← Chapters

အခန်း ၁၅၂

Vol. 11 Ch. 152

အခန်း ၁၅၂

Vol. 11 Ch. 152

အပိုင်း (၁၅၂)

အမည်မသိဆက်ဆံရေးတချို့ကြောင့် ကျင့်ကြံရေးလောကက ဂိုဏ်းကြီးတွေရဲ့ဆက်ဆံရေးက လတ်တလောမှာပိုပြီးတော့ တင်းမာလာခဲ့တယ်။

ရန်ဖက်ဖြစ်နေကြတဲ့ဂိုဏ်းတချို့ကြားက ပဋိပက္ခတွေကလည်း တင်းမာလာခဲ့ပြီး ဓားဆွဲတုတ်ဆွဲ အခြေအနေတွေ အများကြီးဖြစ်ပေါ်လာခဲ့တယ်။

ပိုဆိုးတာက ကျန်ယွဲ့ဂိုဏ်းနဲ့ တွမ်းဟွမ်ဂိုဏ်းတို့လို ကျန်တဲ့ဂိုဏ်းတွေမှာ ရန်သူ့ဂိုဏ်းရဲ့ရတနာကို ဖျက်ဆီးပစ်နိုင်တဲ့ မှော်ရတနာတွေ ရှိနေကြတယ်။

တစ်စုံတစ်ယောက်မှာသာ မကောင်းတဲ့ရည်ရွယ်ချက်တွေရှိနေမယ်ဆိုရင် ဂိုဏ်းပေါင်းများစွာ ပျောက်ကွယ်သွားနိုင်ပြီး ကျင့်ကြံရေးလောကက အင်မတန်မှ ဖရိုဖရဲဖြစ်လာလိမ့်မယ်။

အခုဆိုရင် ဒီပဋိပက္ခပြဿနာတွေကြောင့် ခုနှစ်ခုမြောက်ဂိုဏ်း ရွေးချယ်ပွဲကိုလည်း ရွေ့ဆိုင်းခဲ့ရတယ်။

ကံကောင်းချင်တော့ သူတို့မှာ အပြင်လောကကလာတဲ့အသံ ရှိနေသေးတယ်လေ။

အပြင်လောကကလာတဲ့အသံက သူမရဲ့စိတ်ထဲမှာ ကျင့်ကြံရေးလောက ရှိနေသေးတယ်။ ဂိုဏ်းနှစ်ခုကြားမှာ ပဋိပက္ခဖြစ်တဲ့အချိန်တိုင်း သူက ရုတ်တရက် ပေါ်ပေါက်လာခဲ့ပြီး ရန်ဖြစ်နေတဲ့ဂိုဏ်းကို မှန်ကန်အောင် လမ်းညွှန်ပေးတယ်။

အခုတော့ အပြန်အလှန် ရန်ငြိုးထားနေကြတဲ့ ဂိုဏ်းတော်တော်များများ သူတို့ရဲ့ရန်ငြိုးတွေကို ဘေးဖယ်ထားပြီး ရင်းနှီးလှတဲ့မိသားစုတစ်ခုလို ညီအကိုဂိုဏ်းတွေ ဖြစ်လာခဲ့တယ်။ ရလဒ်အနေနဲ့ ဝမ့်ကျန့်ဂိုဏ်းချုပ်းဘေးက ဝိညာဥ်ဓားဟာဆိုရင် ရက်ပေါင်းများစွာ ဆွဲထုတ်ခံရမဲ့အခြေအနေတစ်ခု မရောက်လာခဲ့ဘူး။

ဒီအကြောင်းကို စဥ်းစားလိုက်ပြီး ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက သူ့ရှေ့မှာ ရှိနေတဲ့အရက်ခွက်ကို ကောက်ကိုင်လိုက်ပြီး အေးအေးလူလူနဲ့ တစ်ငုံလောက် သောက်လိုက်တယ်။

သိပ်မဝေးလှတဲ့ မြင့်မြတ်တောင်ထွတ်ပေါ်မှာ တိုက်ခိုက်နေကြတဲ့အသံကို ခပ်ရေးရေးလေး ကြားနေရတုန်းပဲ။

ဒါပေမဲ့ ဂိုဏ်းကြီးခြောက်ခုရဲ့ ဂိုဏ်းချုပ်ကြီးတွေက အရမ်းကို အေးအေးလူလူဖြစ်နေကြတယ်။ အပြင်လောကကလာတဲ့အသံသာ ရှိနေမယ်ဆိုရင် ဘယ်အရာမှ ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက အလကားနေရလွန်းလို့ ဖျားနာတော့မဲ့ဆဲဆဲမှာပဲ သူရဲ့အကြီးဆုံးတပည့်က အလောတကြီး လာပြီး လျှောက်တင်တော့တယ်။

"ဆရာ တစ်ခုခုတော့ ဖြစ်နေပြီ၊ ကျေးဇူးပြုပြီးတော့ အခြေအနေကို သွားထိန်းပေးပါ"

ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက သူရဲ့ပျာယာခတ်နေတဲ့တပည့်ကို အထင်သေးသလို လှမ်းကြည့်လိုက်ပြီး

"မင်းကတော့ အခုထက်ထိ လုံလောက်အောင် မကျင့်ကြံရသေးဘူးလား"

သူက တည်တည်ငြိမ်ငြိမ်နဲ့ သူ့အင်္ကျီလက်ကို ဝေ့ယမ်းလိုက်ပြီး အေးဆေးသက်သာနေတဲ့ရုပ်နဲ့ ပြောလိုက်တယ်။

"ဘယ်ဂိုဏ်းနှစ်ဂိုဏ်းက ထပ်ပြီးတော့ တိုက်ခိုက်နေပြန်ပြီလဲ"

"ဒါက လက်ရည်ချင်းယှဥ်တဲ့ပွဲတစ်ခုပါ၊ သိပ်မကြာခင်မှာ သူတို့တွေ ညီအစ်ကိုဂိုဏ်းတွေ ဖြစ်လာလိမ့်မယ်၊ ဒီကိစ္စကို စိတ်ပူမနေနဲ့"

အကြီးဆုံးတပည့်က အမောတကော ဖြစ်သွားပြီး ခေါင်းကို တွင်တွင်ခါပြလိုက်တယ်။

"မဟုတ်ဘူး ဒါက..."

