← Chapters

အခန်း ၁၄၇

Vol. 10 Ch. 147

အခန်း ၁၄၇

Vol. 10 Ch. 147

အပိုင်း (၁၄၇)

အားလုံးသိထားကြတဲ့အတိုင်းပဲလေ။ ကျင့်ကြံရေးလောကထဲမှာ ဇွဲလုံ့လအရှိဆုံး ကျင့်ကြံသူလို့ ပြောလိုက်ရင် ဝမ့်ကျန့်ဂိုဏ်းကတပည့်တွေပဲ။ ဒါပေမဲ့ ဝမ့်ကျန့်ဂိုဏ်းတပည့်တွေက လေ့ကျင့်တဲ့နေရာမှာပဲ ဇွဲလုံ့လရှိကြတာ။

တကယ်လို့ အရက်စက်ဆုံး ကျင့်ကြံသူတွေလို့ ပြောရရင်တော့ ဒါက ဟယ်ဟွမ်းဂိုဏ်းက တပည့်တွေပဲပေါ့။

ဟယ်ဟွမ်းဂိုဏ်းရဲ့ မဟာအကြီးအကဲနဲ့ ကျင့်ကြံသူတွေ အားလုံးတိုင်းက ဘယ်လိုအတွေ့ကြုံတွေကို ရင်ဆိုင်ခဲ့ရပြီး ဒီနေ့လို အောင်မြင်မှုရဖို့အတွက် ဘယ်လို သည်းခံခဲ့ရတယ်ဆိုတာကို ဘယ်သူမှ မသိကြဘူးလေ။

ကျင့်ကြံရေး တိုးတက်လာဖို့အတွက် ချီရှီက တကယ်တမ်းကျတော့ ရွံ့ရှာစရာကောင်းတာတွေကို သည်းခံလာခဲ့ရပြီး လူယုတ်မာ ဆယ့်ရှစ်ယောက်ကိုတောင်မှ လိုက်ခဲ့ရတယ်လေ။

ဆယ့်ရှစ်ယောက်တဲ့နော်...

ဒီတော့ ချီရှီက သူ့ဘေးက လူတွေအတွက် ဘာခံစားချက်မှ မရှိဘူးပေါ့။ သူမက မရွံ့ရှာဘူးလို့ ခံစားခဲ့ရမယ်ဆိုရင်... ဒါက တော်တော်လေးကို အခြေနေကောင်းနေပြီလို့ ပြောလို့ရတယ်။

ဒီလူပေါင်းများစွာက သူမရဲ့ကျင့်ကြံရေးလမ်းစဥ်ပေါ်မှာ ကြီးမားတဲ့အတားအဆီးတွေ ဖြစ်နေပြီးသားလေ။

တကယ်လို့ ဒီလူတွေထဲက တစ်ယောက်ကသာ အရမ်းကို သူတော်စင်ဆန်ပြီး နည်းနည်းလေးလောက် ထပ်ပြီး သည်းခံနိုင်ခဲ့မယ်ဆိုရင် သူမက ဆယ်စုနှစ်ကျော်ကြာအောင် သူမရဲ့ အုတ်မြစ်တည်ခြင်းအဆင့်ကို ဘယ်လိုလုပ်ပြီး မတည်ဆောက်နိုင်ဘဲ မဖြစ်နိုင်မှာလဲ။

သိထားတဲ့အတိုင်းပါပဲ။ သူမက ဟယ်ဟွမ်ဂိုဏ်းရဲ့ တပည့်တွေကြားမှာ အရည်အချင်းရှိဆုံး တပည့်တွေထဲက တစ်ယောက်ပဲလေ။

တကယ်လို့ သူမရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်မနေဘူးဆိုရင် သူမက သူတို့တွေကို မြင်လိုက်တဲ့အချိန်မှာ သူတို့တွေကိုတောင် တံတွေးထွေးပစ်နိုင်သေးတယ်။

ယွမ်ရှန်းနန်းဆောင်သခင်က အမှားနဲ့ အမှန်ကို ရောထွေးအောင်လုပ်ပြီး ဟယ်ဟွမ်းဂိုဏ်းရဲ့ တောင်ထွတ်သခင်တွေကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတာကို တွေ့လိုက်ရတဲ့အချိန်မှာ သူမရဲ့မျက်ခုံးတွေက တွန့်ချိုးသွားပြီး သူမက တစ်ခုခုပြောတော့မယ် ပြင်လိုက်တဲ့အချိန်မှာပဲ အင်မတန်မှ ဝမ်းသာပီတိဖြစ်နေတဲ့ အသံတစ်ခုကို ကြားလိုက်ရတယ်လေ။

ဒီအသံကို ကြားလိုက်ရတာနဲ့အတူ သူမရဲ့ပတ်ဝန်းကျင်က အဲ့ဒီလူယုတ်မာတစ်သိုက်ကလည်း အားအပြည့်နဲ့ဝိညာဥ်စွမ်းအင်တစ်ခုကြောင့် ရုတ်ခြည်းဆိုသလို လွင့်ထွက်သွားကြတယ်လေ။ အဲ့ဒီနောက်မှာတော့ ပုံရိပ်တစ်ခုက သူမရှေ့မှာ ပေါ်လာတော့တာပဲ။

ချီရှီက ငေးကြောင်ကြောင်နဲ့ မော့ကြည့်လိုကိမိတယ်။ အဲ့ဒီပုဂ္ဂိုလ်ရဲ့မျက်နှာကို မြင်လိုက်ရပြီးတဲ့နောက်မှာ သူမမျက်လုံးတွေထဲမှာ ထိတ်လန့်မှုနဲ့ ဇဝေဇဝါ ဖြစ်သွားတော့တယ်။

"ယွီချင်း... ကြီးမြတ်သူမလား"

သူမက ဟယ်ဟွမ်းဂိုဏ်းထဲမှာ သာမန်တပည့်တစ်ယောက် ဖြစ်ပေမဲ့လည်း သိပ်မကြာခင်တုန်းက ကြီးမြတ်သူယွီချင်းက လေဟာနယ်ဖြိုခွဲခြင်း ကျင့်ကြံခြင်းအဆင့်ကို အောင်မြင်ခဲ့တယ်ဆိုတာ သူမလည်း သိထားခဲ့တယ်လေ။

ဒါက လေဟာနယ်ဖြိုခွဲခြင်း ကျင့်ကြံခြင်းအဆင့်ပဲ။

ဒါက သူမစဥ်းတောင် မစဥ်းစားရဲတဲ့ ကျင့်ကြံခြင်းအဆင့်လေ။

ဒါပေမဲ့ သူမ ခုနတုန်းက ဘာကြားခဲ့လိုက်တယ်။ ကြီးမြတ်သူယွီချင်းက ပြောလိုက်တယ် သူမက သူ နှစ်ပေါင်းတစ်ထောင်ကျော်အောင် ရှာဖွေနေတဲ့ တပည့်တဲ့လား။

ချီရှီက မျက်တောင်ခတ်လိုက်ပြီး သူမရဲ့အသံကလည်း အနည်းငယ် သတိအနေအထား ဖြစ်သွားတယ်။

"ကြီးမြတ်သူ... ကျွန်မကို လူမှားပြီးတော့ အသိအမှတ်ပြုနေတာလား"

သူမက ဟယ်ဟွမ်းဂိုဏ်းက သာမန်တပည့်တစ်ယောက် သာသာပဲလေ။ သူမက ဘယ်လိုလုပ်ပြီး အဲ့လောက်အထိ တန်ဖိုးရှိနိုင်မှာလဲ...

