← Chapters

အခန်း ၁၄၉

Vol. 10 Ch. 149

အခန်း ၁၄၉

Vol. 10 Ch. 149

အပိုင်း (၁၄၉)

တစ်ဖက်စွန်းရောက်နေတာ...ဘာကိုပြောတာလဲ။ အပြင်လောကကလာတဲ့အသံကို ကြားလိုက်ပြီးတဲ့နောက်မှာ သူမကို ကြည့်နေကြတဲ့လူအားလုံးရဲ့ မျက်လုံးထဲမှာ နားမလည်နိုင်တဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားခဲ့တယ်။ အားနည်းချိနဲ့ပြီး လှပတဲ့လီရှန်းကို ကြည့်လိုက်ကြပြီး သူတို့သံသယစိတ်တွေက ပိုပြီးကြီးထွားလာခဲ့တယ်။

လျိုရှူးကလည်း ရှင်းပြနေတာကို ရပ်လိုက်ပြီး ခေါင်းကိုငုံ့ထားပြီး တုန်ယင်နေတဲ့လီရှန်းကို ကြည့်လိုက်တယ်။

အရမ်းကို ဝမ်းနည်းနေတဲ့ပုံပေါက်နေတဲ့ လီရှန်းကိုကြည့်လိုက်ပြီး သူက အပြင်လောကက လာတဲ့စကားသံ ပြောလိုက်တဲ့စကားကို ချက်ချင်းမေ့ပစ်လိုက်တယ်။ သူ့မျက်လုံးတွေထဲက အမူအရာက ညင်သာသိမ်မွေ့နေသေးပေမဲ့လည်း ဂုဏ်ယူဝံ့ကြွားနေတဲ့ ခံစားချက်တစ်ခုက ကျန်နေခဲ့တယ်။

သူ့နှလုံးသားထဲမှာ တခြားတစ်ယောက်ရှိနေသေးတာကို သူမက သိနေတယ်ဆိုရင်တောင် လီရှန်းက သူ့ကိုအရမ်းကို ချစ်မြတ်နိုးနေအုံးမှာပဲလေ။ ချစ်မြတ်နိုးလွန်းလို့ သူ့ကိုမေးခွန်းတောင် မထုတ်ရက်ဘဲ တစ်ယောက်တည်းပဲ ငိုနေရတော့တာပေါ့။

ဒီလိုစဥ်းစားလိုက်ပြီး သူက သူနှုတ်ခမ်းထောင့်တွေကို မနေနိုင်ဘဲ ပင့်ထားလိုက်တော့တယ်။

သူ့ပတ်ဝန်းကျင်က အထင်သေးနေတဲ့မျက်လုံးတွေကို ခံစားမိနေတာတောင် သူ့စိတ်ထဲမှာ ရှက်ရွံ့တဲ့အရိပ်အယောင်တစ်ခုမှ မခံစားရတဲ့အပြင် တစ်ဖက်သူအပေါ် အနည်းငယ် ဂုဏ်ယူဝံ့ကြွားနေပြီး သရော်လှောင်ပြောင်နေတဲ့ အရိပ်အယောင်တစ်ခုတောင် ရှိနေသေးတယ်။

သူတို့တွေက သူ့ကိုဒီအတိုင်း မနာလိုဖြစ်နေတာပဲ။

ခိုင်မာတဲ့ မိသားစုနောက်ခံတစ်ခု ပိုင်ဆိုင်ထားတဲ့ တာအိုလက်တွဲဖော်တစ်ယောက်ကို ဘယ်သူက မလိုချင်မှာလဲ။ သူက လှပသိမ့်မွေ့ပြီး လိမ္မာယဥ်ကျေးပြီး သိတတ်သေးတယ် မဟုတ်လား။ သူက သူ့စိတ်ထဲမှာ ယောင်ယောင်ကို အချစ်ဆုံးဆိုပေမဲ့လည်း ရှန်းရှန်းနဲ့ပတ်သက်ပြီး သူဘယ်လိုပဲ ခံစားနေရပါစေ သူက သူမကို ကောင်းကောင်းဆက်ဆံပေးပြီး သူမနဲ့လည်း ချစ်ခင်ကျွမ်းဝင်ဖို့ ကြိုးစားခဲ့သေးတာပဲ။

အပြင်လောကကလာတဲ့စကားသံ ပြောလိုက်တာက... အရူးတဲ့လား။

ကြည့်ရတာ လီရှန်းက သူ့ကို အရမ်းသဘောကျလွန်းလို့ နည်းနည်းလေး ရူးသွပ်သွားတာ ဖြစ်မယ်။

ဒီလို စဥ်းစားလိုက်ပြီး လျိုရှူးက သူ့ခေါင်းကို ထပ်ငုံ့ထားလိုက်တယ်။ သူက ယုံကြည်မှုတွေ ရလာတဲ့အတိုင်းပဲ။ အစောပိုင်းက သိမ်မွေ့ပြီး မလုံမလဲဖြစ်နေတဲ့ခံစားချက်နဲ့ ယှဥ်လိုက်မယ်ဆိုရင် သူ့အသံထဲမှာ မသိသာတဲ့ သတိပေးချက်တစ်ခုတောင် ပါနေသေးတယ်။

"ရှန်းရှန်း ယောင်ယောင်နဲ့ကိုယ်က တကယ်သာ မန်မိတ်ဆွေတွေပါပဲ"

