အခန်း ၁၅၉
Vol. 11 Ch. 159
အပိုင်း (၁၅၉)
စူးလီက ကျောက်စိမ်းကြေးမုံပြောလိုက်တဲ့စကားကို နားထောင်လိုက်ပြီး မရှင်းလင်းတဲ့ အဓိပ္ပာယ်တစ်ခုနဲ့ ထပ်ပြီးတော့မေးလိုက်တယ်။
"မင်းရဲ့မူလခန္ဓာကိုယ်ပုံစံက... ထွက်ပြေးချင်နေတာတဲ့လား"
ကျောက်စိမ်းကြေးမုံက သူရဲ့ကြေးမုံခန္ဓာကိုယ်ကို တွင်တွင်လှုပ်ခါပြလိုက်ပြီး သူရဲ့အသံထဲမှာလည်း တောင်းပန်တိုးလျိုးသံအပြည့် ဖြစ်နေခဲ့တယ်။
"လူကြီးမင်း ဝိညာဥ်သခင်ကြီးက ထွက်ပြေးသွားပါပြီ။ သူ ဘယ်ကို ထွက်ပြေးသွားတယ်ဆိုတာကို ကျွန်မ မသိပါဘူး"
ဒီအချိန်မှာပဲ သူကသတိလေးနဲ့ပြောလိုက်တယ်။
"လူကြီးမင်းက ဒီအတိုင်းလေးပဲ..."
စူးလီက သူမရဲ့လက်ကို ဆန့်ထုတ်လိုက်ပြီး နေရာမှာတင် ရှေ့ကိုလက်ညိုးထိုးပြလိုက်ကာ ရှဲ့ချီယွမ်ကလွဲရင် ဘယ်သူမှ မမြင်နိုင်တဲ့ ခပ်ဖျော့ဖျော့အလင်းရောင်လေးတစ်ခုက သူမရဲ့လက်ချောင်းဖျားမှာ ပျောက်ကွယ်သွားခဲ့တယ်။
အဲ့ဒီနောက်မှာတော့ သူမက ရင်းနှီးဖော်ရွေတဲ့ မျက်နှာတစ်ခုနဲ့ ကျောက်စိမ်းကြေးမုံဖက်ကိုလှည့်ပြီး ပြောလိုက်တယ်။
"ကိစ္စမရှိပါဘူး မင်းရဲ့ဝိညာဥ်သခင်ကြီးက အခု ထွက်မပြေးနိုင်တော့ပါဘူး"
ဒီစောလော့လျှို့ဝှက်နယ်မြေရဲ့ ဝိညာဥ်သခင်က ဘယ်လိုပုံစံလဲဆိုတာကို သူမ မသိပေမဲ့လည်း သူ့ရဲ့ကိုယ်ပိုင်တိုက်ခိုက်မှုနဲ့ ထွက်ပြေးနိုင်တဲ့ အရည်အချင်းကတော့ မမြင့်မားတာသိသာတယ်။
သူမ စကားပြောလိုက်ပြီးတာနဲ့ ချက်ချင်းရုတ်တရက်ဆိုသလို မြူခိုးလွှာတစ်ခုက မူလက မျှော်လင့်ချက်အပြည့် ဖြစ်နေတဲ့ ကျောက်စိမ်းကြေးမုံရဲ့ မျက်နှာပြင်ပေါ်မှာ ပေါ်ထွက်လာခဲ့တယ်။
သိပ်မကြာခင်မှာပဲ ဒီမြူခိုးအလွှာက ရေစက်ငယ်လေးတွေက ဆက်ပြီးတော့ကြီးထွားလာခဲ့ပြီး နောက်ဆုံးတော့ ကြေးမုံဆီကနေ စီးကျလာခဲ့တယ်။
ကျောက်စိမ်းကြေးမုံရဲ့အသံကလည်း ပျာယာခတ်ပြီး ငိုယိုသံအပြည့် ဖြစ်သွားခဲ့တယ်။
"လူကြီးမင်း ကျေးဇူးပြုပြီးတော့ ကျွန်မကို ခွင့်လွှတ်ပါ၊ တကယ်လို့ ကျွန်မသာ လူကြီးမင်းကို ဝိညာဥ်သခင်ကြီးဆီ ခေါ်သွားခဲ့မယ်ဆိုရင် ဝိညာဥ်သခင်ကြီးက ကျွန်မကို သေချာပေါက် သတ်ပစ်ပါလိမ့်မယ်"
စူးလီက ရှဲ့ချီယွမ် သူမကို လှမ်းပေးလိုက်တဲ့ အသားခြောက်ကို လှမ်းယူလိုက်ပြီး သူမရဲ့အသံထဲမှာလည်း အရင်တုန်းကထက် အများကြီးပိုပြီးစိတ်ရှည်တဲ့ အရိပ်အယောင်တစ်ခုပါလာခဲ့တယ်။
"ကိစ္စမရှိပါဘူး အနည်းဆုံးတော့ နင်နည်းနည်းလေး အသက်ပိုရှည်နိုင်တာပေါ့"
သူမက ဒီနေရာကနေ စောလော့လျှို့ဝှက်နယ်မြေရဲ့ ဝိညာဥ်ကြားက အကွာအဝေးကို ခံစားမိလိုက်ပြီး ကျွတ်ဆတ်ဆတ်နဲ့ ပြောလိုက်တယ်။
"နာရီဝက် "
ကျောက်စိမ်းကြေးမုံပြင်ပေါ်က ရေစက်တွေက ရုတ်တရက်ပိုပြီး ကြီးထွားလာခဲ့ပြီး ကြိုးထဲကနေ ပြတ်ကျသွားတဲ့ ပုတီးလုံးတွေလိုပဲ တစ်စက်ပြီးတစ်စက် ထွက်ကျလာတော့တယ်။
သူက ဘာတစ်ခွန်းမှ ထပ်မပြောတော့ဘဲ ငိုယိုရင်းရှေ့ကိုသာ ဦးဆောင်ပြီး ခေါ်သွားတော့တယ်။
စူးလီကတော့ သူနောက်မှာရှိနေပြီး စောလော့လျှို့ဝှက်နယ်မြေထဲက မြင်ကွင်းတွေကို အေးအေးလူလူ လမ်းလျှောက်ကာ ကြည့်ပြီးရှူစားလာခဲ့လေရဲ့။
ကျောက်စိမ်းကြေးမုံရဲ့ငိုယိုသံက အရမ်းကိုဆူညံ့လိုပဲလား ဒါမှမဟုတ် သူမကလည်း ဒီအခိုက်အတန့်မှာ စိတ်ကောင်းဝင်နေလို့ပဲလား မသိလေဘူး...
