုးရွားလို့နေတယ်။

လူပေါင်း၁‌ထောင်ပါဝင်တဲ့ စစ်တပ်ကြီးတစ်ခုက ချဉ်းကပ်လာပြီး မြို့တံတိုင်းကို တင်းကြပ်နေအောင် ၀န်းရံထားတဲ့အချိန်မှာ ဒါက မြို့ထဲကို ထိုးဖောက်မဝင်ခင် အချိန်တစ်ခုပဲ လိုတော့တာကို ပြနေတယ်။

ရွှေရောင်ရင့်ရင့်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး မြင်းတစ်ကောင်ကို စီးထားတဲ့ရှောင်နန်ကျစ်က မျက်မှောင်ကြုတ်ထားရင်း မြို့တံတိုင်းပေါ်က ပုံရိပ်၂ခုကို ကြည့်မိတယ်။

မြို့တံတိုင်းပေါ်မှာတော့ ပါးပါးလျလျဝတ်ဆင်ထားတဲ့ အမျိုးသမီး၂ယောက်ကို ချည်နှောင်ထားတယ်။ တစ်ယောက်ကတော့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နူးညံ့သိမ်မွေ့ပြီး လှပပါပေတယ်။ ကျန်တဲ့တစ်ယောက်ကတော့ အနီရောင်ကို ဝတ်ဆင်ထားပြီး မှင်တက်အံ့သြစရာကောင်းလောက်အောင် လှပပေတယ်။

တစ်ယောက်စီကို ချည်နှောင်ထားတဲ့ကြိုးရဲ့ အပေါ်မှာတော့ အင်မတန်မှ ထက်ရှတဲ့ ဓားရှည်တစ်ချောင်း ရှိနေပြီး ဒါက အချိန်မရွေးကြိုးကို ဖြတ်ပစ်နိုင်တဲ့ပုံပဲ။

ကြောက်စရာကောင်းတဲ့ ရုပ်တစ်ခုနဲ့ မုတ်ဆိတ်မွှေးနဲ့ လူတစ်ယောက်က မြို့တံတိုင်းအောက်က လူတွေကို ရိုင်းစိုင်းကြမ်းကြုတ်တဲ့ အပြုအမူတစ်ခုနဲ့ ပြောလိုက်တယ်။

"ရှောင်နန်ကျစ် မင်းက ဘယ်အရာကိုမဆို လုပ်နိုင်တဲ့ သဘာဝတရားက သတ်မှတ်ထားတဲ့ မင်းဧကရာဇ်တစ်ယောက်လို့ ကြေညာခဲ့တယ် မဟုတ်လား"

"မင်းက တစ်ချိန်တည်းမှာ ဒီမိန်းမ၂ယောက်စလုံးကို ကယ်နိုင်မလားဆိုတာ မှန်းစမ်း"

ရှောင်နန်ကျစ်က မြို့တံတိုင်းပေါ်က လူ၂ယောက်ကို ကြည့်လိုက်ပြီး လုံးဝကို မသိမြင်နိုင်တဲ့ စိုးရိမ်တဲ့အရိပ်တစ်ခုက သူ့မျက်လုံးထဲမှာ ဖျတ်ခနဲလက်သွားတယ်။

အဲဒီနောက်မှာတော့ သူက မုတ်ဆိတ်မွှေးနဲ့လူကို ရက်စက်ကြမ်းကြုတ်စွာကြည့်လိုက်ပြီး လက်တစ်ဖက်ကို ဓားပေါ်တင်ထားလိုက်ကာ တစ်လုံးချင်းစီ ပြောလိုက်တယ်။ "မင်း အခုနေ သူတို့တွေကို လွှတ်ပေးမယ်ဆိုရင် ငါ မင်းရဲ့ခန္ဓာကိုယ်ကို အကောင်းတိုင်းဖြစ်အောင် ချန်ထားပေးနိုင်တယ်"

"ခန္ဓာကိုယ်ကို အကောင်းအတိုင်းဖြစ်အောင် ချန်ထားပေးနိုင်တယ် ဟုတ်လား" ထိုလူက ရိုင်းစိုင်းစွာ ရယ်မောလေတယ်။ "မင်း ဒီမိန်းမ၂ယောက်ကို စိုးရိမ်နေသင့်တာပါ။ သူတို့တွေက ခန္ဓာကိုယ်အကောင်းအတိုင်း ရှိနေနိုင်ပါ့မလား"