ဓတခြားဂိုဏ်းတွေရဲ့ ဂိုဏ်းရတနာကို ဖျက်ဆီးနိုင်တဲ့ ရတနာတွေရှိတဲ့ ဂိုဏ်းတစ်ခုရှိတယ်လို့ ပြောလိုက်တာလား"

ဝမ့်ကျန်ဂိုဏ်းချုပ်ကြီးက မသိမသာ မျက်မှောင်ကျုံ့ထားလိုက်ပြီး သူ့မျက်ခုံးတွေကပြန်ပြီး ပြေလျော့သွားခဲ့တယ်။

"ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စိတ်မပူပါနဲ့ အဆိုးဆုံးဖြစ်ခဲ့ရင် သူတို့ဂိုဏ်းရဲ့ရတနာကို ဖျက်ဆီးပစ်ခဲ့တဲ့ နစ်နာသူရဲ့လက်ထဲ တိတ်တိတ်လေး ပြန်ထည့်ပေးလို့ရပါတယ်..."

သူ့စကားမဆုံးခင်မှာပဲ အကြီးဆုံးတပည့်က မျက်နှာပေါ်မှာ စိုးရိမ်တကြီးရုပ်နဲ့ သူ့ခန့်မှန်းချက်ကို ဖြတ်ပြောလိုက်တော့တယ်။

"ထျန်းယွမ်ဂိုဏ်းချုပ်ကြီးနဲ့ ထျန်းယွမ်ဂိုဏ်းရဲ့အကြီးအကဲတွေပါ သူတို့တွေက မိစ္ဆာမှော်ပညာကို အရင်ဦးဆုံး လေ့ကျင့်ရပြီးတော့ တခြားဂိုဏ်းက မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေကို သတ်ခဲ့ကြတယ်တဲ့"

"ဘာ"

ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက သူ့လက်ထဲက အရက်ခွက်ကို ဆောင့်ချလိုက်တယ်။ သူ့မျက်နှာပေါ်မှာလည်း ခုနတုန်းကလို အေးဆေးသက်သာနေတဲ့ အရိပ်အယောင် မရှိတော့ဘူး။

သူ့မျက်လုံးတွေက မီးတုတ်တစ်ခုလို ဖြစ်နေပြီး သူ့အမူအရာကလည်း သံသယအရိပ်အယောင်တစ်ခုနဲ့ တည်ကြည်သွားခဲ့တယ်။

"ထျန်းယွမ်ဂိုဏ်းဆိုတာ သေချာလား"

ထျန်းယွမ်ဂိုဏ်းဆိုတာ ကျင့်ကြံရေးလောကထဲမှာ အင်အားကြီးတဲ့ဂိုဏ်းတစ်ခုဖြစ်တဲ့အပြင် ဂိုဏ်းထဲက ကျင့်ကြံသူတွေကလည်း တခြားသူတွေအပေါ် အမြဲတမ်း ကြင်နာသနားတတ်ပြီး ကူညီပေးကာ အကြပ်အတည်း ထဲရောက်နေတဲ့ မြို့သူမြို့သားတွေ့နဲ့ ကျင့်ကြံသူတွေကို ကူညီပေးတတ်တယ်။ ဒါက ခုနှစ်ခုမြောက်ဂိုဏ်းရွေးချယ်ပွဲမှာ အလားအလာ အရှိဆုံးဂိုဏ်းတစ်ခုပဲ။

ဒီလိုစဥ်းစားလိုက်ပြီး ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက မျက်မှောင်ကျုံ့ထားလိုက်တယ်။

ထျန်းယွမ်ဂိုဏ်းချုပ် ယွမ်ဖုန်းကလည်း ကျင့်ကြံရေးလောကထဲမှာ မရှိသလောက်ရှားပါးတဲ့ သိမ်မွေ့နူးညံ့တဲ့အသွင်အပြင်တစ်ခုနဲ့ ဂိုဏ်းချုပ်ကြီးတစ်ယောက်လေ...

ဒီအချိန်မှာတော့ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက အမြဲတမ်း သိမ်သိမ်မွေ့မွေ့ရှိတတ်တဲ့ ကွေးယွမ်ဂိုဏ်းချုပ်ဟောင်းကို ရုတ်တရက် စဥ်းစားမိသွားတယ်။ မင်ဟွိုက်ရဲ့သင်္ချိုင်းက အခုချိန်လောက်ဆိုရင်တော့ မြက်ပင်တွေ စပြီးပေါက်နေလောက်ပါပြီ ဟုတ်တယ်မလား။ သူက ရုတ်တရက် ထရပ်လိုက်ပြီး လေးနက်တဲ့အသံနဲ့ပြောလိုက်တယ်။

"ငါ အခုချက်ချင်း သွားစစ်ဆေးလိုက်မယ်"

သူရောက်လာတဲ့အချိန်မှာတော့ တခြားဂိုဏ်းခေါင်းဆောင်တွေကလည်း လေးနက်တဲ့အမူအရာတွေနဲ့ အလောတကြီး ရောက်လာခဲ့တယ်။