သူမက ကျောက်စိမ်းကြေးမုံရဲ့အနာဂတ်ကို တကယ်ပဲ လုံးဝဂရုမစိုက်မိဘူး။ သူမရဲ့လက်ကို ပေါ့ပေါ့ပါးပါး ဝေ့ယမ်းလိုက်ပြီး ပျင်းရိလေးတွဲတဲ့အသံနဲ့ ပြောလိုက်တယ်။
"စိတ်မပူပါနဲ့၊ ငါ ဒီမှာရှိနေသရွေ့ နင် မသေပါဘူး"
ကျောက်စိမ်းကြေးမုံပေါ်က ရေစက်လေးတွေက ရုတ်ခြည်းဆိုသလို ပျောက်ကွယ်လာခဲ့တယ်။ သူက စူးလီရဲ့ အရည်အချင်းကို သိတယ်လေ။ သူမ ပြောနေတဲ့စကားက အမှန်ဟုတ်မဟုတ်ဆိုတာကိုတောင် မေးနေစရာမလိုတော့ဘူးပေါ့။
သူက ရှက်ရှက်နဲ့ သူရဲ့ကြေးမုံခန္ဓာကိုယ်ကို လှုပ်ရမ်းပြလိုက်ပြီး သူရဲ့အသံထဲမှာလည်း အရင်တုန်းကထက် ပိုတဲ့မြှောက်ပင့်စကားတွေ ပိုထွက်လာခဲ့တယ်။
"လူကြီးမင်း လမ်းလျှောက်လာခဲ့တာ တော်တော်လေးကြာနေပြီပဲ ပင်ပန်းနေပြီလား"
"လူကြီးမင်း ဒီလမ်းကတကယ်တော့ နည်းနည်းလေး ဝေးပါသေးတယ်..."
ကျောက်စိမ်းကြေးမုံက ကြေးမုံပြင်ကို ပုတ်လိုက်ပြီး စူးလီကို အာမခံလိုက်တယ်။
"ကျွန်မ လူကြီးမင်းကို ဖြတ်လမ်းကနေ ခေါ်သွားပါမယ်။ လူကြီးမင်းက အမွှေးတိုင်တစ်တိုင်စာအတွင်း ရောက်သွားပါလိမ့်မယ်"
စူးလီနောက်ကလိုက်လာကြတဲ့ ဂိုဏ်းကြီးခြောက်ခုက လူတွေကတော့ မသေမျိုးကြီးမြတ်သူ ရှဲ့ချီယွမ်က ကျေကျေနပ်နပ်ကြီးနဲ့ သူမကို လက်ဖက်ရည်ကမ်း၊ ရေကမ်းပေးနေတာကို မြင်လိုက်ရတယ်။ အဲ့ဒီနောက်မှာတော့ ကျောက်စိမ်းကြေးမုံရဲ့ မြှောက်ပင့်စကားသံတွေကိုလည်း ကြားလိုက်ရသေးတယ်။ သူတို့ရဲ့မျက်နှာပေါ်က အမူအရာတွေက လုံးဝကို ထုံထိုင်းသွားကြတော့တယ်။
ဒီအချိန်မှာပဲ သူတို့ရဲ့စိတ်ထဲမှာ အတွေးတစ်ခုသာ ကျန်ခဲ့တော့တယ်။
စူးလီရဲ့အရည်အချင်းတွေက...တကယ်လို့ သူက ကောင်းကင်တာအိုရဲ့ သမီးအရင်း မဟုတ်ဘူးဆိုရင် ဒါက အဓိပ္ပာယ် မရှိတော့ဘူးလေ။ ဟုတ်တယ်မလား။
သူတို့တွေက ဒီလိုတွေးလိုက်တာနဲ့ချက်ချင်း သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ရုတ်တရက်ဆိုသလို ထုံကျင်ကိုက်ခဲမှုတွေ ခံစားလိုက်ရတာ မိုးကြိုးပစ်ချခံလိုက်ရသလိုပါပဲ။
အားလုံးက အလန့်တကြားဖြစ်သွားကြပြီး သူတို့ရဲ့စိတ်ထဲမှာ ကောင်းကင်တာအိုနဲ့ ပတ်သက်တဲ့ စိတ်ထားတွေကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ မြန်မြန်ဆန်ဆန်ပဲ ဖယ်ရှားလိုက်တော့တယ်။
ဒီအချိန်မှာတော့ ကျောက်စိမ်းကြေးမုံရဲ့လမ်းပြမှုအောက်မှာ အားလုံးက စောလော့လျှို့ဝှက်နယ်မြေရဲ့ ဗဟိုချက်ကို ရောက်လာတော့တယ်။
ရှည်လျားနက်ရှိုင်းတဲ့ ဂူတစ်ခုထဲကို ဖြတ်လျှောက်လာပြီးတဲ့နောက်မှာတော့ အားလုံးက နောက်ဆုံးတော့ ထွက်ပြေးနေရင်းတန်းလန်း လမ်းတစ်ဝက်မှာ ဖမ်းဆီးခံထားရတဲ့ စောလော့လျှို့ဝှက်နယ်မြေရဲ့ ဝိညာဥ်သခင်ကြီးကို တွေ့လိုက်ရတော့တယ်။
သူက ရှေးဟောင်းကြေးမုံ မှန်ကြီးတစ်ခုပဲ။ သူရဲ့အနားသတ်တွေမှာလည်း သိပ်သည်းနေတဲ့ ပုံစံအကွက်တွေနဲ့ ဖုံးအုပ်ထားပြီး ဒါကကြက်သီးထပြီး အေးစက်စက် အရောင်အဝါတစ်ခုကို ဆောင်ထားသလိုပဲ။
