အခန်း ၁၃၉
Vol. 10 Ch. 139
အပိုင်း (၁၃၉)
ဟမ်
ယင်နဲ့ယန်ကို ပြောင်းလဲပေးနိုင်ပြီး ယောက်ျားတစ်ယောက်က ကလေးမွေးပေးနိုင်သတဲ့လား။
တိုက်ခိုက်တော့မဲ့ဆဲဆဲ ဖြစ်နေကြတဲ့ မဟာယနကျင့်ကြံသူတွေရဲ့ မျက်နှာပေါ်ကအမူအရာက အင်မတန်မှ ထူးဆန်းသွားတော့တယ်။ လူတိုင်းက နေရာမှာ အေးခဲသွားကြပြီး သူတို့ခန္ဓာကိုယ်ပေါ်က ဝိညာဉ်စွမ်းအင်တွေကလည်း တိတ်တိတ်လေး ပျောက်ကွယ်သွားကြကာ ဘယ်တုန်းက ပျောက်ကွယ်သွားမှန်းတောင် ဘယ်သူမှ မသိလိုက်ကြဘူး။
နဂိုက တိမ်ထူပြီး လေပြင်းနေတဲ့ ရာသီဥတုဟာဆိုရင် ရုတ်တရက် ကြည်လင်လာခဲ့တယ်။
အခိုက်အတန့်အတွင်းမှာပဲ ပျောင်ရွှမ်းရှန့်လန်ပန်းရဲ့ ခပ်သင်းသင်း မွှေးရနံ့လေးက လေထဲမှာ လွင့်ပျံလာခဲ့တယ်။
အကြောင်းတချို့ကြောင့် အမှန်ကို သိသွားကြတဲ့လူတိုင်းက ရုတ်တရက်ဆိုသလို ဒီမွှေးရနံ့က... အရင်တုန်းကလောက် ဆွဲဆောင်မှု မရှိတော့ဘူးလို့ ခံစားလိုက်ရတော့တယ်။
အားလုံးက အချင်းချင်း ကြည့်နေကြတဲ့အချိန်မှာပဲ ဘယ်လိုတုံ့ပြန်ရမှန်း မသိသေးခင်မှာပဲ အပြင်လောကက လာတဲ့အသံက ထပ်ပြီးပြောလိုက်တယ်။
"ဒါက မှော်ဆေးပင်တစ်ပင် ဖြစ်နေတာလည်း မဆန်းတော့ဘူးလေ..."
[ဒီပျောင်ရွှမ်းရှန့်လန် တစ်ပင်လောက်ရှိရုံနဲ့ ဒီနေရာက အမျိုးသား မဟာယနကျင့်ကြံသူတစ်ယောက်ကတောင် ဒီပန်းကို ခူးသွားခဲ့မယ်ဆိုရင် ၁၀ရက်အတွင်းမှာ သူက အမျိုးသမီးရဲ့ကိုယ်ဝန်ကို စမ်းသပ်နိုင်လိမ့်မယ်လို့ ခန့်မှန်းရတယ်...]
[ကျွတ် ကျွတ် ဒါက မျိုးဆက်ရဖို့ အရမ်းကိုခက်ခဲနေတဲ့ အချိန်တစ်ခု ပိုင်ဆိုင်ထားတဲ့ မဟာယနကျင့်ကြံသူတစ်ယောက် ဖြစ်မှပဲရမယ်]
[ကိုယ်ဝန်ရှိတယ်ဆိုတာက ကစားနေသလိုပါပဲ...]
[တကယ် ကံကောင်းခြင်းပဲ]
ဒီစကားကို ကြားလိုက်ရတဲ့ မဟာယနကျင့်ကြံခြင်းအဆင့်ရှိတဲ့ အမျိုးသားကျင့်ကြံသူတွေက ရုတ်တရက်ဆိုသလို သူတို့ရဲ့မျက်လုံးထဲမှာ ကြောက်ရွံ့မှုတချို့ ပေါ်လာခဲ့တယ်။
သူတို့တွေက ကလေး လိုချင်တယ်ဆိုရင်တောင် ၁၀လလုံးလုံး ကလေးတစ်ယောက်ကို သယ်သွားပြီး သူတို့ကိုယ်တိုင် မွေးဖို့တော့ စိတ်ကူးမရှိပါဘူး။
ဒီလိုစဉ်းစားလိုက်ကြပြီး အမျိုးသားမဟာယန ကျင့်ကြံသူတွေက တိတ်တိတ်လေးနောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်သွားကြတယ်။
တကယ်တမ်းကျတော့ ဒါကို သေသေချာချာလေး စဉ်းစားခဲ့မယ်ဆိုရင် သူတို့တွေက... ဒီဆေးပင်မျိုးကို တကယ်တမ်း လိုအပ်တယ်လို့ မထင်မိပါဘူး။
အမျိုးသားကျင့်ကြံသူတွေနဲ့မတူဘဲ ဒီနေရာက အမျိုးသမီးကျင့်ကြံသူတွေကတော့ ထိန်းမရအောင် စိတ်လှုပ်ရှားသွားကြပြီး သူတို့ရဲ့မျက်လုံးထဲမှာလည်း မျှော်လင့်ချက်တွေ ဖြစ်သွားကြတယ်။
မဟာယနကျင့်ကြံသူတစ်ယောက်အနေနဲ့ သူတို့ကိုယ်ပိုင် ကလေးတစ်ယောက် ရဖို့ဆိုတာ အင်မတန်မှ ခက်ခဲတယ်လေ။ နောက်ပြီးတော့ ၁၀လလောက် ကိုယ်ဝန်ဆောင်ဖို့ကလည်း သူတို့ရဲ့ကျင့်ကြံခြင်းကို သေချာပေါက် အနှောင့်အယှက် ဖြစ်နေမှာပဲ။ ဒီတော့ အမျိုးသမီးကျင့်ကြံသူ အများအပြားကလည်း ကလေးမွေးဖို့စိတ်ကူး လုံးဝမရှိကြဘူးပေါ့။
ဒါပေမဲ့ ပျောင်ရွှမ်းရှန့်လန်သာရှိမယ်ဆိုရင် သူတို့တွေက ဘာအနှောင့်အယှက်မှမရှိဘဲ သူတို့ရဲ့ကိုယ်ပိုင် သွေးသားရင်းချာ ကလေးတစ်ယောက်ကို ရနိုင်လိမ့်မယ်။
ဒါက ဘယ်လိုလုပ်ပြီး ဝမ်းသာစရာမကောင်းဘဲ နေမှာလဲ။
ဒါပေမဲ့...