ကျင့်ကြံသူ အများအပြားက ထျန်းယွမ်ဂိုဏ်းရဲ့ ကျင့်ကြံသူတွေအားလုံးကို အလယ်မှာ တင်းတင်းကြပ်ကြပ် ဝန်းရံထားကြပြီး အားလုံးကလည်း သူတို့မျက်နှာထဲမှာ ကြောက်မက်ဖွယ်ဒေါသတွေ ဖြစ်နေခဲ့တယ်။

အားလုံးက တိတ်ဆိတ်ငြိမ်သက်သွားတဲ့အချိန်မှာပဲ အပြင်လောကကလာတဲ့ အေးအေးလူလူ အသံတစ်ခုက အားလုံးရဲ့နားထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့တယ်။

[မနေ့တုန်းက အင်မတန်မှ ကြောက်မက်ဖွယ်ကောင်းပြီး အသက်ထောင်ပေါင်းများစွာကို နုတ်ယူခဲ့တဲ့ပုံ ဖြစ်နေတဲ့ ခွန်းရှန်းဂိုဏ်းချုပ်ကြီးက တကယ်တမ်းကျတော့ သွေးမြင်ရင် မေ့လဲသွားတတ်ပြီး ရန်မဖြစ်တတ်တဲ့ သနားစရာကောင်လေး ဖြစ်နေတာကိုး]

[တချို့လူကောင်ထွားထွား ခွန်းရှန်းဂိုဏ်းသားတွေက တိရစ္ဆာန်သေးသေးလေးတွေကို ချစ်မြတ်နိုးကြတယ်တဲ့။ တခြားသူတွေကတော့ လူတွေကိုကူညီပေးရတာ သဘောကျတယ်။ ဒါပေမဲ့လည်း သူတို့တွေက အမြဲတမ်း မကောင်းတဲ့စိတ်ထားတွေနဲ့ မကောင်းတဲ့လူယုတ်မာတွေလို့ သတ်မှတ်ခံထားရသတဲ့...]

[ဒီနေ့ကျတော့ သိက္ခာရှိပြီး ကောင်းမှုကုသိုလ်တွေ အများကြီးလုပ်ထားခဲ့တဲ့ဂိုဏ်းက တကယ်တမ်းကျတော့ နောက်ကွယ်မှာ သွေးကြွေးတွေ အများကြီးရှိနေပြီး ကျင့်ကြံသူပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်တဲ့]

[နဂိုက သိမ်မွေ့ညင်သာတဲ့ ကိုယ်နေဟန်ထားရှိတယ်လို့ နာမည်ကြီးတဲ့ ရန်ဖုန်းဟာဆိုရင် သူရဲ့ကျင့်ကြံခြင်းကြောင့် ထုတ်ပြောလို့မကောင်းတဲ့ ကိစ္စအများအပြားကို လုပ်ခဲ့တယ်တဲ့...]

စူးလီက သိမ်းဆည်းတော့မဲ့ဆဲဆဲ တိမ်လွှာကြေးမုံထဲက မြင်ကွင်းကိုကြည့်လိုက်ပြီး ပျင်းရိလေးတွဲစွာနဲ့ သမ်းဝေလိုက်တယ်။

အခုမှ လဝက်လေးပဲရှိသေးတယ်လေ ဒါပေမဲ့ သူမကတော့ ရှဲ့ချီယွမ်ရဲ့တည်ရှိမှုကို စပြီးတော့တောင် အသားကျနေပြီပဲ။

ဒီနေ့ သူမ အပြင်ထွက်ရမှာ အရမ်းကိုပျင်းနေခဲ့တာ။ ဒါကြောင့် တိမ်လွှာကြေးမုံကို သုံးပြီးတော့ပဲ ဖရဲသီးစားရတော့တာပေါ့။

ဒါပေမဲ့...

သူမက သူမဘေးက စားပွဲပေါ်ကပစ္စည်းတွေကို လှမ်းကြည့်လိုက်ပြီး ကြိတ်ပြီး သက်ပြင်းချမိတယ်။

ပြင်ဆင်ထားတဲ့အသီးအနှံတွေက အရမ်းကို ချိုမြိန်လွန်းတာပဲ။ ခွက်ထဲကအသီးလက်ဖက်ရည်က အရမ်းကို အရသာပေါ့လွန်းတယ်။ အသားကျတော့ အရမ်းစပ်တယ်...

အဓိက ကတော့...

တစ်စုံတစ်ယောက် မရှိနေတာက သူမကို တစ်ခုခုလိုနေသလို ခံစားရစေတယ်။

ဒီလိုစဥ်းစားလိုက်ပြီး သူမက တိမ်လွှာကြေးမုံထဲကမြင်ကွင်းကို လှမ်းကြည့်လိုက်ကာ သူမရဲ့မျက်လုံးထဲက အကြည့်တွေကလည်း ပိုပြီးတော့ ပျင်းရိလေးတွဲလာခဲ့တယ်။

[ပိုပိုပြီးတော့ ပျင်းစရာကောင်းလာပြီ]

အပြင်လောကကလာတဲ့အသံကို ကြားလိုက်ရတဲ့အခါ လူအုပ်ကြီးရဲ့ဝန်းရံထားခံရပြီး ထွက်ပြေးဖို့ မဖြစ်နိုင်တဲ့ ထျန်းယွမ်ဂိုဏ်းချုပ်ကြီးက မျက်လုံးတွေနီရဲသွားပြီး အလွန်တစ်ရာမှ ဒေါသထွက်သွားတော့တယ်။

အပြင်လောကကအသံက တမြန်နေ့တုန်းကလည်း ဒီလိုကိစ္စတွေကို ပြောခဲ့တာပဲ။

မနေ့တုန်းက အပြင်လောကကလာတဲ့အသံက အရမ်းပျင်းစရာကောင်းတယ်လို့ ပြောတဲ့အပြင် သူက ဒီဂိုဏ်းတွေရဲ့ လျှို့ဝှက်ချက်တွေကို ထပ်ပြီးမမြင်ချင်တော့ဘူးလို့တောင် ပြောနေသေးတယ်လေ။