"တစ်ယောက်က မင်းနဲ့အတူတူ ကြီးပြင်းလာခဲ့တဲ့ ငယ်ချစ်ဦးဖြစ်ပြီး တကယ်ကို စကားအရာကျွမ်းကျင်တဲ့ မိန်းကလေးတစ်ယောက်ပဲ။ ကျန်တဲ့တစ်ယောက်ကတော့ မင်းနဲ့အတူ လောကကြီးကို သိမ်းပိုက်တဲ့နေရာမှာ ကူညီပေးပြီး သေအတူရှင်မကွာ ဖြတ်သန်းပေးခဲ့တဲ့ အမျိုးသမီးကျူးကယ်လျန့် တစ်ယောက်ပဲ..."

သူက ရူးသွပ်ပုံ ပေါ်‌နေပေမဲ့လည်း သူ့အသံက အလွန်မှ သိမ်မွေ့ညင်သာပြီး စိတ်လှုပ်ရှားနေပုံ ပေါ်နေတယ်။ "ကျုပ်တို့ရဲ့ သဘာဝတရားက သတ်မှတ်ပေးထားတဲ့ မင်းဧကရာဇ်က ဘယ်တစ်ယောက်ကို ကယ်ချင်သလဲဆိုတာ ကြည့်ရအောင်"

သူ့စကားဆုံးပြီးသွားတဲ့နောက်မှာပဲ သူက လက်ကို ခပ်ကြမ်းကြမ်း ဝှေ့ရမ်းလိုက်ကာ သူ့အသံထဲမှာလည်း ပျော်ရွှင်မှု အရိပ်အယောင်တစ်ခု ဆောင်နေတယ်။ "လုပ်တော့"

ရှောင်နန်ကျစ်က သွေးကြောများနီရဲနေတဲ့ မျက်လုံးတွေနဲ့ မြို့တံတိုင်းပေါ်က ပုံရိပ်၂ခုကို လှမ်းကြည့်လိုက်တယ်။ ဒါပေမဲ့လည်း သူ့ခန္ဓာကိုယ်က အမှတ်တမဲ့ဆိုသလို ဖြူဆုပ်နေတဲ့ အဖြူရောင်ဘက်ကို ပျံသန်းသွားခဲ့တယ်။

ရော့ယွင်က အားနည်းပြီးတော့ သိုင်းပညာလည်း မတတ်ဘူးလေ။ တကယ်လို့ သူသာ သူမကို မကယ်ဘူးဆိုရင် သူက သေသွားနိုင်တဲ့ အန္တရာယ် ကြုံရလိမ့်မယ်။ ဒါပေမဲ့ ထန်ရှကတော့ လုံးဝကို မတူဘူး။ သူက သိုင်းပညာမှာ ကျွမ်းကျင်တဲ့သူတစ်ယောက်။ မြို့တံတိုင်းပေါ်ကနေ ကျသွားမယ်ဆိုရင်တောင် အသက်ရှင်နိုင်လိမ့်မယ်။

သူက ဘာကိုမှ မစဉ်းစားတော့ဘူး။ ထန်ရှက သိုင်းပညာရှင်တစ်ယောက် ဖြစ်တယ်ဆိုတာ အားလုံးက သိထားတဲ့အတွက် ရန်သူက ဘယ်လိုလုပ်ပြီး မပြင်ဆင်ထားဘဲနေမှာလဲ။

ထန်ရှတစ်ယောက်ကတော့ သေရေးရှင်ရေး တံခါးဝရောက်နေတဲ့ သူရဲ့ချစ်ရသူကို တွေ့လိုက်ရပြီး တခြားတစ်ယောက်ကို ကယ်တင်ဖို့ ရွေးချယ်လိုက်တာကို တွေ့လိုက်ရတယ်။

သူမရဲ့ခန္ဓာကိုယ်က အဆက်မပြတ်အောက်ကို ပြုတ်ကျလာပြီး စိတ်လှုပ်ရှားဝမ်းသာမှုကို ဖုံးကွယ်ထားဖို့အတွက် သူမရဲ့မျက်လုံးတွေကို ရုတ်တရက် မှိတ်ထားလိုက်တော့တယ်။

