← Chapters

အခန်း ၁၅၁

Vol. 11 Ch. 151

အခန်း ၁၅၁

Vol. 11 Ch. 151

အပိုင်း (၁၅၁)

အပြန်အလှန် တိုက်ခိုက်နေကြတဲ့ ဂိုဏ်းနှစ်ခုက လူတွေထဲမှာ ရွှေအမြုတေ ကျင့်ကြံခြင်းအဆင့်နဲ့ ဝိညာဥ်တည်စကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူတွေ ပါရှိကြတယ်။

ဒီတော့ သူတို့တွေက အပြင်လောကကစကားသံ အခုလေးတင် ပြောလိုက်တဲ့စကားကို ကြားခဲ့ကြတာပဲ။

တစ်ဖက်ဂိုဏ်းက သူတို့ဂိုဏ်းအပေါ် လုပ်ခဲ့တဲ့ မကောင်းမှုတွေကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူတို့ဆီကနေ ကြီးကြီးမားမား ဒုက္ခခံစားခဲ့ရတဲ့ ကျင့်ကြံသူအများအပြားက မျက်လုံးတွေ နီရဲသွားကြပြီး သူတို့လက်ထဲမှာ စုစည်းထားကြတဲ့ ဝိညာဥ်စွမ်းအားတွေကလည်း အရင်တုန်းကထက် အများကြီး ပိုပြီးထူထဲလာတယ်။

သူတို့ရဲ့အလုပ်ကို လုပ်ချင်ဟန်ဆောင်ပြီး ဘာအားအင်မှ မထည့်ထားတဲ့ အကြီးအကဲတွေကလည်း ရုတ်တရက်ဆိုသလို မဆုံးနိုင်တဲ့ လူသတ်လိုတဲ့ ပြင်းပြစိတ်တွေ ပွင့်ထွက်လာခဲ့ပြီး သူတို့ရဲ့အကွက်တွေကလည်း သေကွင်းသေကွက် အညှာအတာမဲ့ လာခဲ့တယ်။

ဂိုဏ်းနှစ်ခုရဲ့ ဂိုဏ်းချုပ်တွေကလည်း တိုက်ခိုက်နေတဲ့လူအုပ်ကြီးရဲ့ တစ်ဖက်တစ်ချက်ကနေ အချင်းချင်း စွပ်စွဲ ပြောဆိုနေကြတယ်။

ကျန်ယွဲ့ဂိုဏ်းချုပ်ကြီးမှာ အပြင်လောကကအသံ ပြောလိုက်တဲ့စကားကို ပြန်စဥ်းစားမိလိုက်တယ်။ သူ့မှာ အရမ်းကို ဒေါသထွက်သွားပြီး တစ်ကိုယ်လုံး တုန်ယင်သွားတော့တယ်။ ဒါပေမဲ့ သူ့အသံကတော့ ခေါင်းလောင်းတစ်ခုလို ကျယ်လောင်နေတဲ့အတွက် အားလုံးက သူ့ရဲ့စွပ်စွဲသံတွေကို ရှင်းရှင်းလင်းလင်း ကြားနေရတယ်။

"မင်းတို့ တွမ်းဟွမ်ဂိုဏ်းက လုံးဝကို အရှက်မရှိတာပဲ၊ ငါ့ကျန်ယွဲ့ဂိုဏ်းသားတွေရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖျက်ဆီးဖို့ ဒီလိုအပေါစားဆန်ဆန် လှပတဲ့ထောင်ခြောက်တစ်ခုကို တကယ်ပဲ သုံးခဲ့တယ်ပေါ့။ တော်တော်ကို ရှက်ဖို့ကောင်းတာပဲ"

ကျန်ယွဲ့မြို့က လုံးဝမချမ်းသာဘူးဆိုတာ သူ သိသားပဲ။ မြို့တစ်မြို့က ဘယ်လိုလုပ်ပြီး ဒီလောက်များပြားတဲ့ ဆောင်ကြာမြိုင်တွေကို ဆောက်ဖို့တတ်နိုင်မှာလဲ။

အဓိကအချက်က ဆောင်ကြာမြိုင်ထဲက လူငယ်လေးတွေနဲ့ မိန်းမငယ်လေးတွေအားလုံး သူတို့ဂိုဏ်းက လူတွေရဲ့ အကြိုက်နဲ့လုံးဝကို ကွက်တိကျနေတယ်။ ဒါက တွမ်းဟွမ်ဂိုဏ်းကလုပ်ခဲ့တဲ့ တကယ့်ကို ကောင်းမွန်တဲ့ ကိစ္စတစ်ခုပဲ။

"ဆောင်ကြာမြိုင်တစ်ဆောင်ဖွင့်တာ ဘာမှားလို့လဲ၊ ငါက ဒီဆောင်ကြာမြိုင်ကို ဖွင့်ချင်တဲ့နေရာမှာ ဖွင့်လို့ရတာပဲ"

တွမ်းဟွမ်ဂိုဏ်းချုပ်ကြီးကလည်း အစကတည်းက ဒေါသအပြည့် ဖြစ်နေခဲ့တယ်။ ဒါပေမဲ့လည်း ကျန်ယွဲ့ဂိုဏ်းချုပ်ကြီးရဲ့မေးခွန်းကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူက မောက်မာထောင်လွှားနေတဲ့ အပြုအမူတစ်ခုကို ဆောင်ထားလိုက်ပြီး ကိုယ့်ဟာကို အားရကျေနပ်နေတဲ့ပုံနဲ့ ပြောလိုက်တယ်။

"တွမ်းဟွမ်ဂိုဏ်းကဖွင့်ထားတဲ့ ဆောင်ကြာမြိုင်တွေက ကျင့်ကြံရေးလောကထဲက သက်ဆိုင်ရာ လိုအပ်ချက်တွေနဲ့ အပြည့်အဝ လိုက်လျောညီထွေဖြစ်အောင် လုပ်ထားတာပဲ။ ဒါပေမဲ့ မင်းက ဒါကို မကြိုက်ဘူးဆိုရင် မကြည့်နဲ့ပေါ့"