တစ်ချက် ကြည့်လိုက်ပြီးတဲ့နောက်မှာ ဒီပုံရိပ်တွေထဲမှာ စုပ်ယူခံလိုက်ရသလို စိတ်နှလုံးက ဖရိုဖရဲဖြစ်သွားသလို ခံစားလိုက်ကတယ်။ ကြေးမုံပြင်ကြီးကလည်း သူတို့ရဲ့တည်ရှိမှုကို မြင်နေရတာ သိသာတယ်။ ကြေးမုံပြင်တစ်ခုလုံးက မှောင်မဲနေတဲ့အလင်းရောင်က ဆက်တိုက်လင်းလက်နေပြီး... သူတို့တွေကို ကျိန်ဆဲနေတဲ့ပုံပဲ။
စူးလီက ကြေးမုံမှန်ကို ဘာမှဂရုမစိုက်သလို လှမ်းကြည့်လိုက်ပြီး ကြေးမုံမှန်ပေါ်က မှောင်မဲနေတဲ့ အလင်းရောင်ကလည်း ရုတ်ခြည်းဆိုသလို ပျောက်ကွယ်သွားခဲ့ကာ ဘာရန်လိုနေတဲ့အင်အားမှ မရှိတဲ့ရိုးရိုးကြေးမုံမှန်တစ်ခု ဖြစ်သွားခဲ့တယ်။
အပေါ်ယံမှာတော့ ကြေးမုံမှန်က နာခံတဲ့မှန်တစ်ချပ်လို့ ထင်ရသေးပေမဲ့လည်း သူရဲ့စိတ်ထဲမှာတော့ ကျောက်စိမ်းကြေးမုံနဲ့ ဂိုဏ်းကြီးခြောက်ခုက လူတွေကို ကျိန်ဆဲနေနှင့်ပြီးသား။
ခေါင်းဆောင်လာတဲ့သူဖြစ်တဲ့ စူးလီကတော့... သူက သူမကိုတောင် မကြည့်ရဲပါဘူး။
သူက သူ့သခင်ရဲ့ အောင်အောင်မြင်မြင် သန့်စင်ခံလိုက်ရပြီးတဲ့နောက်မှာ သူ့ကိုစည်းမျဥ်းနိယာမတွေက ခွင့်ပြုပေးခဲ့ပြီး သူ့ခန္ဓာကိုယ်ပေါ်မှာလည်း စည်းမျဥ်းစည်းကမ်းတွေရဲ့ စွမ်းအားအရိပ်တစ်ခု ပိုင်ဆိုင်လာခဲ့တယ်။ ဒါကြောင့် သူက စူးလီရဲ့ ကြမ်းတမ်းမှုကို ကျောက်စိမ်းကြေးမုံထက် ပိုပြီးသေချာသိတာပေါ့။
သူမပိုင်ဆိုင်ထားတဲ့ စွမ်းအားတွေက ကောင်းကင်တာအိုဟောင်း ပိုင်ဆိုင်ထားတဲ့စွမ်းအားတွေနဲ့ ယှဥ်ပြိုင်နိုင်တယ်ဆိုတာကိုတောင် ခံစားမိနေတယ်လေ။
ဒါပေမဲ့ သူကတော့ သိပ်မကြာခင်မှာပဲ သူ့စိတ်ထဲမှာ ကိုယ့်ဟာကိုပြန်ပြီးတော့ နှစ်သိမ့်နေလိုက်တယ်။
သူ့ကိုစည်းမျဥ်းစည်းကမ်းနဲ့ လောကနိယာမတွေက အသိအမှတ်ပြုထားခဲ့တာလေ။ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်က ကျင့်ကြံရေးလောကထဲကနေ ခိုးယူထားတဲ့ ဝိညာဥ်စွမ်းအားနဲ့ မရေမတွက်နိုင်တဲ့ ကံကောင်းခြင်းတွေလည်း ပိုင်ဆိုင်ထားတယ်။ ဘယ်သူကမှ စည်းမျဥ်းစည်းကမ်းတွေကို ကျော်လွှားပြီး သူ့ကိုဖျက်ဆီးနိုင်မှာမဟုတ်ဘူး။
စူးလီက ဘယ်လောက်ပဲ အင်အားရှိနေပါစေ သူ အလွန်ဆုံး လုပ်နိုင်တယ်ဆိုရင် သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးပြစ်ယုံပဲပေါ့။ စောလော့လျှို့ဝှက်နယ်မြေ ပွင့်သွားခဲ့တာနဲ့ချက်ချင်း ကျင်ကြံရေးလောက နေရာအသီးသီးမှာရှိနေတဲ့ သူရဲ့ကိုယ်ပွားတွေကလည်း နှိုးထလာပြီးသားဖြစ်လိမ့်မယ်။ အဲ့ဒီအချိန်ကျရင် သူက သူ့ရဲ့ကိုယ်ပွားတွေထဲမှာ တစ်ဖန်ပြန်ပြီးတော့ နှိုးထလာလိမ့်မယ်။
ဒီလိုစဥ်းစားလိုက်ပြီး ကြေးမုံပြင်က နောက်ဆုံးတော့ စိတ်အေးသွားကာ သူ့ခန္ဓာကိုယ်ပေါ်က မှေးမှိန်နေတဲ့အရောင်ကလည်း သူရဲ့မူလအခြေအနေကို ပြန်ရောက်လာခဲ့တယ်။
ဒီအချိန်မှာတော့ ဂိုဏ်းကြီးခြောက်ခုရဲ့ လူတွေရဲ့မျက်လုံးတွေကလည်း သံသယအပြည့်နဲ့ ဖြစ်သွားတော့တယ်။
ဒါကစောလော့လျှို့ဝှက်နယ်မြေရဲ့ လျှို့ဝှက်ဝိညာဥ်တဲ့လား။
ရုတ်တရက်ဆိုသလိုပဲ ဒီလူတွေကြားမှာ အသက်အရှည်ဆုံးနေလာခဲ့ ထျန်းကျီးဂိုဏ်းချုပ်ကြီးက တစ်ခုခုကို သတိရသွားတဲ့ပုံနဲ့ သူ့မျလုံးအိမ်တွေက ရုတ်တရက် အနည်းငယ်ကျုံ့သွားပြီး သူ့အသံကလည်း အနည်းငယ် တုန်ယင်သွားခဲ့တယ်။
