အခန်း ၁၄၂
Vol. 10 Ch. 142
အပိုင်း (၁၄၂)
တခြားဖက်က ရွှင့်ချန်ဂိုဏ်းနဲ့ ချန်ထျန်းဂိုဏ်းတို့ရဲ့ အခြေအနေကလည်း ဆင်တူပါပဲ။ ဒါပေမဲ့ ဝမ့်ကျန့်ဂိုဏ်းမှာထက်တော့ နည်းနည်းလေးသက်သာနေတယ်။
ပိုင်ကျစ်ယွင်က ဝိညာဥ်ဆေးပင်တွေရဲ့ အရည်အသွေးကို ဘယ်လို တိုးတက်ရမယ်ဆိုတာကို ရှင်းပြနေတဲ့အချိန်မှာ ရွှင့်ချန်ဂိုဏ်းက တပည့်တွေက သူတို့ရဲ့မျက်နှာပေါ်မှာ နားမလည်နိုင်တဲ့ အကြည့်တစ်ခုနဲ့ နားထောင်နေကြလေရဲ့။
?
ဝိညာဥ်ဆေးပင်ရဲ့ ဝိညာဥ်နောက်ကို လိုက်ရမယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ဝိညာဥ်ဆေးပင်တွေမှာ ဝိညာဥ်တွေရှိလို့လား။
ဝိညာဥ်စွမ်းအင်ဆေးပင်ရဲ့ သွေးကြောတွေရဲ့ ထူထဲမှုပေါ်မူတည်ပြီး ဝိညာဥ်စွမ်းအင်ပမာဏကို ထည့်သွင်းဖို့ ဆုံးဖြတ်ရမယ်ဆိုတာကရော ဘာအဓိပ္ပာယ်လဲ။ မဟာယနကျင့်ကြံသူတစ်ယောက်ကတောင် ဒါကိုနားလည်နိုင်မှာ မဟုတ်ဘူးလေ ဟုတ်တယ်မလား။
ချန်ထျန်းဂိုဏ်းက တပည့်တွေကတော့ အင်မတန်မှ ပူပေါင်းပေးနေပြီး သူတို့ရဲ့မျက်နှာပေါ်မှာ ချစ်ခင်မြတ်နိုးတဲ့ အကြည့်တစ်ခုနဲ့ သူတို့ရဲ့ဖွားဖွားကြီးကို ကြည့်နေကြတယ်။ သူမကတော့ မိုးရွာအောင်လုပ်တဲ့နည်းလမ်းကို သူတို့ကို သင်ပြပေးနေလေရဲ့။
လင်းကျောက် သုံးသွားတဲ့ မိုးရေလုပ်တဲ့နည်းလမ်းက လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကတည်းက ပျောက်ဆုံးနေခဲ့တဲ့ နွေဦးလေပြေနဲ့ မိုးကို ပြုလုပ်တဲ့ပညာရပ်ဆိုတာကို ရှာတွေ့သွားကြတဲ့အထိပဲ...
လှေပျံကြီး ဆင်းသက်လာတဲ့အချိန်မှာတော့ စူးလီက မျက်နှာပေါ်မှာ သက်တောင့်သက်သာ ဖြစ်နေတဲ့ရုပ်တစ်ခုနဲ့ လှေပေါ်ကနေ ဆင်းလာခဲ့တယ်။
ဝမ့်ကျန့်ဂိုဏ်းကတပည့်၊ ရွှင့်ချန်ဂိုဏ်းနဲ့ ချန်ထျန်းဂိုဏ်းက တပည့်တွေ အားလုံးကတော့ သူတို့ရဲ့ မျက်နှာပေါ်မှာ သံသယဖြစ်နေတဲ့ အမူအရာတစ်ခု ရှိနေတော့တယ်။
ကွေးယွမ်ဂိုဏ်းချုပ်ကြီး မင်ဟွိုက်ကတော့ ဂိုဏ်းရဲ့ဂိတ်ရှေ့မှာ စောင့်နေလေရဲ့။ သူက လှေပျံကို တွေ့လိုက်တဲ့အချိန်မှာ တခြားဂိုဏ်းချုပ်ကြီးကို မြန်မြန်သွားပြီး နှုတ်ဆက်လိုက်တယ်။
"အားလုံး အဝေးကနေရောက်လာရတာ အရင်ဆုံး အနားယူဖို့အတွက် အိမ်တော်ကို ခေါ်သွားပေးပါ့မယ်"
"ဂိုဏ်းချုပ်ကြီးမင် အရမ်းအားနာတတ်နေပါပြီ"
ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးကတော့ အပြင်လူတွေနဲ့ အပြင်ကကိစ္စတွေကို ဖြေရှင်းရတဲ့အချိန်တိုင်း သူ့သဘောထား အတိုင်းပဲ အမြဲတမ်းပြောဆိုတတ်တယ်။ သူက လှေပျံပေါ်က ဆင်းလာတာနဲ့ချက်ချင်း လေးနက်တဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။