"မင်းတို့ဂိုဏ်းကတပည့်တွေက အဲ့လောက်တောင် မတည်မငြိမ်ဖြစ်နေလို့ ချောမောလှပတဲ့ ကျင့်ကြံသူတစ်ယောက်ကို တွေ့လိုက်တာနဲ့ လက်မလျှော့နိုင်အောင် ဖြစ်သွားစေအောင် ဘယ်သူက လုပ်ခဲ့လို့လဲ"

"ကျွတ်... ဒါကအရမ်းကို ရှက်ဖို့ကောင်းတာပဲ"

သူ့စကားဆုံးသွားတဲ့အခါ သူက ကျန်ယွဲ့ဂိုဏ်းချုပ် ပြောလိုက်တဲ့စကားကို စဥ်းစားမိသွားပြီး အေးစက်စက် နှာခေါင်းရှုံ့လိုက်ကာ တစ်လုံးချင်းစီ ပြောလိုက်တော့တယ်။

"ခင်ဗျားတို့ ကျန်ယွဲ့ဂိုဏ်းက တကယ့်ကိုလွန်လွန်းတယ်"

"ခင်ဗျားတို့တွေက တွမ်းဟွမ်ဂိုဏ်းပတ်ဝန်းကျင်မှာ သိုင်းပညာအတုတွေတောင် ဖြန့်ဝေထားခဲ့သေးတာပဲ"

ဒီအချိန်မှာ သူ့အသံက ရုတ်တရက် မြင့်တက်လာခဲ့တယ်။

"တွမ်းဟွမ်ဂိုဏ်းရဲ့ အကြီးအကဲနဲ့ တောင်ထွတ်သခင်တွေ ဘယ်နှစ်ယောက်က ဒီသိုင်းပညာအတုကြောင့် သူတို့ရဲ့ကျင့်ကြံခြင်းအဆင့် ဆုတ်ယုတ်ပြီး ပိတ်ဆို့သွားခဲ့တယ်ဆိုတာ ခင်ဗျား သိရဲ့လား"

မှောင်ခိုစျေးကွက်အမျိုးမျိုးမှာ ခက်ခက်ခဲခဲရှာဖွေခဲ့ရပြီး လျှို့ဝှက်နယ်မြေထဲမှာတောင် ကြိုးစားရှာဖွေခဲ့ရတဲ့ လျှို့ဝှက်သိုင်းကျမ်းတွေက တကယ်တမ်းကျတော့ အတုဖြစ်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

သူကတော့ လျှို့ဝှက်သိုင်းကျမ်းကို လေ့ကျင်ပြီးနောက်မှာ သူရဲ့ကျင့်ကြံခြင်းအဆင့်တွေက တိုးတက်မလာခဲ့တာ ဘာလို့များလဲလို့ ကိုယ်ဟာကို မေးခွန်းထုတ်နေခဲ့မိတာ။

အစတုန်းကတော့ ဒါက သူ့ကိုယ်၌မှာ ရှိတဲ့ ပြဿနာတစ်ခုလို့ ထင်နေခဲ့တာ။

ဒါပေမဲ့အခုကျတော့ ဒါက ကျန်ယွဲ့ဂိုဏ်းရဲ့ နောက်ထပ်လုပ်ကြံမှုတေစ်ခု ဖြစ်နေတယ်ဆိုတာ သိလိုက်ရတာပဲ။

"မင်းတို့ကျန်ယွဲ့ဂိုဏ်းကမှ တကယ့်ကို သေသင့်တဲ့ကောင်တွေ"

ကျန်ယွဲ့ဂိုဏ်းချုပ်ကြီးက သူ့အင်္ကျီလက်ကို ကြမ်းကြမ်းတမ်းတမ်း ဝေ့ယမ်းလိုက်ပြီး တွမ်းဟွမ်ဂိုဏ်းချုပ်ကြီးကို ပြန်ပြောလိုက်တယ်။

"ကျန်ယွဲ့ဂိုဏ်းက မသုံးတော့တဲ့စာအုပ်တွေတချို့ မတော်တဆ ပျောက်ဆုံးသွားခဲ့တာပါ။ ကျင့်ကြံရေးလောကထဲက ဘယ်သူကများ မသုံးတော့တဲ့စာအုပ်တွေကို မပျောက်ဆုံးရဘူးလို့ ဘယ်သူကများ စည်းကမ်းထုတ်ထားလို့လဲ"

"ခင်ဗျားတို့တွမ်းဟွမ်ဂိုဏ်းက အကြီးအကဲတွေနဲ့ တောင်ထွတ်သခင်တွေက ဆွဲဆောင်မှုကို တွန်းလှန်မနိုင်လောက်အောင် ဖြစ်ခဲ့ပြီး ဘာမှမဟုတ်တဲ့ စာအုပ်တွေကို ရတနာတစ်ခုလိုသဘောထားပြီး လေ့ကျင့်ပါလို့ ဘယ်သူက ပြောခဲ့လို့လဲ"

"ထွီ... တော်တော်လေးကို မသိတတ်တဲ့ဟာတွေပဲ"

သူ့စကားဆုံးသွားပြီးတဲ့နောက်မှာ သူက မနေနိုင်တော့ဘဲ ဂိုဏ်းနှစ်ခုကြားက ရန်ငြိုးဟောင်းတွေကို ထုတ်ဖော်ပြောဆိုတော့တယ်။

