← Chapters

အခန်း ၁၃၈

Vol. 10 Ch. 138

အခန်း ၁၃၈

Vol. 10 Ch. 138

အပိုင်း (၁၃၈)

[ကြီးမြတ်သူလဲ့ရှန်းက ဂိုဏ်းနဲ့ပတ်သက်ပြီး အဲဒီလောက် ဂရုစိုက်တတ်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ။ သူက ဝဋ်ဒုက္ခ ကျော်ဖြတ်နေတဲ့အချိန်မှာတောင် ဂိုဏ်းအတွက် မျိုးစေ့ကောင်းတွေကို ရှာပေးဖို့ ဘယ်တော့မှ မမေ့ခဲ့ဘူးလေ။ ဟားဟားဟား...]

[ဒါပေမဲ့ ဒီရှန်လော့ယွမ်ရဲ့ အရည်အချင်းကလည်း... တကယ်ကောင်းမွန်တာပဲ]

[ကြီးမြတ်သူလဲ့ရှန်းထက် လုံးဝမလျော့လေဘူး...]

[ကျွတ် ကျွတ် ဟယ်ဟွမ်းဂိုဏ်းကတော့ နောက်ထပ်ရတနာတစ်ခုကို ကောက်ရခဲ့တာပဲ]

ဟယ်ဟွမ်းဂိုဏ်းရဲ့ကျင့်ကြံသူတွေကလွဲရင် တခြားဂိုဏ်းတွေရဲ့ ကျင့်ကြံသူတွေရဲ့မျက်နှာပေါ်ကအပြုံးက တောင့်တင်းသွားတော့တယ်။

ဒီဟယ်ဟွမ်းဂိုဏ်းရဲ့ကံကောင်းခြင်းက.. .အရမ်းကို အားကျဖို့ကောင်းနေတာပဲ။ ဟုတ်တယ်မလား။

အားလုံးက သူတို့နားထောင်ချင်တဲ့ဇာတ်လမ်းတွေကို နားထောင်ပြီးသွားတဲ့အခါ ရန်ဖေးက ထရပ်လိုက်ပြီး အပြုံးတစ်ခုနဲ့ ပြောလိုက်တယ်။ "ဒီနေရာကို ရောက်လာကြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အားလုံးကို ကြိုဆိုမဲ့ပွဲလေးတစ်ခု လုပ်ပေးဖို့ ကျွန်တော် တပည့်တွေကို ခိုင်းထားပါတယ်"

ပြောလိုက်ပြီးတဲ့နောက်မှာတော့ သူက ဂိုဏ်းချုပ်ကြီး၂ယောက်ရှိတဲ့ဘက်ကို မသိမသာလေး လှည့်လိုက်တယ်။ "တကယ်လို့ ဂိုဏ်းချုပ်ကြီးကျန်းနဲ့ ဂိုဏ်းချုပ်ကြီးထျန်းတို့က စိတ်မရှိဘူးဆိုရင် ယန့်ဟွမ်ခန်းမထဲကို အတူတူသွားကြမလား"

ချန်ထျန်းဂိုဏ်းချုပ်ကြီးနဲ့ ထျန်းကျီးဂိုဏ်းချုပ်ကြီးတို့က အချင်းချင်းကြည့်လိုက်ကြပြီး ဖြစ်လာတော့မဲ့ အကြောင်းအရာကို သိတဲ့သူက ပိုပြီးနည်းလေလေ ပိုပြီးကောင်းလေလေဆိုတာကို သိကြတယ်။

သူတို့က ခေါင်းညိတ်ပြလိုက်ပြီး ယန့်ဟွမ်ခန်းမကို ရန်ဖေးနဲ့အတူတူ လျှောက်သွားတော့တယ်။

...

ယန့်ဟွမ်ခန်းမထဲမှာ

ရန်ဖေးက ဘယ်သူမှ ခိုးနားထောင်လို့မရအောင် မှော်စက်ဝန်းတခုကို အသက်သွင်းပြီး ပိတ်ဆို့ထားလိုက်တယ်။

ချန်ထျန်းဂိုဏ်းချုပ်ကြီးနဲ့ ထျန်းကျီးဂိုဏ်းချုပ်ကြီးတို့ ပြန်ပြောပြတဲ့ သူ့ဂိုဏ်းက ကိစ္စရပ်တွေအကြောင်းကို အကျဉ်းချုပ် နားထောင်ပြီးတဲ့နောက်မှာတော့ သူက ပင်ပန်းနွမ်းနယ်သွားတဲ့ရုပ်နဲ့ မျက်လုံးကို မှိတ်ထားမိလိုက်တယ်။

ချန်ထျန်းဂိုဏ်းရဲ့ မြင့်မြတ်သားရဲနဲ့ ထျန်းကျီးဂိုဏ်းရဲ့ မြင့်မြတ်မှော်လက်နက်...