ကြီးမြတ်သူယွီချင်းက မရေမတွက်နိုင်တဲ့မုန်တိုင်းတွေကို ရင်ဆိုင်ခဲ့ရပြီးပြီ။ အခိုက်တန့်စိတ်လှုပ်ရှားမှုကို ခံစားရပြီးတဲ့နောက်မှာ ပြန်လည်တည်ငြိမ်သွားခဲ့တယ်။

ချီရှီရဲ့မေးခွန်းကို ကြားလိုက်ရပြီးတဲ့အခါ သူမက မျက်နှာပေါ်မှာ ပြတ်သားတဲ့ အကြည့်တစ်ခုနဲ့ ခေါင်းညိတ်ပြလိုက်တယ်။

"ငါက ငါ့တပည်ကို အသိအမှတ်ပြုတဲ့နေရာမှာ အမှားအယွင်းတစ်ခု သေချာပေါက် လုပ်မှာ မဟုတ်ဘူးလေ"

သူမက ချီရှီရဲ့အရည်အချင်းကို လေ့လာပြီးတဲ့နောက်မှာ သူမရဲ့မျက်လုံးတွေထဲမှာ ကျေနပ်မှုအပြည့် ပိုဖြစ်သွားတော့တယ်။

ဒီလိုအရည်အချင်းမျိုးကို ကိုယ်ပွားတစ်ခုရဲ့ ကျင့်ကြံခြင်းတစ်ခုနဲ့ ဖြည့်ဆည်းပေးလိုက်မယ်ဆိုရင်... သူက အနာဂတ်မှာ လေဟာနယ်ဖြိုခွဲခြင်းအဆင့်ကို မရောက်နိုင်ဘူးဆိုရင်တောင် မဟာယန ကြီးမြတ်သူတစ်ယောက်တော့ သေချာပေါက် ဖြစ်လာလိမ့်မယ်။

ဒီလိုစဥ်းစားလိုက်ပြီး သူမက မျက်ခုံးတွေကို မသိမသာ ပင့်ထားလိုက်တယ်။ သူမရဲ့အသံထဲမှာလည်း ကိုယ်တိုင်တောင် သတိမထားမိလိုက်တဲ့ ခမ်းနားထည်ဝါမှုနဲ့ ပြည့်စုံနေတော့တယ်။

"ချီရှီ နင် ငါ့တပည့်လုပ်ဖို့ ဆန္ဒရှိလား"

ချီရှီက လုံးဝ တွေဝေမနေဘဲ ယွီချင်းရှေ့မှာ ဒူးထောက်ချလိုက်တယ်။

"တပည့်ချီရှီ ဆရာ့ကို နှုတ်ဆက်ပါတယ်"

ဒါကို မြင်လိုက်တဲ့အခါ ယွမ်ရှန်နန်းဆောင်သခင် ဟောင်သဲ့အကြီးအကဲနဲ့ တခြားသူတွေရဲ့မျက်နှာပေါ်က အမူအရာက အင်မတန်မှ ရှုပ်ထွေးသွားကြတော့တယ်။

အစတုန်းက ချီရှီက သူတို့တွေ စိတ်တိုင်းကျ ချယ်လှယ်နိုင်တဲ့ ဟယ်ဟွမ်းဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲလေ။ သူကသူမကို နည်းနည်းလေး သဘောကျခဲ့တယ် ဆိုရင်တောင် ဒီလိုသဘောကျမှုမျိုးက ဝိညာဥ်စွမ်းအင် အကောင်လေးတစ်ကောင်ကို ဆက်ဆံတာထက်ပိုပြီး စိတ်တိုင်းကျ ချယ်လှယ်လို့ရတဲ့ အကြိုက်တစ်ခု ဖြစ်လိမ့်မယ်။ အဲ့ဒီထဲမှာ ဘာစိတ်ရင်းဆိုတာမှ များများစားစား ပါလိမ့်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုကျတော့ ချီရှီက လေဟာနယ်ဖြိုခွဲခြင်း ကြီးမြတ်သူတစ်ယောက်ရဲ့ တပည့်တစ်ယောက် ဖြစ်လာခဲ့ပြီ...

ဒီလိုဆိုရင်တော့ ချီရှီကို သူတို့ရဲ့ဘေးမှာ ချုပ်နှောင်ထားဖို့မပြောနဲ့ ချီရှီက သူတို့နဲ့ စာရင်းရှင်းတော့မှာလားဆိုတာကိုတောင် စိုးရိမ်ရမဲ့ အနေအထား ဖြစ်သွားပြီ။

ဒါက လေဟာနယ်ဖြိုခွဲခြင်း ကျင့်ကြံသူတစ်ယောက်လေ။

ကျင့်ကြံရေးလောကထဲမှာ လေဟာနယ်ဖြိုခွဲခြင်း ကျင့်ကြံသူ အယောက်နှစ်ဆယ်ပဲရှိတယ်ဆိုရင် သူတို့တစ်ယောက်ချင်းဆီမှာ ကောင်းကင်ကို တက်နိုင်ပြီး ကမ္ဘာမြေကြီးကို ထိုးဖောက်နိုင်တဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ထားကြတယ်။

ပိုဆိုးတာက ချီရှီက ဟယ်ဟွမ်ဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်နေတယ်။

ဟယ်ဟွမ်ဂိုဏ်းက သူ့တပည့်တွေအပေါ် အကာအကွယ်ပေးပုံက ဝမ့်ကျန့်ဂိုဏ်းထက် မနိမ့်လေဘူး။

ဒါကို စဥ်းစားလိုက်ပြီးတဲ့နောက်မှာ ကျန်းယွီနဲ့ တခြားသူတွေအားလုံးက သူတို့မျက်နှာပေါ်မှာ တည်ငြိမ်သွားတဲ့ရုပ်တစ်ခု ဖြစ်သွားခဲ့တယ်။