"ဒါက လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်တုန်းက ချန်ဖူဂိုဏ်းက ဖျက်ဆီးခံလိုက်ရတဲ့ ငရဲကြေးမုံပြင်များလား"
ဂိုဏ်းကြီးခြောက်ခုက ကျင့်ကြံသူတွေက သူ့စကားကို ကြားလိုက်တဲ့အခါ သူတို့ရဲ့ခေါင်းကို လှည့်လိုက်ပြီး အထိတ်တလန့်နဲ့ ထျန်းကျီးဂိုဏ်းချုပ်ကြီးကို ကြည့်လိုက်ကြတယ်။
ဟယ်ဟွမ်ဂိုဏ်းချုပ်ကြီးရဲ့အသံကလည်း အရင်တုန်းကထက်တောင် ပိုပြီးလေးနက်လာခဲ့တယ်။
"ထျန်းကျီးဂိုဏ်းချုပ်ကြီး ခင်ဗျား သေချာရဲ့လား လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်တုန်းက သူက မမွေးဖွားသေးဘူးဆိုပေမဲ့လည်း သူ့ဆရာဆီကနေ ငရဲကြေးမုံပြင်အကြောင်း ကြားခဲ့ဖူးတယ်လေ။
တကယ်တမ်းကျတော့ ဝူကျန်းကြေးမုံက ဝူကျန်းမြင့်မြတ်သစ်ပင်နဲ့ အတိုင်းအတာတစ်ခုအထိ ဆင်တူတယ်။ နှစ်ခုစလုံးက အတိုင်းအတာတစ်ခုအထိ အခြေအနေကိုအပေးအယူလုပ်လို့ရတယ်။ ဒါပေမဲ့ ဝူကျန်း မြင့်မြတ်သစ်ပင်ရဲ့ မြင့်မြတ်စွမ်းအင်က ပိုပြီးတော့ အဆင့်မြင့်မားတဲ့အချိန်မှာ ဝူကျန်းကြေးမုံရဲ့ နတ်ဆိုးစွမ်းအင်ကလည်း ပိုပြီးတော့မြင့်မားတယ်။
ဝူကျန်းကြေးမုံက ကျင့်ကြံသူတွေရဲ့နှလုံးသားထဲမှာ တိတ်တိတ်လေး တွယ်ကပ်နေနိုင်ပြီး နတ်ဆိုးမျိုးစေ့တစ်ခုကို ချန်ထားခဲ့နိုင်ကာ လူတွေရဲ့နှလုံးသားထဲမှာ ဆိုးရွားတဲ့စိတ်ကူးတစ်ခုကို ဖြစ်ပေါ်လာအောင်လုပ်ပေးနိုင်တယ်။
ကျင့်ကြံသူတွေက လုံလောက်အောင် ပေးဆပ်နိုင်သရွေ့ ဝူကျန်းကြေးမုံပြင်က မဆုံးနိုင်တဲ့ချမ်းသားခြင်းတွေအတွက် အပေးအယူလုပ်ပေးပြီး သာလွန်တဲ့ကျင့်ကြံခြင်းအဆင့်ကိုတောင် ပေးစွမ်းနိုင်ကာ ကျင့်ကြံသူအားလုံးရဲ့ ရန်သူတွေကိုလည်း တိတ်တိတ်ကလေး သတ်ပြစ်ပေးနိုင်တယ်။
ဒါပေမဲ့ ဒါကိုရရှိဖို့အတွက် တန်ကြေးက အရမ်းကိုမြင့်မားတယ်။ နောက်ဆုံးမှာ ကျင့်ကြံသူတွေက ဝါးမျိုခံလိုက်ရပြီး ဝူကျန်းငရဲကြေးမုံရဲ့ အစာအာဟာရဖြစ်လာခဲ့တယ်။
တကယ်လို့ ဒီငရဲလောကရဲ့ ကြေးမုံက တစ်ခုတည်းပဲရှိမယ်ဆိုရင် ဒါကိုထိန်းချုပ်လို့ရနိုင်သေးတယ်။ ဒါပေမဲ့ ဝူကျန်းငရဲကြေးမုံက မရေမတွက်နိုင်တဲ့ ကိုယ်ပွားတွေကို ဖန်တီးနိုင်ပြီး ကိုယ်ပွားတစ်ခုချင်းဆီကလည်း မူလကိုယ်ပွားလို့ပဲ တူညီတဲ့အရည်အချင်းကို ပိုင်ဆိုင်နိုင်တယ်။
ဒါကို စဥ်စားလိုက်ပြီး ချန်ဖူဂိုဏ်းကတပည့်တွေက တည်ငြိမ်သွားတဲ့ရုပ်ရည် ဖြစ်သွားခဲ့တယ်။
"လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်တုန်းက ချန်ဖူဂိုဏ်းရဲ့ ကျီရှီကိုယ်တော်က ကိုယ့်ဟာကို စွန့်လွှတ်ခဲ့ပြီး သူရဲ့အစွမ်းတွေအားလုံးကို အသုံးချပြီး ဝူကျန်းငရဲကြေးမုံကို ဖျက်ဆီးခဲ့တယ်။ ဝူကျန်းငရဲကြေးမုံက ဘာဖြစ်လို့ ဒီနေ့ထပ်ပြီးတော့ ပြန်ပေါ်လာခဲ့တာလဲ။
"ဧကန္တ ဒီနှစ်ပေါင်းတစ်ထောင်အတွင်းမှာ တစ်စုံတစ်ယောက်ကများ ..."
ဒီအချိန်မှာပဲ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက မျက်မှောင်ကျုံ့ပြီး ပြောလိုက်တယ်။
"ဝူကျန်းငရဲကြေးမုံက စောလော့လျှို့ဝှက်နယ်မြေထဲမှာရှိတာပဲ လျှို့ဝှက်နယ်မြေက နှစ်တစ်ထောင်မှ တစ်ကြိမ်ပဲဖွင့်တာ သဘောကတော့..."