"ကလေးမုံ့လန် အခြေအနေဘယ်လိုနေလဲ သိချင်တယ်"
သူ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ မင်ဟွိုက်ရဲ့ သိက္ခာနဲ့ပြည့်နှက်ပြီး အနည်းငယ် တင်းမာတဲ့မျက်နှာက နှမြောတသတဲ့ပုံစံအပြည့် ဖြစ်သွားတယ်။ သူက ပင်ပန်းနွမ်းနယ်ပုံနဲ့ သက်ပြင်းချလိုက်ပြီး
"ဂိုဏ်းချုပ်ကြီးချီ မသိသေးလို့ ဖြစ်ပါလိမ့်မယ်၊ ကျန်းမုံ့လန်က ကျင့်ကြံဖို့အတွက် ဂိုဏ်းရဲ့ရတနာကို ခိုးယူခဲ့တယ်လေ။ ငြင်းဆန်လို့မရတဲ့ သက်သေကလည်းရှိနေပြီး မရေမတွက်နိုင်တဲ့ တပည့်တွေကလည်း သူတို့ရဲ့မျက်လုံးတွေနဲ့ သူရဲ့လုပ်ရပ်တွေကို မြင်တွေ့ခဲ့တယ်..."
ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက သူ့စကားပြီးတဲ့အထိမစောင့်ဘဲ မျက်မှောင်ကျုံ့ပြီး သေချာတဲ့လေသံတစ်ခုနဲ့ ပြောလိုက်တယ်။
"မဖြစ်နိုင်တာပဲ"
"ဒီကိစ္စရဲ့နောက်ကွယ်မှာ လူဆိုးတစ်ယောက်တော့ ရှိနေရမယ်"
မင်ဟွိုက်က ခါးသက်သက်ပြုံးကာ ခေါင်းခါလိုက်သည်။
"ကျွန်တော်လည်း ဒီအကြောင်းကို ကြားတုန်းကတော့ ဒီလိုပဲတွေးခဲ့တာပါပဲ"
သူ့စကားဆုံးသွားပြီးတဲ့နောက်မှာ သူက ဂိုဏ်းချုပ်ကြီးအားလုံးကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်တယ်။
"ဂိုဏ်းချုပ်ကြီးတို့ ကျေးဇူးပြုပြီးတော့ ကျုပ်ပြောတာကို နားထောင်ပြီးမှ ဒီကိစ္စရဲ့အကြောင်းအရင်းကို ရှင်းပြပါရစေ"
“လွန်ခဲ့တဲ့နှစ်ပေါင်း ငါးဆယ်တုန်းက သူက ရွှေအမြုတေအဆင့်ပဲ ရောက်သေးတဲ့ ကျန်းမုံ့လန်ကို လေ့ကျင့်ပေးခဲ့ပြီး ဂိုဏ်းချုပ်အလောင်းအလျာလို့ သတ်မှတ်ထားတဲ့အတွက် သူက ကွေးယွမ်ဂိုဏ်းရဲ့ ရတနာ လီဟော်မသေမျိုး သလင်းကျောက် နဲ့ထိတွေ့လို့ရအောင် ခေါ်သွားပေးခဲ့တယ်။
မသေမျိုး သလင်းကျောက်က ဂိုဏ်းကို စောင့်ကြပ်ပေးပြီး ပတ်ဝန်းကျင်မြို့ကိုလည်း စောင့်ကြပ်ပေးနေတဲ့ မသေမျိုးရတနာတစ်ခုပဲ။ သူ တည်ရှိနေတဲ့အတွက်ကြောင့်ပဲ ကွေးယွမ်ဂိုဏ်းနဲ့ ပတ်ဝန်းကျင်မြို့တွေက အေးချမ်းပြီး ညီညွှတ်မျှတနေကာ ကောင်းကောင်းမွန်မွန် တိုးတက်နေခဲ့တာ။
ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်တုန်းက မျှော်လင့်မထားတဲ့ သဘာဝကပ်ဘေးဒုက္ခတွေက ဂိုဏ်းပတ်ဝန်းကျင်မှာ ရုတ်တရက် ဖြစ်ပွားလာခဲ့တယ်။ မိုးခေါင်တာ ရေလွှမ်းတာ မီးဘေးတွေကအစပေါ့...