သူတို့တွေက နစ်နာသူတွေလိုဖြစ်နေပြီး ဟယ်ဟွမ်ဂိုဏ်းကနေ ဖြေရှင်းချက်တစ်ခုတောင်းနေပေမဲ့လည်း သူတို့တွေက ချီရှီကို စိတ်ပျက်သွားအောင်လုပ်ခဲ့တယ်ဆိုတာ အားလုံးက သိနေကြတယ်။ သူတို့တွေက ဒီအကြောင်းကို စဥ်းစားနေကြတဲ့အချိန်မှာပဲ ယွီချင်းက ချီရှီကို တွဲထူပေးလိုက်တယ်။

သူမကို တပည့်အဖြစ် လက်ခံပြီးတဲ့နောက်မှာ သူမကိုယ်ကို လှည့်လိုက်ပြီး သူမရဲ့မျက်ခုံးတွေကြားထဲမှာ ဘာဒေါသမှမရှိဘဲ ခုနက ချီရှီကို ဝိုင်းရံထားတဲ့လူတွေကို ဒီအတိုင်းလှမ်းကြည့်လိုက်တယ်။

"နင်တို့တွေ ခုနတုန်းက ငါ့တပည့်က... နင်တို့ရဲ့ခံစားချက်ကို ကျီစယ်တယ်လို့ ပြောခဲ့သလား"

ကြီးမြတ်သူယွီချင်းနဲ့ အနီးဆုံးနေရာမှာရပ်နေတဲ့ ယွမ်ရှန်းနန်းဆောင်သခင်က သူ့ကျောမှာချွေးအေးတွေ ပြည့်သွားသလို ခံစားလိုက်ရတယ်။ သူ့မှာ ကြီးမြတ်သူယွီချင်းရဲ့မေးခွန်းတွေကို ဖြတ်တောင် မပြောရဲတော့ဘူး။

ကြီးမြတ်သူယွီချင်းက စကားပြောပြီးသွားတဲ့အခါ သူက မြန်မြန်ဆန်ဆန် ဦးညွှတ်လိုက်ပြီး တုန်ယင်နေတဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။

"ဒါက ကျွန်တော်တို့အမှားပါ၊ ဒါက လူကြီးမင်းရဲ့တပည့်နဲ့ ဘာမှမဆိုင်ပါဘူး"

ဒီအခိုက်အတန့်မှာပဲ တခြားသူတွေကလည်း ထွက်ရပ်လိုက်ပြီး သူတို့တွေ ချီရှီအပေါ်လုပ်ခဲ့တဲ့ ကိစ္စအတွက် သူတို့ကိုယ်သူတို့ အပြစ်တင်ပြောဆိုပြီး ငိုယိုနေကြတော့တယ်။ လုပ်ခဲ့တဲ့အရာတွေ အားလုံးကို ပြောလိုက်ပြီးတဲ့နောက် သူ့အမှားတွေအားလုံးကို နောင်တရတဲ့မျက်နှာတစ်ခုနဲ့ သူ့တပည့်တွေအပေါ်ပုံချခဲ့တဲ့ ကျန်းယွီလို လူမျိုးလည်းရှိပြီး ချီရှီအတွက် နက်နဲတဲ့ခံစားချက်တွေကို ဖော်ပြနေတဲ့လူတွေလည်း ရှိကြတယ်။ ပိုဆိုးတာက သူတို့ထဲကတချို့က ပြောကြတယ်လေ။ သူတို့တွေက ချီရှီကို တခြားသူတွေနဲ့ဝေမျှပြီး ချစ်ခင်ရမယ်ဆိုလည်း စိတ်ထဲမှာ မထားဘူးတဲ့။

ချီရှီမှာ အရမ်းကို ရွံ့ရှာသွားမိပြီး သူမရဲ့မျက်နှာက ဖြူဆုတ်သွားတော့တယ်။ သူမက စားထားတဲ့ ဝိညာဥ်စွမ်းအင်အစားအသောက်တွေကို ညတွင်းချင်း အန်ချမိမလို ဖြစ်သွားတော့တယ်။

စိတ်နှလုံးသားထဲ ကျင့်ကြံခြင်းတစ်ခုသာရှိတဲ့ ကျင့်ကြံသူတစ်ယောက်အနေနဲ့ သူမကတော့ သူမကို အနိုင်ကျင့်ပြီး အသုံးချတယ်ဆိုလည်း အဆင်ပြေပါတယ်။ ဒါပေမဲ့ သူမက သူမရဲ့ကျင့်ကြံခြင်းအဆင့်တွေကို ဘယ်လိုမှ တိုးတက်အောင် လုပ်လို့မရတော့ဘူးလေ...

ဒီလိုလူတစ်ယောက်နဲ့ စက္ကူစုတ်တစ်ခုက ဘာကွာခြားချက် ရှိအုံးမှာလဲ။

ကြီးမြတ်သူယွီချင်းက ချီရှီရဲ့မျက်လုံးထဲမှာ ရွံ့ရှာပြီးစိတ်ပျက်သွားတာကို သတိထားမိလိုက်တဲ့အခါ သူမရဲ့ကျေနပ်တဲ့စိတ်ကလည်း ပိုပြီးတော့ပြင်းပြလာခဲ့တယ်။

ဟယ်ဟွမ်းဂိုဏ်းရဲ့တပည့်တွေက ချစ်ခြင်းတရားကို အသုံးချနိုင်ပေမဲ့ ဒီချစ်ခြင်းတရားအပေါ်မှာ စွဲလမ်းနေလို့တော့ မရဘူးလေ။

ဒီတော့ သူမက ချီရှီကို ဘယ်လောက်တောင် ချစ်မြတ်နိုးပါတယ်အကြောင်း ပြောပြနေတဲ့ဒီလူတွေကို လှမ်းကြည့်လိုက်တယ်။

ဒီလူတွေက သူတို့ရဲ့ခြေထောက်တွေ ပျော့ပြောင်းသွားသလို ခံစားလိုက်ရပြီး တစ်ပြိုင်တည်း ပါးစပ်ပိတ်ထားလိုက်ကြပြီး စကားတစ်ခွန်းတောင်မှ မပြောရဲအောင်ဖြစ်သွားတယ်။

အဲ့ဒီနောက်မှာတော့ သူမက ခေါင်းကိုပြန်လှည့်လိုက်တော့ သူမရဲ့အမူအရာ ခုနတုန်းက ထည်ဝါခန့်ညားတဲ့သတိပေးချက်နဲ့ လုံးဝကွာခြားနေပြီး သူမရဲ့မျက်လုံးထဲမှာလည်း နွေဦးလေပြေလို နွေးထွေးမှုအပြည့် ဖြစ်နေတယ်။