ဒီအချိန်မှာတော့ သူ့အသံကပိုပြီးတော့ လေးလံလာတယ်။

"မင်းက အမြဲတမ်းသည်းခံပြီး စိတ်သဘောထားကြီးပေးခဲ့တယ်။ ဒီလိုကိစ္စသေးသေးလေးကို သေချာပေါက် ဂရုစိုက်မှာမဟုတ်ဘူးလေ ဟုတ်တယ်မလား"

အသံကို ကြားလိုက်ရတဲ့အခါ စူးလီက သူမရဲ့ခေါင်းကို ဖြည်းဖြည်းချင်းမော့လိုက်ပြီး အရူးတစ်ယောက်နဲ့ တူနေတဲ့ လျိုရှူးကို လှမ်းကြည့်လိုက်တယ်။

[ဒီလျိုရှူးက... ရူးနေတာလား။ သူ့ရဲ့လရောင်ဖြူကို ဖော်ထုတ်ခံလိုက်ရပြီးတာတောင်မှ သူက လီရှန်းကို ဒီလိုစကားပြောရဲသေးတယ်တဲ့လား]

[လီရှန်းက ရူးနေတဲ့လူတစ်ယောက်ပဲ။ ကောင်းမွန်တဲ့မိသားစု နောက်ခံတစ်ခုနဲ့ ကောင်းမွန်တဲ့ကျင်ကြံရေးတစ်ခု ပိုင်ဆိုင်ထားတဲ့ အရူးတစ်ယောက်လေ]

ဒီစကားကို ကြားလိုက်တဲ့အခါ လျိုရှူးက ဇဝေဇဝါနဲ့ မျက်မှောင်ကျုံ့လိုက်တယ်။

တကယ်တည်း ရူးသွပ်နေတယ်ဆိုတာ ဘာကိုပြောတာလဲ။ လီရှန်းက သူ့ကိုပဲ ချစ်ပြီး သူနဲ့ပဲ နေချင်တယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူးလား။

အကြောင်းအရင်းတချို့ကြောင့် လျိုရှူးက သူ့စိတ်ထဲမှာ ဆိုးရွားတဲ့ ခံစားချက်တချို့ကို ရုတ်တရက် ခံစားလိုက်ရတယ်။

ဒီအချိန်မှာပဲ အပြင်လောကကအသံက ပီတိဖြာသွားတဲ့ပုံစံနဲ့ ထပ်ထွက်လာခဲ့တယ်။

[ကြည့်ရတာ လျိုရှူးက လီရှန်းရဲ့ အကျင့်စရိုက်အမှန်ကို တကယ်မသိသေးဘူးထင်တယ်...]

[ယုံမှားသံသယဖြစ်တာ၊ ထင်ယောင်ထင်မှားဖြစ်တာ၊ ကြောက်စရာကောင်းပြီးတော့ ရက်စက်တာကိုလေ...]

[သူမက လူသတ်ပြီးသွားရင် အဲ့ဒီလူရဲ့ခန္ဓာကိုယ်ကို မျက်နှာအမူအရာ တစ်ချက်လေးမှ မပြောင်းဘဲ အပ်ချည်တွေနဲ့ ချုပ်ထားပြီး အလှကြည့်ဖို့အတွက် အိပ်ရာဘေးမှာ ထားထားနိုင်တဲ့ရူးသွပ်နေတဲ့ လူတစ်ယောက်လေ]

[ကျွတ်ကျွတ်... သစ္စာဖောက်တွေ ကိုသတ်ပြီးသွားရင် သူမဆီမှာ ဆုတံဆိပ်တွေအများကြီး ပိုင်ဆိုင်သွားရော]

[ဘယ်လို.. လက်တွေ၊ မျက်လုံးတွေ ... ဟိုက်... နှလုံး၊ အသဲ၊ ကျောက်ကပ်၊ အဆုတ်တို့တောင် ပါသေးတယ်တဲ့လား]

ဒီစကားကို ကြားလိုက်ရတဲ့အခါ အားလုံးက မယုံမကြည်နဲ့ ခေါင်းကိုလှည့်လိုက်ပြီး လျိုရှူးဘေးမှာ အားနည်းချိနဲ့ကာ လှလှပပနဲ့ ရပ်နေတဲ့ လီရှန်းကို ကြည့်လိုက်တယ်။

အားလုံးရဲ့စူးရှတဲ့အကြည့်ကို ခံစားမိသွားတဲ့ပုံနဲ့ လီရှန်းခန္ဓာကိုယ်က မသိမသာကျုံ့သွားပြီး သူမရဲ့ခေါင်းကလည်း ပိုပိုပြီးတောင်မှ ငုံ့ထားလိုက်သေးတယ်။

အပြင်လောကကလာတဲ့အသံက အထင်များလွဲနေတာလား။

ဒီလီရှန်းက ဘယ်လိုပဲကြည့်ကြည့်ပါ ဒီအတိုင်းလှပပြီး အားနည်းချိနဲ့တဲ့ အမျိုးသမီး ကျင့်ကြံသူတစ်ယောက် သာသာပဲလေ။ သူမက... ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စတွေကို လုပ်နိုင်မှာလဲ။