အစတုန်းကတော့ ဒါကမတော်တဆဖြစ်ရပ်လို့ပဲ သူက ထင်ထားခဲ့တာ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူရဲ့အကြီးဆုံးတပည့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ မသေမျိုးသလင်းကျောက်ရဲ့ အငွေ့အသက်ကို ရုတ်တရက် ခံစားလိုက်ရတယ်လေ။
နောက်ပိုင်းကျတော့ သူ အကြိမ်ပေါင်းများစွာ စစ်ဆေးပြီးတဲ့အခါမှာ လီဟော်မသေမျိုး သလင်းကျောက်က အပေါ်ယံမှာတော့ ဝိညာဥ်စွမ်းအင်တွေ ပြည့်နေသယောင် ထင်ရပေမဲ့လည်း တကယ်တမ်းကျတော့ အတွင်းမှာ အပေါက်ကြီးတစ်ပေါက်တောင် ဖြစ်နေတာကို တွေ့လိုက်ရတယ်လေ။
မသေမျိုးသလင်းကျောက် ပျက်စီးသွားတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျန်းမုံ့လန်ရဲ့ ကျင့်ကြံခြင်းအဆင့်က ရုတ်တရက် ထိုးတက်သွားတဲ့အချိန်ဖြစ်နေတယ်”
ဒီအကြောင်းကို ကြားလိုက်ရတဲ့အခါ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက မသိမသာ မျက်မှောင်ကျုံ့လိုက်ပြီး မနေနိုင်ဘဲ ပြောလိုက်တယ်။
"ဒါက တကယ်ပဲ သံသယဖြစ်စရာ ကောင်းပါတယ်။ ဒါပေမဲ့ ဒီအချက်အပေါ် အခြေခံပြီးကြည့်မယ်ဆိုရင် ဒါက ဒီလိုကျူးလွန်ဖို့အတွက် လွယ်ကူမယ်တော့ မထင်ဘူး၊ ဟုတ်တယ်မလား"
မင်ဟွိုက်က ခေါင်းခါပြကာ ဆက်ပြီးပြောတယ်။
"အမှန်ပါပဲ အဲ့လိုလုံးဝ မဟုတ်ပါဘူး။ ကျန်းမုံ့လန်ရဲ့ ခန္ဓာကိုယ်ထဲက ဝိညာဥ်စွမ်းအင်တွေက မသေမျိုးသလင်းကျောက်နဲ့ တစ်စိတ်တစ်ပိုင်း ထပ်တူကျနေတယ်ဆိုတာ တွေ့ခဲ့တယ်လေ။ တကယ်လို့ သူက ဂိုဏ်းထဲကတပည့်တွေနဲ့ပဲ လေ့ကျင့်ခဲ့မယ်ဆိုရင် မသေမျိုးသလင်းကျောက်က အရောင်အဝါ အနည်းငယ်သာ ထိတွေ့ခံရမှာပဲ။ သူက မသေမျိုးသလင်းကျောက်ရဲ့ ဝိညာဥ်စွမ်းအင်နဲ့ တစ်ထပ်တည်း ဖြစ်နေနိုင်တယ်ဆိုတဲ့အချက်က အနည်းဆုံး ဆယ်စုနှစ်တစ်ခုလောက် မသေမျိုးသလင်းကျောက်နဲ့ အနီးကပ်ထိတွေ့ခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ"
နောက်ဆုံးမှာတော့ သူကခေါင်းကို လှည့်လိုက်ပြီး ကွေးယွမ်ဂိုဏ်းရှိရာဖက်ကို ကြည့်လိုက်ကာ ပင်ပန်းနွမ်းနယ်နေတဲ့ အသံတစ်ခုနဲ့ ပြောလိုက်တယ်။
"ကျန်းမုံ့လန်ကို ပိတ်လှောင်ထားပြီးတဲ့နောက်မှာ မရေမတွက်နိုင်တဲ့တပည့်တွေက သူရဲ့သိုလှောင်အိတ်ထဲကနေ မသေမျိုးသလင်းကျောက်ရဲ့ အယောင်အဝါတွေ လျှံကျလာတာကို တွေ့လိုက်ရတယ်လေ"
ဒီစကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူက ကျန်းမုံ့လန်ရဲ့ အကျင့်စရိုက်ကို သိခဲ့တယ်ဆိုရင်တောင် ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက သူ့ပါးစပ်ကို ပိတ်ထားလိုက်ပြီး မေးခွန်းမထုတ်နိုင်အောင် ဖြစ်သွားတယ်။
အထင်လွဲစရာ တစ်ခုခု ရှိနေတာမျိုးမဟုတ်ရင် တစ်စုံတစ်ယောက်က သူ့ကိုချောက်ချနေတာပဲ ဖြစ်ရမယ်လို့ စဥ်းစားလိုက်တယ်။ ဒါပေမဲ့လည်း ...