"ရှီအာ မင်း ဒီလူတွေကို ဘယ်လိုဖြေရှင်းချင်လဲ"

ချီရှီမှာ သူမရဲ့တပည့်ဖြစ်လာပြီးတဲ့နောက်မှာ သူမရဲ့ဆရာကို သူမရဲ့ကိစ္စတွေအတွက် စိတ်မပူစေချင်ဘူးလေ။

သူမရဲ့ကျင့်ကြံခြင်းအဆင့် လုံလောက်အောင် မြင့်မားလာတဲ့အချိန်မှပဲ သူမက နှစ်ပေါင်းများစွာ ဖြစ်ခဲ့တဲ့ သူမရဲ့ဒေါသတွေကို ဖွင်ချရလိမ့်မယ်။

ဒီလိုစဥ်းစားလိုက်ပြီး သူမက ကြီးမြတ်သူယွီချင်းကို ဦးညွှတ်ကာ တလေးတနက်နဲ့ ပြောလိုက်တယ်။

"တပည့်က ဆရာနဲ့အတူ ကောင်းကောင်းမွန်မွန် လေ့ကျင့်ချင်စိတ်ပဲ ရှိပါတယ်။ ဒီလူတွေနဲ့ထပ်ပြီးတော့ ဘာဆက်ဆံရေးမှ မလုပ်ချင်တော့ပါဘူး"

သူမရဲ့အဖြေကို ကြားလိုက်ရပြီးတဲ့နောက်မှာ ကြီးမြတ်သူယွီချင်းက သူတို့ကို လှမ်းကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်တယ်။

"ရှီအာ ပြောတဲ့စကားကို မင်းတို့တွေ ကြားလိုက်တယ်နော်"

ရည်းစားဟောင်း ဆယ့်နှစ်ယောက်ကျော်က သူတို့မှာ စဥ်းစားဖို့အချိန်မရလိုက်ဘဲ သူတို့ရဲ့ခန္ဓာကိုယ်တွေက သူတို့ရဲ့သိစိတ်တွေထက် မြန်မြန်ဆန်ဆန် လှုပ်ရှားသွားလိုက်ကြပြီး သူတို့တွေက ရုတ်ခြည်းဆိုသလိုပဲ ကွေးယွမ်ဂိုဏ်းကနေ ပျောက်ကွယ်သွားတော့တယ်။

ဖြစ်စဥ်တစ်ခုလုံးကို စောင့်ကြည့်လာတဲ့ ချန်းရှီရိက စုန့်ရင်အပေါ်မှာ ဘာခံစားချက်မှ မရှိလေတော့ဘူး။

အပြင်လောကကလာတဲ့ စကားသံပြောလိုက်တာ မှန်တယ်။ ဒါက ရွံ့စရာကောင်းတဲ့ လူယုတ်မာတစ်ယောက်ပဲ။ သူမက သော့ပေါင်းဂိုဏ်းက ဂိုဏ်းချုပ်ကြီးရဲ့သမီးပဲ။ သူမမှာ သူမ လိုချင်တဲ့ ယောကျာ်းဆိုတာ မရှိပါဘူး။

ဒီ့အပြင် အခု စုန့်ရင်က ကြီးမြတ်သူယွီချင်းကို ပြစ်မှားခဲ့တယ်လေ...

သူမ ပြန်သွားပြီး သူမအဖေဆီမှာ ဝန်ချတောင်းပန်ရမယ်။

စုန့်ရင်အတွက်ကတော့ ... ဟွန့်

တစ်ဖက်မှာတော့ စူးလီက တပည့်ကောင်းတစ်ယောက် ရှာဖွေတွေ့ရှိခဲ့တဲ့ ကြီးမြတ်သူယွီချင်းကို ဂုဏ်ပြုစကားပြောနေတဲ့ ဟယ်ဟွမ်ဂိုဏ်းကလူတွေကို ကြည့်လိုက်ပြီး ဝိညာဥ်စွမ်းအင်သစ်သီးကို တစ်ကိုက်ကိုက်ပြီး မျိုချလိုက်တယ်။

သေမျိုးလောကကို အချိန်အကြာကြီး ရောက်လာပြီးတဲ့နောက်မှာတော့ သူမကဒီလောက် သက်သောင့်သက်သာနဲ့ ဖရဲသီးကိုစားရတာ ပထမဦးဆုံးအကြိမ်ပဲ။

ဖရဲသီးက အင်မတန်မှ ချိုမြတဲ့အပြင် ဖရဲသီးစားနေတဲ့အချိန်မှာ အရင်တုန်းကထက်တောင်မှ ပိုပြီးတော့သက်သောင့်သက်သာ ရှိနေတယ်လို့ ခံစားရတယ်။

သူမက သူမရဲ့ပါးစပ်ထဲမှာ နည်းနည်းလေး လစ်ဟာသွားတယ်လို့ ခံစားလိုက်ရတဲ့အချိန်မှာပဲ သူမပတ်ဝန်းကျင်ကလူက သူမ အကြိုက်ဆုံး အသားခြောက်ကို လှမ်းပေးလိုက်တယ်။ သူမက အသားခြောက်စားပြီးသွားလို့ ဘာမပြောရသေးခင်မှာပဲ သူက အသီးလက်ဖက်ရည်ကို လှမ်းပေးလိုက်ပြန်တယ်။ အသီးလက်ဖက်ရည်ကို ကုန်အောင်သောက်ပြီးသွားတဲ့အခါ သူမရဲ့ပါးစပ်ကို ဆေးကြောဖို့အတွက် ဝိညာဥ်စွမ်းအင် သစ်သီးတစ်ခု ရှိလာပြန်တယ်။

ဒါကိုစဥ်းစားလိုက်ပြီး သူမက ခေါင်းကိုလှည့်လိုက်ကာ သူမရဲ့မျက်ခုံးတွေကလည်း မသိမသာ ကွေးညွှတ်နေပြီး သူမရဲ့အသံထဲမှာလည်း ပိုပြီးတော့အေးအေးလူလူရှိတဲ့ လေသံတစ်ခုနဲ့ ပြုံးနေလေတယ်။

"ရှဲ့ချီယွမ်"

ရှဲ့ချီယွမ်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက မသိမသာ တောင့်တင်းသွားပြီး သူရဲ့နှလုံးခုန်သံကလည်း ထပ်ပြီးဖရိုဖရဲ ဖြစ်လာခဲ့တယ်။

ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက သူ ထင်ထားခဲ့တယ်လေ။ သူက သူမနဲ့ တော်တော်လေးကို အသားကျလာခဲ့ပြီး အရင်တုန်းကလို အလွယ်တကူ ထိန်းချုပ်မှု လွတ်ကင်းတော့မှာ မဟုတ်ဘူးလို့ပေါ့။

ဒါပေမဲ့ သူ့နာမည်ကို ခေါ်လိုက်တဲ့အခိုက်အတန့်မှာပဲ သူက မသိမသာ မျက်လွှာချထားလိုက်ပြီး သူ့မျက်လုံးထဲက ခံစားချက်တွေက အကူအညီမဲ့တယ်ဆိုတာထက် လိုက်လျောမှုတစ်ခုနဲ့ ပိုတူနေပြီး ချိုမြပြီး ပျော်ရွှင်မှုအပြည့်ပါတဲ့ လိုက်လျောချက်တစ်ခုလို ဖြစ်နေတော့တယ်။

စူးလီတစ်ယောက်ကတော့ သူ့မျက်လုံးတွေထဲက ခံစားချက်တွေကို သတိမထားမိလေဘူး။ သူမက တောက်ပနေတဲ့မျက်လုံးအစုံနဲ့ သူ့ကို ကြည့်လိုက်ပြီး ကျွတ်ဆတ်ဆတ်လေသံတစ်ခုနဲ့ သူ့ကို ပြောလိုက်တယ်။

"ရှင် ကျွန်မကို အခုလေးတင် ပေးလိုက်တဲ့ အသားခြောက်က အရသာရှိတာပဲ ရှင့်မှာ ထပ်ရှိသေးလား"

နှလုံးခုန်သံကို အခုလေးတင်မှာ ထိန်းချုပ်သွားနိုင်တဲ့ ရှဲ့ချီယွမ်က အပြုံးတစ်ခုနဲ့ သူ့ကိုကြည့်နေတဲ့ စူးလီကို ကြည့်လိုက်မိပြီး သူရဲ့အသက်ရှူသံက တစ်ဖန်ရပ်တန့်သွားပြန်တယ်။

သူက ခဏလောက် တုံ့ဆိုင်းသွားပြီးတဲ့နောက်မှာ သူမ မေးနေတဲ့မေးခွန်းကို သဘောပေါက်သွားတယ်။ သူ့အသံက မသိမသာလေး တိမ်ဝင်နေလေရဲ့။

"ဒါကို ကျွန်တော်ကိုယ်တိုင် လုပ်ထားတာပါ၊ တကယ်လို့ မင်းကြိုက်တယ်ဆိုရင် ကျွန်တော်ထပ်ပြီးတော့ လုပ်လိုက်ပါမယ်"

သူ့အဖြေကို ကြားလိုက်တဲ့အခါ စူးလီရဲ့မျက်လုံးထဲမှာ အံ့သြရိပ်တစ်ခု ဖြတ်ပြေးသွားတယ်။

ရှဲ့ချီယွမ်ရဲ့ ခပ်တန်းတန်းနေတတ်ပြီး ကျက်သရေရှိပြီး လွတ်လပ်တဲ့စိတ်သဘောထားတစ်ခုနဲ့ဆိုရင်... သူမက သူ ချက်ပြုတ်နေတာကို တကယ်ပဲ မြင်ယောင်ကြည့်လို့မရဘူးပဲ။

ဒါပေမဲ့ ဘယ်သူကရော ဝါသနာတစ်ခု မရှိလို့လဲ။

ချက်ပြုတ်ရတာ သဘောကျတယ်ဆိုရင်လည်း မဆိုးပါဘူးလေ...

ဒီလိုစဥ်းစားလိုက်ပြီး သူမက သူမရဲ့နှုတ်ခမ်းတွေကို အနည်းငယ် ဟလိုက်ကာ တလေးတနက်နဲ့ပြောလိုက်တယ်။

"ကျွန်မ တကယ်ပြောနေတာ၊ တကယ်လို့ စားစရာမုန့် မရှိတော့ဘူးဆိုရင် အဲ့ဒီမုန့်ကိုသွားယူဖို့ ကျွန်မ ရှင့်ရဲ့နေရာကို လိုက်ခဲ့မယ်လေ"

ရှဲ့ချီယွမ်ရဲ့မျက်လုံးထဲက အမူအရာက မျှော်လင့်မထားဘဲ နူးညံ့သိမ်မွေ့သွားတော့တယ်။

"ကောင်းပါပြီ"

တကယ်တမ်းကျတော့ သူက ကျွန်တော်တော့ သဘောကျပါတယ်လို့ ဖြေချင်ခဲ့တာလေ။

ဒါပေမဲ့လည်း မင်းက ဒါကိုအရမ်းကို နှစ်သက်တန်ဖိုးထားတယ်ဆိုရင် အမှာတစ်ခုမှ မလုပ်မိအောင် အရမ်းသတိထားရလိမ့်မယ်။

ဒါက သူ့ကို သက်သောင့်သက်သာမဖြစ်ဘူးလို့ ခံစားစေရမှာ စိုးရိမ်လို့ပေါ့။

ကံဆိုးချင်တော့ အဖြေရသွားပြီးတဲ့စူးလီက သူမခေါင်းကို လှည့်ကြည့်လာပြီး သူ့မျက်လုံးထဲက ခံစားချက်တွေကို မတွေ့လေဘူး။

သူမက လူစုကွဲသွားတဲ့ လူအုပ်ကြီးကိုကြည့်လိုက်ပြီး သူမအခုလေးတင် စားလိုက်တဲ့ ဖရဲသီးအကြောင်း စဥ်းစားလိုက်ပြီး လေးလေးပင်ပင် သက်ပြင်းချလိုက်တယ်။

[ကြီးမြတ်သူယွီချင်းက တကယ်အမြင်ရှိတာပဲ။ သူက ဒီလောက်အရည်အချင်းကောင်းတဲ့ တပည့်တစ်ယောက်ကို ရှာဖွေနိုင်ခဲ့တယ်]

"ဟယ်ဟွမ်ဂိုဏ်းရဲ့အနာဂတ်ကတော့ တောက်ပနေအုံးမှာပဲ"

စူးလီရဲ့ စကားသံကို ကြားလိုက်ရတဲ့အခါ ရှဲ့ချီယွမ်က ခဏလောက် မသိမသာ မျက်မှောင်ကျုံ့သွားတယ်။

ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက စူးလီရဲ့စိတ်အတွင်းထဲက စကားသံကို အကြိမ်အများကြီး မကြားခဲ့ရဖူး ဆိုပေမဲ့လည်း ကောင်းကင်ကလာတဲ့စကားသံရဲ့ အတင်းအဖျင်းတွေကို ချိတ်ဆက်ပြီး ကြည့်မယ်ဆိုရင် ဒါက ခန့်မှန်းဖို့ မခက်ခဲဘူးလေ။ အခုစူးလီက သက်ပြင်းချလိုက်တယ်တဲ့။

စူးလီ... သူမရဲ့အတွင်းစိတ်ထဲက စကားတွေကို ရွှေအမြုတေ ကျင့်ကြံခြင်းအဆင့်အထက် ကျင့်ကြံသူတွေက ကြားနိုင်တယ်ဆိုတာ မသိခဲ့ဘူးပဲ။

"ရှင် ဘာဖြစ်တာလဲ"

စူးလီက ရှေ့ကို နှစ်လှမ်းလှမ်းလိုက်ပြီး နေရာမှာရပ်နေသေးတဲ့ ရှဲ့ချီယွမ်ကို ကြည့်လိုက်ကာ ဇဝေဇဝါနဲ့ မေးလိုက်တယ်။

ရှဲ့ချီယွမ်က သူ့အတွေးတွေ အားလုံးကို ရုပ်သိမ်းထားလိုက်ပြီး သူမရဲ့ဘေးကိုလျှောက်လာကာ သူမနဲ့ ဘေးချင်းယှဥ် လျှောက်လာခဲ့တော့တယ်။

"တကယ်လို့ တစ်စုံတစ်ယောက်က..."

ရှဲ့ချီယွမ်က စကားနည်းနည်းလေးပဲ ပြောရသေးတယ်။ သူ့ပတ်ဝန်းကျင်မှာ အားနည်းပေမဲ့ လျစ်လျူရှုလို့ မရနိုင်တဲ့ လောကစွမ်းအားတစ်ခုကို ခံစားလိုက်ရတယ်။

ဒီစွမ်းအားက သူ့ခန္ဓာကိုယ်ကို ဖိနှိပ်ထားကာ သူက နောက်တစ်ခွန်း ပြောလိုက်မယ်ဆိုရင် သူ့ကို အစိတ်စိတ်အမြွှာမြွှာ ဖိချေတော့မဲ့အတိုင်းပဲ၊ ဒါက စည်းမျဥ်းစည်းကမ်းပဲ။ သူ သူမကို အသိပေးလို့မရဘူးပေါ့။

သူ့မျက်လုံးတွေက စူးရှသွားပြီးတဲ့နောက်မှာ သူက တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ပြောလိုက်တယ်။

"တကယ်လို့ တစ်စုံတစ်ယောက်က တခြားသူတွေရဲ့ အတွင်းစိတ်ထဲက အတွေးတွေကို ကြားနိုင်မယ်ဆိုရင် ဒါက တကယ်စိတ်ဝင်စားစရာကောင်းမှာပဲ”

စူးလီက အူကြောင်ကြောင်လေးနဲ့ သူ့ကိုလှမ်းကြည့်လိုက်တယ်။

ကျင်ကြံရေးလောကထဲက ဇာတ်လမ်းတွေက စိတ်ထဲက စကားလုံးတွေကို နားလည်နိုင်တဲ့အဆင့်တောင် တိုးတက်သွားပြီတဲ့လား။

ကျင့်ကြံရေးလောကထဲမှာ သေသေချာချာ ဂရုစိုက်နားထောင်တတ်တဲ့သူတွေ တစ်ယောက်လောက်တောင် မရှိတော့ဘူးတဲ့လား။

သူမရဲ့ဇဝေဇဝါဖြစ်နေတဲ့ အမူအရာကို ကြည့်လိုက်ပြီ ရှဲ့ချီယွမ်ရဲ့ မျက်လုံးတွေက ကူကယ်ရာမဲ့သွားတဲ့ အရိပ်အယောင်တစ်ခု စွန်းထင်သွားတော့တယ်။ သူက သူ့ပတ်ဝန်းကျင်က လောကနိယာမစွမ်းအားရဲ့ ဖိအားကို ခံစားနေရပြီး သူ့မျက်ခုံးတွေကို မသိမသာ တွန့်ချိုးသွားပြီးတဲ့နောက်မှာ ဘာမှမဖြစ်ခဲ့သလို ပြန်ပြီး ပြေလျော့ထားလိုက်တယ်။ ဒီအချိန်မှာပဲ သူ့အသံက အရင်တုန်းကထက် နည်းနည်းလေးပိုပြီး နှေးကွေးနေပြီး ပိုပြီးနူးညံ့ညင်သာကာ ပြောလိုက်တယ်။

"ကျင့်ကြံရေးလောကက အကျယ်ကြီးပဲလေ တစ်စုံတစ်ခု ဖြစ်သွားနိုင်တယ်ဆိုတာကလည်း မထူးဆန်းပါဘူး ဒါမှမဟုတ်..."

သူက နှုတ်ခမ်းတွေကို တင်းနေအောင် စေ့ထားလိုက်ပြီး သူ့လက်ချောင်းဖျားတွေကလည်း အပြင်းအထန် ဒဏ်ရာရသွားတဲ့အချိန်မှာ ဖြစ်တတ်တဲ့ ပြာနှမ်းသွားတဲ့ အရောင်တစ်ခု ထွက်လာခဲ့တယ်။

"မင်း စဥ်းစားနေတဲ့အရာကို ကြားနိုင်တဲ့တစ်စုံတစ်ယောက် မရှိဘူးလား"

သူ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ စူးလီက ခပ်တိုးတိုး ရယ်လိုက်ပြီး ခေါင်းခါလိုက်ကာ သူ့စကားလုံးတွေကို စိတ်ထဲ လုံးဝမထည့်လေဘူး။

သူမက ကောင်းကင်တာအိုပဲလေ။

တကယ်လို့ သာမန်ကျင့်ကြံသူတစ်ယောက်ရဲ့ အတွင်းကစကားကို နားထောင်နိုင်မယ်ဆိုရင်တောင် ဒါက ကောင်းကင်ဘုံကို တက်တာထက် ပိုပြီးတော့တောင် ခက်ခဲအုံးမယ်ထင်တယ်။

ကောင်းကင်ဘုံရဲ့စကားသံကို နားထောင်ချင်နေသေးတယ်တဲ့လား။

သူမက သူတို့ရဲ့စိတ်အတွင်းပိုင်းကို နားမထောင်တဲ့အတွက် သူတို့တွေလည်း လျှို့ဝှက်ချက်ထဲမှာ ဒီအတိုင်း ပျော်ရွှင်နိုင်နေတယ်လေ။