ထင်ထားတဲ့အတိုင်းပါပဲ။ သေမျိုးလောကထဲက ချစ်ဝဋ်ဒုက္ခတွေက ပိုပြီးတော့ သိပ်မွေ့နက်နဲပြီး စိတ်လှုပ်ရှားစရာကောင်းတယ်။

သူမက သူမရဲ့စွမ်းအင်ဗဟိုချက်ထဲမှ လှိုက်တက်လာတဲ့ ဝိညာဉ်စွမ်းအင်တွေကို ခံစားမိလိုက်ပြီး သူမက အော်ဟစ်မိလုမတတ်ကို စိတ်လှုပ်ရှားသွားတော့တယ်။ နောက်ဆုံးတော့ ရောက်လာပြီ။

သူမမှာ နှစ်ပေါင်းရာချီအောင် ခက်ခက်ခက်ခဲကြိုးစားခဲ့ရပြီး သေမျိုးလောကထဲကို လာရတဲ့အထိ ဖြစ်ခဲ့ရတယ်။ နောက်ဆုံးတော့ သူမက ချိုးဖျက်နိုင်မဲ့ အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းခဲ့ရပြီလေ။

ရှောင်နန်ကျစ်က သူ့ရင်ခွင်ထဲမှ လူတစ်ယောက်ကို ပွေ့ဖက်ထားပြီး မြေကြီးပေါ်ကို အသာအယာ ပြန်ရပ်လိုက်တယ်။ ရှန်ရော့ယွင်က ဘာဒဏ်ရာမှ မရဘူးဆိုတာ မြင်လိုက်ရပြီးတဲ့နောက်မှာ သူက အချိန်နှောင်းသွားမှ ထန်ရှရှိရာဘက်ကို ကြည့်လိုက်မိတယ်။ ထန်ရှကို ဝန်းရံထားတဲ့ လှိုင်းပြင်းထန်နေတဲ့ ဝိညာဉ်စွမ်းအင် အလင်းရောင်ကို မြင်လိုက်ရပြီးတဲ့ခါ သူက ငေးကြောင်ကြောင်နဲ့ နေရာမှာတင် အေးခဲသွားတော့တယ်။

ဒီအချိန်မှာပဲ လူပေါင်းရာထောင်ချီက ကိုယ်တိုင်မျက်မြင် တွေ့လိုက်ရတယ်။ ကောင်းကင်ကြီးက ပန်းဆီရောင်တိမ်တွေနဲ့ တောက်ပလို့ပါပဲ။ လေထဲမှာရောက်နေတဲ့ထန်ရှက သူမ ပတ်ဝန်းကျင်က အလင်းရောင်တွေကို ဖြည်းဖြည်းချင်း စုပ်ယူလို့နေတယ်။ ငှက်တွေက သူမဘေးက ကောင်းကင်မှာ ဝိုင်းရံပြီး ပျံနေကြတယ်။ မြင်းတပ်လက်အောက်က မြင်းတွေကလည်း မြေကြီးပေါ်မှာ တလေးတစားနဲ့ ဝပ်တွားနေကြလေရဲ့။

သားရဲအားလုံးက လက်မြောက်အရှုံးပေးလိုက်ကြတယ်။

သူမက သူမရဲ့မျက်လုံးကို ပြန်ဖွင့်လိုက်တဲ့အချိန်မှာ ရှောင်နန်ကျစ်အတွက် သူမ ထားရှိခဲ့တဲ့ ချစ်ခြင်းတစ်စုံတစ်ရာမှ မကျန်ရှိလေတော့ဘူး။

ဒီအချိန်မှာတော့ သူမက မြေကြီးပေါ်ကို ဆင်းသက်လာခဲ့တဲ့ နတ်ဘုရားတစ်ပါးလို အလွန်မှ သိမ်မွေ့နူးညံ့ပြီး တစ်စိမ်းတရံဆန်နေပေမဲ့လည်း ထည်ဝါခန့်ညားမှု အပြည့်ဖြစ်နေတယ်။

ရှောင်နန်ကျစ်က နောက်ဆုံးတော့ သတိပြန်ဝင်လာခဲ့တယ်။ ဒီလိုဖြစ်နေတဲ့ထန်ရှကို ကြည့်လိုက်ပြီး သူက ရှန်ရော့ယွင်ကို ဖက်ထားတဲ့ သူ့လက်တွေကို အမှတ်တမဲ့ လွှတ်မိသွားတယ်။ ရှန်ရော့ယွင်က နောက်ကို ခြေ၂လှမ်းလောက် ယိမ်းယိုင်သွားပေမဲ့လည်း သူက သူမကိုတောင် လှည့်မကြည့်နိုင်အားဘူး။