လျိုရှူးနဲ့ သူတို့မှာလည်း တူညီတဲ့အတွေးတွေပဲ။ သူကလည်း သူစိတ်ထဲမှာ ကိုယ့်ဟာကို ဆက်တိုက်နှစ်သိမ့်နေလိုက်တယ်။

သူနဲ့ လီရှန်းက ဒီလောက်အချိန်အကြာကြီး အတူတူနေလာခဲ့တာပဲ။ သူက ဘယ်သူလဲဆိုတာ ဘယ်လိုလုပ်ပြီး မသိဘဲနေမှာလဲ။

အပြင်လောကကလာတဲ့အသံက ချဲ့ကားပြီးပြောနေတာပဲ ဖြစ်ရမယ်။

ဒီအချိန်မှာပဲ အပြင်လောကကလာတဲ့အသံက ခပ်တိုးတိုးလေး ပြောလိုက်တယ်။

[လီရှန်းရဲ့ မိဘတွေနဲ့ မောင်နှမတွေအားလုံးက မတော်တဆ ကိစ္စရပ်တွေ ဖြစ်ပွားခဲ့ပြီး လီရှန်းက လီမိသားစုရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့တာဆိုပြီး ဒီလူတွေ တကယ်ထင်ထားမှာ ဟုတ်တယ်မလား]

[အစပိုင်းတုန်းကတော့ လီမိသားစုရဲ့အင်အားကို ခိုင်မာချင်တဲ့အတွက် လီရှန်းရဲ့မိဘတွေက အဲ့ဒီအချိန်တုန်းက လူတွေရဲ့ကျင့်ကြံခြင်းအဆင့်နဲ့ ဝိညာဥ်တွေကို စုပ်ယူနိုင်တယ်လို့ နာမည်ကြီးတဲ့ ကြီးမြတ်သူတစ်ယောက်ရဲ့ အိပ်ရာပေါ်ကို လီရှန်းကို ပို့ပေးချင်ခဲ့တာလေ။ သူတို့တွေက လီမိသားစုကို ကာကွယ်ပေးချင်တဲ့ မျှော်လင့်ချက်နဲ့ပေါ့]

[အဲ့ဒီအချိန်တုန်းက အချစ်ဆေးရည်ကို သူမရဲ့အစ်ကို ကိုယ်တိုင်ကပဲ သူမဆီကို ယူလာပေးခဲ့တာတဲ့...]

[အဲ့ဒီနောက်မှာတော့ သူတို့တွေအားလုံးက လီရှန်းရဲ့သုတ်သင်ခြင်းကို ခံလိုက်ရတော့တယ်]

[သူမအတွက် အချစ်ဆေးရည်ကို ယူလာပေးခဲ့တဲ့လက်၊ ဒီအစီအစဥ်ကို ထုတ်ပြောခဲ့တဲ့ပါးစပ်၊ ဒီအစီအစဥ်ကို ထောက်ခံပေးတဲ့နှလုံးသား၊ အဲ့ဒါတွေက အခုတော့ သူ့အလုံခန်းထဲမှာ သိမ်းထားတယ်တဲ့လေ...]

အလိုလေး...

ပတ်ဝန်းကျင်မှာ အေးစက်တဲ့လေထဲမှာ အသံတစ်ခုကို ကြားလိုက်ရတယ်။

အပြင်လောကကလာတဲ့အသံရဲ့ ရိုးရှင်းတဲ့ ဖော်ပြချက်တွေကို နားထောင်ပြီးလိုက်တာနဲ့ သူတို့တွေက တစ်ကိုယ်လုံးမှာ အေးစက်သွားသလို ခံစားလိုက်ရတယ်။

ဒီအချိန်မှာတော့ သူတို့တွေက လီရှန်းကို ထပ်ကြည့်လိုက်တဲ့အခါ သူမရဲ့ပုံစံက ဘယ်လောက်ပဲ အားနည်းချိနဲ့ပြီး အပြစ်ကင်းစင်နေသလို ခံစားနေရပါစေ သူမရဲ့အရောင်အဝါကတော့ ကြက်သီးထစရာ ကောင်းတယ်လို့ ခံစားလိုက်ရတော့တယ်။ သူက သူရဲ့မိဘအရင်းအပေါ်တောင်မှာ အဲ့လောက်အထိ ရက်စက်နိုင်ပြီး သူမကို သစ္စာဖောက်ခဲ့တဲ့ လျိုရှူးတို့စုံတွဲအပေါ်ဆိုရင်တော့...

ဒီအကြောင်းကို စဥ်းစားလိုက်တဲ့အခါ သူတို့တွေက သနားတဲ့အရိပ်အယောင်တစ်ခုနဲ့ လျိုရှူးကို ကြည့်လိုက်ကြတယ်။

လျိုရှူးရဲ့ခြေထောက်တွေကလည်း တဆက်တည်း တုန်ယင်နေတော့တယ်။

လီရှန်းမှာ တကယ်ပဲ သီးသန့်လျှို့ဝှက်အခန်းတစ်ခု ရှိတယ်ဆိုတာကို သူ ရုတ်တရက် သတိရသွားတယ်လေ။ တစ်ခါတုန်းက အထဲမှာ ဘာရတနာတွေ ရှိလဲလို့ သူက သိချင်လို့ ခိုးဝင်မယ်ကြံတုန်းမှာပဲ သူ မဝင်ရသေးခင် လီရှန်းက သူ့ကိုတွေ့သွားတယ်လေ။