အမျိုးသမီးကျင့်ကြံသူတစ်ယောက်က သူမ ပတ်ဝန်းကျင်က အမျိုးသမီးကျင့်ကြံသူတွေရဲ့ မျက်လုံးထဲမှ တပ်မက်စိတ်တွေကို လှမ်းကြည့်လိုက်ပြီး သူမရဲ့မျက်လုံးထဲမှာတော့ တွေဝေသွားတဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားတော့တယ်။
ဒါက ပျောင်ရွှမ်းရှန့်လန်က တစ်ပွင့်တည်းရှိတာပဲ...
မျိုးဆက်ကို ပိုင်ဆိုင်ထားဖို့ ဆွဲဆောင်မှုက တော်တော်လေးကို ကြီးမားပါပေတယ်။ မဟာယနကျင့်ကြံခြင်းအဆင့်ရဲ့ အစောပိုင်း ချိုးဖြတ်ခြင်းအဆင့်နဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ ပျောင်ရွှမ်းရှန့်လန်က သူတို့ရဲ့အသက်လောက်တော့ လုံး၀မထိုက်တန်ပါဘူးလေ။
ရန်ဖေးက နောက်နားမှာ ရပ်နေမိတယ်။ အပြင်လောကကလာတဲ့ စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူ့မျက်လုံးတွေထဲက အံ့ဩမှုတွေက အခိုက်အတန့်သာ ကြာမြင့်သွားပြီးတဲ့နောက် သူက မြန်မြန်ဆန်ဆန်ပဲ စိတ်အေးငြိမ်းသွားတော့တယ်။
ပျောင်ရွှမ်းရှန့်လန်က ယင်နဲ့ယန်ကို ပြောင်းလဲပေးနိုင်တဲ့ သတ္တိရှိပြီး ဟယ်ဟွမ်းဂိုဏ်းကို သူ့ရဲ့ လက်ရှိ ကပ်ဆိုက်နေတဲ့ကာလကို ကယ်တင်ပေးနိုင်တယ်ဆိုရင်တောင် ပျောင်ရွှမ်းရှန့်လန်က တစ်ပွင့်တည်းရှိတာလေ။
ဒီလိုမှော်ဆေးပင်မျိုးက အင်မတန်မှ ရှားပါးပြီးတော့ ဒီတစ်ပင်တည်းကတင် အင်မတန်မှ တန်ဖိုးရှိနေပြီးပြီ။
ဒါပေမဲ့ ဟယ်ဟွမ်းဂိုဏ်းအတွက်ကတော့ မျိုးဆက်၁ယောက်၊ ၂ယောက်... ၁၀ယောက်ဆိုရင်တောင်မှ ရေပုံးထဲက ရေတစ်စက်သာသာပါပဲ။
တစ်ချိန်တည်းမှာ ဒီလိုမှော်ဆေးပင်မျိုး ထောင်ချီ ပေါ်မလာဘူးဆိုရင်တော့... ဒီလိုစဉ်းစားနေလိုက်ပြီး ရန်ဖေးက ရေကန်ရဲ့အလယ်ကနေ သူ့အကြည့်ကို နွမ်းနယ်ပင်ပန်းစွာနဲ့ လွှဲထားလိုက်တော့တယ်။
ဒီနေ့ အကြောင်းအရာတွေက အကောင်းအဆိုး ရောနှောနေတာ အရမ်းကို များပြားသွားပြီ။ သူ့ခံစားချက်ကလည်း ဒါတွေကို ရင်ဆိုင်ခဲ့ရတဲ့အတွက် သူ့နှုတ်ခမ်းက ဖြူဆုတ်သွားတော့တယ်။
ဒီအချိန်မှာပဲ တိုးညင်းတုန်ယင်နေတဲ့ အသံတစ်ခုက သိပ်မဝေးလှတဲ့နေရာတစ်ခုကနေ ထွက်ပေါ်လာတယ်။
"ဧကန္တ ဒီရှားပါးတဲ့ ပျောင်ရွှမ်းရှန်းလန်က နှစ်တစ်ထောင်နေမှ တစ်ကြိမ်ပဲပေါ်လာတာများလား"
ဘယ်သူကမှ အသံလာတဲ့နေရာကို မကြည့်လိုက်ပေမဲ့လည်း သူတို့ရဲ့နှလုံးသားထဲမှာတော့ သက်ပြင်းချမိသွားတယ်။