"ခင်ဗျားတို့တွမ်းဟွမ်ဂိုဏ်းက ကျုပ်တို့ဂိုဏ်းရဲ့ ဝိညာဥ်အစားအသောက်တွေထဲမှာတောင် ညစ်ပတ်တဲ့ဝိညာဥ်ဆေးလုံးတွေကို ခိုးပြီးတော့ ထည့်ခဲ့သေးတာပဲ။ ကျုပ်တို့ဂိုဏ်းတပည့်တွေက တစ်လလုံးလုံး နံစော်နေခဲ့တာ"

သူ့မေးခွန်းကို ကြားလိုက်ပြီးတဲ့နောက်မှာ တွမ်းဟွမ်ဂိုဏ်းချုပ်ကြီးရဲ့မျက်နှာက ပိုလိုတောင် ညိုမည်းသွားတော့တယ်။

"အတင့်ရဲလို့ ခင်ဗျားက ဒီလို ပြောရဲသတဲ့လား။ ကျုပ်တို့ဂိုဏ်းရဲ့ရေပူစမ်းထဲမှာ ချီအားတိုးဆေးလုံး အရင်ဆုံးထည့်ခဲ့တာက ခင်ဗျားတို့ ကျန်ယွဲ့ဂိုဏ်းပဲလေ"

"ကျုပ်တို့ဂိုဏ်းကတပည့်တွေက အရမ်းကို စိတ်လှုပ်ရှားနေလို့ တစ်လလုံးလုံး မအိပ်နိုင်ဖြစ်ခဲ့ရတယ်"

"ဒါတွေကလည်း ခင်ဗျားတို့ တွမ်းဟွမ်ဂိုဏ်းကြောင့်ပဲ..."

ဂိုဏ်းနှစ်ခုကြားက အငြင်းပွားနေတဲ့စကားကို ကြားလိုက်ရတဲ့အခါ ဂိုဏ်းနှစ်ခုလုံးကလူတွေအားလုံးက ကြက်သွေးနဲ့အပတ်ခံလိုက်ရသလို သူတို့မျက်နှာတွေက နီရဲလာပြီး တိုက်ခိုက်မှုကလည်း ပိုပြီးတော့ ပြင်းထန်လာတော့တယ်။

အစပိုင်းတုန်းက တော်တော်လေးကို ဝေးကွာနေကြတဲ့ ဂိုဏ်းချုပ်ကြီးနှစ်ယောက်ကလည်း တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်မေးခွန်းထုတ်ကြရင်း တဖြည်းဖြည်းနီးကပ်လာခဲ့တယ်။

ကျန်ယွဲ့ဂိုဏ်းချုပ်ကြီးက သူလှမ်းလိုက်တဲ့ခြေလှမ်းတိုင်းမှာ ဒေါသတကြီးနဲ့ လမ်းလျှောက်လာခဲ့ပြီး

"ခင်ဗျားက ကျုပ်ရဲ့အပြင်ဝတ်ရုံအပေါ်မှာ လူလွှတ်ပြီးတော့ မျက်နှာချေကို ဖြူးခိုင်းခဲ့တယ်မဟုတ်လား။ ကျုပ်ရဲ့မိန်းမ အဲ့လိုထင်သွားအောင်လုပ်ဖို့လေ... ကျုပ်မှာတော့ ခြောက်လလုံးလုံး လျစ်လျူရှူထားခံရတာ"

ကျန်ယွဲ့ဂိုဏ်းချုပ်ကြီးကလည်း သူ့လက်တွေကိုဆုပ်ထားပြီး တစ်ပြိုင်တည်းနီးပါး သူ့ကို ထုတ်မေးလိုက်တယ်။

"ခင်ဗျားလည်း လူလွှတ်ပြီးတော့ ကျုပ်က မြုံနေတယ်ဆိုတဲ့ သတင်းတွေကို လျှောက်လွင့်ခဲ့တာပဲ မဟုတ်လား။ ဒါကြောင့်မို့လို့ ကျုပ်အမေက ကျုပ်ကို ခြောက်လလုံးလုံး ဆယ်မျိုးပေါင်း အားဖြည့်ဟင်းရည်တွေကို တိုက်ခဲ့တာ"

အချင်းချင်းရဲ့စကားတွေကို ကြားလိုက်ရပြီးတဲ့နောက်မှာ ဂိုဏ်းချုပ်ကြီးနှစ်ယောက်က အပြန်အလှန် ခဏလောက် တုံ့ဆိုင်းသွားပြီးတဲ့နောက် သူတို့ရဲ့မျက်လုံးတွေက သွေးကြောတွေ ပေါက်ထွက်သွားမတတ် နီရဲသွားခဲ့တယ်။

သူတို့တွေက တစ်ပြိုင်တည်းရှေ့ကိုအရှိန်နဲ့ ပြေးဝင်လာကြီး အချင်းချင်း ရက်ရက်စက်စက် တိုက်ခိုက်ကြတော့တယ်။

“ငါ ဒါကို သိနေသားပဲ”

"အဲ့ဒါ မင်းပဲ"

အခြေအနေကို ဖျန်ဖြေပေးဖို့ရောက်လာကြတဲ့ ဝမ့်ကျန်ဂိုဏ်းနဲ့ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးတွေက အချင်းချင်းကြည့်လိုက်ကြပြီး ဂိုဏ်းချုပ်နှစ်ယောက်ရဲ့အပြန်အလှန် စွပ်စွဲသံတွေကို နားထောင်ရပြီးတဲ့နောက်မှာ ပဋိပက္ခဖြစ်နေတဲ့ကိစ္စကို ကြိုးစားဖျန်ဖြေပေးဖို့ ရပ်လိုက်ကြတော့တယ်။