အဲ့ဒီတုန်းက လီရှန်းက သူ့အပေါ် ပထမဦးဆုံးနဲ့ နောက်ဆုံးအကြိမ် သူ့အပေါ် ဒေါသထွက်ခဲ့တာပဲ။

လီမိသားစုထဲမှာ အကြီးအကဲတစ်ယောက်က တခြားမိသားစုတွေနဲ့ ပူးပေါင်းပြီး သစ္စာဖောက်ခဲ့တာကို ဝိုးတဝါး မှတ်မိနေသေးတယ်။

ရလဒ်အနေနဲ့ သူလည်း ရုတ်တရက် ပျောက်ကွယ်သွားခဲ့တာပဲ။ ဒီအကြီးအကဲက သူ့အပြစ်ကြောင့် ကြောက်ရွံ့ပြီး ထွက်ပြေးသွားတယ်လို့ ပြောကြပေမဲ့လည်း အစေခံတွေ မကြာခဏ ပြောနေတာကိုတော့ ကြားမိသေးတယ်။ အကြီးအကဲ ပျောက်ကွယ်မသွားခင်တုန်းက သူက လီရှန်းရဲ့လျှို့ဝှက်အခန်းထဲကို သွားခဲ့သေးတယ်တဲ့။

ဒီအကြောင်းကို စဥ်းစားလိုက်ပြီး သူ့နှလုံးသားတွေက တဒုတ်ဒုတ်ခုန်လာကာ သူ့မှာ ထွက်ပြေးချင်စိတ် ပေါက်သွားတော့တယ်။

သူက ခြေထောက်ကို မြှောက်လိုက်တဲ့အချိန်မှာပဲ ကျောက်စိမ်းလို ဖြူဖွေးနေတဲ့လက်တစ်ဖက်က ရုတ်တရက်ဆိုသလို သူ့လက်ကောက်ဝတ်ကို ဖမ်းဆွဲထားလိုက်တယ်။

တစ်ချိန်လုံး ခေါင်းငုံ့ထားခဲ့တဲ့ လီရှန်းက နောက်ဆုံးတော့ သူမရဲ့ခေါင်းကို မော့လိုက်ပြီး ရွှန်းလဲ့သိမ်မွေ့ပြီး ချစ်ခင်မြတ်နိုးရှိတဲ့ မျက်ဝန်းတစ်စုံကို လှစ်ပြလိုက်တယ်။ သူမရဲ့အသံကလည်း နူးညံ့သိမ့်မွေပြီး သနားစဖွယ်ပါပဲ။

"အစ်ကိုလျို ဘယ်သွားချင်လို့လဲ"

လျိုရှူးမှာ သူ့ခြေထောက်တွေ အားနည်းချိနဲ့သွားသလို ခံစားလိုက်ရတယ်။ သူ့မှာ လီရှန်းကိုတောင် ပြန်မကြည့်ရဲတော့ဘူး။ သူက တုန်ယင်နေတဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။

"မဟုတ်ပါဘူး... ကိုယ် ဘယ်နေရာကိုမှ မသွားချင်ပါဘူး"

"ဒီအတိုင်း အညောင်းအညာပြေ လမ်းလျှောက်တာပါ ဟုတ်တယ်။ အညောင်းအညာပြေ လမ်းလျှောက်တာ"

"ဒါဆိုရင်ကောင်းတာပေါ့"

လီရှန်းက သူ့အဖြေကို ကြားလိုက်တဲ့အခါ အပြုံးတစ်ခုနဲ့ သူမရဲ့နှုတ်ခမ်းတွေကို ပင့်ထားလိုက်တယ်။

"အစ်ကိုလျို ဒီနေရာမှာ လူတွေအများကြီးပဲ အိမ်စောစောပြန်ရအောင်နော်"

လီရှန်းရဲ့ သိမ်မွေ့ညှင်သာနေတဲ့လေသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ စူးလီက သူမရဲ့ သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကို ဖြည်းဖြည်းချင်း လှန်လှောကြည့်လိုက်တယ်။

[ကျွတ်ကျွတ် လျိုရှူးက ပြန်သွားပြီးတော့ ချီးမြှောက်ခံရတော့မှာပဲ... သူ့အသက်ကိုတော့ သေချာပေါက် ဆုံးရှုံးမှာတော့ မဟုတ်ပါဘူး ဒါပေမဲ့လည်း အခြေအနေကလည်း ပိုကောင်းလာမှာတော့ မဟုတ်လောက်ဘူးလေ]

[ကြည့်လိုက်ပါအုံးမယ်.... လီရှန်းက သူ့အတွက် ဝိညာဥ်ချုပ်နှောင်သံကြိုးတစ်ခုကိုတောင် ပြင်ဆင်ထားပြီးပြီပဲ၊ သူ့ကို အမှောင်ခန်းထဲမှာ ပိတ်လှောင်ထားဖို့ ရည်ရွယ်ထားပြီး နေ့တိုင်း ဓားတုံးတုံးတစ်ချောင်းနဲ့ သူ့အသားတွေကို ခုတ်ဖြတ်မလို့တဲ့...]