ပျောင်ရွှမ်းရှန့်လန်ရဲ့ အရူးလုပ်ခံလိုက်ရတဲ့ နောက်ထပ် ကျင့်ကြံသူတစ်ယောက်ပဲ။
ဒီအချိန်မှာပဲ လေးနက်ပေမဲ့လည်း မသိမသာလေး ရှက်ရွံ့နေတဲ့ အသံတစ်ခုက ထွက်လာခဲ့တယ်။
"ဂိုဏ်းချုပ်ကြီး ဒါက ပျောင်ရွှမ်းရှန်းလန် မဟုတ်ဘူး။ ဒါက ပျောင်ရွှမ်းရှန့်လန်ပန်းပါ"
"ဒီဝိညာဉ်ဆေးပင်၂ခုလုံးမှာ ကောင်းကင်ဘုံရဲ့ စည်းမျဉ်းဥပဒေကို လျစ်လျူရှုနိုင်တဲ့ အရည်အသွေး ရှိတယ်ဆိုပေမဲ့လည်း ပထမတစ်ခုက မဟာယနကျင့်ကြံသူတွေကို လေဟာနယ်ဖြိုခွဲခြင်းအဆင့်ကို ထိုးဖောက်ပေးနိုင်တဲ့ တစ်ခုဖြစ်ပြီးတော့ နောက်တစ်ခုကတော့..."
ဒီအသံက ဒီဆေးပင်၂ပင်ကြားက ဆေးအာနိသင်ကွာခြားချက်ကို ပြောပြနေတဲ့အပြင် ဒီဆေးပင်၂ပင်ကို ဘယ်လိုခွဲခြားရမယ်ဆိုတဲ့ အကြောင်းကိုလည်း ပြောပြနေလေရဲ့။
ဒီလို အသေးစိတ်ရှင်းပြချက်ကို နားထောင်လိုက်ရပြီးတဲ့နောက်မှာ အဲဒီနေရာမှာ ရပ်နေကြတဲ့သူတွေက နောက်ဆုံးတော့ ကိုယ်ကိုလှည့်လိုက်ကြပြီး စူးစမ်းနေတဲ့မျက်လုံးတွေနဲ့ အသစ်ရောက်လာတဲ့သူကို လှည့်ကြည့်လိုက်ကြတယ်။
ရန်ဖေးက သူ့ရဲ့ခေါင်းကို လှည့်ကြည့်လိုက်တဲ့အခါ ရောက်လာတဲ့သူမှာ သူ့ရဲ့မျက်လုံးထဲမှာ အံ့သြရိပ်တစ်ခုကို ဖြစ်သွားစေတော့တယ်။
အဲဒီနောက်မှာတော့ သူက သိပ်မွေ့တဲ့အပြုံးတစ်ခုကို ထုတ်ပြလိုက်ပြီး မျက်နှာပေါ်မှ ပင်ပန်းနွမ်းနေတဲ့ အရိပ်အရောင်တစ်ခုမရှိဘဲ မသိမသာခေါင်းညိတ်ပြီး ပြောလိုက်တယ်။
"ဂိုဏ်းချုပ်ကြီးလု မတွေ့ရတာကြာပြီ"
ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက သူ့ဘေးက ပိုင်ကျစ်ယွင်နဲ့အတူ လှေပျံပေါ်ကနေ ဆင်းသက်လာပြီဖြစ်တယ်။ ရန်ဖေးရဲ့ စကားလုံးတွေကို ကြားလိုက်ပြီးတဲ့နောက်မှာ သူက မြန်မြန်လှည့်ပြီး နှုတ်ဆက်လိုက်တယ်။
"ဂိုဏ်းချုပ်ကြီးရန်"
ရွှင့်ချန်ဂိုဏ်းကတော့ ဟယ်ဟွမ်းဂိုဏ်းနဲ့အလွန်မှ ဝေးကွာလှတယ်။ သူက ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးကို အသိမပေးဘဲ ဒီဆေးပင်အတွက် ဒီနေရာကိုအလျင်စလိုနဲ့ ရောက်လာခဲ့တာလေ။
သူ့မှာ ဒီအတွက် အကြောင်းပြချက်တွေ ရှိပေမဲ့လည်း ရန်ဖေးနဲ့ မျက်နှာချင်းဆိုင်ရတဲ့အခါ နည်းနည်းလေး ရှက်ရွံသလို ခံစားမိခဲ့တယ်။
ရန်ဖေးက အပြုံးတစ်ခုနဲ့ သူ့ကိုဒီအတိုင်း လှမ်းကြည့်လိုက်ပြီး အကြည့်လွှဲလိုက်ကာ သူ့ဘေးကို ဖြည်းဖြည်းချင်း ကြည့်လိုက်တယ်။
"ဒီပုဂ္ဂိုလ်က ဘယ်သူများလဲ..."
ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက မျက်နှာပေါ်မှာ ဂုဏ်ယူသွားတဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားပြီး သူကိုယ်တိုင်တောင်မှ ဒါကို သတိမထားမိလိုက်ဘူး။ သူကပြုံးကာ မိတ်ဆက်ပေးလိုက်တယ်။ "ဒါက ရွှင့်ချန်ဂိုဏ်းရဲ့ အရည်အချင်းအရှိဆုံး အကြီးအကဲ ပိုင်ကျစ်ယွင်ပါ"
အခုတော့ ရွှင့်ချန်ဂိုဏ်းထဲက နတ်သမီးရေစင်ပြဿနာက လုံးဝကို ဖြေရှင်းပြီးသွားခဲ့တယ်။ အကြီးအကဲပိုင် စိုက်ထားခဲ့တဲ့ ဝိညာဉ်ဆေးပင်တွေနဲ့ သူ နေ့တိုင်းသန့်စင်ပေးခဲ့တဲ့ ဆေးလုံးတွေရဲ့ ကျေးဇူးကြောင့်ပေါ့။
ဒီလိုပါရမီရှိတဲ့ အကြီးအကဲပိုင်ကို ပိုင်ဆိုင်ထားရတာက ရွှင့်ချန်ဂိုဏ်းရဲ့ ကံကောင်းမှုတစ်ခုပဲပေါ့။
သိပ်မကြာခင်မှာပဲ တျန်းကျီးဂိုဏ်းချုပ်နဲ့ ချန်ထျန်းဂိုဏ်းချုပ်တို့ကလည်း ရင်းနှီးလှတဲ့လေသံတစ်ခုနဲ့ သူတို့ကို လာရောက်နှုတ်ဆက်လေတယ်။
မဟာယနကျင့်ကြံသူအများစုကတော့ ကိုယ့်ဟာကိုယ် လေးစားသမှုနဲ့ နောက်မှရောက်လာတဲ့ ရွှင့်ချန်ဂိုဏ်းချုပ်နဲ့ တခြားသူတွေကို ခေါင်းညိတ်ပြီး နှုတ်ဆက်လိုက်တယ်။
ဒီအချိန်မှာတော့ အပြင်လောကကအသံကလည်း အပြုံးတစ်ခုပါနေတဲ့ လေသံနဲ့ ထပ်ပြီး ပြောလိုက်တယ်။
[ကျွတ် ကျွတ် ဟယ်ဟွမ်းဂိုဏ်းက ဘယ်လိုတောင် ကံကောင်းခြင်းမျိုးလဲ။ သူတို့လိုချင်တဲ့အရာတိုင်းကို ရနေတော့တာပဲ...]
စူးလီက တိမ်လွှာကြေးမုံထဲက ရင်းနှီးပြီးသား ပုံရိပ်တစ်ခုကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ အပြုံးတစ်ခုဖြစ်တည်သွားကာ သူမရဲ့အသံကလည်းပဲ အရင်တုန်းကထက် ပိုပြီးတော့ နူးညံ့လာခဲ့တယ်။
[ပိုင်ကျစ်ယွင်က ကျင့်ကြံရေးလောကထဲမှာ ရှားပါးတဲ့ဝိညာဉ်စွမ်းအင်ဆေးပင် ပါရမီရှင်တယောက်လေ။ သူက ဝိညာဉ်ဆေးပင်တွေနဲ့ ပတ်သက်လာတဲ့ အသိပညာအားလုံးကို ကျွမ်းကျင်ပိုင်နိုင်တဲ့အပြင် သူကဆေးရဲ့အစွမ်းကို မြှင့်တင်နိုင်တဲ့ အရည်အချင်းတစ်ခုလည်း ပိုင်ဆိုင်ထားပြီး ဝိညာဉ်ဆေးပင်ရဲ့ အစွမ်းအာနိသင်တွေကိုလည်း ကူးယူပေးနိုင်တဲ့ အရည်အချင်းရှိတယ်]
ဒီစကားကို ကြားလိုက်တဲ့အခါ ရန်ဖေးက ရုတ်တရက်ဆိုသလို နေရာမှာပဲ အေးခဲသွားတယ်။ မျှော်လင့်ချက် အရိပ်အယောင်တစ်ခုက သူ့မျက်လုံးထဲမှာ ထိန်းမရဘဲ ပေါ်ပေါက်လာတယ်။ ဒါပေမဲ့လည်း ချက်ချင်းဆိုသလို ကိုယ့်ဟာကိုယ် ပြန်ထိန်းချုပ်ထားလိုက်ပြီး မျိုသိပ်ထားလိုက်ရတယ်။
သူက နေရာမှာတင် မလှုပ်မယှက် ရပ်နေမိတာ အကျဉ်းသားတစ်ယောက်က စီရင်ချက်တစ်ခုကို စောင့်ဆိုင်းနေတဲ့အတိုင်းပဲ။ သူ့မျက်လုံးတွေကိုလည်း မသိမသာ မှိတ်ထားပြီး သူ့ရဲ့ကိုယ်ပိုင်ဇာတ်သိမ်းကို စောင့်ဆိုင်းနေတဲ့ပုံ ပေါ်နေတော့တယ်။
စူးလီက ရန်ဖေး စဥ်းစားနေတဲ့အရာကို လုံးဝမသိလေဘူး။ သူမက တိမ်လွှာကြေးမုံထဲက ပိုင်ကျစ်ယွင်ကို ကြည့်လိုက်ပြီး တစ်ခစ်ခစ် ရယ်မောလိုက်တယ်။
[အင်း...ပိုင်ကျစ်ယွင်က ပျောင်ရွှမ်းရှန့်လန် မသေမျိုးဆေးပင်ကို မစိုက်နိုင်ဘူးဆိုပေမဲ့လည်း ပျောင်ရွှမ်းရှန့်လန်ဆေးပင်သာ ရှိနေမယ်ဆိုရင် ပျောင်ရွှမ်းရှန့်လန်ဆေးပင်တစ်ခုနဲ့ အာနိသင်တူတဲ့ ဆေးပင်တစ်ခုကို စိုက်ပျိုးဖို့အတွက်တော့ ပြဿနာ မဖြစ်တော့ဘူး...]