ဒီဂိုဏ်းနှစ်ခုရဲ့ဆက်ဆံရေးက ဘယ်လိုလုပ်ပြီး အဲ့လောက်အထိ ဆိုးရွားနေနိုင်ရတာလဲ။

ဒီအခြေအနေက... မဟာရန်ဖက်တွေ ဖြစ်တော့မဲ့ဆဲဆဲ အခြေအနေပဲ။

ဝမ့်ကျန့်ဂိုဏ်းနဲ့ ရွှင့်ချန်ဂိုဏ်းကြားမှာ တစ်ခါတစ်လေ အသေးစား ပွတ်တိုက်မှုတချို့ ရှိခဲ့တယ်ဆိုရင်တောင် သူတို့တွေမှာ ဘယ်တုန်းက ဒီလောက်ကြီးကြီးမားမားပြဿနာရှိခဲ့ဖူးလို့လဲ။

အခုလေးတင် လျှို့ဝှက်ချက်တွေကို ကြားလိုက်ရပြီးတဲ့နောက်မှာ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက သူ့ဘေးကလူကို အူကြောင်ကြောင်နဲ့ လှမ်းကြည့်နေမိတယ်။

ဒီဂိုဏ်းနှစ်ဂိုဏ်းက... ပြန်ပြေလည်ဖို့ အခြေအနေရော ရှိသေးရဲ့လား။

ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးရဲ့ မျက်နှာပေါ်က အမူအရာကလည်း အင်မတန်မှ ရှုပ်ထွေးသွားခဲ့တယ်။

ဂိုဏ်းနှစ်ဂိုဏ်းကြားက ရန်ပွဲကိုမြင်လိုက်တဲ့အခါ ဂိုဏ်းနှစ်ဂိုဏ်းကြားကရန်ပွဲက သူသေကိုယ်သေ တိုက်ပွဲတစ်ခုအဖြစ် ပြောင်းလဲသွားတာကို မြင်လိုက်တဲ့အခါ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့ဓားဘေးက မွေးချင်းဓားကို ဖြည်းဖြည်းချင်း ကိုင်ဆုပ်ထားလိုက်ပြီး သူ့မျက်လုံးတွေထဲမှာလည်း တည်ကြည်ခန့်ညားတဲ့ အရိပ်အယောင်တစ်ခုနဲ့ ပြည့်သွားခဲ့တယ်။

လက်ရှိအခြေအနေကို အကဲခတ် ကြည့်မယ်ဆိုရင် ဂိုဏ်းချုပ်ကြီးနှစ်ယောက်က ဘယ်လိုနားချတဲ့ စကားကိုမှ နားထောင်မယ် မထင်ဘူး။

ဒီလူတွေကို ခွဲထုတ်ဖို့ အင်အားသုံးဖို့ပဲ တတ်နိုင်တော့မယ်...

ဒါပေမဲ့...

ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက သူ့ခေါင်းကို လှည့်လိုက်ပြီး သူ့မျက်လုံးကတော့ ဇဝေဇဝါဖြစ်နေတဲ့ အရိပ်အယောင်တစ်ခုနဲ့ ပြည့်နှက်နေခဲ့တယ်။

အခြေအနေကို အကဲခတ်ကြည့်မယ်ဆိုရင် ဂိုဏ်းနှစ်ခုက လူတွေကို ဒီအချိန်မှာ ယာယီ ခွဲထားနိုင်ခဲ့မယ်ဆိုရင်တောင် သူတို့ထဲကတစ်ယောက်က သူတို့တွေကို ဆက်တိုက် စောင့်မကြည့်နေနိုင်ဘူးဆိုရင် ဒီဂိုဏ်းကြီးနှစ်ခုက စပြီးတော့ တိုက်ခိုက်ကြတော့မှာပဲ။

အဲ့ဒီအချိန်ကျရင် ပိုပြီးဝမ်းနည်းစရာကောင်းတဲ့ နောက်ဆက်တွဲကိစ္စတွေတောင် ဖြစ်လာနိုင်တယ်။

ဒါပေမဲ့ ကျင့်ကြံရေးလောကဆိုတာ အကြီးကြီးပဲလေ။ နောက်ပြီးတော့ ဂိုဏ်းတိုင်းမှာက လုပ်စရာကိုယ်ပိုင်ကိစ္စတွေက ရှိသေးတယ်။ သူတို့တွေက တစ်ချိန်လုံး သူတို့တွေကို စောင့်ကြည့်မနေနိုင်ဘူးလေ ဟုတ်တယ်မလား။

တစ်စုံတစ်ယောက် ဒဏ်ရာရသွားတာကို မြင်လိုက်ရတဲ့အခါ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက မျက်မှောင်ကျုံ့လိုက်ပြီး သူရဲ့မွေးချင်းဓားကို ဆွဲထုတ်လိုက်တော့တယ်။

ဒီအချိန်မှာပဲ ကောင်းကင်ကလာတဲ့အသံရဲ့ ခပ်တိုးတိုးလေး ပြောလိုက်တဲ့ စကားသံကို ကြားလိုက်ရတယ်။

[ကျွတ်ကျွတ်... ဂိုဏ်းနှစ်ခုရဲ့ဆက်ဆံရေးက အရမ်းကို ဆိုးရွားလာခဲ့တာပဲ...]

[ဒါကိုကြီးမားတဲ့ ရန်ငြိုးရန်စတစ်ခုလို့ သတ်မှတ်လို့ ရတယ်မလား]

စူးလီက ရှဲ့ချီယွမ် သူမအတွက် လုပ်ထားတဲ့ ခွာပေးထားတဲ့ ကြာဖူးကိုစားရင်း ကြီးစွာသော စိတ်ဝင်စားမှုတွေနဲ့ ဂိုဏ်းချုပ်နှစ်ယောက်ကြားက အငြင်းပွားနေတဲ့အခြေအနေကို စောင့်ကြည့်နေလိုက်တယ်။

ဂိုဏ်းချုပ်နှစ်ယောက်က အချင်းချင်းရဲ့လုပ်ရပ်တွေကို ဖော်ထုတ်နေတာကို နားထောင်လိုက်ပြီး သူမက ကောင်းကင်စာအုပ်ကို အေးအေးလူလူနဲ့ လှန်လှောကြည့်လိုက်တယ်။

[ဂိုဏ်းနှစ်ခုရဲ့ ဂိုဏ်းချုပ်တစ်ယောက်ချင်းဆီမှာ ဂိုဏ်းအသီးသီးရဲ့ရတနာကို ဖျက်ဆီးနိုင်တဲ့ မှော်ရတနာတစ်ခု ရှိနေတာလည်း မဆန်းတော့ပါဘူး...]