[ကြည့်ရတာ လီရှန်းက လျိုရှူးကို တကယ်ကြိုက်တဲ့ပုံပါပဲ။ သူ့အတွက် သူမရဲ့ချစ်ခြင်းတရားက အသွေးနဲ့အသား ရောနှောထားတဲ့ ပုံစံမျိုး]

[ကျွတ်ကျွတ်... လျိုရှူးရဲ့အသားက လီရှန်းစားဖို့ လုံလောက်ပါ့မလားတောင် မသိဘူး...]

ဒီစကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ လျိုရှူးမှာ ထပ်ပြီးသည်းမခံနိုင်တော့ဘဲ ကပျာကယာနဲ့ လီရှန်းရဲ့လက်ထဲက လွတ်မြောက်ဖို့ ကြိုးစားပြီး သူ့ခြေထောက်ဆီကို ရှိသမျှဝိညာဥ်စွမ်းအားတွေပို့ပြီး ထွက်ပြေးဖို့ ကြိုးစားတော့တယ်။

နောက်တစ်စက္ကန့်မှာပဲ ဓားတစ်ချောင်းက လျိုရှူးရဲ့ခြေကျင်းဝတ်ကို ဖြတ်လိုက်ပြီး အကြော ပြတ်သွားကာ ခန္ဓာကိုယ်တစ်ခုလုံးက မြေကြီးပေါ်သို့ ဗိုင်းကနဲ လဲကျသွားတော့တယ်။

လီရှန်းက သူ့နောက်ချက်ချင်းလိုက်မသွားဘဲ ကိုယ်ကိုလှည့်လိုက်ကာ စောင့်ကြည့်နေတဲ့လူအုပ်ကြီးကို နူးနူးညံ့ညံ့နဲ့ ဦးညွှတ်လိုက်သေးတယ်။

"ဒီနေ့ ကျွန်မ တာအိုရောင်းရင်းတို့ကို နှောင့်ယှက်မိတဲ့ တောင်းပန်ပါတယ်။ မိတ်ဆွေတို့ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်"

"မထားပါဘူး မထားပါဘူး"

အားလုံးက တစ်ပြိုင်တည်း ခေါင်းခါပြလိုက်လေရဲ့။

ကျင်ကြံခြင်းအဆင့်မြင့်မားတဲ့ ကျင့်ကြံသူ တော်တော်များများကလည်း ဘာမှမဖြစ်သလို သူတို့ခေါင်းကို လှည့်ထားလိုက်ကြပြီး လီရှန်းကိုတောင်မှ ထပ်မကြည့်ကြတော့ဘူး။

လျိုရှူးနဲ့ လီရှန်းကြားကကိစ္စက နောက်ဆုံးတော့ သူတို့နှစ်ဦးကြားက အချစ်အမုန်း ဆက်ဆံရေးတစ်ခုပဲလေ။

ကျင့်ကြံရေးလောကက ခွန်အားကို လေးစားပါတယ်။ လျိုရှူးက အရင်ဆုံးသစ္စာဖောက်ခဲ့တဲ့သူပဲ...

ဒီလိုစဥ်းစားလိုက်ပြီး အားလုံးက တစ်ပြိုင်တည်း အကြည့်လွှဲထားလိုက်ကာ ဘာမှမမြင်သလို ဟန်ဆောင်လိုက်ကြတယ်။

လီရှန်းက ဒါကို နူးနူးညံ့ညံ့ပြုံးလိုက်ပြီး ကိုယ်ကိုလှည့်လိုက်ကာ အရွတ်ဖြတ်ခံထားရတဲ့ကြားက လေးဖက်ထောက်ပြီး ရုန်းကန်ထွက်ပြေးဖို့ ကြိုးစားနေတဲ့ လျိုရှူးနားကိုလာခဲ့တယ်။

သူမရဲ့အသံမှာ ဖုန်းကွယ်မထားတဲ့ ရင်နာမှုတွေက သိမ်သိမ်မွေ့မွေ့ ထွက်လာခဲ့တယ်။

"အစ်ကိုလျို ဘာလို့များ အဲ့လောက်အထိ နမော်နမဲ့နိုင်ပြီးတော့ မြေကြီးပေါ်ကို လဲကျသွားရတာလဲ"

လျိုရှူးမှာ သူမရဲ့အသံကို ကြားလိုက်တဲ့အချိန် သူ့မျက်လုံးထဲက အကြည့်တွေက ပိုပြီးကြောက်ရွံ့လာခဲ့တယ်။ ရုတ်ခြည်းဆိုသလိုပဲ သူက အားပြုလိုက်ပြီး အရူးတစ်ယောက်လို လေးဖက်ထောက်သွားတော့တယ်။ ဒါပေမဲ့လည်း နောက်တစ်စက္ကန့်မှာပဲ သူ့ကိုကိုင်ထားတဲ့ လက်တစ်ဖက်ကို ခံစားမိလိုက်ပြီး နောက်ကိုပြန်ဆွဲခံလိုက်ရတော့တယ်။ အဲဒီနောက်မှာတော့ ရင်းနှီးတဲ့အသံတစ်ခုက သူ့နားထဲမှာ ခပ်တိုးတိုးလေး ထွက်လာတော့တယ်။

"အစ်ကိုလျို ကြည့်ရတာ အစ်ကိုချော်လဲသွားတဲ့ပုံပဲ။ ကျွန်မ အစ်ကို့ကို တွဲပြီးတော့ အိမ်ပြန်ခေါ်သွားပေးမယ်နော်"