[အာနိသင်က ပျောင်ရွှမ်းရှန့်လန်လောက် မကောင်းဘူးဆိုပေမဲ့ ပမာဏက အများကြီးရနိုင်တော့ ဒါက ကိုယ့်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ လုံလောက်တယ်လေ]
[ဒီအပြင် ပျောင်ရွှမ်းရှန့်လန်ကလည်းပဲ အဆင့်အမျိုးမျိုး ခွဲထားသေးတာကိုး။ အဆင့်၇ဆေးပင်ရဲ့ အာနိသင်နဲ့ အဆင့်၂ဆေးပင်ရဲ့ အာနိသင်ကတော့ ကွာခြားတာသဘာဝပါပဲ။ တကယ်လို့ အဆင့်၇ပျောင်ရွှမ်းရှန့်လန်ကို စိုက်ပျိုးခဲ့မယ်ဆိုရင်တော့...]
ဒီစကားကို ကြားလိုက်တဲ့အခါ ရန်ဖေးက ရုတ်တရက်ဆိုသလို သူ့မျက်လုံးတွေကို ဖွင့်ထားလိုက်ပြီး ပုန်းကွယ်နေတဲ့ စိတ်အားထက်သန်မှု အရိပ်အယောင်တစ်ခုနဲ့ ပိုင်ကျစ်ယွင်ကို ကြည့်လိုက်မိတယ်။
တကယ်လို့ ပိုင်ကျစ်ယွင်သာ ဒီတူညီတဲ့ ဆေးအာနိသင်ရှိတဲ့ ဆေးပင်ကို တကယ်ပဲ စိုက်ပျိုးနိုင်ခဲ့မယ်ဆိုရင် ဟယ်ဟွမ်းဂိုဏ်းရဲ့ အနာဂတ်ကို ကယ်တင်နိုင်လိမ့်မယ်။
ဂိုဏ်းကို ကယ်တင်နိုင်မဲ့အပြင် ဒါက ဟယ်ဟွမ်းဂိုဏ်းကိုလည်း ကြွယ်ဝချမ်းသာမှု အသစ်ဖြစ်လာအောင် ယူဆောင်လာပေးနိုင်တယ်။
သူက ဒီအကျိုးကျေးဇူးတွေကို အမြင့်ဆုံးဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ စပြီးစဉ်းစားနေမိတယ်။
ကျင့်ကြံရေးလောကထဲမှာ အမျိုးသားတွေကို ကိုယ်ဝန်ရှိစေနိုင်တဲ့ ဝိညာဥ်စွမ်းအင်ဆေးပင်တစ်ခု ရှိခဲ့တယ်ဆိုရင်တောင် ယင်ယန်ပြောင်းလဲမှုကို လက်ခံပေးဖို့ ခက်ခဲကြမဲ့ လူတွေကလည်း မလွဲမသွေရှိနေမှာပဲ။
တကယ်လို့ သာမန်ကျင့်ကြံခြင်းအဆင့်ရှိတဲ့ အမျိုးသားကျင့်ကြံသူတစ်ယောက်က ကိုယ်၀န်ရှိလာပြီး ကလေးတစ်ယောက် မွေးရမယ်ဆိုရင် သူက ကောလဟာလ သတင်းပေါင်းစုံကို ရင်ဆိုင်လိုက်ရနိုင်တယ်။
တကယ်လို့ သူက ဟယ်ဟွမ်းဂိုဏ်းပတ်ဝန်းကျင်မှာရှိတဲ့ မြို့တွေကို ယောက်ျားတွေက ကလေးမွေးပေးနိုင်တဲ့ မြို့တွေအဖြစ် ပြောင်းလဲနိုင်ခဲ့မယ်ဆိုရင် ဒါက အဆင့်မြင့်ကျင့်ကြံခြင်းအဆင့်ရှိတဲ့ အမျိုးသမီးကျင့်ကြံသူတွေနဲ့ ကလေးယူဖို့ လိုလားကြတဲ့ အမျိုးသားကျင့်ကြံသူတွေကို မရေမတွက်နိုင်အောင် သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မယ်။
လိုရင်းကို ပြောရမယ်ဆိုရင် ဟယ်ဟွမ်းဂိုဏ်းပတ်ဝန်းကျင်မှာရှိတဲ့ အမျိုးသမီးကျင့်ကြံသူတွေရဲ့ ကိုယ်ဝန်ဆောင်နိုင်တဲ့ အရည်အချင်းက အင်မတန်မှ နည်းပါးတယ်။ ဒီတော့ သိသာထင်ရှားတဲ့ အပြောင်းအလဲတစ်ခုကို လုပ်ပြီး ပုံစံအသစ်စက်စက် ဟယ်ဟွမ်းဂိုဏ်းတစ်ခုကို ပေါင်းစပ်ပြောင်းလဲလိုက်မယ်ဆိုရင် ပိုပြီးတော့ ကောင်းသွားလိမ့်မယ်။
ဒါပေမဲ့လည်း ဒီကိစ္စတွေအားလုံးက မရေမတွက်နိုင်တဲ့ ပျောင်ရွှမ်းရှန့်လန် တည်ရှိမှု အပေါ်မူတည်နေတယ်။ ဟယ်ဟွမ်းဂိုဏ်းတစ်ခုတည်းကသာ ပိုပြီးအဆင့်မြင့်တဲ့ ပျောင်ရွှမ်းရှန့်လန် ရှိနိုင်ရင်တော့ အကောင်းဆုံး ဖြစ်လိမ့်မယ်...