သက်သေက အရမ်းကို ခိုင်မာနေတယ်။ ကျန်းမုံ့လန်က တစ်ဦးတည်းသော အကျိုးခံစားရတဲ့သူတစ်ယောက် ဖြစ်နေတယ်။
သူ့အတွက် ဆင်ခြေပေးဖို့ နည်းလမ်းတစ်ခုကို ရှာပေးဖို့က ခက်ခဲလှချေရဲ့။
ဂိုဏ်းချုပ်ကြီး တော်တော်များများက အချင်းချင်း ပြန်ကြည့်လိုက်ကြပြီး ထျန်းကျိးဂိုဏ်းချုပ်ကြီးကတော့ သူရဲ့စိတ်ထဲမှာ သံသယ အရိပ်အယောင်တစ်ခု ရှိနေသေးပေမဲ့လည်း သံသယက ဒီကိစ္စကို ပထမဦးဆုံး ကြားလိုက်ရတဲ့အချိန်ထက် အများကြီးသေးငယ်သွားခဲ့တယ်။
သူ့အသံထဲမှာ တွေဝေမှုအပြည့် ဖြစ်နေတယ်။
"ကျန်းမုံ့လန်က တကယ်ပဲ... အခု လုံးဝကို ပျက်စီးသွားပြီလား"
မင်ဟွိုက်က သက်ပြင်းချလိုက်ပြီး ဘာမှမတတ်နိုင်တဲ့ အမူအရာတစ်ခုနဲ့ သူ့ရဲ့အကြီးဆုံးတပည့်အပေါ် သနားသွားတဲ့ အရိပ်အယောင်တစ်ခု ထုတ်ပြလိုက်တယ်။
"ဂိုဏ်းချုပ်ကြီး လီဟော်မသေမျိုးသလင်းကျောက် ပျက်စီးသွားပြီးတဲ့နောက်မှာ မြို့ဘယ်နှစ်မြို့က သဘာဝဘေးအန္တရယ်ကို ခံစားခဲ့ရတယ်ဆိုတာ သိလား။ ကျင့်ကြံသူတွေနဲ့ မြို့နေလူထု ဘယ်နှစ်ယောက် ထိခိုက်ဒဏ်ရာရသွားခဲ့တယ်ဆိုတာကိုသိလား"
"ကျန်းမုံ့လန်က ကျုပ်ရဲ့အချစ်ရဆုံး တပည့်တစ်ယောက်ပါ။ ကျုပ်က သူ့ကို ဘယ်လိုလုပ်ပြီး လက်လွှတ်ရက်ပါ့မလဲ"
ဒီအချိန်မှာတော့ သူက သက်ပြင်းချလိုက်ပြီး သူရဲ့မျက်လုံးထဲမှာလည်း ပြတ်သားပြီးထည်ဝါတဲ့ အရိပ်အယောက်တစ်ခု ပြန်ဝင်လာတယ်။
"ကျုပ်က ကွေးယွမ်ဂိုဏ်းချုပ်ကြီးလေ၊ အားလုံးကို ဖြေရှင်းချက်တစ်ခု သေချာပေါက် ပေးရပါမယ်"
သူက ကွေးယွမ်ဂိုဏ်းဖက်ကို လျှောက်သွားရင် အားလုံးက နှုတ်ဆိတ်ကာ နားထောင်နေကြတယ်။ ဒီအချိန်မှာပဲ ချန်ထျန်းဂိုဏ်းချုပ်ကြီးက ကွေးယွမ်ဂိုဏ်းက တပည့်တွေ ဦးတည်သွားနေတဲ့ လားရာဖက်ကို ကြည့်လိုက်တော့ သူ့မျက်လုံးထဲမှာ သံသယအရိပ်တစ်ခု ဖျတ်ကနဲ လက်သွားတယ်။
"ကျုပ်အထင်တော့ တကယ်လို့ဒီတပည့်တွေက... "
မင်ဟွိုက်က ရှုပ်ထွေးသွားတဲ့ အမူအရာတစ်ခုဖြစ်သွားပြီး
"သူတို့တွေက ကျန်းမုံ့လန်ကို ပြစ်ဒဏ်ပေးမဲ့နေရာကို သွားနေကြတာပါ"