ဒီလိုနဲ့လီရှန်းက အရွတ်ဖြတ်ခံထားရတဲ့ လျိုရှူးကိုတွဲပြီး လှေပျံပေါ်ကို လျှောက်သွားတာကို အားလုံးက သူတို့ရဲ့မျက်လုံးတွေနဲ့ မြင်လိုက်ရတော့တယ်။ သွေးစက်တွေကတော့ တစ်လမ်းလုံးစွန်းထင်းနေလို့ပါပဲ။

လှေပျံပေါ်ကို ရောက်သွားပြီးတဲ့အခါ လီရှန်းက ခေါင်းကို ပြန်လှည့်ကြည့်လိုက်ပြီး မြေပြင်ပေါ်က သွေးတွေကို ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက အမူအရာကလည်း နည်းနည်းလေး နှမြောတသ ဖြစ်သွားတဲ့ပုံပဲ။

ဒါကို မြင်လိုက်တဲ့အခါ အားလုံးမှာ သူတို့နှလုံးသားထဲမှာ အေးစက်သွားတဲ့ခံစားချက်တစ်ခု ဖြစ်သွားပြီး လီရှန်းရှိရာဖက်ကို လုံးဝလှည့်မကြည့်ကြတော့ဘူး။

အကြိမ်ပေါင်းများစွာ ရိုက်နှက်ခံထားရတဲ့ ကြီးမြတ်သူချင်းဖုန်းက လျိုရှူးထွက်သွားပြီဆိုတဲ့အသံကို ကြားလိုက်ပြီဆိုတဲ့အချိန်မှ စိတ်အေးသွားတဲ့ရုပ်တစ်ခုနဲ့ သူ့ရင်ဘတ်ကို ပုတ်လိုက်တော့တယ်။

တော်ပါသေးရဲ့။ တော်ပါသေးရဲ့။ ငါ နောက်ထပ်အရိုက်ခံရတာကနေ လွတ်မြောက်သွားပေလို့ပဲ။ သူက သူ့ခန္ဓာကိုယ်ပေါ်က ဖုန်မှုန်တွေကို ခါချလိုက်ပြီး ထရပ်လိုက်တယ်။ သူပထမဦးဆုံး လုပ်လိုက်တဲ့အရာကတော့ သူရဲ့သိုလှောင်အိတ်ထဲက လက်ရာမြောက်လှတဲ့ ဆံပင်တုတစ်ခုကို ထုတ်လိုက်ပြီး ကျွမ်းကျွမ်းကျင်ကျင်နဲ့ သူ့ခေါင်းပေါ်ကို စောင်းထားလိုက်တော့တာပဲ။

အားလုံးက ဒီအခြေအနေတစ်ခုထဲကို ရောက်သွားတဲ့ ကြီးမြတ်သူချင်းဖုန်းကို ကြည့်လိုက်ကြပြီး အနာဂတ်မှာ ဘာကိုရင်ဆိုင်ရမယ်ဆိုတာကို မသိတဲ့လျိုရှူးအကြောင်းကို စဥ်းစားမိလိုက်ပြီး သူတို့ရဲ့ မျက်နှာပေါ်တွေထဲမှာ ထူးထူးခြားခြားကို ရှုပ်ထွေးသွားတော့တယ်။

ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေပြီးသွားရင်တော့ ဒီနေရာက ကျင့်ကြံသူတွေက ကြီးမြတ်သူချင်းဖုန်းကို လာရှာတော့မယ် မထင်ဘူး...

မဟုတ်ပါဘူး။ ကြိုတင်ဟောကိန်းထုတ်ပေးဖို့ လာတဲ့သူတွေက ထျန်းကျီးဂိုဏ်းကပဲလေ။

နောက်ဆုံးအနာဂတ်နဲ့ အခွင့်အရေးကို သိရှိတာနဲ့ ယှဥ်လိုက်မယ်ဆိုရင် အသက်ရှင်လျက် နေရတာက သူတို့အတွက် ပိုပြီးတော့ အရေးကြီးပါတယ်။

ကျေကျေနပ်နပ်နဲ့ ဖရဲသီးစားနေတဲ့စူးလီက ကောင်းကင်ကြီးကို ငေးမော်ကြည့်နေမိတယ်။

ဘာဖြစ်သွားတာလဲ ...

ခုနတုန်းက ကျင့်ကြံရေးလောကထဲမှာ အပေါက်တွေ ပိုပြီးတော့ နည်းသွားတယ်လို့ ဘာဖြစ်လို့ ခံစားမိနေတာလဲ။

တစ်ချိန်တည်းမှာ နတ်ဆိုးလောကရဲ့ ဝိညာဥ်ချောက်နက်ကြီးထဲမှာ-

ကောင်းကင်နဲ့ နေမင်းကို ဖုန်းကွယ်ထားသယောင်ထင်ရတဲ့ အနက်ရောင်လေထုကြီးတစ်ခုက နတ်ဆိုးစွမ်းအင်တွေနဲ့ လိမ့်လာပြီး ဝိညာဉ်ချောက်နက်ကြီးတစ်ခုလုံးကို တိုက်ခတ်သွားတော့တယ်။