ဒီလိုစဥ်းစားလိုက်ပြီး စူးလီက အပြုံးတစ်ခုနဲ့ သူ့ပခုံးကိုပွတ်ပေးကာ ပြောလိုက်တယ်။

"ရှင် ဘယ်လိုဇာတ်လမ်းမျိုးကို ဖတ်နေတာလဲ"

"တကယ်တမ်းကျတော့ ရှင်းယွီဆိုတဲ့စာအုပ်ပါ၊ ကျွန်တော် တချို့နေ့ကျမှပဲ တစ်ချက်လောက် ကြည့်လိုက်အုံးမယ်"

သူမရဲ့မျက်လုံးတွေက ရှဲ့ချီယွမ်ဆီမှာ ရပ်တန့်သွားတဲ့အချိန်မှာ သူမရဲ့မျက်နှာပေါ်က အပြုံးကလည်း ရပ်တန့်သွားတော့တယ်။ သူမက သူ့ပတ်ဝန်းကျင်ကအရောင်အဝါကို ခံစားမိလိုက်ပြီး မသိမသာ မျက်မှောင်ကျုံ့လိုက်တယ်။

"ရှင်... ဒဏ်ရာရထားတာလား"

ကျင့်ကြံရေးလောကထဲမှာ သူမ အပြင် ရှဲ့ချီယွမ်ကို ဒဏ်ရာရအောင် လုပ်နိုင်တဲ့သူ ရှိသေးတာလား။ ရှဲ့ချီယွမ်က သူမ တားမြစ်တာ ခံလိုက်ရပြီး သူမမျက်လုံးထဲက စိုးရိမ်စိတ်ကို မြင်လိုက်ရတဲ့အခါ သူ့ပတ်ဝန်းကျင်ကလူတွေ သတိထားမိသွားမှာကို စိုးရိမ်သွားလို့ သူ့လက်တွေကို အမှတ်တမဲ့ တင်းနေအောင် ဆုပ်ထားလိုက်ပြီး သူ့လက်ဖဝါးထဲမှာ သူလက်ချောင်းဖျားထဲက သွေးတွေကို ထိန်းထားလိုက်တယ်။

သူက ခပ်ရေးရေး အပြုံးတစ်ခုနဲ့ ခေါင်းမော့ကြည့်လိုက်ပြီး

"ဒဏ်ရာဟောင်းက အပြည့်အဝ ပြန်မကောင်းသေးတာနေမှာပါ ပြဿနာမရှိပါဘူး"

စူးလီက သူရဲ့ဖြူဆုတ်နေတဲ့မျက်နှာကို ကြည့်လိုက်ပြီး အရင်တုန်းကထက်တောင်ပိုပြီး မျက်မှောင်ကျုံ့သွားတော့တယ်။

ငါ ပြောပါတယ်။ ရှဲ့ချီယွမ်ရဲ့ဒဏ်ရာတွေက အဲ့လောက်အထိပြင်းထန်တာ ဘယ်လိုလုပ်ပြီး လအနည်းငယ်အတွင်းမှာ အဲ့လောက်အထိ ပြန်ကောင်းနိုင်ပါ့မလဲ။

ဟုတ်နေပါပြီ။ နောက်ဆက်တွဲဒဏ်ရာတွေ ရှိနေတာပဲ။

သူက တစ်ခုခုပြောတော့မယ် ပြင်လိုက်တဲ့အချိန်မှာပဲ ပြင်းထန်တဲ့ဝိညာဥ်စွမ်းအင် ရိုတ်ခတ်မှုတစ်ခုက သိပ်မဝေးလှတဲ့ ဝိညာဥ်တောင်ထွတ်မှာ ပေါ်လာခဲ့တယ်။

သူမက ရုတ်တရက် ခေါင်းကို လှည့်ကြည့်လိုက်တဲ့အခါ ကြီးမြတ်သူချင်းဖုန်းနဲ့ ကြီးမြတ်သူယွမ်လင်းတို့က သိပ်မဝေးလှတဲ့နေရာမှာ တိုက်ခိုက်နေကြလေရဲ့။

ဟိုက်... နောက်ထပ်ဖရဲသီးတစ်လုံးပဲ။

စူးလီက ရှဲ့ချီယွမ်ကို လှမ်းကြည့်လိုက်ပြီး တွန့်ဆုတ်မနေဘဲ အဆင့်ကိုးဝိညာဥ်ဆေးပင် လက်တစ်ဆုပ်စာကို ထုတ်ပြီး သူ့လက်ထဲကို ထိုးထည့်ပေးလိုက်ကာ တည်ကြည်နေတဲ့ မျက်နှာတစ်ခုနဲ့ ပြောလိုက်တယ်။

"ရှင် ဒဏ်ရာရနေတယ်ဆိုရင် သေချာပေါက် ကောင်းကောင်းအနားယူရမှာပေါ့"

"ဒါကို အရင်ပြီးအောင် လုပ်လိုက်အုံး၊ ကျွန်မ ခဏနေကျမှ အသစ်တစ်ခု ရှင့်အတွက် ရှာလာခဲ့ပေးမယ်"

သူမက ပြောလိုက်ပြီးတာနဲ့ ချက်ချင်း သူမရဲ့အကျိုးဆောင်မှုတွေနဲ့ ကျော်ကြားမှုတွေကို ဖုံးကွယ်ထားလိုက်ပြီး တိုက်ခိုက်နေတဲ့ဖက်ကို ကြည့်လိုက်တော့တယ်။ အသက်တစ်ချက် နှစ်ချက် ရှူလိုက်တဲ့ အတောအတွင်းမှာပဲ သူမက နေရာမှာတင် ပျောက်ကွယ်သွားလေရဲ့။

ရှဲ့ချီယွမ်က နေရာမှာတင်ရပ်နေမိပြီး သူမရဲ့ကျောပြင်ကို ငေးကြည့်နေမိတယ်။ အချိန်တော်တော် ကြာသွားပြီးတဲ့နောက်မှာ သူကသူ့မျက်လုံးထဲမှာ ကျန်ရစ်နေတဲ့အပြုံးတစ်ခုနဲ့ ခေါင်းလေးကို ငုံ့ထားလိုက်တော့တယ်။

ဒီအချိန်မှာ အခြားလူတွေရဲ့ လျှို့ဝှက်ချက်ထက် သူက ပိုပြီးတော့ အရေးကြီးနေတဲ့ပုံပါပဲ။ သူက သူ့လက်ထဲက ဝိညာဥ်ဆေးပင်တွေကို သိုလှောင်အိတ်ထဲကို ထည့်လိုက်ပြီး စူးလီ ထွက်သွားတဲ့လားရာဖက်ကို တည်တည်ငြိမ်ငြိမ်နဲ့ လျှောက်လာခဲ့လိုက်တယ်။