ဒီလိုစဉ်းစားလိုက်ပြီး ပိုင်ကျစ်ယွင်ကို ကြည့်နေတဲ့ သူ့အကြည့်တွေက ပိုပြီးတော့နှစ်လိုဖွယ် ကောင်းလာတော့တယ်။
သူ့ဘေးမှာရှိနေတဲ့ မရေမတွက်နိုင်တဲ့ အမျိုးသမီးကြီးမြတ်သူတွေကလည်း သူ့လိုပဲ ပြင်းပြတဲ့အကြည့်တွေ ပိုင်ဆိုင်ထားကြတယ်။
ဘယ်သူကများ အနာမခံဘဲ သူတို့ရဲ့ကိုယ်ပိုင်မျိုးဆက်သစ်ကို မလိုချင်ဘဲနေကြပါ့မလဲ။
တကယ်လို့ ပိုင်ကျစ်ယွင်သာ ဒီလိုတူညီတဲ့ဆေးအာနိသင်ရှိတဲ့ ဝိညာဉ်ဆေးပင်ကို အမှန်တကယ် စိုက်ပျိုးနိုင်ခဲ့မယ်ဆိုရင် သူတို့တွေက ဒီနေရာမှာဒီအတွက် ဘာလို့တိုက်ခိုက်နေကြဦးမှာလဲ။
အဲဒီအစား ဒီအချိန်ကို အသုံးချပြီး အကြီးအကဲပိုင်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ထိန်းထားလိုက်တာ ပိုကောင်းတာပေါ့။
ပိုင်ကျစ်ယွင်က သူမဘေးက မရေမတွက်နိုင်တဲ့ ပြင်းပြတောက်လောင်နေတဲ့ အကြည့်တွေကို ခံစားလိုက်ရပြီး သူမရဲ့မျက်လုံးထဲမှာ ဇဝေဇဝါ အရိပ်အယောင်တစ်ခု ဖြစ်သွားတော့တယ်။
သူမက အားလုံးရဲ့ တလေးတစားအကြည်ကို အသားကျနေပြီး ပြီးခဲ့တဲ့၆လအတွင်း သူမကို အားကျတဲ့အကြည့်တွေကိုလည်း အသားကျနေပေမဲ့လည်း ဒီလူတွေရဲ့အကြည့်ကတော့ နည်းနည်းလေး အရမ်းကို... အသည်းအသန် ဖြစ်နေလွန်းတယ် မဟုတ်လား။
သူမက မျက်တောင်ခတ်လိုက်ပြီး အားလုံးရဲ့ပြင်းပြတဲ့အကြည့်အောက်မှာ နောက်ကို ခြေလှမ်းလေး တစ်လှမ်း ပြန်ဆုတ်လိုက်မိတယ်။
ဒီခြေလှမ်းကပဲ အားလုံးကို သတိပြန်ဝင်လာအောင် လုပ်ပေးလိုက်တယ်။
ချန်ထျန်းဂိုဏ်းချုပ်ကြီးက ရန်ဖေးရဲ့ မသိမသာတုန်ယင်နေတဲ့ လက်ချောင်းဖျားတွေနဲ့ သူ့ရဲ့တွေ့ဝေနေတဲ့အမူအရာကို ကြည့်လိုက်ပြီး သူက အိမ်လွမ်းနာကျနေတာကို သိလိုက်တယ်။ သူက ဒါကိုမျှော်လင့်နေတာ သိသာပေမဲ့လည်း သူ မလိုချင်တဲ့အဖြေကို ကြားလိုက်ရမှာကြောက်တဲ့အတွက် မမေးရဲအောင် ဖြစ်နေတယ်။
ဟုတ်တယ်လေ။ ပိုင်ကျစ်ယွင်ရဲ့အဖြေက ဟယ်ဟွမ်းဂိုဏ်းရဲ့ အနာဂတ်နဲ့ ပတ်သက်နေတာကိုး။
ဒီလိုစဉ်းစားလိုက်ပြီး သူက ရှေ့ကိုတစ်လှမ်းတိုးလိုက်ကာ သူ့ရဲ့အမူအရာက ရင်းနှီးဖော်ရွေပြီး လေးစားသမှု ဖြစ်နေတော့တယ်။
"အကြီးအကဲပိုင် မင်းပြောပြခဲ့တဲ့ ဒီပျောင်ရွှမ်းရှန့်လန်ရဲ့ ဆေးအာနိသင်တွေက တကယ်ပဲ... ကျင့်ကြံသူတွေကို တမ်းတမိအောင် လုပ်နေတယ်"
သူက အကြံပေးသလိုနဲ့ ပြောလိုက်တယ်။ "ပျောင်ရွှမ်းရှန့်လန်က အရမ်းကို ရှားပါးတယ်ဆိုရင်တောင် ဒီဆေးအာနိသင်နဲ့ တူညီတဲ့ မှော်ဆေးပင်တစ်ပင်တော့ ရှိလိမ့်မယ်လို့ ကျွန်တော် ထင်တယ်..."