ချန်ထျန်းဂိုဏ်းချုပ်ကြီးက သူရဲ့လေးနက်တဲ့အမူအရာတစ်ခုနဲ့ သူရဲ့မပြီးသေးတဲ့စကားကို ဆက်ပြောလိုက်တယ်။
"ဒါက ဝူကျန်းငရဲကြေးမုံကို အဲ့ဒီအချိန်တုန်းက အပြီးတိုင်ဖျက်ဆီးခဲ့တာ မဟုတ်ဘူးဆိုတာ ပြသနေတာပဲ။ ဒီအခြမ်းက ဟိုတုန်းက ကွဲထွက်သွားခဲ့တဲ့ တစ်ခုပဲဖြစ်ရမယ်"
ထျန်းကျီးဂိုဏ်းချုပ်ကြီးကတော့ နားမလည်နိုင်အောင် ဖြစ်နေတုန်းပဲ။
"ဒါပေမဲ့ ဝူကျန်းငရဲကြေးမုံက စောလော့လျှို့ဝှက်နယ်မြေထဲမှာ စောလော့လျှို့ဝှက်နယ်မြေရဲ့ ဝိညာဥ်တစ်ခု ဘယ်လိုလုပ်ပြီး ဖြစ်လာတာလဲ"
"ဟိုတုန်းက စောလော့လျှို့ဝှက်နယ်မြေထဲမှာ ဘာတွေဖြစ်သွားခဲ့တာလဲ"
ဒီအချိန်မှာပဲ အားလုံးက အရမ်းကိုရင်းနှီးနေပြီးသား အသံတစ်ခုက ရုတ်တရက်ထွက်လာခဲ့တယ်။
[လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်တုန်းက ကျီရှီကိုယ်တော်ဖျက်ဆီးပစ်ခဲ့တဲ့ ငရဲလောကရဲ့ကြေးမုံပြင်တွေ အားလုံးက ကိုယ်ပွားတွေပါပဲ။ တကယ့်ခန္ဓာကိုယ်က စောလော့လျှို့ဝှက်နယ်မြေထဲက ဒီကြေးမုံပြင်ပဲဖြစ်တယ်]
စူးလီက ကောင်းကင်စာအုပ်ထဲက စကားလုံးတွေကို ကြည့်လိုက်ပြီး သူမရဲ့မျက်လုံးက ဖရဲသီးစားတုန်းကလို စိတ်ဝင်စားမှုတွေ မရှိတော့ဘူး။ သူမရဲ့မျက်လုံးက သံသယအနည်းငယ်နဲ့ တည်ငြိမ်မှုတချို့ပါရှိနေခဲ့တယ်။
[ဒါက ဆုတောင်းတွေကို ပြုလုပ်နိုင်တဲ့ကြေးမုံပြင်တစ်ခုနဲ့လား]
[ဝူကျန်းငရဲကြေးမုံက... စည်းမျဥ်းစည်းကမ်းတို့ရဲ့ ကြေးမုံတစ်ခုလို့ ပြောမယ်ဆိုရင် ပိုပြီးတော့ သိကြမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူရဲ့စွမ်းရည်က စည်းမျဥ်းစည်းကမ်းတွေကို အသိအမှတ်ပြုအောင် လုပ်ပေးနိုင်တယ်။ သူကို ဒါကို အလဲအလှယ်လုပ်လိုက်တာနဲ့ ပြန်ပြီးတော့ ပြောင်းလဲလို့ မရနိုင်ဘူးတဲ့]
ဒါကိုမြင်လိုက်တဲ့အခါ သူမက မသိမသာ မျက်မှောင်ကျုံ့သွားတယ်။ စည်းမျဥ်းစည်းကမ်းနဲ့ နိယာမတွေက ကောင်းကင်စည်းမျဥ်းစည်းကမ်းနဲ့ နိယာမတွေအောက်မှာ ရှိနေတယ်ဆိုပေမဲ့လည်း သူတို့တွေကတော့ သူတို့ရဲ့ကိုယ်ပိုင် လွတ်လပ်တဲ့စွမ်းအားတွေ ပိုင်ဆိုင်ထားကြတယ်။ စည်းမျဥ်းစည်းကမ်းတွေကလည်း အရမ်းကို ရှုပ်ထွေးပွေလီလွန်းလှတယ်။ ကောင်းကင်တာအိုဖြစ်တဲ့ သူမကတောင် တစ်ခုချင်းဆီလိုက်ပြီးတော့ ဝင်ရောက်စွက်ဖက်ဖို့ရာ နည်းလမ်းမရှိလေဘူး။ သူမက လောကနိယာမစည်းမျဉ်းကို အသုံးချလို့ရတယ်ဆိုပေမဲ့လည်း စည်းကမ်းစည်းကမ်းပေါင်းများစွာကို ခွင့်ပြုပြီး အလဲအလှယ်လုပ်ထားခဲ့တဲ့ စည်းမျဥ်းစည်းကမ်းတွေကို ပမဏာအများကြီးတော့ ပြောင်းလဲလို့မရနိုင်ဘူးလေ။
စူးလီက မျက်မှောင်ကျုံ့ပြီး ငုံကြည့်လိုက်တယ်။
[စည်းမျဥ်းစည်းကမ်းတွေရဲ့ ကြေးမုံပိုင်ရှင်က လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်တုန်းက ဒီစောလော့လျှို့ဝှက်နယ်မြေကို မသမာတဲ့နည်းလမ်းနဲ့ ဆက်ခံယူထားခဲ့တာ။ အဲ့ဒီနောက်မှာတော့ အလဲအလှယ်လုပ်ဖို့အတွက် စောလော့လျှို့ဝှက်နယ်မြေထဲက အရာအားလုံးကို အသုံးချခဲ့တယ်...]
[အဲ့ဒီတုန်းက စောလော့လျှို့ဝှက်နယ်မြေတစ်ခုလုံးနဲ့ စောလော့လျှို့ဝှက်နယ်မြေထဲက အရည်အချင်း ရှိကြတဲ့ ကျင့်ကြံသူအားလုံးကလည်း စည်းမျဥ်းစည်းကမ်းကြေးမုံပိုင်ရှင်ရဲ့ ယဇ်ကောင်တွေ ဖြစ်လာခဲ့ကြတယ်]
စူးလီက စည်းမျဥ်းစည်းကမ်းကြေးမုံရဲ့ ပိုင်ရှင်နဲ့ပတ်သက်ပြီး ဘာအချက်အလက်ကိုမှ မမြင်နိုင်သလို သူက ဘာနဲ့အပေးအယူလုပ်ခဲ့တယ်ဆိုတာကိုလည်း မမြင်နိုင်လေဘူး။
ဒါပေမဲ့ ကျင့်ကြံရေးလောကထဲက အပေါက်တွေနဲ့ အဲ့ဒီနတ်ဆိုးအစေခံတွေရဲ့နောက်ကွယ်က လူတွေက ဒီလူနဲ့အတွင်းကျကျ ပါဝင်ပတ်သက်နေတယ်ဆိုတာကို သိသာတယ်။
[စည်းမျဥ်းစည်းကမ်းကြေးမုံက အခုဆိုရင် နှစ်ပေါင်းတစ်ထောင်ကျော်အထိ ကြာရှည်ခံလာခဲ့ပြီးပြီ။ သူ့ထဲမှာ ရှိတဲ့အလဲအလှယ်လုပ်ထားတဲ့ စွမ်းအားတွေကလည်း အင်မတန်မှ သန်မာနေပြီး လောကကြီးကို ကယ်တင်ပေးနိုင်မဲ့ နောက်ထပ် ကိုယ်တော်သုံးယောက် ရှိနေအုံးမယ်ဆိုရင် သူတို့တွေက ဒါနဲ့ပတ်သက်ပြီး ဘာမှလုပ်နိုင်မှာ မဟုတ်ဘူးလို့တောင် စိုးရိမ်မိတယ်]
[စောလော့လျှို့ဝှက်နယ်မြေအပြင် သူ့မှာ မရေမတွက်နိုင်တဲ့ကိုယ်ပွားတွေ ရှိနေသေးတယ်။ သူရဲ့ပင်မခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ခဲ့မယ်ဆိုရင်တောင် သူက တခြားကိုယ်ပွားမှာပြန်ပြီးတော့ နှိုးထလာနိုင်တယ်]
ဒီစကားကိုကြားလိုက်ရတဲ့သူအားလုံးက သူတို့ရဲ့အမူအရာတွေ ပြောင်းလဲသွားကြတယ်။
ဒီတော့ စောလော့လျှို့ဝှက်နယ်မြေရဲ့အပြင်ဖက်မှာ စည်းမျဥ်းစည်းကမ်းကြေးမုံရဲ့ မရေမတွက်နိုင်တဲ့ ကိုယ်ပွားတွေ ရောက်နေပြီးပြီပေါ့လေ။
အခုတော့ ဒီစည်းမျဥ်းစည်းကမ်းကြေးမုံက လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကျော်က ထက်ပိုပြီး အင်အားကြီးမားလာခဲ့ပြီး ကျင့်ကြံရေးလောကတစ်ခုလုံးကတော့...