ထင်ထားတဲ့အတိုင်းပဲ။ တခြားဂိုဏ်းတွေရဲ့ အုတ်မြစ်တွေကလည်း ဖျက်ဆီးခံခဲ့ရတယ်။

ဟယ်ဟွမ်းဂိုဏ်းရဲ့ အုတ်မြစ်ကတော့ ဝူတင်း မြင့်မြတ်အစွမ်းသစ်ပင်လေ။

ဒီမြင့်မြတ်သစ်ပင်ကို ဟယ်ဟွမ်းဂိုဏ်းကို တည်ထောင်တဲ့သူက ချန်ထားရစ်ခဲ့ပေးပြီး ဟယ်ဟွမ်းဂိုဏ်းကို နှစ်ပေါင်း၂၀၀၀ကျော်ကြာအောင် ကာကွယ်ပေးလာခဲ့တာ။

ဒီမြင့်မြတ်သစ်ပင်တည်ရှိနေလို့ပဲ ဟယ်ဟွမ်းဂိုဏ်းရဲ့တပည့်တွေက သူတို့ရဲ့မူလရည်ရွယ်ချက်ကို ဆက်ပြီးတွယ်ကပ်သွားနိုင်ပြီး ချစ်ခြင်းတရားထဲမှာ မွေ့လျော်မနေဘဲ ချစ်ခြင်းတရားကို အသုံးချနိုင်ခဲ့တာ။ ဒီအတွက်ကြောင့်ပဲ ကြီးမြတ်သူယွိချင်းနဲ့ ကြီးမြတ်သူလဲ့ရှန်းတို့ကလည်း သူတို့လုပ်ချင်တဲ့အရာကို လုပ်နိုင်ခဲ့ပြီး သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်ကလည်း တခြားသူတွေအတွက် အင်မတန် အံ့သြစရာကောင်းတဲ့ နည်းလမ်းတစ်ခုမျိုးနဲ့ တိုးတက်လာခဲ့တာ။

တကယ်လို့ တခြားသူတွေသာ ဒီလိုလုပ်မယ်ဆိုရင် သူတို့တွေက စည်းမျဉ်းစည်းကမ်းတွေရဲ့ အသိအမှတ်ပြုခံရကောင်း ခံရနိုင်ပေမဲ့လည်း ဒီမြင့်မြတ်သစ်ပင်တည်ရှိနေတာက ကောင်းကင်ဘုံစည်းမျဥ်းကို အတိုင်းအတာတစ်ခုအထိ လှည့်စားပေးနိုင်တယ်လေ။

ဒါပေမဲ့...

သူက ဒီအကြောင်းစဉ်းစားနေရင်းမှာပဲ ထျန်းကျီးဂိုဏ်းချုပ်ကြီးက ရင်လေးသွားတဲ့မျက်နှာတစ်ခုနဲ့ မေးလိုက်တယ်။ "ဂိုဏ်းချုပ်ကြီးရန် ဧကန္တ ဟယ်ဟွမ်းဂိုဏ်းက ဂိုဏ်းရဲ့အခြေခံအုတ်မြစ်ရဲ့ တိုက်ခိုက်ခံခဲ့ရသေးလား..."

ဝူတင်းမြင့်မြတ်အစွမ်းသစ်ပင်။

ရန်ဖေးက သူ့မျက်လုံးတွေကို ဖွင့်လိုက်ပြီး သူ့အမူအရာက တည်ငြိမ်နေသေးပေမဲ့လည်း ကူယ်ရာမဲ့သွားတဲ့ အရိပ်အယောင်တစ်ခုကို ဆောင်ထားတယ်။

သူက နှုတ်ဆိတ်ပြီး မသိမသာ ခေါင်းညိတ်ပြလိုက်တယ်။

အခုအချိန်မှာတော့ ဖုံးကွယ်ထားစရာ အကြောင်းမရှိတော့ဘူးလေ။

ဒါပေမဲ့ သူ သေသေချာချာ နားလည်သွားအောင် ဘယ်လောက်အထိ ပြောပြဖို့လိုအပ်နေသလဲ။

ဂိုဏ်းကြီး၆ဂိုဏ်းက အချိန်တစ်ခုအထိ အခက်အခဲတွေကို အတူတူ ကျော်ဖြတ်လာခဲ့ပေမဲ့လည်း ဟယ်ဟွမ်းဂိုဏ်းရဲ့ ပြဿနာတွေကတော့ အရမ်းကို...

ဒီအကြောင်း စဉ်းစားလိုက်ပြီး သူက မသိမသာ မျက်လွှာချထားလိုက်ကာ သူ့မျက်လုံးထဲမှာ ခံစားချက်အားလုံးကို ဖုံးကွယ်ထားလိုက်တယ်။

"လွန်ခဲ့တဲ့ နှစ်ပေါင်း၁၀၀တုန်းကပေါ့။ တစ်စုံတစ်ယောက်က မြင့်မြတ်သစ်ပင်ကို တိုက်ခိုက်ခဲ့တယ်လေ"

"လွန်ခဲ့တဲ့နှစ်၇၀ကြာမှ ကျွန်တော်လည်း တစ်ခုခုထူးဆန်းနေတာကို သတိထားမိခဲ့တာ။ ဒါပေမဲ့လည်း ကျွန်တော် ဘယ်လိုပဲ စုံစမ်းနေပါစေ။ ဒါကို ဘယ်သူလုပ်ခဲ့တယ်ဆိုတဲ့ သဲလွန်စကို တစ်ခုမှ မရှာဖွေနိုင်ခဲ့ဘူး။ မြင့်မြတ်သစ်ပင်က တကယ့်ကို ထိခိုက်ပျက်စီးသွားတာကိုပဲ ရှာတွေ့ခဲ့တာ"

[ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးက ဒီဂိုဏ်းချုပ်ကြီးတွေထဲမှာ အမြော်အမြင် အရှိဆုံးတစ်ယောက်ပဲ...]