သူ့စကားလုံးကို ကြားလိုက်ရပြီးတဲ့နောက်မှာ ဆေးပင်တွေကို လေ့လာနေတဲ့ အပေါ် အာရုံစိုက်ထားတဲ့ ပိုင်ကျစ်ယွင်က ခဏလောက် လေးလေးနက်နက် စဉ်းစားလိုက်ပြီး တွေဝေနေတဲ့ အရိပ်အယောင်တစ်ခုနဲ့ ပြောလိုက်တယ်။
"ရှိမှာပါ... ဟုတ်တယ်မလား"
"ဒါပေမဲ့ ကျွန်မတို့တွေက ပျောင်ရွှမ်းရှန့်လန်နဲ့ ဆေးအာနိသင်ခြင်းတူညီတဲ့ ဝိညာဉ်ဆေးပင်တစ်ပင်ကို စိုက်ချင်တယ်ဆိုရင် ကျွန်မတို့တွေက မသေမျိုးဆေးပင် ပျောင်ရွှမ်းရှန့်လန်ကို သေချာပေါက်လိုအပ်တယ်..."
သူမ စကားဆုံးသွားတာနဲ့ချက်ချင်း နတ်မိမယ်လျိုကွမ်း မသိမသာ လှုပ်ရှားသွားတာကို မြင်လိုက်ရပြီး အားလုံးရဲ့ရှေ့မှာပဲ ရေကန်အလယ်မှာရှိတဲ့ ပျောင်ရွှမ်းရှန့်လန်ပန်းပွင့်ကို ခူးယူလိုက်ကာ အထူးပြုလုပ်ထားတဲ့ ကျောက်စိမ်းဘူးလေးတစ်ခုထဲကို ထည့်လိုက်တာ တွေ့လိုက်ရတယ်။
သူမက ပိုင်ကျစ်ယွင်ရဲ့ဘေးကို မြန်မြန်ရောက်လာပြီး ထိန်းချုပ်မရတဲ့မျှော်လင့်ချက် အရိပ်အယောင်တစ်ခုနဲ့ သူမကို ကြည့်နေတယ်။
"အကြီးအကဲပိုင် ဒီပျောင်ရွှမ်းရှန့်လန်သာရှိနေရင် ရှင်က တူညီတဲ့ဆေးအာနိသင်ပိုင်ဆိုင်ထားတဲ့ ဆေးပင်တစ်ပင်ကို တကယ်ပဲ သန့်စင်နိုင်သလား"
ပိုင်ကျစ်ယွင်က တခြားနေရာမှာ အနည်းငယ်ရှက်တတ်ပြီးတော့ သိမ်ငယ်နေသလို ဖြစ်နေပေမဲ့လည်း သူမက ဝိညာဉ်ဆေးပင်နဲ့ ပတ်သက်လာတဲ့အချိန်မှာတော့ ယုံကြည်မှုရှိပြီး အမြဲတမ်း ပြတ်သားနေတယ်။
နတ်မိမယ်လျိုကွမ်းရဲ့ မေးခွန်းကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူမက တလေးတနက်နဲ့ ပြောလိုက်တယ်။ "တကယ်လို့ ရှင်သာ စိတ်မရှိဘူးဆိုရင် ကျွန်မ စမ်းကြည့်လို့ရပါတယ်"
သူမရဲ့အဖြေကို ကြားလိုက်ရပြီးတဲ့နောက်မှာ နတ်မိမယ်လျိုကွမ်းက သူမလက်ထဲက ကျောက်စိမ်းဘူးကို ပိုင်ကျစ်ယွင်ရဲ့ လက်ထဲကို မြန်မြန်ထိုးထည့်ပေးလိုက်ပြီး သူမရဲ့အသံထဲမှာလည်း စိတ်လှုပ်ရှားမှုအပြည့်ပါသွားတယ်။
"အကြီးအကဲပိုင် ကျေးဇူးပြုပြီးစမ်းသပ်ပေးပါ။ ရှင်ကြိုက်သလို စမ်းသပ်လို့ရပါတယ်"
ပိုင်ကျစ်ယွင်က ကျောက်စိမ်းဘူးလေးထဲက ပျောင်ရွှမ်းရှန့်လန်ကို ကြည့်လိုက်ပြီး ပင့်သက်တစ်ချက် ရှိုက်လိုက်လိုက်ကာ သူ့မျက်လုံးများကို မှိတ်ထားလိုက်ပြီး ပျောင်ရွှမ်းရှန့်လန်ထဲမှာ ပါဝင်နေတဲ့ ဝိညာဉ်စွမ်းအားတွေနဲ့ ဆေးအာနိသင်ကို ဂရုတစိုက်ခံစားကြည့်လိုက်တယ်။
အားလုံးက စိတ်လှုပ်ရှား ပြီးမျှော်လင့်တကြီးအကြည့်တွေနဲ့ သူမကို ကြည့်နေကြတယ်။