[မသေမျိုး ဂိုဏ်းရတနာပစ္စည်းကို ဖျက်ဆီးဖို့ အထူးတလည် အသုံးပြုတဲ့ ဒီလိုဝိညာဥ်ရတနာမျိုးက အင်မတန်မှ ရှာဖွေရခက်ခဲတာပဲ။ ဒီဂိုဏ်းချုပ်နှစ်ယောက်က နှစ်နှစ်ရာလုံးလုံး ရှာဖွေခဲ့ပြီးမှ ဒီလိုပစ္စည်းမျိုးကို ရှာတွေ့ခဲ့တာတဲ့...]

ဒီစကားကို ကြားလိုက်ရတဲ့အခါ ကျန်ယွဲ့ဂိုဏ်းချုပ်ကြီးနဲ့ တွမ်းဟွမ်ဂိုဏ်းချုပ်ကြီးတို့ရဲ့ လှုပ်ရှားမှုတွေက ရုတ်တရက်ဆိုသလို အေးခဲသွားပြီး သူတို့ရဲ့အတွေးကလည်း တစ်ပုံစံတည်း ဖြစ်သွားတော့တယ်။

သောက်ကျိုးနည်း။

သူ့မှာ သူတို့ဂိုဏ်းရဲ့ အဖိုးထိုက်တန်ဆုံး ရတနာကိုဖျက်ဆီးနိုင်တဲ့ မှော်ရတနာတစ်ခု ရှိသတဲ့လား။

ရွံစရာကောင်းပြီး ညစ်ပတ်ပြီး ရက်စက်လှတဲ့ လူဆိုးတစ်ယောက်ပဲ။

ဂိုဏ်းရဲ့ရတနာဆိုတာက ဂိုဏ်းတိုင်းရဲ့အုတ်မြစ်ပဲ။ တကယ်လို့ ဒါကဖျက်ဆီးခံလိုက်ရရင် ဂိုဏ်းတစ်ခုလုံးက အကြီးအကျယ် ပျက်စီးသွားနိုင်တဲ့ ကပ်ဘေးတစ်ခုကို ရင်ဆိုင်ရလိမ့်မယ်။

ဒီတစ်ကြိမ် သူ အရမ်းလွန်သွားခဲ့မယ်ဆိုရင်... သူက ကြံရာမရဖြစ်သွားပြီး တစ်ခုခုပျက်စီးသွားအောင် လုပ်ခဲ့မယ်ဆိုရင်ရော...

တော်ပါသေးရဲ့ ကျန်ယွဲ့ဂိုဏ်းရဲ့ တွမ်းဟွမ်ဂိုဏ်းရဲ့ ရတနာတွေကို ထိန်းသိမ်းထားနိုင်တဲ့ ဝိညာဥ်စွမ်းအင်ရတနာတွေ ရှိနေသေးပေလို့ပဲ။

အခုအချိန်မှာ အကောင်းဆုံးနည်းလမ်းကတော့ လက်ဆွဲနှုတ်ဆက်ပြီး ငြိမ်းချမ်းရေးရယူဖို့ပဲ။

အနာဂတ်မှာ ငါတို့တွေဘယ်လောက်ပဲ ရင်ဆိုင်တိုက်ခိုက်နေပါစေ ငါတို့တွေ နည်းလမ်းတစ်ခုတော့ ရှာဖွေရမယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ ဂိုဏ်းကို ဖျက်ဆီးမိသွားနိုင်မယ်။

အသက်တစ်ချက် ရှူလိုက်ပြီးတဲ့နောက်မှာတော့ ကျန်ယွဲ့ဂိုဏ်းချုပ်ကြီးက သူရဲ့ညီအစ်ကိုတစ်ယောက်ကို မြင်လိုက်ရသလို ပြုံးလိုက်တော့တယ်။ ခုနတုန်းကလို ပြင်းထန်တဲ့ ထိပ်တိုက်ရင်ဆိုင်မှု လုံးဝမရှိလေတော့ဘူး။ သူက သူ့လက်ထဲက ဝိညာဥ်စွမ်းအင်တွေကို သိမ်းဆည်းထားလိုက်ပြီး သူ့မျက်နှာပေါ်ကအမူအရာကလည်း အရင်တုန်းကထက်တောင် ပိုပြီးရင်းနှီးဖော်ရွေလာခဲ့တယ်။

"ဒီနေ့ ဂိုဏ်းချုပ်ကြီးမင်နဲ့ လက်ရည်စမ်းရတာ တကယ့်ကို ဝမ်းသာစရာ ကောင်းပါပေတယ်၊ ဂိုဏ်းချုပ်ကြီးက တကယ့်ကို ကျန့်ရွှမ်ရဲ့ အဆင့်သတ်မှတ်ချက်ဇယားထဲက အဆင့်တစ်ဆယ်ဝင်တဲ့ အခြေတည်စဝိညာဥ်ကျင့်ကြံခြင်း ကျင့်ကြံသူတစ်ယောက်အမှန်ပါပဲ။ ကျင့်ကြံခြင်းအဆင့်ကလည်း တကယ့်ကိုသာ လွန်ပါပေတယ်။ ကျုပ်က တကယ်ပဲ လေးစားအားကျမိပါတယ်"