သူ့မျက်လုံးတွေထဲမှာ သူကိုယ်တိုင်တောင် သတိမထားမိလိုက်တဲ့ ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ဖြစ်သွားတယ်။ "ထန်အာ ကျေးဇူးပြုပြီးတော့ ကိုယ်ရှင်းပြတာကို နားထောင်ပေးပါ။ ကိုယ်က ဒီအတိုင်း..."

ကြီးမြတ်သူလဲ့ရှန်းက သူ့ကို တည်တည်ငြိမ်ငြိမ်နဲ့ လှမ်းကြည့်လိုက်ပြီး ဘာမှမဖြစ်သလို ပြောလိုက်တယ်။ "မင်းကြီး ရှင်းပြစရာမလိုပါဘူး။ ဒါက ကျွန်မအတွက်တော့ ဒုက္ခတစ်မျိုးပါပဲ"

"ရှင်က ကျွန်မကို ဒုက္ခကနေ ကျော်ဖြတ်နိုင်အောင် ကူညီပေးခဲ့တယ်။ ကျွန်မကလည်း ရှင့်ကို လောကကြီးကို သိမ်းယူနိုင်အောင် ကူညီပေးခဲ့တယ်။ အခုအချိန်ကစပြီး ကျွန်မတို့မှာ ဘာမှအချင်းချင်း အကြွေးတင်တယ်ဆိုတာ မရှိတော့ဘူး"

သူမက သူမခန္ဓာကိုယ်ထဲမှ လှိုက်တက်နေတဲ့ စွမ်းအင်ကို ခံစားမိလိုက်ပြီး ရှောင်နန်ကျစ်ကို လှည့်ပင်မကြည့်တော့ဘဲ လောကကြီးကို စည်းတားထားတဲ့ အမှတ်အသားနေရာဆီကို တန်းတန်းမတ်မတ် ပျံသန်းသွားခဲ့တယ်။

သေမျိုးလောကက သူမအဆင့် ကျော်ဖြတ်နေစဉ် ထုတ်လွှတ်ခဲ့တဲ့ ဝိညာဉ်စွမ်းအင်တွေကို ဒီအတိုင်း ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးလေ။ ဒီတော့ သူမက တတ်နိုင်သလောက် ကျင့်ကြံရေးလောကထဲကို ပြန်သွားမှဖြစ်မယ်။

အသက်ဆယ်ရှိုက်စာလောက် ပျံသန်းပြီးသွားတဲ့အခါ သူမက နေရာမှာ ရုတ်တရက် ရပ်တန့်သွားပြီး တစ်ခုခုကို သတိရသွားတဲ့ပုံပါပဲ။

သူ့မက ကိုယ်ကိုပြန်လှည့်လိုက်ပြီး သူမနောက်က အရိပ်ကိုတောင် မမြင်နိုင်တော့တဲ့မြို့ကို ကြည့်လိုက်တယ်။ နားမလည်နိုင်တဲ့ အရိပ်အယောင်တစ်ခုက သူမမျက်လုံးထဲမှာ ဖျတ်ခနဲ ပေါ်သွားပြီးတဲ့နောက်မှာ သူမက ဆုံးဖြတ်ချက်ချထားတဲ့ပုံနဲ့ လာရာလမ်းအတိုင်း ပြန်လှည့်လာလိုက်တယ်။

မြို့တံတိုင်းပေါ်က မုတ်ဆိတ်နဲ့လူက အခြေအနေတစ်ခုလုံးကို စောင့်ကြည့်လိုက်ပြီး သတိပြန်ဝင်လာတဲ့အချိန်မှာတော့ သူ့မျက်လုံးထဲမှာ ရူးသွပ်တဲ့အပြုံးတစ်ခုနဲ့ ပြည့်နေတော့တယ်။