ဒီလိုစဥ်းစားမိလိုက်ပြီး ချန်ဖူဂိုဏ်းက ဂိုဏ်းသားတွေက အရင်ဆုံးပြောလိုက်တယ်။
"ကျုပ်တို့တွေက ဒီကြေးမုံကို မဖျက်ဆီးနိုင်ဘူးဆိုပေမဲ့လည်း... ဒီစောလော့လျှို့ဝှက်နယ်မြေရဲ့ ကြေးမုံပြင်ကို ဆက်တိုက်အိပ်ပျော်နေအောင် ကျုပ်တို့တွေ လုပ်လို့ရပါတယ်"
ချန်ဖူဂိုဏ်းရဲ့ အဖိုးအတန်ဆုံးရတနာဖြစ်တဲ့ ထျန်းချန်းဓာတ်တော်မှာ မိစ္ဆာတွေကို ဖိနှိပ်နိုင်တဲ့ စွမ်းအင်တစ်ခုရှိတယ်။ တကယ်လို့ ဒါကို ဂိုဏ်းကြီးခြောက်ခုရဲ့ ဂိုဏ်းချူပ်ကြီးတွေရဲ့ စည်းတံဆိပ်နဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် မျှော်လင့်ချက်ရေးရေးလေး တစ်ခုတော့ရှိလာနိုင်တယ်။
မသိနိုင်တာကတော့ ဒီကြေးမုံပြင်ကို ဒီလိုပုံစံအတိုင်း ဘယ်လောက်ကြာကြာ ဆက်ပြီးအိပ်ပျော်နေအောင် လုပ်နေနိုင်မလဲဆိုတာပဲ။ တကယ်လို့ သူထပ်ပြီး နိုးလာခဲ့မယ်ဆိုရင်ကော ဘာလုပ်ရမှာလဲ။
ဒီ့အပြင် ကျင့်ကြံရေးလောကကို တပ်မက်ပြီးစောင့်ကြည့်နေတဲ့ နောက်ကွယ်က ကြိုးကိုင်တဲ့သူတစ်ယောက် ရှိနေတယ်...
ဂိုဏ်းကြီးခြောက်ခုရဲ့ ဂိုဏ်းချုပ်ကြီးတွေက အချင်းချင်း ကြည့်လိုက်ကြပြီး အားလုံးရဲ့မျက်လုံးထဲမှာ စိုးရိမ်စိတ်တွေအပြည့် ဖြစ်နေခဲ့တယ်။
ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက အရင်ဆုံး ရှေ့ထွက်လာပြီး ပြောလိုက်တယ်။
"သူ့ကို နောက်တစ်ခါလောက်ထပ်ပြီး နိုးထလာဖို့ဆိုရင် နှစ်ပေါင်းရာချီလောက် ထပ်ပြီးအချိန်ယူရလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ကျင့်ကြံရေးလောကကလည်း ဒါကို ဖိနိုပ်ဖို့နည်းလမ်းတစ်ခု ရှာတွေ့လောက်ပြီးပါပြီ"
"အခုအချိန်မှာ အရေးအကြီးဆုံးကိစ္စက ကျင့်ကြံရေးလောကအတွက် အချိန်ဆွဲထားပေးဖို့ပါပဲ"
"အခုအချိန်က အရေးအကြီးဆုံးပဲလေ။ တကယ်လို့ အဲ့ဒီ ကြေးမုံကိုယ်ပွားတွေသာ လုံလောက်တဲ့စွမ်းအားတွေ ရရှိသွားခဲ့မယ်ဆိုရင် သူတို့တွေက အချိန်မရွေး ကိုယ်ပွားတွေအဖြစ် ကွဲထွက်သွားနိုင်တယ်။ အဲ့ဒီအချိန်ကျရင် ကျင့်ကြံရေးလောကတစ်ခုလုံး ဘာတွေဖြစ်လာမယ်ဆိုတာ မသိနိုင်တော့ဘူး "
ဘာပဲဖြစ်ဖြစ်ပါ သူတို့တွေက ဂိုဏ်းနဲ့ပတ်သက်တဲ့ ကိစ္စအဝဝကို စီစဥ်ပေးထားခဲ့ပြီး နောက်တက်မဲ့ဂိုဏ်းချုပ်ကိုလည်း ဆုံးဖြတ်ပေးခဲ့ပြီးပြီ။ တကယ်လို့ သူတို့တွေ ဒီမှာသေရမယ်ဆိုရင်တောင် ဒါကဂိုဏ်းအပေါ် အများကြီး ထိခိုက်နစ်နာမှုရှိမှာ မဟုတ်ပါဘူး။
ဒီအချိန်မှာပဲ စောလော့လျှို့ဝှက်နယ်မြေထဲကို ဝင်လာခဲ့ကြတဲ့လူအားလုံးက စွန့်လွှတ်ဖို့အတွက် အသင့်ဖြစ်နေကြတယ်။
ဒီအချိန်မှာတော့ စူးလီက သူမရဲ့ သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကို ဖြည်းဖြည်းချင်း ပိတ်ချလိုက်တယ်။
ဝူကျန်းငရဲကြေးမုံနဲ့ သူရဲ့ကိုယ်ပွားတွေကို တစ်ပြိုင်တည်း ဖျက်ဆီးပြစ်ဖို့ဆိုတာကတော့ ခက်ခဲလိမ့်မယ်။ သူမကိုယ်တိုင်က ကောင်းကင်တာအိုတစ်ယောက် ဖြစ်နေတယ်ဆိုရင်တောင်မှပေါ့။
ဒါပေမဲ့...
သူမက ရှေ့ကိုထွက်လာပြီး ဝူကျန်းငရဲကြေးမုံဆီကို လျှောက်သွားလိုက်ကာ သူမရဲ့အသံထဲမှာလည်း လေးစားအားကျမှုအပြည့် ဖြစ်သွားတော့တယ်။
"ဆုတောင်းကြေးမုံပြင်..."