စူးလီက တစ်လမ်းလုံး လှေပျံပေါ်မှာထိုင်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးကလည်း ပျင်းရိလေးတွဲစွာ ဖြစ်နေကာ အင်အားတွေ ပျောက်ဆုံးနေခဲ့တယ်။ ကြီးကြီးမားမား ဖရဲသီးတွေမရှိတဲ့ တပည့်သားအဖွဲ့နဲ့ သောက်စားပြီး စကားပြောနေရမဲ့အစား သူမက ဟယ်ဟွမ်းဂိုဏ်းက သူမအတွက် ပြင်ဆင်ပေးထားတဲ့အခန်းကိုပဲ ပြန်သွားဖို့ ရွေးချယ်လိုက်ပြီး တိမ်လွှာကြေးမုံကိုသုံးရင်း ဖရဲသီးကို အေးအေးဆေးဆေး စားတော့တယ်။

[ကျွတ်ကျွတ် တခြားဂိုဏ်းတွေကတော့ ပြီးခဲ့တဲ့ လအနည်းငယ်လောက်တုန်းကမှသာ ပြဿနာတွေကို ရှာဖွေတွေ့ရှိခဲ့တာလေ။ ဒါပေမဲ့ ရန်ဖေးကတော့ တစ်ခုခု ထူးဆန်းနေတာကို သတိထားမိခဲ့တာ နှစ်ပေါင်း၇၀ကတည်းကတဲ့]

အပြင်လောကကလာတဲ့ စကားသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ ရန်ဖေးရဲ့မျက်လုံးတွေက အံ့သြသွားတဲ့ အရိပ်အယောင်တစ်ခု ဖျတ်ခနဲ လက်သွားတယ်။ အဲဒီနောက်မှာတော့ သူက ကူကယ်ရာမဲ့သွားတဲ့ အမူအရာတစ်ခုနဲ့ ခါးသက်သက် ပြုံးလိုက်တယ်။ အပြင်လောကကလာတဲ့အသံက ဒီနေရာကို ရောက်လာပြီဆိုတော့ သူ့မှာ ဖုံးကွယ်ထားချင်တယ်ဆိုရင်တော့ ဖုံးကွယ်ထားလို့မရတာလည်း အမှန်ပဲလေ။

ဒီလိုစဉ်းစားလိုက်ပြီး သူက မျက်လုံးကို ပြန်ပင့်ထားလိုက်ကာ စိုးရိမ်နေတဲ့မျက်လုံးတွေနဲ့ စိုးရိမ်တကြီး ဖြစ်နေကြတဲ့ ဂိုဏ်းချုပ်ကြီး၂ယောက်ကို လှမ်းကြည့်လိုက်ပြီး သူ့အသံကလည်း အနည်းငယ်ပင်ပန်းကာ တွေဝေသွားတော့တယ်။

"ဝူတင်းမြင့်မြတ်သစ်ပင် ကိုယ်တိုင်ကိုက သူ့ဟာသူ ကုသနိုင်တဲ့စွမ်းရည်ရှိတယ်လေ။ ဒါပေမဲ့ အဲဒီတုန်းက ထိခိုက်ပျက်စီးမှုက အရမ်းကို ပြင်းထန်ခဲ့တာ။ သူ့ကိုယ်သူ ပြန်ပြီးပြင်ဆင်ဖို့အတွက် မြင့်မြတ်သစ်ပင်က အပေးအယူတစ်ခုလုပ်ဖို့အတွက် သူ့ရဲ့အရည်အသွေးကိုပဲ အသုံးချဖို့ တတ်နိုင်တော့တယ်"

"ဝူတင်းမြင့်မြတ်သစ်ပင်က အပြီးတိုင် အပေးအယူ မလုပ်ရသေးခင်မှာတော့ ဒီမြင့်မြတ်သစ်ပင်ကိုယ်တိုင်ကလည်း ဘာနဲ့အပေးအယူ လုပ်ရမလဲမယ်ဆိုတာကို မသိအောင် ဖြစ်နေခဲ့တယ်"

ဒီစကားကို ကြားလိုက်ရတဲ့အခါ ထျန်းကျီးဂိုဏ်းချုပ်ကြီးရဲ့ မျက်လုံးထဲက အမူအရာတွေက ထူးထူးခြားခြား တည်ကြည်သွားတော့တယ်။ သူက လေးနက်တဲ့အသံတစ်ခုနဲ့ မေးလိုက်လေရဲ့။

"မြင့်မြတ်သစ်ပင်က အပေးအယူလုပ်တဲ့အချိန်မှာ ဘာကိုအပေးအယူအနေနဲ့ သုံးခဲ့တာလဲ"

ရန်ဖေးက သူ့ကိုမော့ကြည့်လိုက်ပြီး သူ့မျက်လုံးထဲက ခံစားချက်တွေကလည်း ထူးထူးခြားခြား ရှုပ်ထွေးသွားတော့တယ်။ "အနာဂတ်တဲ့"

ဒီစကားလုံးတိုတိုလေးကပဲ သူ့ရဲ့အင်အားတွေ အားလုံးကို သုံးစွဲလိုက်ရသလိုပဲ။

သူက နှုတ်ဆိတ်လိုက်ပြီး မျက်လုံးကို မှိတ်ထားလိုက်တယ်။ သူက ဒီလျှို့ဝှက်ချက်ကို သူ့စိတ်ထဲမှာပဲ သိမ်းထားတာ နှစ်ပေါင်း၇၀ကြာခဲ့ပြီ။ ကြီးမြတ်သူချင်းရွှီကိုတောင် တစ်ခွန်းမှ ထုတ်မပြောခဲ့ဘူးဘူး။

အခုတော့ နှစ်ပေါင်း၇၀ကျော်တောင် ရှိသွားပြီ။ သူ့ရဲ့အရှိန်အဝါနဲ့ဆိုရင် သူက ဒါကို လျှို့ဝှက်ချက်တစ်ခုအဖြစ် ဆက်ထိန်းထားနိုင်သေးတယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ တစ်ယောက်ယောက်ကတော့ ဒီပြဿနာကို အနှေးနဲ့အမြန် ရှာတွေ့သွားကြမှာပဲ။