နောက်တစ်စက္ကန့်မှာပဲ အပြာဖျော့ရောင် အလင်းတန်းတစ်ခုက ပိုင်ကျစ်ယွင်ရဲ့လက်ထဲမှာ လင်းလက်လာပြီး အားလုံးရဲ့မျက်လုံးရှေ့မှာပဲ အပြာရောင်အစေ့တစ်ခုက တဖြည်းဖြည်း ပေါ်လာခဲ့တယ်။
အဲဒီနောက်မှာတော့ အစေ့လေးထဲကနေ အပင်ပေါက်လေးတစ်ပင်က ကြီးထွားလာပြီး တဖြည်းဖြည်းနဲ့ ပိုကြီးမားလာကာ မျက်စိတစ်မှိတ်အတွင်းမှာပဲ ပျောင်ရွှမ်းရှန့်လန်နဲ့ တူညီတဲ့အရောင်အဝါရှိတဲ့ ဝိညာဉ်ဆေးပင်တစ်ပင်အဖြစ် ကြီးထွားလာခဲ့တယ်။
ဒီအချိန်မှာတော့ ပိုင်ကျစ်ယွင်က သူမရဲ့မျက်လုံးကိုဖွင့်လိုက်ပြီး သူမရှေ့က နတ်မိမယ်လျိုကွမ်းကို ကြည့်လိုက်ကာ သူမရဲ့မျက်လုံးထဲမှာလည်း တောင်းပန်တဲ့ အရိပ်အယောင်တစ်ခုနဲ့ ပြောလိုက်တယ်။
"အခုအချိန်က အရမ်းကို တိုတောင်းနေတော့ ကျွန်မက အဆင့် ၃ပျောင်ရွှမ်းရှန့်လန်ကိုပဲ သန့်စင်နိုင်တယ်..."
သူမ စကားမဆုံးခင်မှာဘဲ နတ်မိမယ်လျိုကွမ်းရဲ့ ရုတ်တရက် ပေါ်ထွက်လာတဲ့အသံကို ကြားလိုက်ရတယ်။ "အကြီးအကဲပိုင်ရှင်က အရမ်းကို နှိမ့်ချနေလွန်းပါပြီ"
"ဝိညာဉ်ဆေးပင်တွေကို သန့်စင်နိုင်တဲ့ ရှင့်အရည်အချင်းက ဒီအတိုင်းကို လျှို့ဝှက်ဆန်းကြယ်နေပါပြီ။ ကျွန်မတို့တွေက ရှင့်ကို ထောက်ပံ့ပေးရတာကိုပဲ အရမ်းဝမ်းသာနေပါပြီ"
တခြားအမျိုးသမီးကြီးမြတ်သူတွေကလည်း သတိပြန်ဝင်လာပြီး ပိုင်ကျစ်ယွင်ကို မြှောက်ပင့်ပေးဖို့ ဝိုင်းအုံလာတော့တယ်။
ပိုင်ကျစ်ယွင်က အုတ်မြစ်တည်ကျင့်ကြံခြင်းအဆင့်ပဲ ရှိသေးသယောင်ထင်ရပေမဲ့ သူမ ပြသခဲ့တဲ့အရည်အချင်းကို အကဲဖြတ်ကြည့်မယ်ဆိုရင် ဒါကနှစ်တစ်ထောင်မှာ ရှားရှားပါးပါးသာ မြင်ရတဲ့ ဝိညာဉ်ဆေးပင် ပါရမီရှင်တစ်ယောက်ဆိုတာ ထင်ရှားနေတာပဲ။
သူမက ပျောင်ရွှမ်းရှန့်လန်ကို သန့်စင်နိုင်တဲ့အရည်အချင်း မရှိဘူးဆိုရင်တောင် သူမနဲ့ မိတ်ဆွေဖွဲ့ထားတာက ထိုက်တန်သေးတယ်ဆိုတာကိုတော့ ပြောစရာမလိုဘူးလေ...
အမျိုးသမီးကြီးမြတ်သူတွေက ပိုင်ကျစ်ယွင်ရဲ့လက်ထဲက တတိယအဆင့် ပျောင်ရွှမ်းရှန့်လန်ကို ကြည့်လိုက်ကြပြီး အသည်းအသန်ဖြစ်သွားတဲ့ အရိပ်အရောင်တစ်ခု သူတို့ရဲ့မျက်လုံးထဲမှာ ထိန်းချုပ်မရအောင် ပေါ်လာတော့တယ်။
မသေမျိုးဆေးပင်ကို စိုက်ပျိုးလို့ မရနိုင်ပေမဲ့လည်း တတိယအဆင့် ဝိညာဉ်ဆေးပင်ကိုတော့ အမြောက်အများ စိုက်ပျိုးနိုင်သေးတယ်လေ။
ဒီအပြင် ပိုင်ကျစ်ယွင်က ပြောစကားအရဆိုရင် တကယ်လို့ သူမကို အချိန်အနည်းငယ် ပိုပေးလိုက်မယ်ဆိုရင် သူမက ပိုပြီး အဆင့်မြင့်တဲ့ပျောင်ရွှမ်းရှန့်လန်ကို သေချာပေါက်သန့်စင်နိုင်မှာပဲ။
သူတို့တွေ ကလေးရလာနိုင်မဲ့နေ့က အရမ်းကို နီးကပ်လာပြီပဲ။
...