"ဘယ်ဆုတောင်းကိုမဆို အမှန်တကယ်ဖြစ်လာအောင် ပြုလုပ်နိုင်တဲ့ကြေးမုံတစ်ခုပဲ"
ရှဲ့ချီယွမ်က သူ့မျက်လုံးထဲမှာ ဖုံးကွယ်မထားတဲ့ စိုးရိမ်စိတ်တွေနဲ့ သူမရဲ့ဘေးမှာ ရပ်လိုက်တယ်။ သူက သူရဲ့လက်ကိုဆန့်လိုက်ပြီး သူမကို လှမ်းဆွဲထားချင်ပေမဲ့လည်း နောက်ဆုံးမှာတော့ ဘာမှမလုပ်နိုင်တော့ဘူး။
သူက ဒီအတိုင်း ရှေ့ကိုတစ်လှမ်းတိုးလိုက်ပြီး သူ့ဘေးကဝိညာဥ်စွမ်းအင်တွေကလည်း ဝူကျန်းငရဲကြေးမုံကို တိတ်တိတ်ကလေး ဝန်းရံထားလိုက်တော့တယ်။
စူးလီက သူရဲ့လှုပ်ရှားမှုကို သူမရဲ့စိတ်ခံစားမှုကို ရှားရှားပါးပါး ဂရုစိုက်မိတဲ့အတွက် ခဏလောက်ငြိမ်သက်သွားခဲ့တယ်။ အဲ့ဒီနောက်မှာတော့ သူမက သူမရဲ့လက်ကို ဆန့်လိုက်ပြီး သူရဲ့လက်ခုံးကို နှစ်သိမ့်ပေးပြီး ပုတ်ပေးလိုက်တယ်။
အဲ့ဒီနောက်မှာတော့ သူမက ခေါင်းကိုပြန်လှည့်လိုက်ပြီး အပြုံးတစ်ခုနဲ့ ဝူကျန်းငရဲကြေးမုံကို ကြည့်လိုက်တယ်။
"ဒီတော့ ကျွန်မက တန်ကြေးကို ပေးနိုင်သရွေ့ ရှင်က ကျွန်မရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်တယ်ပေါ့ ဟုတ်တယ်မလား"
ဒါက ဝူကျန်းငရဲကြေးမုံ သေချာပေါက်လိုက်နာရမဲ့ စည်းမျဥ်းစည်းကမ်းပေါ့။
ဝူကျန်းငရဲကြေးမုံက အကြိမ်ကြိမ် တလှပ်လှပ်ဖြစ်သွားပြီး နောက်ဆုံးတော့ ကြေးမုံပြင်ပေါ်မှာ "ဟုတ်တယ်" ဆိုတဲ့စကားလုံးက ဖြည်းဖြည်းချင်းပေါ်ထွက်လာခဲ့တယ်။
ဝူကျန်းငရဲကြေးမုံရဲ့ စိုးရိမ်စိတ်တွေကို ခံစားမိသွားတဲ့အတိုင်း စူးလီရဲ့မျက်မှာပေါ်က အပြုံးကလည်း ပိုပြိးတော့တောက်ပလာခဲ့တယ်။
"ဒါဆိုရင် ရှင်ရဲ့သခင် အခုဘယ်မှာရှိလဲဆိုတာ အခုကျွန်မကို ပြောပါ"
ဝူကျန်းငရဲကြေးမုံကို ဝန်းရံထားတဲ့ ရှဲ့ချီယွမ်ရဲ့ ဝိညာဥ်စွမ်းအင်တွေက ရုတ်တရက်ဆိုသလို ပြင်းထန်လာခဲ့တယ်။ သူက သူ့ပါးစပ်ကို မဖွင့်ရသေးခင်မှာပဲ စူးလီရဲ့ပြုံးနေတဲ့အကြည့်နဲ့ တွေ့ဆုံသွားခဲ့တယ်။
စူးလီက ကျွတ်ဆတ်ဆတ်လေသံတစ်ခုနဲ့ ပြောလိုက်တယ်။
"စိတ်မပူပါနဲ့ ဒီပြဿနာက ကျွန်မဆီမှာ မဟုတ်ပါဘူး။ ဒါက အလွန်ဆုံးဝိညာဥ်ကျောက်တုံး တစ်တုံးစာပဲတန်တာပါ"
ရှဲံချီယွမ်က သူ့မျက်လုံးတွေကို မသိမသာ မျက်လွှာချထားလိုက်တယ်။ ဒါပေမဲ့လည်း ဝူကျန်းငရဲကြေးမုံဘေးက ဝိညာဥ်စွမ်းအင်တွေကတော့ လုံးဝရပ်တန့်မသွားခဲ့ဘူး။
ဒီအချိန်မှာပဲ "ဝိညာဥ်ချောက်နက်"ဆိုတဲ့ ကြီးမားတဲ့စကားလုံးတွေက ဝူကျန်းငရဲကြေးမုံပေါ်မှာ ပေါ်လာခဲ့တယ်။
စူးလီက နားလည်သွားတဲ့ပုံနဲ့ ခေါင်းညိတ်ပြလိုက်ပြီး သူမရဲ့အသံကလည်း ပိုပြီးတော့တောင် နှစ်လိုဖွယ်ကောင်းလာသေးတယ်။
"နောက်တစ်ခု ကျွန်မလိုချင်တာက..."
"ကျင့်ကြံရေးလောကရဲ့ အေးချမ်းမှုပဲ..."