အဲဒီအချိန်ကျရင်တော့ ဟယ်ဟွမ်းဂိုဏ်းတစ်ခုလုံးက တစပြင်လိုဖြစ်လာပြီး ဘယ်သူကမှလည်း ထပ်ပြီးတော့ ခြေချရဲတော့မှာ မဟုတ်ဘူးလေ။

ရန်ဖေးရဲ့အဖြေကို ကြားလိုက်ရပြီးတဲ့နောက်မှာ ချန်ထျန်းဂိုဏ်းချုပ်ကြီးနဲ့ ထျန်းကျီးဂိုဏ်းချုပ်ကြီးတို့က သူတို့မျက်လုံးထဲမှာ တူညီတဲ့သံသယစိတ်တွေနဲ့ အချင်းချင်း ကြည့်လိုက်ကြတယ်။

အနာဂတ်တဲ့လား။

မြင့်မြတ်သစ်ပင်က အပေးအယူအနေနဲ့ ဟယ်ဟွမ်းဂိုဏ်းရဲ့ အနာဂတ်ကို အသုံးချခဲ့တာတဲ့လား။

ဒါပေမဲ့ ဟယ်ဟွမ်းဂိုဏ်းက သိပ်မကြာခင် လေဟာနယ်ဖြိုခွဲခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် မကြာခင်ရရှိတော့မှာဖြစ်ပြီး ကြီးမြတ်သူလဲ့ရှန်းရဲ့ မဟာယနကျင့်ကြံခြင်းအဆင့်ကလည်း သိပ်မကြာခင်မှာ အောင်မြင်တော့မယ်။ ဟယ်ဟွမ်းဂိုဏ်းရဲ့အနာဂတ်က သိသိသာသာ တောက်ပနေတာပဲ မဟုတ်လား။

ဒီအချိန်မှာတော့ ကောင်းကင်ကလာတဲ့အသံက အဖြေပေးလိုက်တယ်။

[မြင့်မြတ်သစ်ပင်က ဟယ်ဟွမ်းဂိုဏ်းရဲ့ ကျင့်ကြံသူတွေအားလုံးရဲ့ မျိုးဆက်တွေနဲ့ အမှတ်တမဲ့ အပေးအယူ လုပ်ခဲ့မိတာကိုး]

[ကျင့်ကြံသူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်က ပိုပြီးတော့ မြင့်မားလေလေ သားသမီးရဖို့ ပိုပြီးတော့ ခက်ခဲလေလေပဲ။ ဒါပေမဲ့ အမြဲတမ်းဆိုသလို တချို့အခွင့်အရေးတွေကတော့ ရှိနေသေးတယ်လေ၊

ဒါပေမဲ့ မြင့်မြတ်သစ်ပင်ရဲ့ အပေးအယူက ဒီအခွင့်အရေးကို တစ်သက်လုံး ဖိနှိပ်သွားနိုင်တယ်။ ဒါက သုညရာခိုင်နှုန်းအထိ ဖိနှိပ်ထားတာ မဟုတ်ဘူးဆိုပေမဲ့လည်း ဘာမှ သိပ်ကွာခြားသွားတာ မဟုတ်ဘူးပေါ့]

[ဟယ်ဟွမ်းဂိုဏ်းထဲက အမျိုးသမီးကျင့်ကြံသူတွေအတွက် ကိုယ်ဝန်ရနိုင်ခြေ အင်မတန်မှ ခက်ခဲသွားပြီး ကလေးရဖို့လည်း ခက်ခဲသွားလိမ့်မယ်။ အဆင့်မြင့်မားတဲ့ ဝိညာဉ်စွမ်းအင်ဆေးပင်တွေရဲ့ အကူအညီကို ယူမယ်ဆိုရင်တောင်မှပေါ့]

ဒီစကားကို ကြားလိုက်တဲ့အခါ ချန်ထျန်းဂိုဏ်းချုပ်ကြီးမှာ တအံ့တသြ ဖြစ်သွားတော့တယ်။

ဒီလိုအနာဂတ်မျိုး ဖြစ်နေတာကိုး။

ဒါဆိုရင် ဟယ်ဟွမ်းဂိုဏ်းရဲ့ အနာဂတ်က...

ဟယ်ဟွမ်းဂိုဏ်း အုပ်ချုပ်မှုအောက်က မြို့သခင်တွေနဲ့ အထက်တန်းစားမိသားစုတွေသာ ဒီအကြောင်းကို သိသွားခဲ့မယ်ဆိုရင်...

တဒင်္ဂအတွင်းလေးမှာပဲ မရေမတွက်နိုင်တဲ့ စိတ်ကူးပေါင်းများစွာက သူ့စိတ်ထဲမှာ တဖြတ်ဖြတ် လက်လာတယ်။ နောက်ဆုံးတော့ သူက တည်တည်ငြိမ်ငြိမ်ဖြစ်နေလေတဲ့ ရန်ဖေးကို မော့ကြည့်လိုက်တယ်။ သူက အထိတ်တလန့် ဖြစ်နေတုန်းမှာပဲ သူ့မျက်လုံးထဲမှာလည်း လေးစားအားကျတဲ့ အရိပ်အယောင်တစ်ခုက မနေနိုင်ဘဲ ပေါ်လာတော့တယ်။

သူက ဒီလိုကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခုကို နှစ်ပေါင်း၇၀ကျော်အောင် တကယ် ထိန်းသိမ်းလာနိုင်ခဲ့ပြီးတော့ ဒီနှစ်အတောအတွင်းမှာလည်း ရန်သူတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ဖြေရှင်းနိုင်သတဲ့။