တစ်စပြင်လို ဖြစ်နေပြီးသား ချောက်နက်ကြီးက ရုတ်တရက်ဆိုသလို သဲမှုန့်တွေအပြည့်ဖြစ်သွားပြီး အဲ့ဒီနောက်မှာတော့ သဲတွေအားလုံးက အနက်ရောင်အလုံးကြီးရဲ့ တဖြည်းဖြည်းဝါးမျိုခြင်းကို ခံလိုက်ရတယ်။ ချောက်နက်ကြီးက တစ်ဖန် အသက်ပြန်မဲ့သွားအောင် တိတ်ဆိတ်သွားပြန်တယ်။

မဲနက်နေတဲ့ အနက်ရောင်လေထုထဲမှာ လူပုဂ္ဂိုလ်တစ်ယောက်ရဲ့ မသဲမကွဲ အရိပ်တစ်ခုရှိနေလေရဲ့။

အချိန်တော်တော်ကြာပြီးတဲ့နောက်မှာတော့ စူးရှပြီး ဟိန်းဟောက်နေတဲ့ အသံတစ်ခုက မဲနက်နေတဲ့ လေထုထဲကနေ ပေါ်ထွက်လာတယ်။

"အလကားဟာတွေ၊ အားလုံးက အလကားဟာတွေပဲ "

ရှီထျန်းက နှစ်ပေါင်းရာချီအောင် သူ့ကိုယ်သူ ဂူပိတ်ကျင့်ကြံလာခဲ့တာလေ။ ဘာဖြစ်လို့လဲဆိုတော့ သူက ကျင့်ကြံရေးလောကထဲကနေ ခိုးယူထားတဲ့ ကံကောင်းခြင်းတွေကို သန့်စင်ဖို့လိုတဲ့အတွက်ကြောင့်ပဲ။

သူ့ခန္ဓာကိုယ်ပေါ်မှာ ကျင့်ကြံရေးတစ်လောကလုံးရဲ့ ကံတရားတွေ ရှိနေတယ်။ ဒါတွေကို တရားနည်းလမ်းကျကျနဲ့ ရထားတာတော့ မဟုတ်ဘူး။ ဒီတော့ သူက ဝိညာဥ်ချောက်နက်ကြီးထဲကလွဲရင် တခြားနေရာတွေမှာ ထွက်မလာနိုင်ခဲ့ဘူးလေ။

ဝိညာဥ်ချောက်နက်ပြီးက တစ်စတစ်စ ပိုပြီးမဲမှောင်လာပြီး နေရောင်တောင်မှ အထဲကို မဝင်နိုင်တော့ဘူး။ ဒါပေမဲ့ ဒါက ကောင်းကင်စည်းမျဥ်းစည်းကမ်းကနေ လွတ်မြောက်နိုင်တဲ့ တစ်ခုတည်းသောနေရာ ဖြစ်နေတယ်။

အခုဆိုရင် ကောင်းကင်တာအိုက သူ့တွက်ချက်မှုအောက်မှာ ပျောက်ကွယ်နှင့်ပြီးသား ဖြစ်နေပြီလေ။

သူ ကျင့်ကြံရေးလောကရဲ့ ကံကောင်းခြင်းတွေကို သန့်စင်ပြီးသွားတဲ့အချိန်ကျရင်တော့ သူက ကောင်းကင်တာအို အသစ်တစ်ယောက် ဖြစ်လာလိမ့်မယ်။ အကြွင်းမဲ့အာဏာရှိတဲ့ ကောင်းကင်တာအိုပေါ့။

အဲ့ဒီအချိန်ကျရင် သူ သွားချင်တဲ့နေရာတွေကိုလည်း သွားလို့ရပြီ သူ လုပ်ချင်တာတွေကိုလည်း လုပ်လို့ရပြီ။

ဟုတ်တယ်။ ကောင်းကင်တာအိုတစ်ယောက် ဖြစ်ရတာက အရင်တုန်းက သူ စိတ်ကူးထားဖူးတဲ့ မသေမျိုးတစ်ယောက် ဖြစ်ရတာထက် ပိုပြီးတော့ စိတ်လှုပ်ရှားဖို့ကောင်းတယ်လေ။ ဒါပေမဲ့...

သူက ဂိုဏ်းကြီးခြောက်ဂိုဏ်းရဲ့ ရတနာတွေကို ထိခိုက်အောင်လုပ်ခဲ့ပြီးတာ သိသာပါတယ်။ ကျင့်ကြံရေးလောကထဲမှာလည်း မရေမတွက်နိုင်တဲ့ ထောင်ခြောက်တွေနဲ့ ပိုက်ကွန်တွေကို ချထားခဲ့ပြီးတာကလည်း အမှန်ပဲ။ နောက်ထပ် နှစ်တစ်ထောင်လောက်နေရင် သူ ဖျက်ဆီးခဲ့ပြီးသားဖြစ်တဲ့ ကောင်းကင်တာအိုရဲ့နေရာကို အစားထိုးနိုင်တော့မှာကလည်း အမှန်ပဲလေ။

သူ နိုးလာတာနဲ့ချက်ချင်း ကျင့်ကြံရေးလောကထဲကနေ သူ့ဆီကို လာနေတဲ့ ကံကောင်းခြင်းတွေက ရုတ်တရက်ကြီး ဘာဖြစ်လို့ ပျောက်ကွယ်သွားပါလိမ့်။ သူ့ရဲ့ကံကောင်းခြင်းတွေကတောင် ကျင့်ကြံရေးလောကထဲကို ပြန်ထွက်သွားနေတဲ့ အရိပ်အယောင်တွေ ပြသနေပါလား။