"သဘာဝတရားကနေ အပ်နှင်းထားတယ်ဆိုတဲ့ ဘုရင်မင်းမြတ်ကြီးက မသေမျိုး အမျိုးသမီးတစ်ယောက်ရဲ့ ငြင်းပယ်ခြင်း ခံလိုက်ရပြီလေ။ မင်းက သူ့နောက်ကို လိုက်သွားရဲသေးတယ်။ မင်းက မသေမျိုးကျင့်ကြံသူတွေရဲ့ အမျက်ဒေါသကို မကြောက်လို့လား"

သူ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ထောင်သောင်းချီတဲ့ရဲမက်တွေက မလှုပ်မယှက် ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့လည်း သူတို့ရဲ့မျက်လုံးထဲမှာတော့ ကြောက်ရွံ့သွားတဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားလေရဲ့။

ဟုတ်တယ်။ ခုနတုန်းက လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ဖြစ်သွားခဲ့တာပဲ။

မင်းကြီးက နတ်ဘုရားကို ပစ်မှားခဲ့မိတယ်။ မင်းကြီးက တကယ်ပဲ...

သူ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ရှောင်နန်ကျစ်ရဲ့မျက်နှာက ရုတ်တရက်ဆိုသလို ညိုမည်းသွားပြီး သူက အခုလေးတင်မှ ကယ်တင်ခံလိုက်ရတဲ့ ရှန်ရော့ယွင်ကို ညိုမည်းနေတဲ့ မျက်နှာတစ်ခုနဲ့ ကြည့်လိုက်တယ်။

ရှန်ရော့ယွင်က ရှောင်နန်ကျစ်ရဲ့‌ အေးစက်ပြီး ရွံရှာနေတဲ့အကြည့်ကို ခံစားမိလိုက်တဲ့အခါ သူမရဲ့နှလုံးသားမှာ တဖြည်းဖြည်း လေးလံလာတော့တယ်။

သူမနဲ့ ရှောင်နန်ကျစ်တို့က အတူတူကြီးပြင်းလာခဲ့တာလေ။ ဒီတော့ သူက ဘယ်လောက်အထိ အတ္တဗဟိုပြုပြီး ဘယ်လောက်အထိ အတ္တကြီးတယ်ဆိုတာကို သူမက သိတာပေါ့။

ဒီနေ့ဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ရင် သူက ဒီအချက်အပေါ် ဘယ်တော့မှ ပြန်သုံးသပ်မှာလည်း မဟုတ်သလို သူမအပေါ် အပြစ်တွေပဲတင်ပြီး သူမကဘာဖြစ်လို့ အဲ့ဒီနေရာမှာ ပေါ်လာတာလဲ။ သူမက ဘာဖြစ်လို့ သူ့ကိုမြှူဆွယ်ခဲ့တာလဲ။ သူက ထန်ရှကိုကယ်တင်ဖို့ ဘာဖြစ်လို့ လက်လျှော့ခဲ့တာလဲဆိုတာကိုပဲ တွေးနေလိမ့်မယ်။

လူအများကြီးရဲ့ဒေါသကို ဖြေသိမ့်ပေးဖို့အတွက် သူမက ရှောင်နန်ကျစ်ရဲ့ဓားအောက်မှာ အသတ်ခံရနိုင်တယ်။

ရှန်ရော့ယွင်က သူမရဲ့မျက်လုံးတွေကို မှိတ်ထားလိုက်တယ်။ သူမက ထန်ရှကို ဆန့်ကျင်ဖို့ အတိုင်းထက်အလွန် ကြိုးစားခဲ့ပြီး သူမရဲ့လက်ရှိရာထူးကို တက်ဖို့အတွက် ရှောင်နန်ကျစ်ကိုလည်း မြှူဆွယ်ခဲ့တယ်လေ။

ရလဒ်က ဒီလိုဖြစ်လာမယ်ဆိုတာ ထင်မထားရုံသက်သက်ပဲ။

ဒီအခိုက်မှာတော့ ရင်းနှီးလှတဲ့ပုံရိပ်တစ်ခုက လေထဲမှာ ရုတ်တရက် ပေါ်လာခဲ့တယ်။

ရှောင်နန်ကျစ်ရဲ့မျက်လုံးတွေက အံ့ဩမှုအပြည့် ဖြစ်သွားတယ်။ သူက နက်ရှိုင်းတဲ့ ချစ်မေတ္တာတွေနဲ့ အသစ်ရောက်လာတဲ့သူကို ကြည့်လိုက်ပြီး သူက သူမကို တစ်သက်လုံး ချစ်ခင်သွားတော့မဲ့ပုံပဲ။

"ထန်အာ မင်းရဲ့နှလုံးသားထဲမှာ ကိုယ်ရှိသေးတယ်ဆိုတာ ကိုယ်သိပါတယ်..."