ရန်ဖေးက သူတို့ရဲ့စူးစိုက်အကြည့်ကို ခံစားမိသွားပြီး သူ့အသံက အနည်းငယ်တိုးဝင်သွားကာ သက်ပြင်းတစ်ချက် ချလိုက်မိတယ်။

"ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကျွန်တော် နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့ပြီးပါပြီ။ ဒါပေမဲ့လည်း ဒီအပေးအယူကို ပြောင်းလဲဖို့အတွက် ဘာနည်းလမ်းမှ မရှိသေးဘူး”

ဝူတင်းမြင့်မြတ်သစ်ပင်က ဟယ်ဟွမ်းဂိုဏ်းရဲ့ ပတ်ဝန်းကျင်မြို့တွေကို နှစ်ပေါင်း၂၀၀၀ကျော်ကြာအောင် ကာကွယ်ပေးလာခဲ့တာလေ။ သူလုပ်ခဲ့တဲ့ အပေးအယူဆိုတာကလည်း နှစ်ပေါင်း၂၀၀၀ကျော်ကြာအောင် ကာကွယ်ပေးရတဲ့အတွက် ဒါက စည်းမျဉ်းစည်းကမ်းနဲ့ လုံးဝကို ညီညွတ်နေတယ်။ ကောင်းကင်တာအိုက ဒါကို ပြောင်းလဲချင်တယ်ဆိုရင်တောင် ဒီလိုလုပ်ဖို့ လွယ်ကူမှာ မဟုတ်လောက်ဘူး။

ဒါပေမဲ့...

တကယ်လို့များ တခြားနည်းလမ်း ရှိနေမယ်ဆိုရင်ရော။

ထူးထူးခြားခြားပေါ်လာပြီး ထူးထူးခြားခြား ပျောက်သွားတတ်တဲ့ ကောင်းကင်ကအသံအကြောင်းကို စဉ်းစားလိုက်ပြီးတဲ့နောက်မှာ သူ့မျက်လုံးထဲမှာ မျှော်လင့်ချက် ရေးရေးလေးတစ်ခု ပေါ်လာတော့တယ်။

"ကျင့်ကြံရေးလောကထဲမှာ ဟယ်ဟွမ်းဂိုဏ်းရဲ့အနာဂတ်ကို ကယ်တင်ပေးနိုင်မဲ့ ဝိညာဉ်စွမ်းအင်ရတနာဖြစ်ဖြစ် ကျင့်ကြံသူဖြစ်ဖြစ် တစ်ယောက်လောက်များ ရှိနေမလားမသိဘူး"

စူးလီက ရန်‌ဖေးရဲ့စကားကို နားထောင်လိုက်ပြီးတဲ့နောက်မှာ ကောင်းကင်စာအုပ်က ထုတ်ပေးတဲ့အဖြေကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်မိတယ်။

[အလို... ဝူတင်းမြင့်မြတ်သစ်ပင်က လောကနိယာမရဲ့ အသိအမှတ်ပြုခံထားရတဲ့ အပေးအယူလုပ်နိုင်တဲ့ အစွမ်းရှိပြီးသားတဲ့။ သူက ဟယ်ဟွမ်းဂိုဏ်းကို နှစ်ပေါင်း၂၀၀၀ကျော် ကာကွယ်ပေးလာတယ်ဆိုတော့ ဒါက ထည့်ပြောစရာတောင် မလိုတော့ဘူးပေါ့...]

[ရှင်က မြင့်မြတ်သစ်ပင်ကို စွန့်လွှတ်လိုက်ပြီး သူ့ကို ချက်ချင်း ခုတ်ချလိုက်မယ်ဆိုရင်တော့ မပြောတတ်ဘူး၊ အဲဒီမှာ အကျိုးသက်ရောက်မှုတချို့ ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့လည်း ဒီလိုအပေးအယူမျိုးက နှစ်ပေါင်း၁၀၀ကျော်အောင် ကြာရှည်ခံနိုင်တယ်။ သက်ရောက်မှုကလည်း အကန့်အသတ်တစ်ခုအထိ ဖြစ်သွားမယ်လို့ ခန့်မှန်းရတယ်]

[ဒီလိုအခြေအနေမှာ ငါတို့တွေက သားသမီးရလာမဲ့ အခွင့်အရေးကို တိုးလာအောင် ကျင့်ကြံရေးလောကထဲမှာ ဝိညာဉ်ရတနာတွေကို ထပ်ပြီးတူးဖော်ဖို့ပဲလိုတယ်...]

[ဒါပေမဲ့ ကျင့်ကြံရေးလောကထဲမှာ သားသမီးရဖို့ဆိုတာက ခက်ခဲပြီးသားလေ။ ဒီလိုဝိညာဉ်ရတနာမျိုး တစ်ခါမွေးဖွားလာတာနဲ့ ဒါက အရူးအမူး လုယူခံရနိုင်ခြေ ရှိတယ်။ ဟယ်ဟွမ်းဂိုဏ်းက ဒါကို ရထားမယ်ဆိုရင်တောင် လုံလောက်တယ်လို့ပြောဖို့က အများကြီး လိုသေးတယ်]

[ဟယ်ဟွမ်းဂိုဏ်းရဲ့ လက်ရှိအခြေအနေက လုံးဝ လမ်းဆုံးရောက်နေတဲ့ပုံပဲ]