သူမရဲ့စကားကို ကြားလိုက်ရပြီးတဲ့အခါ ဝူကျန်းကြေးမုံပြင်က ရုတ်တရက် တုန်လှုပ်သွားပြီး ကြေးမုံပြင်ပေါ်မှာ စာလုံးတစ်ချို့ပေါ်လာခဲ့တယ်။
"လူကြီးမင်း... ဘာအဓိပ္ပာယ်နဲ့ ပြောနေတာလဲ"
ကျင့်ကြံရေးလောကထဲက လောကကြီးရဲ့ အေးချမ်းခြင်းဆိုတာ ဘာကိုပြောတာလဲ။ သူနေလာခဲ့တာ နှစ်ပေါင်းတစ်ထောင်ကျော် ရှိသွားပြီပဲ ဒီလိုစကားလုံးမျိုးကို တစ်ခါမှမကြားခဲ့ဖူးဘူး။
ကျင့်ကြံရေးလောကထဲမှာ ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းမှုတွေရှိမှာလဲ။
စူးလီက စာလုံးကို မြင်လိုက်ရတဲ့အခါ သူမက မသိမသာပြုံးလိုက်တယ်။ သူမက ကျွတ်ဆတ်ဆတ် ဖြစ်နေပေမဲ့လည်း လေးနက်တဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။
"ဒါကို ရှင်းပြရမယ်ဆိုရင်တော့ အဓိပ္ပာယ်က လူ မသတ်ရဘူး၊ မတိုက်ခိုက်ရဘူး၊ မခိုးဝှက်ရဘူး၊ ကောင်းကင်တာအိုရဲ့အောက်မှာပဲ အေးအေးချမ်းချမ်းရှိနေရမယ်"
"တန်ကြေးအတွက်ကတော့ ကျွန်မ ဒါကို တတ်နိုင်တယ်ဆိုတာ ရှင် သိပါတယ်"
ကောင်းကင်တာအိုတစ်ယောက်အနေနဲ့ သူမကလောကကြီးရဲ့ အုပ်ချုပ်သူပဲလေ။ စည်းမျဥ်းစည်းကမ်းအရဆိုရင် သူမက သူမ လိုချင်တာမှန်သမျှကို ရနိုင်တာပဲ။ အခု ဒါက အပေးအယူတစ်ခုပဲ။ ဒါက ကျရှုံးဖို့ဖြစ်လာမဲ့ အပေးအယူတစ်ခုလေ။ ဒါပေါ့။ သူမက တန်ကြေးကို တတ်နိုင်တာပေါ့။
ရှဲ့ချီယွမ်က သူမရဲ့စကားလုံးကို ကြားလိုက်ရတာနဲ့ချက်ချင်း အမှတ်တမဲ့ သူမရဲ့လက်ကို ကိုင်ထားလိုက်ကာ သူမနဲ့အတူ ပေးဆပ်ရမဲ့တန်ကြေးကို မျှဝေချင်စိတ်ဖြစ်သွားတယ်။ ဒါပေမဲ့...
ဘာမှဆက်ဖြစ်မလာခဲ့ဘူး။
သူက ခေါင်းကိုအနည်းငယ် စောင်းလိုက်တဲ့အခါ မျက်မှာပြင်ပေါ်မှာ မျက်ရည်စီးကြောင်းတွေကျလာတဲ့ ဝူကျန်းငရဲကြေးမုံကို မြင်တွေ့လိုက်ရတယ်။
ကြေးမုံပေါ်က စကားလုံးတွေကလည်း သွေးနဲ့မျက်ရည်တွေနဲ့ ရေးထားတဲ့ပုံပါပဲ။
"လူကြီးမင်း လူကြီးမင်းရဲ့ဆန္ဒကို ပြောင်းလဲပေးလို့ရနိုင်မလား"
ဝူကျန်းကြေးမုံတစ်ခုအနေနဲ့ လိုချင်တယ်ဆိုရုံနဲ့ပဲ သူက လူတိုင်းရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးတာ မဟုတ်ဘူးလေ။ တန်ကြေးက လုံလောက်အောင်မြင့်မားနေသရွေ့ သူကလည်း တစ်စုံတစ်ယောက်ရဲ့ တောင်းဆိုချက်ကို ငြင်းပယ်လို့ မရနိုင်ဘူးပေါ့။
ဒါပေမဲ့ တစ်စုံတစ်ယောက်က ဒီလိုတောင်းဆိုမှုမျိုးကို တကယ်တမ်း လုပ်လာလိမ့်မယ်လို့ ဘယ်ကြေးမုံက စိတ်ကူးကြည့်နိုင်ပါ့မလဲ။
ဒါပေမဲ့ ဒီလူကတော့ ဒီတန်ကြေးကို တတ်နိုင်နေတယ်လေ။
ကျင့်ကြံရေးလောကထဲမှာ အေးချမ်းတဲ့လောကတဲ့လား။
ဒါက အသက်ရှင်သန်ဖို့အတွက် ကောင်းကင် စည်းမျဥ်းစည်းကမ်းတွေကို ဆန့်ကျင်ပြီး အားနည်း သူကို နင်းချပြီး တိုက်ခိုက်ရတဲ့ကျင့်ကြံရေးလောက တစ်ခုပဲလေ။
တကယ်လို့ သူတို့တွေက ဒါကိုဖျက်ဆီးပစ်ပြီး သူ့သခင်ကို သတ်ပြစ်မယ်ဆိုရင်တောင် ကျင့်ကြံရေးလောကထဲမှာ ငြိမ်းချမ်းမှုတွေ ဘယ်တော့မှ ရလာလိမ့်မှာမဟုတ်ဘူး။
ဒါပေမဲ့ ဒီကြေးမုံပြင်က သူရဲ့တာဝန်ကို ကျရှုံးခဲ့မယ်ဆိုရင်တော့ ဒါက...
ဝူကျန်းကြေးမုံပြင်ရဲ့ မျက်နှာပြင်ပေါ်မှာ သေးငယ်လှတဲ့ အက်ကြောင်းတွေ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့တယ်။
"ကျေးဇူးပြုပြီးတော့ပါ၊ လူကြီးမင်း လူကြီးမင်းရဲဆန္ဒကို ပြောင်းလဲပေးပါ။ လူကြီးမင်း လိုချင်တာမှန်သမျှကို ကျွန်တော် ပေးနိုင်ပါတယ်"
"လူကြီးမင်း လူကြီးမင်းသဘောကျတဲ့ ချောမောလှပတဲ့ ယောကျာ်းတစ်အုပ်ကြီးလည်း ကျွန်တော် ပေးနိုင်ပါတယ်"
"လူကြီးမင်း...”
အချိန်ကြာလာတာနဲ့အမျှ ကြေးမုံပြင်ပေါ်က စာလုံးတွေကလည်း ပိုပြီးမှိန်သတဲ့ထက် မှေးမှိန်သွားကာ စည်းမျဥ်းစည်းကမ်းတွေရဲ့ အသိအမှတ်ပြုခံထားရတဲ့ ဝူကျန်းငရဲကြေးမုံက စည်းမျဥ်းစည်းကမ်းတွေရဲ့ ထိန်းချုပ်မှုအောက်မှာ ပျောက်ကွယ်သွားခဲ့တော့တယ်။
စူးလီက ပြာတစ်မှုန့်တောင် မကျန်ခဲ့တဲ့ ဝူကျန်းငရဲကြေးမုံကို ကြည့်လိုက်ပြီး ပျင်းရိလေးတွဲစွာနဲ့ သရော်စကား ပြောလိုက်လေတော့တယ်။
"ရှင်က ဒါကိုတောင် ပြီးမြောက်အောင် မလုပ်နိုင်ဘူး၊ တော်တော်ကို အသုံးမကျတဲ့ကြေးမုံပဲ"
...