ဒါကြောင့် သူ့မှာ ရက်ပေါင်းများစွာ ငြိမ်ငြိမ်လေးနေခဲ့ရတာ။ ဒီနေ့ကျမှပဲ အပြင်ကိုထွက်လာပြီး တခြားဂိုဏ်းတွေနဲ့ အတူတူလမ်းလျှောက်ရင်း ခုနှစ်ခုမြောက်ဂိုဏ်းရွေးချယ်မဲ့ကိစ္စမှာ သူနဲ့ ပူးပေါင်းပါဝင်ပေးဖို့ ကြိုးစားဖို့ထွက်လာခဲ့တာပဲ။

သူက ဂိုဏ်းကြီးတော်တော်များများရဲ့ ဂိုဏ်းချုပ်တွေနဲ့ ဆက်သွယ်ပြီးစမှာပဲ အပြင်လောကကအသံက အလောတကြီး အပြေးရောက်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ။

သူ့မှာ နှစ်ပေါင်းတစ်ရာနီးပါး ကြိုးစားအားထုတ်လာခဲ့ရတာ အားလုံးတော့ ပျက်စီးကုန်ပါပြီ။ ဒါပေမဲ့ ဒီနေ့မှာတော့ အပြင်လောကကလာတဲ့အသံက သူရဲ့အားနည်းချက်နဲ့ သူရဲ့အားအကောင်းဆုံး တိုက်ကွက်တွေကို အားလုံးကိုထုတ်ဖော်ကြေညာခဲ့ပြီး သူနဲ့အတူ တခြားလူတွေကို ဆွဲချလို့မရအောင် လုပ်ခဲ့တယ်။

ဒီလိုစဥ်းစားလိုက်ပြီး ရန်ဖုန်းရဲ့မျက်လုံးတွေက စိတ်ပျက်အားလျော့သွားခဲ့တယ်။

သူ သေရမယ်ဆိုရင်တော့ ဒါက ဘုရားသခင်ရဲ့ အလိုဆန္ဒအတိုင်းပဲပေါ့။

သူ့နောက်က ထျန်းယွမ်ဂိုဏ်းကလူတွေကိုတော့ တစ်ချို့ကသူ့မျက်လုံးထဲမှာ ရက်စက်တဲ့အကြည့်တစ်ခု ဖြစ်နေပြီး သူက တစ်စက်ကလေးမှ မလှုပ်ရှားရသေးခင်မှာဘဲ ဓားတစ်ချောင်းရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရတယ်။ ဒီလူရဲ့သနားစရာအခြေအနေကို မြင်လိုက်ရတဲ့အခါ တခြားလူတွေကလည်း တုန်ယင်နေတဲ့လက်တွေနဲ့ ခေါင်းကို ငုံ့ထားလိုက်ကြတယ်။

သူတို့ရဲ့မိစ္ဆာစွမ်းအင်က ဘယ်လောက်ပဲ အင်အားကြီးမားနေပါစေ သူတို့တွေက ဒီလောက် များပြားတဲ့သူတွေကို ဘယ်လိုလုပ်ပြီး ဆန့်ကျင်တိုက်ခိုက်နိုင်ပါမလဲ။

အရင်ဆုံး လက်မြှောက်အရှုံးပေးလိုက်တာက ပိုကောင်းမယ်။ ပိုပြီးတော့ အသက်ရှင်နေနိုင်လေလေ ပိုပြီးတော့ကောင်းလေလေပဲ။

ဂိုဏ်းကြီးခြောက်ခုရဲ့ ဖိနှိပ်ခံရခြင်းအောက်မှာ ထျန်းယွမ်ဂိုဏ်းက လူတွေအားလုံးက သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်ကို ဖျက်ဆီးပစ်လိုက်ကြပြီး ဖျက်ဆီးခံလိုက်ရပြီး အားလုံးကို ဖမ်းချုပ်သွားကာ အကျဥ်းချခံလိုက်ရတော့တယ်။

ထျန်းယွမ်ဂိုဏ်းက ကျင့်ကြံသူတွေအားလုံးရဲ့ သနားစရာမြင်ကွင်းကို မြင်လိုက်ရပြီးနောက်မှာ ထိုက်ချင်းဂိုဏ်းချုပ်ကြီးက အားရဝမ်းသာ ပြုံးလိုက်ပြီး သူ့မျက်လုံးတွေက မျဥ်းကြောင်းလေးအသွင် ပြောင်းလဲသွားတော့တယ်။ သူ ပြောပါတယ်။ ထျန်းယွမ်ဂိုဏ်းချုပ်ကြီးက တစ်ချက်ကြည့်လိုက်ရုံနဲ့ အင်မတန်မှ ကြောင်သူတော်ဆန်တယ်လေ။ ဘယ်လိုလုပ်ပြီး လူရည်မွန်တစ်ယောက် ဖြစ်နိုင်မှာလဲ- ထွီ။

ပထမတုန်းကတော့ ကွေးယွမ်ဂိုဏ်းချုပ်ကြီးက မကောင်းတဲ့ရည်ရွယ်ချက်တွေရှိနေပြီး အရည်အချင်းအရှိဆုံး ကျန်းမုံ့လန်ကို ဂိုဏ်းထဲကနေ မောင်းထုတ်ခံရအောင် လုပ်ပစ်ခဲ့တယ်။ ထျန်းယွမ်ဂိုဏ်းချုပ်ကြီးကလည်း ကျင့်ကြံဖို့အတွက် မိစ္ဆာနည်းပညာတွေကို အသုံးချခဲ့ပြီး ကျင့်ကြံရေးလောကကို ထိခိုက်အောင်လုပ်ခဲ့တယ်။