ဒီစကားကို ကြားလိုက်တဲ့အခါ ရန်ဖေးက လက်ဖက်ရည်ခွက်ကို ကိုင်ထားတဲ့သူ့ရဲ့လက်ပေါ် ရုတ်တရက် အားထည့်လိုက်ကာ သူ့ရဲ့လက်ချောင်းတွေမှာ ဖြူဆုတ်သွားတဲ့အထိပဲ။

အပေးအယူကို ပြောင်းလဲနိုင်ခြေ အင်မတန်မှ နည်းပါးတယ်ဆိုတာကို သိထားပေမဲ့လည်း နောက်ဆုံးမျှော်လင့်ချက် ရေးရေးလေးက ကွဲကြေသွားတဲ့အခါမှာ ဒီတဒင်္ဂအတွင်း ဣန္ဒြေပျက်ပြားသွားတာကိုတော့ မထိန်းနိုင်ခဲ့လေဘူး။

သူ့ကို ဆွဲနှစ်သွားတော့မယောင် အမှောင်ထုနဲ့ မောပန်းနွမ်းနယ်မှုတွေကို ခံစားလိုက်ရပြီး နှုတ်ဆိတ်ကာ မျက်လုံးတွေကို မှိတ်ထားလိုက်မိတော့တယ်။

သူ့မှာ ချန်ထျန်းဂိုဏ်းက ပြန်လာကတည်းက ခဏလေးတောင်မှ မနားခဲ့ရသေးဘူးလေ။ သူက ပေါင်းစပ်ကျင့်ကြံရေးအဆင့် ကျင့်ကြံသူတစ်ယောက် ဆိုပေမဲ့လည်း သူ ဒါကိုဆက်ပြီးတော့ ထိန်းမထားနိုင်တော့ဘူး။

ချန်ထျန်းဂိုဏ်းချုပ်ကြီးနဲ့ ထျန်းကျီးဂိုဏ်းချုပ်ကြီးတို့က စိုးရိမ်စိတ်တချို့နဲ့ ရန်ဖေးကို ကြည့်လိုက်တယ်။ ဒါပေမဲ့လည်း ဒီအခိုက်အတန့်မှာ သူတို့က သူ့ကို ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတာ မသိနိုင်အောင်ပဲ။

ထျန်းကျီးဂိုဏ်းချုပ်ကြီးက ခန်းမထဲက တိတ်ဆိတ်မှုကို ဖြိုခွင်းဖို့အတွက် အရင်ဆုံး စကားပြောလိုက်တယ်။ "ဂိုဏ်းချုပ်ကြီးရန် ခင်ဗျား အဆင်ပြေရဲ့လား"

"အဆင်ပြေပါတယ်" ရန်ဖေးက သူ့မျက်လုံးတွေထဲကတော့ တည်ငြိမ်နေဆဲပဲ။

ဒီနှစ်ပေါင်း၇၀အတွင်းမှာ မျှော်လင့်နေရတဲ့ခံစားချက်တွေ အကြိမ်မရေမတွက်နိုင်အောင် ဖျက်ဆီးခံခဲ့ရတာကို တွေ့ကြုံလာခဲ့ပြီးသားလေ။ သူက ဒါကိုလုံးဝကြီး အသားကျနေတာ မဟုတ်ပေမဲ့လည်း ဒါကို ထိန်းချုပ်နိုင်သွားပါပြီ။

"ဂိုဏ်းချုပ်ကြီးထျန်းနဲ့ ဂိုဏ်းချုပ်ကြီးကျန်း တစ်လမ်းလုံး ပင်ပန်းလာခဲ့ပါပြီ။ ကျွန်တော့်အထင် ခင်ဗျားတို့လည်း ပင်ပန်းနေလောက်ပါပြီ။ ခင်ဗျားတို့ အနားယူလို့ရအောင် ကျွန်တော်အခန်းထဲကို ခေါ်သွားပေးပါမယ်"

စူးလီက ထိန်းချုပ်ထားရတာ အရမ်းကိုသိသာနေတဲ့ ရန်ဖေးရဲ့ရုပ်ကို တိမ်လွှာကြေးမုံထဲကနေ ကြည့်လိုက်ပြီးတဲ့နောက်မှာ မေးလေးကိုထောက်ပြီး စဉ်းစားမိလိုက်တယ်။

[ဟယ်ဟွမ်းဂိုဏ်းရဲ့ပြဿနာကို တစ်ချီတည်းနဲ့ ဖြေရှင်းပေးနိုင်မဲ့ ဝိညာဉ်ရတနာတစ်ခုများရှိရင် သိပ်ကောင်းမှာပဲ...]

ခန်းမရဲ့တံခါးကနေ လျှောက်ထွက်လာပြီဖြစ်တဲ့ ရန်ဖေးက မသိမသာ တုံ့ဆိုင်းသွားတယ်။

သူ့မှာ ဒီလိုမဖြစ်နိုင်တဲ့ မျှော်လင့်ချက်တစ်ခု အစောကြီးကတည်းက ရှိခဲ့ဖူးတယ်လေ။

ဒါပေမဲ့လည်း ကောင်းကင်ဘုံနိယာမက တသမတ်တည်း ဖြစ်နေတာပဲ။ ဘယ်သူက ကောင်းကင်ဘုံနိယာမကို လွန်ဆန်နိုင်ပါ့မလဲ။

သူက ဒါကို ကျိုးကျိုးနွံနွံနဲ့ပဲ လက်ခံနိုင်ခဲ့ပြီး လုံးဝမရှိသလောက်ဖြစ်နေတဲ့ ထူးဆန်းအံ့ဩဖွယ် သဲလွန်းစတစ်ခုကို ရှာဖွေဖို့အကောင်းဆုံး ကြိုးစားခဲ့ရတော့တယ်။