အစတုန်းက သွေးတွေ ပေကျံနေတဲ့ခြေရာတစ်ခုက နောက်မှာကျန်ရစ်ခဲ့ပြီး မကြာခင်မှာပဲ သွေးတွေက ဝိညာဥ်စွမ်းအားနဲ့အတူ နေရာမှာတင် အငွေ့ပျံသွားခဲ့တယ်။

ဘယ်သူကမှ ကောင်းကင်ရဲ့နိယာမကို မတွန်းလှန်နိုင်ဘူးပဲ။

မသေမျိုးတစ်ပိုင်း ခန္ဓာကိုယ်ပိုင်ဆိုင်ပြီးထားတဲ့ ရှဲ့ချီယွမ်တောင်မှပေါ့။

စူးလီက လေထဲမှာ ကြီးမြတ်သူချင်းဖုန်းနဲ့ တိုက်ခိုက်နေတဲ့ ကြီးမြတ်သူယွမ်လင်းကို ကြည့်လိုက်ပြီး သူမရဲ့မျက်လုံးထဲမှာလည်း သိလိုစိတ်အပြည့် ဖြစ်သွားတယ်။

ဒီလိုစကားမျိုး ရှိခဲ့ဖူးတယ်လေ။ မဟာယနကျင့်ကြံခြင်းအဆင့်မှာ ကျင့်ကြံသူတွေက မကောင်းတဲ့ဆက်ဆံရေးတစ်ခု ရှိနေခဲ့မယ်ဆိုရင်တောင် သူတို့တွေက ကြီးမြတ်သူယွမ်လင်းလို စိတ်လိုက်မာန်ပါ ဘယ်တော့မှမလုပ်ဘဲ ဒီလိုပြဿနာကိုလည်း ကြီးကြီးကျယ်ကျယ် မလုပ်ကြဘူးလေ။

ဒါက... ဖရဲသီးကြီးတစ်လုံးပဲ။

သူမက မစောင့်နိုင်ဘဲ သူမရဲ့ သိစိတ်ပင်လယ်ထဲအှာ ကောင်းကင်စာအုပ်ကို ဖွင့်လိုက်တော့တယ်။

[သူတို့တွေဘာလို့ အဲ့လောက်အထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေလဲဆိုတာ ကြည့်လိုက်ပါအုံးမယ်...]

လေထဲမှာ ကြီးမြတ်သူယွမ်လင်းရဲ့ တိုက်ခိုက်မှုတွေက ခဏလောက်ရပ်တန့်သွားပြီး တစ်ခုခုရဲ့ လှုံဆော်ခံလိုက်ရသလို သူ့လက်ထဲက ဝိညာဥ်စွမ်းအင်တွေကလည်း ပိုကြီးထည်ဝါလာကာ ပိုပြီး ကြောက်စရာကောင်းလာတော့တယ်။ ကြီးမြတ်သူချင်းဖုန်းကတော့ အနာဂတ်ကို ဟောပြောပေးနိုင်တဲ့ ပညာရှင်တစ်ယောက်ဖြစ်ပြီး တိုက်ခိုက်ရေးမှာ မကောင်းဘူးလေ။ သူက နောက်ကိုတစ်လှမ်းချင်း ဖိပြီးတိုက်ခိုက်ခံနေရပြီး သူ့အဝတ်အစားတွေကလည်း အပိုင်းပိုင်း အစစဖြစ်အောင် စုတ်ပြဲနေခဲ့တယ်။

ကြီးမြတ်သူယွမ်လင်းက ရုတ်တရက် သူ့ကိုလာရှာပြီး သူနဲ့ယှဥ်ပြိုင်ချင်တယ်လို့ ပြောခဲ့တဲ့ အကြောင်းအရင်းကို သူက မသိရှာဘူး။ ဒါကပြိုင်ပွဲတစ်ခုနဲ့ တူနေပြီမဟုတ်လား။

အပြင်လောကကလာတဲ့အသံက ဆက်ပြောလိုက်တယ်။

[ဟားဟားဟား ကြီးမြတ်သူယွမ်လင်းကလည်း ကြီးမြတ်သူချင်းဖုန်းရဲ့ အနာဂတ်ဟောပြောမှုမှာ နစ်နာသူတစ်ယောက် ဖြစ်ခဲ့တာကိုး...]

[တစ်ချက်လောက် ကြည့်လိုက်ပါအုံးမယ်...]

[ကြီးမြတ်သူယွမ်လင်းက လက်ထပ်ဖို့အတွက် ကြီးမြတ်သူချင်းဖုန်းကို တွက်ချက်ခိုင်းဖို့ သွားရှာခဲ့တယ်လေ။ ကြီးမြတ်သူချင်းဖုန်းက... ]

[ဟားဟားဟား ကြီးမြတ်သူချင်းဖုန်းက သူ့ကို တကယ့်ကို တလေးတနက်နဲ့ ဗေဒင်ဟောပေးခဲ့တာပဲ။ ပြီးတော့ အရပ်မျက်နှာ အချိန်အခါနဲ့ နေရာကိုလည်း ထောက်ပြပေးခဲ့သေးတယ်လေ...]

[ကြီးမြတ်သူယွမ်လင်းက သူ ပြောတဲ့နေရာမှာ လှပပြီးကျက်သရေရှိတဲ့ အမျိုးသမီးကျင့်ကြံသူကို တွေ့ခဲ့ပါရဲ့။ သူမက မန္တာန်ရေးဆွဲတဲ့နေရာမှာ အရည်အချင်းရှိပြီး တော်တယ်လေ]

[အဲ့ဒီနောက်မှာတော့ ဒီအမျိုးသမီးကျင်ကြံသူက သူရဲ့...]

"မေမေလေး ဖြစ်လာခဲ့သတဲ့"

[မဟုတ်ပါဘူး သူမက သူ့အဖေရဲ့ တရားဝင်လက်ထပ်မဲ့ တာအိုလက်တွဲဖော်တစ်ယောက် ဖြစ်လာခဲ့သင့်တာပဲ...]

[အဓိကအချက်က သူရဲ့မေမေလေးနဲ့ သူ့အဖေတို့က တကယ်ချစ်မြတ်နိုးနေကြတာတဲ့လေ]

[ဟားဟားဟား သူက အရမ်းကို ဒေါသထွက်သွားပြီး ကြီးမြတ်သူချင်းဖုန်းနဲ့ စာရင်းရှင်းဖို့ လာရှာတယ်ဆိုတာ မဆန်းတော့ပါဘူး]

...

All Chapters