ထိုက်ချင်းဂိုဏ်းကတော့ ဘုရားမတာပဲ။

အကြီးဆုံးပြိုင်ဖက်ဂိုဏ်းက ပြုတ်သွားပြီး အခုဆိုရင် သူတို့ထိုက်ချင်းဂိုဏ်းနဲ့ ယှဥ်ပြိုင်နိုင်တဲ့ဂိုဏ်း မရှိတော့ဘူး။ ကျင့်ကြံရေးလောကထဲမှာ ခုနှစ်ခုမြောက်အကြီးဆုံးဂိုဏ်းက ထိုက်ချင်းဂိုဏ်းကလွဲပြီး တခြားမရှိနိုင်တော့ဘူး။

ဒီလိုစဥ်းစားလိုက်ပြီး ထိုက်ချင်းဂိုဏ်းချုပ်ကြီးရဲ့ မျက်နှာအမူအရာက ရုတ်တရက်ဆိုသလို ပိုပြီး မာန်တက်သွားတော့တယ်။

ခုနှစ်ခုမြောက်ဂိုဏ်းဆိုတာ ဂုဏ်သိက္ခာတစ်ခုရဲ့ သင်္ကေတပဲ မဟုတ်ဘူးလေ။ ဒီဘွဲ့တံဆိပ်ရှိနေသရွေ့ လျှို့ဝှက်နယ်မြေထဲကို ဝင်နိုင်တဲ့နေရာအရည်အတွက်နဲ့ ဂိုဏ်းပြိုင်ပွဲက ရမဲ့ဆုလာဘ်တွေက သာမန်ဂိုဏ်းတွေထက် အများကြီး ပိုများတယ်လေ။ ဒါပေမဲ့...

အခုဆိုရင် ဒီနေရာမှာ ထိုက်ချင်းဂိုဏ်းနဲ့ တိုက်ခိုက်နေကြတဲ့ ဂိုဏ်းသားများစွာ ရှိနေသေးတယ်။ ဒီဂိုဏ်းတွေကို အင်အားတချို့ချပြဖို့ အချိန်တန်ပြီ ဘယ်ဂိုဏ်းက ကောင်းကင်ဘုံ သတ်မှတ်ပေးထားတဲ့ ခုနှစ်ခုမြောက်ဂိုဏ်းဆိုတာ သူတို့ကိုအသိပေးဖို့ အချိန်တန်ပြီ။

ဒီလိုစဥ်းစားလိုက်ပြီး သူက ပတ်ဝန်းကျင်ကိုကြည့်လိုက်ကာ နောက်ဆုံးတော့ အလွယ်တကူ ဖြစ်ညှစ်လို့ရတဲ့ပေါ်ပုံတဲ့ ထောင့်နားက ပျော့အိနေတဲ့ တည်သီးတစ်လုံးကို တွေ့လိုက်ရတယ်။

ထျန်းယွမ်ဂိုဏ်းကလူတွေကို ဖမ်းဆီးသွားပြီးကတည်းက ဂိုဏ်းပေါင်းများစွာနဲ့ မဟာရန်သူဖြစ်နေကြတဲ့ တော်တော်များများက အပေါ်ယံမှာတော့ အဆင်ပြေနေသယောင်ပါပဲ။ ဒါပေမဲ့ သူတို့တွေက တခြားဂိုဏ်းတစ်ခုချင်းစီကို သင်ခန်းစာပေးဖို့ နောက်ကွယ်မှာ တိတ်တိတ်လေး လှုပ်ရှားကြမယ်လို့ ဆုံးဖြတ်ထားပြီးသားလေ။

ကျန်ယွဲ့ဂိုဏ်းနဲ့ တွမ်းဟွမ်ဂိုဏ်းနှစ်ခုက ဂိုဏ်းချုပ်တွေကလည်း သူတို့စိတ်ထဲမှာလည်း ဒီလိုတူညီတဲ့စိတ်ကူးတွေ ရှိနေကြတယ်။

ငါက မင်းကို မသတ်နိုင်ဘူးဆိုပေမဲ့လည်း မင်းကို သေလောက်အောင်ဖျားနာသွားအောင် လုပ်ဖို့သေချာပေါက် တတ်နိုင်တယ်။

ဂိုဏ်းချုပ်တိုင်းက မကောင်းတဲ့စိတ်ကူးတွေ ကိန်းအောင်းနေတဲ့အချိန်မှာပဲ ထိုက်ချင်းဂိုဏ်းချုပ်ကြီးရဲ့ မာန်တက်နေတဲ့အသံက ရုတ်တရက်ဆိုသလို ထောင့်တစ်ခုကနေ ပေါ်ထွက်လာခဲ့တယ်။

"မင်း ကန်းနေလား အတင့်ရဲ့လိုများ မင်းက ဒီဂိုဏ်းချုပ်ကြီးကို ပြစ်မှားရဲရသလား"

မျက်လုံးအားလုံးက သူ့အပေါ်ကို ကျရောက်လာတာကို ခံစားမိတဲ့အခါ ထိုက်ချင်းဂိုဏ်းချုပ်ကြီးက သူ့ဖိနပ်ပေါ်က ခြေရာတွေကို ခါချလိုက်ပြီး သူ့မျက်လုံးထဲမှာလည်း ဒေါသစစ်စစ် ပြည့်နှက်နေခဲ့တယ်။

"မင်းက ထိုက်ချင်းဂိုဏ်းကို ဂရုမစိုက်ဘူးပေါ့လေ"