သူတို့သုံးယောက်က ခန်းမထဲနေ ထွက်လာတဲ့အချိန်မှာပဲ ရုတ်တရက်ဆိုသလို အဝေးတနေရာမှာ ကောင်းကင်ဘုံရဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုကို မြင်တွေ့လိုက်ရတယ်။

ကျင့်ကြံရေးလောကထဲက ဝိညာဉ်စွမ်းအင်က လွန်ခဲ့တဲ့ နှစ်ပေါင်း၁ထောင်ခန့်ကထက်စာရင် အများကြီး အားနည်းသွားပြီလေ။ ပထမအဆင့် ဝိညာဉ်စွမ်းအင် သစ်ပင်တွေဆိုတာ အင်မတန်မှ ရှားပါးသွားပြီ။ အဆင့်၉နဲ့အထက် မသေမျိုးဝိညာဉ်ဆေးပင်တွေဆိုရင်တော့ ပြောစရာတောင် မလိုတော့ဘူးပေါ့။

နှစ်ပေါင်းထောင်ချီအောင် စုဆောင်းလာခဲ့ကြတဲ့ ဂိုဏ်းကြီး၆ဂိုဏ်းရဲ့ ဂိုဏ်းတစ်ခုချင်းစီမှာတောင် မသေမျိုးဆေးပင် ၂ပင်ထက်ပိုမရှိတော့ဘူးလေ။

ရန်ဖေးက ကောင်းကင်နဲ့မြေကြီးရဲ့ ထူးခြားဆန်းပြားလှတဲ့ဖြစ်စဉ်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ အံ့ဩသွားတဲ့အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားတယ်။ ဒါက ဟယ်ဟွမ်းဂိုဏ်းရဲ့ ဟယ်မင်မြို့နားမှာပဲ။

အမှန်ပဲ...

အခိုက်အတန့်အတွင်းမှာပဲ သူ့မှာ အဆင်သင့်ဖြစ်သွားတော့တယ်။ ဟယ်ဟွမ်းဂိုဏ်းရဲ့ မဟာအကြီးအကဲအားလုံးကို ဂိုဏ်းချုပ်အမိန့်နဲ့ အသိပေးလိုက်ပြီးနောက်မှာ သူက နေရာမှာတင် လျှပ်တစ်ပြတ် ထွက်ခွာသွားတော့တယ်။

ချန်ထျန်းဂိုဏ်းချုပ်ကြီးနဲ့ ထျန်းကျီးဂိုဏ်းချုပ်ကြီးတို့ကလည်း နောက်ကနေ အလောတကြီး လိုက်လာခဲ့တယ်။

တစ်နာရီလောက် သွားရမဲ့ခရီးက အမွှေးတိုင်တစ်တိုင်စာ ခရီးအထိ တိုတောင်းသွားတယ်။

အဲ့လိုဆိုရင်တောင် မသေ‌မျိုးဆေးပင်ရဲ့ ပေါ်ထွက်လာတဲ့ ပတ်၀န်းကျင်မှာ စောင့်ဆိုင်းနေကြတဲ့ မရေမတွက်နိုင်တဲ့ ကြီးမြတ်သူတွေ ရှိနေတုန်းပဲ။

ထျန်ချန်းဂိုဏ်းချုပ်ကြီးက သူတို့ကိုဝိုင်းရံထားတဲ့ လူအုပ်ကြီးကို ကြည့်မိလိုက်တယ်။ သူတို့တွေထဲမှာ ဟယ်ဟွမ်းဂိုဏ်းရဲ့ အနီးအနားက အထက်တန်းစားမိသားစုတွေအပြင် ထျန်းချန်းဂိုဏ်း၊ ၀မ့်ကျန့်ဂိုဏ်းနဲ့ တခြားဂိုဏ်းကမိသားစုတွေ အများကြီးလည်း ပါနေတယ်။

သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ညည်းညူချင်နေမိတဲ့ စကားလုံးတွေကို ပြန်မျိုသိပ်လိုက်ရတယ်။

သူက အထက်တန်းစားမိသားစုတွေထဲက တပည့်တွေကို ဂိုဏ်းကို လာခိုင်းတဲ့အချိန်တိုင်း သူတို့တွေက အမြဲတမ်း ၁ရက်၂ရက်လောက်တော့ အချိန်ဆွဲနေတတ်တယ်လေ။ အခုကျတော့ မသေမျိုးဆေးပင် ထွက်လာတယ်ဆိုတာကိုလည်း တွေ့လိုက်ရော သူတို့တွေက လက်ဖက်ရည်ခွက် တစ်၀က်စာအချိန်အတွင်းမှာပဲ ရောက်လာကြတယ်။

ဒါကတကယ့်ကို... လက်တွေ့ကျပါပေတယ်။

ဒီအခိုက်အတန့်အတွင်းမှာပဲ သူ့အာရုံက ရေကန်အလယ်မှာရှိတဲ့ လူအုပ်ကြီးရဲ့ လှုပ်ရှားမှုတွေရဲ့ ဆွဲဆောင်ခံလိုက်ရတယ်။

ပွင့်ဖတ်အလွှာ အထပ်ထပ်ဖြစ်နေတဲ့ ပန်းပွင့်အဖူးလေးတစ်ခုက ဖြည်းဖြည်းချင်းစီ ပွင့်လန်းလာနေတယ်။

ဒါက...ပျောင်ရွှမ်းရှန်းလန်ပဲ။

ဒီမသေမျိုးဆေးပင်က မဟာယနကျင့်ကြံသူတွေကို ပိတ်ဆို့နေတဲ့အဆင့်ကို ကျော်လွှားပေးနိုင်ပြီး လေဟာနယ်ဖြိုခွဲခြင်း ကျင့်ကြံခြင်းအဆင့်ကို အောင်မြင်အောင် ပြုလုပ်ပေးနိုင်တယ်။