"ကွေးယွမ်ဂိုဏ်းကလူတွေရဲ့ ဆွေမျိုးတွေ တော်တော်များများက သဘာဝကပ်ဘေး အန္တရာယ်ကြောင့် သေသွားခဲ့တယ်လေ"
လူတစ်ယောက်ကို ဆူးတွေနဲ့ပြည့်နှက်နေတဲ့ သစ်ပင်တစ်ပင်မှာ ချည်နှောင်ထားတယ်။ ဆူးတွေပါတဲ့ သစ်ပင်ပေါ်က ဆူးညှောင့်တွေက သူ့ရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်နေတယ်။ ဝိညာဥ်စွမ်းအင်တွေပါနေတဲ့ သွေးစက်တွေက မြေကြီးပေါ်ကို တစ်စက်စက်ကျနေပြီး ပတ်ဝန်းကျင်ကို အနီရောင်သွေးတွေနဲ့ ဆေးခြယ်ထားတယ်။
သူက ခေါင်းငုံ့ထားတယ်။ ဘယ်သူကမှ သူရဲ့အမူအရာကို မမြင်နိုင်ကြဘူး။ သူတို့တွေ့နိုင်တဲ့ အရာအားလုံးက သွေးရောင်ဖြူဆုတ်ပြီး ပါးလွှာနေတဲ့နှုတ်ခမ်းတစ်စုံပဲ။
ဘေးဘီမှာရှိနေတဲ့ တပည့်တွေအားလုံးက မျက်နှာပေါ်မှာ ဒေါသထွက်နေတဲ့ အမူအရာတွေ ဖြစ်နေကြတယ်။
ယောက်ျားတပည့်တစ်ယောက်က သူ့လက်ထဲက ကျောက်တုံးနဲ့ သူ့ခေါင်းကို ရိုက်ချလိုက်တယ်။
"ရွံ့စရာကောင်းလိုက်တဲ့ အပြစ်သား"
သူရဲ့လှုပ်ရှားမှုကို မြင်လိုက်ရတဲ့အခါ တစ်စုံတစ်ယောက်က သူ့ကို သရော်လှောင်ပြောင်ကာ ပြောလိုက်တယ်။
"ကျန်းမုံ့လန်က မင်းကို အကြိမ်ပေါင်းများစွာ ကူညီပေးခဲ့တာကို ငါ မှတ်မိနေပါသေးတယ် ဟုတ်တယ်မလား"
တပည့်က သူ့ကိုယ်သူ ကျန်းမုံ့လန်နဲ့ နည်းနည်းခွာခွာမှာ ရပ်လိုက်ပြီး
"သူက တပည့်ကောင်းတစ်ယောက်ဆိုတဲ့ ဂုဏ်သတင်းကိုရချင်တဲ့ ကြောင်သူတော်တစ်ယောက်ပါပဲ"
သူက အတွင်းစည်းတပည့်တွေရဲ့ အနိုင်ကျင့်ခံရတာကို ကျန်းမုံ့လန် သိသွားခဲ့ပြီး သူ့အတွက် အတွင်းစည်းတပည့်တွေရဲ့ မိသားစုတွေနဲ့တောင် တိုက်ခိုက်ပေးခဲ့တဲ့အကြောင်းကို ထုတ်မပြောခဲ့ဘူး။ သူက ဒီအတိုင်းမျက်နှာပေါ်မှာ ရက်စက်တဲ့ရုပ်တစ်ခုနဲ့ ပြောလိုက်တယ်။
"ဒီအပြင့် အစတုန်းကတော့... အစတုန်းကတော့ ငါ အနိုင်ကျင့်ခံနေရတာကို အချိန်အကြာကြီး တမင်တကာ စောင့်ကြည့်နေခဲ့တာ။ အဲ့ဒီနောက်ပိုင်းမှ ငါ့ကို ကူညီပေးဖို့ ဟန်ဆောင်ခဲ့တာလေ။ သူက ဒါကို အားလုံးသိအောင်လည်း လုပ်ခဲ့တယ်။ သူက နာမည်ကောင်းတစ်ခုရအောင် လုပ်နေတာပဲ မဟုတ်လား"