အားလုံးကို သူက ပြဿနာရှာဖို့ ခြေထောက်တစ်ဖက်ကို ဆန့်လိုက်တုန်းရှိသေးတယ် ထင်မှတ်မထားဘဲ ဒီလူက သူ့ကိုတကယ်ကြီး ကန်ရဲခဲ့တယ်တဲ့လေ။

ဆိုးရွားလိုက်တာ။

သူ့ခြေထောက်တွေက တက်နင်းခံရပြီး ကျိုးသွားတော့မလို ခံစားလိုက်ရတော့တာပေါ့။

ထိုက်ချင်းဂိုဏ်းချုပ်ကြီးရဲ့ မျက်နှာပေါ်ကအမူအရာက ရှုံ့တွသွားခဲ့တယ်။ သူက ဒေါသတကြီးနဲ့ သူ့ရှေ့ကလူကို ကြည့်လိုက်တာမှ အချိန်မရွေး တိုက်ခိုက်တော့မဲ့အတိုင်းပဲ။

သူ့ရှေ့ကလူကတော့ အင်္ကျီပေါ်မှာ ဖာထေးရာအပြည့်နဲ့ ပိန်ပိန်ပါးပါး လူအိုကြီးတစ်ယောက် ဖြစ်နေခဲ့တယ်။ သူက ဆင်းရဲပြီး သနားစရာရုပ်လေးပါပဲ။

လူတွေက အဖိုးကြီးကို ကြည့်လိုက်ကြတဲ့အချိန်မှာ သူတို့ရဲ့မျက်လုံးထဲမှာ အထင်သေးရှုတ်ချတဲ့ အရိပ်အယောင်တစ်ခု မနေနိုင်ဘဲဖြစ်ပေါ်လာခဲ့တယ်။

ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက ရှေ့တက်သွားပြီး လှမ်းတားလိုက်တော့မဲ့အချိန်မှာပဲ ရုတ်တရက်ဆိုသလို ပိန်ပိန်ပါးပါး မိန်းကလေးတစ်ယောက်က ကလေးသံလေးတစ်ခုနဲ့ အဘိုးကြီးဆီကို ပြေးလာခဲ့တယ်။

"ဘိုးဘိုးကို အနိုင်မကျင့်နဲ့"

သူမရဲ့ဘေးမှာတော့ ခြေလှမ်းတိုင်းကို လေးလံပြီး မောဟိုက်နေတဲ့ နုနယ်လှတဲ့ပညာသင်တစ်ယောက် ပါလာခဲ့တယ်။ သူ့မှာနူးညံ့သိမ်မွေ့တဲ့ မျက်နှာလေးတစ်ခု ပိုင်ဆိုင်ထားတယ်။ သူက အထစ်ထစ်အငေါ့ငေါ့နဲ့ ဖြစ်နေပြီး

"ကျက်သရေ မရှိလိုက်တာ၊ အနိုင့်ကျင့်တာလွန်ရောပဲ" ဆိုတဲ့စကားကို ပြောနေတဲ့အတိုင်းပဲ။

ထိုက်ချင်းဂိုဏ်းချုပ်ကြီးက လူအို အားနွဲ့သူ မသန်မစွမ်း ဒီလူသုံးယောက်ကို ကြည့်လိုက်ပြီး သူတို့ကို လုံးဝဂရုမစိုက်လေဘူး။ သူက သူတို့တွေကို ထိခိုက်ဖို့ ရည်ရွက်ချက် မရှိပေမဲ့လည်း သူတို့တွေကို သင်ခန်းစာတစ်ခု ပေးဖို့တော့ ပြင်ဆင်ထားပြီးသားပဲ။

"ကလေးမ တစ်ယောက်ယောက်ကို နင် စော်ကားချင်တိုင်း စော်ကားလို့မရဘူးဆိုတာကို ငါ ဒီနေ့နင့်ကို သိအောင်လုပ်ပေးမယ်"

ကျင့်ကြံသူအများအပြားကလည်း သူတို့ရဲ့လက်ထဲမှာ ဝိညာဥ်စွမ်းအားအများအပြား စုစည်းထားလိုက်ပြီး သူတို့ကို တားဖို့ ကြိုးစားနေခဲ့တယ်။

ဒီအချိန်မှာပဲ အပြင်လောကကလာတဲ့အသံကလည်း ဒီနေရာကလှုပ်ရှားမှုရဲ့ ဆွဲဆောင်ခံလိုက်ရပြီး အသံထဲမှာ သိလိုစိတ်အပြည့်ဖြစ်နေခဲ့တယ်။

[ဒါက... ထိုက်ချင်းဂိုဏ်းချုပ်ကြီးနဲ့ ဝိညာဥ်ဝါးမျိုသခင်ကြီး မဟုတ်လား]

တစ်စုံတစ်ယောက်ကို ရိုက်နှက်ဖို့ လက်သီးကိုဝေ့ယမ်းထားတဲ့ ထိုက်ချင်းဂိုဏ်းချုပ်ကြီးက သူ့ခြေထောက်တွေ အားနည်းချိနဲ့သွားသလို ခံစားလိုက်ရပြီး အဖိုးကြီးရဲ့ရှေ့မှာ ဒူးထောက်ကျသွားတော့တယ်။

လူတွေကို ကယ်ပေးချင်နေကြတဲ့ တခြားကျင့်ကြံသူတွေကလည်း မျက်လုံးအဝိုင်းသားနဲ့ နေရာမှာတင် ရပ်နေမိကြတော့တယ်။