ရန်ဖေးက ရေကန်အလယ်မှာပွင့်နေတဲ့ ပျောင်ရွှမ်းရှန်းလန်ကို ကြည့်လိုက်ပြီး တိတ်တိတ်ကလေး ပြန်ထွက်လာခဲ့လိုက်တယ်။

သူက ဒါကို အရမ်း လွယ်ကူတယ်လို့ ထင်ထားခဲ့တာပဲ။

ဟယ်ဟွမ်းဂိုဏ်းရဲ့ လက်ရှိအခြေအနေကို ကယ်တင်ဖို့တောင်မှ အရမ်းကိုခက်ခဲနေပြီ။ ဒီနတ်မိမယ်ဆေးပင်က ဘာလုပ်နိုင်မှာလဲ။

ဒီအချိန်မှာပဲ ပျောင်ရွှမ်းရှန်းလန်ရဲ့ ပန်းပွင့်အဖူးလေးက ပွင့်လန်းလာပြီး ပြည့်လျှံနေတဲ့ဝိညာဉ်စွမ်းအင် မွှေးရနံ့တစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။

မဟာယနကျင့်ကြံသူတွေအားလုံးမှာ သူတို့ရဲ့မျက်လုံးထဲမှာ တူညီတဲ့ဆုံးဖြတ်ချက်တစ်ခုသာ ရှိတော့တယ်။ ဒီအခိုက်အတန့်အတွင်းမှပဲ သူတို့ပတ်ဝန်းကျင်ရဲ့အခြေအနေက ရုတ်တရက်ကြီး တင်းမာလာခဲ့တယ်။

ကျင့်ကြံရေးလောကရဲ့ အခွင့်အရေးဆိုတာ အမြဲတမ်းလိုလို သွေးနဲ့သတ်ဖြတ်ရေးတွေ အဖော်ပါလာတာပဲ။

ဒီတချိန်မှာလည်း အနိုင်ရသူက တစ်ယောက်တည်းပဲရှိလိမ့်မယ်။

ဒီအချိန်မှာတော့ မဟာယနကျင့်ကြံခြင်း အစောပိုင်းအဆင့်အောက်ပိုင်း ကျင့်ကြံသူတွေက ဉာဏ်ရှိရှိနဲ့ပဲ ပြန်ဆုတ်လာခဲ့ကြတယ်။

အခွင့်အရေးတွေက ရှားပါးတယ်ဆိုရင်တောင် အသက်က ပိုပြီးတော့အရေးကြီးတယ်လေ။

လေဟာနယ်ဖြိုခွဲခြင်း ကျင့်ကြံခြင်းအဆင့်ကျင့်ကြံသူတွေက ရက်သတ္တပါတ်အတွင်းမှာ တားမြစ်ခြင်းခံထားရတဲ့အတွက် အခုထိ ပေါ်မလာနိုင်သေးဘူး။

အလယ်က မဟာယာနကျင့်ကြံသူ အရောက်သုံးဆယ်က လောကကြီးကို ဝါးမျိုသွားနိုင်တဲ့ ဝိညာဉ်စွမ်းအင်တွေနဲ့ ရုတ်တရက် ပေါ်ထွက်လာခဲ့တယ်။

တိုက်ပွဲက စတော့မဲ့ဆဲဆဲမှာပဲ အေးအေးလူလူအသံတစ်ခုက ရုတ်တရက် ထွက်လာတယ်။

[ကျွတ်ကျွတ် ဒီလူတွေကဒီနေရာမှာ ဘာဖြစ်လို့များ တိုက်ခိုက်နေကြတာလဲ]

[ဒါက ပျောင်ရွှမ်းရှန့်လန်တစ်ခုပဲ မဟုတ်လား]

အပြင်လောကကလာတဲ့စကားသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ အားလုံးက ဇဝေဇဝါ ဖြစ်သွားကြတယ်။

ဘာပျောင်ရွှမ်းရှန့်လန်လဲ။ ဒါက ပျောင်ရွှမ်းရှန်းလန် မဟုတ်လား။

ဒီအချိန်မှာ အပြင်လောကက လာတဲ့အသံကဆက်ပြောတယ်။

[ဝိညာဉ်စွမ်းအင်ဆေးပင်တွေ အကြောင်းပြောရမယ်ဆိုရင် ဒါကတကယ်ပဲ နတ်သမီးဆေးပင်အဆင့် ရှိပါတယ်။ တကယ်ပဲ အံ့ဩစရာကောင်းတယ်...]

[ဒါပေမဲ့လည်း ဒါကလည်း အမှန်ပါပဲ]

[ဒါကကောင်းကင်ဘုံရဲ့ စည်းမျဉ်းတွေကို လျစ်လျူရှု့ထားနိုင်တယ်။ ကျင့်ကြံခြင်း အခြေအနေတွေကိုလည်း လျစ်လျူရှု့ထားနိုင်တယ်။ ယင်နဲ့ ယန်ကိုလည်း ပြောင်းလဲနိုင်ပြီး ယောက်ျားတွေကို ကိုယ်၀န်ဆောင်နိုင်အောင်လုပ်နိုင်ပြီး ကလေးမွေးနိုင်အောင် လုပ်ပေးနိုင်တယ်။ ဒါက တကယ့်ကို အဆင့်မြင့် နတ်သမီးဆေးပင်တစ်ခု ဖြစ်ထိုက်ပါပေတယ်~~]

…

All Chapters