တွမ်းဟွမ်ဂိုဏ်းချုပ်ကြီးရဲ့ မျက်နှာပေါ်က အပြုံးကလည်း ကျန်ယွဲ့ဂိုဏ်းချုပ်ကြီးရဲ့ မျက်နှာပေါ်က အပြုံးထက်တောင် ပိုပြီးရွံစရာကောင်းနေသေးတယ်။ သူရဲ့မျက်နှာတစ်ခုလုံးက တွန့်ရှုံ့နေပြီ နှစ်ထောင်ချီကြာအောင် ပျောက်ဆုံးသွားခဲ့တဲ့ ဆွေမျိုးတစ်ယောက်ကို တွေ့လိုက်ရသလိုဖြစ်နေတယ်။ သူက ရုတ်တရက်ဆိုသလို သူ့ရှေ့က ကျန်ယွဲ့ဂိုဏ်းချုပ်ကြီးကို ပွေ့ဖက်လိုက်ပြီး သူ့ပခုံးကို အားတက်သရောနဲ့ ပွတ်ပေးလိုက်တယ်။

"ဂိုဏ်းချုပ်ကြီးကျူးကလည်း ကျုပ်တို့ရဲ့စံပြတစ်ယောက်ပါပဲ"

ကျန်ယွဲ့ဂိုဏ်းချုပ်ကြီးက သူ့ပခုံးပေါ်က မသိမသာနာကျင်မှုကို ခံစားလိုက်ရပြီး တွေဝေမနေဘဲ ပြန်ပုတ်လိုက်တယ်။

"ဂိုဏ်းချုပ်ကြီးမင်ရယ် အားနာတတ်ရန်ကော"

သူတို့တွေက လူချင်းခွဲလိုက်ကြပြီးတဲ့နောက်မှာ ဂိုဏ်းချုပ်နှစ်ယောက်ရဲ့ ပခုံးတစ်ဖက်စီက အရင်တုန်းကထက်တောင် သိသိသာသာအများကြီး ပိုယောင်ကိုင်းလာခဲ့တယ်။

တွမ်းဟွမ်ဂိုဏ်းချုပ်ကြီးက တိတ်တိတ်လေး တံတွေးထွေးလိုက်ပြီး ကိုယ်ကိုလှည့်လိုက်ကာ တိုက်ခိုက်နေကြသေးတဲ့တပည့်တွေကို သိက္ခာရှိရှိနဲ့ ပြောလိုက်တယ်။

"ငါတို့တွေ အချိန်အကြာကြီး လက်ရည်ယှဥ်လာခဲ့ပြီးပြီ၊ အခုရပ်ရမဲ့အချိန်ရောက်ပြီ"

ကျန်ယွဲ့ဂိုဏ်းချုပ်ကြီးကလည်း မျက်မှောက်ကျုံ့လိုက်ပြီး အမိန့်တစ်ချက် ပေးလိုက်တယ်။

"ရပ်ကြတော့"

ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးနဲ့ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးတို့ကတော့ အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ပြိုင်တည်းမှာပဲ စိတ်အေးသွားသလို သက်ပြင်းချလိုက်တော့တယ်။

သူတို့တွေက အချင်းချင်း ထိန်းချုပ်သွားနိုင်ပြီဆိုမှာတော့... ဒီဂိုဏ်းကြီးနှစ်ခုကလည်း နောက်ပိုင်းဆိုရင် အများကြီးပိုပြီး အေးအေးချမ်းချမ်းရှိမယ်လို့ ထင်ပါတယ်။

စူးလီက ကောင်းကင်စာအုပ်ကို ကြည့်နေရာမှ ခေါင်းကို မော့လိုက်တဲ့အခါ ဂိုဏ်းချုပ်ကြီးနှစ်ယောက်က လက်ဆွဲနှုတ်ဆက်ပြီး ငြိမ်းချမ်းရေးယူနေတာကို မြင်လိုက်ရတယ်။

သူမက မျှော်လင့်ထားတဲ့အတိုင်းပဲဆိုပြီး ခေါင်းညိတ်လိုက်တယ်။

[အဲ့လိုမှပေါ့ ဘာပဲဖြစ်ဖြစ်သူတို့တွေက ကျင့်ကြံရေးလောကထဲမှာ နာမည်ကြီးဂိုဏ်းတစ်ခုပဲလေ။ သူတို့တွေက ဒီလောက်များပြားတဲ့ ဂိုဏ်းတွေရဲ့ရှေ့မှာ သဘောထားကွဲပြားလို့ ဘယ်ဖြစ်ပါ့မလဲ]

[ရှင်တို့တွေက ဂိုဏ်းကြီးခြောက်ခုရဲ့ရှေ့မှာ အသေအကြေ တကယ်တိုက်ခိုက်နေလို့ မရဘူးလေ။ ဟုတ်တယ်မလား]

ဒါကိုမြင်လိုက်ရပြီးတဲ့အခါ သူမက သူမရဲ့လက်ထဲမှာကျန်နေတဲ့ နောက်ဆုံးအသီးသကြားလုံဂကို သူမရဲ့ပါးစပ်ထဲ ထည့်လိုက်ပြီး ကောင်းကင်စာအုပ်ကို အေးအေးလူလူနဲ့ ပိတ်ချလိုက်တော့တယ်။

နောက်စက္ကန့်မှာပဲ အနည်းငယ် စိုစွတ်နေတဲ့ ပိုးသားလက်ကိုင်ပဝါတစ်ထည်ကို ကိုင်ထားတဲ့ လက်တစ်ချောင်းက သူမဆီကို လက်လှမ်းလာခဲ့တယ်။

ရှဲ့ချီယွမ်ရဲ့အသံက သိမ့်မွေ့နူးညံ့လို့နေတယ်။

"လက်ကို သုတ်ချင်လား"