ဝိညာဥ်ဝါးမျိုသခင်ကြီးတဲ့။ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးရာတုန်းက မဟာယနကျင့်ကြံခြင်းအဆင့်ကို ချိုးဖျက်ခဲ့တဲ့ ဝိညာဥ်ဝါးမျိုသခင်ကြီးက အခုဆိုရင် အတိဒုက္ခကျော်ဖြတ်ခြင်း ကြီးမြတ်သူတစ်ယောက် ဖြစ်လာခဲ့ပြီတဲ့လား။

ကောင်းခြင်းဆိုးခြင်း နှစ်ခုစလုံးလုပ်ခဲ့ပြီး မျက်တောင်တစ်ချက်မခတ်ဘဲ လူတွေကိုသတ်ခဲ့တဲ့ ဝိညာဥ်ဝါးမျိုသခင်ကြီးတဲ့လား။

ဒါပေမဲ့ ဝိညာဥ်ဝါးမျိုသခင်ကြီးက ချန်ဖူဂိုဏ်းရဲ့ ဗုဒ္ဓတပည့်တွေရဲ့ ပြောင်းလဲခြင်းခံရပြီးတဲ့နောက်မှာတော့ သူက ကျင့်ကြံရေးလောကထဲမှာ ပေါ်မလာတာ အချိန်ကြာသွားပြီပဲ။

ဒီအချိန်မှာပဲ အပြင်လောကကလာတဲ့အသံက ဆက်ပြောလိုက်တယ်။

[ကျွတ်ကျွတ်... ဒီအသက်၁၄နှစ် ၁၅နှစ်အရွယ် ကလေးမလေးက... ကူမင် တာအိုဆရာတဲ့လား]

!

လူအဖြစ်ဝင်စားခြင်းနဲ့ ပေါင်းစပ်ကျင့်ကြံခြင်းအဆင့်ကို ရောက်သွားပြီဖြစ်တဲ့ ကူကောင်တွေကို သုံးပြီး လူသတ်နိုင်တဲ့ ကူမင်တာအိုဆရာကြီးတဲ့လား။

သူကလည်း လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက ချန်ဖူဂိုဏ်းရဲ့ ပြုပြင်ပြောင်းလဲခြင်းကို ခံခဲ့ရပြီးပြီမဟုတ်လား။

ထိုက်ချင်းဂိုဏ်းချုပ်ကြီးရဲ့ ခန္ဓာကိုယ်အပေါ်ဖက်ကလည်း အားနည်းချိနဲ့လာပြီး သူ့ခေါင်းက မြေကြီးပေါ်ကို အပြင်းအထန် ရိုက်ချသွားတော့တယ်။

ဒီအားနည်းတဲ့ပညာသင်လေးက အရူးမိစ္ဆာသခင်ကြီးတဲ့...

!

အရူးမိစ္ဆာသခင်ကြီးက သေသွားတာ နှစ်ပေါင်းတစ်ရာကျော်နေပြီ မဟုတ်ဘူးလား။

[အလိုလေး... ထိုက်ချင်းဂိုဏ်းချုပ်ကြီးက ဘယ်လိုတောင် ကောင်းတဲ့ ကံတရားမျိုးရှိနေတာလဲ...]

ထိုက်ချင်းဂိုဏ်းချုပ်ကြီးက မြေကြီးပေါ်မှာ ဝပ်တွားနေတော့တယ်။

အပြင်လောကကလာတဲ့အသံကတော့ ဆက်ပြီးပြောနေလေရဲ့။

[ဟေး ဒီလူတွေက ဗုဒ္ဓအဆုံးအမရဲ့ ပြောင်းလဲခြင်းခံခဲ့ရပြီး လူတွေကို အလွယ်တကူ မသတ်တော့ဘူးလို့ ကျိန်ဆိုထားခဲ့တာတဲ့...]

[သူတို့တွေဒီနေရာမှာ ပေါ်လာရတဲ့အကြောင်းအရင်းကတော့...]

[အခုချိန်မှာ ဒီလူတွေက ကျင့်ကြံရေးလောကထဲက မကောင်းသူတွေကို အပြစ်ပေးပြီး ကောင်းသူတွေကို ချီးမြှောက်ပေးတဲ့ အလုပ်ကို မှီခိုအားကိုးပြီး အသက်မွေးဝမ်းကြောင်း လုပ်နေတာကြောင့်တဲ့]

[ကွေးယွမ်ဂိုဏ်းမှာ ဂိုဏ်းတော်တော်များများက အသေကြေ တိုက်ခိုက်နေကြတယ်လို့ သူတို့ကြားထားတယ်လေ။ ဒီတော့ သူတို့တွေက အသားတချို့ကို စားသောက်ချင်ပြီး ဒီဂိုဏ်းတွေရဲ့ အေးချမ်းမှုကို ထိန်းသိမ်းထားဖို့ ကူညီချင်လို့ ရောက်လာခဲ့တာပဲ။]

[ဒါကလည်း ကျင့်ကြံရေးလောကရဲ့ အေးချမ်းမှုကို တည်ငြိမ်အောင် လုပ်ပေးဖို့ဆိုတော့လည်း ဒါက စည်းမျဥ်းစည်းကမ်းကို ဖောက်ဖျက်တယ်လို့ မဆိုဘူးပေါ့...]

[ငါ အမှတ်မမှားဘူးဆိုရင် ပြီးခဲ့တဲ့ရက်တွေမှာ ဂိုဏ်းတော်တော်များများက အသေအကြေ တိုက်ခိုက်လာခဲ့ကြတာပဲ... ဒီဂိုဏ်းတွေကတော့ တကယ့်ကို ကံကောင်းလှပါပေတယ်...]