ဒီအချိန်မှာတော့ သူက ကျန်းမုံ့လန် ကူညီပေးခဲ့တဲ့ နောက်ထပ်လူတစ်ယောက်ကို လှမ်းကြည့်လိုက်ပြီး
"လီချိုင် မင်းရော အဲ့လို့မထင်ဘူးလား"
လီချိုင်က ခေါင်းကိုငုံ့ထားပြီး ကျန်းမုံ့လန်ကို မော့မကြည့်ရဲအောင်ဖြစ်နေတယ်။ သူမရဲ့အသံက တိုးညင်းနေပေမဲ့လည်း အားလုံးကြားနိုင်လောက်တဲ့အထိ လုံလောက်အောင်ကျယ်နေတယ်။
"ဟုတ်တယ်"
ဒီနေရာမှာ မရေမတွက်နိုင်တဲ့တပည့်တွေက အရင်တုန်းက ကျန်းမုံ့လန်ရဲ့အကူအညီကို ယူခဲ့ကြဖူးတယ်။ ဒါပေမဲ့ ဒီအချိန်မှာတော့ ဒီလူတွေက ကျန်းမုံ့လန်ကို ဒေါသနဲ့ ကြည့်နေကြတာမျိုး မဟုတ်ရင် နှုတ်ဆိတ်ပြီး ငြိမ်နေကြလေရဲ့။
သူ့ပတ်ဝန်းကျင်မှာရှိနေတဲ့ တပည့်အမြောက်အမြားကလည်း ကျန်းမုံ့လန်ရဲ့ ရန်သူတွေ ဖြစ်နေတယ်။ ကျန်းမုံ့လန်ရဲ့ ဆုံးမတာခံလိုက်ရတဲ့ အတွင်းစည်းတပည့်တစ်ယောက်က ယုတ်မာရက်စက်တဲ့ အကြည့်တစ်ခုနဲ့ ပြောလိုက်တယ်။
"အကြီးဆုံးဂိုဏ်းတူအစ်ကိုဆိုတဲ့ နာမည်ကိုသုံးပြီး သူ တခြား ဘာမကောင်းတာတွေ လုပ်ခဲ့သေးလဲဆိုတာ ဘယ်သူက သိမှာလဲ"
"တကယ်လို့ မင်းသာ ငါ့ကို မေးမယ်ဆိုရင် ငါကတော့ အရမ်းကို သက်ညှာပေးအုံးမှာပါ။ သူ့ကို လမ်းတကာမှာ ပတ်လျှောက်ခိုင်းပြီး မြို့ခံတွေရဲ့ဒေါသတွေကို ဖြေချခိုင်းအုံးမှာ "
"အစ်ကို ပြောတာမှန်တယ်။ ငါတို့တွေ ဂိုဏ်းချုပ်ကြီးကိုသွားပြီး တောင်းဆိုကြရင် ဘယ်လိုလဲ"
ဒီလူတွေက ဘာပဲပြောပြော ဘာပဲလုပ်နေပါစေ။ ကျန်းမုံ့လန်ကတော့ ဘာမှကို ဂရုမစိုက်လေဘူး။
သူ့ရဲ့ပျော်ရွှင်မှုတွေ။ ဝမ်းနည်းမှုတွေ၊ ဒေါသတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ကိစ္စတွေကို ယူထုတ်သွားခဲ့တဲ့အတိုင်းပဲ။
ဒီအချိန်မှာပဲ ဂိုဏ်းချုပ်ကြီးတွေ အားလုံးက ကျန်းမုံ့လန်ရဲ့ လက်ရှိရုပ်အသွင်အပြင်ကို မြင်လိုက်ကြပြီး အားလုံးရဲ့မျက်လုံးထဲမှာ ရှုပ်ထွေးသွားတဲ့ ခံစားချက်တစ်ခုနဲ့ ပြည့်နှက်သွားတယ်။
တစ်ချိန်က ကောင်းကင်ဘုံရဲ့ မျက်နှာသာပေးတာခံရတဲ့ ဒီကလေးက ဘာဖြစ်လို့များ ...