သူ့စကားမဆုံးခင်မှာပင် ပန်းဆီရောင်လင်းလက်နေတဲ့ဝတ်စုံကို ဝတ်ဆင်ထားတဲ့ထန်ရှက သူ့ကို ဖြတ်သွားပြီး ရှန်ရော့ယွင်ဆီ တန်းတန်းမတ်မတ် လျှောက်သွားကာ သူမရဲ့ညာဘက်လက်ကို ဆန့်ပေးလိုက်တာကို တွေ့လိုက်ရတယ်။

"ရှင် ကျွန်မနဲ့ လိုက်ခဲ့ချင်လား" ကြီးမြတ်သူလဲ့ရှန်းက မျက်လုံးထဲမှာ လေးစားအားကျမှုအပြည့်နဲ့ နူးညံ့ပျော့ပြောင်းပြီး သန့်ရှင်းစင်ကြယ်တဲ့ လှုပ်ရှားမှုနဲ့ ရှန်ရော့ယွင်ကို ကြည့်လိုက်တယ်။

ဒီရုပ်ရည်၊ ဒီနည်းလမ်း၊ ဒီအကျင့်စရိုက်နဲ့ဆိုရင်... တစ်ချက်လောက်ကြည့်လိုက်တာနဲ့ သူက ဟယ်ဟွမ်းဂိုဏ်းရဲ့ တပည့်ကောင်းတစ်ယောက် ဖြစ်နိုင်တယ်။ တကယ်လို့ သူမသာ ဒီအခွင့်အရေးနဲ့ လွဲချော်ခဲ့မယ်ဆိုရင် ဒီကိစ္စနဲ့ပတ်သက်ပြီး နောင်တရမိတာနဲ့ပဲ နေ့တိုင်း ညသန်းခေါင် လန့်လန့်နိုးလာနိုင်တယ်။

ရှန်ရော့ယွင်က ခေါင်းကို မော့ကြည့်လိုက်ပြီး သူမရှေ့မှာ ရပ်နေတဲ့ထန်ရှကို တအံ့တဩနဲ့ ကြည့်လိုက်တယ်။ သူမက မသဲမကွဲ ရေရွတ်လိုက်တယ်။ "ဘာဖြစ်လို့လဲ"

"ကျွန်မ ရှင့်ကို အရင်က အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့တယ်ဆိုတာ ထင်ရှားနေတာပဲ..."

ကြီးမြတ်သူလဲ့ရှန်းက သူမရဲခန္ဓာကိုယ်ထဲမှာ စုစည်းထားတဲ့ ဝိညာဉ်စွမ်းအားတွေကို ခံစားလိုက်ပြီး လိုရင်းတိုရှင်းပဲ ပြောလိုက်တယ်။ "ကျင့်ကြံရေးလောကက ရှင့်လို အရည်အချင်းနဲ့လူကို လိုအပ်တယ်လေ"

"ထန်အာ မင်းက ဒီမိန်းမယုတ်ကို မင်းနောက်ကို လိုက်ခဲ့စေချင်နေတာလား"

ရှောင်နန်ကျစ်ရဲ့အမူအရာက ရုတ်ခြည်းဆိုသလို အေးခဲသွားခဲ့တယ်။ သူက မယုံမကြည်နဲ့ ပြောလိုက်တယ်။ "ကိုယ်က မင်းရဲ့ခင်ပွန်းဆိုတာ သိသာနေတာပဲ။ မင်း ခေါ်သွားသင့်တဲ့သူက ကိုယ်ပဲ ဖြစ်သင့်တာပေါ့"

ဒါက ဘုရင်တစ်ပါးရဲ့ ထီးနန်းတစ်ခုပဲလေ။ ဘယ်လိုလုပ်ပြီး မသေမျိုးကျင့်ကြံခြင်းရဲ့ဆွဲဆောင်မှုနဲ့ နှိုင်းယှဉ်နိုင်မှာလဲ။