စူးလီက မတုံ့ပြန်တာကို မြင်လိုက်ရတဲ့အခါ ပိုးသားလက်ကိုင်ပဝါကို ကိုင်ထားတဲ့သူ့လက်တွေက မသိမသာ တင်းကြပ်သွားတော့တယ်။

သူက သတိလေးနဲ့ပြောလိုက်တယ်။

"စူးစူးက ဖုန်မှုန့်တွေကို သုတ်ပြစ်ဖို့ ဝိညာဥ်စွမ်းအားကို သုံးရတာ သဘောမကျဘူးလို့ ထင်မိလို့ပါ... ကျွန်တော် ရိုင်းပျမိပါတယ်"

"ကျွန်မက ဝိညာဥ်စွမ်းအားတွေကို သုံးရတာ မကြိုက်ရုံသက်သက်ပါပဲ"

စူးလီက သူ့လေသံထဲက အပြောင်းအလဲကို လုံးဝသတိမထားမိလေဘူး။ လက်ကိုင်ပဝါကို လှမ်းယူပြီးတဲ့နောက်မှာ သူမက ပျင်းရိလေးတွဲစွာနဲ့ ပြောလိုက်တယ်။

"ပြီးခဲ့တဲ့နှစ်ဝက်တုန်းက နှစ်ရာချီကြာတဲ့အထိ ရေမချိုးတဲ့လူတစ်ယောက်နဲ့ တွေ့ခဲ့ဖူးတယ်လေ။ သူက သူ့ရဲ့ဆေးလုံးဖော်စပ်တဲ့မီးဖိုကြီး ပေါက်ကွဲသွားပြီးတဲ့နောက်မှာတောင် ရေမချိုးခဲ့ဖူးတဲ့လေ"

ဒီအချိန်မှာပဲ သူမက အထင်သေးရွံ့ရှာတဲ့အရိပ်အယောင်တစ်ခု ပါဝင်နေတဲ့အသံနဲ့ ပြောလိုက်မိတယ်။

"သူ့မိန်းမကလည်း သူ့ကို သဘောမကျတာ မထူးဆန်းတော့ဘူးပေါ့"

"သူ့မိန်းမက သူ့တပည့်နဲ့ အတူတူချစ်တင်းနှောဖို့ ရွေးချယ်ခဲ့တယ်တဲ့လေ... အဟင်း သူနဲ့ ဆက်ဆံခဲ့တာပေါ့"

သူမစကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ရှဲ့ချီယွမ်ရဲ့အသံက အရင်တုန်းကထက် အနည်းငယ် ပိုပြီးပေါ့ပါးလာခဲ့တယ်။

"ကျွန်တော်ကတော့ ... နေ့တိုင်း ရေတစ်ခါ ချိုးပါတယ်"

သူရဲ့ထူထဲလှတဲ့မျက်တောင်တွေက မသိမသာ တုန်လှုပ်သွားပြီး သူ့နားဖျားတွေကလည်းမသိမသာ နီရဲသွားခဲ့တယ်။

စူးလီက သူ့စကားလုံးတွေကို ကြားလိုက်ပြီးတဲ့နောက် ဇဝေဇဝါနဲ့ မျက်တောင်ခတ်လိုက်ပြီးတဲ့နောက် တစ်ခါတုန်းက အေးခဲရေအိုင်ထဲမှာ နေချင်ခဲ့ဖူးတဲ့သူ့ကို စဥ်းစားမိလိုက်ပြီး သူမက သူမရဲ့လက်ကိုသုတ်နေစဥ်မှာ ခဏလောက်တုံ့ဆိုင်းသွားပြီး ခေါင်းကိုမော့လိုက်ကာ အားတက်သရောနဲ့ ပြောလိုက်တယ်။

"ရေထဲမှာအကြာကြီး မစိမ်နဲ့အုံး"

ဒီအချိန်မှာပဲ ဂိုဏ်းချုပ်ကြီးနှစ်ယောက်ရဲ့ စကားဝိုင်းက ရုတ်တရက် သူမနားထဲကို ဝင်ရောက်လာခဲ့တယ်။

သူမက အသံလာရာဖက်ကို ကြည့်လိုက်တဲ့အခါ ဖေးဟွားဂိုဏ်းနဲ့ ချင်းရန်ဂိုဏ်းတို့ရဲ့ ဂိုဏ်းချုပ်ကြီးနှစ်ယောက်က ရက်စက်လှတဲ့စကားလုံးတွေ အပြန်အလှန်ပြောဆိုနေကြပြီး အချင်းချင်း စမ်းသပ်နေကြလေရဲ့။

ဖေးဟွားဂိုဏ်းချုပ်ကြီးက အပြင်လောကကလာတဲ့အသံ အခုလေးတင် ပြောလိုက်တဲ့စကားကို စဥ်းစားမိလိုက်ပြီး အမှတ်တမဲ့ဆိုသလို သူရဲ့မဟာရန်သူ ချင်းရန်ဂိုဏ်းကို စဥ်းစားမိသွားတယ်။

ဖေးဟွားဂိုဏ်းနဲ့ ချင်းရန်ဂိုဏ်းကြားက အမုန်းတရားကလည်း ကျန်ယွဲ့ဂိုဏ်းနဲ့ တွမ်းဟွမ်ဂိုဏ်းကြားက အမုန်းတရားထက် မနိမ့်လေဘူး။

ဒီဂိုဏ်းနှစ်ခုကလည်း နောက်ကွယ်မှာအပြန်အလှန်... ကိစ္စရပ်တွေအများကြီးကို တိတ်တိတ်လေး လုပ်ခဲ့ကြတယ်။

ချင်းရန်ဂိုဏ်းက ဂိုဏ်းချုပ်ကြီးစည်းတံဆိပ်ကို ခိုးယူဖို့အတွက် ရက်စက်တဲ့လုပ်ရပ်ကို ကျူးလွန်ခဲ့တယ်။