သူ ထွက်လာခဲ့တာ နှစ်ဝက်လောက်ပဲ ရှိသေးတယ်လေ။ တကယ်တည်း ကျင့်ကြံရေးလောကထဲမှာ ဘာတွေဖြစ်သွားခဲ့တာလဲ။

သူက နတ်ဆိုးနယ်မြေထဲမှာရောက်နေပြီး ကျင့်ကြံရေးလောကနဲ့ အဆက်အသွယ်ကလည်း လုံးဝမရှိသလောက်ပဲ။ ဒီတော့ သူက ကျင်ကြံရေးလောကထဲက လက်ရှိအခြေအနေကို အချိန်မီ အာရုံမခံနိုင်ခဲ့ဘဲ သူရဲ့လက်အောက်ငယ်သားတွေ သတင်းပေးပို့တာအပေါ်ပဲ အားကိုးနေခဲ့ရတယ်။ အကြိမ်တိုင်း သူ့လက်အောက်ငယ်သားတွေပိုလာတဲ့ "အားလုံးက အဆင်ပြေပါတယ် စိတ်မပူပါနဲ့ဆရာကြီး" ဆိုတဲ့ သတင်းစကားကို စဥ်းစားလိုက်မိပြီး ရှီထျန်းပတ်ဝန်းကျင်က မဲနက်နေတဲ့လေထုကြီးက ပိုပိုပြီးညို့မှိုင်းလာကာ မှင်ရည်တွေ စီးကျလာတော့မတတ်ကို မဲနက်သွားခဲ့တယ်။

“အသုံးမကျဘူး၊ အားလုံးအသုံးမကျဘူး”

သူ့ခန္ဓာကိုယ်ထဲက နတ်ဆိုးစွမ်းအင်တွေက လှိုက်တက်လာပြီး ရုတ်တရက်ဆိုသလို ကြီးမားတဲ့စာလုံးတချို့က သူ့ပတ်ဝန်းကျင်မှာ ပေါ်ထွက်လာတယ်။ စိတ်ဝိညာဥ်ချောက်နက်ကြီးကို ဖြတ်သန်းလာပြီး မရေမတွက်နိုင်တဲ့ နတ်ဆိုးအစေခံတွေ ရှေ့ကိုရောက်လာခဲ့တယ်။

"ဘယ်နည်းနဲ့ပဲ သုံးရသုံးရ ကျင်ကြံရေးလောကကို ရုန်းရင်းဆန်ခတ်ဖြစ်သွားအောင် လုပ်ရမယ်"

အခုတော့ ကျင့်ကြံရေးလောကကြီးက ပိုပိုပြီးတော့ ပြီးပြည့်စုံလာခဲ့ပြီး သူ့တပည့်တွေဆီကို သတင်းပို့ဖို့တောင်မှ သူ့အတွက်မှော်စွမ်းအင်တွေအများကြီး သုံးနေရတယ်။ ဒါကြောင့် သူ့မှာနတ်ဆိုးအစေခံတွေရဲ့ တုံ့ပြန်မှုကို မမြင်ရလေဘူး။

နတ်ဆိုးအစေခံတစ်: "သခင်ကြီးပြောတာမှန်ပါတယ်။ သခင်ကြီးက နှစ်ပေါင်းထောင်ချီကြာအောင် ကျင့်ကြံရေးလောကကို စုစည်းလာခဲ့တာပါ"

နတ်ဆိုးအစေခံနံပါတ်နှစ်: "ဒီကိစ္စက အရမ်းကို အရေးကြီးတဲ့အတွက် ကျွန်တော်တို့တွေ သေသေချာချာ စီစဥ်ဖို့လိုအပ်ပြီး အရင်ဆုံး ဒါကိုလေ့လာဖို့အတွက် နှစ်ပေါင်းငါးဆယ်လောက် အချိန်ပေးရမယ်"

နတ်ဆိုးအစေခံနံပါတ်သုံး: "ကျင့်ကြံရေးလောကကို ဖယိုဖရဲဖြစ်အောင် လုပ်ရမယ်တဲ့လား။ ကျွန်တော်အခုချက်ချင်း ဒီကိစ္စကိုဆွေးနွေးဖို့အတွက် တစ်စုံတစ်ယောက်ကို သွားရှာလိုက်ပါမယ်။ ဟုတ်တယ်၊ ကျွန်တော် မိန်းကလေးချင်းချင်းကို သွားရှာလိုက်မယ်"

နတ်ဆိုးအစေခံလေး: "ကျွန်တော် ဒါကို ဘယ်လိုလုပ်ရမလဲ၊ ဂိုဏ်းကြီးခြောက်ဂိုဏ်းထဲမှာ ပုန်းကွယ်နေကြတဲ့ ခေါင်းဆောင်တွေကို သွားရှာလိုက်ပါ့မယ်။ ရှာမတွေ့နိုင်စရာ ဘာရှိမှာလဲ၊ သူတို့ကို သွားရှာတွေပြီးမှပဲ ဒီအကြောင်းကို ဆွေးနွေးကြမယ်"

နတ်ဆိုးအစေခံနံပါတ်ငါး:...

…

All Chapters