အပြင်လောကကလာတဲ့အသံ ပေါ်ထွက်လာတဲ့နဲ့ချက်ချင်း တိုက်ခိုက်နေကြတဲ့ဂိုဏ်းတွေနဲ့ တိုက်ခိုက်ဖို့ ပြင်နေကြတဲ့ဂိုဏ်းက လူတွေအားလုံးက သူတို့ရဲ့တံတွေးတွေကို မျိုချမိကြတော့တယ်။ အခုချိန်ကစပြီး သူတို့တွေမှာ ညီအစ်ကိုတွေပဲရှိပြီး ရန်သူတွေမရှိတော့ဘူး။

ဝိညာဥ်ဝါးမျိုသခင်ကြီးက ကိုယ်ကိုကုန်းထားလိုက်ပြီး မတတ်သာတော့ဘဲ ကူကယ်ရာမဲ့သလို ခေါင်းခါလိုက်တော့တယ်။ ကြည့်ရတာ ဒီခရီးကတော့ တစ်ခါထပ်ပြီး အချည်းနှီး ဖြစ်ပြန်ပါပြီ။ သူက မြေကြီးပေါ်က ထိုက်ချင်းဂိုဏ်းချုပ်ကြီးကို ကြင်နာသနားစွာနဲ့ ပြောလိုက်တယ်။

"ဂိုဏ်းချုပ်ကြီး ဒါက ကျုပ်အမှားပါ၊ ခင်ဗျားအဆင်ပြေရဲ့လား"

သတိလစ်မေ့မြောသွားတဲ့ ထိုက်ချင်းဂိုဏ်ချုပ်ကြီးက ဒီစကားတွေကို ကြားနိုင်တယ်ဆိုတာကတော့ ဘယ်သူမှ သိလိမ့်မှာ မဟုတ်ဘူး။ သူက ထရပ်ဖို့ရုန်းကန်လိုက်ပြီး သူ့မျက်နှာပေါ်က အမူအရာကလည်း နောက်တစ်စက္ကန့်မှာပဲ ငိုသွားတော့မလို ဖြစ်သွားတယ်။

"မဖြစ်ပါဘူး အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်၊ ဒါက လူကြီးမင်းရဲ့အမှား မဟုတ်ပါဘူး၊ ကျွန်တော်ရဲ့အမှားပါ"

သူက သူ့အမှားကို ဝန်ခံလိုက်ပြီး သူ့မျက်လုံးထဲမှာလည်း မျက်ရည်တွေနဲ့ ပြန်လျှောက်လာခဲ့ကာ ခြေလှမ်းတိုင်းက ကြောက်ရွံ့မှုအပြည့် ဖြစ််နေတော့တယ်။

နောက်ဆုံးတော့ တိုက်ခိုက်မှုအားလုံးက အဆုံးသတ်သွားလေရဲ့။

ဒီနေ့ပြီးသွားတဲ့အခါ အပေါ်ယံမှာ အေးအေးချမ်းချမ်းရှိကြပြီး နောက်ကွယ်မှာတော့ ကြောက်လန့်စရာကောင်းအောင် တိုက်ခိုက်နေကြတဲ့ ဂိုဏ်းတွေက ရန်သူက နေမိတ်ဆွေတစ်ဖန် ပြန်ဖြစ်သွားကြပြီး နေ့တိုင်းလိုလို... ကြင်နာသနား ကရုဏာသက်မှုကိုပြသကာ တခြားဂိုဏ်းတွေအပေါ်မှာ မေတ္တာကရုဏာသက်ပြီး ချိုမြိန်လာတော့တယ်။

ကျင့်ကြံရေးလောကထဲမှာတော့ စည်ပင်တိုးပွားတဲ့ မြင်ကွင်းတစ်ခု ဖြစ်လာခဲ့တော့တယ်။

...

နတ်ဆိုးဂူထဲမှာ

အန်ချင်းက သတင်းလာပို့တဲ့ သူ့လက်အောက်ငယ်သားတွေကို ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်မှာ မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ပေါ်လာခဲ့တယ်။

ဂိုဏ်းတွေအကြားက ဆက်ဆံရေးကို လှုံ့ဆော်ဖို့အတွက် မရေမတွက်နိုင်တဲ့ကိစ္စတွေကိုလုပ်ဖို့ သူ့တပည့်တွေကို စီစဥ်ပေးထားခဲ့ပြီးပြီလေ။

နတ်ဆိုးသခင်ကြီး သူ့ကိုပေးထားတဲ့ ဝိညာဥ်ရတနာတွေ အားလုံးကိုလည်း သုံးထားပြီးပြီ။ ကျင့်ကြံရေးလောကထဲက ရတနာတွေကို ဖျက်ဆီးပြစ်နိုင်တဲ့ ဒီဝိညာဥ်ရတနာတွေကို ဖြန့်ပေးထားပြီးပြီ။ ကြည့်ရတာကျင့်ကြံရေးလောကကတော့ ဖရိုဖရဲဖြစ်လာတော့မယ် ထင်တယ်။

ဒီလိုစဥ်းစားလိုက်ပြီး သူက မျက်ခုံးကိုပင့်ကာ မေးလိုက်တော့တယ်။

"ဘယ်လိုလဲ ဂိုဏ်းကြီးတွေက တိုက်ခိုက်နေကြပြီတဲ့လား"

လက်အောက်ငယ်သားက ချိတုံချတုံဖြစ်သွားပြီး ပြောလိုက်တယ်။

"လူကြီးမင်း... မတိုက်ခိုက်ကြပါဘူး"

"ကျင့်ကြံရေးလောကထဲက ဂိုဏ်းကြီးတွေရဲ့ဆက်ဆံရေးက ညီညွှတ်မျှတလာပြီး အရင်တုန်းကထက်တောင် ပိုပြီးတော့ ရင်းနှီးလာကြသေးတယ်၊ အခုဆိုရင်သူတို့တွေက... မိသားစုတစ်ခုလို ရင်းနှီးနေကြပါပြီ"

...

All Chapters