ဒါကိုစဥ်းစားလိုက်မိပြီး ဖေးဟွားဂိုဏ်းချုပ်ကြီးက ချင်းရန်ဂိုဏ်းချုပ်ကြီးဆီ တိတ်တိတ်လေး ရောက်လာခဲ့ပြီး အဓိပ္ပာယ်ပါတဲ့စကားပြောတော့တယ်။

"တကယ်လို့တစ်ယောက်ယောက်က တရားလွန်လာပြီး မဖြစ်သင့်တဲ့အစီအစဥ်တွေကို လုပ်ခဲ့မယ်ဆိုရင် ကျုပ်က အပိုင်းပိုင်းအစစ ဖြစ်အောင် စုတ်ဖြဲပြစ်ရလိမ့်မယ်"

ချင်းရန်ဂိုဏ်းချုပ်ကြီးကလည်း သူ့လိုတူညီတဲ့အတွေး ရှိနေလေရဲ့။ သူ့ဂိုဏ်းရတနာက အန္တရာယ်ကျရောက်မှာကို စိုးရိမ်နေမိတယ်။

"အမှန်ပဲ၊ ကျုပ်ဂိုဏ်းရဲ့ရတနာကို ထိရဲတဲ့သူမှန်သမျှကို ကျုပ်ကလည်း အသက်နဲ့ရင်းပြီး ပြန်ပေးဆပ်ခိုင်းရလိမ့်မယ်။ ကျုပ်က သူ့ကိုရေမြေအဆုံးထိ လိုက်ရရင်တောင်မှပေါ့"

ဖေးဟွားဂိုဏ်းချုပ်ကြီးဆိုတာ လေထဲက သူ့လှေပျံကို ဖျက်ဆီးပြစ်နိုင်တဲ့ လူဆိုးတစ်ယောက်လေ။

စူးလီက သူတို့စကားဝိုင်းကို နားထောင်နေလိုက်တယ်။ သူမက ဘာမှလုပ်စရာ မရှိတဲ့အတွက်ကြောင့်မလို့ ကောင်းကင်စာအုပ်ကို ထပ်ပြီးပြန်ဖွင့်လိုက်တယ်။

[ဒီလူနှစ်ယောက်လည်း ဘာဖြစ်လို့ ဒီနေရာမှာ ငြင်းခုံနေကြတာလဲ]

[သူတို့ရဲ့အိမ်တွေက လုယူတိုက်ခိုက်တော့မှာ မသိကြလို့လား...]

[အချင်းချင်း ထပ်ပြီးတော့ သဘောထားကွဲလွဲနေကြတဲ့ ဂိုဏ်းနှစ်ခုရှိနေသေးတာကိုး]

[သူတို့တွေက တိုက်ခိုက်လာကြတာ နှစ်ပေါင်းတစ်ရာ အတောအတွင်းမှာ သူတို့ဘေးအိမ်က တန်းရှင်းဂိုဏ်က တဖြည်းဖြည်း အင်အားကြီးထွားလာပြီး ဒီဂိုဏ်းနှစ်ခုကို တစ်ချီတည်း တက်သိမ်းဖို့ စဥ်းစားနေတယ်ဆိုတာ မသိကြလောက်ဘူးပေါ့...]

ဖေးဟွားဂိုဏ်းချုပ်ကြီးနဲ့ ချင်းရန်ဂိုဏ်းချုပ်ကြီးတို့က ရုတ်တရက် အေးခဲသွားခဲ့တယ်။ တန်းရှင်းဂိုဏ်းဆိုတာ သူတို့ဂိုဏ်းထက် အများကြီး အင်အားနည်းတဲ့ဂိုဏ်းတစ်ခုပဲ။ ဒါတောင်မှ သူတို့တွေက နောက်ကွယ်ကနေ အကျိုးအမြတ်ကို ရိတ်သိမ်းဖို့ကြိုးစားရဲသတဲ့လား။

ငါတို့တွေ သူ့ကို အောင်မြင်ခွင့်ပေးလို့ မဖြစ်ဘူး။

ဒီလိုစဥ်းစားလိုက်ပြီးတဲ့နောက်မှာ ဂိုဏ်းချုပ်ကြီးနှစ်ယောက်က အချင်းချင်း ကြည့်လိုက်ကြပြီး ရင်းနှီးဖော်ရွေတဲ့ အမူအရာတစ်ခုနဲ့ အပြန်အလှန် နှုတ်ဆက်လိုက်ကြတယ်။

"ဂိုဏ်းချုပ်ကြီးဟွား မတွေ့ရတာ အရမ်းကြာသွားပြီပဲ၊ ကျုပ် ခင်ဗျားကို အရမ်းသတိရနေတာ"

"ကျွန်မကလည်း ဂိုဏ်းချုပ်ကြီးချင်းကို တကယ် သတိရနေတာပါ၊ အခု ကျွန်မတို့တွေ ဒီနေ့ တွေ့ဆုံကြပြီဆိုတော့ တစ်ဝိုင်းလောက် ကောင်းကောင်းလေး သောက်လိုက်ရအောင်"

စူးလီက လက်ချင်းချိတ်ထားတဲ့ ဒီလူနှစ်ယောက်ရဲ့ပုံရိပ်ကို ကြည့်လိုက်ပြီး တိတ်တိတ်လေး သက်ပြင်းချမိတော့တယ်။

[ဒီဂိုဏ်းချုပ်ကြီးတွေက နောက်ကွယ်မှာ ဘယ်လောက်ပဲ ရန်ဖြစ်နေကြပါစေ၊ သူတို့တွေက အပေါ်ယံမှာတော့ အရမ်းကို ရင်းနှီးနေနိုင်ကြသေးတာပဲ...]

[သူတို့အားလုံးက တကယ်တော့ သိက္ခာရှိကြတဲ့လူတွေပါပဲလေ...]

…

All Chapters