ရှန်ရော့ယွင်က ရှောင်နန်ကျစ်ရဲ့စကားလုံးတွေကို နားထောင်လိုက်ပြီး ပြတ်သားလှတဲ့အကြည့်တစ်ခုနဲ့ ထန်ရှရဲ့လက်ကို လှမ်းဆွဲလိုက်တယ်။ "ရော့ယွင်က ဒီနေရာကနေ ထွက်ခွာဖို့ ဆန္ဒရှိပါတယ်"

ဖြစ်လာနိုင်တဲ့ အဆိုးဆုံးအခြေအနေက သူမက ထန်ရှကိုယ်တိုင်သတ်တာ ခံလိုက်ရုံပဲပေါ့။ ဒါက ရှောင်နန်ကျစ်နဲ့ အတူတူနေတာလောက်တော့ ပိုပြီးဆိုးရွားမှာ မဟုတ်ဘူးလေ။

ဟယ်ဟွမ်းဂိုဏ်းမှာ အပြင်လောကကလာတဲ့အသံက ခပ်တိုးတိုးလေး ထွက်လာခဲ့တယ်။

[အခုဆိုရင် ကြီးမြတ်သူလဲ့ရှန်းက ရှန်ရော့ယွင်ကို ကျင့်ကြံခြင်းလောကထဲကို ခေါ်လာနေပြီ...]

[ဟားဟားဟား ဒီတော့ ရှောင်နန်ကျစ်က ဒီတစ်ခါ သိလိုက်ပြီလေ။ မှဲ့နီကလေးကလည်း ထွက်ပြေးသွားပြီ။ လရောင်ဖြူကလည်း မှဲ့နီကလေးနဲ့ လိုက်ပြေးသွားပြီ]

[ဒါက မိန်းမလှလေးနဲ့ စစ်တပ်ကြီး၂ခုစလုံးကိုပါ ဆုံးရှုံးလိုက်ရတာပဲ...]

ကြီးမြတ်သူလဲ့ရှန်း၊ ရှန်ရော့ယွင်နဲ့ ရှောင်နနန်ကျစ်တို့ကြားက အချစ်၊ အမုန်း၊ အာဃာတတရားတွေကို ရှင်းပြနေတဲ့ အပြင်လောကကလာတဲ့အသံကို လူတိုင်းက ကြားလိုက်ကြတယ်။

ဒီလိုအတက်အကျဖြစ်နေတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို နားထောင်လိုက်ပြီးတဲ့နောက်မှာ အားလုံးက မျက်နှာပေါ်မှာ ယစ်မူးသွားတဲ့အကြည့်တစ်ခု ဖြစ်သွားတော့တယ်။

အထူးသဖြင့် ကြီးမြတ်သူလဲ့ရှန်း ခံစားခဲ့ရတဲ့ နစ်နာမှုတွေကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူတို့အားလုံးက ကိုယ်ချင်းစာစိတ်နဲ့ လက်သီးကို တင်းနေအောင်ဆုပ်ထားလိုက်ပြီး ကြီးမြတ်သူအတွက် သူတို့ရဲ့ဒေါသတွေကို ဖွင့်ချချင်စိတ်တော့ ဖြစ်သွားခဲ့တာပါပဲ။

နောက်ဆုံးရလဒ်ကို ကြားလိုက်ပြီးတဲ့နောက်မှာတော့ လူတော်တော်များများက စိတ်အေးသွားကာ သက်ပြင်းချလိုက်တယ်။

တော်ပါသေးရဲ့။

ဒီလိုရက်စက်ပြီး ထူးခြားဆန်းကြယ်ပေမဲ့လည်း လွန်ဆန်နိုင်စရာမရှိတဲ့ ကိစ္စတွေက သေမျိုးလောကထဲမှာ ဖြစ်ပျက်နေလိမ့်မယ်လို့ လုံးဝထင်မထားခဲ့ဘူးလေ။

ကြီးမြတ်သူလဲ့ရှန်းက ဝဋ်ဒုက္ခတွေကို အတွေ့အကြုံယူဖို့ သေမျိုးလောကထဲ ဝင်သွားဖို့ ရွေးချယ်ခဲ့တာလည်း မဆန်းတော့ပါဘူး။

အားလုံးက ပြုံးပြီး ကျေနပ်သွားတဲ့ရုပ်ဖြစ်သွားတဲ့ အချိန်မှာပဲ အပြင်လောကကလာတဲ့အသံက ထပ်ပြီးပြောလိုက်တော့တယ်။

...

All Chapters