တပည့်တွေက သူတို့ကို မြင်လိုက်တဲ့အချိန်မှာ သူတို့ရဲ့ပါးစပ်ကို မြန်မြန်ပိတ်ထားလိုက်ကြပြီး တလေးတစား ဦးညွှတ်နှုတ်ဆက်လိုက်ကြတယ်။
ဒီအချိန်မှာတော့ စူးလီက သူမ ဘေးမှာရှိနေတဲ့ လူသုံးယောက်ကို နောက်ဆုံးတော့ ကျေနပ်သွားအောင် လုပ်ပေးနိုင်ခဲ့ပြီး ဖရဲသီးစားဖို့ အချိန်ရောက်လာခဲ့တယ်။
သူမက ကောင်းကင်စာအုပ်ထဲက စာလုံးတွေကိုကြည့်ရင်း သက်ပြင်းချကာ ပြောလိုက်မိတယ်။
[ကျန်းမုံ့လန် ဘာလုပ်ခဲ့လဲဆိုတာ ကြည့်လိုက်ပါအုံးမယ်]
ဒီအသံကို ကြားလိုက်တဲ့အခါ မင်ဟွိုက်ရဲ့ခြေလှမ်းတွေက ရုတ်တရက် အေးခဲသွားတယ်။
ကောင်းကင်ဘုံကလာတဲ့အသံက ပြီးခဲ့တဲ့လတ်တလောမှာ သာ့နန်ရဲ့ စိတ်ကူးယဥ်ဇာတ်လမ်းတွေကို သဘောကျနေတယ်လို့ ပြောနေကြတာ မဟုတ်လား။
အပြင်လောကကလာတဲ့အသံက ဒီနေရာကို ရောက်လာပြီး ပြဿနာရှာမှာကို သူ စိုးရိမ်နေတာလေ။ ဒါကြောင့်ပဲ သူက အချစ်အကြောင်းနဲ့ပတ်သတ်တဲ့ မရေမတွက်နိုင်တဲ့ ဇာတ်လမ်းတွေကို ဖန်တီးဖို့ လူတွေကို အထူးတလည် တောင်းဆိုထားခဲ့တာလေ။
သူက ဒီလျှို့ဝှက်ချက်တွေ အားလုံးကို လျစ်လျူရှုထားပြီးတော့ ဘာဖြစ်လို့ ဒီနေရာကို ရောက်လာခဲ့တာလဲ။
သူက ပျာယာခတ်သွားပြီး သူ့မျက်နှာအမူအရာကို ထိန်းချုပ်ဖို့ ကြိုးစားနေတုန်းမှာပဲ ကောင်းကင်ကလာတဲ့အသံက ဆက်ပြောလိုက်တယ်။
[ကျွတ်ကျွတ် ကျန်းမုံ့လန်က ဘယ်လိုဖြစ်ပြီး အဲ့လောက်တောင် သနားစရာကောင်းနေရတာလဲ...]
[ရက်သတ္တပတ်တွေမှာ သူ့အပေါ်ကြင်နာပြီး မျှမျှတတ ဆက်ဆံတတ်ပြီး ဂုဏ်သိက္ခာရှိသယောင်ထင်ရတဲ့ သူရဲ့ဆရာက သူ့ကို ဒီလိုဒုက္ခရောက်အောင် လုပ်ခဲ့တဲ့ တရားခံဖြစ်နေမယ်လို့ ဘယ်သူကထင်မိမှာလဲ]
[မသေမျိုးသလင်းကျောက်ဖြစ်တဲ့ ဂိုဏ်းရဲ့တန်ဖိုးအရှိဆုံး ရတနာကို အသုံးချပြီး ကျင့်ကြံနေတဲ့သူက တကယ်တမ်းကျတော့ ကွေးယွမ်ဂိုဏ်းချုပ်ကြီး မင်ဟွိုက်ပဲလေ]
...